အသားအရေလှပစေတဲ့ အစားအစာ ၅မျိုး

ပို့စ်တင်ချိန် - 7/12/2014 02:00:00 PM


သင့်တော်တဲ့အစားအသောက်တွေက ကျန်းမာရေးကောင်းမွန်စေရုံတင်မကပါဘူး။  အရွယ်နုပျိုစေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ပျင်းနေလို့မရပါဘူး။ ကိုယ့်အသားအရေ နဲ့ ကျန်းမာရေးအတွက် ကိုက်ညီတဲ့ အစားအသောက်တွေကို အချိန်ပေးပြီး စဉ်းစားရမှာပဲဖြစ်ပါတယ်။ သင့်အတွက် အချိန်ကုန်သက်သာစေပြီး အသားအရေလှပစေနိုင်တဲ့ အစားအစာ (၅)မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ မုန်လာဥနီ

အမြင်အာရုံအတွက် ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ အစားအစာတစ်ခုပါ။ ပြီးတော့ ဗိုင်တာမင်-အေ ပါဝင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် အင်မတန်သင့်တော်တဲ့ အစားအစာဖြစ်သလို ဆံပင်တွေကိုလည်း တောက်ပြောင်စေပါတယ်။ အဲဒါကြောင့် လိမ္မော်ရောင် တောက်တောက်နဲ့ မုန်လာဥနီကို ပုံမှန်စားသောက်ဖို့ သင်ရွေးချယ်နိုင်ပါတယ်။

၂။ ချောကလက်

နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အစားအစာဖြစ်ပါတယ်။ ကိုကာထဲမှာပါဝင်တဲ့ Flavonoidက ပျက်ဆီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သတိထားရမှာကတော့ ချောကလက်တွေဟာ ထုတ်လုပ်ပုံချင်း မတူကြပါဘူး။ သင့်အသားအရေနဲ့ ကျန်းမာရေးအတွက် ညီညွတ်မယ့်အမျိုးအစားကတော့ ပါဝင်ပစ္စည်းနည်းတဲ့ dark chocolate ကိုရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။

၃။ ကြက်ဥ

သံဓါတ်နဲ့ B-complex များများပါဝင်တဲ့ အစားအစာမို့လို့ တွန့်နေတဲ့အရေပြားကို တင်းတင်းလေး ဖြစ်စေနိုင်ပါတယ်။ ဆေးပညာအရ ဗိုင်တမင်-ဘီဟာ အရေပြားနဲ့ ဆံပင်အတွက် အဓိကအရေးကြီးတဲ့ ဗိုင်တီမင်ဖြစ်ပါတယ်။

၎။ အာလူး

အနီရောင် Lycopene တွေပါဝင်တဲ့အတွက် ဖြာကျလာတဲ့ နေရောက်ခြည်တွေ ခန္ဓာကိုယ်အတွင်း မထိုးဖောက်နိုင်ဖို့ ကာကွယ်ပေးတဲ့ အစားအစာဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ UV ကာကွယ်နိုင်ဖို့ စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

၅။ မာလကာသီး

ဗိုင်တမင်-စီ အပြည့်ပါတဲ့အတွက် အရေပြားချောမွေ့စေတဲ့ အသီးပဲဖြစ်ပါတယ်။ ပြီးတော့ ပန်းရောင် မာလကာသီးတွေမှာ Lycopene ပါဝင်တာကြောင့် သင့်အသားအရေ ချော့မွေ့စေပြီး နေလောင်ခြင်းမှ ကာကွယ်ပေးမှာလည်း ဖြစ်ပါတယ်။ သင်ဈေးဝယ်ဖို့ထွက်ပြီဆိုရင် မေ့မထားသင့်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

Ref:herworldplus.com
Trend Myanmar