Showing posts with label articles. Show all posts
Showing posts with label articles. Show all posts

ဘာကောင်စားမလဲ ကြိုက်တာပြော



ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင် အချို့၏   ညပိုင်းအ ချိန်များတွင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သော စိနတိုင်း သား (တရုတ်)များဖြင့် စည်ကား လေ့ရှိတတ်ပြီး အထူးခန်းဟုခေါ် သော စားသောက်ဆိုင်အတွင်း ဘက်ရှိ အခန်းငယ်လေးများတွင် အထူးဟင်းလျာနံ့များနှင့် ထုံမွမ်း သင်းကြိုင်နေလေ့ရှိသည်။

အထူးဟင်းလျာများကို ဆိုင် မီနူးစာအုပ်တွင် တွေ့ရမည်မ ဟုတ်ဘဲ ဆိုင်တွင် အမြဲစားသုံး သော စားသုံးသူ၏ ထောက်ခံချက် ဖြင့်သာ အာရှသားဧည့်သည်အ ချို့အတွက်  ချက်ပြုတ်ပေးထား ခြင်းဖြစ်သည်။

အဆိပ်ပြင်းလွန်းသော မြွေ ဟောက်၊ မြွေပွေး၊ တောငှက်၊ လိပ်ဟင်းနှင့် အခြားတောတွင်း တိရစ္ဆာန်သားကောင်ဟင်းလျာ များကို ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ သိုသိုသိပ်သိပ် ရောင်းချပေးနေသည်။

မြွေ၊  တောငှက်၊  လိပ်၊ မျောက်၊ ၀က်ဝံ၊ သင်းခွေချပ် စ သည့် တားမြစ်ထားသော တော တွင်းတိရစ္ဆာန်များကို စားသုံးလို သူက ကြိုတင်မှာယူရသည့် စနစ် ဖြင့် ရောင်းချနေသည့် စား သောက်ဆိုင်ဈေးကွက်က ယနေ့ အချိန်အထိ အားကောင်းနေဆဲ ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိ လူစည်ကား ရာ သိမ်ကြီးဈေး(C) ရုံတွင် မြွေ မျိုးစုံ၊ လိပ်၊ ဖွတ်၊ တောကြောင်၊ သင်းခွေချပ်၊ ၀က်ဝံစသည့် တော တွင်းတိရစ္ဆာန်အစုံကို သံလှောင် ချိုင့်များတွင် ထည့်သွင်းပြသထား ကာ စားသောက်လိုသူက လက် ညှိုးထိုးမှာယူနိုင်သည့် စား သောက်ဆိုင်ကြီးတစ်ခု ရှိခဲ့ဖူးပြီး လွန်ခဲ့သော ခုနစ်နှစ်ခန့်က ပိတ် သိမ်းခဲ့ရသည်။

စားသောက်စားပွဲဝိုင်းအ လယ်တွင် မျောက်အရှင်၏ ဦး ခေါင်းကို ဖော်ထားပြီး စားသောက်သူများက မျောက်ဦးနှောက်ကို ဇွန်းဖြင့် ခပ်ယူစားသောက်လို့ရ အောင် စီစဉ်ပေးနိုင်မှုကြောင့် ယင်းဆိုင်က နာမည်ကြီးခဲ့သည်။

ယင်းဆိုင်တွင် တောတွင်း တိရစ္ဆာန်များကို ရောင်းချခြင်း မရှိ တော့သော်လည်း သိမ်ကြီးဈေး အနီးတစ်ဝိုက်ရှိ တရုတ်စား သောက်ဆိုင်အချို့မှာ ယနေ့အထိ   တောတွင်းတိရစ္ဆာန်သားများကို ရောင်းချနေဆဲဖြစ်သည်ဟု  ဆို သည်။

လှည်းကူးမြို့နယ်တွင် တော တွင်းတိရစ္ဆာန်များကို သံလှောင် ချိုင့်များဖြင့် လှောင်ထားသည့် အိမ်ကြီးတစ်ခုရှိပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များက  သွားရောက်ဝယ်ယူခြင်းများ  ယခင်က ရှိခဲ့ကြောင်း သိမ်ကြီးဈေးတစ်ဝိုက် ရှိ စားသောက်ဆိုင်များမှ စုံစမ်း သိရသည်။

‘‘သူဌေးက မန်နေဂျာတွေနဲ့ အကြော်ဆရာနဲ့သွားတာ။ အိမ် ကအကြီးကြီးပဲ။ အကောင်အရှင် ဆိုအရှင်၊ အသေဆိုအသေဈေး ရှိတယ်’’ ဟု အကြော်ဆရာတစ် ဦးက ဆိုသည်။

တောကောင်သားရောင်းချ သည့်ဆိုင်များသည့် တိရစ္ဆာန်များကို သံလှောင်ချိုင့်ဖြင့် သိုလှောင်ခြင်းမပြုတော့ဘဲ စားသောက်လိုသူက တယ်လီဖုန်းဖြင့် ကြိုတင်မှာကြားသည်ကို   စီစဉ်ပေးခြင်းဖြစ် သည်။

မြွေဟင်းအပါအ၀င် တော တွင်းတိရစ္ဆာန်များကို စားသောက် သူ အော်ဒါရှိပါကတောကောင် ပို့ဆောင်သူများက ဆိုင်သို့ လာပို့ ပြီးနောက် စားဖိုမှူးက လက်စ ဖျောက်၍ သားကောင်များကို ချက်ပြုတ်ရောင်းဝယ်နေကြခြင်း ဖြစ်သည်။

ဗီယက်နမ်ဟိုတယ်ဟု လူသိ များသော လမ်းမတော်ရှိ မစ္စတာ လီဟိုတယ်တွင် ၅၅ ဒေါ်လာတန် မြွေဟောက်ဟင်းပွဲများ ရောင်းချ နေသည်ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီး ဆိုင် ရှင်က မြွေဟင်းမရောင်းချကြောင်း ငြင်းဆိုခဲ့သည်။

ဗဟန်းမြို့နယ်အတွင်းရှိ ဗီ ယက်နမ်စားသောက်ဆိုင်တစ်ခု တွင်လည်း မြွေဟောက်၊ လိပ်၊ တောငှက်များ စားသောက်လိုပါ က ကြိုတင်မှာယူနိုင်ကြောင်း၊ မှာယူလိုပါက နိုင်ငံခြား ဧည့်သည် ၁၅ ယောက်စာထိ စီစဉ်ပေးနိုင် သည်ဟု ဆိုသည်။

တရုတ်လူမျိုးများသည် မြွေ ပွေးဟင်းကို ကင်ဆာရောဂါအ တွက် ကောင်းသည်ဟုဆိုကာ စားသောက်ကြပြီး သွေးကင်ဆာ လူနာကို မြွေပွေးဟင်း ၁၀ ပွဲကျွေး လျှင် ရောဂါပျောက်ကင်းသည်ဟု တရုတ်လူမျိုးများက ယုံကြည်ကြ ကာ ဗီယက်နမ်လူမျိုးများက မြွေ ဟောက်ဟင်းကို ပိုမိုနှစ်သက်ကြ သည်။

သဘာ၀၀န်းကျင်နှင့် သား ငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတစ်ဦးက ‘‘တော ကောင်သားတွေရောင်းတာက သတ္တ၀ါအမျိုးအစားပေါ်မူတည် ပြီး ပြစ်ဒဏ်ကွာသွားတယ်။ တောရိုင်းတိရစ္ဆာန်တွေကို လုံးဝကာ ကွယ်တာရယ်၊ ရာသီအလိုက် ကာကွယ်တာရယ်၊ သာမန်အ လိုက် ကာကွယ်တာရယ် ရှိတယ်။ ဒါက မြို့မှာ စည်ပင်တို့၊ ထွေအုပ် တို့က မရောင်းဖို့ တားမြစ်ပေးရ မယ်။ တောရိုင်းတိရစ္ဆာန်ကို တ ရုတ်ဆိုင်တွေက ရောင်းတာများ တယ်။ သူတို့ပဲ စားတယ်။ ဒါတွေ ရောင်းချခြင်းက တရားမ၀င်ဘူး’’ ဟု ဆိုသည်။ ‘‘တောက လူတွေက တော့ ပိုက်ဆံရတော့ ရောင်းတာ ပေါ့။ တကယ်လည်း ဖမ်းရော သူ ပဲ အဖမ်းခံရတယ်။ အများပြည် သူတွေနဲ့လည်း သက်ဆိုင်တယ်။ ဒီလိုမျိုးရောင်းချရင် သတင်းပေး သင့်တယ်။ သားငှက်ထိန်းသိမ်း ရေးဌာနကလည်း နေရာတိုင်းမှာ  ဌာနမရှိဘူးဆိုတော့ လိုက်မစစ် နိုင်ဘူး။ သတင်းရလို့ သွားစစ် တော့ ပိတ်တာ၊ ရှောင်နေတာ တွေဖြစ်နေတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က   လသာ လမ်းရှိ တိုက်အပေါ်ထပ်တွင် ဖွင့် လှစ်ထားသော တောတွင်းတိ ရစ္ဆာန်သားဟင်းလျာများ ရောင်းချသည့် ဆိုင်သို့ တရုတ်ပြည်မမှ လာရောက်သော   တရုတ်လူမျိုး များကို ပို့ဆောင်ပေးခဲ့ရကြောင်း တရုတ်ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

ယင်းဆိုင်ရှိသည့်နေရာ သည် လသာရဲစခန်းနှင့်နီးပြီး လ သာမြို့နယ်တွင် တောတွင်းတိ ရစ္ဆာန်ရောင်းချမှုနှင့် ပတ်သက်၍ ရောင်းသည့်ဆိုင် မရှိသလို ဖမ်း ဆီးအရေးယူမှု မရှိခဲ့ကြောင်း လ သာမြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။

‘‘လသာမှာ စားသောက်ဆိုင် လေးဆိုင်လောက် ရောင်းတယ်။ လသာလမ်းထောင့်က ဆိုင်က ပိတ်သွားပြီ။ ဟိုတုန်းက အကြီးအ ကျယ် တောကောင်တွေဝယ် တယ်။ ပြီးခဲ့တဲ့နှစ်က ပိတ်လိုက် တာ။ ဖွင့်တဲ့ တရုတ်က ပြည်မပြန် သွားပြီ’’ ဟု လသာလမ်းနေသူ တစ်ဦးက ဆိုသည်။

လမ်းမတော်နှင့် လသာမြို့ နယ်များရှိ တရုတ်လူမျိုးများ ဖွင့် လှစ်သော စားသောက်ဆိုင်များ မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဖွင့်လှစ်ထားသော ဆိုင်များဖြစ်ပြီး တောတွင်းတိရစ္ဆာန်များကို ဆက် လက်ရောင်းဝယ်နေခြင်းဖြစ် သည်။

ရန်ကုန်တွင် ဆောက်လုပ် ရေးလုပ်ငန်း ကျွမ်းကျင်သော ဗီ ယက်နမ်လူမျိုးများမှာ ဟိုတယ် နှင့် ကွန်ဒိုများဆောက်လုပ်ရန် ရောက်ရှိနေသည့်အတွက် မြွေ ဈေးကွက်မှာ စိနတိုင်းသားများ နှင့် အပြိုင်စားသောက်သူများ ထပ်မံပေါ်ပေါက်နေခြင်းဖြစ် သည်။

မြွေဟောက်ဟင်းဈေးနှုန်း မှာ ကျပ်နှစ်သောင်းခွဲမှ ကျပ်ငါး သောင်းအထိ ဈေးကွက်ရှိနေကာ မြွေအသုပ်၊ မြွေစွပ်၊ မြွေဟင်းအ စရှိသဖြင့် ကြိုက်နှစ်သက်သလို မှာယူရာကို စားဖိုမှူးက လုပ်ပေး ပြီး သင်းခွေချပ်အရှင် တစ်ကောင် လျှင် ကျပ်တစ်သိန်းခွဲထိ ဈေးပေါက်ကြောင်း စုံစမ်းသိရသည်။

ပဲခူး၊ စစ်ကိုင်း၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် လိပ်ခွံ၊ ဆင်စွယ်၊ ချေသားရေ၊ နွား နောက်ချို၊ မျောက်ခန္ဓာကိုယ် အ ပိုင်းအစနှင့် တောင်ဆိတ်ချိုများ၊ မြွေအရေခွံများ၊ သမင်ချိုများ၊ တောဝက်အစွယ်များ၊ တန်ဖိုးကြီး လိပ်များ၊ ၀က်ဝံအမွေးများ၊ တိ ရစ္ဆာန်အရိုးပေါင်းစုံနှင့် ကျားသား ရေများကို မကြာခဏ ဖမ်းဆီးရ မိလေ့ရှိကြောင်း သက်ဆိုင်ရာ ရဲ စခန်းများထံမှ သိရသည်။

ကုန်သည်အချို့မှာ တော ရိုင်းတိရစ္ဆာန် ကိုယ်အင်္ဂါအစိတ် အပိုင်းများကို မှောင်ခိုကူးသန်း ရောင်းချရန် လျှို့ဝှက်စွာ ဈေး ကောင်းပေးဝယ်ယူမှုများကြောင့် မုဆိုးများမှာ တောတောင်များတွင် တရားမ၀င်အမဲလိုက်သတ်ဖြတ် ဖမ်းဆီးမှု များပြားနေခြင်းဖြစ် သည်။

‘‘ဘာတောကောင်မှ ရောင်း ခွင့်မရှိဘူး။ ရောင်းချင်ရင် ကိုယ့် ဟာကိုယ်မွေးပြီး တတိယမျိုး ဆက်မှ ရောင်းချခွင့် ရှိမယ်။ အခု ရောင်းနေတာတွေက တောထဲက ကောင်တွေကို ရောင်းချတာ’’ ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပညာရှင် ဦးသိန်းအောင်က ဆိုသည်။

တောရိုင်းတိရစ္ဆာန်ကို ခွင့် ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အ မဲလိုက်ခြင်း (သို့မဟုတ်) အနာတ ရဖြစ်စေခြင်း၊ ယင်းတောရိုင်း တိ ရစ္ဆာန်ကိုဖြစ်စေ၊ ယင်း၏ အစိတ် အပိုင်းကိုဖြစ်စေ၊ ခွင့်ပြုချက်မရှိ ဘဲ လက်ဝယ်ထားရှိခြင်း၊ ရောင်း ချခြင်း၊ သယ်ဆောင်ခြင်း (သို့မ ဟုတ်) လွှဲပြောင်းခြင်း ပြုလုပ်ပါ က တောရိုင်းတိရစ္ဆာန်နှင့် သဘာ ၀အပင်များ ကာကွယ်ရေးနှင့် သ ဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) အရ အရေး ယူနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခံရ လျှင် ထိုသူကို ငွေဒဏ်ကျပ်ငါး သောင်းအထိဖြစ်စေ၊ ထောင် ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင် သည်။

တရုတ်နိုင်ငံတွင် မြွေသား ကို အလွန်အကျွံစားသုံးကြသူ များပြားခြင်းကြောင့် မြွေမွေးမြူ ရေးသည် အရေးပါသော စီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်လာ ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်ဖူးသည်။

‘‘တောကောင်တွေကိုင်တာ သတိထား။ အရမ်းကို လောဘ ကြီးပြီးမလုပ်နဲ့။ တောကောင်တွေ က ဘုန်းအရမ်းကြီးတယ်။ ငါ့ဆီ မှာ လုပ်ခဲ့တဲ့ တောက မုဆိုးတွေ အကုန်လုံး ဒုက္ခရောက်ကုန်တယ်။ ခု တောကောင်တွေ မလုပ်တော့ ဘဲ ရိုးရိုးစားသောက်ဆိုင်ပဲ ဖွင့် တော့မယ်’’ ဟု တောတွင်း တိရစ္ဆာန်သားကောင်များကို သံလှောင် ချိုင့်များဖြင့် ရောင်းချခဲ့ဖူးသည့် တရုတ်လူမျိုးတစ်ဦးက ပြော သည်။

7day daily

အပြည့်အစုံသို့ »

ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့ သမီးတော် – လက်စောင်းထက်


သမီးတော်တွေဟာ သွားလေရာမှာ ပြောစမှတ်တွင်အောင်ကို စွမ်းဆောင်နိုင်ကြ၊ တော်ကြပါပေတယ်။ ခက်တာက အာဏာရှင်ကြီးရော သူ့ဇနီးကရော ဒီသမီးတော်တွေနဲ့ ပတ်သက်ရင် ဒီလိုတော့မလုပ်နဲ့၊ ဟိုလိုတော့ မလုပ်နဲ့ဆိုပြီး ဆုံးမပဲ့ပြင်ခြင်း လုံးဝမရှိတာပဲ။ သားသမီးတွေအပေါ် အလွန်တစ်ရာမှ သည်းခံ အလိုလိုက်တဲ့ မိဘတွေဖြစ်တယ်။ မိဘတွေ အလိုလိုက်လေလေ သမီးတော်တွေက ဆိုးလေလေ ဖြစ်တယ်။ သမီးတော်တွေကလည်း တစ်ပါးနဲ့ တစ်ပါးက မတည့်ကြလေတော့ ဘယ်သွားသွား ဘာလုပ်လုပ် သမီးတော် တစ်ပါးစီအတွက် ကားဆိုလဲ သီးသန့် တစ်စီးစီ၊ သွားချင်တဲ့ နေရာတွေလည်း သီးသန့်စီ လုပ်ပေးရတယ်။ ခက်တာက သမီးတော်တွေနဲ့ ပတ်သက်ရင် ဘယ်သူမှ မျက်နှာမရပဲ ပြဿနာတွေချည်း ရနေတာပဲ။ သမီးတော်တွေ လာတော့မယ် ဆိုတာနဲ့ လာမဲ့ဒေသက တပ်မှူးတွေရော တပ်မှူးကတော်တွေရော သမီးတော်များကို ပြုစုဆက်ဆံနည်းဆိုတဲ့ အရေးပေါ် အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ရတယ်။ သမီးတော်တွေကို ဘာမှပြန်မပြောရ၊ ဘာအကြံမှ မပေးရဆိုတာက အရေးအကြီးဆုံး ဖြစ်တယ်။ မျက်နှာလို မျက်နှာရ လုပ်ပြီး အကြံတစ်ခုခု သွားပေးလို့ကတော့ သေမယ်သာ ကြံပေတော့။ အဲဒီအကြံနဲ့ ဆန့်ကျင်ဖက် ထော်လော်ကန့်လန့်တွေ လုပ်ပြီး ဒုက္ခပေး ပြပါလိမ့်မယ်။

၂၀၀၃ခုနှစ် သင်္ကြန် ကာလမှာတော့ လားရှိုးကို သမီးတော်တွေက ချဉ်ခြင်းတပ်ပါတယ်။ ထုံးစံအတိုင်း မိသားစုလိုက် သင်္ကြန်ပွဲတော်ကို လားရှိုးမှာ ဆင်နွှဲရင်း ညဖက်မှာ ဈေးဝယ်ချင်တဲ့ ချဉ်ခြင်းက ထပ်တက်လာပြန်ရော။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးက စနေပြီဆိုတော့ အရင်ကလို လားရှိုးက မှောင်ခိုခေတ် မဟုတ်တော့ဘူး။ ဘာပစ္စည်းမဆို ရန်ကုန်မှာ ဈေးအပေါဆုံးနဲ့ ၀ယ်လို့ရနေချိန် ဖြစ်ပေမယ့် သမီးတော်တွေကို ဘယ်သူက ဘာပြောရဲမှာလဲ။ ဒီလိုနဲ့ ညခုနစ်နာရီမှာ သမီးတော် တစ်သိုက်ကို လားရှိုးက တရုတ်ကုန်စုံဆိုင် တစ်ခုကို ပို့ပေးရတာပေါ့။ သမီးတော်တွေက ဆိုင်ထဲပစ္စည်း တစ်ခုကို ဆွဲလိုက်၊ ဘေးက ရံရွေတော်တွေက ကားတွေပေါ် သွားတင်ပေးလိုက်နဲ့ ညကိုးနာရီကျော်တဲ့အထိ ဝေသာလီပြည် ဘီလူးဝင်သလို ပစ္စည်းတွေ ကားပေါ်တင်လိုက်ကြတာ ဆိုင်ရှင် တရုတ်ဆို စာရင်းတောင် မှတ်လို့ မနိုင်အောင် ဖြစ်သွားတယ်။ သမီးတော်တွေလဲ ပြန်သွားရော ဆိုင်ရှင်က ယူသွားတဲ့ စာရင်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ဈေးဝယ် တာဝန်ခံကိုပြတော့ အဲဒီအရာရှိခမျာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။ သူ့လက်ထဲမှာ ပါလာတာက ကျပ်ငါးသိန်း။ သမီးတော်တွေ ၀ယ်သွားတာက ၆၈သိန်း။ လွန်ခဲ့သော ဆယ့်တစ်နှစ်က ဈေးနော်။ ဒီတော့ ဘာလုပ်ရမှန်းမသိပဲ တိုင်းမှူးကို ပြေးပြောရတော့တာပေါ့။ တိုင်းမှူးမှာလည်း အဲဒီလောက် ပိုက်ဆံက မရှိလေတော့ ကြံရာမရတွေဖြစ်၊ ခေါင်းကို တွင်တွင်ကုတ်ရင်း လားရှိုးမှာရှိတဲ့ လေးကောင် ဂျင်ဝိုင်းတွေကို ညတွင်းချင်း ဖမ်းစေဆိုပြီး အကြံကုန် ဂဠုန်ဆားချက် အမိန့်ထုတ်ရတော့တယ်။

ဒါနဲ့ တိုင်းစစ်ဌာနချုပ်က အရာရှိတွေက ရဲကိုမေးပြီး အကြီးဆုံး လေးကောင်ဂျင်ဝိုင်း လုပ်နေတဲ့ အိမ်ကိုဝိုင်းတော့ ထိုသားတွေ အကုန် ထွက်ပြေးကြတာပေါ့။ အမှန်က စကတည်းက လူကိုဖမ်းချင်တာမှ မဟုတ်တာ။ လူကိုဖမ်းမိရင် တရားရုံး တင်ရမှာလေ။ ဖမ်းမိတာတွေက နိုင်ငံတော် ဘဏ္ဍာဖြစ်သွားမှာ။ အခုက ငွေအရေးတစ်ကြီး လိုနေတာ မဟုတ်လား။ ဒီတော့ ဟန်ဆောင်ပန်ဆောင် ဖမ်းမယ် လုပ်ပြတော့ အကုန်လုံး ထွက်ပြေးကြတာ ၀ိုင်းထဲမှာ လောင်းကြေးက ဆယ့်ငါးသိန်းကျော် မိလိုက်တယ်။ ဒါနဲ့လဲ စတိုးဆိုင်မှာ ရှင်းရမဲ့ငွေက မလောက်သေးတော့ ထိုးသားတွေ ထားပစ်ခဲ့တဲ့ ကားနှစ်စီးကို သိမ်းလာခဲ့ရပြန်ရော။ နောက်နေ့မှ အဲဒီကားနှစ်စီးကို ရောင်းလိုက်သလား၊ မူလပိုင်ရှင်တွေကို လည်ပင်းညှစ်ပြီး ပြန်ရွေးခိုင်းသလားတော့ မသိဘူး။ သိန်းငါးဆယ် ထပ်ရလာလို့ အဲဒီငွေတွေနဲ့ စတိုးဆိုင်ကို ရှင်းလိုက်ရတော့တယ်။ သမီးတော်တွေ ဈေးဝယ်ကောင်းလို့ သူ့ဟာသူ လိုင်းကြေးပေးပြီး ဖွင့်နေတဲ့ လေးကောင်ဂျင်ဝိုင်းတောင် မနေရဘူးဆိုပြီး လားရှိုးက လောင်းကစားသမားတွေ လောကမှာလည်း တစ်ခါတည်း နာမည်ကြီးသွားတာပေါ့။ သမီးတော်တွေ ကိုယ်တိုင်တောင် ဒါကို သိမှာမဟုတ်ဘူး။ ဒါကတော့ ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုးတဲ့ ဇာတ်လမ်းပေါ့ဗျာ။

လာရှိုးမှာ ကဲပြီးတော့ သမီးတော်တွေက ပြင်ဦးလွင်ကို ဆက်ဆင်းကြတယ်။ ပြင်ဦးလွင်မှာတော့ သမီးတော် တစ်ပါးက ညဖက်ဆီးဆော စီးချင်တယ်ဆိုလို့ ကန်တော်ကြီးထဲက ဆီးဆောရှိရာကို အချိန်မတော် လိုက်ပို့ကြရတယ်။ အဲဒီမှာ သူက တစ်ဖက်က ထိုင်လိုက်ရင် တစ်ဖက်က ထိုင်နေတဲ့ ပိန်ပိန်သေးသေး ရံရွေတော် တပ်မှူးကတော်တွေက လေထဲကို မြောက်မြောက်ပြီး တက်သွားတာကို သဘောကျ အရသာခံပြီးမှ ပြန်ပြီး စက်တော် ခေါ်တော်မူတယ်။ နောက်နေ့မနက် မန္တလေးကို အားလုံးကရ ဟတ်ယာဉ်နဲ့ ဆင်းကြပေမဲ့ သမီးတော် တစ်ပါးကတော့ လေယာဉ်မစီးချင်ဘူး။ ကားနဲ့ပဲ မန္တလေးကို ဆင်းမယ်လို့ အမိန့်တော် ချပြန်ရော။ ဒီတော့ ကဗျာကရာ ကားတွေ စီစဉ်ရပြန်တာပေါ့။ အဲဒီ သမီးတော်က ကားနဲ့အဆင်း ပြင်ဦးလွင် နာရီစင်ကြီးရှေ့က တွန်းလှည်းနဲ့ ရောင်းနေတဲ့ မုန့်ဟင်းခါးဆိုင်ကို မြင်တော့ ကားရပ်ပြီး မုန့်ဟင်းခါး နှစ်ပွဲကားပေါ်မှာ ထိုင်ပြီး ဆွဲလိုက်သေးတယ်။

စားသောက်လဲပြီးရော သမီးတော်တွေ လာတိုင်း ကားမောင်း ပို့ရလေ့ရှိတဲ့ ကားဆရာက သမီးတော် အကြိုက် အလိုက်တသိ ဇော်ဝင်းထွဋ်ရဲ့ ရော့အင်ရိုး သီချင်းတွေ အသံအကျယ်ကြီး ဖွင့်လိုက်ချိန်မှာ သမီးတော်က မျက်စိကိုမှိတ်၊ ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ပုတီးကြီးကို တစ်ဂျောက်ဂျောက်နဲ့ စိပ်ရင်း မန္တလာမြို့ကို ကြွချီသွားလေပါရောဗျား။

လက်စောင်းထက်

tomorrow

အပြည့်အစုံသို့ »

မြင်သမျှ ကြားသမျှ



ဘီလျံနာတဲ့လား

အခုတလော ထွက်ပေါ်နေတဲ့ သတင်းကလည်း အံ့သြစရာပါပဲ။

နှစ်ရှည်ထောင်ဒဏ်ကျပြီး ပြန် လွတ်လာတဲ့ အာဏာရှင်တစ်ဦးရဲ့ မြေး က ဘဏ်တစ်ခုထဲက ရှယ်ယာအများဆုံး ကို ဝယ်ယူလိုက်တယ် ဆိုတာပါပဲ။

ဘယ်အချိန်မှာ ဘာစီးပွားရေး တွေ လုပ်ပြီး ဘာတွေ ဘယ်လိုပိုင်ပြီး ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ  ကတော့ စဉ်းစားစရာပါပဲ။

ထောင်က ပြန်ထွက်လာပြီး ဘယ် လောက်မှ မကြာခင်မှာ ဒေါ်လာ ဘီလျံ နဲ့ချီပြီး ဘဏ်လုပ်ငန်းကို ထည့်ဝင်တယ် ဆိုတာ ကတော့ ဘယ်လိုနားလည်ရ မှန်းကို မသိေ လာက်အောင်ပါပဲ။ မျိုးရိုး စဉ်ဆက်ကပဲ ပိုချမ်းသာလို့လား။ ဒါမှ မဟုတ် ရွှေအိုးကြီးပဲတူးမိတာလား ဆို တာ ပြောမပြတတ်တော့အောင်ပါပဲ။

ကျွန်တော် ရေးဖူးပါတယ်။ သူတို့ တွေဟာ မျိုးရိုးစဉ်ဆက် ချမ်းသာတာ၊ ဒါမှမဟုတ် ရတနာသိုက် တူးမိတာမှ မဟုတ်ရင် ဒီလောက်များတဲ့ ငွေကြေးဆို တာ ဘယ်လို နည်းနဲ့မှကို မရနိုင်ပါဘူး။

ဆိုပါတော့ဗျာ။ စစ်ဗိုလ်ချုပ်ရဲ့လစာ က ဘယ်လောက်များ ရှိတာတုန်း။ ရတဲ့ လခကို ဘာမှမစားမသုံးနဲ့ဦး။ တစ်သက် တာလုံးစု၊ ပြီးရင် သားသမီးတွေကို အဲဒီ အမွေပေး ဦး၊ အဲဒီအမွေအားလုံးနဲ့ လက်ဖက်ရည်ဆိုင်ကြီးကြီး တစ်ဆိုင် တောင် ဖွင့်နိုင်မှာမဟုတ်ပါဘူး။

အဲဒီ လက်ဖက်ရည်ဆိုင်တောင်  ကောင်းကောင်း မဖွင့်နိုင်တဲ့သူရဲ့ သား သမီးတစ်လှေကြီးကို အမွေပြန်ခွဲရင်၊ ကွမ်းယာဆိုင် ဖွင့်ရင်တောင် ပစ္စည်းစုံ အောင် တင်နိုင်မှာ မဟုတ်ပါဘူး။ ကွမ်း ယာဆိုင်ဖွင့်ရုံမျှနဲ့တော့ ဒေါ်လာဘီလျံချီ ချမ်းသာလာမှာလည်းမဟုတ်ပါဘူး။

အခုဟာက အလုပ်ဆိုလို့ ကွမ်း ယာဆိုင်တောင် ဖွင့်သံ မကြားဖူးတဲ့ သူ တွေက ဘဏ်ဖွင့်မယ်ဆိုတော့ စဉ်းစား သာကြည့်။ ဘယ်ကရခဲ့တဲ့ ငွေကြေး တွေလဲ။ ဒါဟာ   ထောင်နှစ်ရှည်ကျပြီး ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်နီးပါးကအာဏာရှိခဲ့တဲ့လူတစ်ယောက်ရဲ့ မြေး ပိုင်ဆိုင်မှု တစ်ခုပါပဲ။

ကဲ..ဒါဆို ထောင်မကျသေးတဲ့ အာဏာရှိ လူအများရဲ့ သားတွေ မြေး တွေပါ ပေါင်းလိုက်ရင် သူတို့တွေ လက် ထဲက ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ဖြစ်နေမလဲ။

ဒါတွေ ဘယ်ကရထားကြတာလဲ။

မြန်မာပြည်ကြီး ဆင်းရဲမွဲတေပြီး ဟိုလူ့ဆီက ပိုက်ဆံချေး၊ ဒီလူ့ဆီက ပိုက် ဆံချေးနဲ့ လုပ်နေရတဲ့အချိန်မှာ ကွက်ပြီး ချမ်းသာနေတဲ့သူတွေ ဘယ်လောက် တောင်များနေ သလဲ။

တွေးလိုက်မိတိုင်း မမျှတမှုတွေကို  နာကြည်းနေရုံမှတစ်ပါး ဘာများ တတ် နိုင်ကြမှာလဲ။

သိပ်လည်း မပြောရဲပါဘူး။ နိုင်ငံ တော်လျှို့ဝှက်ချက် ပေါက်ကြားလို့ဆို ပြီး လာဖမ်းနေရင် ဒုက္ခ။

မမျှတမှုတွေ

ရဲတစ်ယောက်က မိန်းကလေး တစ်ယောက်ကို မုဒိမ်းကျင့်မှုနဲ့ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တယ်ဆိုတဲ့ သတင်း ကိုလည်း ကြားရပြန်ပါတယ်။

အမှန်တော့ ပြည်သူတွေကို အကာ အကွယ်ပြုဖို့ တာဝန်ယူထား ဥပဒေတွေ သင်ထားပြီး ပြည်သူတွေက လစာပေး ထားရတဲ့ ပြည်သူ့ရဲတစ်ယောက်က ဒီလို ပြစ်မှုမျိုး ကျူးလွန်တာ လွန်လွန်းလှပါ တယ်။ ပြစ်ဒဏ်လည်း ကျထိုက်ပါတယ်။ ဒါပေမဲ့သတင်းတစ်ပုဒ်ကြောင့် ထောင် ဒဏ်ဆယ်နှစ်ကျခံရတဲ့ မီဒီယာသမား နဲ့စာရင် နည်း နည်းလေးပါ။

ဒီထက်ပိုဆိုးတာက မုဒိမ်းမှု ကျူး လွန်တာကို ဝင်ကယ်ခဲ့တဲ့သူတွေကို ရဲ က တရားပြန်စွဲပြီး ထောင်ထဲမှာ ဆယ် လကျော်နေပြီးမှ အပြစ်မရှိကြောင်း အမိန့်ချပြီး ပြန် လွှတ်ပေးလိုက်သတဲ့။

ကဲဗျာ။ အပြစ်ရှိသူကို လေးနှစ်၊ အပြစ်မရှိသူက ဆယ်လဗျာ။ ဒါ့အပြင် အဓမ္မပြုကျင့်စဉ် ရှိနေတယ်လို့ ယူဆရတဲ့ အခြားရဲဝန်ထမ်းနှစ်ဦးကို ထောင်ဒဏ် ခြောက်လစီချ မှတ်သတဲ့။ ကဲ ပြန်စဉ်းစား ကြည့်ပါဗျာ။ ဝင်ကယ်သူက ဆယ်လ၊ အလိုတူ အလိုပါက ခြောက်လဗျာ။

ဘယ်လိုမှကို စဉ်းစားလို့ မရတော့ ပါဘူးဗျာ။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ တရားဥပဒေဆိုတာ ဘာလဲဗျာ။ ကဲ.. သိရင် ပြောကြပါဦး။

ဘယ်သူက ဒီလိုထင်သလို ဥပဒေ ချမှတ်ရအောင် တရားဥပဒေ ဘယ်သူ ကများ စိုးမိုးထားတာလဲ ခင်ဗျာ။

ဆက်စပ်ပြီး ပြောပါရစေ…

ဒီကြားထဲ လွှတ်တော် နာယက ကနေပြီး မီဒီယာကိစ္စကို သမ္မတရုံးကို တင်သွင်းရာမှာ ဒီကိစ္စတွေဟာ တရား ရေးမဏ္ဍိုင်နဲ့ပဲဆိုင်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ မသက်ဆိုင်ဘူး ဆိုတာကြောင့်လည်း ဘယ်လို စဉ်းစားရမှန်းမသိ ဖြစ်ရပြန်ပါ တယ်။

အစက ပြောခဲ့တာက မဏ္ဍိုင်ကြီး လေးရပ် ဒေါက်တိုင်သဖွယ် အမှီသဟဲ ပြုရမယ်လို့ဆိုခဲ့ပြီး အခုကျမှ ဒီဒေါက် တိုင်တွေ တို့နဲ့မဆိုင်ဘူး ဆိုလာပြန်တော့ နေတတ် လိုက်၊ ပြောတတ်လိုက်တာလို့ပဲ ဆိုရမလားပဲ ခင်ဗျာ။

ဒီဒေါက်တိုင်တွေ အချင်းချင်း ညီ ညွတ်မှ နိုင်ငံတစ်နိုင်ငံ တိုးတက်မယ်လို့  တရားဝင်ဆိုခဲ့ပြီး အခုလိုဖြစ်မှ ချက်ချင်း သူစိမ်းဆန်လိုက်တာကတော့ ရုပ်ရှင် ထဲမှာလို အက်ဆီးဒင့်ဖြစ်ပြီး ခေါင်းကို ထိ၊ ချက်ချင်းများ အတိတ်မေ့သွား တာလားလို့တောင်ထင်လိုက်မိပါတယ်။ နောက်ထပ် စဉ်းစားမိတာက ဒီဒေါက် တိုင်တွေကမှ မညီညွတ် ရင်ကျန်တာတွေ ညီညွတ်ဖို့ဆိုတာ ပြောမနေပါနဲ့တော့ ဗျာ။

ဒီထက် ပြောစရာကတော့

ဒီလို ထောင့်လေးထောင့်က ပြော စရာ ရှိနေရတဲ့ကြားထဲ အသိရခက် လှတဲ့ တရားစီရင်ရေး မဏ္ဍိုင်က လုပ် သမျှကို ဘယ်သူ့ကိုမှ သိခွင့်မပေးတာ လည်း အံ့သြစရာပါပဲ။

တစ်နိုင်ငံလုံး စိတ်ဝင်စားကြတဲ့ တရားစီရင်မှုတွေမှာ တရားရုံးတွေက သတင်းထောက်တွေ၊ စတုတ္ထမဏ္ဍိုင် တွေ ဝင်ပြီး သတင်းယူဖို့ မပြောပါနဲ့။ တရားခံရဲ့ မိသားစုတွေ ကိုတောင် ပေး မတွေ့ဘူးဆိုတာကြောင့် တရားကို တံ ခါးပိတ်ပြီး စီရင်တာလားလို့တောင် ပြောရမလိုပါပဲ။

အများပြော၊ အမြဲပြောနေကြတဲ့ ပွင့်လင်းမြင်သာမှုဆိုတာ တရားစီရင် ရေးမဏ္ဍိုင်မှာ မရှိဘူးလားလို့ စဉ်းစားမိ ပြန်ပါတယ်။

တရားစီရင်တာဗျာ။ ဘယ်သူမဆို ကြားချင်နာချင်ကြမှာပဲ။ ဒါကို မိဘ အသိုင်းအဝိုင်းကတောင် နားမထောင် ရဘူးဆိုတော့ အမှန်တရားဆိုတာ ဘယ် သူတွေက သိနိုင်ေ တာ့မှာလဲ။

ဒါကို ပွင့်လင်းမြင်သာမှု ဆိုရင် ဘယ်လို စကားမျိုးနဲ့ ပြောရမှာလဲ။ အံ့ သြစရာတော့ အကောင်းသား။

ဒီကြားထဲ မိုးသည်းထန်နေမှ ဓာတ်ကြိုးတွေလည်း အတော်ပြတ်ကျပြီး မှ ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေကို ပြင် ဆင်ဖို့ ကြိုးစားနေပြီ ဆိုတာကြောင့် လည်း ရယ်စရာများ လုပ်နေတာလား လို့ပဲ မေးချင်တယ်။ ဒါပေမဲ့ပေါ့လေ။ ဒီ နှစ်ပြင်ရင် နောင်နှစ်ပြီးနိုင်တာမို့ နောက်နှစ်မိုးတွင်းမှာ စိတ်ချမ်းသာရ မယ် ဆိုတာလောက်ပဲ တွေးပြီး ကြည်နူး ရပါတယ်။ ဒါတောင် အပြည့်အဝ ကြည်နူးရတာ မဟုတ်ပါဘူး။ ဟိုနိုင်ငံ ဒီနိုင်ငံက ဒီအတွက်ကို ငွေလှည့်ချေး ရဦးမယ်ဆိုတာကြောင့် ဘယ်လိုမှကို မစဉ်းစားတတ်အောင် ပါပဲ။ ခုနက အပေါ်မှာ ရေးခဲ့သလို ထောင်ကထွက် လာတဲ့ လူဟောင်းကြီးရဲ့ မြေးက တောင် ဘီလျံချီပြီး ချမ်းသာနေတာကို တို့အစိုးရက သူတို့လောက်တောင် မချမ်းသာ ဘူးလားလို့ မေးကြည့်ချင်ပါ တယ်။ မကြာသေးခင်ကလည်း ဝန်ကြီး တစ်ယောက်ရဲ့ မိသားစုတွေထဲက တစ် ယောက် နိုင်ငံခြားမှာ အဲဒီလိုပဲ ဘီလျံ ချီပြီး ငွေစုထားတယ် လို့လည်း သိထားရ တာကြောင့် အစိုးရထက် စာရင်တောင် အစိုးရသားသမီးတွေက ပိုပြီးများ ချမ်း သာနေသလားလို့ပဲ မေးကြည့်ချင်ပါ တယ်ဗျာ။

ကျေးဇူးပါ။

အကြည်တော်

Popular journal

အပြည့်အစုံသို့ »

မပြောင်းလဲသော အကျိုးတရားများ


တစ်လောက ဂျာနယ်တစ်စောင် လက်ဆောင်ရလို့ ဖတ်ကြည့်တော့ တစ်နေရာမှာ တွေ့လိုက်ရတာက ဘယ်မင်းသမီးလေးရဲ့ ဘယ်ပွဲတက်တဲ့ဝတ်စုံက သိန်း ဘယ်နှစ်ဆယ်၊ ဘယ် မင်းသမီးရဲ့ ပွဲတက်ဝတ်စုံက ဘယ်နှစ်သိန်းဆိုတာ ဖတ်လိုက်ရတော့။ သြော် သူတို့ တွေ ရုပ်ရည်ကလည်းလှ၊ စည်းစိမ်ဥစ္စာကလည်း ပေါ ကြွယ်ဝလို့ ရောက်လေရာနေရာမှာ အခြံအရံကလည်း ပေါများ လှပါလားဆိုတာလေး တွေးမိလိုက်ပါတယ်။

သူတို့ရဲ့ဘဝပြည့်စုံကြွယ်ဝမှာပေါ့၊ ဒီလိုပြည့်စုံ ကြွယ်ဝစေတဲ့ အကျိုးတွေကို ခံစားရဖို့ အကြောင်း တွေက ပါလာတာကိုး။ သူတို့ရဲ့ ရေတွက်လို့ရနေသေး တဲ့ ပြည့်စုံချမ်းသာမှုလေးကို ခဏထားလိုက်ပါဦး။

ဘုရားလက်ထက်တော် တစ်ချိန်တုန်းက သာဝတ္တိ မြို့မှာ ထီးနန်းအုပ်စိုးတဲ့ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဆိုရင် အင်မတန်မှ ချမ်းသာကြွယ်ဝပြီး ဘုန်းကံကလည်း အလွန်ကြီးမားသလို အခြံအရံလည်း ပေါများလှပါတယ်။ မိဖုရားကြီးဟာ အသဒိသဒါနရှင် ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

အသဒိသ ဒါနရှင်ဆိုတာကလည်း ဘုရားတစ်ဆူ ပွင့်မှ တစ်ယောက်သာပေါ်တာပါ။ တစ်တိုင်းပြည်လုံး မှာရှိတဲ့ တိုင်းသူပြည်သားတွေနဲ့ ပြိုင်လှူတာ မိဖုရား ကြီးက နိုင်ပါသတဲ့။ ကောသလဘုရင်ကြီးရဲ့ မိဖုရား ခေါင်ကြီးလည်း ဖြစ်ပြန်တော့ အစစအရာရာ ပြည့်စုံကြွယ်ဝလှပါတယ်။ သူ့ရဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ တွေက အကျိုးပေးလို့ ချမ်းသာပြည့်စုံပေမယ့် မိဖုရားကြီးဟာ ခန္ဓာကိုယ်အချိုးအစားက သိပ်မလှ တဲ့အပြင် မျက်နှာကလည်း ကြည့်ပျော်ရှုပျော်လောက် ပဲရှိပါတယ်။

အဲဒါကို သူက စိတ်ထဲမှာ မတင်မကျဖြစ်နေတာ ပါ။ သူဒီလောက်ပြည့်စုံကြွယ်ဝချမ်းသာနေပြီးမှ ရုပ်ရည်ကျတော့ဘာကြောင့် လှပချောမောမှု မရှိတာ လဲဆိုတဲ့ အကြောင်းကို သူသိပ်သိချင်နေပါတယ်။ တစ်နေ့မှာတော့ သူ့စိတ်ထဲမှာ သိပ်သိချင်နေတဲ့ အကြောင်းအရာတွေကို မြတ်စွာဘုရားကို မေး လျှောက်ဖို့အတွက် မြတ်စွာဘုရား သီတင်းသုံးနေတဲ့ ဇေတဝန်ကျောင်းတော်ကို ရောက်လာပါတယ်။  ေ

ဇတဝန်ကျောင်းတော်ကို ရောက်တော့ မြတ်စွာဘုရား ဆီချဉ်းကပ်လို့ အလွန်ရိုသေအလေးအမြတ်ပြု တဲ့ အမူအရာနဲ့ ရှိခိုးကန်တော့ပါတယ်။ နောက်ပြီး သင့်တော်တဲ့ တစ်နေရာမှာထိုင်လို့ သူသိချင်တာလေး ကို မေးမြန်းခွင့်ပြုဖို့ မြတ်စွာဘုရားဆီမှာ ခွင့်တောင်း ပြီး သူ့စိတ်ထဲမှာ သိပ်သိချင်နေတာတွေကို မေးပါ တော့တယ်။

သူမေးတဲ့မေးခွန်းက လေးခုပါ။ မိဖုရားကြီးက ”အရှင်ဘုရား လောကမှာ တချို့အမျိုးသမီးတွေဟာ ရုပ်ဆင်းကလည်းမလှ ပစ္စည်းဥစ္စာကလည်း ဆင်းရဲ နွမ်းပါးပါတယ်။ အခြံအရံတန်ခိုးအရှိန်အဝါကလည်း နည်းပါးလှပါတယ်ဘုရား။ တချို့အမျိုးသမီးတွေက အဆင်းမလှပေမယ့် ချမ်းသာကြွယ်ဝပါတယ်။ အခြံ အရံပေါများပြီး တန်ခိုးရှိန်ဝါလည်း ကြီးမားလှပါတယ်။

တချို့အမျိုးသမီးတွေမှာတော့ ရုပ်ဆင်းလှပေမယ့် ဆင်းရဲနွမ်းပါပြီး အခြံအရံလည်းမရှိ၊ တန်ခိုးအရှိန် အဝါလည်း နည်းလှပါတယ်ဘုရား။ တချို့အမျိုးသမီး တွေ ကျပြန်တော့ ရုပ်ဆင်းလည်း လှပချောမောလို့ ချမ်းသာကြွယ်ဝသလို အခြံအရံတွေပေါများပြီး တန်ခိုး အရှိန်အဝါကလည်း ကြီးမားလှပါတယ်ဘုရား။ ဒီလိုမျိုး အကျိုးပေးတွေ မတူညီတာဘယ်လို အကြောင်း ကြောင့်ပါလဲဘုရား” လို့ မေးလျှောက် ပါတယ်။

အဲ ဒီအခါ မြတ်စွာဘုရားက ”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေဟာ အမျက်ဒေါသကြီးမားလှပါ တယ်။ ရဟန်း သံဃာတို့ကို ပေးကမ်းလှူဒါန်းခြင်းဆို တဲ့ ဒါနကိုလည်း မပြုပါဘူး။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှုတွေ၊ လာဘ်လာဘရရှိမှုတွေ အပေါ်မှာ လည်း မနာလိုဝန်တို ငြူစူ စောင်းမြောင်းမှုတွေ ဖြစ်ပေါ် ပါတယ်။ အဲဒီလို အမျိုးသမီးမျိုးဟာ ဒီဘဝကနေ နောင်တစ်ချိန် လူပြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ရုပ်ဆင်း ကလည်းမလှ၊ ခန္ဓာကိုယ် ပုံသဏ္ဍာန်အချိုးအစား လည်းမကျ ဆင်းရဲနွမ်းပါးပြီး အခြံအရံ တန်ခိုးအရှိန် အဝါ နည်းပါးပါလိမ့်မယ်။”

”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက အမျက်ဒေါသကြီးပါတယ်။ ဒါပေမယ့် ပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ ဒါနမှူကို ပြုလုပ်ပါတယ်။ သူတစ်ပါး တွေရဲ့ ပြည့်စုံမှုအပေါ်မှာလည်း မနာလိုဝန်တိုမှု စတာ တွေလည်း မဖြစ်ပါဘူး။ အဲဒီလိုအမျိုးသမီးမျိုးက ဖြစ်လေရာဘဝမှာ အဆင်းမလှပေမယ့် ချမ်းသာ ကြွယ်ဝပြီး အခြံအရံပေါ များလို့ တန်ခိုးရှိန်ဝါလည်း ကြီးမားပါလိမ့်မယ်။”

”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက အမျက်ဒေါသနည်းပါတယ်။ ဒါပေမယ့် ရဟန်းသံဃာ တို့ကို ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနမှုလည်းမရှိ သူတစ်ပါးတွေရဲ့ အပေါ်မှာလည်း မနာလို ဝန်တိုမှု တွေ ဖြစ်ပေါ်ပါတယ်။ အဲဒီလို အမျိုးသမီးက ဖြစ်လေ ရာဘဝမှာ အဆင်းလှပေမယ့် ဆင်းရဲနွမ်းပါးပြီး အခြံအရံလည်းမရှိဘဲ တန်ခိုးရှိန်ဝါ နည်းသူဖြစ်ရပါ လိမ့်မယ်။”

”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေကျတော့ အမျက်ဒေါသနည်းပါတယ်။ ရဟန်း၊ သံဃာစတဲ့ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း ပေးကမ်းလှူဒါန်းမှုဆိုတဲ့ ဒါနတွေကို ပြုလုပ်ပါတယ်။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှု လာဘ်လာဘရရှိမှုတွေအပေါ်မှာလည်း မနာလိုဝန်တိုငြူစူစောင်းမြောင်း တဲ့စိတ်လည်း မရှိပါ ဘူး။ ဒီလို အမျိုးသမီးကျတော့ ဖြစ်လေရာဘဝတိုင်း မှာ ရုပ်ဆင်းလှပ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး တန်ခိုးရှိန်ဝါကြီးမားလို့ အခြံအရံတွေ ပေါများပါ လိမ့်မယ်”

”ချစ်သမီးမလ္လိကာ အမျိုးသမီးတွေ ရုပ်ဆင်းလှသူ မလှသူ စတာတွေ ဖြစ်ပေါ်လာရတာ ဒီအကြောင်းတွေ ကြောင့်ပါပဲ” လို့ မြတ်စွာဘုရားက ဖြေကြားပေးတော် မူခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ အဖြေစကားကို ကြား လိုက်ရတော့ မိလ္လိကာ မိဖုရားကြီးရဲ့ အသိညာဏ်မှာ ကိုယ်ပြုလုပ်ခဲ့တဲ့ ခိုင်မာတဲ့ ကံအကြောင်းတရားတွေ ကြောင့် မပြောင်းလဲတဲ့ ကံကံရဲ့အကျိုးတွေကို ပြန်ပြီး သိနားလည်လိုက်ပါပြီ။

ဒါကြောင့် မိဖုရားကြီးက မြတ်စွာဘုရားကို ”အရှင်ဘုရား တပည့်တော်ဒီနေ့ကစပြီး အမျက် ဒေါသမကြီးသူ ဖြစ်စေရပါမယ်ဘုရား။ ရဟန်းသံဃာ စသော အလှူခံပုဂ္ဂိုလ်တို့ကို ပေးလှူသူဖြစ်စေရပါ မယ်ဘုရား။ သူတစ်ပါးတွေရဲ့ ပြည့်စုံကြွယ်ဝမှုတွေ အပေါ်မှာလည်း မနာလိုဝန်တိုစိတ်မရှိသူ ဖြစ်စေရ ပါမယ်ဘုရား”လို့ မြတ်စွာဘုရားကို ကတိပေး လျှောက် ထားလိုက်ပါတော့တယ်။

ဒီဇာတ်ကြောင်းထဲက မလ္လိကာ မိဖုရားကြီးရဲ့ စိတ်ဓာတ်ကို အခုခေတ်အမျိုးသမီးတွေ အတုယူ သင့်ပါတယ်။ အမျိုးသမီးတွေဆိုပေမယ့် အမျိုးသားတွေ ကလည်း လှချင်ပချင် ကြွယ်ဝချင်တာပဲဆိုတော့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်တာပါပဲ။ ဒီဘဝမှာ သာမက ဘဝဆက်တိုင်း အစစအရာရာ ပြည့်စုံလှပ ကြွယ်ဝချမ်းသာ ချင်တယ်ဆိုရင်တော့ ဘဝဆက်တိုင်း မပြောင်းလဲတဲ့ ကောင်းမှုကံ အကျိုးတရားတွေ ပြည့်စုံ ခိုင်ခန့်အောင် ဒီဘဝမှာ ပြည့်စုံခိုင်ခန့်တဲ့ ကောင်းမှုကံ အကြောင်းတရားတွေကို ထူထောင်သွားရမှာပါ။

ဒီဘဝမှာ ရတနာသုံးပါး၊ မိဘ ဆရာသမားတွေနဲ့ ပူဇော်သင့် ပူဇော်ထိုက်သူတွေ အပေါ်မှာ လှူဒါန်းပူ ဇော်မှုတွေ ပြုလုပ်လို့ ဒေါသတွေ နည်းနိုင်သမျှ နည်း အောင်ထိန်းလို့ မနာလိုဝန်တို ငြူစူစောင်းမြောင်း အတင်း ပြောမှုတွေကို ရှောင်ရှားလို့ သွားမယ်ဆိုရင်တော့ ဖြစ် လေရာ ဘဝမှာခိုင်ခန့်တဲ့၊ မပြောင်းလဲတဲ့ပြည့်စုံ ကြွယ်ဝချမ်းသာမှု အကျိုးတရားတွေကို ရရှိခံစားသွား ရမှာ မလွဲဧကန်ပဲဖြစ်ပါတယ်။ အဂ္ဂပတ္တော ပမောဒတိ။

Credit: သာသနာနွယ် (ရွှေမြန်မာဂျာနယ်)

အပြည့်အစုံသို့ »

ဒီမိုကရေစီ ပုံရိပ်သစ်



မကြာသေးမီ ရက်များအတွင်းကမ္ဘာ့ဖလားဘောလုံးပွဲနှင့် အပြိုင် ကျွန်တော်တို့၏အာရုံကို ဖမ်းစားလှုပ်ခတ်စေသော ပွဲတစ်ခုရှိခဲ့ပါသည်။ အခြားမဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်ပါသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကျွန်တော်တို့ အားပေးသည့် အသင်းတွေက မှန်းသည့်အတိုင်းဖြစ်မလာသဖြင့် စိတ်ပျက်ရသည့်တိုင် အဆိုပါ ရွေးကောက်ပွဲတွင် လူထုခေါင်းဆောင်တစ်ဦး အနိုင်ရရှိခဲ့သည့်အတွက်မူ အားတက်ပျော်ရွှင်ရပါသည်။

အာဏာရှင် ဆူဟာတို ပြုတ်ကျအပြီး ၁၆ နှစ်အကြာမှာ ကျင်းပသည့် အဆိုပါ သမ္မတရွေး ကောက်ပွဲကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲလိုပင် ပြိုင်ဆိုင်မှု ပြင်း ထန်ခဲ့သည်။ သို့သော် ဒီမိုကရေစီ စံနှုန်းတွေအောက်မှာ ပြိုင်ဆိုင်မှု၊ ငြင်းခုံမှုတွေက ငြိမ်းချမ်းစွာ ဖြစ် ပေါ်နေခြင်းမျှသာ။ ယခုနှစ် ရွေး ကောက်ပွဲတွင် သမ္မတလောင်း များအဖြစ် ဂျကာတာမြို့တော်ဝန် ဂျူကိုဝီဒိုဒိုနှင့် အာဏာရှင် ဆူဟာတို၏ သားမက်၊ ဗိုလ်ချုပ်ကြီး ဟောင်း ပရာဘိုဝို ဆူဘီယန်တိုတို့အပြိုင် အရွေးခံကြခြင်း ဖြစ်သည်။

ဂျကာတာမြို့တော်ဝန် ၀ီဒိုဒိုသည် သူ၏ရိုးရှင်းသော နေမှု ထိုင်မှုဘ၀၊ ပြည်သူ၏ အကျိုးအ တွက် စွမ်းစွမ်းတမံ ဆောင်ရွက် တတ်မှု၊ လာဘ်ပေးလာဘ်ယူ ကင်းမှုစသော ပုဂ္ဂိုလ်ရေးသန့်စင် မှုများကြောင့် လွန်ခဲ့သည့် နှစ်အ နည်းငယ်မှစ၍ စာနယ်ဇင်းများ တွင် ထင်ရှားခဲ့သည်။ လူချစ်လူ ခင်လည်း များသည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် လူထုက သူ့ အား အသည်းကြားက မဲတစ်ပြား ဖြင့် အနာဂတ်အင်ဒိုနီးရှား၏ သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မ ရှင်ကလည်း ၀ီဒိုဒိုအနိုင်ရကြောင်း အတည်ပြုကြေညာသည်။

သို့သော် ပြိုင်ဘက် ဗိုလ်ချုပ် ကြီးဟောင်း ပရာဘိုဝီက ၀ီဒိုဒို၏ လူများက ရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့သည်ဟူ သော စွပ်စွဲချက်ပေါ်လာသည်။ ထိုသို့သော ဗိုလ်ချုပ်ကြီးဟောင်း ၏ စွပ်စွဲမှုများကြောင့် အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ လှုပ်ခတ်သွားရ ခြင်း ဖြစ်သည်။ လက်ရှိသမ္မတ ယူရိုယူနိုကမူ သမ္မတလောင်းနှစ် ဦးအနေဖြင့် ရွေးကောက်ပွဲ ကော် မရှင်၏ တရားဝင် မဲရလဒ်ကို အ သိအမှတ်ပြုလက်ခံရန် ကြေညာ ထားသော်လည်း ဖွဲ့စည်းပုံတရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရသေးသည်။ သို့သော် အဖြေမှာ ထင်ရှားပြီး ဖြစ်ပါသည်။ ပရိဘောဂလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော ၀ီဒိုဒိုသည် အင်ဒိုနီးရှား၏ ပထမဆုံးအရပ်သားစစ်စစ် သမ္မတဖြစ်လာမည်။

ပြည်သူသန်းပေါင်း ၁၃၀ က မဲပေးခဲ့ကြသော အင်ဒိုနီးရှား၏ ရွေးကောက်ပွဲမြင်ကွင်းနှင့် အရပ် သားစစ်စစ်တစ်ယောက် သမ္မတ အဖြစ် တင်မြှောက်ခံရခြင်းက ဖိနှိပ်ချုပ်ချယ်မှုနှင့် နိုင်ငံရေး ရှေ့ မတိုး နောက်မဆုတ် ဖြစ်နေသည့် ကမ္ဘာ့နိုင်ငံအချို့မှ ပြည်သူများ အတွက် အားတက်စေသည့် ပုံရိပ်တစ်ခု ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကကော ဘယ်လိုလဲ။

နိုင်ငံရေးလေ့လာသူ အများ အပြားကပင် မြန်မာ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ အင်ဒိုနီးရှား ပုံစံကို နမူနာယူထားသည်ဟု ကောက်ချက်ချလေ့ရှိသည်။ အမှန်လည်း မြန်မာနှင့် အင်ဒိုနီး ရှားတို့မှာ သမိုင်းကံကြမ္မာချင်း ဆင်တူကြသည်။ နှစ်နိုင်ငံလုံးက ကိုလိုနီဖြစ်ဖူးသည်။ မြန်မာက အင်္ဂလိပ်ကိုလိုနီ၊ အင်ဒိုနီးရှားက ဒတ်ခ်ျ(နယ်သာလန်)၏ ကိုလိုနီ၊ ပြီးတော့ နိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုတွေ များပြားတာချင်းမှာ လည်း တူသည်။ အင်ဒိုနီးရှားတွင် တိုင်းရင်းသား လူမျိုးပေါင်း ၃၀၀ နီးပါးရှိသည်။ ကိုလိုနီ လက် အောက်ခံဘ၀မှ လွတ်လပ်ရေးရ သည့် နှစ်ချင်းကလည်း သိပ်မကွာ၊ မြန်မာက ၁၉၄၈၊ အင်ဒိုနီးရှားက ၁၉၄၉ တွင် လွတ်လပ်သော အ ချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ် လာသည်။ ဒုတိယကမ္ဘာစစ်အ တွင်း မြန်မာ၏ လွတ်လပ်ရေးအ တွက် သခင်အောင်ဆန်းက ဂျပန် နှင့် ပူးပေါင်းခဲ့ဖူးသလို လွတ်လပ် သော အင်ဒိုနီးရှားနိုင်ငံ၏ ပထမ ဆုံးသမ္မတဖြစ်လာမည့် ဆူကာနို ကလည်း သူ၏အမိနိုင်ငံလွတ် လပ်ရေးအတွက် ဂျပန်နှင့်လက် တွဲခဲ့သော ဖြစ်ရပ်တွင်လည်း ဆင် တူသည်။

အင်ဒိုနီးရှားနှင့် မြန်မာတို့၏ သမိုင်းဖြတ်သန်းမှု တူညီခြင်းမှာသည်လောက်နှင့် မရပ်တန့်သေး ပါ။ လွတ်လပ်ပြီးစ ပြည်တွင်းရေးရှုပ်ထွေးမှုများကို ရင်ဆိုင်ရပုံချင်း မှာလည်း တူကြသည်။ အဆိုပါ ပြည်တွင်းရေးအရှုပ်အရှင်းများကို အကြောင်းပြ၍ အရပ်သား အစိုးရ ထံမှ စစ်တပ်က အာဏာသိမ်းယူ ပုံချင်းမှာလည်း သိပ်မကွာ။ မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီး နေ၀င်းခေါင်းဆောင်သည့် စစ်တပ်က ၂ မတ် ၁၉၆၂ မှာ အာဏာသိမ်းသလို အင်ဒိုနီးရှားတွင် တပ်မတော်အရာရှိအချို့က အာဏာကို သိမ်းယူပြီး ဗိုလ်ချုပ်ကြီးဆူဟာတိုက သမ္မတဆူကာနို၏ လက်ထဲမှ အာဏာကိုရယူဆုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ်တွင် အာဏာရှင်ဗိုလ်ချုပ် ကြီးများ အစိုးရကို ဆန့်ကျင်သည့် လူထု အရေးတော်ပုံ ဖြစ်ပွား သည်။ သို့သော် အာဏာရှင်စနစ် ၏ အပေါ်ယံအဆောက်အအုံဖြစ် သည့် အစိုးရအဖွဲ့ကိုသာ ဖြုတ်ချ နိုင်ခဲ့ပြီး မျိုးဆက်သစ် စစ်အာဏာရှင်စနစ်၏ ခါးသီးမှုကို ဆက် လက်ခံစားခဲ့ရသည်။ အင်ဒိုနီးရှား မှာ အာဏာရှင်ကို ဆန့်ကျင်သည့် လူထုအုံကြွမှုက မြန်မာထက် ဆယ်နှစ်တိတိ နောက်ကျပြီး ၁၉၉၈ ခုတွင်မှ ပေါ်ပေါက်သည်။ သို့သော် မြန်မာနှင့် ခြားနားသည် မှာ အင်ဒိုနီးရှားက ဆူဟာတိုကို ဖြုတ်ချအပြီး ဒီမိုကရေစီသို့ စော စီးစွာ တစ်ရစ်ချင်းပြန်လည်လှမ်း တက်နိုင်ခြင်း ဖြစ်သည်။

သို့ဖြင့် အာဏာရှင် ဆူဟာ တိုပြုတ်ကျအပြီး ၁၃ နှစ်နီးပါး အ ကြာမှာ အင်ဒိုနီးရှားတွင် စစ်တပ် ထဲကလည်း မဟုတ်၊ နိုင်ငံရေးမျိုးရိုး အဆက်အနွှယ်ထဲကလည်း မဟုတ်သည့် သာမန်အရပ်သား တစ်ယောက်ကို လူထုက ရွေးချယ်တင်မြှောက်နိုင်သွားပြီ။ မြန်မာကတော့ ဒီနေရာမှာ အင်ဒိုနီးရှားထက် ဆယ်နှစ်ကျော်ကြာ နောက် ကျနေပြီး အခုမှ ဒီမိုကရေစီသို့ သွားမည်ဟု ပြောနေတုန်း။ ထိုသို့သွားရာတွင် လွန်ခဲ့သည့် ၁၃ နှစ်၊ ဆူဟာတိုအလွန် အင်ဒိုနီးရှားမှာ ကျင့်သုံးခဲ့ဖူးသည့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ပါဝင်နိုင်ခွင့် နမူနာယူကာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ထည့်ထားသည်။

ပြီးတော့ အင်ဒိုနီးရှား၏ ဒီမို ကရေစီသို့ ချီတက်စ ကနဦးနှစ် များကအတိုင်း အာဏာရှင်စနစ် ၏ လောင်းရိပ်များကိုလည်း သိ သိသာသာ ဖန်တီးထားသည်။ ထို့ ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေး၏ ဒီမိုကရေစီအသွင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း တပ်မတော်နှင့် တပ်မတော်သားဟောင်းများ၏ စွက်ဖက်ဖန်တီးမှုများနှင့် လုံးလား ထွေးလားဖြစ်နေခြင်း ဖြစ်သည်။ ဤသည်မှာ လွန်ခဲ့သည့် ၁၃ နှစ် က အင်ဒိုနီးရှား၏ ဒီမိုကရေစီပြု ပြင်ရေးနေ့ရက်များနှင့် သိပ်မကွာ ပေ။ သို့သော် အင်ဒိုနီးရှားက အဆိုပါ နိုင်ငံရေး ရှုပ်ထွေးမှု၊ စနစ် ဟောင်းနှင့် စနစ်သစ်အားပြိုင်မှု ကို ရည်ရွယ်ချက်ရှိရှိဖြင့် တရွေ့ ရွေ့ ကျော်လွှားသွားနိုင်ခြင်းဖြစ် ပြီး လက်ရှိမြန်မာနိုင်ငံရေးက တော့ ၀င်္ကပါထဲမှာ တ၀ဲလည် လည် ဖြစ်နေဆဲ။

ဆူဟာတိုအလွန် အင်ဒိုနီး ရှား၏ သမ္မတအဖြစ် နှစ်များစွာ ထမ်းဆောင်ခဲ့သူ ဆူစီလိုဘန် ဘန်း ယူရိုယူနိုမှာလည်း ဗိုလ်ချုပ် ကြီးဟောင်း တစ်ယောက်ဖြစ်ပါ သည်။ သို့သော် လက်ရှိမြန်မာ၏ ဒီမိုကရေစီအစိုးရနှင့် ကွာခြား ချက်မှာ ယူရိုယူနိုက အမှန်တ ကယ် ဒီမိုကရေစီသို့ အင်ဒိုနီးရှား ကို ချီတက်စေခဲ့တာဖြစ်ပြီး ယခင် စစ်အာဏာရှင် အမူအကျင့်များ နှင့် လမ်းခွဲထွက်နိုင်ခြင်း ဖြစ် သည်။ ပြီးတော့ လွှတ်တော်ထဲမှာ ထည့်ထားသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏ အခန်းကဏ္ဍကို လည်း တဖြည်းဖြည်းနှင့် သိသိ သာသာ လျှော့ပေါ့ဖယ်ရှားပစ်နိုင် ခဲ့သည်။ အင်ဒိုနီးရှားဖွဲ့စည်းအုပ် ချုပ်ပုံမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နိုင်ငံတော်အာ ဏာကို အချိန်မရွေး သိမ်းယူနိုင် ခြင်းလည်း မပါပါ။ အရပ်သား တစ်ယောက်ကို သမ္မတမဖြစ်စေ နိုင်ရန် ရည်ရွယ်ကန့်သတ်ချက် မျိုးလည်း မရှိ။ သမ္မတက စစ်ရေး အမြင်ရှိစရာလည်း မလို။

ဒီနေ့ မြန်မာကို ဒီမိုကရေစီ အသွင်ပြောင်းနေသည့် ဗိုလ်ချုပ် ကြီးဟောင်းများ၏ အစိုးရအဖွဲ့က ကော ထိုသို့ ဟုတ်ပါရဲ့လား။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို သူတို့ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံရေးစင်မြင့်တွင် ယခင်ကလို စစ်ယူနီဖောင်းဝတ်များ မမြင်ရ တော့သော်လည်း အရပ်သား တစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံရေးတွင် လွှမ်းမိုးနေဆဲ ရှိသေးသည်။ ပြီးတော့ လွတ်လပ် စွာ ပြောဆိုရေးသားခွင့်၊ စီတန်း လှည့်လည်ခွင့်စသော အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ထားပြီး အတိုက်အခံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်ဘောင်ကိုလည်း ချုပ်ကိုင်ထားသည်။ ဒီမိုကရေစီသို့ရွေ့လျားစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေအချို့ကို ပြင်
ဆင်နိုင်ရေးအတွက် လူထုနှင့်အတိုက်အခံက အင်တိုက်အားတိုက် တောင်းဆိုနေသည့်တိုင် အစိုးရဘက်က လိုလားသည့် စိတ်ဆန္ဒ မပြသေးပါ။

အပေါ်ယံအားဖြင့် မြန်မာ နှင့် အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးပုံချင်း၊ ဒီမိုက ရေစီသို့ သွားပုံချင်းမှာ ကျွမ်းကျင် သူများ အကဲဖြတ်သလို တူညီမှု ရှိသယောင် ထင်ရသော်လည်း နိုင်ငံရေးတွင် ပါဝင်ဦးဆောင်သူ များ စေတနာနှင့် ပန်းတိုင်သို့ ချီ တက်ပုံခြင်းမှာ ကွဲပြားပါသည်။ ဆိုခဲ့သည့်အတိုင်း အင်ဒိုနီးရှား က ဒီမိုကရေစီကို တစ်နေ့တခြား ရင့်ကျက်အောင် စွမ်းဆောင်နိုင် ခဲ့သော်လည်း မြန်မာက ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေးလုပ် မည်ဟု ကြွေးကြော်အပြီး ငါးနှစ် နီးပါး ကြာလာသည့် ယခုအခါမှာ သိပ်ပြီး မရေရာပါ။ အများစိုးရိမ် သလို နောက်ကြောင်းမပြန်သော် လည်း ရှေ့သို့ တိုးတက်ခြင်း မရှိ ပါချေ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရေး ပြောင်းလဲမှုဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သော အရပ်သားတစ်ယောက် ကို သမ္မတမဖြစ်နိုင်အောင် ကန့် သတ်ထားခြင်း၊ စစ်တပ်က နိုင်ငံ ရေးတွင် နက်ရှိုင်းစွာ ပါဝင်ပတ် သက်နေဦးမည့် လက္ခဏာရှိခြင်း၊ ရွေးကောက်ပွဲမဲပေးစနစ်ကို နိုင် သူအကုန်ယူစနစ်မှ အချိုးကျ ကိုယ်စားပြုစနစ်သို့ ပြောင်းလဲရန် စိုင်းပြင်းနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးရရှိရန် မရေရာသေးခြင်း၊ လူထု၏ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်အပါအ၀င် စာနယ်ဇင်း များ၏ လွတ်လပ်သော အရေး အသားများအပေါ် တည်ဆဲဥပဒေ တွေနှင့် ခြိမ်းခြောက်ခံနေရခြင်း စသည်တို့ရှိနေပါသည်။

မည်သို့ဖြစ်စေ ‘‘ဒီမိုကရေစီ ဘာမှားနေသလဲ’’ဟု အီကော် နောမစ် မဂ္ဂဇင်းက မေးခွန်းထုတ် ရေးသားရသည်အထိ အာရပ်နွေ ဦးနိုင်ငံများတွင် ဒီမိုကရေစီထူ ထောင်ရေး မအောင်မမြင်ဖြစ်နေ ချိန်၊ အချို့တိုင်းပြည်များတွင် စစ်
တပ်က အာဏာသိမ်းမှု လှိုင်း ဂယက်များ ရှိနေချိန်မျိုးတွင် အင် ဒိုနီးရှားရွေးကောက်ပွဲရလဒ်က ကမ္ဘာကြီးအတွက် အားတက်စ ရာ ဖြစ်ရသည်။ ဒီမိုကရေစီစနစ် အောက်တွင် ပြည်သူလူထုအနေ ဖြင့် သူတို့ကို အုပ်ချုပ်မည့် ခေါင်း ဆောင်အား သူတို့ကိုယ်ပိုင်ဆန္ဒ ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိ ကြောင်း၊ လူထုထောက်ခံပါက နိုင်ငံသားတစ်ဦးအနေဖြင့် မည် သူမဆို သမ္မတဖြစ်နိုင်ကြောင်း အာဏာနှင့် ကိုယ်ကျိုးစီးပွားအ တွက် ဒီမိုကရေစီ ပုံဖျက်နေကြ သူများရှိနေသော ကမ္ဘာကြီးကို အင်ဒိုနီးရှားက သက်သေပြလိုက် ခြင်း ဖြစ်ပါသည်။

7daydaily

အပြည့်အစုံသို့ »

ဆံညှပ်အခုတစ်ရာ



ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။

နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက “မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား” လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက “သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်”လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့ သမီးတော်ရဲ့ဆံနွယ်တွေဟာ ဖြည်လျောကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့အလှကို မင်းသားရင်သပ်ရှုမောသွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့အဆုံးက မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့…..

ဆံညှပ်အခုတစ်ရာဟာ လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝလို့ဆိုရင် ဆံညှပ်တစ်ခုလျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ဘဝလို့ ဆိုရပါမယ်။ မပြီးပြည့်စုံတဲ့ဘဝဟာ နောင်တစ်ချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ကြုံနိုင်ပါတယ်။
ချွတ်ယွင်းချက်ရှိတာနဲ့ စိတ်ညစ်မှိုင်တွေနေတော့မလား…
လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ….

မျက်ကွယ်ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာမဟုတ်ပါဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ပါဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ပါဘူး။
ရယူပိုင်ဆိုင်ပြီဆိုတိုင်း ထာဝရတည်မြဲတာမဟုတ်ပါဘူး။
ရှုံးဆုံးပြီဆိုတိုင်း နောက်တစ်ဖန်မပိုင်ရတော့တာ မဟုတ်ပါဘူး။
လှည့်ထွက်ခဲ့တယ်ဆိုတိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ပါဘူး။

ရွေးချယ်စရာလမ်းမရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။
လောကမှာ အမှားနဲ့အမှန်ပဲရှိတယ်လို့ မထင်လိုက်ပါနဲ့။
ကိစ္စတော်တော်များများရဲ့အဖြေဟာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။
ကျွန်မတို့မှာလျှောက်ဖို့လမ်းတွေ အမြဲရှိနေပါသေးတယ်။
လက်လွှတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။
မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။
စိတ်ညစ်ဖို့ သင်ဆင်ခြင်ပေးနိုင်ရင် ပျော်ရွှင်ဖို့အတွက်ကိုလည်း သင်ဆင်ခြင်ရှာနိုင်ပါတယ်။

မူရင်းလင့် – http://www.christianstudy.com/data/illu/sic0104.html

နိုင်းနိုင်းစနေ (Monday, December 12, 2011)

အပြည့်အစုံသို့ »

မ မြင် ဖူး သော ချစ် မိတ် ဆွေ များ


ပါဠိတွင် ” အဒိဌ သဟာယ ” ဟူသော စကားတစ်ရပ် ရှိသည် ။
မမြင်ရသော မိတ်ဆွေ ၊ တစ်ဦးနှင့်တစ်ဦး မမြင်ဖူးသေးဘဲ နှင့် စာဖြင့်သော်လည်းကောင်း၊ သတင်းစကားဖြင့်သော်လည်းကောင်း၊
ခင်မင်ရင်းနှီးသော မိတ်ဆွေကို ဆိုလိုသည် ။

သူသူငါငါတို့တွင် ယင်းသို့သော မိတ်ဆွေများ ရှိကြသည် ။ ထိုမိတ်ဆွေစာရင်းတွင် ဘုရားရှင်သည် ထိပ်ဆုံးမှ ဖြစ်ပေသည် ။ ဘုရားရှင်ဟူသည်
သူသူငါငါတို့ဧ။် အသည်းနှလုံးတွင် မမြင်ဖူး မတွေ့ဖူးပါဘဲ နှင့် စွဲစွဲထင်ထင် တည်ရှိနေသော မိတ်ဆွေကြီးပင်ဖြစ်သည် ။

အဒိဌ သဟာယ မိတ်ဆွေများသည် ခင်မင်ချစ်ကြည်မှု ပို၍သန့်ရှင်းကြည်လင်တတ်သည် ။ အကြောင်းမူကား အချင်းချင်း တွေ့ဆုံ ဆက်ဆံရသော
မိတ်ဆွေများအဖို့ ရှုပ်ထွေးပွေလီသော လောကီကိစ္စများဖြင့် ၊ တစ်ကြောင်းမဟုတ် တစ်ကြောင်း ၊ တစ်နည်းမဟုတ် တစ်နည်း ငြိစွန်းအပြစ်မြင်၍
လာတတ်ကြပေရာ ၊ ချစ်ကြည်မှုတွင် အဖုအထစ်ကလေးများ အစွန်းကလေးများ ရှိတတ်သောကြောင့် မသန့်ရှင်း မကြည်လင် ဖြစ်တတ်ကြသည် ။
မမြင်ဖူး မတွေ့ဖူးသော မိတ်ဆွေတွင်မူကား ယင်းအငြိအစွန်း မရှိဘဲ မေတ္တာစင်စင် ကြည်ကြည်လင်လင် ဖြင့်သာ ခင်မင်ကြခြင်းဖြစ်သည် ။

သို့အတွက် ဤအခြေအနေကို ဆက်လက်ထိန်သိမ်းထားရန် လိုအပ်ပါသည် ။ လူ့သဘာဝ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း သဘောထားချင်း ထပ်တူကျဖို့
ဆိုသည်မှာ ရှားရှားပါးပါးပင်ဖြစ်သည် ။ တစ်ယောက်ဧ။် ခံယူထင်မြင်ချက်ကို ဖေါ်ပြထားရာတွင် အခြားတစ်ယောက်က ကြိုက်နှစ်သက်ခြင်း၊ ထောက်ခံအားပေးခြင်း
မပြုခဲ့လျှင် သိတ်ပြီး ဘဝင်မကျ ဖြစ်တတ်သည် ။ အမှန်အားဖြင့် မိမိဧ။် ထင်မြင်ယူဆချက်သည် တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ရင်း မဖြစ်ဖို့လိုသည် ။
ဓမ္မ ဟူသည့် သဘာဝတရားကို အရင်းတည်ပြီး ဖြစ်တတ်ပျက်တတ်သော သဘောအမြင်ကို ရည်ညွှန်းလျက် ၊ အတုယူရန်, ဆင်ခြင်တတ်ရန်, သင်ခန်းစာရစေရန်
အတွက် လူ့အသိုင်းအဝိုင်း( ဘာသာဝါဒ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ) အတွင်း၌ စိတ်ရင်း စေတနာမှန်ဖြင့် တင်ပြဆွေးနွေးနိုင်ဖို့ လိုအပ်ပေသည် ။

” အဒိဌ သဟာယ ” မမြင်ဖူးသော မိတ်ဆွေစစ်ဖြစ်သော ဘုရားရှင်ဧ။် တရားတော်များသည် လူသားတိုင်းအတွက် လိုက်နာကျင့်ကြံသင့်သော အမှန်ကန်ဆုံး
အယူအဆ မူဝါဒများ ဖြစ်သည် ။ ထို့ကြောင့် ဗုဒ္ဓတရားတော်များကို အခြေခံ၍ ရေးသား ဆွေးနွေး မေးမြန်းကြရင်းဖြင့် ကြည်လင်သန့်စင်သော ခင်မင်မှုကို
မပျက်ပြယ်ရန် ထိန်သိမ်းထားသင့်ပေသည် ။

ဂေါတမ ဘုရားရှင် မပွင့်ပေါ်မီ အချိန်လေးမှာ ဗိမ္ဗိသာရ ဘုရင်နှင့် ပက္ကုသာတိ ဘုရင်တို့သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သဘောထားမေးမြန်းဆွေးနွေးကြရင်းဖြင့်
‘ အဒိဌ သဟာယ ‘ မမြင်ဖူးသောမိတ်ဆွေများ ဖြစ်သွားကြသည် ။ ဘုရားရှင်ပွင့်တော်မူပြီး ဗိမ္ဗိသာရ ဘုရင်သည် ဘုရားရှင်ဧ။် တရားတော်ကို ကြားနာရ၍ ဘုရားဒါယကာ,
ကျောင်းဒါယကာကြီး ဖြစ်လာသောအခါ ၊ ပက္ကုသာတိ ဘုရင်ထံသို့ အမွန်မြတ်ဆုံးဖြစ်သော ရတနာသုံးပါးဂုဏ်ရည်တို့ကို အနက်အဓိပ္ပာယ်နှင့်အတူ ရတနာရွှေကြုတ်နှင့်ထည့်၍
ပို့ပေးလိုက်သော် ၊ ရတနာလက်ဆောင်ရသည်နှင့် မမြင်ဖူးသော မိတ်ဆွေကြီးကို မြင်ဖူးသောမိတ်ဆွေကြီးအဖြစ် တွေ့ဆုံရန်လည်းကောင်း၊ ရတနာသုံးပါးကို ကိုယ်တိုင်ကိုယ်ကြပ်
တွေ့ဆုံဖူးမျှော်ရန်လည်းကောင်း ၊ နေ့မဆိုင်း ညမဆိုင်း ရာဇဂြိုဟ်ပြည်သို့ ကြွချီလာသည် ။ ယင်းသည့်နောက် အလွန်ချစ်ကြည်ရင်းနှီးသော ဓမ္မမိတ်ဆွေများအဖြစ် သက်ဆုံးတိုင်
ချစ်ချစ်ခင်ခင် နေထိုင်သွားကြရလေသည် ။ ထို့ကြောင့် မမြင်ဖူးသော မိတ်ဆွေစစ်ကြီးဖြစ်သည့် ဘုရားရှင်ကို အကြောင်းပြု၍ ဆက်သွယ်မေးမြန်း ရေးသားဆွေးနွေးကြမည်ဆိုလျှင်
အချင်းချင်းသည်လည်း မိတ်ဆွေစစ်များအဖြစ် ရောက်ရှိကြကာ နှစ်ဦးနှစ်ဖက် အကျိုးများကြရပေလိမ့်မည် ဖြစ်သည် ။

ယဉ်ကျေးသော လူ့လောက စတင်သည်မှ အစပြု၍ ငယ်စဉ်တွင် ပညာရှာခြင်း၊ ကြီးလာလျှင် ဥစ္စာရှာခြင်းတို့မှာ အစဉ်အလာ သိမှတ်လိုက်နာချက်များဖြစ်သည် ။ သို့ရာတွင် အတတ်ပညာနှင့်
ဥစ္စာအပြင်၊ တရားရှာ အသိရှာခြင်းမှာကား အကြင်သူတစ်ဦးဧ။် အသိပညာကြီးမှ ဖြစ်နိုင်သည် ။ အသိပညာ အခြေခံ မကြီးလျှင် ရအပ်သော စီးပွားဥစ္စာ၊ ရာထူးဂုဏ်သိန်တို့တွင်သာ သေသည်အထိ
သာယာနစ်မြော မွေ့ထုံနေသွားတတ်သည် ။ ရာထူးဂုဏ်သိန်နှင့် ပြည့်စုံနေသေးသမျှ တရားရှာ အသိရှာဖို့ကို သတိမရပေ၊ ရာထူးဂုဏ်သိန် လျောကျသည့်အခါမျိုးမှာသာ တရားစာပေဘက် ,
တရားအလုပ်ဘက်ကို ရောက်လာတတ်သည် ။ ထိုအခါမျိုးတွင် ထင်သလောက် ခရီးမတွင်နိုင် ဖြစ်ရတတ်သည် ။

သို့ရာတွင် အကြင်သူတစ်ဦး၌ ဆန္ဒတစ်ရပ်ထက်သန်လာပြီဆိုလျှင် ယင်းဆန္ဒကို ဖြစ်မြောက်အောင်မြင်ရန် နှိုးဆွ ပင့်မြှောက်ပေးသော အကြောင်းအချက်တစ်ရပ်ရပ်သည် မမျှော်လင့်သော
တစ်နေရာရာမှ ပေါ်ပေါက်လာတတ်သည် ။ ဤသည်တို့ကို အဒိဌ သဟာယ မိတ်ဆွေတို့မှ ရရှိနိုင်သလို မိမိကိုယ်တိုင်လည်း စာပေကျမ်းဂန်တို့ကို ဆည်းပူးလေ့လာခြင်းဖြင့်ရရှိနိုင်ပေသည် ။
တရားဆန္ဒ တရားအခြေခံ ရှိသော ပုဂ္ဂိုလ်များတွင် ယေဘူယျအားဖြင့် ဤလောကဧ။် ဆင်းရဲမှု၊ မမြဲမှု၊ ဤခန္ဓာကိုယ်ဧ။် အနှစ်သာရမရှိမှု စသော အခြေခံ အတွေးအသိများ ရှိနေကြပေသည် ။
ယင်းအခြေခံ အသိတရားတို့ကို ဥစ္စာဓန ပျက်ပြားမှ ၊ ရာထူးဂုဏ်သိန် လျောကျမှ ၊ သက်ကြီးရွယ်အို ဘဝ ရောက်မှ ရရှိလာပါက အလွန်နောက်ကျနေပေလိမ့်မည် ။ ပညာရှာစဉ် , ဥစ္စာရှာစဉ်မှာပင်
တရားသဘာဝ အယူအဆတို့ကို လုံ့လပြု အချိန်ပေး၍ ရှာဖွေလေ့လာ မှတ်သားထားကြရပေလိမ့်မည် ။ သူ့အသိ သူ့ဆန္ဒကို နှိုးဆွပေးသော အကြောင်းအချက်ကလေးများက လှုံ့ဆော်ပေးလိုက်သည့်
အခါတွင် တရားသံဝေဂဘက်သို့ ရုတ်ခြည်း ကူးပြောင်းလာတတ်သည် ။ တရားဧ။် အကျိုးအမြတ်သည် ဆွေးနွေးရုံမျှ ၊ ဖတ်ရှုကြားနာရုံမျှ ဖြင့် မသိနိုင် မရနိုင် ၊ ကျင့်သုံးဆောက်တည်ပါမှ သိနိုင် ရနိင်
မည်ဆိုသည်ကို ကောင်းစွာ နားလည် သဘောပေါက် ထားရန်လည်း လိုအပ်လှပေသည် ။

တရားသမားတို့ဧ။် ဘဝ၌ နေနိုင်ခဲ့ပါသော် ဧကစာ တစ်ယောက်တည်းသာနေခြင်းသည် အကောင်းဆုံးဖြစ်ဧ။် ၊ သို့သော် အဖေါ်ဖြစ်လာခဲ့လျှင်လည်း မိမိထက်သာသောအဖေါ်၊ မိမိနှင့်ရည်တူသောအဖေါ်ကို
ရနိုင်သော် ကောင်းဧ။် ။ ယုတ်ညံ့သောအဖေါ်ကိုကား အဖေါ်လိုသည့် အကြောင်းပြချက်တစ်ခုမျှဖြင့် မပေါင်းလေနှင့် ၊ တစ်ယောက်တည်းနေသည်က အကောင်းဆုံးဖြစ်သည် ဟူ၍ ဘုရားရှင်ဟောတော်မူဧ။် ။

သိဒ္ဓတ္တ မင်သားသည် တစ်ပါးတည်းတောထွက်တော်မူသည် ။ ဖဝါးခြေထပ် ကပ်၍ လိုက်ပါလိုသော ငယ်ဖေါ်မောင်ဆန်ကို လက်မခံခဲ့ပေ၊ အကြောင်းကား မောင်ဆန်သည် ကျိုးနွံသော်လည်း တရားအဖေါ်
ဓမ္မအဖေါ်မိတ်ဆွေ မဖြစ်နိုင်သောကြောင့်ဖြစ်သည် ။ တရားအကျိုး တိုးတိုးဖေါ်မျှ မဖြစ်နိုင်ကြောင်း ရှေးမဆွကပင် မြင်သိခဲ့ဧ။် ။ မှန်ပါသည် ၊ ခက်ထန် မာန်ကြီးသော မောင်ဆန်ခေါ် အရှင်ဆန္ဒသည် ဘုရားရှင်
ပရိနိဗ္ဗာန် စံယူတော်မူပြီးသည့်နောက်မှသာ အကျွတ်တရားရခဲ့သူဖြစ်သည် ။ သို့သော် အရည်တူ ပဉ္စဝဂ္ဂီ တို့ရောက်လာသောအခါတွင်မူ အဖေါ်အဖြစ် လက်ခံတော်မူခဲ့သည် ။

ယင်းသို့ဖြင့် တောထွက်သည်ဆိုသော်လည်း ဧကစာ တစ်ပါးတည်း လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘဲ သဘောတူရာတူရာ ဓမ္မမိတ်ဆွေအဖြစ်ပူးပေါင်း၍ နှစ်ပါးစု၊ သုံးပါးစု၊ ငါးပါးစု(ပဉ္စဝဂ္ဂီ) အစ၊ လေးငါးရာထိ
စုပေါင်းတောထွက်ကြသည်များလည်း ရှိခဲ့ဖူးသည် ။ သို့သော် လက်ကောက် နှစ်ရံ ဆင့်ထားလျှင် ထိခိုက်တတ်သည်ကို မဟာဇနက ဇာတ်တော်လာ စကားကဲ့သို့ အဖေါ်ကြောင့် အကျိုးထွက်သကဲ့သို့ အဖေါ်ကြောင့်
အကျိုးပျက် ပြဿနာတက် ရသည်များလည်း ရှိလာတတ်လေသည် ။

မိတ်ဆွေအပေါင်းအသင်းဟူ၍ ဖြစ်လာခဲ့သော် ၊ ဝေဖန် ပြစ်တင် , ဆိုဆုံးမမှုတို့ကို စိတ်ရင်းစေတနာဖြင့် ပြုမူတတ်ကြသည် ။ လူသည် ယဉ်ကျေးမှုအရ သာမန်အားဖြင့် ကြီးသူက ငယ်သူအား ဆိုဆုံးမခွင့်၊ အပြစ်နှင့်
ကြုံလာလျှင် ပြစ်တင်ဝေဖန်နိုင်ခွင့် ရှိသယောင် ယူဆကြရဧ။် ။ ငယ်သူက ကြီးသူဧ။် အဆုံးအမကို လေးစားနာယူရမယောင် ရှိတတ်ဧ။် ။ သို့သော် သိမှတ် ခံယူပြီးသော ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီးမဟုတ်ခဲ့သော်
ကျိုးနွံနာခံဖို့ရာမှာ လွယ်မယောင်နှင့် ခက်သည် ။ ယခုခေတ်၌ ဆရာ,မိဘ စကားကိုပင် လေလေးစားစား နာယူတတ်သောအကျင့်တို့ နည်ပါးလျက်ရှိချေပြီ ။ အကြောင်းမူကား ဝေဖန်ဆုံးမမှုဟူသည် အကြောင်းပင်
မှန်စေဦးတော့ , အကြင်သူတစ်ဦးဧ။် မာန နှင့် အတ္တ ကို ထိခိုက်လာတတ်သောကြောင့် ဖြစ်ပေသည် ။ ဆုံးမဝေဖန်ခံရသောအခါ အကြောင်းသင့်သော ဆုံးမမှုပင်ဖြစ်သော်လည်း အတ္တမာနအခံကြောင့် ကြောင်းကျိုးကို
မဆင်ခြင်နိုင်တော့သဖြင့် ပြန်လှန် တုန့်ပြန်တတ်ကြခြင်း ဖြစ်သည် ။

ဆုံးမခံယူမည့်သူကို သူ့အားတိုက်ရိုက် မရည်ညွှန်းဘဲ နီတိကျမ်းဂန်များဖြင့် ဥပမာပြ ဆုံးမခဲ့သော် နားဝင်နိုင်လောက်ပေသည် ။ သို့ရာတွင် နာယူသူမှ စိတ်ဝင်တစားဖြင့် အာရုံစိုက် ကြားနာရန် လိုအပ်ပေသည် ။
အပြစ်ကြုံလာသဖြင့် မိမိဧ။် ကိုယ်ပိုင်အသိ ကိုယ်တိုင်စကားတို့ဖြင့် ဆုံးမဝေဖန်ခဲ့သော် လျှောလျှောလျူလျူ နာခံဖို့မှာ ယခုခေတ်၌ မရှိသလောက် ရှားလှပေတော့သည် ။

အရှင်သာရိပုတ္တရာသည်လည်းကောင်း၊ အရှင်ရာဟုလာသည်လည်းကောင်း၊ ဆုံးမလိုသူတို့ဧ။် အဆုံးအမစကားကို မပြတ်ခံယူလိုပါသည် ဆိုခြင်းမှာ ထိုအရှင်တို့သည် အတ္တ မာန ကင်းပြတ်ပြီးသော ရဟန္တာအရှင်တို့
ဖြစ်သောကြောင့်ဖြစ်ပေသည် ။ ပုထုဇဉ်တို့ နယ်ပယ်တွင်မူကား ဆုံးမဝေဖန်မှုကို ထားပါဦး အလွန်ချစ်ပါသည်ဆိုသော မိတ်ဆွေချင်းပင်လျှင် စကားအယူအဆ အဆင်မပြေလျှင် အဖုအထစ် ကတောက်ကဆဖြစ်တတ်သည်။
သို့အတွက် မိတ်ဆွေအချင်းချင်း သဘောထား၊ အယူအဆ၊ အတွေးအမြင် တို့ကို ရေးသားဆွေးနွေးရသည်ရှိသော် ဓမ္မဓိဌာန် ကျကျ ရှုမြင်သုံးသပ်တတ်ဖို့လိုသည် ၊ အတ္တ မာန ကင်းဖို့လိုသည် ၊ မေတ္တာအစေး မပြယ်ရန်
အမြဲသတိဖြင့် နှလုံးသွင်း ဆင်ခြင်တတ်ဖို့လိုပေသည် ။

ဘုရားလောင်းနှင့် အရှင်အာနန္ဒာလောင်းတို့သည် တစ်ချိန်တုန်းအခါက ‘ အဒိဌ သဟာယ ‘ မမြင်ဖူးသော မိတ်ဆွေ ဘုရင် နှစ်ပါး ဖြစ်ခဲ့ဖူးသည် ။ နောက်တွင် နှစ်ဦးသဘောတူ နန်းစွန့်ကာ ရသေ့ပြုလျက် တောတွင်
အတူတကွ တရားအားထုတ်ကြသည် ။ တစ်နေ့ ဆွမ်းခံပြန်လာပြီး ဆွမ်းဝိုင်းတွင် ဆားထုပ်ကို တွေ့ရသောအခါ ဘုရားလောင်းရသေ့(ဂန္ဓာရ ရသေ့)က အရှင်အာနန္ဒာလောင်းရသေ့(ဝေဒေဟ ရသေ့)ကို စကားဆိုလိုက်သည် ။

” အရှင်ဘုရား , ဆားရလာသကိုး ”
” မရခဲ့ပါ ၊ မနေ့ကရသောဆားကို သိမ်းထားခဲ့ခြင်း ဖြစ်ပါသည်ဘုရား ”
” အလို အံ့ဖွယ်ရာပါတကား ”
” အဘယ်ပုံ အံ့ဖွယ်ဖြစ်ပါသနည်း အရှင် ”
” အရှင်ဘုရားသည် သုံး၍ပင်မကုန်နိုင်သော ရွှေငွေ ရတနာ စည်းစိမ်ဥစ္စာများ နှင့်အတူ တိုင်းပြည်ကြီး တစ်ခုလုံးကို စွန့်လွှတ်ခဲ့သူဖြစ်ပါလျှက်
ယခုတော့ ဆားကလေးအပေါ်၌ သံယောဇဉ်ထားနေသည်မှာ အံ့ဖွယ်ရာဟု ဆိုရပေသည် ”
” အရှင်ဘုရားက တယ်ပြီး ဆရာလုပ်ချင်သူပါတကား ၊ ဆရာလုပ်ချင်လျှင် ကိုယ့်ဘာသာကိုယ်လုပ်ပေါ့၊ ဆရာမလုပ်ချင်လို့ တောထွက်လာခဲ့ကြတာမဟုတ်လား ၊
သို့ပါလျက် တပည့်တော်အပေါ်မှာ ဆရာလုပ်ချင်သေးသကိုး ”

ဝေဒေဟ ရသေ့သည်လည်း ပုထုဇဉ်မျှသာဖြစ်ပြီး ဘုရင်ဘဝက လာခဲ့သူ ဖြစ်သည့်အလျောက် မှန်ကန်သည့် ဆုံးမစကားပင်ဖြစ်သော်လည်း မနာယူနိုင်ဘဲ နှုတ်လှန် ပြန်ထိုးမိခြင်းဖြစ်သည် ။
( သူတော်ကောင်း ရသေ့ ရဟန်း ဟူသည် ရသတဏှာဖြင့် အစာအာဟာရကို မသိမ်းဆည်းကောင်း၊ နောင်အခါ သာသနာတော်၌ ရဟန်းများအဖို့ မသိမ်းဆည်းကောင်းသော အာဟာရများကို သိက္ခာပုဒ် ပညတ်ထားသည် )။

” ငါ့ရှင် ဝေဒေဟ , ဆုံးမဖွယ်ရာကြုံလာ၍ ဆုံးမစကားပြောကြားခြင်းသည်ကား ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာတို့ဧ။် အစဉ်အလာပေတည်း။ ထို့ကြောင့်ငါသည် ဓမ္မလမ်းကြောင်းအတိုင်းသာ ပြောဆိုခြင်းဖြစ်ဧ။်။
သို့ရာတွင် တရားစကားပင်ဖြစ်စေကာမူ လူမိုက်တို့သည်ကား မခံယူနိုင်ကြပေကုန် ”
” အရှင်ဘုရား , ဆိုဆုံးမသင့်သည် မှန်ပါဧ။်။ တရားနှင့်လည်းလျော်ပါဧ။်။ သို့ရာတွင် အရှင်ဧ။် ဆုံးမစကားသည် သူတစ်ပါးကို ထိပါးပုတ်ခတ်သော ဆုံးမချက်ဖြစ်နေသည်။ ပညာရှိဟူသည် သူတစ်ပါးကို မထိခိုက်စေအပ်၊
ယခုမူကား အရှင်ဧ။် ဆုံးမစကားမှာ ဓားတုံးကြီးဖြင့် ခေါင်းရိတ်ပေးသကဲ့သို့ ဖြစ်နေတော့သည် ”
” ငါ့ရှင်ဝေဒေဟ , အဆုံးအမတရားစကားဟူသည် ဆုံးမခွင့်ကြုံ၍ ဆုံးမတော့မည်ဆိုလျှင် ခံယူသောသူအား နာလိုခံခက် အမျက်ထွက်သည်မူလည်းဖြစ်စေ၊ ကျေကျေနပ်နပ် နှစ်သက်အပ်သည်မူလည်းဖြစ်စေ ၊
မခံလိုသောကြောင့် ဖွဲပြာအလား လွင့်စင်သွားမူလည်းဖြစ်စေ ၊ ဆုံးမအပ်သည်သာတည်း ”

ဝေဒေဟ ရသေ့ငြိမ်သွားသည် ၊ ခံပက်ဖို့အကွက်မရှိသောကြောင့်ဖြစ်သည် ။ တစ်ကြောင်းမှာလည်း မေတ္တာဓာတ်အပြည့်ပါသော ဂန္ဓာရ ရသေ့ဧ။် စကားသံ တရားသံမှာ သူ့ဒေါသကို ပြေလျှောကွယ်ပျောက်စေသည် ။
ယင်းသို့ဖြင့် သူတော်ကောင်း ဓာတ်ခံ ရှိပြီးသော ဝေဒေဟ ရသေ့သည် ကိုယ်ဟန်ပါ ပြေလျော့သွားသည် ။ ထို့ကြောင့် ဂန္ဓာရ ရသေ့က ဆက်၍ တရားဟောလေသည် ။

” ငါ့ရှင်ဝေဒေဟ , အဆုံးအမကို ခံယူနိုင်ခြင်းသည် သောဝစ္စဿတာ မင်္ဂလာနှင့် ပြည့်စုံသည်မည်ဧ။်။ ဆရာသူတော်ကောင်းတို့ဧ။် အဆုံးအမဟူသည် ခံယူရခဲဘိသည်။ အဆုံးအမကို ခံယူနိုင်အောင်ပင် ကြိုးစားယူရသည်။
အဆုံးအမကို ခံယူခြင်းဖြင့် ပညာရှာရသည် ”
” ငါ့ရှင်ဝေဒေဟ , အကြင်သူသည် ပညာလည်းမရှိ၊ အဆုံးအမကိုလည်းမခံယူ၊ ထိုသူသည် မာနတည်းဟူသော ဦးချိုသာရှိ၍၊ ပညာတည်းဟူသော မျက်စိမရှိသော ကျွဲကန်းကြီးဖြင့် တူလှစွာဧ။် ။ အကြောင်းမူကား
ကျွဲကန်းကြီးသည် အကြောင်းကြုံလာလျှင် မဆင်ခြင် မနှိုင်းဆနိုင်ဘဲ မာနတည်းဟူသော ဦးချိုဖြင့်သာ ယမ်း၍ ခတ်တော့သည် ”
” ငါ့ရှင်ဝေဒေဟ , အကြင်သူတို့သည်ကား ဆရာသူတော်ကောင်းတို့ဧ။် အဆုံးအမကို နာခံကုန်ဧ။် ။ ထိုသူတို့သည် မတိမ်းမစောင်း ကောင်းစွာ ကျင့်ကြံနိုင်ကြကုန်သည်ဖြစ်၍ နိဗ္ဗန်သို့တိုင် သွားရောက်နိုင်ကြကုန်ဧ။် ”
” တပည့်တော်ဧ။် အပြစ်ကို သည်းခံတော်မူပါဘုရား၊ ယနေ့မှစ၍ အရှင်ဧ။် အဆုံးအမကို ဦးလည်မသုံ နာခံပါတော့မည်ဘုရား၊ ဆုံးမဖွယ် တွေ့မြင်တိုင်း ဆုံးမတော်မူပါ အရှင်ဘုရား ”

ဤသို့ ပါရမီရှင်ကြီးများပင် နုစဉ်အခါက တစ်ဦးနှင့်တစ်ဦး မိတ်ဆွေချင်း အချေအတင် ဖြစ်ခဲ့ဖူးရာ ပါရမီဖြည့်ဖက်ချင်း ဖြစ်၍သာ စည်းနှောင်လာခဲ့သော မေတ္တာနှောင်ကြိုး မြောက်မြားစွာရှိနေသောကြောင့် ပြေလည်သွားရဧ။်။
ယနေ့ခေတ်၌ တရားဓမ္မများဖြင့် ဝေးကွာနေသူတို့အဖို့မူ အမြဲပင် သတိဖြင့် ဆင်ခြင်ကာ စိတ်လိုက်မာန်ပါ မပြုမူ မပြောဆို မရေးသားကြရန် နှင့် မိမိအပြစ်နှင့် တိုက်ဆိုင်ခဲ့လျှင်လည်း အတ္တမာန ကင်းစွာဖြင့် လက်ခံပြုပြင်
ကြမည်ဆိုလျှင် အများသူငါ အချင်းချင်း မိတ်မပျက် မေတ္တာမပြယ်ဘဲ အေးချမ်းသာယာသော ဘဝအခြေများရရှိကာ လူဖြစ်လာရကျိုးနပ်ကြမည် ဟူလို ။ ။

Credit: & Thanks : Wara DarYee


အပြည့်အစုံသို့ »

မချေဖြစ်သော ယတြာနှင့် ညမအိပ်လိုက်ရသော တိုင်းမှူး – လက်စောင်းထက်


သမီးတော်တွေဟာ သူတို့ကလွဲရင် တခြားဘယ်သူမှ ပျော်နေတာကို မမြင်ချင်ကြဘူး။ ဒါကြောင့်လည်း ရောက်လေရာ နေရာတိုင်းက လူတွေကို ကြံကြံဖန်ဖန် ဒုက္ခပေးလေ့ရှိတယ်။ တပ်မှူးကတော်တွေကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတာ၊ စစ်ဦးစီးမှူး ပထမတန်း ဇနီးကို အိမ်သာဆေးခိုင်းတာက အစ သူတို့နဲ့ ပတ်သက်သမျှ လူတွေကို ဘယ်လိုစိတ်ဆင်းရဲအောင် လုပ်ရမလဲဆိုတာ ခေါင်းထဲက အမြဲထွက်နေသူတွေ ဖြစ်တယ်။

ဒီတစ်ပတ်တော့ သမီးတော်တို့က ကာချုပ်ကြီးနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးကို ရောက်လို့ လာပါပြီ။ အဲဒီအချိန်မှာ လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း နာမည်ကျော် ရှစ်လုံးကြီးပေါ့။ အောက်က ဗျူဟာမှူးတွေ၊ တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေ အပေါ်သာ မောက်မာချင်တိုင်း မောက်မာ၊ နိုင်ချင်တိုင်း နိုင်လို့ရမယ်။ သမီးတော်တွေ ရောက်လာတော့ တိုင်းမှူးလည်း ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကို ဖြစ်လို့။

ချမ်းအေးတဲ့ လားရှိုးရဲ့ ညချမ်းမှာ သမီးတော် တစ်ပါးက ညစာသုံးဆောင်အပြီး သူ့အခန်းတွင်း ၀င်ကာနီးမှာ လိုက်ပြီး ဂွတ်နိုက်လုပ်တဲ့ တိုင်းမှူးကြီးကို “မနက်ဖန် မနက် ခြောက်နာရီမှာ သမီးယတြာ ချေဖို့ရှိတယ်။ အဲဒါ မန်ကျည်း ကိုးညွန့်နဲ့ ထန်းကိုးညွန့် အသင့် လုပ်ထားပေးပါ အန်ကယ်”တဲ့။ အဲဒီ့စကားကြားလိုက်ရတဲ့ ရှစ်လုံးကြီး ခေါင်းကို ဆင်နင်းသလို ဖြစ်သွားတယ်။ ကမ္ဘာပေါ်မှာ အမြော်အမြင် အရှိဆုံးနဲ့ အတော်ဆုံး ခေါင်းဆောင်ကြီးပါရယ်လို့ ၀န်ကြီးတစ်ဦးက ထိုင်ရှိခိုးခြင်းကို ခံယူဖူးတဲ့ ကာချုပ်ကြီးက ရှမ်းပြည်မှာ တပ်တိုင်း မန်ကျည်းတစ်ထောင်၊ ထန်းတစ်ထောင် စိုက်ရမယ်လို့ အရင်က ဗျာဒိတ်ပေးခဲ့ဖူးပေမယ့် ရှမ်းပြည်ရဲ့ အေးမြတဲ့ ရာသီဥတုအောက်မှာ ဒီအပင်တွေက ဘယ်လိုလုပ် ပေါက်နိုင်မှာလဲ။ အခုတော့ သမီးတော်က အမိန့်တော်မှတ်လိုက် ချေပြီ။ တိုင်းမှူးကတော့ ရာသီဥတုကိုပဲ အပြစ်ဖို့ရမလား။ ဒီကိုမှ တိုင်းမှူးလာဖြစ်တဲ့ သူ့ဘ၀ကိုပဲ စိတ်နာရမလား ဝေခွဲမရပေမယ့် အမိန့်ကို နာခံရမယ်ဆိုတဲ့ စစ်သားတို့ထုံး နှလုံးမူပြီး မနက်၆နာရီမှာ မန်ကျည်းကိုးညွန့်နဲ့ ထန်းကိုးညွန့် အဆင်သင့် လုပ်ထားပါမယ်ဆိုပြီး ရဲရဲကြီး အာမခံလိုက်ပါတယ်။

အဲဒီနောက်မတော့ တိုင်းမှူးရဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပါတော့တယ်။ တပ်မှူးတွေကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။ ဘယ်နေရာမှာ ဘာမှားလို့ ဘယ်သူအထိုး ခံရမလဲဆိုတဲ့ ကြောက်စိတ်တွေနဲ့ အစည်းအဝေးခန်းထဲကို အားလုံးရောက်လာကြပါတော့တယ်။ လူစုံတာနဲ့ တိုင်းမှူးကြီးက ယာယီ တပ်ရင်းမှူးတွေ၊ ယာယီ တပ်မှူးတွေကို ဆင့်ကမ်း အမိန့်တော် ခြွေပါတော့တယ်။ မင်းတို့ပုခုံးပေါ်မှာ အပွင့်တင်ချင်ရင် မနက်ဖန် မနက် ၄နာရီမှာ ငါ့လက်ထဲကို မန်ကျည်း ကိုးညွန့်နဲ့ ထန်း ကိုးညွန့် (အဲမဟုတ်သေးဘူး) လိုရမယ်ရ မန်ကျည်းကိုင်းလိုက် ချိုင်လာခဲ့၊ ထန်းရွက် အကိုင်းလိုက် ချိုင်လာခဲ့။ ဒါဆို မင်းတို့ဘာအပြစ်ရှိရှိ အပွင့် တင်ရမယ်ဆိုပြီး တိုတိုတုတ်တုတ်နဲ့ အစည်းအဝေးကို ဖြတ်လိုက်ပါတယ်။

ဒီတစ်ခါ စိတ်ဆင်းရဲဖို့ အလှည့်ကျသူတွေကတော့ ယာယီ တပ်ရင်းမှူးတွေနဲ့ ယာယီ တပ်မှူးတွေပေါ့။ ဒီလိုညကြီး မင်းကြီးမှာ လားရှိုးမှာ မရှိတဲ့ မန်ကျည်းနဲ့ ထန်းညွန့်တွေ ဘယ်လိုလုပ်ရှာမလဲ။ ဒါပေမဲ့ စစ်တပ်လေ သိတယ်မဟုတ်လား။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ဆိုရိုးကြီးကလည်း အရိုးစွဲနေလေတော့ ကြံကြရပြီပေါ့။

တစ်ယောက်က မန္တလေးမှာတော့ သေချာတယ်။ ဒါပေမဲ့ အချိန်လင့်နေပြီ။ ဘယ်နှယ့် လုပ်ကြမလဲတဲ့။ တစ်ယောက်က ကာချုပ်ကြီး သမီးတော်တွေကလည်း မန္တလေး လှမ်းမှာပြီး ရဟတ်ယာဉ်နဲ့ လာပို့ခိုင်းလဲရတာကို ငါတို့ကို သက်သက် ဒုက္ခပေးနေတယ်တဲ့။ တစ်ယောက်ကတော့ ဟေ့ကောင်တွေ လေကြောရှည်မနေနဲ့။ နာရီကြည့်ကြဦး။ မနက်ကျမှ မျက်နှာကို လက်သီးနဲ့ အထိုးခံပြီး ခြေနဲ့လှိမ့်ကန်တာ ခံနေရဦးမယ်တဲ့။ ဒီတော့မှ မန်ကျည်းနဲ့ ထန်းစစ်ဆင်ရေး အတွက် ယာယီတပ်မှူးတွေ စစ်ရေး သုံးသပ်ချက်တွေ လုပ်ပြီး စစ်ဆင်ရေး စီမံချက်ကို ဆွဲကြပါတော့တယ်။

သူတို့စီမံချက်ကတော့ တင်း ၊ ရည်၊ လုပ်၊ အုပ်၊ ဆက်ဆိုတဲ့ သတင်း၊ ရည်မှန်းချက်၊ လုပ်နည်း၊ အုပ်ချုပ်မှု၊ ဆက်သွယ်မှုဆိုတဲ့ အချက်တွေ အားလုံး ပြည့်စုံပါပေတယ်။ တစ်ခုပဲရှိတယ်။ ရန်သူကို တိုက်ဖို့မဟုတ်ဘဲ သမီးတော်တွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးရမှာလေ။ မန္တလေးနဲ့ အဆက်အသွယ်ရှိတဲ့ တပ်မှူး တစ်ယောက်က မန္တလေးကို လှမ်းဖုန်းဆက်တယ်။ မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေ ရသလောက် ခုတ်ပြီး ကားနဲ့တက်လာခဲ့ပါ။ ဒီကလည်း ကားနဲ့ဆင်းလာပြီး ကားနှစ်စီးဆုံတဲ့ အချိန်မှာ ကားပေါ်ကို ပစ္စည်းတွေ ရွှေ့တင်ပါ့မယ်ပေါ့။ မန္တလေးဘက်က ဒီလို ညကြီးမင်းကြီး ဘယ်သူက ထန်းပင်တက်မှာ လဲပေါ့။ ထန်းညွန့်ပဲဆိုရင် ဘုရားတစ်ဆူဆူက ပန်းဆိုင်က ၀ယ်လို့ရသေးတယ်။ အခုဟာက ထန်းလက်လိုက်ကြီး ယူလာရမှာဆိုတော့ ခက်တယ်ပေါ့။ ဒီဘက်ကလည်း ဘယ်လောက်ကုန်ကုန်ပါ။ ထန်းပင်ပေါက်လေးတွေရှာပြီး ထန်းလက်ကိုင်းလိုက်သာ ခုတ်ပြီး ကားပေါ်တင်ခဲ့ပါပေါ့။

လိုရင်း ဇာတ်ပေါင်းရရင် မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေတင်ပြီး မန္တလေးက တက်လာတဲ့ကားနဲ့ လားရှိုးက ဆင်းယူတဲ့ကားက သီပေါမှာ တွေ့ပြီး ပစ္စည်းတွေပြောင်းတင်။ လားရှိုးကို အမြန်ပြန်မောင်း။ လားရှိုးရောက်တော့ အပြစ် အနာအဆာ မပါတဲ့ ပိုးကိုက်ရာ၊ နေလောင်ရာ မပါတဲ့ မန်ကျည်း ကိုးညွန့်နဲ့ ထန်းညွန့် ကိုးညွန့်ကို ရွေးလို့ တိုင်းမှူးကြီး လက်အပ်လိုက်ချိန်မှာ မနက် ၃နာရီထိုးနေပါပြီ။ ထိုင်ရမလို ထရမလို ဖြစ်နေတဲ့ တိုင်းမှူးကြီးလည်း တပည့် တပ်မှူးတွေကို ရှဲရှဲနီပေါ့လေ။ တိုင်းမှူးကြီးခမျာ ၀မ်းသာပီတိဖြစ်ပြီး ညမအိပ်နိုင်တော့ပါဘူး။ အဲဒီ့ ယတြာချေမယ့် အညွန့်တွေကို ငွေဖလားကြီးထဲ ထည့်၊ ဖလားကြီးကို ရင်ဝယ်သားသဖွယ် ကိုင်ပြီး မနက် ၄နာရီလောက် ကတည်းက သမီးတော်တွေ အခန်းဝ သွားစောင့်နေတော့တာပေါ့။ ဒါပေမဲ့ မနက်၆နာရီ ဘုရားသွား ယတြာချေမယ် ပြောထားပေမယ့် မနက် ၅နာရီမှာလည်း အခန်းတံခါးက မဖွင့်။ ၆နာရီမှာလည်း တံခါးက မဖွင့်။ ဘယ်သူမှလည်း အခန်းတံခါး ခေါက်ပြီး မနှိုးရဲ။ နှိုးစက်ပဲ မမည်တာလား။ ရိပ်သာ တာဝန်ကျတွေ ကိုရော မနက်နှိုးဖို့ မပြောထားဘူးလားဆိုပြီး တိုင်းမှူးကြီး ဗျာများနေရပါပြီ။ လိုက်မေးတော့ ဘယ်အခန်းကမှ မနက်နှိုးဖို့မှာ မထားဘူးတဲ့။

မနက် ၇ နာရီလည်း ဘယ်အခန်းတံခါးမှ မပွင့်လာ။ မနက်၈နာရီလည်း တံခါးတွေ ပိတ်ထားဆဲ။ ပွင့်မယ့်ပွင့်တော့ မနက်၉နာရီမှ အခန်းတံခါး ပွင့်လာလို့ ကဗျာကယာ အခန်းဝသွားပြီး သမီးတော် ယတြာချေဖို့ မှာထားတာတွေ လေဆိုပြီး လက်ထဲမှာ တပွေ့ပွေ့ကိုင်ထားရတဲ့ ငွေဖလားကြီးထဲက မန်ကျည်းညွန့်တွေ၊ ထန်းညွန့်တွေပြတော့ သမီးတော်က ဇဝေဇ၀ါနဲ့။ အဲဒါဘာတွေလဲတဲ့။ ညတုန်းက သမီးတော် မှာထားတာတွေလေ။ ယတြာချေဖို့ မန်ကျည်းညွန့်တွေနဲ့ ထန်းညွန့်တွေလေလို့လည်း ပြောရော “အော် ဟုတ်လား။ ညကပြောမိလား။ မချေတော့ပါဘူး” ဆိုပြီး အခန်းထဲ ပြန်ဝင်သွားတော့တယ်။ အဲဒီ့အချိန်မှာ ဖြစ်နေမယ့် တိုင်းမှူးမျက်နှာ ခင်ဗျားတို့ မြင်စေချင်တယ်ဗျာ”လို့ ပြောပြီး စကားကို လက်စသတ် လိုက်ပါတယ်။ နောက်တစ်ပတ်ကျရင် ပြည်တွင်းမှာ သာမက ပြည်ပမှာပါ သမီးတော်တွေ ဘယ်လို မွှေသလဲဆိုတာတွေ ပြောပြဦးမယ်လို့ စကားလက်ဆောင်ပါး သွားလေရဲ့။

လက်စောင်းထက်

Tomorrow Journal

အပြည့်အစုံသို့ »

မိုးရာသီမှာ စိတ်ကသိကအောက် မဖြစ်အောင် သိထားသင့်တဲ့ အချက်တွေ



အခု ကျွန်မတို့ မိုးရာသီကို ဖြတ်သန်းနေကြ ရပြီဆိုတော့ နည်းနည်းတော့ ကရိကထများစရာတွေ
ကြုံနေရပြီပေါ့ရှင်။

ဒါပေမဲ့ စိတ်မပျက်ပါနဲ့။ မိုးရာသီကို စိတ်သက်သောင့်သက်သာနဲ့ ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့
အကြံကောင်းလေးတွေကို ကျွန်မတို့ မြန်မာတိုင်း(မ်)က ဒီတစ်ပတ် တင်ဆက်ပေးသွားပါ့မယ်။

လူအများကြား အဆင်ပြေစေမယ့် ထီးနဲ့ပတ်သက်တဲ့ သတိထားလိုက်နာစရာ
အချက်တွေ

ထီးဆိုတာကတော့ အများအားဖြင့် မိုးရာသီမှာ ရေမစိုအောင် ကာကွယ်နိုင်တဲ့ လက်နက်တစ်ခုပါ။

ရှေးခေတ်က သူရဲကောင်း ကြီးတွေက သူတို့ဓားတွေကို အမည်ပေးထားသလိုမျိုး ရှင်တို့လည်း
ရှင်တို့ရဲ့ ထီးတွေကို ကိုယ်တိုင်အမည်ပေးထားလို့ ရပါတယ်။

မိုးခွင်းလက်နက် ဒါမှမဟုတ် မိုးနိုင်ဒိုင်းဆိုတာ မျိုးပေါ့။

ကံဆိုးချင်တော့ ဒီလို အကျိုးရှိတဲ့ ကာကွယ်ရေးလက်နက်ကြီးဟာ မိုးရွာနေလို့ ကိုယ်စီ
ထီးဆောင်းထားတဲ့အချိန်နဲ့ ပတ်ဝန်းကျင်ကို သတိမထားတတ်သူတွေက လိပ်ထားတဲ့ ထီးကို
ကိုင်ထားတဲ့အချိန်ဆို မျက်လုံးကော်ကိရိယာတို့၊ နှာခေါင်းလမ်းကြောင်းပြကိရိယာတို့
ဖြစ်သွားတတ်ပါတယ်။

ထီးကိုခပ် နိမ့်နိမ့်ကိုင်ထားတဲ့ သူတွေရဲ့ လက်ထဲမှာဆိုရင်တော့ ပိုဆိုးသေး။

စိတ်ကသိကအောက် ဖြစ်စရာ ကိုယ်နောက်ပိုင်းကို လာပြီးထိုးနေတဲ့ကိရိယာတောင်
ဖြစ်သွားပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်တွေကတော့ လူသွားလူလာများနေတဲ့ လမ်းမှာ ထီးကိုယ်စီနဲ့ ကတ်သီး
ကတ်သတ် လျှောက်ကြရတဲ့ အချိန်မှာဆို ကြုံတွေ့နိုင်ပါတယ်။

အဲဒါကို ဘယ်လိုရှောင်ရမလဲဆိုတော့ ‘သတိထားပြီးတော့သာ’ ဦးအောင်ရှောင်ထားလို့
အကြံပြုရမယ့်အပြင် တခြားကောင်းတဲ့အကြံတော့ မရှိဘူးရှင့်။

ထီးနဲ့ပတ်သက်ပြီး နောက်တစ်ခုပြောချင်တာကတော့ မိုးဘယ် လောက်ပဲရွာနေပါစေ၊
သူများထီးတွေကိုတော့ ယူသွားတာမျိုးတော့ မလုပ်မိပါစေနဲ့။

ရန်ကုန်မြို့က ကျဉ်းကျဉ်းလေးပါ။

မိုးရာသီနဲ့ ဆံပင်စတိုင်

ဆံပင်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် နောက် ငါးလလောက်တော့ အလှအပတွေအတွက်
ခဏမေ့ထားလိုက်ပါလို့ ပြောပါရစေ။

ဒီရာသီမှာတော့ ဆံပင်ရေစိုတာက ရှောင်မရတဲ့ လောကဓံတစ်ရပ်ပါပဲ။

ဆံပင်ပုံ မပျက်အောင် ကော်ရည်တွေဘယ်လောက် ဖျန်းဖျန်း၊ ဆံပင်ပျော့ဆေးတွေ
ဘယ်လောက်ပဲသုံးသုံး မိုးစိုသွားရင်တော့ ဘာမှအရာမထင်ပါဘူး။

ဆံပင်အလှပြင်ဆိုင်ကနေ ခုပဲ ထွက်လာတဲ့ပုံစံမျိုး အမြဲကြော့ရှင်းသပ်ရပ် နေဖို့ဆိုတာကိုတော့
မေ့ထားလိုက်ပါ။

တကယ်တော့ မိုးရာသီက သီလရှင်ဝတ်ပြီး လူပြန်ထွက်လာခါစ ခေါင်းတုံးဆံတောက်နဲ့ သူတွေ
အတွက် အကောင်းဆုံးအချိန်လို့ ပြောရမှာပါ။

စိုနေတဲ့ဆံပင်တွေကို မျက်နှာသုတ်ပ၀ါလေးနဲ့ သုတ်လိုက်တာနဲ့ ခြောက်သွားနိုင်တာကိုးရှင့်။

အပြောင်းအလဲဖြစ်ချင်ရင်တော့ ပုံမကျပန်းမကျ ဖြစ်နေတဲ့ဆံပင်ကို ကာကွယ်ဖို့ ခေါင်းစည်း
ပ၀ါလေးသာ ဆောင်းထားလိုက်ပေါ့ရှင်။

စီးပွားရေးလုပ်နေတဲ့သူ ဆိုရင်တော့ ဖောက်သည်လျော့ကောင်း လျော့သွားမှာပါ။

ဒါပေမဲ့ ဖက်ရှင်လိုက်စားတဲ့ နေရာမှာတော့ ဘာကိုများ စဉ်းစားနေရဦးမှာလဲ။

မိုးရာသီမှာ တက္ကစီ စီးရတဲ့ ဒုက္ခ

မိုးတွေ တအားရွာချပြီဆိုရင် လမ်းပေါ်မှာလည်း လူလွတ်နေတဲ့ တက္ကစီတွေ ပျောက်ချင်းမလှ
ပျောက်သွားတတ်ပါတယ်။

တက္ကစီတစ်စီးလောက် လမ်းဘေးချရပ်ပေးတာမျိုးများ ရှိလာတဲ့အခါမှာတော့ ကားထဲက
ကြမ်းပြင်မှာ ရေ လေးလက်မလောက် ဘောင်ဘင်ခတ်နေတာကို သတိမထားမိအောင်ပဲ
ကျေးဇူးအလွန်တင်ပြီး တက်စီးဖြစ်သွားပါတယ်။

ကိုယ့်အ၀တ်အစားတွေမှာ အောက်သိုးသိုးအနံ့တွေ ပျံ့နေတဲ့အခါမှပဲ ဒီအနံ့က ရေစိုနေတဲ့ခုံက
ထွက်နေတာကို သတိထားမိပါတော့တယ်။ (ရေစိုပြီး ဟောင်နံ့ ထွက်နေတဲ့ ကားကို စီးမိမှပဲ
ရန်ကုန်မှာ ဒီလိုမျိုး အောက်သိုးသိုးနံ့ ထွက်နေတဲ့ တက္ကစီ ဘယ် နှစီးလောက်ရှိမလဲ သိချင်နေမိပါ
သေးတယ်။)

ဒီလို အနံ့ဆိုးကိုလည်း ဆယ်မိနစ်လောက် စီးရမယ့် ခရီးမှာ ရေတွေကြီးပြီး လမ်းတွေ
ပိတ်နေတာကြောင့် ဟွန်းသံတညံညံနဲ့ ရပ်နေရတဲ့အတွက် နာရီဝက်လောက် ခံစားရပါတယ်။

စိတ်ရှုပ်ရှုပ်နဲ့ ခြေထောက်ကို လှုပ်လိုက်တဲ့အချိန်မှာတော့ တင်ပါးမှာ အေးခနဲ ခံစားလိုက်ရပါတယ်။

သေချာပါပြီ၊ ခုံစိုစိုမှာထိုင်မိလို့ ကိုယ့်အ၀တ်အစားတွေလည်း စိုကုန်ပြီဆိုတာ။

ပြီးတော့ သွားစရာရှိတဲ့နေရာကို ရောက်ရင် ငါတော့ နောက်မှာ ရေစိုကွက်ကြီးတော့
ဖြစ်နေတော့မှာပဲဆိုပြီး စိတ်ထဲမှာ မသက်မသာဖြစ်နေမိမှာပါ။

အရောင်နုတဲ့ အ၀တ်အစားတွေကို မိုး မကုန်မချင်း အ၀တ်ဗီရိုနောက်ပိုင်း ပို့ပစ်သင့်တယ်ဆိုတာ
ကိုတော့ အထူးပြောနေဖို့ မလိုတော့ပါဘူး။

အခုလို နောက်ပိုင်းမှာ ရေကွက်ကြီးနဲ့ ဖြစ်နေပြီဆိုရင်တော့ အရေးပေါ်အနေနဲ့ လက်အခြောက်ခံ
စက်ရှိတဲ့ ရေအိမ်ထဲကို အလျင်စလိုပြေးဝင်၊ စက်အရှေ့မှာရပ်ပြီး လူမမြင်ခင် စိုနေတဲ့အပိုင်းကို
ခြောက်အောင် ကြိုးပမ်းရတော့မှာပါ။

မိုးရာသီက ဂုဏ်သိက္ခာတက်စေတယ်လို့ ဘယ်သူမှတော့ မပြောကြပါဘူး။



မိုးရာသီရဲ့ နည်းပညာပိုင်းဆက်သွယ်ရေး အခြေအနေ

မိုးတွေကြီးပြီဆိုရင် အင်တာနက်လည်း ရပ်၊ မိုဘိုင်းဖုန်းကွန်နက်ရှင်ကလည်း ဆက်သွယ်လို့မရ
ဖြစ်ရပါပြီ။

ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ မက်ဆေ့ခ်ျပေါင်းများစွာကို မပြန်ဖြစ်ရခြင်းအတွက်
ဆင်ခြေပေးဖို့ အကြောင်းပြချက် ရသွားပါတယ်။

ပြီးတော့ ရှန်ဂရီလာ ရောက်နေသလိုပဲ။ မက်ဆေ့ခ်ျတွေလည်း ရောက်မလာနိုင်တော့ပါဘူး။

မိုးရာသီ ကြောင့်ဖြစ်ရတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်း အဆက်ပြတ်သွားတာတွေကြောင့် စာရှည်ကြီး
တွေနဲ့လည်း ဝေးသွားရပါတယ်။

မိုးရာသီမှာ ချစ်သူနဲ့ တွေ့ဖို့ စီစဉ်ခြင်း

တကယ်ပဲ မိုးရာသီမှာ ရှင်တို့ ချစ်သူနဲ့ တွေ့ဖို့ စဉ်းစားနေကြတာများလားရှင်။

သဲကြီးမဲကြီးရွာနေတဲ့ ရန်ကုန်မိုးကို ဖြတ်သန်းပြီးတော့မှ ချစ်သူနဲ့တွေ့တာဟာ ချစ်စိတ်တွေ
တိုးလာနိုင်စေဖွယ်ရာ မရှိဘူးလို့ ကဗျာအဆန်ဆုံး ကျွန်မတို့တောင် လက်ခံထားပါတယ်။
(ရှင့်ရဲ့ ချစ်သူက သဘာဝဘေးက လွတ်လာပုံရတဲ့ တစ်ဦးဦးနဲ့ တွေ့တဲ့အခါမှာ အကူအညီ
ပေးတတ်တဲ့ အိုင်အင်န်ဂျီအို ၀န်ထမ်းတစ်ဦး ဖြစ်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒီလိုမှ
မဟုတ်ရင်တော့ မိုးသည်းတဲ့နေ့ဆို အိမ်မှာနေတာ အကောင်းဆုံးပါပဲ။)

မိုးရာသီအတွင်းမှာ အချစ်ကိုရှာဖို့ ကြိုးစားနေတဲ့သူဆိုရင်တော့ ရွေးချယ်စရာနည်းလမ်း
တစ်ခုတော့ ရှိပါတယ်။

ရှင့်ကို မိုးနည်းနည်းလေးမှ မစိုအောင် ကားနဲ့ အကြိုအပို့ လုပ်ပေးနိုင်သလို ရှင်ကားထဲက
အထွက်မှာလည်း ကားဒရိုင်ဘာက ထီးမိုးပေးရင်း၊ ဗွက်အိုင်တွေထဲ ချော်မလဲအောင်လည်း
ထိန်းပေးရင်း အိမ်အ၀အရောက် ပို့ပေးနိုင်တဲ့ ချစ်သူမျိုးနဲ့ ချိန်းတွေ့တာမျိုးပါ။

မသွားမဖြစ်သွားရမယ့်ပွဲတွေ တက်ရတဲ့အခါ

မိုးသည်းတဲ့နေ့တွေမှာ အိမ်တွင်းအောင်း နေရတာက တစ်မျိုးတော့ ကောင်းချင်ကောင်းမှာပါ။

ဒါပေမဲ့ တစ်ခါတလေတော့ မသွားမဖြစ်သွားရမယ့် အခြေအနေမျိုးတွေ ပေါ်လာတတ်ပါတယ်။

မျက်နှာသုတ်ပ၀ါအသေးလေးတွေကို ခပ်များများဆောင်သွားပြီး သွားရမယ့်နေရာကို
စောစောရောက်အောင်လည်း သွားပါ။

သာမန်အချိန်တွေမှာဆို ပွဲတစ်ပွဲကို ခပ်စောစောရောက်သွားရင် စိတ်အနှောင့်အယှက်ဖြစ်ရပြီး
ကိုယ့်ကိုယ်ကိုယ် စိတ်စောလွန်းတယ်လို့ ထင်စရာပါ။

မိုးတွင်းမှာဆိုရင်တော့ ဒီအတွေးကို မေ့ထားလိုက်ပါ။

လမ်းပေါ်ကရေတွေကို ဖြတ်လျှောက်တဲ့အခါမှာ ရေမစိုအောင် စကတ်တိုတို ၀တ်ရင်ဝတ်၊ မ၀တ်ရင်
လုံချည်ကိုမပြီး လျှောက်ပါ။

အနောက်နိုင်ငံ သားတွေအတွက်ကတော့ လုံချည်ကိုမပြီး လျှောက်ဖို့ဆိုတာ ခဲရာခဲဆစ်နိုင်ပါတယ်။

အဲဒီလိုလူတွေကတော့ ဒူးဆစ်အထိလောက်ပဲရှိတဲ့ စကော့တလန်အမျိုးသားတွေ ၀တ်တဲ့
အ၀တ်မျိုးကိုသာ ၀တ်ဆင်လိုက်ပါတော့။

လဲစရာဖိနပ်အပိုနဲ့ ဆံပင်မိတ်ကပ်ပြင်စရာတွေလည်း ဆောင်သွားပါ။

ပြီးတော့ အလှပြင်ဖို့အတွက် အလင်းကောင်းကောင်းရတဲ့ ရေအိမ်ကိုလည်း သေသေချာချာရွေးပါ။

မျက်နှာသုတ်ပ၀ါ အသေးလေးတွေ ယူသွားဖို့ကိုတော့ လုံးဝမမေ့ပါနဲ့။

ဒါဆို တခြားသူတွေ ရောက်လာတဲ့ အချိန်မှာ သင့်ပုံစံဟာ ကြည့်ကောင်းနေမှာပါ။

(မှတ်ချက် – စာရေးသူဟာ မျက်နှာသုတ်ပ၀ါအသေးလေးတွေကို ရန်ကုန် မှာရှိတဲ့ စတိုးဆိုင်လေး
တွေမှာ အလွယ်တကူရှာဝယ်လို့ မရပါဘူးတဲ့။ သူပြောသလိုမျိုး မဟုတ်ဘူးဆိုရင် မြန်မာတိုင်း(မ်)
ကို တိုက်ရိုက် ဆက်သွယ်ပြောကြားနိုင်ပါတယ်။)

ကျန်းမာရေးနဲ့ အိမ်မှုကိစ္စ ထိန်းသိမ်းမှု ဖုန်တွေ၊ ပြာတွေဆိုတာ ရေထိရင် ဗွက်ထ တတ်ပါတယ်။

မိုးရာသီကတော့ အိမ်ကို သန့်ရှင်းသပ်ရပ်နေစေချင်တဲ့သူအတွက် စိတ်ပျက်စရာကာလပါ။

ဗွက်တွေကို နင်းလာတဲ့ ခြေရာတွေတော့ အိမ်မှာတင်ကျန်တော့မှာပါ။

လမ်းသွားရင်လည်း လမ်းကဗွက်တွေ စဉ်ပြီး အခြောက်လျှော်မှရတဲ့ အ၀တ်အစားတွေမှာ
အစက်အစက်တွေ စွန်းထင်းကျန်ခဲ့စေပါတယ်။

လျှပ်စစ်ပစ္စည်းတွေလည်း ရေငွေ့ တွေပြန်ပြီး ဓာတ်လိုက်တတ်လို့ အသက်အန္တရာယ်အတွက်
စိုးရိမ်စရာဖြစ်ရပါသေးတယ်။

မိုးရာသီနဲ့ ဆက်စပ်ပြီး နားမှိုစွဲတာမျိုး ဖြစ်တတ်တဲ့အတွက် နားသန့်ရှင်းရေးကိုလည်း ဂရုစိုက်သင့်
ပါတယ်။

နားထဲမှာ အစိုငွေ့များလွန်းရင် အကြားအားရုံကို ထိခိုက်နိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။

ခြင်နဲ့ ပတ်သက်တဲ့ရောဂါဆိုရင် သွေးလွန်တုပ်ကွေး ပေါ့ရှင်။

အကြံပေးစရာစကားလည်း များများစားစား မရှိတော့ပါဘူး။

တိုတိုပြောရရင်တော့ ဖြစ်နိုင်ရင် ကောင်းကောင်း အနားယူပါ။

ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ဆက်မနေပါနဲ့။

ဒါပေမဲ့ အပေါင်းအဖော်တွေကိုတော့ မမေ့ပါနဲ့

မိုးရာသီမှာ စိတ်ကသိကအောက်ဖြစ်နေရပြီဆိုရင် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလို့
အားတင်းလိုက်ပါ။

မိုးရာသီကြောင့် အနေခက်ရတာ လူသားတွေချည်းပဲ မဟုတ်ပါဘူး။

ရေထဲမှာ ဖြတ်လျှောက်ရင်းနဲ့ အနီးအနားက အမှိုက်ပုံကို တစ်ချက်လောက်ကြည့်လိုက်ပါ။

သနားစရာကြွက်တွေနဲ့ ပိုးဟပ်လေးတွေ ရေကူးနေကြရတာကို တွေ့ရမှာပါ။

သူတို့ နဲ့ ရေထဲမှာ ရှိနေတဲ့ ရောဂါတွေအကြောင်း စဉ်းစားတာကို ချက်ချင်းရပ်လိုက်ပြီး
ရေ အောက်မှာရှိနေတဲ့ ချိုင့်ခွက်ထဲ လဲကျသွားရတာမျိုးမဖြစ်ဘဲ သွားလိုရာခရီးကို ချောချော
မောမောရောက်သွားအောင် သတိနဲ့ အာရုံ စိုက်သွားပါ။

နောက်တစ်ခု သတိထားရမှာကတော့ နောက်ဘ၀ကို ပြောင်းသွားစေနိုင်တဲ့ ရေထဲကျနေတဲ့
မီးကြိုးတွေပေါ့ရှင်။

မိုးရာသီကြောင့် အခက်အခဲတွေ ရှိ ကောင်းရှိမှာပါ။

ဒါပေမဲ့ ကျွန်မတို့ခေါင်းပေါ်မှာ အမိုးရှိနေသေးသရွေ့၊ ဒါမှမဟုတ် ထီးတွေကြောင့် ကြုံရတဲ့
အဖြစ်အပျက်ကို ရယ်စရာအဖြစ် သဘောထားနိုင်သရွေ့တော့ ကျွန်မတို့တွေ စိတ်ပျက်လှချည်ရဲ့လို့
ညည်းညူရလောက်တာမျိုးတွေ မတွေ့ကြုံလောက်ကြပါဘူး။

အင်္ဂလိပ်စာရေးဆရာ ဂျီကေချက်စ်တာတွန်ကတော့ “လမ်းလျှောက်ထွက်နေတဲ့အချိန် မိုးရွာရင်
လမ်းကို ကြည့်လျှောက်တာထက် မိုးပေါ်ကို ကြည့်လျှောက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့
မိုးမရွာဘဲနဲ့ သက်တံ့ဆိုတာ ဖြစ်မလာနိုင်လို့ပါ” တဲ့။

ဒါပေမဲ့ ကျွန်မ အတွက်ကတော့ ရောက်ပါလေဦးတော့ နိုဝင်ဘာရယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

mmtimes

အပြည့်အစုံသို့ »

မြင်သမျှ ကြားသမျှ - လူပြောအများဆုံးသတင်း



ပြီးခဲ့တဲ့ အပတ်တွေတုန်းကတော့ လမ်းရေကျော်တာ၊ မော်တော်ကား မှောက်တာတွေ၊ လူပြောများခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြား ဓာတ်ကြိုးတွေပြတ် ကျတဲ့ သတင်းတွေ က ခေတ်စားနေဆဲပါပဲ။

ဒီနှစ်အတွင်းမှာမှ ဓာတ်ကြိုးပြတ် ကျပြီး ဓာတ်လိုက်သေဆုံးသူ စံချိန် တင်ခဲ့တဲ့နှစ်ဆိုလည်း မမှားပါဘူး။

ဓာတ်ကြိုးပြတ်တယ်ဆိုတာ သိပ် တော့လည်း မဆန်းပါဘူး။ အရင်က စကားပုံရှိပါတယ်။

”စိတ်ညစ်လို့ မြစ်ကမ်းဘေးထိုင် နေတာ သပွတ်အူမျောလာတာနဲ့ လာ ကြုံနေတယ်” ဆိုတာမျိုးပါ။ သပွတ်အူ ဆိုတာ လောကမှာ အရှုပ်ဆုံးအရာတစ် ခုလို့ လူတွေက သတ်မှတ်ထားကြပါ တယ်။ အခုအဲဒီလိုမဟုတ်တော့ပါဘူး။

”စိတ်ညစ်လို့ ပလက်ဖောင်းထိုင် နေတာ မီးပြင်တာနဲ့ လာတွေ့နေတယ်” ဆိုတာမျိုးပြောရမှာပါ။ မြို့ထဲဓာတ်တိုင် တွေကိုကြည့်ပါ။ တကယ့်ကို သပွတ်အူ ထက်ကို ရှုပ်နေတာမျိုးတွေ တွေ့ရမှာ ပါ။ နောက်ပြီး ဒီဓာတ်ကြိုး၊ ဒီဓာတ်တိုင် တွေဟာတချို့ဟာတွေဆို အင်္ဂလိပ် ခေတ် လက်ကျန်တွေလည်းရှိနေသေး တာမို့ လုံခြုံရေးအရ ဘယ်လိုမှ စိတ်မ ချရပါဘူး။

ကျွန်တော်တို့ဆီက ထုံးစံအတိုင်း ”နောင်ခါလာ နောင်ခါဈေး”ဆိုတာမျိုး သာလက်ခံထားပြီး  ကြိုတင်ပြင်ဆင်ရ ကောင်းမှန်း လုံးဝမသိသူတွေကြောင့် ဒီ လိုပြဿနာမျိုးတွေ ရင်ဆိုင်နေရတာ ပါပဲ။

ဒါကြောင့်ဆိုတော့ အခုဆိုရင် အပြင်ထွက်ပြီး အလုပ်မသွားမဖြစ် သွား နေရသူများရဲ့ နှုတ်ကိုက ”မိုးရွာတုန်း အပြင်ထွက်ရင် EPC က မီးဖြတ်ထားပါ စေ” ဆိုပြီး ဆုတောင်းရတဲ့အထိ ဖြစ်နေ ရပါပြီ။

ပြီးခဲ့တဲ့ အပတ် ကျွန်တော်ပြောခဲ့ သလိုပေါ့။

”ဒီမီးရဖို့ ပြည်သူက အခွန်ဆောင် ထားရပါတယ်။ ကိုယ်ပိုက်ဆံပေးဝယ် ထားရတာနဲ့တော့ ဘယ်သူကမှအသက် အန္တရာယ် မကြုံချင်ဘူးလေ” စိတ်မ ကောင်းဖြစ်ရတုန်း တကယ်ကို ရင်ထဲ မှာ တနုံ့နုံ့နဲ့ဖြစ်နေရတုန်း ကိစ္စလေး တစ်ခုပါပဲ။ ဒါကတော့ယူနတီဂျာနယ်က သတင်းထောက်နဲ့ အယ်ဒီတာရဲ့ နှစ် ရှည်ထောင်ဒဏ်ကျခံရတဲ့ကိစ္စပါပဲ။

တကယ်ဖြစ်လာတော့ ဘယ်သူမှ ဘာမှမတတ်နိုင်တာ တုန်လှုပ်စွာတွေ့ ရပါတယ်။ ဒါဟာ မီဒီယာ သမားတွေ အတွက် စံချိန်တင် ပြစ်ဒဏ်လည်းဖြစ် နေမှာပါ။ စတုတ္ထ မဏ္ဍိုင်လို့ပြောတဲ့ သတင်းမီဒီယာကို ငါတို့လုပ်လို့ ရတယ် တွေ့လားဆိုတဲ့ သဘောနဲ့တရားဝင် ကြေညာလိုက်သလိုပါပဲ။

ဒီထက်ပိုဆိုးတာက အဲဒီလို မီဒီ ယာကို တရားလွန်ဖိနှိပ်တာကို မကျေ နပ်နိုင်ကြောင်း အေးချမ်းစွာ ဆန္ဒထုတ် ဖော်သူတွေကို တဖန်ဖမ်းဆီးအရေးယူ ပြန် ပါသေးတယ်။ ဒီထက်ပိုဆိုးတာက မီဒီယာစာတမ်းပါတဲ့ အင်္ကျီဝတ်ထား ရင်ကိုဖမ်းဆီးအရေးယူနေတယ်ဆို တော့ မီဒီယာတွေမှာ လုပ်စရာတစ်ခုပဲ ရှိတော့တယ်။

”သူတို့နဲ့ ပတ်သက်တဲ့သတင်း ဘာမှ မဖော်ပြနဲ့တော့ပေါ့။ ဖော်ပြရင် အန္တရာယ်ရှိတယ်လေ။ ကိုယ့်ဘာသာ ကိုယ်ရပ်တည်ပြီး မှန်ကန်တဲ့သတင်း လွတ်လပ်တဲ့သတင်း အမှန်တွေသာ ဖော်ပြတော့ရုံပေါ့”

အွန်လိုင်းမီဒီယာ

ဒီရက်ပိုင်းအတွင်းထွက်ရှိနေတာ ကတော့ အွန်လိုင်းပေါ်မှာ သတင်းမီဒီ ယာတွေ ပြည်သူတွေကို အကောင့်အတု တွေနဲ့ ဝင်ရောက်ဆဲဆိုကန့်ကွက်အော် ဟစ်နေကြ တာကလည်း ရယ်စရာ ကောင်းလှပါတယ်။ အဲဒီလူမျိုးတွေက ဓာတ်ပုံလည်း တင်မထားပါဘူး။ နာ မည်တွေကလည်း ပေါက်ကရနာမည် မျိုးတွေပါ။ ဆွေကြီး၊ မျိုးကြီး နာမည် လိုလို၊ ရဲရင့်သူတွေ လိုလို၊ လူမျိုးရေး ခွဲခြားသူ လိုလိုနာမည်မျိုးတွေပါ။(သ ဘောပေါက်ကြမှာပါ။)

အဲဒီလိုလူမျိုးတွေက အလကားရ တဲ့ အွန်လိုင်းမီဒီယာမှာ အသားလွတ် ဝင်ဆဲနေတာတွေ့ရပါတယ်။ ပြည်သူ တွေက မဆဲနဲ့ဆိုတာကို ”ဘာလို့မဆဲ ရမှာလဲ”ဆိုပြီး အသားလွတ်ဝင်ဆဲနေ တော့တာပါပဲ။

နောက်ထပ်ကြားသိရတာကတော့ အဲဒီလူတွေဟာ အဖွဲ့အစည်းတစ်ခုခု က ဖွဲ့စည်းထားပေးပြီး(ပြောရရင် မြင် သမျှ ဝင်ဆဲဖို့ ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်း)တစ်ဖက် သတ်ဝင်ပြောဖို့၊ ဆဲဖို့ လုပ်ထားတာဆိုတာကြောင့် အံ့အား သင့်ရပါတယ်။အင်မတန်အောက်တန်း ကျလှတဲ့ အပြုအမူမို့လည်း ရယ်စရာ လည်းကောင်း၊ သနားစရာလည်း   ကောင်းနေပြန်ပါတယ်။ အရည်မရ၊ အဖတ်မရ၊ ကိုယ့်အတွက်လည်း အကျိုး မရှိ၊ ပတ်ဝန်းကျင်အတွက်လည်း အကျိုး မရှိ၊ တိုင်းပြည်အတွက်လည်း အကျိုး မရှိတဲ့ လုပ်ရပ် ကို လုပ်နေနိုင်တဲ့ လူ တွေအတွက်လည်း အလွန်သနားဖို့ ကောင်းပါတယ်။

ဒီကြားထဲ မန္တလေး ပဋိပက္ခမှာ အွန်လိုင်းက တစ်ဆင့် ဘယ်သူဘယ်လို စလိုက်လဲတော့ မသိပါဘူး။ ဘယ်က ဘယ်လိုမှန်းလည်းမသိ ရောက်လာကြ တဲ့ သူတွေက ဟိုဘက်ဒီဘက် အုပ်စုဖွဲ့ သောင်းကျန်းနေတာကြောင့် မြို့ခံလူ တွေတောင် အံ့အားသင့်ခဲ့ရပါတယ်။

မြို့ခံလူတွေလည်း မဟုတ်။ ဘယ် ကဘယ်လို ရောက်လာမှန်း မသိသူတွေ က အုပ်စုဖွဲ့ သောင်းကျန်းနေတယ်ဆို တာကြောင့် မြို့ခံလူတွေပါ နားမလည် နိုင်အောင်   ဖြစ်ရပါတယ်။

စဉ်းစားကြည့်ပါ။ အွန်လိုင်းပေါ်က ပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်၊ ပိုက်ဆံ ဘယ်လောက်ပဲရရ၊ လူ့အသိုင်းအဝိုင်း ကလက်မခံနိုင်တဲ့သူဖြစ်ရတာ ဘယ် လောက်ဝမ်းနည်း စရာကောင်းပါသလဲ။ တွေ့သမျှလူတိုင်းက ကိုယ့်ကို ရွံရှာတဲ့ အကြည့်နဲ့ အကြည့်ခံရတာဘယ် လောက် ရှက်စရာ ကောင်းပါသလဲ။ ကိုယ်က မရှက်ရင်တောင် ကိုယ့်မိသား စုကို အားနာတတ် ရှက်တတ်ဖို့ကောင်း ပါတယ်။ ကိုယ့်ရဲ့အပြုအမူတစ်ခုအတွက် ပတ်ဝန်းကျင်မှာ သူများအထင်သေးတဲ့ မျက်လုံးမျိုးနဲ့ အကြည့်ခံနေရတဲ့ကိုယ့်ရဲ့ သားသမီးကိုတော့ ကိုယ်ပြန်ပြီးရှက်တတ် ရမှာပါ။ ဒါမှ မရှက်တတ်သေးရင်လည်း ပြောစရာစကား သိပ် မရှိတော့ပါဘူး။ လောကမှာ ရှက်တတ်တာ လူတစ်မျိုးပဲ ရှိပါတယ်။

မြန်မာတွေ နှုတ်လုံကြသလား

အခုတလော လွှတ်တော်အကြောင်း ကြားနေရတာတွေက ရယ်စရာများဖြစ် အောင်လုပ်နေကြလားလို့ ထင်ရပါ တယ်။ လွှတ်တော်မှာ ခေါင်းပေါင်းချွတ် ခွင့် ရှိ မရှိ၊ အိမ်နှစ်အိမ်က ကြက်ခြံ သုံးခြံကို ဖယ်ရှားခွင့်၊ ခွေးတွေကို နှိမ်နင်း ခြင်း ရှိ၊ မရှိ စသည် စသည်ရယ်စရာ ကောင်းသော တင်ပြမှုတွေကို အတည် လို ကြားနေရပါတယ်။

ဒီကြားထဲ အဲဒီထဲမှာ ရောက်နေတဲ့ သုံးပုံနှစ်ပုံဟာ ဘာအဆိုမှ မတင်ပြဘူး ဆိုတာကြောင့်လည်း သူတို့ဘာလို့ အဲဒီ အခန်းကြီးထဲ ဝင်ထိုင်နေကြတာလဲလို့ သိချင် မိကြပြန်ပါတယ်။

စဉ်းစားကြည့်ပါ။ ကိုယ့်ရပ်ရွာလေး တိုးတက်လာလေမလားရယ်လို့ ဆန္ဒမဲ ပေးသွင်းပြီး တင်မြှောက်ခဲ့တဲ့သူ၊ အဲဒီ လူက အခုကျတော့ ဘာစကားတစ်ခွန်း မှ မပြောဘဲနဲ့ အဲဒီအခန်းထဲမှာ ဝင်အိပ် နေတယ်ဆိုတာကြောင့်လည်း အံ့သြမိ ပြန်ပါတယ်။

ခါတိုင်းရပ်ကွက်ထဲ၊ ကျေးရွာထဲ ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့ သူတွေ အဲဒီအခန်းထဲရောက်မှ တစ်ခွန်းမှ မ ထွက်တော့တာလည်း အံ့အားသင့်စရာ ပါပဲ။ ဘာကြောင့် ဘာမှ မပြောကြတော့ တာလဲ။

သူတို့ကိုကြည့်ပြီးတော့လည်း ကျွန်တော်တို့ မြန်မာတွေ နှုတ်လုံလှ ချည်းလားလို့လဲ တွေးမိပါတော့တယ်။

အကြည်တော်

Popular Journal

အပြည့်အစုံသို့ »

ကလေးကို မစနောက်ပါနဲ့



ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကို အသုံးပြုကို ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့် ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။

ကစ်ကစ် မူကြိုတက်စအချိန်က ကျွန်မအလုပ်များတဲ့အချိန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပို့၊ ကျောင်းကြိုတဲ့ကိစ္စကို ကစ်ကစ်ဖေဖေက တာဝန်ယူခဲ့တယ်။ ကစ်ကစ်ဖေဖေအလုပ်လုပ်တဲ့နေရာက မူကြိုကျောင်းနဲ့နီးတယ်။ ကစ်ကစ်မူကြိုကျောင်းဆင်းချိန်မှာ သူ့ဖေဖေရဲ့ရုံးက မဆင်းသေးဘူး။ အဲဒါကြောင့် ကစ်ကစ်ကို သူ့ဖေဖေက မူကြိုမှာအရင်သွားကြိုပြီး ရုံးမှာလာထားတယ်။ ပြီးမှ အတူအိမ်ပြန်တယ်။ သူ့ရုံးမှာ အသက်(၃ဝ)ဝန်းကျင်လောက်ရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံး၊ လေးယောက်ရှိတယ်။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်နေတတ်သူတွေဖြစ်တယ်။ သူတို့ထဲကနှစ်ယောက်က ကစ်ကစ်နဲ့စကားပြောရတာကို အရမ်းကြိုက်တယ်။ ဒါပေမယ့် သူတို့က ကလေးကို ရိုးရိုးတန်းတန်း စကားပြောတာမျိုးမဟုတ်ဘဲ တိရစ္ဆာန်လေးတစ်ကောင်ကို ဆော့ကစားသလိုမျိုး ဆက်ဆံတယ်။ ဥပမာ- အရမ်းကြောက်စရာကောင်းတဲ့ရုပ်မျိုးလုပ်ပြီး ကလေးကိုပြေးပွေ့တော့မယ်ပုံမျိုးလုပ်တယ်။ ကလေးကလန့်ပြီး ပြေးပုန်းတော့ သူတို့က တဟားဟားနဲ့ ရယ်မောကြတယ်။ ဒါမှမဟုတ် သူတို့ကို “ဘိုးဘိုး”လို့ ကစ်ကစ်ကိုအခေါ်ခိုင်းတယ်။ ကစ်ကစ်က ဘာမှနားမလည်ဘဲ သူတို့ကို“ဘိုးဘိုး”လို့ခေါ်တော့ တဝါးဝါးနဲ့အော်ရယ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ကစ်ကစ်က သူတို့အားလုံးရဲ့အပြုအမူကိုကြည့်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားမိမယ်၊ ဒါပေမယ့် ဘယ်နေရာမှားနေမှန်း သူ မသိသလို စိုးရိမ်ကြောင့်ကြစိတ်တွေဖြစ်နေမယ်ဆိုတာကို ကျွန်မခန့်မှန်းမိတယ်။ ကစ်ကစ်ကို သူတို့က “ဘိုးဘိုး”လို့ နောက်တစ်ကြိမ်ခေါ်ခိုင်းတယ်။ ကစ်ကစ်ကမခေါ်တော့ သူတို့ကစိတ်ဆိုးဟန်ပြတယ်။ ပြီးတော့ ကစ်ကစ်ကို မယဉ်ကျေးဘူးလို့ဆိုတယ်။ ကစ်ကစ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သူတို့စနောက်တယ်။ ကစ်ကစ်ကို စနောက်ကြတာကို သူ့ဖေဖေလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ကလည်းဖြစ်ပြန်၊ ဒါဟာ အပျော်သက်သက်လုပ်တယ်လို့ထင်ပြီး သူလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေကို မတားမြစ်နိုင်ခဲ့ဘူး။

ဒီကိစ္စကို စစချင်းမှာ ကျွန်မ မသိခဲ့ဘူး။ ကစ်ကစ်ကလည်းငယ်သေးတော့ ကျွန်မကို သူခံခဲ့ရတာတွေ ပြောမပြနိုင်ခဲ့ဘူး။ ကာလအတန်ကြာမှ ကစ်ကစ်ဟာ အပြင်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုမဲ့တာ၊ စကားပြောရာမှာ အရင်လို ပွင့်ပွင့်လင်းလင်းမရှိတာ၊ စကားကို ပြောချင်ပေမယ့် ရေရေရာရာမပြောနိုင်တာ၊ မျက်လုံးအကြည့်တွေက ချီတုံချတုံဖြစ်ပြီး ရှောင်လွဲတာမျိုးကို ကျွန်မသတိထားလိုက်မိတယ်။ အထူးသဖြင့် သူစိမ်းတွေနဲ့စကားပြောတဲ့အခါ ပိုသိသာပါတယ်။ ကစ်ကစ်အတွက် ကျွန်မအရမ်းစိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် ဒါကိုဘယ်လိုဖြေရှင်းကုသပေးရမှန်း ကျွန်မချက်ချင်းအဖြေရှာမရဖြစ်ခဲ့လို့ ကလေးအပေါ် ကျွန်မတို့ရဲ့သွန်သင်ဆုံးမမှုကို ကျွန်မတို့ပြန်ဆန်းစစ်ခဲ့ကြတယ်။ နေ့စဉ်ဘဝမှာ သူ့ကို တခြားလူတွေနဲ့ ပိုဆက်ဆံပြောဆိုစေခဲ့တယ်။ သူ့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။

တစ်နေ့မှာ ဖေဖေနဲ့အတူ ကစ်ကစ်အိမ်ပြန်လာတယ်။ ကစ်ကစ်ရဲ့ပုံစံက ငိုထားပုံရလို့ ဘာဖြစ်လာတာလဲလို့ ကျွန်မမေးတော့ “ဖေဖေ့ရုံးက ဦးလေးမိုးကပြောတယ်။ ဖေဖေက သမီးကိုမယူတော့ဘူးတဲ့” ပြောရင်း ကစ်ကစ်ငိုပြန်တယ်။ ကစ်ကစ်ရဲ့ဖေဖေက သူရုံးမဆင်းခင် အစည်းအဝေးတစ်ခုတက်ခဲ့ရတယ်။ အစည်းအဝေးက သတ်မှတ်ချိန်ထက် နောက်ကျမှပြီးခဲ့လို့ ရုံးဆင်းချိန်ကျော်သွားခဲ့တယ်။ အဲဒီမှာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကစ်ကစ်ကို “သမီးရဲ့ ဖေဖေနဲ့မေမေက သမီးကို မယူတော့ဘူး။ သမီးကို ဦးမွေးစားဖို့အတွက်ပေးလိုက်ပြီ။ ဦးမှာ သားတစ်ယောက်ရှိတယ်၊ သမီးမရှိတာနဲ့ အတော်ပဲ။ လာ… ဦးနဲ့ အိမ်ပြန်လိုက်ခဲ့ပါ” လို့ နောက်ပြီး ကစ်ကစ်လက်ကိုဆွဲခေါ်သွားမယ့်ပုံစံနဲ့ နောက်တယ်။ အဲဒီမှာ ကစ်ကစ်က ကြောက်လန့်ပြီး အော်ငိုတော့တယ်။ ဒီအဖြစ်ကိုသိမှ သူတို့ရုံးကလူတွေ ကစ်ကစ်ကို အမြဲစနောက်တတ်မှန်း ကျွန်မသိရတော့တယ်။

သိသိချင်း ကျွန်မအရမ်းစိတ်တိုမိတယ်။ ယောက်ျားဖြစ်သူကိုလည်း ကလေးကို မစောင့်ရှောက်၊ မကာကွယ်တတ်သူဆိုပြီး အပြစ်ပြောမိတယ်။ စိတ်တိုတိုနဲ့ ကလေးကိုအကြိုအပို့ကိစ္စ ဆက်မလုပ်ဖို့ ပြောမိတယ်။ ယောက်ျားဖြစ်သူကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြုမူပုံကို မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့် ဒီလိုစနောက်တာတွေက ကစ်ကစ်ကို ဘာမှအကျိုးသက်ရောက်စေမှာမဟုတ်ဘူးလို့ ထင်ခဲ့လို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန်ထားခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ ကျွန်မအကြိမ်ကြိမ်ဆွေးနွေးခဲ့သလို ကလေးရဲ့စိတ်ဓာတ်ရေးရာကို သူနဲ့အတူ စိတ်ဖြာလေ့လာခဲ့တယ်။ အကျိုးမသက်ရောက်နိုင်ဘူးလို့ သူထင်ထားတာတွေဟာ တကယ့်လက်တွေ့မှာဖြစ်လာတာကို သူတွေ့လိုက်ရတယ်။ ကစ်ကစ်ဟာ မကြာခဏ အိပ်နေရာကနေ ငိုရင်း လန့်နိုးလာတတ်တယ်။ ဘာအိပ်မက်များမက်လို့ ငိုရတာလဲလို့ ကစ်ကစ်ကို ကျွန်မတို့မေးတော့ ကစ်ကစ်က အိပ်မက်ထဲမှာ ဖေဖေဟာ သူ့ကိုကျောင်းမှာလာကြိုပြီး သူ့ကိုမခေါ်ဘဲ တစ်ယောက်တည်းထားပြီး ထွက်သွားကြောင်းပြောတယ်။ လူကြီးရဲ့ အမှတ်တမဲ့နောက်ပြောင်မှုတစ်ခုက ကလေးငယ်ကို ဘယ်လောက်ထိ နက်နဲကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီလဲ။
ပျော်ရွှင်ချင်လို့ အမှတ်တမဲ့နောက်ပြောင်တဲ့ အပြုအမူတစ်ခုက ကစ်ကစ်ကို ဘယ်လောက်ထိ အကျိုးသက်ရောက်စေခဲ့ကြောင်းကို တွေ့မြင်ပြီးတဲ့နောက် ကစ်ကစ်ရဲ့ဖေဖေ အရမ်းနောင်တရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကပဲ ကစ်ကစ်ကို ကြိုပို့လုပ်ခဲ့တော့တယ်။ ယောက်ျားဖြစ်သူကို မကြိုမပို့စေတော့တာကလည်း အဲဒီသူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ကစ်ကစ်နဲ့ ပေးမဆုံ၊ ပေးမတွေ့ချင်တော့လို့ဖြစ်တယ်။ ကစ်ကစ် စိတ်မချမ်းမသာဖြစ်မှာ စိုးလို့ဖြစ်တယ်။ ကစ်ကစ်ရဲ့ဖေဖေကလည်း ဒီကိစ္စကို အလေးအနက်ထားလာခဲ့တယ်။ တစ်ခါတလေ ကျွန်မအလုပ်အရမ်းများလို့ ကစ်ကစ်ကို သွားမကြိုနိုင်တဲ့အခါ သူ့ဖေဖေကသွားကြိုပြီး ရုံးမှာခဏထားတယ်။ ဒါပေမယ့် ကစ်ကစ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ စနောက်တာကို လုံးဝခွင့်မပြုခဲ့တော့ဘူး။ ကျွန်မလည်း ကျွန်မယောက်ျားနဲ့ နှစ်ဦးသဘောတူညီမှုတစ်ခု ယူခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမှားလုပ်မိချင်လုပ်မိပါစေ.. ကလေးအပေါ်တော့ “အမှား”မလုပ်မိဖို့ဖြစ်တယ်။ လူကြီးတွေက ကလေးကို မလိုမုန်းထားလို့ စနောက်တာမဟုတ်မှန်းသိပေမယ့် ဒီလိုစနောက်တာကို အုပ်ထိန်းသူသဘောမတူတော့ သူတို့လည်း မစနောက်ကြတော့ဘူး။ ဒီတော့ “အမှား”လုပ်မိတဲ့အရာလည်း မရှိခဲ့တော့ဘူး။

ကလေးတွေနဲ့ “ကစား”တာနဲ့ ကလေးတွေကို “နောက်ပြောင်”တာက လုံးဝမတူတဲ့အရာနှစ်ခုဖြစ်တယ်။ “ကစား”တာက ကလေးရဲ့ပျော်ရွှင်မှုကို ဦးစားပေးတဲ့အရာဖြစ်တယ်။ ကလေးရဲ့စိတ်ဝင်စားမှု၊ နှစ်လိုမှုထဲ လူကြီးရဲ့စိတ်ကို နိမ့်ချပြီး ကလေးနားလည်နိုင်တဲ့၊ လက်ခံနိုင်တဲ့နည်းနဲ့ ကလေးပျော်ရွှင်ရယ်မောအောင် ပြုလုပ်တာပဲဖြစ်တယ်။ အဲဒီလိုကစားရမှာ ကလေးစိတ်၊ ပျော်ရွှင်စိတ်၊ ရယ်မောစိတ်နဲ့ အသိဉာဏ်တွေပါဝင်ရပါတယ်။

တစ်ခါက မိခင်တစ်ဦးဟာ လျှော်ပြီးသားအိပ်ရာခင်းကို လှန်းပြီးနောက် သူ့ရဲ့၂နှစ်သမီးလေးနဲ့အတူ တူတူပုန်းတမ်းဆော့ကစားတာကို ကျွန်မတွေ့ခဲ့ရတယ်။ မိခင်ဟာ ကလေးငယ်နဲ့ လှန်းထားတဲ့အိပ်ရာခင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ တစ်ယောက်ကိုတစ်ယောက်ကွယ်ပြီး ရပ်လိုက်ကြတယ်။ တူတူရေဝါးလို့ အော်လိုက်တာနဲ့ နှစ်ယောက်စလုံးက အိပ်ရာခင်းရဲ့ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေခေါင်းပြူပြီး မျက်နှာချင်းဆိုင်ကြည့်ကြတယ်။ ကလေးရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း မေမေနဲ့မျက်နှာချင်းဆုံဖို့ဖြစ်တယ်။ မိခင်ရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း ကလေးနဲ့မျက်နှာချင်း မဆုံမိဖို့ဖြစ်တယ်။ အဲဒီလိုနဲ့ မိခင်ဖြစ်သူက ဘယ်ဘက်ကနေ ခေါင်းပြူထွက်လိုက်တယ်။ နောက်တစ်ကြိမ်မှာလည်း ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်တယ်။ ကလေးက ဒီတစ်ကြိမ်မှာ မေမေဘယ်ဘက်ကနေ ခေါင်းပြူထွက်ရင် နောက်တစ်ကြိမ်မှာ ညာဘက်ကနေ ခေါင်းပြူထွက်လိမ့်မယ်လို့ စဉ်းစားချင့်ချိန်ပြီး ညာဘက်ကိုပြေးကြည့်တယ်။ ဒါပေမယ့် မေမေကို မတွေ့လိုက်ရဘူး။ အဲဒီလို အကြိမ်ကြိမ်လုပ်ရင်း နောက်ဆုံးမှာ မေမေနဲ့မျက်နှာချင်းဆုံလိုက်ရချိန် ကလေးက အရမ်းပျော်သွားပြီး အော်ရယ်တော့တယ်။ မေမေက ပထမတစ်ကြိမ်မှာ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တယ်။ နောက်တစ်ကြိမ်မှာလဲ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တာကို ကလေးကလည်း ခန့်မှန်းတတ်သွားတယ်၊ စဉ်းစားချင့်ချိန်တတ်သွားတယ်။ ဒါကြောင့် သူလည်း မေမေနဲ့မျက်နှာချင်းဆုံနိုင်ဖို့ ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်ခဲ့တယ်။ မေမေနဲ့မျက်နှာချင်းဆုံမိတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် သူပျော်ရွှင်မိတော့တယ်။

ကလေးကိုနောက်ပြောင်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့မသိတတ်ခြင်းကိုအသုံးပြုပြီး ကလေးအမှားလုပ်အောင်၊ ငိုယိုအောင်၊ ကြောက်ရွံ့အောင် တမင်လုပ်တာပဲဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်က လူကြီးပျော်ရွှင်ပြီး ကလေးက အရှက်ရ၊ စိုးရိမ်ကြောင့်ကျမှုရနဲ့ စိတ်ပျက်အားလျော့မှုရတာမျိုး ဖြစ်စေပါတယ်။
လူကြီးတစ်ယောက်ယောက်ရဲ့လက်ထဲမှာ ကလေးကိုပေးမယ့် ပစ္စည်းတစ်ခုခုကိုင်ထားတယ် ဆိုပါစို့။ ဒါပေမယ့် လူကြီးက ကလေးကို စိတ်လိုလက်ရမပေးဘဲ ကလေးဆီကနေ သတ်မှတ်ချက်တွေယူနေခဲ့သေးတယ်။ ကလေးကို နှစ်လိုတဲ့စကားတွေ ပြောခိုင်းတယ်။ တကယ်လို့ ကလေးကမပြောရင် ပေးမယ့်ပစ္စည်းကို ပြန်ယူသွားမယ့်ပုံစံမျိုးလုပ်တယ်။ ကလေးပြောမှ စိတ်ကျေကျေနပ်နပ်နဲ့ ပေးလိုက်တယ်။

တချို့လူကြီးတွေက ကလေးကိုခြောက်လှန့်ပြီး ပျော်ရွှင်မှုကိုယူတယ်။ ကလေးက ယောက်ျားလေးဖြစ်ရင် ကလေးငယ်ရဲ့အင်္ဂါကို ဖြတ်ထုတ်လိုက်မယ့်ပုံစံမျိုးလုပ်ပြီး ခြောက်လှန့်တယ်။ တကယ်လို့ မိန်းကလေးဖြစ်ရင် သူနှစ်သက်တဲ့ ကစားစရာအရုပ်ကို ယူသွားမယ့်ပုံစံမျိုးနဲ့ စနောက်တယ်။ အရုပ်ကိုဖွက်ထားပြီး ပစ်ထုတ်လိုက်ပြီ ဒါမှမဟုတ် တခြားလူကို ပေးပစ်လိုက်ပြီဆိုတာမျိုးနဲ့ နောက်တယ်။ ကလေးက စိတ်လှုပ်ရှားပူပန်ပြီးငိုမှ အရုပ်ကိုထုတ်ပေးတော့တယ်။ လူကြီးတွေက ဒါကို ပျော်စရာလိုမှတ်တယ်။ ကလေးတွေက ခဏလောက်ပဲစိုးရိမ်ပူပန်တာ၊ ငိုတစ်ချက်၊ ရယ်တစ်ချက်နဲ့ ပြီးသွားတာပဲလို့ ထင်မှတ်ကြတယ်။ တကယ်တော့ ဒီလိုအပြုအမူတွေက ကလေးရဲ့စိတ်ဓာတ်ရေးရာကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒီလိုပြုမူပုံတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။

*** ပြန်တင်ပေးပါဆိုလို့... စာရှည်လို့ နှစ်ခါခွဲတင်ပါမယ်.. ကျန်တဲ့အပိုင်းကို နောက်ရက်မှ ထပ်တင်ပါမယ်..

ပညာရေးပါရဂူ၊ ပညာရေးအရာရှိ၊ အခုလက်ရှိ မိသားစုပညာရေးလေ့လာဆန်းစစ်သူ၊ မေးမြန်းသူအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။

Nine Nine Sanay

အပြည့်အစုံသို့ »

“ မန္တလေး အကြမ်းဖက်မှု ဘယ်သူ့မှာ တာဝန်ရှိလဲ ” စည်သူအောင်မြင့်


 “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဦးဝီရသူ
မဇ္ဈိမ သတင်းစာ၊

ဇူလိုင် လဆန်းက ဖြစ်ပွားခဲ့ပြီး ခုချိန်ထိ ည မထွက်ရ အမိန့်ထုတ်ပြန်ထားရဆဲ မန္တလေး အကြမ်းဖက်မှုကြီးကို စတင်စေခဲ့တဲ့ မုဒိန်းမှုဆိုတာဟာ လီဆယ် တိုင်တန်းမှု တစ်ခုပဲ ဖြစ်တဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်လိုက်ပါပြီ။ လီဆယ်တိုင်တန်း မှု တစ်ခုတောင် ခုလို အကြမ်းဖက်မှုကြီး ဖြစ်ရတယ် ဆိုရင် တကယ့်မှုခင်းတွေဆို ဒီထက်မက ဖြစ်နိုင်ခြေ အများကြီး ရှိတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါတင်မက ဒီနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် ဖန်တီးရ၊ လှုံ့ဆော်ရ အလွန်လွယ်ကူ၊ အဲလို လုပ်လို့လဲ ဘာမှ အရေးယူ မခံရဘူး ဆိုတဲ့ အဓိပ္ပါယ်လည်း ထွက်ပါတယ်။ အခု ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဘက်က ဘာမှ သုံးသပ်တာ၊ အရေးယူ ဆောင်ရွက်တာ မလုပ်တော့ဘူးလားလို့ မေးစရာ မေးခွန်း ရှိလာပါတယ်။ ဒီကနေ့ ဒီအကြောင်း သုံးသပ်တင်ပြသွားပါ့မယ်။

ပထမ တစ်ချက်ကတော့ မုဒိန်းကျင့်ခံရပါတယ် ဆိုတဲ့ တိုင်တန်းချက်တစ်ခုကို ဘယ်မီဒီယာတွေက ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတာပါ။ “ တိုင်ကြားထားချက် ” ကို “ တိုင်ကြားထားချက်” လောက် မဖော်ပြပဲ တကယ်ပဲ ဖြစ်ခဲ့သယောင်၊ စွတ်စွဲခံရသူတွေက တကယ်ပဲ ကျူးလွန်ခဲ့သယောင် ရေးသားမှုက ပထမ ဦးဆုံး တာဝန်ရှိပါတယ်။ ဒုတိယ တစ်ချက်ကတော့ “ တိုင်ကြားထားဆဲ ” အဆင့်လောက်ပဲ ရှိနေသေးတဲ့ မှုခင်းတစ်ခုခုကို စွတ်စွဲခံရသူဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အချက်တစ်ခုထဲနဲ့ အသည်းအသန် လိုက်လံ စုံစမ်း၊ သတင်းဖြန့်ဖြူး လုပ်ခဲ့ကြသူတွေလည်း တာဝန်ရှိပါတယ်။ အခုဖြစ်စဉ်မှာ အရှင်ဝီရသူဟာ အဲဒီ ကိစ္စ တိုင်ချက် “ပ ” နံပါတ်ရဖို့ မဘသ အဖွဲ့ဝင်တွေကို ပျဉ်းမနားရဲစခန်းအထိ သွားပြီး မေးမြန်း ခိုင်းခဲ့တာပါ။ တစ်နှစ်ကို မုဒိန်းမှုပေါင်း ၇၀၀ ကျော်လောက် ဖြစ်ပွားနေတဲ့၊ သက်ငယ်မုဒိန်းမှုတွေ အလွန်ပေါများ အရုပ်ဆိုး အကျည်းတန်နေတဲ့ တိုင်းပြည်တစ်ပြည်မှာ ခုလို အဓမ္မပြုကျင့်တယ် ဆိုပြီး ဘာသာခြားကို စွတ်စွဲတဲ့ ကိစ္စမျိုးတွေကိုမှ ရွေးပြီး ဘာကြောင့် စုံစမ်းခိုင်းရတာလဲ။ ဒါဟာ ဘုရားသားတော် သံဃာတွေ လုပ်ရမယ့် လုပ်အပ်တဲ့ အလုပ် ဟုတ်ပါရဲ့လား။ စသဖြင့် မေးစရာရှိလာပါတယ်။

တဆက်တည်း ဒီ ကိစ္စကို ဦးဝီရသူနဲ့ မတူကွဲပြားပါတီ ခေါင်းဆောင် နေမျိုးဝေတို့ သူတို့ပိုင် ဖေ့ဘုတ် စာမျက်နှာမှာ ရေးကြသားကြပါတော့တယ်။ ဦးဝီရသူဆိုရင် ဇူလိုင် ၃ ရက်နေ့မှာ ခုလို ရေးခဲ့ပါတယ်။ “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဒီထက် ဆိုးတာတွေတောင် အများကြီး ရှိပါသေးတယ်။ တကယ်တော့ ဒါဟာ အမုန်းတရား ဖြစ်ပေါ်ဖို့ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်မှု တစ်မျိုးလို့ ဆိုရင် မမှားပါဘူး။ နေမျိုးဝေကတော့ အမုန်းတရား ဖြစ်ဖို့ လှုံ့ဆော်ရုံမက အကြမ်းဖက်ဖို့တောင် လှုံ့ဆော်ခဲ့ပါတယ်။

ဒီလောက်တောင်ပဲလား ဆိုတော့ မက သေးပါဘူး။ မန္တလေးမှာ ဆူပူမှု စဖြစ်တော့ မန္တလေး မဘသ အဖွဲ့ကြီးဟာ တစ်ဖက်က ဒီဆူပူမှုတွေဟာ သူတို့ကြောင့် မဟုတ်ပါဘူး လို့ ပြောပြီး အခြားတစ်ဖက်က အဲဒီ တိုင်ကြားထားဆဲ မုဒိန်းမှု ကို အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ဆိုပြီး တရားဝင် ကြေငြာချက်ထုတ် တောင်းဆိုတာမျိုးတောင် လုပ်လိုက်ပါသေးတယ်။ ပြောရရင် မန္တလေးမှာ အကြမ်းဖက်မှုကြီး ဖြစ်ပွားအောင် အဦးအစ လှုံ့ဆော်သူတွေဟာ အဲဒီ သံဃာ၊ အဲဒီ လူပုဂိုလ်နဲ့ အဲဒီ အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ တစ်တိုင်းတစ်ပြည်လုံးလဲ သိကြပါတယ်။

တတိယ တစ်ချက်ကတော့ တိုင်ကြားထားဆဲ အမှုတစ်ခုက တိုင်ကြားခံလူတွေကို ထုတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုတာပါ။ တကယ်တော့ လူတွေ ဒီလို စုရုံးပြီး စွတ်စွဲခံရသူတွေကို ထုတ်ပေးဖို့ တောင်းဆိုမှု လုပ်လာအောင် ကနဦး လှုံ့ဆော်ပေးခဲ့သူတွေဟာ အဲဒီ လီဆယ် တိုင်တန်းထားတဲ့ မုဒိန်းမှုကို တကယ့်ဖြစ်ရပ်ကြီးသဖွယ် မီးမောင်းထိုး လှုံ့ဆော် ရေးသားခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ တကယ့် မုဒိန်းမှု အစစ်အမှန် ဖြစ်ခဲ့ရင်တောင် ဒီလို လူစုလူဝေး လူအုပ်ဝါဒနဲ့ ရိုင်းစိုင်းကြမ်းတမ်း တဲ့သူတွေလို ဥပဒေ အပြင်ဘက်က ကိုယ့်ဖာသာကိုယ် အပစ်ပေးချင်တဲ့ ပုံစံမျိုး လုပ်ဖို့ မလိုအပ်ပါဘူး။ တရားဥပဒေ အတိုင်း စီရင်စေရမှာပဲ ဖြစ်ပါတယ်။
စတုတ္တ တစ်ချက်ကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာချိန် ဒုတ်ဒါးကိုင်ဆောင် လှည့်လည် သွားလာသူတွေကို တားဆီးဖို့ မကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ ပြသနာပါ။ အဲလို အကြမ်းဖက်မှုကို တစ်ပြိုင်နက်တည်း မနှိမ်နင်းတဲ့အခါ အကြမ်းဖက်သူတွေ ပို အတင့်ရဲလာပါတယ်။ နောက်ပိုင်းမှ ဖမ်းမယ် ဆိုတဲ့အခါ လိုရင် လိုသလို မလိုရင် မလိုသလို၊ အရေးယူတာတွေ၊ အရေးမယူပဲ လျစ်လျူရှုပေးထားလိုက်တာတွေ အားလုံး လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားစေပါတယ်။ ခုဆိုရင် အာဏာပိုင်တွေဟာ လူသတ်မှု နှစ်မှုရဲ့ လက်သည်တရားခံ ဖော်ထုတ်ပြီး ပြည်သူတွေကို ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

တိုင်းပြည်တစ်ပြည်မှာ အမုန်းတရား ပေါက်ဖွားနိုင်ပါတယ်။ ဆူပူဖို့ လှုံ့ဆော်မှုသူတွေ ရှိနိုင်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်ပါတယ်။ အဲဒီမှာ အစိုးရ တစ်ရပ်ရဲ့ တာဝန်ဟာ နောက်နောင် အဲလို ထပ်မဖြစ်စေဖို့ နည်းပေါင်းစုံနဲ့ အရေးယူတားဆီးရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ပြည်သူတွေကို ပညာပေးတာမျိုး လုပ်ရပါမယ်။ အခုကတော့ ဗြောင်းပြန်ပါပဲ။ အမုန်းတရား ဖြန့်ဖြူးသူတွေ အရှိန်အဟုန် မပျက် ဆက်ပြီး ဖြန့်ဖြူးနေနိုင်ကြပါတယ်။ ဆူပူဖို့ လှုံ့ဆော်သူတွေ ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်။ အကြမ်းဖက် သမားတွေကလည်း အခွင့်ပေါ်လာတိုင်း အကြမ်းဖက်ကြပါဦးမယ်။ အကြောင်းကတော့ အာဏာပိုင် အဖွဲ့အစည်းက ထိထိရောက်ရောက် အရေးယူမှု မရှိတာ၊ တမင် ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က စ လိုက်တဲ့ အကြမ်းဖက်မီး မိတ္တီလာ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ အခုနောက်ဆုံး မန္တလေး ရွှေမြို့တော်အထိ မရပ်မနား ကူးစက် လောင်ကျွမ်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု မန္တလေး ဇတ်လမ်းအစ အဖြစ်မှန်ပေါ်လာပါပြီ။ အာဏာပိုင်တွေအနေနဲ့ ဒီလို ပြသနာမျိုး နောက်ထပ် ဖြစ်ပေါ်မလာရလေအောင် ကာကွယ်တားဆီးရမယ့် အပြင် လီဆယ် တိုင်တန်းသူကို ဥပဒေ အရပဲ အရေးယူရပါမယ်။ သူ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားတယ်လို့ ၀ါဒဖြန့်ပြီး တရားလွန် အပစ်ပေးတာမျိုး ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်အောင် မလုပ်သင့်ပါဘူး။ ပုံမှန် တရားဥပဒေအတိုင်း စီရင်ရပါမယ်။ အလားတူ စွတ်စွဲခံရတဲ့၊ နစ်နာသွားတဲ့ လဖက်ရည်ဆိုင်ပိုင်ရှင်တွေ သူတို့ အလုပ် သူတို့ ဆက်လုပ်နိုင်အောင် အာဏာပိုင်တွေက အပြည့်အ၀ အကာအကွယ်ပေး တာဝန်ယူရပါမယ်။ အပြစ်မရှိတဲ့ နိုင်ငံသားတွေကို အစိုးရက အကာအကွယ်ပေးတာမျိုး ဖြစ်ပါတယ်။

အရင် စစ်အာဏာရှင်တွေဟာ နိုင်ငံတော်က ဦးဆောင်တဲ့ အကြမ်းဖက်မှုလို့ ဆိုနိုင်တဲ့ ဒီပဲရင်း လို အကြမ်းဖက်မှုမျိုး ကျူးလွန်ခဲ့တဲ့ အမဲစက် စွန်းထင်းခဲ့ဖူးပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ကတော့ အဲလို အခြေအနေမျိုး မဖြစ်အောင် ရှောင်ရှားလိုတယ်ဆိုရင် အမုန်းတရား ဖြန့်ဖြူးနေတဲ့ ကိစ္စတွေ စပြီး ကိုင်တွယ်ပါ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူတွေကို ထိထိရောက်ရောက် အရေးယူပါ၊ နောက်နောင် မဖြစ်ပွားအောင် နည်းပေါင်းစုံနဲ့ ကာကွယ်ဖို့ စပြီး ပြင်ဆင်ပါ၊ စာနယ်ဇင်း သတင်းသမားတွေကို တကယ့် တိုင်းပြည်ဖျက်မယ့် ရန်သူကြီးတွေ သဖွယ် ဖိနှိပ်ရန်ရှာနေတာတွေကို ရပ်ပါတော့လို့သာ မေတ္တရှေ့ထား၊ တိုက်တွန်း ပြောကြားလိုက်ရပါတယ်။
စည်သူအောင်မြင့်။
Dawnmanhon

အပြည့်အစုံသို့ »

ထောက်လှမ်းရေးက မြှောက်စားလို့ တောက်ကြွားခဲ့တဲ့ တရုတ်ခရိုနီ – လက်စောင်းထက်



ဒီတစ်ပတ်တော့ နောက်ထပ် တရုတ်ခရိုနီတစ်ယောက် အကြောင်း ပြောပြမယ်။ သူကတော့ အရေး အခင်း မတိုင်ခင်ကာလမှာ တရုတ်တန်းမှာ သုံးဘီးမောင်းရာက စစ်အစိုးရ လက်ထက်မှာ ကုဋေကြွယ် သူဌေးကြီး ဖြစ်လာတဲ့သူပဲ။ တခြား တရုတ်ခရိုနီတွေလို သူလည်းမူးယစ်ဆေးနဲ့ မကင်းဘူး။ ထောက်လှမ်းရေး ညွှန်မှူး ဗိုလ်ချုပ်ခင်ညွန့်နဲ့ အလွန်ပလဲနာမသင့်ပြီး အင်းလျားကန်ရှေ့က မြကန်သာအိမ်ရာ၊ တာမွေက မေတ္တာညွန့်အိမ်ရာ၊ ဗဟန်း ဗိုလ်ချိုအိမ်ရာ၊ အလုံ အမှိုက်ပုံက မြစ်ကမ်းသာ အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ခွင့် ရခဲ့ရုံမက အခု အစိုးရ လက်ထက်မှာလည်း လေဟာပြင် ဈေးကြီးကို စည်ပင်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရခဲ့သူပေါ့။

သူ့နောက်မှာ မြန်မာစကား မပြောတတ်တဲ့ မန္တလေးက တရုတ် သူဌေးကြီး တစ်ဦးရှိတယ်။ အဲဒီလူ ကနောက်မှာနေပြီး သူကရှေ့ထွက် လူလုံးပြရင်း ချမ်းသာလာတာ ဖြစ်တယ်။ ထောက်လှမ်းရေး ဆိုတာကလည်း အဲဒီခေတ်က တန်ခိုး အလွန်ထွားသမို့ ထင်ပေါ်လို့ ထောက်လှမ်းရေးက ကောက်လိုက်ရင် တစ်ခါတည်း စင်ပေါ်ရောက်လာတာပေါ့ဗျာ။ အဲဒီလူက ဘဏ်ထောင်တော့ အလုပ်ခေါ်ရာမှာ မတတ်တာကို တတ်အောင် သင်ပေးလို့ရတယ်၊ မလှတာကို လှအောင်ပြင်ပေးလို့ မရဘူးဆိုတဲ့ မူနဲ့ ၀န်ထမ်းမလေးတွေ ခန့်ခဲ့တာပေါ့။ သူ့ရဲ့ဆောက်လုပ်ရေး ကုမ္ပဏီထဲမှာလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကော်မတီဝင် တချို့ကို အစုရှယ်ယာ ထည့်ပေးထားတော့ စည်ပင်က အလုပ်မှန်သမျှ သူချည်းရနေတဲ့သူလည်း ဖြစ်တယ်။

သူက ပြီးခဲ့တဲ့ အပတ်ပြောခဲ့တဲ့ ဘိန်းတရုတ်ခရိုနီလိုပဲ ရေအား လျှပ်စစ်စီမံကိန်းတွေကို ကုမ္ပဏီ နာမည် အမျိုးမျိုးနဲ့ ရလည်းရထားတယ်။ အထင်ရှားဆုံး ပြောပြရရင် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းပေါ့။ ဘိန်းတရုတ် ခရိုနီက လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်တင်ထွဋ် လက်ထက်မှာ စီမံကိန်းတွေ ရခဲ့တာဖြစ်ပြီး ဒီတရုတ် ခရိုနီကတော့ လျှပ်စစ်တွေ ပိုနေလို့ နိုင်ငံခြားတောင် ရောင်းစားနေရတယ်လို့ ပြောခဲ့တဲ့ နာမည်ကျော် လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်း လက်ထက်မှာ စီမံကိန်း တွေရခဲ့တာ ဖြစ်တယ်။ အာဏာရှင်ရဲ့ မိသားစုနဲ့ ရွှေလမ်း၊ငွေလမ်း ပေါက်အောင်လည်း အဲဒီ လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းကပဲ ဖောက်ပေးခဲ့တာ ဖြစ်တယ်။

ဒီတရုတ်ခရိုနီက ဘယ်လောက်တောင် လောဘကြီးခဲ့ သလဲဆိုရင် ဓာတ်ဆီ၊ ဒီဇယ်သုံးရတဲ့ ၀န်ကြီးဌာနတွေ ဖြစ်တဲ့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ စွမ်းအင် ၀န်ကြီးဌာန လေးခုကိုပေါင်းပြီး Ministy of Energy စွမ်းအင်ဝန်ကြီး ဌာနတစ်ခု အဖြစ် ပေါင်းပစ်ဖို့တောင် စီမံချက်တစ်ခုဆွဲပြီး ၂၀၀၈ ခုနှစ်က တင်ခဲ့သေးတာ။ အဲဒီစီမံချက်ကို ရေးပေးတဲ့သူက တလောကပဲ သမ္မတရဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရသွားတဲ့သူရဲ့ သားဗျ။ ဌာနလေးခုပေါင်းရဲ့ ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ဇော်မင်းက လုပ်မယ်ပေါ့ဗျာ။ အဲဒါကို အာဏာရှင် သာဂိကြီးဆီ အထိ တင်ခဲ့သေးတယ်။ ဟိုကလည်း သူ့အကျိုးစီးပွားပါလို့ အတည်ပြုခါနီးမှာ ကျန်တဲ့ ထိုင်ခုံပျောက်မယ့် ၀န်ကြီးတွေက ၀ိုင်းကန့်ကွက်လို့ ပျက်သွားတာ။

တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက်ခဲ့တဲ့ သူ့ရဲ့ဘဏ်ကလည်း မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ ထောင်တာမဟုတ်ဘဲ မြေဈေး၊ ရွှေ ဈေး၊ အိမ်ဈေးနဲ့ အဲဒီခေတ်က ကားဈေးကွက်ကို ကစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထောင်ခဲ့တာဖြစ်တယ်။ သူ့ဆီက ငွေထုတ်ချေးတဲ့ သူတွေဟာ ကုန်ထုတ်လုပ်ငန်း လုပ်တဲ့သူတွေ မဟုတ်ဘဲ လက်ထဲ ငွေရတာနဲ့ မြန်မာ့စီးပွားရေးကို သွက်သွက်ခါအောင် ကိုင်ကိုင်လှုပ်ခဲ့တဲ့ တရုတ်တွေချည်းပဲ။ အဲဒီကနေလည်း သူ့အတွက် အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်။ သူက အငှားကားမောင်းသမား ဘ၀ကနေ ဒီလိုသူဌေးကြီး ဖြစ်လာတာကို လူငယ်တွေ အတုယူ သင့်ကြောင်း အဲဒီခေတ်က အင်တာဗျူးတွေမှာ ဖြေလေ့ရှိတယ်။ ဒါပေမဲ့ စာနယ်ဇင်းသမား တစ်ယောက်က အငှားကားမောင်းရာကနေ နှစ် ၂၀အတွင်းမှာ ဒီလိုသူဌေးကြီး ဖြစ်လာအောင် ဘယ်ကငွေတွေ ရခဲ့ပါသလဲ မေးပြီးတဲ့နောက်မှာ သူ့ရဲ့အင်တာဗျူးတွေကို မတွေ့ရတော့ဘူး။

သူ့ဘဏ်လျှမ်းလျှမ်းတောက် နေချိန်မှာ တရုတ်အစိုးရက ဒီဘဏ်ဟာ မူးယစ်ဆေး၊ ငွေကြေး ခ၀ါချမှုတွေနဲ့ ပတ်သက်နေလို့ ပိတ်ပစ်ဖို့ စစ်အစိုးရကို ဖိအားပေးခဲ့တယ်။ တရုတ်ကလည်း အလကား ပိတ်ခိုင်းတာ မဟုတ်ဘူး။ ဒီဘဏ်နဲ့ ချိတ်ထားတဲ့ တရုတ်ဘဏ်တွေက နာမည်ပျက် စာရင်းဝင်နေတဲ့ ဘဏ်တွေဖြစ်လို့ ကြာရင် ဒီငွေမည်းတွေနဲ့ သူခံရတော့မယ်ဆိုတာ သိလို့ ပိတ်ခိုင်းတာ ဖြစ်တယ်။ ဒီခရိုနီကလည်း ပြောရရင် ကူမင်တန် အကြွင်းအကျန်တွေ မြန်မာပြည်ထဲ ကျူးကျော်ဝင်လာရာက ပေါက်ဖွား လာတဲ့သူ ဖြစ်တယ်။ အဲဒီအချိန်မှာ စစ်အစိုးရကလည်း အာဏာတည်မြဲဖို့ တရုတ် တောင်းဆိုသမျှကို လိုက်လျော နေရတဲ့အချိန် ဖြစ်လေတော့ သူ့ကိုချစ်သော်လည်း တရုတ်ကြီး စိတ်မငြိုငြင်ရအောင် ဘဏ်ကို ပိတ်ပစ်ခိုင်းလိုက်တယ်။ ထူးဆန်းတာက ဘဏ်နဲ့ ပတ်သက်ပြီး ရရန်၊ ပေးရန်တွေကို အဲဒီခေတ်က အတွင်းရေးမှူး(၁)က ဦးဆောင်ပြီး ဘယ်သူမှ မနစ်နာရလေအောင် စာရင်း ရှင်းလင်းပေးခဲ့တာ ဖြစ်တယ်။ ဒီတစ်ကွက်တည်း ကြည့်မယ်ဆိုရင် စစ်အစိုးရဟာ အလွန်မှ ပြည်သူ ပြည်သားတွေကို ငဲ့ညှာ သနားတတ်တဲ့ အသွင်တောင် ဆောင်နေသေးတယ်။ ဘဏ်လုပ်ငန်းရှင် ဆိုတာ တခြား ဘာအလုပ်မှ မလုပ်ရဘူး။ ကိုယ့်ကို ယုံကြည်စိတ်ချလို့ လာအပ် သူတွေရဲ့ ငွေကို လက်ခံ၊ လုပ်ထုံး လုပ်နည်းနဲ့ အညီ ငွေလိုတဲ့ သူတွေကို အတိုးနဲ့ချေး။ ပြီးရင် ချေးငွေနဲ့ အပ်ငွေကြားက အတိုးကိုပဲ သူက စားရမှာ။ အခုတော့ ဘဏ်တစ်ခု ထောင်ပြီးတာနဲ့ ဆောက်လုပ်ရေးတွေ တွဲလုပ်လိုလုပ်၊ လေကြောင်းလိုင်းတွေ ထောင်လိုထောင်နဲ့။ဘာလို့ ဒီလောက် အစိုးရက သဘောကောင်း ပေးရသလဲဆိုရင် အောင်ထွန်းလေးလို့ ခေါ်တဲ့ သာဂိကြီးရဲ့ ညွှန်ကြားချက်တွေကြောင့်ပေါ့ဗျာ။ ဒါကြောင့်လည်း မူးယစ်ဆေးနဲ့၊ ငွေမည်းတွေနဲ့ ဘယ်လို ပတ်သက် ပတ်သက်၊ ဒီတရုတ် ခရိုနီက သာဂိကြီး အိမ်ကို အ၀င်အထွက် မပျက်တာပေါ့။ ဒါတောင် သာဂိကြီးက ဘဏ်ကိစ္စမှာ စိတ်ဆိုး ဟန်ဆောင်လိုက်လို့ တရုတ်ခရိုနီက သူ့သားအကြီးဆုံးကို လွှတ်ပြီး စိန်လမ်းရွှေလမ်း အတော်ပြန်ဖောက် လိုက်ရသေးတယ်တဲ့။ ဖိုးသူတော် မျက်စိလည်ဆန်ရ၊ သာဂိကြီး စိတ်ဆိုးရင် စိန်တွေ ရသပေါ့ဗျာ။

အဲဒီလိုနဲ့ သာဂိကြီးက တိုင်းပြည်ကို နှစ်ပေါင်း ၂၀လောက် အုပ်ချုပ်လိုက်ရာမှာ မြန်မာနိုင်ငံရဲ့ ဓနဥစ္စာတွေဟာ သာဂိကြီးတို့ မိသားစုနဲ့ တရုတ်ခရိုနီတွေ လက်ထဲကို လုံးလုံးကို ကျရောက်သွားတော့တာပါပဲ။ အခု ပြည်သူပြည်သားတွေ ကျောကော့နေအောင် စခံနေရပြီဖြစ်တဲ့ လျှပ်စစ်မီတာခတွေ တိုးကောက်ဖို့ လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိက ပေးခွင့်ပြုဖို့ ဆိုတာတွေဟာ အရင် လျှပ်စစ်ဝန်ကြီးတွေနဲ့ ဒီတရုတ်ခရိုနီတွေ ပေါင်းကြံသွားတဲ့ ကိစ္စသက်သက်ပဲဗျ။ ဒီအစိုးရနဲ့ ဒီခရိုနီတွေကတော့ ဟုတ်နေတော့တာပဲ၊ ခရိုနီတွေက သူတို့ မွေးထားတဲ့ လူကြီးတွေ အိမ်ကိုသွား၊ ဒူးကလေး ထောက်ပြီး အဘွအဘွနဲ့ ဟိုစီမံချက် တင်ပြ၊ ဒီစီမံချက် ချပြနဲ့။ လူကြီးဆိုတဲ့ စားဖားတွေ ကလည်း အဲဒီစီမံချက်တွေ ပေါ်မှာ သူတို့အိတ်ထဲ ဘယ်လောက် ရောက်မလဲ မြင်တာနဲ့ ပြည်သူတွေ လစဉ်၊ နှစ်စဉ် သားစဉ်မြေးဆက် ခံရတော့မှာကို မျက်ကွယ်ပြုပြီး ခွင့်ပြုပေးနဲ့။ ဒါလားဗျ မျိုးချစ်စိတ်၊ ဒါလားဗျ တိုင်းပြည်ကို တိုးတက်အောင် လုပ်တာလို့ပြောရင်း သူ့စကားကို အဆုံးသတ် သွားပါတော့တယ်။

လက်စောင်းထက်

Tomorrow Journal

အပြည့်အစုံသို့ »

ဘောင်ဘင်ခတ်သူ



                     သူ့နာမည် အရင်းကို ကျွန်တော် ကောင်းကောင်း မမှတ်မိတော့ပါ။ မြေလတ်မြို့လေး တစ်မြို့နားမှာ မြင်းလှည်းမောင်းနေရင်းက မလေးရှား အလုပ်ပွဲစား တစ်ယောက်နဲ့ ချိတ်ဆက်မိ၍ ထွက်လာခဲ့သည်ကိုတော့ ပြောပြဖူးသည်။ ကျွန်တော်ကလည်း မလေးရှားမှာ ကိုယ့်မြန်မာအချင်းချင်း၊ ကိုယ့်ဒေသသားအချင်းချင်းဆိုတော့ သူ့ကို ခင်မင်မိလေသည်။

ထိုစဉ် Joho ပြည်နယ်တစ်နေရာက စက်မှုဇုန် တစ်ခုအတွင်းမှာ ကျွန်တော်တို့ နေထိုင်သည်။ သူနှင့် ကျွန်တော်တို့က Block တစ်ခုခြားနေသော်လည်း ညပိုင်းတွင် တီဗွီနှင့် မြန်မာဗွီစီတီ ဇာတ်ကားများ ကြည့်ရှုရန် ကျွန်တော့်အခန်းသို့ လာရောက်လေ့ ရှိသည်။ သူ ကျွန်တော့်အခန်းတွင်းသို့ ၀င်လာကာ ခုတင်ဘေးမှ စာအုပ်များကို ဝေ့ကြည့်ရင်း စာအုပ်တစ်အုပ် ဇတ်ခနဲ ကောက်ကိုင်၍ ”ဒီကောင် စာရေး ကောင်းတယ်”ဟု ရုတ်တရက် ဆိုသည်။

သူ ကောက်ကိုင်လိုက်သည့် စာအုပ်က ဆရာ မြသန်းတင့်၏ လူများ၊ သက္ကရာဇ်များ၊ ဘ၀များ။ ကျွန်တော့်မှာ အံ့သြလွန်း၍ ကြက်သေ သေကာ နှုတ်ဆွံ့ နေခဲ့ မိတော့သည်။ မြသန်းတင့်ကို ဒီကောင် စာရေး ကောင်းတယ်ဟု ဆိုလေသော ကျွန်တော့် မြေလတ်သားကြီးမှာ အတန်းပညာ ရှစ်တန်း အောင်ခဲ့သည်ဟု ဆိုသည်။ သူ မလေးရှား ရောက်လာ ကတည်းက အင်္ဂလိပ်ရော မလေးလိုပါ ပြောနိုင်ရန် အထူးကြိုးစား အားထုတ် နေသည်ကို ကျွန်တော်တို့ မြင်ရသည်။ ကျွန်တော်တို့ကလည်း အားပေး ကူညီ ခဲ့ကြပါသည်။ သူက အမှတ်အသားတော့ ကောင်းသည်။ တစ်နေ့ သူနှင့် ကျွန်တော် အတူလမ်းလျှောက်လာရင်း လမ်းဘေး စက်ရုံတစ်ခုမှ ကြော်ငြာဆိုင်းဘုတ်ကို သူဖတ်သည်။ ရေးထားသည်ကတော့ မလေးလို Jawatan Kosong နှင့်  Workers Wanted ၊ အပေါ် အောက် နှစ်ကြောင်းတည်း ဖြစ်၏။

”ကိုဝင်း  Workers Wanted ဆိုတာ အလုပ်သမား အလိုရှိသည်လားဗျ”

”ဟုတ်တယ်ဗျ”

ကျွန်တော်ကလည်း ရှည်ရှည်ဝေးဝေး ရှင်းမပြ ဖြစ်ခဲ့။

မကြာခင်မှာ သူ့အစွမ်းကို မြင်ရလေသည်။ တစ်ညနေ ကျွန်တော်တို့ ဘီယာဝိုင်းဖွဲ့ နေကြရင်း မီးဖိုချောင်မှ ဟင်းအမြည်း လုပ်နေသော ကောင်က Gas ကုန်နေပြီ ဖြစ်ကြောင်း သတင်းပို့လေရာ သူက ”နေ နေ ကျွန်တော် လှမ်းမှာ လိုက်မယ်”ဟု ဆိုသည်။ ပြီးနောက်  Gas Company ၏  Hot Line နံပါတ်ကို ကောက်နှိပ်၍ အများကြားစေရန် ဖုန်းကို စပီကာ ဖွင့်လိုက်ချေသေးသည်။

”ဟယ်လို”

သူ့ ဟယ်လို အဆုံးမှာ တစ်ဖက်မှ ထူးသံ ထွက်ပေါ် လာသည်။

”ဟယ်လို”

”ဟယ်လို ဟယ်လို ဂက်စ် ၀မ့်တက်”

”နိုးဆာ၊ ၀ီအာ အယ်လ် ပီ ဂျီ”

”အာ ဂက်စ် ၀မ့်တက် အိုင် ဂက်စ် ၀မ့်တက်”

”ဟိုင်းဆာ၊ ၀ီအာ နော့သ် ဂက်စ် ၀မ့်တက်၊ အာဝါ့စ် အစ်စ် အယ်လ် ပီ ဂျီ၊ ယူဝမ့်တူ အော်ဒါ ဂက်စ်”

”ယာ့ ယာ့ ဂက်စ်ဝမ့်တက်”

”ဆိုး ယူဝမ့် ဒဂက်စ်”

”နိုး၊ နိုး ဂက်စ် ၀မ့်တက်”

ရှေ့ဆက် လွှတ်ပေးထားလျှင် ပိုဆိုးတော့မှာမို့ တစ်ယောက်က ဖုန်းကို ကောက်ကိုင်ကာ ရှင်းပြ၍   အော်ဒါဇာတ်လမ်းကို သိမ်းလိုက်ရလေတော့သည်။ သို့င်အောင် သူက ”ကိုဝင်းပြောတော့   Workers Wanted က အလုပ်သမား အလိုရှိသည်ဆို”လို့ ကျွန်တော့်ကို အထွန့် တက်လိုက်သေးသည်။ သို့ဖြင့် မလေးရှားတွင် နေစဉ် နှစ်နှစ်တာ ကာလအတွင်း သူ့ကို ၀မ့်တက်ဟုသာ ခေါ်ဖြစ်ကြတော့သည်။ သူကား အပြုံး မပျက်ပင်။ ကျွန်တော့်ထံမှ စာအုပ်များ မကြာမကြာ ငှားရမ်းပြီး ပြန်လာပေးတိုင်းလည်း ဓမ္မကထိက၏ လေသံဟန်ပန်မျိုးဖြင့် ဆွေးနွေးလေ့ ရှိသည်။ ခက်သည်က သူသည် ဘယ်စာကိုမှ ခြေခြေမြစ်မြစ် မဖတ်။ အမည်၊ ခေါင်းစဉ် နှင့်  High Light လောက်ဖတ်ပြီး သူ့လောက် သိသူ နှစ်ယောက်မရှိတော့ လေဟန် တကယ့် ဝေဖန်ရေးဆရာပမာ အာဘောင်အာရင်းသန်သန်နှင့် ဝေဖန် တတ်လေသည်။ ကျွန်တော်တို့ကလည်း သူ့ကို လူပြက်ပမာမျှသာ သဘောထား၍ စိတ်လုပ် မနေအားကြ၊ ပြီးပြီးပျောက်ပျောက်သာ သဘောထား ခဲ့ကြသည်။

သူမလေးရှားမှ သူ့ဇာတိသို့  ပြန်သွားပြီးကတည်းက မတွေ့ရတော့သည်မှာ ခြောက်နှစ်ခန့်ပင် ရှိရော့မည်။ သတင်း အစအနလည်း မကြားရ။ Online မှာလည်း အဆက်အသွယ် မရှိ။ ကျွန်တော်လည်း စင်ကာပူသို့ ပြောင်းရွှေ့ အခြေချ ဖြစ်ခဲ့သည်။ တလောက ကျွန်တော်တို့ မိသားစု Peninsular Plaza သို့ အသွား MRT မှ အထွက် ရုတ်တရက် လူတစ်ယောက် ကျွန်တော်လက်ကို ဆွဲယမ်း ကိုင်လှုပ်၍ နှုတ်ဆက်စကား ဆိုလာသည်။

”ဟယ်လို ကိုဝင်း”

”ဟား ခင်ဗျား စင်ကာပူ ရောက်နေသကိုး။ ကြာပြီ လား”

သြ၊ မစ္စတာဝမ့်တက်၊ အမှန် တကယ်ပင်။ သူ့နာမည်အရင်းကို ကျွန်တော် မမှတ်မိတော့ပါ။ သို့သော် သူ့စရိုက် သူ့ဟန် မပျောက်သေးကြောင်း သူ့အဖြေက သက်သေခံလျက် ရှိသည်။

”ကျွန်တော် သရီးယီးယားလောက် ရှိပြီ”

”အဆင်ပြေရဲ့လား”

”ဒီလိုပဲဗျာ.. So So။ Not too Bad ဆိုပါတော့”

ကျွန်တော့်ဆရာ မစ္စတာဝမ့်တက် ဘိုစကား အတော်ပင် တိုးတက်နေလေပြီ။

”ဒါ ကိုဝင်း ဖယ်မလီလား”

”ဟုတ်ပါ့ဗျာ”

ကျွန်တော် သူ့ကို ဇနီးသည်နှင့် မိတ်ဆက်ပေးပြီးနောက် လမ်းခွဲ နှုတ်ဆက် လိုက်သည်။

”သွားဦးမယ်ဗျာ”

”ဟုတ်ပြီလေ ကိုဝင်း။ တွေ့ကြ.. အဲ.. အဲ.. Facebook ပေါ်မှာ တွေ့ကြတာပေါ့။ ကိုဝင်း ဘာနာမည် နဲ့ သုံးသလဲ”

”၀င်းနိုင်ဦးပေါ့ဗျာ။ ပရိုဖိုင်းမှာ ကျွန်တော့်ပုံနဲ့ပဲ”

”ကျွန်တော့်ကိုတော့ နာမည်အရင်းနဲ့ မရှာနဲ့ဗျာ။ ‘အညာနွေ တမာမြေက တာတေ စနေသား’ဆိုတာ ကျွန်တော်ပဲ။ အက်ဒ်လိုက်လေနော်”

အင်မတန် ဘိုဆန်ချင်လှသော ကျွန်တော့်မြေလတ်သားကြီးသည်  Facebook ပေါ်မှာဖြင့် ဇာတိမြေ ခင်တွယ်စိတ်ကို မစွန့်ပယ်နိုင်ရှာချေ။ ညရောက်တော့်  Facebook ပေါ်၌ သူ့ကို ရှာမိသည်။ တွေ့ပါပြီ။ မြသလွန်ဘုရားက ဘီလူးရုပ် ပရိုဖိုင်းပုံနှင့် အချက်အလက် မပါသော အကောင့်ပိုင်ရှင် ‘အညာနွေ တမာမြေက တာတေစနေသား’ ပေတကား။ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်းသာ သိလျှင် သူ၏ ဇာတ်ကောင်အမည် အတွက် မည်သို့ ဆိုလေမည် မသိ။

ဆရာမြသန်းတင့်ကို ”ဒီကောင် စာရေးကောင်း” ဟု ဆိုခဲ့လေသော မစ္စတာဝမ့်တက်၏ ကိုယ်ပိုင်စာမျက်နှာထက်တွင်တော့ သူသည် ရဲရဲတောက် မျိုးချစ် အညာသားကြီး ဖြစ်လို့ နေပြန်သည်။ ဆရာတော် သံဃာတော်ကြီးများ၏ ပုံတော်များနှင့် တရားကောက်နှုတ်ချက်များကို ရှဲလ်၏။ ပြောတိုင်း မယုံနှင့်ဟူသော ကာလာမသုတ် ကောက်နှုတ်ချက်နှင့် ကပ်လျက် ”ဒီလိုတဲ့ ခင်ဗျ.. ခွိခွိ” ဟု အစချီသော လူထုခေါင်းဆောင်အား ဆဲဆိုထားသည့် အမနာပသတင်းကို ရှဲလ်ထားပြန်၏။ တစ်နေရာ၌ လူမျိုးရေး မုန်းတီးမှု တရားတွင်တွင်ဟောလျက်ရှိသော စက်မှုတက္ကသိုလ်ထွက် ပါတီဥက္ကဋ္ဌကြီးအား လူတော်ကြီးသဖွယ် မှတ်ချက်ပေး ချီးကျူးထားပြန်သေး၏။ မည်သူမည်ဝါ မသိရသည့် အကောင့်များစွာ၏ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်ထားသည့် အယုတ္တ အနတ္တပုံများ၊ စာများဖြင့် ပြည့်နေသော သူ၏ ဖေ့စ်ဘွတ်ခ်  စာမျက်နှာထက်ဝယ် အေးကွက်ကို ရှာမရချေ။

မည်သည့်ပုံ မည်သည့်စာတွင်မှ မူရင်းတင်ပြသူတို့အား ခြေခြေမြစ်မြစ် ညွှန်းဆိုထားခြင်းလည်း မရှိ။ ကျွန်တော် သူ့ကို Message Box မှနေ၍ ပြေပြေပြစ်ပြစ် ဆွေးနွေး ဖြစ်ခဲ့ ပါသည်။ သူ၏ ပညာဗဟုသုတရှာမှီး လိုသော သဘောဆန္ဒကိုလည်း လေးစားကြောင်း ပေါ်လွင်အောင် ရှင်းပြ ခဲ့ပါသည်။ သို့သော် အတော်များများ သဘောထား ကွဲလွဲရာများ၌ မူကား တဇွတ်ထိုးပြောသည်ကိုသာ ကြုံခဲ့ရသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုဟူသော သဘောကို သူ့အမြင်၌ ကျွန်တော်လိုလူ၏ ဆွေးနွေးချက် မှန်သမျှ မိကျောင်းမင်း ရေခင်းပြသည်နှင့်သာ တူနေဟန် ရှိ၏။

ယခုတလော Facebook စာမျက်နှာထက်၌ သူ့ကို မတွေ့ရပြန်တော့ချေ။ သူ့ဆရာသမားများ အကောင့် ပိတ်သိမ်းကာ ပြေးလေသောကြောင့် ပင်လော။ သူပင် အမြင်များပြောင်းလဲကာ မစ္စတာဝမ့်တက် မဟုတ်တော့ ချေပြီလောမသိ၊ ရှာ၍ မတွေ့ပြန်တော့ပြီ။ စင်ကာပူ၌ပင် ရှိမရှိ မသေချာတော့။

အချိန်အားရလျှင်ဖြင့် မစ္စတာဝမ့်ဘက်နှင့် တွေ့လို ပါသေးသည်။ (Virtual World) ပေါ်၌ ငြင်းခုံ ရန်ဖြစ် နေသည်နှင့် စာလျှင် ဟိုအရင်ကလို ပျော်ပျော်ရွှင်ရွှင် စကားတင်းဆိုကာ ပြန်လည် မိတ်ဖွဲ့လိုပါသေးသည်။ ဒီတစ်ခါ ဆုံဖြစ်ရင်တော့ သူ့နာမည်အရင်းကို ကျွန်တော် သေသေချာချာ မေးမြန်း မှတ်သားထားလိုက်ရပေဦးမည်။

The messenger

အပြည့်အစုံသို့ »