မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ

ပို့စ်တင်ချိန် - 7/09/2014 08:38:00 AM


ရန်ကုန် – မလေးရှားနိုင်ငံရှိ တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသော လုပ်ငန်းလုပ်ကိုင်နေသောကိုတိုနီသည် ဇူလိုင်၇ရက်က ပီနန်မြို့နယ်၊ဘတ်တာဝပ်မြို့တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။

အသက် ၄၀ ကျော်အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်နေထိုင်ပြီး တရားမဝင်လာရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသောလုပ်ငန်းလုပ်ကိုင်ရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး ဇူလိုင်၇ရက်ညက မလေးရှားရင်းဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူထံမှအကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ်ကာငွေအားလုံးကိုလည်း ယူဆောင်သွားကြသည်။

ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7day daily