ဆိုင်ကယ်မင်းသားဖြစ်သွားတဲ့ ဆိတ် (video)

ပို့စ်တင်ချိန် - 6/05/2014 09:57:00 AM


ဆိတ်လည်း ဆိုင်ကယ်မင်းသားလုပ်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ကို ခပ်မိုက်မိုက်ဆောင်း ကာ ဆိုင်ကယ်လက်ကိုင်ကိုကိုင် ပေါင်ကားရားခွထားရင်ပေါ့….

အီရန်နိုင်ငံ အနောက် မြောက်ပိုင်း ကွက်ဇင်မြို့ရဲ့ကားလမ်းမပေါ်မှာ ရုပ်ပြောင် ဆိုင်ကယ်တစ်စီးရဲ့ ဗီဒွီယိုဖိုင် ရိုက်ကွက်လေးတစ်ကွက်ပါ။ အီရန်အမျိုးသားနှစ်ဦးနဲ့ ဆိတ်နှစ်ကောင် ဆိုင်ကယ်တစ် စီးပေါ်မှာ စီးလာတာက တကယ့်ကို ကို့ရိုးကားယားနိုင်ပါတယ်။ အဲ့ဒီ အမျိုးသားနှစ်ဦးက လယ်သမားတွေဖြစ်ကောင်းဖြစ်တန်ပါလိမ့်မယ်။

ဆိတ်တစ်ကောင်ကို အရှေ့ဘက် လက်ကိုင်မှာထားကာ အန္တရာယ်ကင်းအောင် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားပေးပါသေးတယ်။ နောက်က တစ်ကောင်ကိုတော့ အမျိုးသားနှစ်ယောက်အလယ်ကြားမှာ ညှပ်ပြီးထည့်ထားပါတယ်။ သူတို့ဘေးက နေဖြတ်မောင်းသွားတဲ့ ကားပေါ်က လူတွေက သူတို့ကို ကြည့်ပြီး အတော်လေးကို စိတ်အိုက်နေကြပါတယ်။

အဲ့ဒီလမ်း မပေါ်မှာတော့ သူတို့တွေက တကယ့်စတန့်မင်း သားတွေပေါ့။ ဆိတ်နှစ်ကောင်လို့ ပြောတာ ကလည်း အဲ့ဒီ ဆိတ်နှစ်ကောင်က ထွားထွားကြိုင်းကြိုင်းကြီးတွေပါ။

အင်း.. ဆိတ်နှစ်ကောင် နဲ့ လူနှစ်ယောက် ဆိုင်ကယ်တစ်စီးထဲမှာ ကျပ်ကျပ်ညပ် ညပ်စီးလာတဲ့ ဒီပုံနဲ့ ဗီဒီယိုဖိုင် ကို နိုင်ငံပိုင် LiveLeak ၀က်ဘ်ဆိုက်မှာတင်ထားရာ ၀င်ရောက်ကြည့်ရှုသူနဲ့ တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။