Hello Kitty အရူးအမူး စွဲလန်းသူ တစ်ယောက် အကြောင်း

ပို့စ်တင်ချိန် - 6/12/2014 07:23:00 AM


မြင်းလေ့ကျင့် သင်ကြားပေးသူ Natasha Goldsmith ဆိုသူ အမျိုးသမီးတစ်ဦးကတော့ Hello Kitty ဆိုတဲ့ ကာတွန်းဇာတ်ကောင် ကို ဆယ်ကျော်သက် တစ်ယောက်အလား အရူးအမူးစွဲလန်းသူ ဖြစ်ပြီး Hello Kitty ပစ္စည်းအမျိုးပေါင်း ၁သောင်းကျော်ကို ၁၅နှစ်ကြာ စုဆောင်းခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
သူမရဲ့ အခုလို စွဲလန်းမှုတွေက သူမကို ယခုအချိန်အထိ လူလွတ်တစ်ယောက်  ဖြစ်စေပြီး သူမရဲ့  တိုက်ခန်းဟာလည်း ဒေါ်လာ ၅သောင်းကျော် တန်ဖိုးရှိတဲ့ Hello Kitty ပစ္စည်းတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ အသက် ၂၉နှစ်ရှိပြီ ဖြစ်တဲ့ နာတာရှာရဲ့ အခန်းကျဉ်းငယ်တိုင်းမှာ Hello Kitty ပုံပါ လက်ဝတ်လက်စား၊ ပရိဘောဂ၊ ခန်းဆီး နဲ့ ၄၀၀၀ကျော် အရုပ် ကဲ့သို့သော အဆင်တန်ဆာ ပစ္စည်းတွေ ရှိပါတယ်။

အတိတ်က သူမရဲ့ ချစ်သူဟောင်းတွေ သူမရဲ့ Hello Kitty အပေါ် စွဲလန်းစိတ်ကို စွန့်လွှတ်စေဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။ ဒါ့ကြောင့် သူမ အဲဒီ ချစ်သူဟောင်းတွေကို အဆက်ဖြတ်ခဲ့ပါတယ်။ ဒီ Hello Kitty အပေါ် စွဲလန်းမှုဟာ ကျွန်မရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဘယ်သူ့အတွက်မှ ကျွန်မ ဒါကို ပြောင်းလဲ ပစ်မှာ မဟုတ်ဘူးလို့ သူမက ပြောပါတယ်။

တစ်ယောက်ကဆိုရင် ကျွန်မ Hello Kitty အ၀တ်အစားတွေ မ၀တ်ဖို့ ပြောတယ်။ နောက်ပြီး လူငယ်လို့ ထင်ရစေမယ့် အ၀တ်အစားတွေ ၀တ်ဖို့ မသင့်တော့ဘူးလို့ ပြောဖူးပါတယ်။



နောက်တစ်ယောက်ကတော့ ကျွန်မစုဆောင်းထားတဲ့ ပစ္စည်းတွေကို ရောင်းပစ်လိုက်ပါလားတဲ့။ ကျွန်မကတော့ ဟင့်အင်းလို့ ပြောခဲ့တယ်။

လူတစ်ယောက်ဟာ ကျွန်မရဲ့ kitty တိုင်းပြည်ကို မနှစ်သက်ဘူး၊ နောက်ပြီးတော့ ကျွန်မရဲ့ ရူးသွပ်မှုကို လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်မအဲဒီလူကို စိတ်မ၀င်စားဘူးလို့ ပြောပါတယ်။

သူမရဲ့ အဆိုပါ စွဲလန်းမှုဟာ ၂၀၀၀ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး သူမရဲ့ ကျောင်းနေဖက် ဂျပန်ကျောင်းသူ တစ်ဦးက Hello Kitty ပုံပါ မှတ်စုစာအုပ်ကို လက်ဆောင် ပေးခဲ့ရာကနေ Hello Kitty ကို ချစ်ခင်နှစ်သက် သွားပြီး Hello Kitty ပုံပါ ခန်းဆီးလိုက်ကာ၊ ထမင်းဘူးနဲ့ ခရစ္စမတ် သစ်ပင် စတဲ့ပစ္စည်းပစ္စယတွေ ကို စတင် ၀ယ်ယူ စုဆောင်းပါတော့တယ်။


၂၀၀၄ ခုနှစ် သူမ အသက် ၁၉ နှစ်ပြည့်တဲ့ အချိန်မှာတော့ သူမရဲ့ တစ်ယောက်အိပ်ခန်းပါတဲ့ Devon၊ Exeter က တိုက်ခန်းကို သူမနဲ့ သူမရဲ့ Hello Kitty ပစ္စည်းတွေ ပြောင်းရွှေ့ပါတော့တယ်။ သူမက အဲဒီပန်းနုရောင် ကစ်တီလေးတွေနဲ့ နေရတာ ကျွန်မ အလွန့်ကို ပျော်ရွှင်ရပါတယ်။ သူတို့က ကျွန်မကို ခွန်အားဖြစ်စေပါတယ်။

ကျွန်မ အခန်းကို သူများတွေ လာမလည်ခင် ကျွန်မရဲ့ ကစ်တီတိုင်းပြည် အကြောင်း သူတို့ကို ကြိုပြီး ပြောပြထားလေ့ရှိပါတယ်။ အကြောင်းကတော့ အချို့က လက်မခံနိုင်ကြလို့ပါပဲ။

သူမရဲ့ အကြီးဆုံး ကစ်တီကတော့ ၃ပေအရှည် ရှိတဲ့ အစက်အပြောက် လေးတွေ ပါတဲ့ ဂါဝန် ၀တ်ဆင်ထားတဲ့ Kitty ပဲဖြစ်ပြီး သူမက ထို ကစ်တီကိုတော့ Boss လို့ခေါ်ပြီး သူမနီးပါး ကြီးတဲ့ အရုပ်ဖြစ်ပြီး အဲဒီ အရုပ်ကိုတော့ ဟောလ်ခန်းထဲမှာ ထားပါတယ်။ အကြောင်းကတော့ သူမအိပ်ခန်းနဲ့ မဆန့်တဲ့ အတွက်လို့ ပြောပါတယ်။


နာတာရှာဟာ လမ်းဘေးမှာ တွေ့တဲ့ ကစ်တီတွေကိုတော့ စိတ်မ၀င်စားပါဘူး။ ဒါ့ကြောင့် ရှားပါးပြီး အဖိုးတန်တဲ့ ကစ်တီတွေကို အွန်လိုင်းမှာ ရှာဖွေ ၀ယ်ယူလေ့ ရှိပြီး သူမရဲ့ ပစ္စည်းအများစုကတော့ အမေရိကန်နဲ့ ဂျပန် လုပ် ပစ္စည်းတွေ များပါတယ်။ wwwl.hellokitty4u.com မှာတော့ သူမရဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေ အကြောင်း ၀င်ရောက် ကြည့်ရှူနိုင်ပါတယ်။

သူမရဲ့ အဖိုးတန်ဆုံး ကစ်တီကတော့ ပွေ့ဖက်နိုင်တဲ့ Hello Kitty ဖြစ်ပြီး လက်ချုပ် Hanita မင်္ဂလာဝတ်စုံ ၀တ်ဆင်ထားတဲ့ limited edition ဖြစ်ပြီး သူမ၀ယ်ယူစဉ်က ပေါင် ၂၅၀ ရှိပြီး အခုအခါမှာတော့ ပေါင် ၆၀၀ တန်နေပြီလို့ သိရပါတယ်။


သူမ လက်ထပ်တဲ့အခါမှာလည်း ကစ်တီနဲ့ တူတဲ့ Hanita ဂါဝန် ၀တ်ချင်ပါတယ်။ ကျွန်မရဲ့ ဖခင်ကလည်း ပန်းနုရောင် Neck Tie စည်းဖို့ သဘောတူပြီးသားပါ။ နောက်ပြီး မင်္ဂလာကိတ်ရဲ့ ထိပ်မှာလည်း Hello Kitty ပုံလည်းထားဖို့ စိတ်ကူးထားကြောင်း ပြောပါတယ်။

သူမ Hello Kitty နဲ့ ပတ်သက်ပြီး အသုံးစရိတ်ကိုတော့ ထိန်းချုပ်ခဲ့ရပါတယ်။ အကြောင်းကတော့ ၂၀၁၁ ခုနှစ်မှာ သူမရဲ့ သရက်ရွက် မကောင်းတော့တာကြောင့် မြင်းလေ့ကျင့်သူ အဖြစ်ကနေ ထွက်ခဲ့ရတဲ့ အတွက် ဖြစ်ပါတယ်။

သူမမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်။ အဲဒါကတော့ Hello Kitty ဖန်တီးသူ ဆန်ရီရိုနဲ့ ပူး ပေါင်းပြီး သရက်ရွက် မကောင်းတော့သူများအတွက် ဆေးကုသမှု စရိတ် ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ Hello Kitty နှစ် ၄၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်တာမို့ နာတာရှာ တစ်ယောက် သူမ တတ်နိုင်သလောက် ကစ်တီ ပစ္စည်းတွေ စုဆောင်းပါလိမ့်မယ်။



ဒါ့အပြင် ယခုလက်ရှိနေတဲ့ အခန်းက သူမပစ္စည်းတွေနဲ့ မဆန့် ကျဉ်းလွန်းတာကြောင့် ဒီ့ထက်ပိုကျယ်တဲ့ အခန်းကို ရွှေ့ဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။

World Myanmar News

ref: mirror.co.uk