Dark Horse သီချင်းကြောင့် ခရစ်ယာန် rapper တွေရဲ့တရားစွဲဆိုခြင်းခံရတဲ့ Katy Perry

ပို့စ်တင်ချိန် - 7/05/2014 03:33:00 PM




ခရစ်ယာန် ဂီတသမားတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ Katy Perry ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုနေပါပြီ။ သူမရဲ့အောင်မြင်ခဲ့တဲ့သီချင်း Dark Horse က သူတို့ရဲ့ ၂၀၀၈ သီချင်း Joyful Noise ကို အတိအကျ ခိုးချထားတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့သီချင်းကို မှော်အတတ်တွ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေ၊ ပရောဂအတတ်တွေ၊ illuminati ပုံရိပ်တွေနဲ့အကျည်းတန်အောင်လုပ်ပြီး ဖျက်ဆီးခဲ့တယ်လို့ဆိုခဲ့ကြောင်း dockets.justia.com website ရဲ့အဆိုအရသိရပါတယ်။ Rapper များဖြစ်ကြတဲ့ Marcus Gray, Emanuel Lambert, Lecrae Moore နဲ့ ထုတ်လုပ်သူ Chike Ojukwu တို့က Katy Perry, Juicy J. Lukasz Gorrwald, Sarah Theresa Hudson, Max Martin, Henry Russel Walter နဲ့ Capitol Records တို့ကို လျော်ကြေးတောင်းဆိုမှာဖြစ်ပါတယ်။

ဒါဟာ Katy Perry တစ်ယောက် သီချင်းကူးချတယ်လို့ စွပ်စွဲခံရတာပထမဆုံးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က

သူမရဲ့သီချင်း Roar နဲ့ Sara Bareilles ရဲ့Brave သီချင်း နှစ်ပုဒ်ရဲ့တူညီမှုတွေကို ဝေဖန်ရေးသမားတွေကထောက်ပြခဲ့ပါတယ်။

အောက်မှာ အဲဒီ့သီချင်းနှစ်ပုဒ်ဖြစ်တဲ့ Dark Horse နဲ့ Joyful Noise တို့ကို နှိုင်းယှဉ်နားထောင်ဖို့ link တွေရှိပါတယ်။

Ref:time.com



Trend Myanmar