ရဟတ်ယာဉ်ပေးထားသည်ဆိုသည့်သတင်းကို ဗိုလ်ချုပ်မောင်မောင်အုန်း ငြင်းဆို

ပို့စ်တင်ချိန် - 7/02/2014 01:19:00 PM



ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ချိန်အတွင်း
 အသုံး ပြုရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ်တစ်စီး ပေးထား
သည်ဟု သတင်းများ ထွက်ပေါ်လာခြင်းမှာမမှန်ကန် ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်း က ငြင်းဆိုလိုက်သည်။

စစ်တွေမြို့တွင် ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်သောအရေးပေါ် ပြည်နယ်လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေဆိုသွားခြင်း ဖြစ်သည်။

“၀န်ကြီးချုပ်တစ်ယောက်အနေ နဲ့ ရဟတ်ယာဉ်ကိုတောင်းလို့မရ ပါဘူး။ ဒီမှာနယ်မြေခံတိုင်းမှူးရှိ ပါတယ်။ တိုင်းမှူးရဲ့ ခရီးစဉ်မှာ ၀န်ကြီးချုပ်နဲ့ပေါင်းစပ်ပြီးတော့ ဒေသတွေကိုသွားဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အတွက် ရဟတ်ယာဉ်သီးခြား စီစဉ်ပေးမှာ မဟုတ်ဘူးလို့ ပြော လိုပါတယ်”ဟု ဗိုလ်ချုပ်မောင်မောင် အုန်းက ပြောသည်။

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ပြည်နယ်တွင် ပြည်နယ်ဝန် ကြီးချုပ်ရာထူးထမ်းဆောင်စဉ်ကာလ အတွင်း အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ ရဟတ်ယာဉ်တစ်စီး စီစဉ်ထားသည်ဟု သတင်းများ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တပ်မတော် သားကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည် နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ရန် အဆိုကို ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်က အတည် ပြုလိုက်ပြီ ဖြစ်သည်။

“သူ့ရဲ့ တစ်နှစ်ခွဲသက်တမ်း မှာ အပြောင်းအလဲလုပ်မယ်လို့ တော့ ပြောထားတယ်။ ဒါပေမဲ့ ဘက်စုံနိမ့်ကျနေတဲ့ ရခိုင်ပြည်နယ် ကို ဘယ်ဟာက အရင်ဆွဲတင် မလဲ။ အဲဒါတစ်ချက်။ နောက် တစ်ခုက အခု သူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်သွားပြီ။ အရင် တုန်းက အတိုင်းလိုပဲ အရပ်သား အစိုးရလို့ ပြောပေမဲ့ စစ်တပ် အုပ်ချုပ်တဲ့ ပုံစံလို ဒေသခံတွေ ခံစားမိကြမှာ။ ဒါပေမဲ့ သူရဲ့ အယူအဆတွေကိုတော့ အများစု လက်ခံကြတယ်”ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရခိုင် ပြည်နယ်လွှတ်တော်က သမ်္မတထံ သ၀ဏ်လွှာပို့ပြီးနောက် နိုင်ငံတော် သမ်္မတက အမိန့်ပြန်တမ်းစာထုတ် ပြန်မည်ဖြစ်ပြီး ပြန်လည်ခေါ်ယူ မည့် ပြည်နယ်လွှတ်တော်အစည်း အဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ကျမ်းသစ်္စာကျိန်ဆို မည်ဖြစ်သည်။

Hot News Journal