Gmail, Facebook နှင့် အခြား ဝက်ဘ်ဝန်ဆောင်မှုများကို အဝေးထိန်းစနစ်ဖြင့် Log Out ပြုလုပ်ခြင်း

ပို့စ်တင်ချိန် - 6/20/2014 11:47:00 AM


Gmail နှင့် Facebook တို့ကို ကိုယ်ပိုင် ကွန်ပျူတာတွင် မဟုတ်ဘဲ အင်တာနက်ကဖေးလိုမျိုး နေရာများတွင် log in ပြုလုပ်ပြီး အသုံးပြုကြသူများ အနေဖြင့် account များကို log out ပြုလုပ်ရန် မေ့လျော့သွားသည့်အခါ အခြားသူများက account များကို ထိန်းချုပ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် Google, Facebook နှင့် Twitter တို့ကို log out ပြုလုပ်ရန် မေ့လျော့သွားသည့်အခါ အဝေးထိန်းစနစ်ဖြင့် log out ပြုလုပ်နိုင်သည့် နည်းလမ်းကို ဖော်ပြလိုက်ပါသည်။



အဝေးထိန်းစနစ်ဖြင့် Gmail ကို log out ပြုလုပ်ခြင်း

- Gmail ကနေ log out ပြုလုပ်ရန် အတွက် Gmail ကို log in လုပ်ပါ။ စာမျက်နှာ အောက်ဆုံးသို့သွားပြီး “Last account activity” အောက်က “details” link ကို နှိပ်ပါ။

- Window တစ်ခုပေါ်လာတဲ့အခါ “Sign out all other sessions” ခလုတ်ကိုနှိပ်ပါ။


အဝေးထိန်းစနစ်ဖြင့် Facebook ကို log out ပြုလုပ်ခြင်း


- Facebook account တွင် log in လုပ်ပါ။ ပြီးလျှင် menu bar ညာဘက်ထိပ်နားက Down arrow ကိုနှိပ်ပြီး Settings ကို ရွေးပါ။


- “Security” settings ကိုသွားပြီး “Where you’re logged in” section ကို နှိပ်ပါ။

- Log in ပြုလုပ်ခဲ့ဖူးသည့် ကွန်ပျူတာ၊ တည်နေရာနှင့် အချိန်တို့ကို တွေ့ရမည်။ “End Activity” link ကိုနှိပ်ပြီး log in အားလုံးကို log out ပြုလုပ်နိုင်သည်။




အခြား ဝက်ဘ်ဝန်ဆောင်မှုများ

Dropbox


- Dropbox account ကို desktop browser တွင် log in လုပ်ပါ။ - နာမည်၏ အောက်ဘက်ရှိ “Settings” link ကိုနှိပ်ပါ။ - “Security” tab ကို နှိပ်ပါ။ - စာမျက်နှာ အောက်ဘက်သို့သွားပြီး “Sessions” တွင် log in လုပ်ထားသည့် session များကို ရှာပါ။ - အခြား browser တွင် log in လုပ်ထားသည့် Dropbox account ကို log out ပြုလုပ်လိုလျှင် entry ဘေးနားရှိ ကြက်ခြေခတ်ကို နှိပ်ပါ။ Twitter and LinkedIn

Google, Facebook နှင့် မတူညီသည့်အချက်က LinkedIn နှင့် Twitter တွင် အခြား ကွန်ပျူတာများ၌ log in ပြုလုပ်ထားသည့် session များကို အလိုအလျောက် log out လုပ်နိုင်သည့် option မပါဝင်ပေ။ သို့သော်လည်း LinkedIn/Twitter password ကို မည်သည့် browser တွင်မဆို ပြောင်းလဲလိုက်သည့်အခါ active session အားလုံး ပိတ်သွားမည် ဖြစ်သည်။



Ref: MakeTechEasier

Internet Journal