သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍ တရားမ၀င် တမလန်းသစ်များသယ်ဆောင်လာသူကို ရဲက ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 7/17/2014 10:01:00 AM


စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ မုံရွာ - မန္တလေးအဝေးပြေးကားလမ်းမိုင်းတိုင်းအမှတ် ၄၆ /ဝ
 နှင့် ၄၆/၁ အကြား နေရာရှိလမ်းတံတားအသုံးပြုခကောက်ခံရေး တိုးလ်ဂိတ်အနီးနေရာ
တွင် ဇူလိုင် ၁၅ရက်နေ့မနက် ၃ နာရီ အချိန်က သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍မူးယစ်သောက်စားထားကာ တရားမ၀င် တမလန်း သစ်များအား
တိုယိုတာစူပါကာစတန်ကားတစ်စီးဖြင့် သယ်ဆောင်လာသူကို ရဲကဖမ်းဆီးအရေးယူခဲ့
ကြောင်း သိရသည်။

အဆိုပါ သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍ တရားမ၀င်တမလန်းသစ်များသယ်ဆောင်လာသူကို မြင်းမူမြို့မရဲစခန်း၌တာဝန်ထမ်းဆောင်လျက်ရှိသော ဒုရဲအုပ် ဇာနည်အောင်နှင့်အဖွဲ့က စစ်ဆေးခဲ့ရာ
ထိုသူ တို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ယာကြီးကျေးရွာနေ ကိုစိုင်းနောင် အသက်(၃၂)နှစ်ဆိုသူသည် ၎င်း၏ကိုယ်ခန္ဒာအပေါ်ပိုင်းတွင် အလျား(၆)ပေ၊ အနံ(၃)ပေ အရွယ်ရှိ သင်္ကန်း
ပိုင်းစအားခြုံလွှမ်းဝတ်ဆင်ထားခဲ့ပြီး ကိုယ်ခန္ဒာ၏အောက်ပိုင်းတွင်ဦးဂျမ်းအမှတ်တံဆိပ်ပါ အစိမ်းရောင် ကွပ်စိပ်ပုဆိုးတစ်တည်ကိုဝတ်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထိုသူမှာ တိုယိုတာ စူပါကာစတန် ခဲရောင်အမျိုးအစား ယာဉ်အမှတ် ၄က/ ၅၉…ကားပေါ်တွင် တမလန်း သစ်များကို တရားမ၀င်တင်ဆောင်၍ အရက်သေစာများသောက်စားမူးယစ်ကာ ယာဉ်အား မောင်းနင်း လာခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ်ဇာနည်အောင်နှင့်အဖွဲ့က မှတ်တမ်းများရယူထားကြောင်း သိရသည်။
သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍ တမလန်းသစ်များကိုတရားမ၀င်သယ်ဆောင်လာသူအား မြင်းမူ မြို့မရဲစခန်းက(ပ)၁၅၂/၂၀၁၄ ပြစ်မှုပုဒ်မ၂၉၅ အရအမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး ( ချင်းတွင်း)