အင်တာနက်စာမျက်နှာပေါ်က အာရုံစိုက်စရာ လူသားဘာဘီအရုပ် မလေး အလီနာ

ပို့စ်တင်ချိန် - 7/06/2014 02:21:00 PM



စံနဒီ ၊

လူသားဘာဘီရုပ်လေးအဖြစ် နာမည်ကျော်ခဲ့တဲ့ ၂၈နှစ်အရွယ် ယူကရိန်းအမျိုးသမီးလေးဗယ်လ်ဘာရီယာရဲ့လူသားဘာဘီရုပ်
ကလေးဆိုတဲ့ဂုဏ်ပုဒ်ကို သူ့ရဲ့ညီမငယ်လေးဖြစ်တဲ့ အလီနာ ကိုဗက်စကေယာက သိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်။ အသက်
၂၁နှစ်သာရှိသေးတဲ့အလီနာကို အင်တာနက်စာမျက်နှာပေါ်ကနေ စိတ်ဝင်စားသူတွေ များပြားလျက်ရှိပါတယ်။ အလီနာဟာ အင်တာနက်စာမျက်နှာပေါ်က အာရုံစိုက်စရာ လူသားဘာဘီရုပ်လေး
အဖြစ်နာမည်ကျော် နေပါတယ်။

အလီနာဟာ သူ့အစ်မ ဗယ်လ်ဘာရီယာထက် ဘာဘီရုပ်လေးနဲ့
ပိုတူပါတယ်။ ဒါကြောင့်အလီနာဟာ စကားပြောတတ်တဲ့၊ လမ်းလျှောက်
တတ်တဲ့ သက်ရှိဘာဘီရုပ် လေးအဖြစ်ထင်ရှားလာတာဖြစ်ပါတယ်။
အလီနာရဲ့ ချစ်စဖွယ်လှုပ်ရှားမှုဟန်ပန်ကို ရိုက်ကူးထားတဲ့
ဗီဒီယိုဖိုင်ကလေးကို ၀င်ရောက်ကြည့်ရှုသူ ထောင်ပေါင်းများစွာ ရှိနေပါပြီ။ ရုရှားနိုင်ငံမှာလူသုံးများတဲ့လူမှုကွန်ရက်VK မှာလည်း အလီနာရဲ့ဓာတ်ပုံတွေ၊ အလီနာ တင်တဲ့စာတွေကို ဖတ်ချင်လို့ follow လုပ်သူတွေများပြားနေပါတယ်။

အလီနာဟာ အော်ဒီဆာတက္ကသိုလ်မှာ စိတ်ပညာနဲ့လူမှုလုပ်ငန်းဘာ
သာရပ် အထူးပြုနဲ့ပညာသင်ယူလျက်ရှိပါတယ်။ သူဟာပြီးပြည့်စုံတဲ့ ခင်ပွန်းသည်တစ်ယောက်ကိုရှာဖွေလျက်ရှိပြီး အနာဂတ်မှာ ကလေးနှစ်ယောက်နဲ့ မွေးစားကလေးတစ်ယောက်တို့ကို
စောင့်ရှောက်ချင်တယ်လို့ ဆိုပါတယ်။

အလီနာဟာ ရှည်လျားတဲ့ ရွှေရောင်ခပ်ဖျော့ဖျော့ ဆံကေသာနဲ့
အမြဲတစေတပ်ဆင်လေ့ရှိတဲ့ မျက်ကပ်မှန်ခပ်ကြီးကြီးတို့ကြောင့် ဘာဘီရုပ်အသွင် ပိုပေါက်စေပါတယ်။ အထူးတလည်
ခွဲစိတ်ခံထားတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။ ၂၀၁၂ခုနှစ်က
အောင်မြင်ခဲ့တဲ့ လူသားဘာဘီရုပ် ဗယ်လ်ဘာရီယာကတော့ ဘာဘီရုပ်နဲ့တူအောင် ရင်သား၊ ခါးအစရှိတဲ့ ခွဲစိတ်ကုသမှုများစွာ
ခံယူထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ဗယ်လ်ဘာရီယာကတော့ သူဟာရင်သားခွဲစိတ်မှုတစ်မျိုးသာ ခံယူထားတယ်လို့ ငြင်းဆိုခဲ့ပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ