အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အား ၀င်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ

ပို့စ်တင်ချိန် - 7/11/2014 07:55:00 PM



၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီ၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်
တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊


မိုင်တိုင်အမှတ်(၇၈/၀)နှင့်(၇၈/၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ အောင်နိုင်ဦး(၃၆)နှစ်မောင်းနှင်လာသော ၈ဈ/xxxx ““ရွှေစင်စင်္ကြာ”” ခရီးသည်တင်မှန်လုံယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်း ဒေသကြီး၊

 မြောက်ဒဂုံမြို့နယ်နေ ဦးမောင်မောင်အေး(၅၀)နှစ်မောင်းနှင်နေသော BB/xxxx ပရိုဘောက် အဖြူရောင်ယာဉ်အား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းမပေါ်၌ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ဦးမောင်မောင်အေးမှာ ဦးခေါင်းငယ်ထိပ်ပိန်ချိုင့်ပေါက်ပြဲ၊ နဖူးပေါက်ပြဲ၊ နား/နှာခေါင်း/ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး BB/xxxx ပရိုဘောက်ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ကိုဝင်းနိုင်(၄၅)နှစ်တွင် ယာမျက်ခုံး/ယာပါး/နဖူးယာဘက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဖဒိုတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်နိုင်ဦးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်