မက္ကဆီကိုက ခြောက်ခြားဖွယ်အရုပ်မြို့တော်

ပို့စ်တင်ချိန် - 6/30/2014 02:20:00 PM



အသက်မရှိတဲ့ အရုပ်ပေါင်းများစွာကို သစ်ပင်တွေမှာ ချိတ်ဆွဲထားပါတယ်။ အရုပ်တွေဟာ ဒီနေရာရဲ့ အနှံအပြားမှာ ပုံသဏ္ဏန်မျိုးစုံနဲ့ တိတ်ဆိတ်နေကြပါတယ်။
ဒီနေရာဟာ ရေနစ်ကွယ်လွန်သွားတဲ့ ကလေးမလေး တစ်ယောက်အတွက် မက်ဆီကန် အနုပညာသမားတစ်ယောက် ဖန်တီးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

မက္ကဆီကိုမြို့တောင်ဘက်က တူးမြောင်းတစ်ခုကို မြို့တော်ကောင်စီရဲ့ အလုပ်သမားတွေ ရှင်းရာကနေ အရုပ်ကမ္ဘာလို့ ခေါ်တဲ့ဒီနေရာကို လူအများဟာ သတိထားမိသွားကြတာ ဖြစ်ပါတယ်။
လူတွေနဲ့မရောဘဲ တစ်ယောက်တည်းသွားလာနေတတ်တဲ့ အနုပညာသမား Julian Santana Barrera ဟာ  ဒီလက်ရာကို  လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဖန်တီးခဲ့တာဖြစ်ပါတယ်။


တူးမြောင်းထဲမှာ ကလေးမလေးတစ်ယောက်ဟာ ရေနစ် သေဆုံးခဲ့ပါတယ်။ ဒီလိုရေနစ်သေဆုံးပြီး ရက်အနည်းငယ်အကြာ တူးမြောင်းထဲကရေပြင်ပေါ်မှာ အရုပ်တစ်ရုပ်ဟာ မျောနေခဲ့ပါတယ်။
တစ်ကိုယ်တည်းသွားလာနေတတ်တဲ့ Barrera ဟာ မျောနေတဲ့ဒီအရုပ်ကို တွေ့သွားရာကနေ ယခုလက်ရာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။



ဒေသခံတွေရဲ့ပြောကြားချက်အရ ဒီအရုပ်ထဲမှာ ကလေးမလေးရဲ့ဝိညာဉ် ပိတ်မိနေတယ်လို့ Barrera က ယုံကြည်လာတယ်လို့ဆိုပါတယ်။
ဒါကြောင့် သူ့ရဲ့ ရေမျောဥယျာဉ်ပေါ်မှာ အရုပ်ကို ချိတ်ဆွဲထားခဲ့ပါတယ်။


နောက်ပိုင်းမှာ ကလေးမလေးဟာ သူ့ကို လိုက်ခြောက်နေတယ်လို့ပါ ယုံကြည်လာပြီး အရုပ်တွေ အများကြီးထပ်ပေါင်းကာ ကောင်မလေးရဲ့ ဝိညာဉ် နှစ်သက်အောင် လုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။
Barrera ဟာ တစ်ကိုယ်တည်း နေတတ်သူဖြစ်ပေမဲ့ ဒီလက်ရာကိုလာကြည့်ဖို့ စိတ်ဝင်စားတဲ့ လူတစ်ချို့ကို ဖိတ်ခေါ်ခဲ့သေးတယ် လို့ဆိုပါတယ်။

၂၀၀၁ ခုနှစ်မှာတော့ ကလေးမလေး ရေနစ်သေခဲ့တယ်နေရာမှာပဲ Barrera ဟာ ရေထဲကို ပြုတ်ကျ သေဆုံးခဲ့ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။