ဘီကီနီ ၀တ်ဆင်ထားသော အကမယ်လေးများနှင့် စက်ရုပ်များ ပူးတွဲဖျော်ဖြေမည့် Tokyo’s Robot

ပို့စ်တင်ချိန် - 7/01/2014 07:14:00 AM


ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ စက်ရုပ်စားသောက်ဆိုင် (Tokyo’s Robot Restaurant) တစ်ခုဟာ ညို့အားပြင်းတဲ့ အကမယ်လေးတွေရဲ့ ဖျော်ဖြေတင်ဆက်မှု အတွင်းပိုင်းက တောက်ပလွန်းလှတဲ့ မီးရောင်စုံတွေကြောင့် နာမ်မည်ကျော်ကြားတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။


ဒီနိုက်ကလပ်ကို ၂၀၁၂ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီးတော့ ဒေါ်လာ၁၀သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်မှာ စက်ရုပ်တွေနဲ့ အကမယ်လေးတွေရဲ့ ပူးတွဲဖျော်ဖြေမှုက အဓိဖြစ်ပေမယ်လို့ စက်ရုပ်လက်ဝှေ့ထိုးပွဲနဲ့ Tron ဆိုင်ကယ်ပေါ်က အကမယ်လေးတွေရဲ့ စက်ရုပ်အကကိုလည်း ရှု့စားနိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်တွေထက် တကယ်တမ်းလာရောက်စားသုံးသူတွေကို ဆွဲဆောင်ထားနိုင်တဲ့အရာကတော့ ညို့အာပြင်းတဲ့ အကမယ်လေးတွေရဲ့ ပေါင်တံလှလှလေးတွေနဲ့ ရင်နှစ်မြွှာကြားအလှ ဖြစ်တာကြောင့် ဒီဂျပန်စားသောက်ဆိုင်ဟာ နာမ်မည်ဆိုးနဲ့ ကျော်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ကဲဘာတွေများ ထူးခြားလဲဆိုတာ ရုပ်သံကြည့်လိုက်ရအောင်နော်။



swesonemedia