ရထားအောက်ကနေ အသက်ရှင်လျှက် ပြန်ထွက်လာသူ

ပို့စ်တင်ချိန် - 7/03/2014 01:28:00 PM


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာတော့ အံ့အားဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အကြောင်းအရာကတော့ ဖြတ်သန်းသွားတဲ့ ရထားအောက်ကနေ အသက်ရှင်လျှက် ပြန်ထွက်လာသူ ကိုယ်ဝန်ဆောင်သည်ကို မျက်မြင်ကြုံခဲ့ရသူများ အံ့အားသင့်ခဲ့ရပါတယ်။



တရုတ်သတင်းစာ တစ်စောင်ဖြစ်တဲ့ QQ News အရ ဇူလိုင်လ ၁ ရက်နေ့ အင်္ဂါနေ့ မနက်မှာ ကိုယ်ဝန်ဆောင်သည် တစ်ဦးဟာ ရထားစင်္ကြန်ပေါ်ကနေ အမှတ်တမဲ့ ရထားသံလမ်းပေါ် ပြုတ်ကျခဲ့ပြီး အဲဒီအချိန်မှာပဲ ရထားတစ်စင်းဟာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာခဲ့ပြီး ဘူတာစင်္ကြန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရထားမောင်းသူဟာ ကိုယ်ဝန်သည် ပြုတ်ကျတဲ့ နေရာအရောက်မှာတော့ အရေးပေါ် ဘရိတ်အုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဆိုပါ ကိုယ်ဝန်သည်ဟာ ဒဏ်ရာအနာတရ မရှိဘဲ ရထားအောက်ကနေ တွားသွားပြီး  ပြန်ထွက်လာခဲ့ပါတယ်။  မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်အရ အဆိုပါ ကိုယ်ဝန်သည်ဟာ ဒဏ်ရာ တစ်စုံတစ်ရာ မရပေမယ့် ဆေးရုံပို့ပြီး စမ်းသပ်စစ်ဆေးမှုတွေ  ပြုလုပ်ဖို့အတွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ref: singaporeseen.stomp.com

World Myanmar (world-myanmar.com)