မင်္ဂလာပွဲ အမီ ဘီယာဗိုက်ကနေ six-pack ဖြစ်အောင် ၈ပတ်အတွင်း ပြောင်းခဲ့သူ

ပို့စ်တင်ချိန် - 6/05/2014 09:57:00 AM




အသက် ၂၉နှစ် ရှိပြီ ဖြစ်တဲ့ Ben ဆိုသူ အမျိုးသား တစ်ဦးဟာ သူရဲ့ မင်္ဂလာပွဲ မတိုင်ခင် ၈ ပတ်အလိုမှာ သူ့ရဲ့ ဘီယာဗိုက် ပြုတ်ဖို့ အတွက် အပြင်းအထန် လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ သူလိုချင်ခဲ့တဲ့ six-pack ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။



အသက် ၂၀ ကျော်ကနေ စပြီး အလုပ်ကြောင့် မအားမလပ်ဖြစ်ခဲ့တာတွေ အပြင် ဘီယာကြိုက်နှစ်သက်တဲ့ Ben တစ်ယောက် ဗိုက်ရွှဲခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သတို့သမီးလောင်းရဲ့ တောင်းဆိုချက်ကြောင့် သူ့ရဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစမှာတော့ သူဟာ မှားယွင်းတဲ့ ကိုယ်အလေးချိန်လျော့ချတဲ့ အစားအသောက်တွေ စားသောက်ခဲ့မိပါတယ်။ ဒါပေမယ့် ဒါဟာ မှားယွင်းနေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့ အစားအသောက်ကို ပြင်ဆင်စားသောက်ခဲ့ရုံမက gym မှာလည်း လေ့ကျင့်ခန်း ပုံမှန် လုပ်ခဲ့ပါတယ်။

သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အားတက်သရော ပါဝင်ကူညီခဲ့တဲ့ သူ့ရဲ့ သတို့သမီးလောင်းဟာလည်း Ben ရဲ့ ပြောင်းလဲမှုတွေအတွက် အံ့သြ၀မ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ သူတို့ရဲ့ မင်္ဂလာပွဲကို ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်တဲ့ Ben တစ်ယောက် သူ့ရဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခဲ့ပါပြီ။


ကဲစာဖတ်သူလည်း ဗိုက်ရွှဲလို့ နားပူနေတဲ့ သင့်ချစ်သူမိန်းကလေးအတွက် Ben လိုမျိုး ပျော်ရွှင်ခြင်းတွေ မပေးချင်ဘူးလား။ ဘယ်အရာမဆို တကယ်လုပ်မယ်ဆိုရင် အလွယ်လေးပါ။ ၈ ပတ်အတွင်း ဘီယာဗိုက်ကနေ six-pack ပြောင်းနိုင်ခဲ့တဲ့ Ben ဟာ အကောင်းဆုံး သာဓက တစ်ခုလို့ ပြောပါရစေ။

World Myanmar News မှ ဆီလော်ျအောင် ပြန်ဆိုသည်။

ref: dailymail.co.uk