အကောင်းဆုံး tablet ကွန်ပျူတာ (၇) မျိုး

ပို့စ်တင်ချိန် - 6/11/2014 01:08:00 PM


ယနေ့ခေတ်တွင် tablet ကွန်ပျူတာများသည် စားပွဲတင်ကွန်ပျူတာများနှင့် laptop များကဲ့သို့ စွမ်းဆောင်ရည်ကဲ့သို့ အပြည့်အဝအသုံးပြုနိုင်ခြင်းမရှိသေးသော်လည်း ၎င်း မိုဘိုင်းထုတ်ကုန်ကိုသုံးစွဲသူဦးရေမှာနေ့စဉ်မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် tablet ကွန်ပျူတာတစ်လုံးကိုဝယ်ယူရန် စဉ်းစားနေသူများအနေဖြင့် မိမိနှင့် သင့်တော်သည့် ထုတ်ကုန်ကိုရွေးချယ်နိုင်ရန်အတွက် အကောင်းဆုံး tablet ကွန်ပျူတာ (၇) မျိုးကိုဖော်ပြလိုက်ပါသည်။

ဦးစားပေးရွေးချယ်သင့်သည့် tablet

Apple iPad Air



အားသာချက် - iPad Air သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာပြီးဘက်ထရီသက်တမ်းကလည်းအခြား tablet ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်သည်။ ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိပြီး ပါးလွှာပေါ့ပါးသောကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ အဆင့်မြှင့်ထားသည့် front-facing ကင်မရာက FaceTime အသုံးပြုခြင်းကို ပိုမိုကောင်းမွန်စေသည်။ Retina Display ကလည်းပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ဖော်ပြပေးနိုင်သည်။
အားနည်းချက် - iPhone 5S တွင် မိတ်ဆက်ပေးခဲ့သည့် TouchIDလက်ဗွေဖတ်စနစ် မပါဝင်သောကြောင့် App Store မှ ဝယ်ယူမှုတိုင်းအတွက် password အမြဲတမ်းထည့်သွင်းရန် လိုအပ်သလို unlock လုပ်ရာတွင်လည်း passcode ထည့်သွင်းရန် လိုအပ်မည် ဖြစ်သည်။ 16GB ကိုအမေရိကန်ဒေါ်လာ ၄၉၉ ဖြင့် ရောင်းချခြင်းကလည်း အခြားထုတ်ကုန်များနှင့် ယှဉ်လျှင် ဈေးကြီးလွန်းသည်။

ဈေးနှုန်း - $499 - $799

အကောင်းဆုံး Android tablet
Google Nexus 7



အားသာချက် - Nexus 7 တွင် ကြည်လင်ပြတ်သားသည့် full-HD screen ပါဝင်ပြီးစွမ်းဆောင်ရည်ကလည်း ချောမွေ့မြန်ဆန်သည်။ ဘက်ထရီသက်တမ်း ရှည်ကြာသလို ပါးလွှာပေါ့ပါးသောကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ ဈေးနှုန်းကလည်းသင့်တင့်သည်။
အားနည်းချက် - Nexus 7 ၏ screen က အရောင်များကိုတိကျစွာ ဖော်ပြပေးနိုင်ခြင်းမရှိသလိုmicroSD အထောက်အပံ့လည်း မပါဝင်လာပေ။ အသုံးပြုထားသည့် Android 4.3 ကလည်း interface ပြုပြင်ပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ထားသည်။
ဈေးနှုန်း - $189 - $285.99

အရွယ်အစားကြီးမားပြီးfeatureများစွာပါဝင်သည့် tablet
Samsung Galaxy Note Pro (32GB, Wi-Fi, Black)



အားသာချက် - Samsung Galaxy Note Pro တွင် အရွယ်အစားကြီးမားသည့် screen နှင့်အတူ stylus pen တစ်ခုပါဝင်သည်။ ထို့အပြင် Android tablet အစစ်အမှန်တွင်သာ တွေ့ရှိရတတ်သည့် app များနှင့် software feature များပါဝင်သည်။ MicroSD အထောက်အပံ့ ပါဝင်သောကြောင့် သိုလှောင်မှု ပမာဏကိုတိုးမြှင့်နိုင်သည်။

အားနည်းချက် - Note Pro ၏ စွမ်းဆောင်ရည်သည် app အများအပြားကိုတစ်ပြိုင်နက် အသုံးပြုသည့်အခါ နှေးကွေးလေးလံသည်။ Screen ပေါ်တွင် ရေးသားမှုများ ပြုလုပ်ရာ၌ Galaxy Note 10.1 2014 ကဲ့သို့ ချောမွေ့ခြင်းမရှိပေ။

ဈေးနှုန်း - $647.10 - $749.99

အရွယ်သေးငယ်သည့် အကောင်းဆုံး tablet
iPad Mini (with Retina Display)



အားသာချက် - iPad Mini Retina Display တွင် iPad Air နှင့် ယှဉ်ပြိုင်နိုင်ပြီး resolution မြင့်မားသည့် display ပါဝင်သည်။ လျင်မြန်သည့် A7 ပရိုဆက်ဆာကို အသုံးပြုထားပြီးအဆင့်မြှင့်ထားသည့် Wi-Fi နှင့် LTE ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီသက်တမ်းကလည်းယခင် iPad Mini ထက် ပိုမိုကောင်းမွန်သည်။

အားနည်းချက် - အရွယ်သေးငယ်သည့် tablet ကွန်ပျူတာများတွင် ဈေးနှုန်းကြီးမြင့်လွန်းသည်။ iPhone 5S တွင် အသုံးပြုထားသော တီထွင်ဆန်းသစ်သည့် TouchIDလက်ဗွေဖတ်စနစ် မပါဝင်ပေ။

ဈေးနှုန်း - $369 - $399.99

မီဒီယာအသုံးပြုမှုတွင် အကောင်းဆုံး tablet
Amazon Kindle Fire HDX 8.9


အားသာချက် - Amazon Kindle Fire HDX 8.9 သည် ဝက်ဘ်ဆိုက်များနှင့် UI navigation များကိုစွမ်းဆောင်ရည် လျင်မြန်စွာနှင့် အသုံးပြုစေနိုင်သည်။ Screen က ကြည်လင်ပြတ်သားသည့် ပုံရိပ်များကိုဖော်ပြပေးနိုင်ပြီး ကိုယ်ထည်ကလည်း အရွယ်ကြီးမားသည့် tablet တစ်ခုအနေဖြင့် ပေါ့ပါးသည်ဟုဆိုနိုင်သည်။

အားနည်းချက် - ဗီဒီယိုကို အဝေးထိန်းစနစ်ဖြင့် ကြည့်ရှုနိုင်သည့် feature မပါဝင်သလိုကြော်ငြာမပါဝင်သည့် ဗားရှင်းဖြင့် အသုံးပြုလိုပါက ၁၅ ဒေါ်လာကျသင့်မည် ဖြစ်သည်။ 16GB ဗားရှင်းက HD ရုပ်ရှင်များအတွက် မလောက်ငှသလို သိုလှောင်မှုပမာဏကိုလည်း တိုးမြှင့်နိုင်ခြင်းမရှိပေ။ Google Play ကိုအသုံးမပြုနိုင်သောကြောင့် app အများအပြားဖြင့်လည်း အသုံးမပြုနိုင်ပေ။ ကျောဘက်ရှိ ခလုတ်များကိုလည်း တစ်ခါတစ်ရံရှာဖွေရခ က်လေ့ရှိသည်။
ဈေးနှုန်း - $339 - $379.99


စွမ်းဆောင်ရည်မြင့် အကောင်းဆုံး tablet
Microsoft Surface Pro 2



အားသာချက် - Microsoft Surface Pro 2 သည် ပိုမိုလျင်မြန်လာပြီး ဘက်ထရီသက်တမ်းကလည်း ယခင်အမျိုးအစားထက် ရှည်ကြာလာသည်။ လက်ရှိမျိုးဆက် Haswell ပရိုဆက်ဆာနှင့် အဆင့်မြှင့်တင်ထားသည်။ Keyboard cover ကိုလည်း backlit ခလုတ်များဖြင့် အဆင့်မြှင့်ထားသည်။

အားနည်းချက် - Surface Pro 2 သည် အခြား tablet ကွန်ပျူတာများနှင့် နှိုင်းယှဉ်လျှင် ထူထဲလေးလံလွန်းသည်။ 64GB ဗားရှင်းကသိုလှောင်မှုအတွက် အခက်အခဲရှိနိုင်သည်။ ထို့အပြင် keyboard cover ကိုလည်းသီးသန့် ဝယ်ယူရမည် ဖြစ်သည်။

ဈေးနှုန်း - $877 - $899

ဈေးနှုန်းသင့်တင့်သည့် အကောင်းဆုံး tablet
Barnes & Noble Nook HD+



အားသာချက် - Barnes & Noble Nook HD+ ကို ၁၄၉ ဒေါ်လာနဲ့ ရရှိနိုင်သည်။ ကြည်လင်ပြတ်သားသည့် screen ကိုအသုံးပြုထားပြီး စွမ်းဆောင်ရည်ကောင်းမွန်သည်။ MicroSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ ပေါ့ပါးပြီးအသုံးပြုရာတွင် သက်သောင့်သက်သာရှိစေသည်။

အားနည်းချက် - ကင်မရာပါဝင်ခြင်းမရှိဘဲ screen ကလည်းလက်ဗွေရာများဖြင့် ရှုပ်ပွနိုင်သည်။ OS ကလည်းရံဖန်ရံခါ နှေးကွေးလေးလံသည်။

ဈေးနှုန်း - $149 - $179

Ref: CNET
Internet Journal