Facebook ကျေးဇူးကြောင့် တလခန့် ပျောက်ဆုံးနေသောခွေး သခင်နှင့်ပြန်လည်ဆုံစည်း

ပို့စ်တင်ချိန် - 6/22/2014 07:55:00 AM


ကိုမင်းဇာနည်သည် ရန်ကုန်မြို့ တရုတ်တန်း၌ ညစာစားပြီးအိမ်အပြန် စဥ့်အိုးတန်းလမ်းအနီးတွင် ဂုတ်ကြိုးတန်း လန်းနှင့် မျက်စိလည်လမ်းမှာနေသယောင် ရှိသော ဘိုခွေးတကောင်ကို ကောက်ရခဲ့ သည်။
‘‘လမ်းဘေးမှာတွေ့နေကြခွေးမျိုး လည်းမဟုတ်၊ သခင်လည်း အနားမှာ မတွေ့လို့ ကူညီမယ်ဆိုပြီးတော့ ဒီကောင် ကိုဆင်းခေါ်တာ။ ပထမ အကပ်မခံဘူး၊ အန္တရာယ်ပေးမယ့် လူတွေမဟုတ်မှန်း သိလို့လားမသိဘူး။ ခဏနေတော့ အနား ကပ်ခံတယ်’’ဟု ယင်းကပြောသည်။

အိမ်၌ကျွေးမွေးထားပြီး နောက် ရက်အနည်းငယ်အကြာ ပိုင်ရှင်အမှန်နှင့် ပြန်လည်ဆုံစည်းနိုင်ရန် သူ၏ကိုယ်ပိုင် Facebook မှ တဆင့် ‘‘ခွေးတကောင် ကောက်ရထားသည်”ဟု ဓာတ်ပုံနှင့်တကွ ကြေညာခဲ့ရာ လက်ဆင့်ကမ်းကြေညာ ပေးသူ ၁၅၀ ကျော်ရှိခဲ့သည်။ ရက်အတန် ငယ်ကြာသော်လည်း အကြောင်းမထူး သဖြင့် NewsWatch ဂျာနယ်အား အကူ အညီတောင်းခံ၍ ဇွန် ၁၅ ရက်နေ့တွင် NewsWatchဖေ့စ်ဘွခ်စာမျက်နှာမှ တဆင့် ထပ်မံကြေညာပေးခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် ပိုင်ရှင်အမှန်နှင့်အဆက် အသွယ်ရခဲ့ကြောင်း သိရသည်။

NewsWatch ဖေ့စ်ဘွခ်ကကြေညာပြီးနောက် ပိုင်ရှင်မတွေ့သေးရင်လည်း မွေးပါရစေဆို ပြီးဝယ်မယ့်သူတွေက ဖုန်းတွေဆက်ကြ သေးတယ်၊ သူ့သခင်အစစ်နဲ့ ပြန်တွေ့စေ ချင်လို့ပါ။ ဖုန်းဝင်လာရင် ကျွန်တော်က ပျောက်ဆုံးတဲ့နေရာ အထီး၊ အမ စသဖြင့် မေးတယ်”ဟု ကိုမင်းဇာနည်ကဆိုသည်။
ခွေး၏မူလအမည်မှာ အာနိုးဖြစ်ပြီး ယာယီထိန်းသိမ်းစဉ်က ဂျက်စပဲရိုးဟူသော အမည်သစ်ရခဲ့သည်။

‘‘တခါမှ မပျောက်ဖူးပါဘူး၊ အဲဒီနေ့ က အိမ်ကအထူးသဖြင့် ကျွန်တော့်အဒေါ် ဆိုငိုတယ်၊ ဖေ့စ်ဘွခ်ကကြော်ငြာကိုတွေ့ တာပါ၊ ပြန်ဆုံစည်းရတာ ဝမ်းလည်းသာ တယ်၊ ကျေးဇူးလဲတင်တယ်’’ဟု ပိုင်ရှင် ဖြစ်သူ ကိုစိုးငြိမ်းဇော်က ပြောသည်။

ပုံ - Arnold နှင့် ကိုစိုးငြိမ်းဇော် ပြန်လည်ဆုံစည်းပြီးနောက် တွေ့ရစဉ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)