ခိုးမှုပြစ်ချက်ဟောင်းရှိသူအား မသင်္ကာသတင်းအရ စစ်ဆေးရာမှ ဖုန်းဟန်းဆက်(၂၁)လုံး၊ Tablet (၂)လုံးနှင့် စက်ဘီး(၃)စီး ခိုးယူခဲ့မှုများ ဖော်ထုတ်ရရှိ

ပို့စ်တင်ချိန် - 6/09/2014 08:00:00 AM





ရန်ကုန်၊ ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း
သတင်းစုံစမ်းနေစဉ် ၂၉.၅.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်း၌
ယခင်က ခိုးမှုပြစ်ချက်ဟောင်းရှိပြီး ခိုးမှုများကျူးလွန်ထားကြောင်း မသင်္ကာသတင်းရရှိသူ လူဆိုး(ခ)သန့်ဇော်၊(၁၉)နှစ်၊(ဘ)ဦးဝင်းဦး၊ ရန်ကင်းမြို့နယ်နေသူအား တွေ့ရှိသဖြင့် စစ်ဆေးဆောင်ရွက်ခဲ့
ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက
တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရပ်ကွက်၊ (၁၅၄)လမ်းရှိ ဆံပင်
အလှပြင်ဆိုင်မှ ZTE အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း
(၁)လုံး၊ တာမွေကြီး (ခ)ရပ်ကွက်၊ (၁၆၆)လမ်းရှိ နေအိမ်တစ်အိမ်မှ
Nokia အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ တာမွေကြီး
(က+ဂ)ရပ်ကွက်၊ (၁၅၇)လမ်းရှိ နေအိမ်တစ်အိမ်မှ HTC R-212
အမျိုးအစား လက်ကိုင် ဖုန်း(၁)လုံးတို့အားလည်းကောင်း၊ ရန်ကင်း
မြို့နယ်၊ (င)ရပ်ကွက်၊ အနောက်ရန်ကင်းဈေးလမ်းအတွင်းရှိ
နေအိမ်တစ်အိမ်မှ SAMSUNG အမျိုးအစား အနက်ရောင်
လက်ကိုင်ဖုန်း(၁)လုံး၊ (၂)ရပ်ကွက်၊ ဆရာစံလမ်းရှိ နေအိမ်
တစ်အိမ်မှ HUAWEI Y-220 T အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး
တို့အား လည်းကောင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးချစ်မောင်လမ်းရှိ နေအိမ်တစ်အိမ်မှ KIMOအမျိုးအစား အဖြူရောင်
TABLET (၁)လုံးနှင့် ဦးအောင်ဘလမ်းရှိ နေအိမ်တစ်အိမ်မှ
HUAWEI Y 210 –001 အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ဆရာစံမြောက်ရပ်ကွက်၊ ဈေးကွေ့ကားမှတ်တိုင်အနီး နေအိမ်
တစ်အိမ်မှ HUAWEI U7520 အနက်ရောင်လက်ကိုင်ဖုန်း(ဂ)လုံး
တို့အားလည်းကောင်း ခိုးယူခဲ့ပြီး ပေါင်နှံရောင်းချထားကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။

ဆက်လက်စစ်ဆေးရာ ၎င်းသည် ၂၀၁၄ ခုနှစ်၊ မေလအတွင်းက တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ
နေအိမ်တစ်အိမ်မှ MOMO 9-3 အမျိုးအစား အဖြူရောင် TABLET
(၁)လုံး၊ ကျိုက္ကဆံလမ်းရှိ နေအိမ်(၁)အိမ်မှ SAMSUNG GTS-5570 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်း၊ ရန်ကင်းမြို့နယ်၊(၂)ရပ်ကွက်၊ မူကြိုကျောင်းအနီးရှိ နေအိမ်တစ်အိမ်မှ HUAWEI အမျိုးအစား 8818 အမျိုးအစား အနက်ရောင်လက်ကိုင်
ဖုန်း(၁)လုံး၊ ရန်ကင်းလမ်းရှိ နေအိမ်တစ်အိမ်မှ HUAWEI အမျိုးအစား
G-700 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ (၅)ရပ်ကွက်၊ အနောက်ရန်ကင်းဈေးလမ်းအတွင်းရှိ နေအိမ် တစ်အိမ်အတွင်းမှ
LG-p.705 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊
တီဗီပြင်ဆိုင်မှ SUMSANG S 9300 အမျိုးအစား အနက်ရောင်
လက်ကိုင်ဖုန်း(၁)လုံး၊ (၁၅)ရပ်ကွက်၊ ရန်ရှင်းလမ်းကြားမှတ်တိုင်
အနီး စားသောက်ဆိုင်အတွင်းမှ HUAWEI Y-320 အနက်ရောင်
လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ နေအိမ်တစ်အိမ်မှ SAMSUNG
SCH-1879 အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ အရှေ့ရွှေဂုံတိုင်
ရပ်ကွက်၊ အောင်ချမ်းသာ အိမ်ရာရှိ တိုက်ခန်း(၂)ခန်းအတွင်းမှ
SAMSUNG GTN-7000 နှင့် HUAWEI Y-511 အဖြူရောင် လက်ကိုင်
ဖုန်း(၂)လုံး၊ ဆရာစံတောင်ရပ်ကွက်၊ ဈေးကွေ့ဓမ္မာရုံအနီးရှိ
နေအိမ်တစ်အိမ်နှင့် လ္ဘက်ရည် ဆိုင်အတွင်းမှ SAMSUNG R-940 အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံးနှင့် Nokia 5250 အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံး၊ ဦးချစ်မောင်လမ်း၊ ကားဝပ်ရှော့အနီး နေအိမ်
တစ်အိမ်မှ HUAWEI Y-320 အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးနှင့်
ငွေလရောင်လမ်းရှိ နေအိမ်တစ်အိမ်မှ HTC R-212 အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံး၊ ဈေးကွေ့မှတ်တိုင်အနီးရှိ အဲယားကွန်း
ပြင်ဆိုင်အတွင်းမှ HUAWEI Y-220 T အနက်ရောင်လက်ကိုင်
ဖုန်း(၁)လုံးတို့အား ခိုးယူခဲ့ပြီး ပေါင်နှံရောင်းချထားကြောင်းပေါ်ပေါက်
ခဲ့ပါသည်။

၎င်းပြင် ၂၀၁၄ ခုနှစ်၊ မေလအတွင်းက တာမွေကြီး(က+ဂ)ရပ်ကွက်၊ (၁၅၇)လမ်းရှိ ဆေးဆိုင် တစ်ဆိုင်အတွင်းမှ Bridge Stone စာတမ်းပါ အစိမ်းနုရောင်မိန်းမစီးစက်ဘီး(၁)စီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်
ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ဈေးကွေ့မှတ်တိုင်အနီး မိတ္တူဆိုင်အတွင်းမှ BAAစာတမ်းပါ အ၀ါနုရောင် လျှပ်စစ်စက်ဘီး(၁)စီးနှင့် ဂက်စ်ဆိုင်
အတွင်းမှ MARUKA စာတမ်းပါ အ၀ါရောင် မိန်းမစီး စက်ဘီး(၁)စီး
တို့အားခိုးယူကာ ပေါင်နှံရောင်းချ ထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ လူဆိုး(ခ)သန့်ဇော်
အား သက်ဆိုင်ရာ မြို့နယ်ရဲစခန်း များ၌ အမှုများအသီးသီးရေးဖွင့်ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းကာ အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police