ဒိုက်ထိုးပြိုင်ပွဲတွင် အသက် ၇၇ နှစ်အရွယ် စစ်သားဟောင်းကြီးကို လူငယ်များ အနိုင်မယူနိုင်ဘဲ ရှုံးနိမ့်

ပို့စ်တင်ချိန် - 7/05/2014 01:32:00 PM


အေသင်အောင်

ယူကရိန်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကာယဗလပြိုင်ပွဲ တစ်ခုမှာ အသက်(၇၇)နှစ်အရွယ် စစ်ပြန်ကြီးဟာ လူငယ်တွေကို အံ့အား သင့်ဖွယ် ကောင်းလောက်အောင် အနိုင်ယူပြခဲ့ပါတယ်။ ဒိုက်ထိုးပြိုင်ပွဲမှာ စစ်သားယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်ပြန်ကြီးဟာ လူငယ်တွေနဲ့အတူ ၀င်ရောက်ဆင်နွှဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ပြန်ကြီးဟာ အသက်ကြီးနေပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က အထူးကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်တွေကို အနိုင်ယူခဲ့ ပါတယ်။ စစ်ပြန်ကြီး ဘေးနားက လူငယ်အချို့ဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြုလုပ်နိုင်ခြင်း မရှိဘဲ နုတ်ထွက်သွားကြပါတယ်။ ဒါပေမဲ့ စစ်ပြန်ကြီး ကတော့ ပရိသတ်လက်ခုပ်သံကို ရယူပြီး ပြိုင်ပွဲပြီးဆုံးတဲ့ အထိ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို လိုက်စားခဲ့တဲ့ အသက် (၇၇) နှစ်အရွယ် စစ်ပြန်ကြီးကို ယနေ့ခေတ် လူငယ်တွေ ကာယလေ့ကျင့်မှုအပိုင်းမှာ မယှဉ်ပြိုင်နိုင်ခဲ့တာက ထူးခြားချက် ဖြစ်ခဲ့ပြီး အမျိုးသမီးငယ် နှစ်ဦး ကလည်း စစ်ပြန်ကြီးကို ပန်းစည်းတွေပေးကာ ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော်ဟာ ဒုတိယကမ္ဘာစစ်အပြီး အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ ဂျာမနီတွေဟာ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုမှာ လက်နက်ချခဲ့ရပါတယ်။ ဒါကြောင့် ရုရှားနဲ့ ယူကရိန်းတို့မှာ ဒီလိုအချိန် ကာလကို ရောက်တဲ့ အခါတိုင်း ဂျာမနီတွေကို အောင်မြင်တဲ့ အထိမ်းအမှတ် အနေနဲ့ အမှတ်တရပွဲတော်တွေ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အခု ကျင်းပတဲ့ ဒိုက်ထိုးပြိုင်ပွဲကို ၀င်ရောက်ဆင်နွှဲခဲ့တဲ့ စစ်ပြန်ကြီးဟာ လူငယ်တွေနဲ့ အပြိုင် စိန်ခေါ်နိုင်ခဲ့တာမို့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

The Messenger