အဓမ္မကျင့်ခံရသူကို ကယ်တင်ခဲ့သော ဆိုင်ကယ်ကယ်ရီသမားများအား ဇူလိုင် ၈ ရက် အပြီးသတ်အမှုစစ်မည်

ပို့စ်တင်ချိန် - 7/05/2014 08:24:00 PM



ရွှေပြည်သာတံတား ရဲကင်းတွင်  အဓမ္မပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးကို ၀င်ရောက် ကင်တင်ခဲ့သော  ဆိုင်ကယ်ကယ် ရီသမားများကို ဇူလိုင် ၈ ရက် တွင် အပြီးသတ်အမှုစစ်ဆေးမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တရားသူကြီးက ပြောကြားသည်။


၂၀၁၃ သြဂုတ်လတွင် ရွှေ ပြည်သာတံတားပေါ်၌ ရဲဒုတပ် ကြပ်က အသက် (၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့၍ ဆိုင်ကယ်ကယ်ရီ မောင်းသူ ငါးဦးက ၀င်ရောက် ကယ်တင်ခဲ့ရာ ရဲတပ်သားများနှင့် ခိုက်ရန်ဖြစ်ပွားပြီး ရဲကင်းလည်း အနည်းငယ်ပျက်စီးခဲ့သည်။

ထို့ကြောင့် ဆိုင်ကယ် ကယ် ရီမောင်းသူ ငါးဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ ၀တ္တရား နှောင့်ယှက်မှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ရာ တစ်နှစ်ခန့်ကြာပြီး ဇူလိုင် ၈ ရက်တွင် အပြီးသတ်အမှု စစ်ဆေးသွားမည်ဖြစ်သည်။

‘‘ရုံးချိန်းတွေလည်း မနည်း တော့ပါဘူး။ ကိုယ့်ယောက်ျားက သားသမီးချင်း ကိုယ်ချင်းစာလို့ သွားကူညီတာ အခုတော့ မတရား ခံနေရတယ်’’ ဟု စွပ်စွဲခံရသူ ဆိုင်ကယ်ကယ်ရီမောင်းသူ ကို သောင်းထွန်း၏ ဇနီးက ပြောသည်။

ယင်းအမှုဖြစ်စဉ်တွင် အဓမ္မ ကျူးလွန်ခဲ့သည်ဆိုသော ရွှေပြည် သာတံတား ရဲကင်းမှဒုတပ်ကြပ်ကို  တရားရုံးက ယခုနှစ် ဇွန်လဆန်း က ထောင်ဒဏ်လေးနှစ် ချမှတ် လိုက်သည်။

အဓမ္မကျူးလွန်ရာတွင် ဒု တပ်ကြပ်အပြင် ကင်းတဲအတွင်း ရှိနေသော ရဲတပ်သားနှစ်ဦးကိုမူ တရားရုံးက တရားသေလွှတ်လိုက် ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေအ ရ ထောင်ခြောက်လ ချမှတ်ခဲ့ သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးတွင် ရုံးချိန်းပေါင်း ၃၀ ကျော် စစ်ဆေးလျက်ရှိပြီး ဆိုင် ကယ်ကယ်ရီမောင်းသူ ငါးဦးမှာ အာမခံမရရှိဘဲ အင်းစိန်အကျဉ်း ထောင်တွင် ၁၀ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

7day daily