ဖေ့စ်ဘုတ် Errorဖြစ်ကာ အသုံးပြုမှု ခေတ္တပြတ်တောက်

ပို့စ်တင်ချိန် - 6/20/2014 11:28:00 AM



မဇ္ဈိမသတင်းဌာန

ရန်ကုန်၊ မဇ္ဈိမ။ ။ ဖေ့စ်ဘုတ်အသုံးပြုနေသူများ အနေဖြင့် ဇွန်လ ၁၉ရက် နေ့လည် ၂နာရီ ၃၀ခန့်မှ ၂နာရီ ၅၇မိနစ်အထိ နာရီဝက်နီးပါး ဖေ့စ်ဘုတ် Error တက်ကာ အသုံးပြု၍ မရ ဖြစ်ခဲ့သည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံတွင်သာ မကဘဲ ပြည်ပနိုင်ငံများတွင်လည်း တပြိုင်နက် ဖြစ်ပွားခြင်းဖြစ်ပြီး ဖေ့စ်ဘုတ်တည်ထောင်သူအနေဖြင့် ဆော့ဖ်ဝဲများ ပြုပြင်သည့် အခါတွင်လည်း ခေတ္တ ပျက်တောက်မှု ဖြစ်နိုင်သည်ဟု အိုင်တီ ကျွမ်းကျင်သူ အချို့က ဆိုသည်။

ဖေ့စ်ဘုတ်အသုံးပြုမှု ပြတ်တောက်သွားချိန်တွင် သုံးစွဲသူများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး Twitterသုံးသူတို့၏ စာမျက်နှာတွင် ဖေ့စ်ဘုတ်ပြတ်တောက်သည့် သတင်းက
ပျံ့နှံ့ခဲ့သည်။

ကမ္ဘာပေါ်တွင် ဖေ့စ်ဘုတ်အသုံးပြုသူမှာ ၂၀၁၃ခုနှစ်အထိ ၁ဒသမ ၁ဘီလီယံရှိသည်။

Mizzima Burmese