အားပေးမှုနဲ့ဝေဖန်မှု ပြိုင်တူရနေတဲ့ ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’

ပို့စ်တင်ချိန် - 7/11/2014 09:25:00 AM



ထွက်ရှိပြီးရက်ပိုင်း အတွင်းမှာပင် ပရိသတ်အကြား ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိသွား ပြီး အားပေးမှုများရခဲ့သလို ဝေဖန် မှုများလည်း ရရှိနေသည့် ‘မျှော် လင့်ချက်တစ်စုံတစ်ရာ’သီချင်းကို နာမည်ကြီးရန်ရည်ရွယ်ရိုက်ကူး ခဲ့ခြင်းမဟုတ်ဘဲ ဒေါ်အောင်ဆန်း စုကြည်ကိုလေး စားသည့်စိတ်ဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု နီနီခင် ဇော်က ပြောသည်။

အနုပညာရှင်များ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက် မှတ်ရေးထိုးနေချိန်တွင် နီနီခင် ဇော်က လက်မှတ်ရေးထိုးရန် လေ့လာဦးမည်ဟု အင်တာဗျူး တစ်ခုတွင် ဖြေဆိုခဲ့ပြီး ‘‘မျှော်လင့် ချက်တစ်စုံတစ်ရာ’’ သီချင်းကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျနေစဉ်က အသွင် သဏ္ဌာန်အတိုင်း သရုပ်ဆောင်ခဲ့ သဖြင့် ဝေဖန်မှုများညံနေခြင်းဖြစ် သည်။

‘‘ပုဒ်မ ၄၃၆ ကိုလေ့လာမယ် ဆိုပြီးပြောခဲ့တာက နီနီမလုပ်ဘူး လို့ပြောတာမဟုတ်သလို လုပ် မယ်လို့လည်းပြောခဲ့တာမဟုတ် ပါဘူး။ နီနီအသက်ငယ်သေးတဲ့ အတွက် လူကြီးတွေရဲ့ စကား တွေနဲ့ ပုဒ်မတွေအတွက် အများ ကြီးလေ့လာရဦးမှာပါ။ အဲဒါကို ဆိုးကျိုးအနေနဲ့ ရေးသွားတာပါ။ နီက အဲဒီလိုဆိုးကျိုးအနေနဲ့ပြော ခဲ့တာမဟုတ်ပါဘူး’’ဟု အထက် ပါအကြောင်းအရာနှင့်ပတ်သက် ၍ နီနီခင်ဇော်က ပြန်ရှင်းသည်။

ယင်းဂီတဗီဒီယိုကို မာရီယို ဒီဗီဒီမထွက်ရှိမီကတည်းက ပရိ သတ်များအထူးစိတ်ဝင်စားခဲ့ပြီး ထွက်ရှိလာချိန်တွင်လည်း ပရိ သတ်များအထူးအားပေးခဲ့သည်။ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုတွင် မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်းကို တင်ပေးခဲ့ရာ နာရီပိုင်း အတွင်း Like အရေအတွက်လေး ထောင်ကျော်ခဲ့ပြီး ဝေမျှသူသုံး ထောင်နီးပါးအထိရှိခဲ့သည်။

‘‘ပရိသတ်အားပေးမှုလည်း ပါတယ်။ နီနီကိုယ်တိုင်လည်း ကြိုက်တယ်။ ဒါရိုက်တာရဲ့ ကြိုး စားအားထုတ်မှုကြောင့် ပိုပြီး ကောင်းသွားခဲ့တာပါ’’ဟု ၎င်းက ပြောသည်။ ‘‘မျှော်လင့်ချက်တစ်စုံတစ်ရာ’’သီချင်းကို ဆောင်းဦးလှိုင်က ရေးသားပေးခဲ့ပြီး ဒါရိုက်တာ မောင်မောင်သာမြင့်က ရိုက်ကူး ပုံဖော်ခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်ကို ရည်ရွယ်ရေးသားသည် ဟု ပရိသတ်များက ခန့်မှန်းနေကြ သော ထိုသီချင်း၏ သီချင်းစာ သားအဓိပ္ပာယ်များကိုလည်း ပရိ သတ်များက ကြိုက်နှစ်သက် လျက်ရှိသည်။

7 Day Daily