ဇွန်လ(၈)ရက်နေ့တွင် စတင်ဖြန့်ချီမည့် PSY၏ သီချင်းသစ် Hangover

ပို့စ်တင်ချိန် - 6/04/2014 08:49:00 PM


တောင်ကိုရီးယား Hip Hopဂီတ အဆိုတော် PSY၏ သီချင်းဗီဒီယိုသစ် တစ်ပုဒ်ကို ရက်ပိုင်းအတွင်း ထုတ်ဝေမည်ဟု သိရှိရသည်။ Gangnam Style သီချင်းဖြင့် တစ်ကမ္ဘာလုံးအနှံ့ အောင်မြင်မှုများ ရရှိခဲ့သည့်နောက် PSYသည် ဇွန်လ(၈)ရက်နေ့တွင် နောက်ထပ် သီချင်းသစ်ကို ပရိသတ်များထံ မိတ်ဆက်သွားရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။ အဆိုပါ သီချင်းသစ်သည် နာမည်ကျော် အမေရိကန် Hip Hopကြယ်ပွင့် Snoop Doggနှင့် ပူးပေါင်း ဖန်တီးထားခြင်းဟု Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ အမေရိကန်မှ Jimmy Kimmel Live အစီအစဉ်တွင် ယင်းသီချင်းသစ်ကို စတင်မိတ်ဆက်ပြီး ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြန့်ဝေသွားမည်ဟု ဆိုသည်။ သီချင်းသစ်ကို Hangoverဟု အမည်ပေးထားပြီး PSY၏ ယခင် Hip Hopဂီတ ချဉ်းကပ်ပုံများမှ အလုံးစုံ ကွဲပြားနေမည်ဟု ၎င်း၏ ကိုယ်စားလှယ်က Wall Streetသို့ ပြောကြားခဲ့သည်။

PSYသည် (၂၀၁၂)ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေခဲ့သည့် Gangnam Style သီချင်းဖြင့် တောင်ကိုရီးယား ဂီတရပ်ဝန်းကို ကျော်လွန်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာထိ လူသိများသော ဂီတကြယ်ပွင့်အဖြစ် တောက်ပခဲ့သည်။ အခြားသော သတင်းများအရ Gangnam Styleသည် YouTubeဝက်ဘ်ဆိုက်၏ သမိုင်းတစ်လျှောက် ကြည့်ရှုသူ (၂)ဘီလျံ ပြည့်မြောက်သည့် ဒုတိယမြောက် ဗီဒီယိုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ ဂျက်စတင်ဘီဘာ၏ Babyသီချင် အယ်လ်ဘမ်သည် ဖေဖော်ဝါရီလက YouTubeတွင် ကြည့်ရှုသူ အရေအတွက် (၂)ဘီလျံကိုကျော်လွန်ခဲ့ပြီး ယခုတစ်ဖန် အဆိုပါ စံချိန်ကို Gangnam Styleက လိုက်မီခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network