ဟင်းချက်တတ်၊ ကွန်ပျူတာသုံးတတ် ရုံမက အလွတ်ရတဲ့ စကားလုံးဝေါဟာရ ၃၀၀၀ နဲ့ ထေ့လုံး၊ ငေါ့လုံး ဟာသများ နှင့် ချက်တင်လုပ်နိုင်သော ကမ္ဘာ့အတော်ဆုံး မျောက်ဝံ နှင့် နေ့လည်စာ စားခြင်း

ပို့စ်တင်ချိန် - 6/09/2014 06:52:00 AM






သူရဲ့ လေးနှစ်ပြည့်  မွေးနေ့ပါတီမှာ ရရှိလာတဲ့ မွေးနေ့ လက်ဆောင်များ ကိုဖောက်ပြီး၊ သူ စိတ်လှုပ်ရှား  ပျော်ရွှင်စွာဖြင့် ခုန်ပေါက် နေပါသည်။ ကန်ဇီရဲ့ မျက်နှာမှာ ပင်းပန်းမှုတွေ ပေါ်လွှင်နေတယ် ဆိုတာ ကျွှန်တော် နားလည်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွှန်တော် သူကို နေ့လည်စာ ဘာစားခြင်းလဲ လို့မေးခဲ့တယ်။
အဲဒီအချိန်မှာ တစ်စုံတစ်ယောက် က သူ့ရဲ့ အကြိုက် ဆုံးက  ကြက်ဥမွှေကြော် ဆိုတာကို ပြောခဲ့တယ်။ ဒါအပြင် သူဟာ ကြက်ဥမွှေကြော် ကို စားရုံမကပဲ ကိုယ်တိုင်ပါကြော်ပါတယ်။


သူရဲ့ လက်ကြီးတွေနဲ့ touch-sensitive computer screen  မှာ သူနိုပ်ချင်တဲ့ icons  ကိုနှိပ် လိုက်တဲ့ အခါမှာ အမေရိကန် အင်္ဂလိပ် အသံထွက် တဲ့ ကွန်ပျူတာ အသံဟာ ထွက်လာပါတယ်။ အဲဒီ icon တစ်ခုချင်းစီက သီးခြား အရာဝတ္တု တစ်ခု ဒါမှမဟုတ် အတွေးအခေါ် တစ်ခုကို ရည်ညွန်းထားပြီး အဲလိုမျိုး icon ပေါင်း ၄၀၀ ကျော်ပါရှိတယ်လို့ သိရပါတယ်။

ကျွှန်တော်က ကန်ဇီကို M&Ms ကြိုက်လား လို့မေးလိုက်တဲ့အခါမှာ ကန်ဇီက ကျွန်တော့်ကို အထင်သေး အမြင်သေးတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ခင်ဗျား ဘယ်လို အသုံးမကျ တဲ့ မေးခွန်းမျိုး မေးလိုက်တာလဲ လို့ တုံ့ပြန် ခဲ့ပါတယ်။



ကန်ဇီ မွေးထဲကနေ ၃၃နှစ်လုံး  အင်္ဂလိပ်  ဘာသာစကား အသုံးပြုပြီး လူတွေနဲ့ အတူကြီးပြင်းလာခဲ့ပါတယ်။ ကန်ဇီဟာ လွယ်ကူစွာ ပြောဆိုနိုင်တဲ့ စကားလုံးတွေ ပိုင်နိုင်စွာ ပြောဆို အသုံးပြုနိုင် တယ်လို့ သိပ္ပံပညာရှင် တွေ  လေ့လာမိခဲ့ပါတယ်။

ဒါတင်မက ကန်ဇီဟာ စကားလုံး ၅၀၀ ကိုပြောနိုင်ပြီးတော့ စကားလုံး ၃၀၀၀ ကိုနားလည်ပါတယ်။ သူ့ကို တိုက်ရိုက်သင်ကြားပေးခြင်းကနေ မဟုတ်ဘဲ လူသားတွေ ပြောဆိုတဲ့ စကားလုံး ဝေါဟာရတွေကို ကြားခြင်းကနေ တဆင့် သူနားလည်ခဲ့ခြင်း ဖြစ်ပါတယ်။ သူကတော့ ကလေးကြီးလိုပါပဲ။ သူနဲု့ ပြောဆိုဆက်ဆံ တဲ့ သူတွေရဲ့ စကားကို အကြားအာရုံကနေ သူလေ့လာနေခြင်းပဲ ဖြစ်ပါတယ်။

သူ ဟင်းလဲကောင်းကောင်း ချက်တက်ပါတယ်။ ဒါ့အပြင် ကျောက်တုံးတွေကို ဓါးအဖြစ် သုံးနိုင်ရုံမက Pac – Man ဂိမ်းလည်း ကောင်းကောင်း ဆော့တတ်ပါသေးတယ်။

ကန်ဇီအနေနဲ့ သစ်သားမီးခြစ်ဗူးထဲက မီးခြစ်ဆံကို ဆွဲထုတ်ပြီး မီးညှိကာ marshmallow ကို မီးကင်ပြီး စားတောင် စားပြလိုက်ပါသေးတယ်။ ဘယ်လောက်ပဲ လူတွေနဲ့ ယဉ်ပါးနေပေမယ့် လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကနေ မလိုလားအပ်တဲ့ ကူးစက်ရောဂါတွေ ခံစားရနိုင်တာကြောင့် သူ့ကို မှန်လှောင်အိမ်နောက်မှာ ပဲ ထားခဲ့ပါတယ်။

World Myanmar News

ref: dailymail.co.uk