ကိုယ်ချင်းဆက် အမြွှာနဲ့ စိတ်ဝင်စားဖွယ်ရာ အချစ်ဇာတ်လမ်း

ပို့စ်တင်ချိန် - 7/07/2014 09:43:00 AM


အေသင်အောင်
အိနိ္ဒယနိုင်ငံမှာရှိတဲ့ ဂန်ဂါနဲ့ ဂျမူနာ အမည်ရ ကိုယ်ချင်းဆက် အမြွှ ညီအစ်မဟာ လက်လေးချောင်း၊ ခြေထောက်သုံးချောင်းနဲ့ အစာအိမ် တစ်ခု တို့ကို ခွဲဝေသုံးစွဲနေပြီး နှလုံးကတော့ တစ်ခုစီ ပါဝင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ချင်းဆက်အမြွှာရဲ့ ချစ်သူဟာ တစ်ဦးတည်းဖြစ်နေတာက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အသက် (၄၅)နှစ်ရှိပြီဖြစ်တဲ့ ကိုယ်ချင်းဆက်အမြွှာကို ပင့်ကူညီအစ်မတွေအဖြစ် ဒေသခံတွေက ခေါ်ဆိုကြပါတယ်။ သူတို့ဘ၀ တစ်လျှောက်လုံးမှာ စိတ်ညစ်စရာ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အချစ်ကို တွေ့ရှိခဲ့တာမို့ ပျော်ရွှင်ကျေနပ် နေကြ တယ်လို့ သိရပါတယ်။

လက်လေးချောင်းနဲ့ ခြေထောက် သုံးချောင်းကို  အစ်မဖြစ်သူနဲ့ ခွဲဝေ သုံးစွဲနေရတဲ့ ဂန်ဂါက ပထမဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ကျွန်မတို့ ညီအစ်မနှစ်ဦးကို မေတ္တာအစစ်အမှန်နဲ့ ချစ်ခဲ့တဲ့သူကို ရင်ထဲမှာအမြဲရှိနေပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ဂျမူနာကလည်း ကျွန်မတို့ ဘ၀ကို သူရောက် လာပြီး နောက်မှာ ပျော်ရွှင်မှုတွေ ရရှိလာပါတယ်။ ကျွန်မတို့ဟာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်တာမို့ ကောင်းတာတွေကိုပဲ မျှော်လင့်မိပါတယ်။ ကျွန်မ တို့ အသက်ရှင်နေတဲ့ ကာလမှာ သူနဲ့ နေထိုင်သွားလိုပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။

ဂန်ဂါနဲ့ ဂျမူနာတို့ဟာ သူတို့ချစ်သူဖြစ်သူ အာမတ်အကြောင်းကို ပြောဆိုနေကြခြင်း ဖြစ်ပါတယ်။ ဂန်ဂါနဲ့  ဂျမူနာတို့ဟာ ငယ်စဉ်ဘ၀ ဆေးကုသမှုခံယူဖို့ စီစဉ်ခဲ့ပေမယ့် ဆေးဖိုး မတတ်နိုင်ခဲ့လို့ ဆပ်ကပ်ရုံမှာ ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူတို့ဟာ တစ်ညကို ပေါင် (၂၅)အထိ ရရှိ ခဲ့ပြီး ဆပ်ကပ်ရုံမှာ အချိန်ပိုင်းလုပ်သား အဖြစ် လာရောက်လုပ်ကိုင်ခဲ့တဲ့ အသက် (၃၆)နှစ် အရွယ် အာမတ်နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားခြင်းဖြစ်ပါတယ်။ အာမတ်ဟာ သနားကြင်နာတတ်သူဖြစ်ပြီး ကိုယ်ချင်းဆက်အဩာကို အမြဲတမ်းဖေမကူညီ ခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ရွာလေးတစ်ရွာမှာ အတူ နေထိုင်တာ ခုနစ်လရှိ သွားခဲ့ပြီဖြစ်ပါတယ်။ အာမက်ဟာ လုပ်အားပေးကျောင်းဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်ရင်း ကိုယ်ချင်းဆက်အမြွှာကို  ချစ်ခင် ကြင်နာမှုတွေနဲ့ စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ သိရပါတယ်။

Messenger