သစ်ခုတ်သမား ပုံပြင်သစ်

ပို့စ်တင်ချိန် - 7/28/2014 07:02:00 PM



သစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာလေညှင်းခံနေစဉ် လှည်းကို ကုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ ကျလေ၏။
ထိုအခါ ကျယ်လောင်စွာ ငိုယိုအော်ဟစ်နေသောကြောင့် မြစ်စောင့်နတ်သည် ဘွားကနဲပေါ်လာ၏။ မြစ်စောင့်နတ်သည်
ချက်ချင်းမြစ်အတွင်းမှနေ၍ မော်တော်ကားတစ်စီးနှင့်အတူပြန် ပေါ်လာ၏။

” ဒါ သင့် ပစ္စည်းလား..”
” ဟုတ်ပါတယ် ဟုတ်ပါတယ်…ဒါကျနော့်ပစ္စည်း…ဒါ….ဒါကျနော့်ဟာ အစစ်ပါ ”
ထိုအခါ မြစ်စောင့်နတ်လည်းအရမ်းဒေါသထွက်သွား၏။
” မင်းဟာတကယ်တော့ လူလိမ်လူညာပဲ။ ဒါ တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ။
မင်းပစ္စည်းမဟုတ်ဘူး”
ထိုအခါ သစ်ခုတ်သမားမှ တောင်းပန်စကားဆိုလေ၏။
” အိုမြစ်စောင့်နတ်မင်း၊ ကျနော့်အား ခွင့်လွှတ်တော်မူပါ။ တကယ်လို့
ကျနော်က မဟုတ်ဘူးလို့ပြောရင် အသင်နတ်မင်းက နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံမှ
ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ ကားကို
ပြပါလိမ့်မယ်။ ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့် လှည်း အဟောင်းကြီး ကို
ပြန်ဆယ်လာမှာ သေချာပါတယ်။ ဒီလိုဆယ်လာမှ အဲဒါ ကျနော့်
လှည်းပါလို့ပြောလိုက်ရင် နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့
ကျနော့်လှည်းဟာ စလစ်နဲ့ နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ ဒါကြောင့် ပထမ
ချယ်ရီကားမှာကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိ တာပါခင်ဗျာ ”

ရဲစတိုင်း
The Myanma Age