အမေရိကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနှင့် ဦးတေဇ သီးသန့်တွေ့ဆုံ

ပို့စ်တင်ချိန် - 6/26/2014 01:24:00 PM


မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော အမေရိကန်နိုင်ငံခြား ရေးဌာန ဒီမိုကရေစီ လူ့အခွင့်အ ရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန် ကြီးနှင့် ထူးကုမ္ပဏီအကြီးအကဲ ဦးတေဇတို့ အမေရိကန်သံရုံးတွင် သီးသန့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ကျောက်မျက် ရတနာ ပြပွဲသို့ ရောက်ရှိနေသော ဦးတေဇသည် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံရန် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဦးတေဇနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

တွေ့ဆုံဆွေးနွေးမှုနှင့်ပတ် သက်၍ သံရုံးနှင့် ဦးတေဇနှစ် ဖက်စလုံးက ပြောဆိုထုတ်ပြန်ခြင်း မရှိသေးပေ။

ထို့အပြင် အမေရိကန်နိုင်ငံ ခြားရေး လက်ထောက်ဝန်ကြီး သည် နိုင်ကျဉ်းကော်မတီနှင့် နိုင် စစ်ကော်မတီမှ တာဝန်ရှိသူများ နှင့်လည်း တစ်နာရီကြာတွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံရေး အကျဉ်းသား ၅၉ ယောက်လွှတ်ပေးဖို့ ကျန်တာ ရယ်၊ တောင်သူလယ်သမားအ ရေး အလုပ်သမားအရေးဆောင် ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ ၅၉ ယောက် အမှုရင်ဆိုင်နေတာ   တွေ တင်ပြခဲ့တယ်’’ ဟု တွေ့ဆုံ ပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံရေး အ ကျဉ်းသားရေးရာ ကော်မတီမှ ဦးထွန်းကြည်က ပြောသည်။

ထို့အပြင် ၅ (ည) နှင့် တရား မ၀င် အဖွဲ့အစည်းများနှင့် ဆက် သွယ်သည့် ဥပဒေ ၁၇ (၁) (၂) တို့အား ယခုအချိန်ထိ ဖျက်သိမ်း ပေးခြင်း မပြုပေးသည့် ကိစ္စရပ် များကိုလည်း တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

‘‘အစ်ကိုတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ချင် တယ်။ ဒါပေမဲ့ ၁၇ (၁) (၂) က မ ဖြုတ်သေးတော့ မပါသေးတဲ့အ ကြောင်းနဲ့ နိုင်ကျဉ်းတွေ ပြန်လည် ထူထောင်ရေးအတွက် အစိုးရက မျက်ကွယ်ပြုထားတဲ့အကြောင်း တွေပါ ပြောခဲ့တယ်’’ ဟု ဦးထွန်း ကြည်က ဆိုသည်။

အမေရိကန်နိုင်ငံခြားရေး ဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက် ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski နှင့်အတူ အ မေရိကန် နိုင်ငံခြားရေးဌာန ကာ ကွယ်ရေးဌာနနှင့် ဘဏ္ဍာရေးဌာန တို့မှ တာဝန်ရှိသူများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံတွင် ဇွန်လ  ၂၂  ရက်မှ၂၈ ရက်အထိ နေထိုင်မည်ဖြစ်သည်။

ဇွန်လ ၂၈ ရက်တွင် ပြည် တွင်းရှိ လူ့အခွင့်အရေးအတွက်လှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်နှင့် တွေ့ဆုံမည်ဖြစ်သည်။

လူ့အခွင့်အရေးရာ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အဖွဲ့ အစည်းအချို့က လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးကို မြန်မာ နိုင်ငံတွင် အစိုးရ၏ လူ့အခွင့်အရေးရာ ကိစ္စရပ်များ အားနည်းချက်၊ အားသာချက်များကို တင်ပြကြမည်ဟု သတင်းရရှိသည်။

ခရီးစဉ်အတွင်း ရန်ကုန်၊ နေ ပြည်တော်၊ မွန်ပြည်နယ်နှင့် က ရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိသူ များ၊ စစ်ဘက်တာဝန်ရှိသူများ၊ အ ရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာ ၀န်ရှိသူများ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တိုင်းရင်းသား ခေါင်း ဆောင်နှင့် တွေ့ဆုံရန်ရှိကြောင်း သတင်းရရှိသည်။

7day