ဦးရဲထွဋ်၏ ကတော် ဒေါ် ခင်စန္ဒာထွန်း မှ ၎င်း၏ Facebook ပေါ်တွင် ရှယ်ထားသော ဒေါ် အောင်ဆန်း စုကြည် အား ပုဂ္ဂိုလ်ရေး တိုက်ခိုက် ထားသော ပုံနှင့် ပါတ်သတ်၍ ဦးရဲထွဋ္ဋ်မှ ပြန်လည် တောင်းပန် လိုက်ပြီ

ပို့စ်တင်ချိန် - 6/06/2014 11:18:00 AM



နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ကတော် ဒေါ်ခင်စန္ဒာထွန်း မှ ၎င်း၏ Facebook ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားသော ပုံ အား Share လိုက်သဖြင့် အွန်လိုင်းမှ လူတော်တော်များများ ဝေဖန်ခံခဲ့ရပါသည်။ ၎င်း ကိစ္စနှင့်ပါတ်သတ်၍ ဦးရဲထွဋ္ဋ် သူ၏Facebook မှတစ်ဆင့် ပြန်လည်တောင်းပန်လိုက်ပါသည်။ ဒီကိစ္စနှင့်ပါတ်သတ်၍ ဦးရဲထွဋ္ဋ်မှ သိသိခြင်း ၎င်း၏ဇနီးအား အကောင့်ဖျက်သိမ်းခိုင်းခဲ့ကြောင်းလည်းသိရပါသည်။

ဓါတ်ပုံ- ဦးရဲထွဋ္ဋ် ၏ facebook မှ
 ဦးရဲထွဋ္ဋ်၏ မူရင်းရေးသားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

Facebook သုံးတဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အခြားသူတင်ထားတဲ့ ပို့စ်များကို မျှဝေမယ်၊ နှစ်သက်ကြောင်းပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက်တွေ ပုံတွေ မဖြစ်ဖို့ သတိပြုရပါတယ်။ မိမိရေးတဲ့စာများဟာလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက် မဖြစ်ဖို့ လိုပါတယ်။
ကျွန်တော့ဇနီးရဲ့ Facebook စာမျက်နှာမှာ မနေ့က မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်း စုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံ ပါဝင်နေတာတွေ့ရပါတယ်။
သူ့ရဲ့လုပ်ဆောင်ချက်ဟာ ကျွန်တော်ယုံကြည်လက်ခံထားတဲ့ လူမှုကွန်ယက်အသုံးပြုရာမှာ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့လည်းကောင်း၊ ဒီမိုကရက်တစ်စံနှုန်းများနဲ့လည်းကောင်း လွဲချော်နေတဲ့အတွက် သိသိချင်း ပြန်ဖျက်ခိုင်းခဲ့ပါတယ်။
ကျွန်တော်ဟာ အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့လည်းကောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ လည်းကောင်း မိမိမိသားစုဝင်များရဲ့ အပြုအမှုများကို အများလိုက်နာတဲ့ စံနှုန်းများနဲ့အညီ ဖြစ်အောင် သွန်သင်ဆုံးမဖို့ တာဝန်ရှိပါတယ်။
အဲဒီတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို လည်းကောင်း၊ သူ့ကို ချစ်မြတ်နိုး ထောက်ခံသူများကိုလည်းကောင်း၊ ကျွန်တော့် စာမျက်နှာ ကို အလေးထားလာရောက်ဖတ်ရှုသူများကိုလည်းကောင်းတောင်းပန်အပ်ပါတယ်။
ကျွန်တော့်ဇနီးအနေနဲ့လည်း ဒီဖြစ်စဉ်ကနေ သင်ခန်းစာရခဲ့ပြီးလို့ ကျွန်တော်ယုံကြည်ပါ တယ်။
လေးစားလျှက်
ရဲထွဋ်


YgnNews.com

ဆက်စပ် --->နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ကတော်မှ ဒေါ်အောင်ဆန်းစုကြည်အား မလိုမုန်းတီးမှု ဖြစ်ပေါ်နေမှု မဖုံးနိုင်၊ မဖိနိုင် ပေါ်သွားခဲ့ပြီးနောက် facebook အကောင့်ကို ဖျက်သိမ်း