Showing posts with label accident. Show all posts
Showing posts with label accident. Show all posts

မကွေးတွင် တိုက်လေယာဉ်တစ်စီး လေ့ကျင့်နေစဉ် ပျက်ကျ


လေထီးဖြင့် ခုန်ချလွတ်မြောက်သွားသည့် လေတပ်အရာရှိနှစ်ဦး (ဓာတ်ပုံ − ဇော်မျိုးဝင်း)



M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ နင်းကြမ်းကျေးရွာအနီးရှိ ယာခင်းထဲသို့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီကျော်တွင် ပျက်ကျသွားကြောင်း သတင်းရရှိသည်။

လေယာဉ်မှာ ပျက်စီးသွားခဲ့သော်လည်း လေယာဉ်ပေါ်လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့် အရာရှိနှစ်ဦးမှာ လေထီးဖြင့် ခုန်ချလွတ်မြောက်သွားပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

တိုက်လေယာဉ်ပျက်ကျသည့် သတင်းကို အတည်ပြုခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်သောကြောင့် အသေးစိတ်မပြောနိုင်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပြောသည်။

ပျက်ကျသွားသော လေယာဉ်အပျက်အစီးအပိုင်းအစများ (ဓာတ်ပုံ − ဇော်မျိုးဝင်း)

ပျက်ကျသွားသော လေယာဉ်အပျက်အစီးအပိုင်းအစများ(ဓာတ်ပုံ − ဇော်မျိုးဝင်း)





7day daily

အပြည့်အစုံသို့ »

သားအမိနှစ်ဦးကို ကားဖြင့် တိုက်ထွက်ပြေးသူကို အက်ရှင် ဇာတ်ကားဆန်ဆန် ဖမ်းဆီး


ဆိုင်ကယ်စီးလာသော သားအမိနှစ်ဦးကို ကားဖြင့်တိုက် ကာ ထွက်ပြေးသွားသော
ကားကို နောက်မှ ကားနှင့် အမီလိုက်ကာ အက်ရှင်ကားဆန်ဆန်ရှေ့တွင် ပိတ်ရပ်
လိုက်ပြီး ဖမ်းဆီးပေးခဲ့ သည့်ဖြစ်ရပ်တစ်ခု
ဇွန်လ ၉ ရက် ညက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ သည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၆၂ လမ်းနှင့် သိပံ္ပလမ်း ထောင့် မီးပွိုင့်အနီးတွင် ဇွန်လ ၉ ရက် ည၁၀ နာရီက ကျောင်းသူနှင့်မိခင်ဖြစ်သူတို့ စီးနင်းလာသော ဆိုင်ကယ်ကို ဖိုးဝှီးအိတ်စရာ ကပ်အမျိုးအစားကားက နောက်မှဝင်တိုက်ခဲ့သဖြင့် အသက်(၃၈) နှစ်အရွယ် မိခင်ဖြစ်သူမှာ လွင့်စဉ်ကျသွားပြီး ဒဏ်ရာရရှိခဲ့ကာ နောက်မှ ထိုင်လိုက်လာသော ကျောင်းသူမှာ ဆိုင်ကယ်နှင့် အတူ ယာဉ်တွင် ချိတ်ပါသွားပြီး တစ်ဖာလုံအကွာတွင် ပြုတ်ကျကျန်ခဲ့ကာနေရာတွင်ပင် သေဆုံးသွားသည်။

သားအမိနှစ်ဦးအား တိုက်ခဲ့သော ယာဉ်ကို အသက် (၂၀)ရှိ အမျိုးသားတစ်ဦးက မောင်း နှင်လာခြင်းဖြစ်ပြီး ၆၂ လမ်းသို့ဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ ရွိုင်ရယ် ဆလွန်းအမျိုးအစားခဲရောင် ယာဉ်တစ်စီးက အမီလိုက်ကာ ကျော်တက်ပြီးရှေ့မှ ပိတ်ရပ်လိုက်၍ မောင်းထွက်ပြေးသည့်ကားက ပိတ်ရပ်သည့်ကားကို ၀င်တိုက်မိပြီး သူနာပြု တက္ကသိုလ်ရှေ့တွင် တိမ်းမှောက်သွားကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ထွက်ပြေးသွားသောယာဉ်ကိုလိုက်ဖမ်းပေးသူမှာ နေပြည်တော်မှ ဆရာဝန်တစ်ဦးဟု ပြောဆိုကြပြီး ၎င်း၏စွန့်စားသောလုပ်

ရပ်အတွက် ၀ိုင်းဝန်းချီးကျူးခဲ့ကြ သည်။ ရှေ့မှ ပိတ်ရပ်ခဲ့သဖြင့် ၎င်း၏ ကားမှာလည်း အနည်းငယ်  ပျက်စီးသွားသည်။

အခင်းဖြစ်ပွားသည့် နေရာ မှာ လူသွားလူလာများသည့် လမ်းမဖြစ်ခြင်း၊ ဖြစ်ပွားချိန်တွင်လူများစည်ကားနေသည့်အချိန် ဖြစ်ခြင်းတို့ကြောင့် ဖြစ်လျှင်ဖြစ် ချင်း လူတစ်ရာဝန်းကျင်ခန့် ၀ိုင်း ကြည့်ခဲ့ကြပြီး သေဆုံးသူကိုမြင်တွေ့ခဲ့ရသဖြင့် ဒေါသထွက် ကာ အော်ဟစ်ပေါက်ကွဲသူများရှိ ခဲ့သည်။ စိတ်မထိန်းနိုင်သူ အချို့ က ယာဉ်မောင်း၏ မော်တော် ယာဉ်နှင့် ၀န်းကျင်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

‘‘အုတ်ပုံဘေးမှာဖြစ်တာဆို တော့ အုတ်ခဲက အဝေးကြီးရှာ စရာမလိုတော့ဘူးဖြစ်သွားတယ်။ ရဲတွေတော်တော်များများလာ ထိန်းပေးခဲ့ရတယ်။ ကမ္ဘာမကျေ သီချင်းတွေလည်း ဆိုကြတယ်’’ ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူ မဟာအောင်မြေ မြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားရာသို့ ရဲအင်အား ၇၀ ခန့် လာရောက်ရှင်းလင်းပေးခဲ့သည်။

 အဆိုပါ ယာဉ်တိုက်မှု ကြောင့် အသက် (၁၂) နှစ်အရွယ် ကျောင်းသူမှာ နေရာတွင်ပင် သေ ဆုံးသွားပြီး ဆိုင်ကယ်မောင်းသူ မိခင်မှာ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဆေး ၀ါးကုသမှုခံယူနေသည်။ ယာဉ် တိုက်မှုကျူးလွန်ကာ  ထွက်ပြေး ခဲ့သော ယာဉ်မောင်းအမျိုးသား အား ပြစ်မှုပုဒ်မ ၃၀၄က/၃၃၈ လူသေမှု၊ အပြင်းအထန်နာကျင် စေမှုများဖြင့် တရားစွဲဆိုထား ကြောင်း သတင်းရရှိသည်။

7 Day News Daily

အပြည့်အစုံသို့ »

အောင်စာရင်း သွားကြည့်သူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရ၍ တစ်ဦးသေဆုံး


ရန်ကုန်၊ ဇွန် ၈

ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရှိ မီးပွိုင့်တွင် ဇွန်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အောင်စာရင်း သွားကြည့်ရာမှ နေအိမ်သို့ စက်ဘီးဖြင့် ပြန်လာသူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

မြေနီကုန်းဘက်မှ ဟယ်လ်ပင် မှတ်တိုင်ဘက်သို့ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မောင်းနှင်လာသော မာစီဒီးအမျိုးအစား ကိုယ်ပိုင်ယာဉ်မှာ ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံ မီးပွိုင့်အနီး City Mart ရှေ့တွင် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မီးနီမိ၍ ရပ်နေသော စက်ဘီးနှင့် လူငယ်နှစ်ဦးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကောင်လေး နှစ်ယောက်က နယ်က အသိသူငယ်ချင်းတွေရဲ့ အောင်စာရင်းကို ဒဂုံ အထက (၂) မှာ သွားကြည့်ပြီး စမ်းချောင်းဘက်ကို ပြည်လမ်းအတိုင်း ပြန်လာတာ။ မီးပွိုင့်မိနေချိန် တစ်ဖက်ယာဉ်ကြောက ကားကအရှိန်နဲ့ မောင်းလာတုန်း စီယာတိုင်လည်း ဆွဲလို့မရ၊ ဘရိတ်လည်း မမိတော့တာကြောင့် အရှိန်မထိန်းနိုင် ဖြစ်ပြီး လူငယ်နှစ်ဦးကို ဝင်တိုက်ခဲ့တာ” ဟု ဒဂုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲစု ၂၁ မှ ရဲအုပ် နေဝန်းလှိုင်က ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်ခံရသူ လူငယ်နှစ်ဦးမှာ မြေနီကုန်း မြောက်ရပ်ကွက် အောင်တော်မူလမ်းတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ်ရှိ ကိုခိုင်ဇော်မင်းနှင့် အသက် ၂၃ နှစ် အရွယ်ရှိ ကိုလှထွန်းတို့ နှစ်ဦးမှာ ဦးခေါင်း၊ မျက်နှာနှင့် ခြေထောက်များတွင် ပွန်းပဲ့ဖူးရောင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကိုခိုင်ဇော်မင်းမှာ သေဆုံးခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ကောင်လေး နှစ်ယောက်လုံးက ဈေးရောင်းနေသူတွေပါ။ အဲဒီညက နယ်ဘက်က သူငယ်ချင်း အသိတွေက အောင်စာရင်း ကြည့်ပေးဖို့ ဖုန်းဆက်ပြောလို့ သွားကြည့်ရာက ယာဉ်တိုက်ခံရတယ်လို့ ကြားတယ်” ဟု မြေနီကုန်း မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယင်းယာဉ်တိုက်မှုကြောင့် မာစီဒီးယာဉ်မောင်း ကိုမျိုးမြင့်မောင်ကို ဒဂုံမြို့မ ရဲစခန်းက ယာဉ် (ပ) ၂၃/၁၄၊ ပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

အပြည့်အစုံသို့ »

ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်လမ်းဘေးထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်း ဝင်တိုက်




သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်ကာ ယာဉ်မဆင်မခြင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးဆင်းပြီး ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်၊ နံနက် ၅ နာရီအချိန်က ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း သူရ မောင်းနှင် လာသော ယာဉ်အမှတ် ၈ဈ/၉၁၀၄ ဟီးနိုးအမျိုးအစား၊ သန်မြန်သူ ခရီးသည်တင် မှန်လုံယာဉ်သည် နန်းခဲရပ်ကွက်၊ ဇေယျာလမ်းထိပ်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၉/၅) နှင့် (၁၄၉/၆) အကြား၊ ကျောင်းကုန်းကွေ့တွင် ယာဉ်မောင်း အိပ်ငိုက်သွားသဖြင့် လမ်း၏ယာဘက်ဘေးသို့ ထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သည်။

ယင်းသို့ တိုက်မိသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်မှုမရှိဘဲ ယာဉ်မောင်း သူရမှာ ဝဲဘက်နဖူးထိပ် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် သထုံခရိုင်ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိပြီး ယာဉ်မဆင်မခြင် မောင်းနှင်သော အဆိုပါ ယာဉ်မောင်းအား ဒုရဲအုပ် တင်မောင်လတ်မှ တရားလိုပြုလုပ်ကာ သထုံမြို့မ ရဲစခန်းက ယာဉ်(ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
MOI Webportal Myanmar

အပြည့်အစုံသို့ »

နမ့်ဆန်မြို့ ဆိုင်ကယ်မီးလောင်ပေါက်ကွဲမှုမှာ အင်ဂျင်အပူရှိန်လွန်ကဲ၍ မီးလောင်ပေါက်ကွဲခြင်း မဖြစ်နိုင်ကြောင်း တာဝန်ရှိသူများသုံးသပ်


နမ့်ဆန်၊ ဇွန်၊ ၉ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အတွင်း မေလ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သော ဆိုင်ကယ်မီးလောင် ပေါက်ကွဲမှုမှာ
စုံစမ်းရေးအဖွဲ့၏သုံးသပ်ချက်အရ အင်ဂျင်အပူရှိန် လွန်ကဲ၍ မီးလောင်ကျွမ်းခြင်းမျိုး မဖြစ်နိုင်ကြာင်း တာဝန်ရှိသူများထံမှ သိရသည်။

ဆိုင်ကယ်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှာ နမ့်ဆန်မြို့ပြည်သူ့ဆေးရုံနှင့် နတ်စင်ကုန်းကြား၊ နမ့်ဆန်-သီပေါ
ကားလမ်းပေါ်တွင်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအနီး အိုက်မောင်မှာ ခါးအောက်ပိုင်း
ပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ် နောက်တစ်စီးဖြင့် အဖော်အဖြစ် လိုက်ပါလာသူ တစ်ရွာထဲနေ
ချမ်းသာအောင်မှာ ပေါက်ကွဲမှုအရှိန်ကြောင့် ဆိုင်ကယ်ပေါ်မှ လွင့်စင်ကျကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

” နမ့်ဆန်မြို့ရဲ့ အပူရှိန်အနေအထား၊ သိမ်းဆည်းထားတဲ့သက်သေခံပစ္စည်းအစအနတွေကို လေ့လာချက် အရနဲ့ သေဆုံးသူရရှိခဲ့တဲ့
ဒဏ်ရာတွေကိုစစ်ဆေးကြည့်လိုက်တော့ ဆိုင်ကယ်အပူရှိန်လွန်ကဲပြီး မီးလောင်တယ် ဆိုတာထက်ပေါက်ကွဲစေတတ်တဲ့
အရာဝတ္ထုပစ္စည်းတစ်ခုခု ပေါက်ကွဲခဲ့လို့သာလျှင်ဖြစ်တယ်လို့  သုံးသပ် ထားပါတယ်၊ ဖြစ်စဉ်ဖြစ်ပွားရာမှာ တစ်ဖက်မှာက ခြောက်ကမ်းပါးရှိတယ်။
တစ်ဖက်မှာက တောင်နံရံ ရှိတယ်၊ ပေါက်ကွဲပြီးသားအစအနတွေက တောင်နံရံမှာ ထိမှန်ထားတဲ့ သက်သေတွေအရဆိုရင် ဆိုင်ကယ်အပူရှိန်
လွန်ကဲပြီး ပေါက်ကွဲစေတာ မဖြစ်နိုင်ဘူး။ဒီအတွက် ရရှိထားတဲ့ သက်သေခံပစ္စည်းအစအနတွေကို ရန်ကုန် စီအိုင်ဒီကိုပို့ပြီး စစ်ဆေးနေပါတယ်။
စစ်ဆေးချက်တွေအားလုံး စုံရင်တော့ အဖြေအတိအကျထွက်မှာပါ အခုတော့ဒီလောက်ပဲပြောနိုင်ပါသေးတယ် ” ဟု ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ဒုရဲမှူး
ဝင်းတင်က ပြောသည်။

ဆိုင်ကယ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွင်အဖော်အဖြစ်လိုက်ပါလာသူအား စစ်ဆေးရာတွင် သူငယ်ချင်းဖြစ်သူက အဖော်ခေါ်၍သာ
လိုက်လာခြင်းဖြစ်ကြောင်းနှင့် ပေါက်ကွဲမှု ကိစ္စကို ဘာကြောင့်မှန်း မသိကြောင်း ဖြေကြားထား သည် ဟု စုံစမ်းရေးအဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

အဆိုပါ ဆိုင်ကယ်မီးလောင်ပေါက်ကွဲမှုအတွက် သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ ဦးဆောင်သည့်စုံစမ်းရေးအဖွဲ့မှ
စစ်ဆေးဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

စိုင်းကံသာ(လားရှိုး)
ဓာတ်ပုံ-ရင်ကွဲမိုး


The Myanma Age

အပြည့်အစုံသို့ »

အောင်စာရင်းကြည့်ရန်လာသူ နှစ်ဦးသေဆုံးပြီး ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိ


ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်ကား ကျော်
တက်ရာမှ ဆိုင်ကယ်ကို တိုက်မိရာ ဆယ်တန်းအောင်စာရင်း လာကြည့်သူနှစ်ဦး
 သေဆုံးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဟင်္သာတမှ ရန်ကုန်သို့ မောင်းနှင်လာသော ၁ ခ/--- စိန်နိုင်ကျော် ခရီးသည်တင် မှန်လုံယာဉ်သည် ဇလွန်မြို့နယ်၊ မေရီလန်းရွာအနီး မိုင်တိုင်အမှတ် ၂၉/၆ နှင့် ၂၉/ ၇ ကြားအရောက် ဇွန် ၇ ရက်၊ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် ရှေ့မှ မောင်းနှင်နေသော ရဲရင့်ခိုင် ခရီးသည်တင် မှန်လုံယာဉ်ကို တစ်ဖက်ယာဉ်ကြောမှ ကျော်တက်ရာမှ လမ်းကြောင်းမှန်အတိုင်း ဇလွန်ဘက်သို့ ဓနုဖြူမြို့နယ်၊ ဖက်သောင်အုပ်စု၊ လှေလမ်းရွာနေ ယာဉ်မောင်း စောလယ်ထူးမောင်းနှင်ပြီး စောစိုင်းမင်းဦး လိုက်ပါစီးနင်းလာသော ဟွန်ဒါဝေ့ ၁၁ဝ အနက်ရောင်ဆိုင်ကယ်ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ပြီး ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဝဲဘက်အခြမ်းရှိ လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းသွားခဲ့ကာ ဆိုင်ကယ်ပေါ်ပါ စောလယ်ထူး(၃၅ နှစ်)နှင့် စောစိုင်းမင်းဦး(၃၂ နှစ်) တို့နှစ်ဦး အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကားပေါ်ပါ ခရီးသည် ကျားခြောက်ဦးနှင့် မခြောက်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဇလွန်ရဲစခန်းမှ သိရသည်။

ဒဏ်ရာရသူ ၁၂ ဦး အနက် လေးဦးကို ဟင်္သာတခရိုင် ဆေးရုံကြီးသို့ လွှဲပို့ကုသခဲ့ရပြီး ကျန်လူနာများကို ကျုံရှတိုက်နယ်ဆေးရုံနှင့် ဇလွန်မြို့နယ် ဆေးရုံတို့တွင် အတွင်းလူနာနှင့် ပြင်ပလူနာများအဖြစ် ကုသလျက်ရှိကြောင်း၊  ယာဉ်ပေါ်ပါ ထိခိုက်မှုမရှိသည့် ကျန်ခရီးသည်များမှာ ကားကြုံများနှင့် ခရီးဆက်ခဲ့ကြပြီဖြစ်ပြီး တရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲအုပ်စိုးအောင်က ပြောကြားသည်။

“မေရီလန်း အ.ထ.ကမှာ ညီမဖြစ်သူ ရဲ့ ဆယ်တန်းအောင်စာရင်းကြည့်ဖို့လာတဲ့ လှေလမ်းရွာက သူငယ်ချင်းနှစ်ယောက် ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့တာပါ။ ဇလွန်ဆေးရုံကနေ ရွာကိုအလောင်းပြန်သယ်ဖို့ စီစဉ်ပေးနေပါတယ်”ဟု ကရုဏာပရဟိတအဖွဲ့ မှ ကိုအောင်ကိုလတ်က မွန်းလွဲပိုင်းတွင် ဆိုသည်။

ဟင်္သာတခရိုင်ဆေးရုံကြီးမှ ထိခိုက်ဒဏ်ရာနှင့် အရိုး၊ အကြော၊ အဆစ်ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာမင်းသူထံ ဆက်သွယ်ခဲ့ရာ “အရိုးဆောင်ကို နှစ်ယောက် ရောက်လာပါတယ်။ ကလေးတစ်ယောက်က ပေါင်ရိုးကျိုးပြီး အဘွားတစ်ဦးက တင်ပါးဆုံရိုး ထိသွားတယ်။ ခွဲစိတ်ဆောင်ကိုလည်း နှစ်ယောက် ရောက်တယ်လို့ ကြားပါတယ်”ဟု မွန်းလွဲ ၃ နာရီခန့်က ဖြေကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား ဇလွန်မြို့မရဲစခန်းက ယာဉ်(ပ)၁၈/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Eleven Media Group


အပြည့်အစုံသို့ »

မန္တလေး - လားရှိုး ကားလမ်းမကြီးပေါ်တွင် ယာဉ်သုံးစီးတိုက်မိ


ဇွန် ၆ ရက်နံနက် ၇နာရီခန့်က သီပေါမြို့နယ် စံလောင်းကျေးရွာအနီး မန္တလေး-လားရှိုးသွားကားလမ်းမမိုင်တိုင်အမှတ် (၁၃၄/၄)  တွင် မန္တလေးဘက်မှ လားရှိုးဘက်သို့

အပြည့်အစုံသို့ »

ပါဂျဲရိုယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လေးစီးနှင့်ကားတစ်စီးကို ၀င်တိုက်


မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ပါဂျဲရိုယာဉ်တစ်စီး ဆိုင်ကယ်ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လေးစီးနှင့် ကားတစ်စီးကို ၀င်တိုက်သည့် ဖြစ်ရပ် ဇွန်လ၆ ရက် နေ့လယ်ကဖြစ်ပွားခဲ့သည်။

မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် မြောက်မှ တောင်သို့ မောင်းနှင် လာသော ပါဂျဲရိုယာဉ်တစ်စီး သည် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်က ဆိုင်ကယ်တစ်စီးကို ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းအနောက်ဘက်ရှိ ဓာတ်တိုင်နှင့်ဖုန်းတိုင်ကို ၀င်တိုက်မိပြီး ဆက် လက်၍ ကွမ်းယာဆိုင်ရှေ့ ရပ် ထားသည့်  ဆိုင်ကယ်သုံးစီးကို ၀င်တိုက်ခဲ့ကာ လမ်းအရှေ့လက် ခြမ်းရပ်ထားသော ဆိုင်ကယ်တစ် စီးနှင့်  ပါရာဒိုယဉ်ကိုတိုက်မိခဲ့ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများ တွင် ဖော်ပြသည်။

ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ် ၂ စီး၊ဆိုင်ကယ် ၄ စီး၊ လျှပ်စစ်ဓာတ်တိုင် ၁ တိုင်နှင့် ဖုန်းတိုင် ၁ တိုင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိသူ မရှိပေ။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းအား မုံရွာမြို့ မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

‘‘ပါဂျဲ ရိုကားမောင်းတဲ့သူက အရက်မူးနေတယ်လို့သိရတယ်။ ဆိုင်ကယ်ကို ရှောင်ရင်း တိမ်း ရင်းနဲ့ ဘရိတ်နဲ့လီဗာမှားတယ်လို့ ပြောပါတယ်’’ဟု မုံရွာမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

  ‘‘ကားက မြောက်ကနေ တောင်ကိုမောင်းလာတာ။ ပထမ ဆုံး လျှပ်စစ်ဓာတ်တိုင်ကို ၀င် တိုက်တယ်။ ပြီးတော့ဖုန်းတိုင် ကွန်ကရစ်တိုင်ကို ဆက်တိုက် တယ်။ ပေါက်ကြီးကွမ်းယာဆိုင် ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် သုံး စီးဝင်တိုက်တယ်။ အရှိန်မထိန်း နိုင်ဘဲ လမ်းအရှေ့ဘက်မှာရပ် ထားတဲ့ ဆိုင်ကယ်တစ်စီးနဲ့ ပါရာ ဒိုကားတစ်စီးကို ဆက်တိုက်ပြီး လမ်းအနောက်ဘက်က ခြံဝင်းရှေ့မှာ ထိုးရပ်သွားတယ်’’ဟု မုံ ရွာမြို့ခံတစ်ဦးက ပြောသည်။


ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းဦး)

7day daily

အပြည့်အစုံသို့ »

ရာဇာမင်း ရန်ကုန်-ကော့ကရိတ် အထူးမှန်လုံယာဉ် လမ်းဘေးထိုးကျ



ဘားအံ ဇွန် ၅

ကရင်ပြည်နယ် ဘားအံမြို့နယ် ရှမ်းကုန်းကျေးရွာ အနီးတွင် ဇွန် ၂ ရက် နံနက် ၇ နာရီခွဲက ရန်ကုန် ကော့ကရိတ် လိုင်းပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်မှာ ရှေ့မှ မျက်နှာချင်းဆိုင် မောင်း နှင်လာသော ယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းစောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ကော့ကရိတ်ပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်အမှတ် 8I/—-မော်တော်ယာဉ်အား ယာဉ်မောင်း ဦးခင်မောင်ဦး (၅၃ နှစ်)၊ ယာဉ်နောက်လိုက်စောရန်နိုင်(၁၉ နှစ်) တို့ မောင်းနှင်၍ရန်ကုန်မြို့မှ ကော့ကရိတ် မြို့သို့ ထွက်ခွာလာရာ ဘားအံမြို့နယ်ရှမ်းကုန်းကျေးရွာအနီး ဘားအံမြ၀တီ ကားလမ်း တံတား အမှတ်၁/၂၇ နှင့် မိုင်တိုင်အမှတ် ၂၆/၂အကြား တွင် မြ၀တီမြို့မှ မောင်းနှင်လာသည့် ၁၂ ဘီးကား ကုန်တင်ယာဉ် တစ်စီးကို မျက်နှာချင်းဆိုင်ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်အနိမ့်ပိုင်းသို့ ထိုးကျတိမ်းစောင်း သွားခဲ့ သော်လည်း ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည် ၂၆ ဦးတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

လမ်းဘေးထိုးကျ ယာဉ်တိမ်းစောင်းမှုကြောင့် ယာဉ်အရှေ့ညာ ဘက်ခြမ်း၊အောက် ပိုင်း ပျက်စီး၊ ယာဉ်ညာဘက် ဘော်ဒီ အနည်းငယ်ပျက်စီး၊ ယာဉ်နောက်ပိုင်းညာဘက်ခြမ်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ရာဇာမင်း အထူး မှန်လုံယာဉ်လမ်းဘေးထိုးကျ တိမ်းစောင်းမှုနှင့် ပတ်သက်၍ သာယာကုန်းရဲကင်းစခန်းမှူးနှင့် တပ်ဖွဲ့ ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေး၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဦးခင်မောင်ဦးကို အိန္ဒုနယ်မြေရဲစခန်းမှ ရဲအုပ်ရဲထွန်းအောင်က စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

ကွန်တိန်နာယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်



ရန်ကုန်၊ ဇွန် ၅

ကွန်တိန်နာယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှု တစ်ခု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်မှာဗိုလ်တစ်ထောင်ဈေးလမ်းအတိုင်း တောင်မှ
မြောက်သို့မောင်းနင်း လာရာ မဟာဗန္ဓုလလမ်းအရောက် ညာဘက် သို့ ကွေ့ရာတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“ကွေ့တဲ့အရှိန်နဲ့ တင်လာတဲ့ ၀ိတ်နဲ့မမျှတော့မှောက်သွားတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူသာ အနည်းငယ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး လမ်း သွားလမ်းလာများ ထိခိုက်မှုမရှိ ခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများက
ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

အပြည့်အစုံသို့ »

သံတွဲ-တောင်ကုတ်ကားမှောက် တစ်ဦးသေဆုံး


(နိရဉ္စရာ- ၅ ဇွန်လ ၂၀၁၃) / နေဇော်

ဓါတ်ပုံ – စိုးမင်းနိုင် Facebook

ယနေ့ မွန်းလွဲပိုင်းက သံတွဲ- တောင်ကုတ်လမ်းတွင် ကားတစ်စီး တိမ်းမှောက်၍ လူ တစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

“ သံတွဲက တောင်ကုတ်ကို သွားတဲ့ ကုန်တင် ကားပါ။ တောင်ကုတ်မြို့နယ် အတွင်းက မိုင်တိုင်အမှတ် ၂၄  အနီးမှာ မှောက်တာပါ။ သေတဲ့လူက စစ်တပ်ကလို့ ပြောပါတယ်။ ရေခဲပုံးပိပြီး သေတယ်လို့ သိရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဒဏ်ရာရသူ အများအပြားရှိပြီး ၈ ဦးကို အတွင်း လူနာ အဖြစ်၎င်း၊ ၇ ဦးကို ပြင်ပ လူနာအဖြစ်၎င်း တောင်ကုတ်ဆေးရုံတွင် ကုသနေရသည်ဟု သိရသည်။

သို့သော်လည်း အခြေအနေ မစိုးရိမ်ရဟု တောင်ကုတ်ဆေးရုံက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Narinjara

အပြည့်အစုံသို့ »

တပ်ပြောင်းလိုက်ပို့သည့်ကား တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ စစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ထိခိုက်ဒဏ်ရာများရရှိ


လဟယ်တပ်ဆွယ်မှ ဆင်သေတပ်ဆွယ် သို့ တပ်ပြောင်းလိုက်ပို့သည့်ကား တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ စစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ထိခိုက်ဒဏ်ရာများရရှိကာ လဟယ်ပြည်သူ့ဆေးရုံကြီးတွင်ဆေး ကုသမှုခံယူလျက်ရှိကြောင်း ခန္တီးခရိုင် ထွေအုပ်ရုံးမှ သိရသည်။

အဆိုပါ တပ်ပြောင်းယာဉ်တိမ်းမှောက်ခဲ့သည့်နေရာမှာ လဟယ် - ဆင်သေ ကားလမ်းမိုင်တိုင်အမှတ် ၄၄မိုင်၅ ဖာလုံနှင့် ၄၄ မိုင် ၆ ဖာလုံအကြား ရွှေထိုက်ချောင်းအဆင်းနေရာတွင် မေလ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်က ကားဘရိတ်ပေါက်၍ တောင်စောင်းအားဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

တပ်ပြောင်းရာတွင် လိုက်ပါပို့ဆောင်ပေးသည့် ကားမှာ အမှတ်(၉၀၉) စစ်အင်ဂျင်နီယာတပ်ရင်းပိုင် အိန္ဒိယ နိုင်ငံလုပ် TATA ခြောက်ဘီးအမျိုးအစားဖြစ်သည်။ တိမ်းမှောက်ယာဉ်အမှတ်မှာ (ကြယ်တံဆိပ်/ ၄၃…..) ဖြစ်ကြောင်း သိရသည်။ ၎င်းကားအား အမှတ်(၉၀၉) စစ်အင်ဂျင်နီယာတပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ/…….. တပ်ကြပ်ကြီး …. ဆိုသူမှ မောင်းနင်းလာခဲ့ခြင်းဖြစ်ကြောင်း ခန္တီးခရိုင်ထွေအုပ်ရုံး၏ နေ့စဉ်ထူးခြားဖြစ်စဉ် မှတ်တမ်းများတွင်ဖော်ပြထားသည်။

တပ်ပြောင်းယာဉ်တိမ်းမှောက်ချိန်တွင် ယာဉ်ပေါ်၌ လူ(၁၅)ဦး စီးနင်းလိုက်ပါလာခဲ့ရာ တပ်မတော်သား(၈) ဦးနှင့် ၎င်းတို့၏ မိသားစုဝင်(၇)ဦးဖြစ်ပြီး ယာဉ်တိမ်းမှောက်ရာမှ ဒဏ်ရာအသီးသီးရရှိသဖြင့် လဟယ်ပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အမှတ်(၉၀၉) စစ်အင်ဂျင်နီယာတပ်ရင်းမှ ယာဉ်တိမ်းမှောက် ရာာတွင် တာဝန်မကကင်းသူများကို တပ်မတော် စစ်စည်းကမ်း ဥပဒေများအရ ဆက်လက်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတပ်မှ သက်ဆိုင်ရာသို့ ပြောကြားသွားကြောင်း လ ဟယ်မြို့မရဲစခန်းမှူး ရဲအုပ် တင်လှိုင်နှင့်အဖွဲ့ထံမှ သိရှိရသည်။

သတင်း။ ကိုတိုး ချင်းတွင်း

အပြည့်အစုံသို့ »

တာမွေမြို့နယ်တွင် ယာဉ် (၅)စီးဆင့်ကဲတိုက်မိ


 ၃.၆.၂၀၁၄ရက်နေ့ ၀၉၂၀အချိန် တာမွေမြို့နယ်၊ လေးထောင့်ကန် လမ်းအတိုင်း တာမွေမြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ ပဲခူးမြို့နယ်နေ ယာဉ်မောင်း အောင်ကိုဝင်း မောင်းနှင်လာသော ၄ခ/--- နစ်ဆန်းဒီဇယ်၊(၈၈)သန်မြန်သူ ယာဉ်လိုင်းခရီးသည်တင် ယာဉ်သည် မင်းရဲကျော်စွာ ဂုံးတံတားအတက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ၎င်း၏ရှေ့မှ မောင်းနှင်သော ၃ဂ/--- ဆူဇူးကီး ပစ်ကပ်ယာဉ်အား တိုက်မိခဲ့ပါသည်။

၃ဂ/---ဆူဇူးကီးပစ်ကပ်ယာဉ်သည် အတိုက်ခံရသည့်အရှိန်ဖြင့် ၎င်း၏ရှေ့မှမောင်းနှင်သော AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ် လည်းကောင်း၊ AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ်မှ ၇ဃ/----မတ်တူး
ဆလွန်း ယာဉ်အားလည်းကောင်း၊ ၇ဃ/----မတ်တူးဆလွန်းယာဉ်မှ BB---အေဒီဗင်ယာဉ်အားလည်းကောင်း ဆင့်ကဲဆင့်ကဲ တိုက်မိ ခဲ့ကြပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအောင်ကိုဝင်းအား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ယာဉ်မတော်တဆတိုက်မှုကြောင့် တာချီလိတ်၌ ကျောင်းအုပ်ဆရာမ တစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံး (သွေးလန့်တတ်သူများ ဓာတ်ပုံ မကြည့်ပါနှင့်)


၂၀၁၄ - ၂၀၁၅ခုနှစ်၏ ပညာရေးကာလ အစနေ့ဖြစ်သည့် ယနေ့ ဇွန်လ(၂)ရက် တနင်္လာနေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာရှိ အခြေခံမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာထွန်းနှင့် အဆိုပါကျောင်းမှ ဆရာမ ဒေါ်သန္တာဝင်းတို့သည် တာချီလိတ်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့လာရောက်ပြီး အပြန် နေ့လည် (၁၂း၃၀)နာရီခန့်အချိန်တွင် ယာဉ်မတော်တဆဖြစ်ပွားရာမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်အေးသီတာထွန်းသည် ဆေးရုံသို့ အရောက် ဆေးကုသစဉ် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမ ဘေးရှိ စစ်ဗျူဟာ၊ ဆန်စက်ပေါက်အနီးတွင် ကျောင်းအုပ်ဆရာမကြီးသည် ဆိုင်ကယ်အနောက်မှ ထိုင်ကာလိုက်ပါလာပြီး အရှေ့တွင် မောင်းသူ ဆရာမ ဒေါ်သန္တာဝင်းသည် ၎င်းတို့၏ ဆိုင်ကယ်ရှေ့၌ ပိတ်နေသော လိုင်းကားအား ကျော်တက်ရာမှ အရှေ့တည့်တည့် တဖက်တွင် မောင်းလာသည့် Pajero အမျိုးအစား မော်တော်ယာဉ်၏ ၀ဲဖက်ဘန်ကာအား တိုက်မိရာမှ ယာဉ်မောင်း အသက်(၂၄)နှစ်ရှိ ဆရာမ ဒေါ်သန္တာဝင်းတွင် ထိခိုက်ဒဏ်ရာ မရှိသော်လည်း ယာဉ်နောက်မှ လိုက်ပါလာသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာထွန်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း သိရသည်။

"အဓိက သေတဲ့အကြောင်းအရင်းက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့၊ ဆိုင်ကယ်ဦးထုပ်ဆောင်းတယ်ဆိုရင် ဒဏ်ရာရတာလောက်ပဲဖြစ်မှာ အခုက ဆိုင်ကယ်ဦးထုပ်မဆောင်းတော့ ဦးခေါင်းကိုဒဏ်ရာရပြီး သေသွားတာပါ၊ ဆိုင်ကယ်မောင်းသူအားလုံးပဲ ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့ သတိပေးတာဟာ အခုလို မဖြစ်သင့်တာတွေ ဖြစ်သွားမှာစိုးလို့ပါ"ဟု အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂) တာချီလိတ်မှ ယာဉ်ထိန်းရဲတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

အဆိုပါ ယာဉ်မတော်တဆဖြစ်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဆရာမ ဒေါ်သန္တာဝင်းအား ယာဉ်အား မဆင်မခြင်ကျော်တက်မောင်းနှင်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

သတင်း။ ။ ကိုဇောင်း
တာချီလိတ်သတင်း

အပြည့်အစုံသို့ »

မြန်မာအလုပ်သမားများ ကားမှောက်၊ ၂ ဦးသေ ၁၅ ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြပါတယ်။

ဘန်းနား – တလတ် သွားလမ်းမကြီးပေါ်မှာ ကားတစီးတိမ်းမှောက်ကြောင်း သတင်းရရှိချက်အရ သွားရောက်စစ်ဆေးရာမှာ အက်ဖ်စီ အဆောင်ရှေ့က လမ်းဘေးမှာ ပက်လက်အနေအထားနဲ့ တိမ်းမှောက်နေတဲ့ ၀ီးကို့ဟိုင်းလပ်ကားတစ်စီးကို တွေ့ရကြောင်း၊ ကားပေါ်ကလူတွေ လွင့်စင်လဲကျနေပြီး စစ်ဆေးချက်အရ ၂ ဦး အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးကာ ၁၅ ဦးဒဏ်ရာရသွားပြီး ဘန်ဘော်ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဘန်ဘော်မြို့မရဲစခန်းက တာဝန်ကျ ဒုရဲမှူး နထ၀ပ် အတ်ထကစ်ဝိချွန်းက ပြောပါတယ်။

စစ်ဆေးချက်တွေအရ အဲဒီကားဟာ မြန်မာအလုပ်သမား ၂၄ ဦးကို သည်ဆောင်လာပြီး အရှိန်ပြင်းစွာမောင်းနှင်ခဲ့ကြောင်း၊ လမ်းအကွေ့မှာ ရှေ့က ကားတစီး မောင်းလာတာကို ရှောင်တိမ်းရာက ဘရိတ်မအုပ်နိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

လောလောဆယ် ယာဉ်မောင်းသူ ထွက်ပြေးလွတ်မြောက်နေပြီး သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ သက်သေအထောက်အထားတွေ စစ်ဆေးနေတယ်လို့ ဒုရဲမှူးရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

 DVB

အပြည့်အစုံသို့ »

မီးပွိုင့်မီးနီ၍ရပ်နေသော ရထား၏နောက်တွဲအား မြို့ပတ်ရထားမှ ၀င်ရောက်တိုက်မိ


၂.၆.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာ ကြားရှိ မိုင်တိုင်အမှတ်
AA-102၊ မီးပွိုင့်အမှတ် A-95 တွင် မီးပွိုင့်မီးနီ၍ရပ်နေသော
စက်ခေါင်းအမှတ် RBE-2540(အင်ကြင်း-၂) သီလ၀ါ-ရန်ကုန်
ရထား၏နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်
လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား-၇)မြို့ပတ်ရထားမှ တိုက်မိခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျား(၃)ဦး၊ မ(၁)ဦးနှင့် မင်းသား-၇ မြို့ပတ်ရထားစက်ခေါင်းမောင်းသူတို့တွင်
ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ
(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါရထား(၂)စင်းတိုက်မိမှုကြောင့် ရထားတွဲများလမ်းချော်သွား
ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိ ပြီး စစ်ဆေးပြုပြင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ကုန်တင်ယာဉ်မှ အရှိန်လွန်ကာ ရှေ့မှဆိုင်ကယ်အားတိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ (သွေးလန့်သူများ ဓာတ်ပုံ မကြည့်ပါနှင့်)


ရန်ကုန်၊ မေ ၂၉

၂၈.၅.၂၀၁၄ရက်နေ့ ၁၅၃၀အချိန် သုံးခွမြို့နယ်၊ အောင်ပန်းစိန်
ကျေးရွာနေသူများဖြစ်သည့် ကိုရဲဝင်းနိုင် (၂၈)နှစ်မောင်းနင်ပြီး

အပြည့်အစုံသို့ »

မီးသတ်ကားနှင့် ရေယာဉ်(မော်တော်)တိုက်မိရာမှ လူတစ်ဦးသေဆုံး



ခန္တီး၊ မေ ၂၇
ရေဖြည့်ရန်လာရောက်သည့်မီးသတ်ကားတစ်စီးသည် ချင်းတွင်းမြစ်အတွင်းရပ်နားထားသော ရေယာဉ်တစ် စီးနှင့် တိုက်မိရာမှ လူတစ်ဦးသေဆုံးသွားခဲ့ရသည့် ယာဉ်တိုက်မှုဖြစ်စဉ်တစ်ရပ်အား မေလ ၂၆ ရက်နေ့ည ၆ နာရီ ၁၈ မိနစ်အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မြို့မရပ်ကွက်၊ ချင်းတွင်းမြစ်ဆိပ်ကမ်း၊ ကုက္ကိုပင် ဆိပ်နေရာတွင် ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မီးသတ်ကားနှင့် ရေယာဉ်(မော်တော်)တိုက်မိရာအရပ်သို့ ခန္တီးမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဦးနှင့်အဖွဲ့က သွား ရောက်စစ်ဆေးခဲ့ရာ ခန္တီးမြို့နယ် မီးသတ်တပ်ဖွဲ့ပိုင် မီးသတ်ကားနှင့် ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ရပ်နား ထားသော တက်နေအောင် ရေယာဉ်ကုန်းပတ်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
ထိုသို့ မီးသတ်ကားနှင့် ရေယာဉ်တိုက်မိခဲ့သည့်အတွက် မီးသတ်ကား၏ ယာဉ်နောက်ပိုင်းတွင် တွယ်၍စီး နင်းလိုက်ပါလာသူ ကိုဇင်မင်းဦး အသက်(၂၇)နှစ် ဆိုသူမှာ မီးသတ်ကားနောက်ပိုင်းနှင့် မော်တော်ကုန်း ပတ်အကြားညှပ်မိ၍ ဦးခေါင်းပိပြားဒဏ်ရာများဖြင့် ၎င်းနေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးသတ်ကားသည် မီးငြိမ်းသတ်သည့်အခါ အသင့်အသုံးပြုနိုင်ရန်အတွက် ချင်းတွင်းမြစ်အတွင်း ရေ ဆင်းထည့်ရာမှ ကားနောက်ပြန်လျောကျပြီး ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ရေယာဉ်ကုန် ပတ်နှင့် တိုက်မိခဲ့သည်ဟုလည်း ယာဉ်တိုက်မိရာအရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည့် ရဲစခန်းမှူး နှင့်အဖွဲ့က မှတ်တမ်းများရယူထားကြောင်း သိရသည်။
“ မီးသတ်ကားက တရုတ်နိုင်ငံလုပ် Dong Feng အမျိုးအစား ရေဂါလံ(၁၂၀၀)ဆံ့ဖြစ်ပါတယ်..။ ယာဉ်အမှတ်ကတော့ ၁င/၉၅…ဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ မီးသတ်တပ်ကြပ်ကြီး ဦးဖိုးတာ ဆိုသူ ဖြစ်ပါတယ်..” ဟု ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးက ပြောပြသည်။
အဆိုပါ မီးသတ်ကားနှင့် ရေယာဉ်တိုက်မိရာမှ လူတစ်ဦးသေဆုံးခဲ့ရသည့်အတွက် ခန္တီးမြို့မရဲစခန်းက ယာဉ်(ပ) ၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း

အပြည့်အစုံသို့ »

အမှိုက်သိမ်းယာဉ်မှ လမ်းဘေး၌ရပ်ထားသော ထော်လာဂျီအမှိုက်သိမ်း ယာဉ်နှင့် သန့်ရှင်းရေးဝန်ထမ်း (၂)ဦးတို့အား တိုက်မိသဖြင့်သေဆုံး




ရန်ကုန်၊ မေ ၂၆

၂၆.၅.၂၀၁၄ရက်နေ့ ၀၄၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်း အတိုင်း ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ်ဘက်မှ မြို့တွင်းဘက်သို့ ယာဉ်မောင်း ရဲအောင် (၂၁)နှစ်၊ စည်ပင်ဝန်ထမ်း၊ (ဘ)ဦးမြင့်နိုင်
မောင်းနှင်လာသော ၇ခ/----၊ နစ်ဆန်းကင်တာအပြာရောင် အမှိုက်သိမ်းယာဉ်သည် ဆင်မင်းသင်္ကန်းတိုက်အရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ၉ဌ/---- ထော်လာဂျီ
အမှိုက်သိမ်းယာဉ်နှင့်ထော်လာဂျီယာဉ်နောက်တွင်ရပ်နေသူများ
ဖြစ်သည့် စည်ပင်သန့်ရှင်းရေးကြီး ကြပ်ရေးမှူး ဦးတင်ထွန်းအောင်နှင့် သန့်ရှင်းရေးလုပ်သား ကိုကျော်သန်းတို့အား တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့်ယာဉ်(၂)စီးပျက်စီးကာ ကိုကျော်သန်း
မှာ ရင်ဘတ်ဖူးရောင်၊ ပါစပ်သွေး ထွက်ဒဏ်ရာများရရှိ၍
မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံးသွားခဲ့ပြီး
ဦးတင်ထွန်းအောင်မှာ ၀မ်းဗိုက်ဖူးရောင်ဒဏ်ရာဖြင့် စံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ရဲအောင် အား သုဝဏ္ဏနယ်မြေရဲစခန်းယာဉ် (ပ)၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
yangon police

အပြည့်အစုံသို့ »

ချင်းတောင်ပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်ငယ် ချောက်ထဲကျ၍ ငါးဦးသေဆုံး


ချောက်ထဲပြုတ်ကျသွားသော ခရီးသည်တင် မှန်လုံယာဉ်ငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- ကိုထားသွောင်)

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ ကလေးမြို့သို့ ထွက်လာသော ဖလမ်းသား လူစီးသီးသန့် Kinlong အမျိုးအစား မှန်လုံငယ်သည် မေ ၂၃ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့နှင့် ၂၇ မိုင်ခန့်အကွာ တီးတိန်မြို့နယ် ဟီရံဇိန်ကျေးရွာအနီးတွင် ချောက်ထဲ ထိုးကျမှုကြောင့် ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ “ဖြစ်စဉ်ဖြစ်တာက ဟားခါး – ကလေးလမ်းမကြီး တီးတိန်မြို့နယ် ဟီရံဇိန်ကျေးရွာ အထက်နားလေးမှာရှိတဲ့ မိုင်တိုင် ၂၇။ ၅ နဲ့ ၂၇။၆ ကြားမှာ ဖြစ်တာပါ။ ကားမှောက်တဲ့နေရာမှာတင် ပွဲချင်းပြီး သုံးယောက်သေတယ်။ ပေ ၁ဝဝ လောက်ရှိတဲ့ ချောက်ထဲ ကျသွားတာပါ။ ပထမကျတော့ သစ်ပင်နဲ့တိုက်တယ်။ အပင်က အမြစ်ကကျွတ်ထွက်သွားတယ်။ အဲဒီအချိန်မှာ ကားက တစ်ပတ်လည်သွားပြီး ခေါက်ချိုး ချိုးသလိုဖြစ်တော့ သေတဲ့သူ များတာပါ။ ကျွန် တော်တို့က ကားမှောက်ပြီး မိနစ် ၂ဝ လောက် အကြာမှာ ရောက်သွားတာပါ။ ဟီရံဇိန်ကျေးရွာမှာ ဆန်ပြုတ်လာသောက်တဲ့သူတစ်ယောက်က ဆိုင်ကယ်နဲ့ ထွက်သွားတဲ့သူတစ်ယောက်က ချက်ချင်းပြန်ရောက်လာပြီး ကားကျသွားလို့ ကူညီကြပါဦးလို့ ပြောလို့ ကားမှောက်တာ သိကြတာ”ဟု အဆိုပါ ကားမှောက်သည့်နေရာရောက်ခဲ့သူကို ထားသွောင်က ပြောကြားသည်။

အဆိုပါ ကားသည် ခရီးသည် ၁၂ ယောက် တင်ဆောင်ပြီး ဖလမ်းမြို့ လုံဘမ်းရွာမှ ကလေးမြို့သို့ ထွက်ခွာလာသော ဖလမ်းသားကားလိုင်းမှ မှန်လုံယာဉ်ငယ်ဖြစ်သည်ဟု သိရသည်။

“အဲဒီကားက ဖလမ်းသားဂိတ်က အော်ဒါလိုက်တဲ့ ကားပါ။ လုံဘမ်းရွာကနေ ထွက်လာတဲ့ ကားပါ။ ကား ဒရိုင်ဘာကလည်း ဖလမ်းသားပဲ”ဟု ဖလမ်းမြို့မှ ကိုလပြည့်က ပြောပြသည်။

“အခုတော့ ချောက်ထဲကျသွားတဲ့ကားကို ဆယ်ယူနေတယ်။ သေတာက ကားသမား အပါအဝင် ငါးဦးသေတယ်။ ဆေးရုံပေါ် ခုနစ်ယောက် တင်ထားရတယ်။ ကားဒရိုင်ဘာကလည်း သေသွားတာဆိုတော့ ဘာကြောင့် ကားမှောက်တယ်ဆိုတာ မသိရသေးဘူး”ဟု သိုင်းငင်းရဲစခန်း မှ တာဝန်ရှိသူက မေ ၂၄ ရက်တွင် ပြောကြားသည်။

Eleven Media

အပြည့်အစုံသို့ »