အရာဝတ္တု တခုခုကို 'white elephant' 'ဆင်ဖြူ ' လို့ ပြောလိုက်ရင် ဒီအရာဝတ္တုက ငွေကုန်ကြေးကျများပြီး ဘာမှအသုံးမကျတာကို ဆိုလိုတာပါ။

ပို့စ်တင်ချိန် - 6/11/2014 10:14:00 AM




ဥပမာ A lot of the stadiums built for the Olympics are now just white elephants. လို့ပြောရင် 'အိုလံပစ်အားကစား ပြိုင်ပွဲအတွက် ငွေကုန်ကြေးကျခံပြီး တည်ဆောက်ခဲ့တဲ့ အားကစားရုံတွေဟာ အခုအခါမှာတော့ ဘာမှ အသုံးမဝင်တော့ဘူး' လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

'white elephant' အသုံးအနှုန်းက ထိုင်းနိုင်ငံကနေ စတင်တာလို့လည်း ပြောကြပါတယ်။ ထိုင်းဘုရင်က သူမကြည်တဲ့ လူတွေကို ဆင်ဖြူ လက်ဆောင်ပေးလေ့ရှိတယ်တဲ့။ အကြောင်းရင်းကတော့ ဆင်ဖြူတွေဟာ ကြည့်ရှုစောင့်ရှောက်ဖို့ စရိတ်များပြီး အသုံးမကျတဲ့အတွက် ဆင်ဖြူတွေကို လက်ဆောင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ (Alpha)
Radio Australia - Myanmar