အ၀လွန်ခြင်းက လူတစ်ယောက်၏ အသက်ကို ၁၄ နှစ် တိုစေ

ပို့စ်တင်ချိန် - 7/11/2014 01:29:00 PM




အ၀လွန်ခြင်းသည် ကျန်းမာရေး အန္တရာယ်တစ်ရပ် ဖြစ်သည်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်သော်လည်း အ၀လွန်ခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးများဖြစ်ပွားနိုင်ပုံကို လေ့လာမှုသစ်တစ်ရပ်က ပြသနေသည်ဟု ဇူလိုင် ၉ ရက်က ဗွီအိုအေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အလွန်အမင်း အ၀လွန်ခြင်းသည် လူတစ်ယောက်၏ အသက်ကို ၁၄ နှစ် တိုစေနိုင်ကြောင်း ဆေးဘက်ဆိုင် ရာ သုတေသီများက ပြောကြားသည်။

အလွန်အမင်း အ၀လွန်သူများသည် နှလုံးရောဂါ၊ ကင်ဆာရောဂါ ၊ ဆီးချို သို့မဟုတ် လေဖြတ်ရောဂါ ခံစားရမှုတို့ကြောင့် စောစီးစွာ သေဆုံးနိုင်မှု အလားအလာပိုများကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

ဆရာဝန်များသည် သတ်မှတ်ထားသည့် အသက်အရွယ်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို တိုင်းတာသော BMI ကို တွက်ချက်ခဲ့ရာ လူတစ်ယောက်သည် BMI 40 သို့မဟုတ် 40 ထက် ကျော်လွန်ပါက အလွန်အမင်း အ၀လွန်ခြင်း ဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိခဲ့သည်။
Mizzima Burmese