Showing posts with label celebrity-news. Show all posts
Showing posts with label celebrity-news. Show all posts

ဂျူးစံသာနေရာတွင် အစားထိုးရန် မသေချာသေးဟုဆို



သရဖူအသိမ်းခံရသော အလှမယ်ဂျူးစံသာနေရာတွင် အလှမယ်သစ်တစ်ဦး ထပ်မံ အစားထိုးပြီး Miss Globe International ပြိုင်ပွဲသို့စေလွှတ် ရန် မသေချာသေးကြောင်း Miss Globe Myanmar မှ ဒေါ်လှနုထွန်းက ပြောသည်။

‘‘လှနုပို့ဖြစ်ချင်မှလည်းပို့ဖြစ် တော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ လှနုတို့ဘက်က ပွဲလည်းလုပ်ခဲ့ တယ်။ ထရိန်နင်တွေလည်း ပေးခဲ့ တယ်လေ။ ဒါပေမဲ့ ရလဒ်ကောင်း ကထွက်မလာဘူး။ ကိုယ့်လူက မလိမ်မာတဲ့အခါကျတော့ ဘာမှ လုပ်လို့မရဘူးရှင့်။ လှနုလည်း တော်တော်စိတ်ပျက်နေတယ်။ အဲဒါကြောင့်မို့ နောက်လူကို ပို့ဖြစ်မယ်၊ မပို့ဖြစ်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး’’ဟု ၎င်း က ပြောသည်။

အလှမယ်ဂျူးစံသာနှင့် ပြန်လည်ဆွေးနွေးရန်မှာမူ အစီအစဉ် လုံးဝ မရှိတော့ကြောင်း ဒေါ်လှနု ထွန်းက ပြောသည်။

အလှမယ် ဂျူးစံသာထံမှ သရဖူသိမ်းလိုက်ပြီး ပြိုင်ပွဲသို့ မလွှတ်ရန် Miss Globe International Organization နှင့် သဘောတူညီမှုရယူထားပြီး နောက်ထပ်စေ လွှတ်မည့် အလှ မယ်၏ အရပ်သည် ၁၇၃ စင်တီမီတာ (၅ ပေ ၈ လက်မ)အနည်းဆုံးရှိရမည်ဟု ၎င်းတို့ ဘက်မှ တောင်းဆိုထားကြောင်း ဒေါ်လှနုထွန်းက ဆက်လက်ပြော သည်။

စည်းကမ်းမလိုက်နာသော ကြောင့် အလှမယ်ဂျူးစံသာထံမှ သရဖူသိမ်း လိုက်ကြောင်း ဇူလိုင် ၂၄ ရက်တွင် ဖေ့စ်ဘွတ်ခ်မှတစ် ဆင့်ကြေညာခဲ့ပြီး နောက်တစ် ရက်တွင် ဂျူးစံသာဘက်မှ သတင်း စာရှင်းလင်းပွဲပြုလုပ်ကာ ပြန်လည်ရှင်းလင်းခဲ့သော်လည်း ဂျူးစံသာသည် ဩဂုတ်လအတွင်း အဇာဘိုင် ဂျန်နိုင်ငံ၌ ပြုလုပ်မည့် Miss Globe International 2014 ပြိုင်ပွဲသို့ သွားရောက် ယှဉ် ပြိုင်ခွင့်မရရှိတော့ပေ။

မတ်လက ကရဝိက်နန်း တော်၌ ပြုလုပ်ခဲ့သော Miss Globe Myanmar 2014 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် စေလွှတ်ရန် ဂျူးစံသာအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Credit : 7Day News Journal


အပြည့်အစုံသို့ »

မယ်စကြ၀ဠာပြိုင်ပွဲ ပရိသတ်အားပေးမှုနှင့် လွဲချော်ခဲ့၍ ဝေဖန်မှုများထွက်

ဆုကြေညာချိန်တွင် ခါးနံပါတ် ၆ ဇွန်သံစဉ်ရမည်အမှတ်နှင့် ၎င်းအား ကြည့်နေကြချိန်၌ သျှားထွဋ်အိန္ဒြာအမည်ကို ကြေညာလိုက်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီ အစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့်အလှမယ်မှာ လည်း ပရိသတ်အားပေးမှုနှင့်လွဲ ချော်ခဲ့သောကြောင့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။အလှမယ်ပြိုင်ပွဲ အများစု တွင် ဆန်ခါတင်ဆယ်ဦးရွေးချယ် ခြင်းကိုနောက်ဆုံးယှဉ်ပြိုင်မှုဖြစ် သည့် ညနေခင်းဝတ်စုံယှဉ်ပြိုင်ပြီး ချိန်မှသာ ရွေးချယ်ပေးလေ့ရှိ သော်လည်း ယင်းပြိုင်ပွဲတွင်မူ ဒုတိယယှဉ်ပြိုင်မှုအစီအစဉ်ဖြစ် သည့် ရေကူးဝတ်စုံဝတ်ဆင်၍ ယှဉ်ပြိုင်ပြီးချိန်တွင် ရွေးချယ်ခဲ့ သောကြောင့် ရွေးချယ်သည့်ဒိုင် များအနေဖြင့် အချိန်အနည်းငယ် အတွင်း မည်ကဲ့သို့ဆုံးဖြတ်ခဲ့ သည်ကို သိလိုကြောင်း မယ်စကြ ၀ဠာ(မြန်မာ)ရွေးချယ်ပွဲကို ကိုယ် တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ် ဦးကဆိုသည်။
ထို့အပြင် အကဲဖြတ်အဖွဲ့ ၀င်များ၌ ယိုးဒယားမှ ပညာရှင် ထက်ဝက်ခန့်ပါဝင်ခဲ့ရာ မြန်မာနိုင် ငံမှ အလှမယ်ကို ၎င်းတို့နိုင်ငံမှအ လှမယ်ထက်သာသည့်သူကို ရွေး ချယ်မည်လားဆိုသည့်အကြောင်း ကို သိလိုသလို နောက်ဆုံးဆန်ခါ တင်ငါးဦး မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မြန်မာလိုသာဖြေဆိုခဲ့ သောကြောင့် အဆိုပါဒိုင်များအ နေဖြင့် မည်ကဲ့သို့မှတ်ချက်ပေးခဲ့ သည်ကိုသိချင်ကြောင်းယင်းပြိုင် ပွဲကိုကြည့်ရှုခဲ့သည့်သူတစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

‘‘ဒါက ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါကို အစ်မနားလည်ပါတယ်။အစ် မတို့အဖွဲ့အစည်းလုပ်တာကိုင် တာကို စိတ်ဝင်တစားကြည့်ရှုပြီး ဝေဖန်ပေးတာကိုလည်း ကျေးဇူး တင်ပါတယ်’’ဟု Miss Universe Myanmar Organization၏ National Director ဒေါ်စိုးယုဝေ ကပြောသည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲ ၀င်များကို ပရိသတ်မျာအနေဖြင့် ၂၀၁၃ခုနှစ်က ရုရှားနိုင်ငံသို့သွား ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်နှင့် နှိုင်းယှဉ်ကာဝေဖန် မှုများရှိခဲ့သလို ပရိသတ်အားပေး မှုအများဆုံးအလှမယ်မှာလည်း ဆုနှင့်လွဲချော်ခဲ့သောကြောင့်ဝေ ဖန်မှုပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သျှားထွဋ်အိန္ဒြာ သည် ၎င်းတို့ပြိုင်ပွဲဝင်များ၏ ပြည် ပခရီးစဉ်တစ်ခုဖြစ်သော ဖူးခက် ခရီးစဉ်တွင် ရွေးချယ်ခဲ့သည့် Miss Myanmar Thailand 2014 ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာ ကြိုက်သည့် ရုပ်ရည်ရှိသော ကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယင်းပွဲကိုကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။

‘‘တစ်ယောက် တစ်မျိုးစီ ကောင်းပါတယ်။ မိုးစက်က ဘယ် သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံ ရေးတည်ဆောက်နိုင်တယ်။ Ele-gantဖြစ်တယ်။ အပြုံးချိုတယ်။ လူအများကလည်း သူ့ကိုချစ်ခင် ကြတယ်။ ဒါက သူ့ရဲ့အားသာ ချက်တွေပါ။ သျှားထွဋ်ကကျ တော့လည်းတက်ကြွတယ်။ ယုံ ကြည်မှုရှိတယ်။ Activeဖြစ်တယ်။ တစ်ယောက်တစ်မျိုးစီတော့ တော်ပါတယ်’’ဟု ၎င်းတို့ ရွေးချယ်ခဲ့သော အလှမယ်များနှင့်ပတ်သက်၍ ဒေါ်စိုးယုဝေက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် မိုး စက်ဝိုင်ကိုလည်း ဆုရွေးချယ်ပြီးမှ သာ ပရိသတ်သတိပြုမိခဲ့ခြင်းဖြစ် သောကြောင့်သျှားထွဋ်အိန္ဒြာကို လည်း ချစ်ခင်အားပေးသည့်ပရိ သတ်များလာမည်ဟု ယုံကြည် ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၃တွင်သွား ရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြ ၀ဠာပြိုင်ပွဲသည်ပြင်ဆင်ချိန်နည်း ခဲ့သောကြောင့် လိုအပ်ချက်များ စွာရှိခဲ့သော်လည်း ယခုနှစ်တွင် မူ ပြင်ဆင်ချိန် လုံလုံလောက် လောက် ရရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။

‘‘ဒီနှစ်ပြိုင်ပွဲကတော့ မနှစ် ကထက်စာရင် ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ အစ်မတို့ မြန်မာ တွေ ကမ္ဘာမှာလည်း နောက်ထပ် Tasteအသစ်တစ်မျိုးပေးနိုင်မယ် လို့မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

သျှားထွဋ်အိန္ဒြာ၏ လေ့ကျင့် မှုများနှင့်ပတ်သက်၍လည်း မြန် မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွား ရောက်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။


7Day Daily

အပြည့်အစုံသို့ »

Hunger Game တွင် သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး မြန်မာပြည်အနှံ့ ခရီးဆန့်



Hunger Game မင်းသမီးအား ၎င်း၏ဧည့်လမ်းညွှန်နှင့်တွေ့ရစဉ်
နာမည်ကျော် ဟောလိ ၀ုဒ်ရုပ်ရှင် Hunger Game တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး   ဂျီနာမယ်လုန်း သည်   မြန်မာနိုင်ငံရှိ   အထင် ကရနေရာများသို့   လာရောက် လည်ပတ်သွားခဲ့ပြီး ၎င်း၏ မြန်မာ နိုင်ငံ ခရီးသွားအတွေ့အကြုံများ ကို ဖေ့စ်ဘွတ်ခ်နှင့် အခြားလူမှု ကွန်ရက်တွင် ဝေမျှခဲ့သည်။

မင်းသမီး ဂျီနာမယ်လုန်း သည် Hunger Game ၏ ဒုတိယ ဇာတ်လမ်းဖြစ်သည့် Catching Fire ရုပ်ရှင်ဇာတ်ကားတွင် Johanna Mason အဖြစ် မင်းသ မီးချော ဂျနီဖာလောရန့်စ်နှင့်အတူ သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ဇူလိုင် ၁၉ ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပုဂံ၊ အင်း လေး၊ ကလောအစရှိသည့် ဒေသ များရှိ ကျေးရွာများမှာ ဘုန်းတော် ကြီးကျောင်းများအထိ သွားရောက် လေ့လာသွားသည်။ ခရီးစဉ်တစ်ခု ချင်းစီအလိုက်  ၎င်းတွေ့ကြုံရ သည့် ဒေသခံများ၏ ဓလေ့စရိုက်များ၊ ခရီး သွားအတွေ့အကြုံများ၊ စိတ်လှုပ်ရှားဖွယ်ရာများကို ဓာတ်ပုံများနှင့်တကွ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှထားသည်ကို တွေ့ရသည်။

ယခု သတင်းရေးသားနေ သည့် မိနစ်ပိုင်းအတွင်းမှာပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပုဂံဘုရားတစ်ဆူ၌ ပို့စ်ကတ် များရောင်းချသည့် ကလေးငယ် များ၏ ချစ်ခင်စရာကောင်းသည့် အပြုအမူများနှင့်ပတ်သက်သည့် ဓာတ်ပုံတစ်ပုံနှင့်အတူ ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ရ သည်။

‘‘ကျွန်မကို ဒီဘုရားနဲ့ပတ် သက်ပြီး ရှင်းပြချင်နေတဲ့ ကလေး မလေးနှစ်ယောက်ကို တွေ့တယ်။ သူတို့က ကျွန်မကိုပြောတယ်။ သူ တို့ရှင်းပြတာ ကောင်းတယ်လို့ ထင်မှ သူတို့ကို မုန့်ဖိုးပေးပါဆိုပြီး တော့’’ ဟု ၎င်းတွေ့ကြုံရသည့် ကလေးငယ်များအကြောင်းကို ထည့်သွင်းရေးသားခဲ့သည်။

ထို့အပြင် ၎င်း၏ ဖေ့စ် ဘွတ်ခ်တွင် ရန်ကုန်မြို့သို့ စတင် ရောက်ရှိသည့် ဇူလိုင် ၁၉ ရက်မှ စတင်၍ ၎င်းရောက်ရှိနေသည့် ဒေသများမှ ဓာတ်ပုံပေါင်း ၂၀ နီး ပါးခန့် ဝေမျှခဲ့သည်။ ယင်းဓာတ်ပုံ များနှင့်အတူ မြန်မာနိုင်ငံအ ကြောင်းများ ရေးသားထားသည် ကို ကမ္ဘာတစ်ဝန်းမှ ၎င်း၏ ပရိ သတ်များက စိတ်ဝင်တစား ရှိခဲ့ ကြသည်။

၎င်း၏ ခရီးစဉ်နှင့်ပတ်သက် ၍ မည်သည့် ခရီးသွားအေဂျင်စီ နှင့် လာရောက်ပြီး ရက်ပေါင်း မည်မျှနေထိုင်ခဲ့သည်ကို မသိရှိရ ဘဲ ခရီးစဉ်တစ်လျှောက်တွင် ၎င်း အား ကူညီပေးခဲ့သည့် ဧည့်လမ်း ညွှန်အမျိုးသမီးတစ်ဦးနှင့် တွဲရိုက် ထားသည့် ဓာတ်ပုံတစ်ပုံကိုသာ ၎င်း၏ စာမျက်နှာတွင် တွေ့ရသည်။

7day daily

အပြည့်အစုံသို့ »

စီးရီးထွက်ရှိနိုင်ဖို့ စာချုပ်အတွက် ကြိုးစားနေစဉ် ယောက်ျားများစွာနဲ့ အတူအိပ်ခဲ့တဲ့ Lana Del Rey


Victor. Paa Tung

Lana Del Rey က သူမရဲ့ အောင်မြင်မှုနဲ့ ပတ်သက်တဲ့ ရင်တွင်းခံစားချက်တွေကို Complex Magazine ကို ဖွင့်ပြောခဲ့ တယ်။ အောင်မြင်မှုအထွတ် အထိပ်ဆီကို ရောက်အောင် အသည်းအသန် ရုန်းကန်ခဲ့တာပါ ဆိုပြီး ဝေဖန်ပြောဆိုသူတွေကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ဆုံးထွက်ရှိခဲ့တဲ့ Ultraviolence ထဲမှာ F—ed My Way Up To The Top ခေါင်းစဉ်နဲ့ သီချင်းတစ်ပုဒ်ကို ထည့်သွင်းထားတဲ့အကြောင်းနဲ့ ဒါဟာ ထိပ်ဆုံးနေရာကို ပို့ဆောင်ပေးတဲ့ သီချင်းတစ်ပုဒ်တော့ မဟုတ်ပါဘူးလို့ Del Rey က ပြောဆိုသွားပါတယ်။

ဒါဟာ I know what you think of me တွေ I’m alluding to that ဆိုတဲ့ စကားလုံးတွေလို ဖော်ပြချက် တစ်ရပ်ပဲဖြစ်ပါတယ်၊ ဒီလို အကူအညီစကားမျိုးကိုတော့မလိုလားပါဘူးလို့ သူ့သီချင်းနဲ့ ပတ်သက်ပြီး ၀န်ခံပြောဆိုသွားပါတယ်။

အလုပ်ရုံကလူ အတော်များများနဲ့အတူ အိပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့လဲ စီးရီးထုတ်ဖို့ ငွေကြေးအကူအညီကိုတော့ တစ်ယောက်ဆီကမှ မရခဲ့ပါဘူးလို သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘယ်လောက်စိတ်ညစ်ဖို့ကောင်းလိုက်လဲ။

သူမဟာ သူ့လိမ်ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိပါတယ်၊ ဒါကို သူ့သီချင်းကနေတဆင့်လဲ အားလုံးအသိပါ။ ကျွန်မက အသွေးအသားဆန္ဒပြင်းပြသူတစ်ယောက်ပါလို့ သူမကိုယ်တိုင်လဲ ဖွင့်ဟခဲ့ပါတယ်။

“လက်တွေ့ကျကျ ချစ်ကြတာပဲ ပိုသဘောကျတယ်လို့ ပဲ ပြောရမလား၊ ကြားလို့ကောင်းအောင် ဘယ်လိုပြောရမလဲတော့မသိ။ လက်တွေ့မြင်တွေ့ ခံစားလို့ရတဲ့အချစ်၊ အကြင်နာကို ဝေမျှခံစားလို့ရတဲ့ အချစ်မျိုးကိုပဲ သဘောကျတယ်။ ကျွန်မအနေနဲ့တော့ လက်တွေ့မဆန်ဘူးဆိုရင် သဘောမကျချင်ဘူး။”လို့ သူမက ပြောခဲ့ပါတယ်။

Lana က Jazz ဂီတကိုကြိုက်နှစ်သက်ခံစားပြီး Bob Seger ကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ သူမရဲ့ ဂီတလွမ်းမိုးမှုအကြောင်းကို အင်တာဗျူးမှာ ဝေမျှခဲ့ပါတယ်။

နောက်ဆုံး ထွက်ရှိထားတဲ့အခွေအတွက် သီချင်းတွေရေးစပ်တဲ့အချိန်က စိတ်အပန်းဖြေမှုတွေလုပ်ပြီဆိုရင် Jazz သီချင်းမျိုးတွေကို နားထောင်ဖြစ်တယ်လို့ ပြောပါတယ်။ Chet Bakerရဲ့ Let’s Get Lost မှတ်တမ်း ဗီဒီယို ကြိုက်နှစ်သက်မိတယ်၊ အဲ့ဒါဇာတ်ကားက Bruce Weber ရိုက်ကူးပေးထားတဲ့ ကျွန်မရဲ့ West Coast ဗီဒီယိုအပေါ်လွမ်းမိုးမှုရှိခဲ့ပါတယ်။

အတော်များများလဲကြိုက်နှစ်သက်တဲ့ Nina Simone နဲ့ Billie Holiday တွေကို သဘောကျတယ်။ နေ့တိုင်းနားထောင်နေကျ သီချင်းအပုဒ် ၇၀ လောက်ရှိတယ်လို့ သူမကထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဲ့ဒီအထဲ ကျွန်မနှစ်သက်အားပေးတဲ့ Bob Seger ရဲ့ သီချင်းတွေ အများကြီးပါဝင်တယ်။ Eagles, Chris Isaak, Dennis Wilson နဲ့ Brain Wilson တို့အပါအ၀င် အဓိကနားထောင်ဖြစ်တာက ဒီအဆိုတော်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ Echo ၊ Bunnymen နဲ့ Killing Moon လို တစ်ကိုတော်ခွေတွေကိုကြိုက်ပါတယ်လို့လည်း သူမက ပြောသွားပါသေးတယ်။

Source: starpulse

Trend Myanmar

အပြည့်အစုံသို့ »

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြုအလှမယ် သျှားထွဋ်အိန္ဒြာအား ရွေးချယ်


Miss Universe Myanmar2014 အလှမယ်ဆုရှင် သျှားထွဋ်အိန္ဒြာ (Photo-AFP))

Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၄ နှစ်အတွင်း ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲကို ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။ အဆိုပါရွေးချယ်ပွဲတွင် Miss Universe Myanmar ဆန်ခါတင် အလှမယ် ၂ဝ ဦးထဲမှအဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကဲဖြတ်ဒိုင်လူကြီးများအဖြစ် မစ္စဆရီမန်၊ မစ္စတာဆာရောင်း၊ ဒေါ်ကလျာပြည့်ဝေလျှံ၊ ဒေါက်တာအိသန္တာကျော်၊ အကယ်ဒမီရန်အောင်၊ မိုးဟေကိုတို့က ပါဝင်ဆောင်ရွက်ခဲ့သည်။ မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်ပွဲတွင် ယခုနှစ်၏ Theme ဖြစ်သော ကချင်ပြည်နယ်နှင့် ပတ်သက်သည့် ရှုခင်းများတေးသီချင်းများဖြင့် တင်ဆက်ခဲ့သည်။ Miss Universe Myanmar ပြိုင်ပွဲကို ဒီဇိုင်းစိုင်းလတ် ဖန်တီးချုပ်လုပ်ထားသော ကချင်ဝတ်စုံများဖြင့် ပြိုင်ပွဲဝင် ၂ဝ ဦးက ဝတ်ဆင်ကာ စတင်ဖွင့်လှစ်ခဲ့သည်။

ပြိုင်ပွဲပထမဆင့် ဆန်ခါတင်ပြိုင်ပွဲဝင် ၂ဝ ဦး၏ ကချင်ဝတ်စုံဖြင့် ဝတ်ဆင်ယှဉ်ပြိုင်မှုကို ပြုလုပ်ပြီးနောက် ဒုတိယအဆင့် ယှဉ်ပြိုင်မှုအစီအစဉ်တွင် ပြိုင်ပွဲဝင်များအား swim suit ဖြင့် ယှဉ်ပြိုင်စေခဲ့သည်။ swim suit ဖြင့် ယှဉ်ပြိုင်မှုအပြီးတွင် ဆန်ခါတင်ပြိုင်ပွဲဝင် ၁ဝ ဦးကို ရွေးချယ်ကြေညာခဲ့သည်။ ထို့နောက်စိတ်ကြိုက် ညနေခင်းဝတ်စုံများဖြင့် ဝတ်ဆင်ယှဉ်ပြိုင်စေခဲ့သည်။ အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်မှုများအပြီးတွင် ပရိသတ်မဲ ပေးရွေးချယ်သည့် Miss Famous ဆုအပါအဝင် Title ဆုများကို ပေးအပ်ခဲ့ပြီး ယင်းဆုကို ခါးနံပါတ် ၆ ဇွန်သံစဉ်က ရရှိခဲ့သည်။ နောက်ဆုံးဆန်ခါတင် ငါးဦးကို ရွေးချယ်ကာ ဗဟုသုတမေးခွန်းများအား မဲနှိုက်ရွေးချယ်ကာ ဖြေကြားစေခဲ့သည်။


ဆက်လက်၍ ဆန်ခါတင်ငါးဦးထဲမှ ဆုစာရင်း အဆင့်ဆင့်ကို ကြေညာပြီးနောက် Miss Universe Myanmar အလှမယ်အဖြစ် ရွေးချယ်ခံရသူကို ကြေညာခဲ့ရာ ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာအား ရွေးချယ်ခဲ့သည်။ Miss Universe Myanmar အဖြစ် ရွေးချယ်ခံရသည့် ခါးနံပါတ် ၁၈ သည် အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့တွင် ဒီဇင်ဘာလ၌ ပြုလုပ်မည့် Miss Universe ပြိုင်ပွဲသို့မြန်မာ ကိုယ်စားပြုအလှမယ်အဖြစ်သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

Miss Universe Myanmar 2014 ရွေးချယ်ပွဲတွင် 1st Runner Up ဆုကို ခါးနံပါတ် ၁၆ ယွန်းမီမီကျော်နှင့် 2nd Runner Up ဆုကို ခါးနံပါတ် ၂ ရွှေစင်ကိုကိုတို့က အသီးသီး ဆွတ်းခူးခဲ့ကြသည်။

Miss Universe ပြိုင်ပွဲသို့ ၁၉၅၈ ခုနှစ် မှစတင်ကာ မြန်မာကိုယ်စားပြု အလှမယ်များ သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် ဒေါ်မြင့်မြင့်မေက Miss Congeniality Title ဆုကို ရရှိခဲ့သည်။ နှစ်ပေါင်း ၅၃ နှစ်ကြာမြင့်ပြီးနောက် ၂ဝ၁၃ ခုနှစ်တွင် ရုရှားနိုင်ငံမော်စကိုမြို့၌ ပြုလုပ်ခဲ့သော ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ် မိုးစက်ဝိုင်သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံသွားရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

Eleven Media

အပြည့်အစုံသို့ »

မလှနုထွန်းရဲ့ ဖေ့စ်ဘွခ်ပို့စ်ကို ပြန်လည်ဖြေရှင်းခဲ့တဲ့ 2014 Miss Globe Myanmar ဂျူးစံသာ


စန္ဒီ

Miss Globe Myanmar 2014 ဖြစ်သူ ဂျူးစံသာကို Miss Globe Myanmar ရဲ့ National Director ဖြစ်သူ မလှနုထွန်းမှ ဇူလိုင်၂၄ရက်နေ့ ည၉နာရီခွဲအချိန်လောက်မှာ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်ကနေ အချက် အလက်၃ချက်နဲ့ မညီသောကြောင့် သရဖူပြန်သိမ်းလိုက်ကြောင်းကြေညာချက် တွေ့ရတာနဲ့ ပတ်သက်ပြီး ဂျူးစံသာ မေးဖြစ်ခဲ့တဲ့အခါ “ ညီမမှာ ဘာအပြစ်မှ မရှိတဲ့အတွက် စိတ်လည်း မကောင်းဘူး။ ဝမ်းလည်း ဝမ်းနည်းတယ်။ ညီမဘက်က ဘယ်လောက်ထိ မျှော်လင့်အားထားခဲ့တယ်။ ကြိုးစားခဲ့တယ် ဆိုတာကို ညီမဘက်ကနေလည်း ပြန်ပြီးတော့ ရှင်းပြချင်ပါတယ်။ အားကိုးစရာ စာနယ်ဇင်း မီဒီယာတွေ ပဲရှိတာပါ။ ညီမကို ဘယ်လိုအချက်အလက် တွေကြောင့် ဖြုတ်သိမ်းခဲ့တယ်ဆိုတာတော့ ပထမအချက် အနေနဲ့ တစ်ခြားOrginazerနဲ့ ဆက်သွယ်တာကြောင့်လို့ သိရပါတယ်။ ညီမကိုတစ်ခြား Orginazation တွေနဲ့ မဆက်သွယ်ရဘူးလို့လည်း မပြောခဲ့ပါဘူး။ ဒီMiss GoldenLand ဆိုတာ Miss Myanmar တွေအားလုံး မြန်မာနိုင်ငံရဲ့ Orginazation တစ်ခုပါပဲ။ Teacher တွေနဲ့ ညီမကအရင်ကတည်းက ရင်းရင်းနှီးနှီးခင်ခင်မင်မင် ရှိခဲ့တာကြောင့် ညီမ ဆက်သွယ်မိခဲ့တာပါ။ ပြီးတော့ ဖေ့ဘွတ်ပေါ်က ညီမရေးခဲ့တဲ့ စာလေးတစ်ကြောင်းကြောင့်ရယ်။ နောက်တစ်ခု ညီမက စာချုပ်ချုပ်ဖို့ခေါ်တာကို မလာဘူးပေါ့နော်။ ညီမဘက်က ရှင်းပြခဲ့ပါတယ်။ ညီမရဲ့ အဖေအသည်းအသန်ဖြစ်နေလို့ အိပ်ယာထဲက မထနိုင်တာကြောင့် မလာနိုင်တာပါလို့ ရှင်းပြခဲ့တာတောင်မှ Crown ပြန်သိမ်းခဲ့ပါတယ်။ စဉ်းစားပေးကြပါ။ ညီမမှာ ဘာအပြစ်တွေရှိလဲ ဆိုတာကိုပေါ့။ ညီမတကယ် စိတ်မကောင်း ပါဘူး။ ညီမဘက်က အချိန်ကုန်ခံ၊ ငွေကုန်ခံပြီးတော့ ကြိုးစားခဲ့ရတာပါ။ ညီမရဲ့ရှိရှိသမျှ အားအင်တွေနဲ့ ကြိုးစားခဲ့လို့Crownရရှိပြီးမှ ပြန်သိမ်းခံရတယ်ဆိုတာ ညီမဘက်ကို စာနာပေးကြည့်စေချင်ပါတယ်။”လို့ သူမက ပြောပါတယ်။

Miss Globe Myanmar ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဖေ့စ်ဘွတ်ခ်မှာ တင်ထားခဲ့တဲ့ ပို့စ်လေးကတော့ “ချစ်ခင်လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးရှင့်။ ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊ လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊ အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊ အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး တစ်မျိုး အကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း ဒီနေ့  ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း အသိပေးပြောကြားလို ပါသည်ရှင့်။ Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်၊ ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊” လို့ ဖြစ်ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

မင်းသမီးသာ မလုပ်ရင် တစ်ကိုယ်လုံး တက်တူးပြည့်နေလောက်ပြီဆိုတဲ့ သင်ဇာဝင့်ကျော်


အရင်တုန်းက ဆေးမင်ကြောင်ထိုးထားတဲ့သူတွေဟာ အလုပ်မှာရော၊ အပြင်လူမှုဆက်ဆံရေးပိုင်းနဲ့ ပတ်သက်တဲ့ နယ်ပယ်တွေမှာပါ ဖယ်ကြဉ်ထားတာခံကြရပါတယ်။ မိန်းကလေးတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ တက်တူးထိုးထားရင်ပဲ အကျင့်ပျက်နေတဲ့ မိန်းကလေးတွေလိုလို၊ စိတ်ဓာတ်မကောင်းတဲ့ မိန်းကလေးတွေလိုလို ဆက်ဆံခံကြရတာပါ။ ဒါပေမယ့် ခုနောက်ပိုင်း အရင်လို အယူအဆဟောင်းတွေ တစ်ဖြည်းဖြည်း ပျောက်ကွယ်စပြုလာတာရော၊ တက်တူးကို ကျန်းမာရေးပိုင်းအရရော၊ နောက် နိုင်ငံတကာက စီးဆင်းလာတဲ့ တက်တူးရေစီးကြောင်းအရပါ ပိုမိုလက်ခံလာကြတဲ့အတွက် လူငယ်တွေဟာ တက်တူးယဉ်ကျေးမှုကို အရူးအမူးဖြစ်လာကြပြီး ဖက်ရှင်တစ်ခုအနေနဲ့ပါ ခုံမင်စွာ ထိုးလာကြပါပြီ။ သန့်ရှင်းတဲ့ တစ်ခါသုံးအပ်တွေ၊ ဆေးခွက်တွေနဲ့ ခေတ်မီလွန်းလှတဲ့ တက်တူးစတူဒီယိုတွေ၊ ဆန်းပြားလွန်းတဲ့ တက်တူးဒီဇိုင်းတွေကြောင့် တက်တူးယဉ်ကျေးမှုကလည်း အရင်ထက် ပိုမိုမြင့်မားလာခဲ့တာပါ။



ဒီအကြောင်းနဲ့ ပတ်သက်ပြီး တက်တူးထိုးရတာ နှစ်ခြိုက်တဲ့ သင်ဇာဝင်ကျော်ကို မေးကြည့်ဖြစ်တဲ့အခါ “တက်တူးဆိုတာ ခန္ဓာကိုယ်မှာထိုးတဲ့ ဆေးမင်ကြောင်ပေါ့။ တချို့လူတွေကျတော့ ၀ါသနာပါလို့ထိုးကြတာရှိတယ်။ တချို့က ကြိုက်လို့ထိုးကြတာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲ ထိုးထိုးပါ။ အားပေးတယ်။ ကိုယ်လဲ တက်တူးကို ကြိုက်တဲ့အတွက် ထိုးလဲထိုးဖြစ်တယ်။ တက်တူးဆိုတာ ကိုယ်သေရင်လဲ ကိုယ့်နောက်ပါသွားမယ့် အရာလို့ခံယူထားတယ်။ သင်ဇာက ပန်းပွင့်တွေလိပ်ပြာပုံတွေ သိပ်မကြိုက်ဘူး။ ကနုတ်တွေနဲ့ခပ်ကြမ်းကြမ်းပုံစံတွေ ပိုသဘောကျတယ်။ သင်ဇာထိုးနေကျကတော့ ကိုတွတ်ပီပေါ့။ အသစ်ကတော့ ထိုးချင်တယ်။ ဒါပေမယ့် နေရာမစဉ်းစားရသေးဘူး။ ပုံလဲ မတွေ့သေးဘူး။ နေရာလဲစဉ်းစားလို့ရပြီ။ ပုံလဲတွေ့ပြီဆိုရင်တော့ ထိုးဖြစ်မှာပါ။ အိမ်ကတော့ အစက မကြိုက်ဘူး။ မိန်းကလေးနဲ့တက်တူး မအပ်စပ်ဘူးလို့ပြောကြတယ်။ နောက်ပိုင်းကျတော့ ခေတ်ကလဲ ပွင့်လင်းလာတော့ နားလည်ပေးသွားတယ်။ တက်တူးထိုးတာက ရာဇ၀တ်မှုမှ မဟုတ်တာ။ ဘယ်သူမဆို ထိုးခွင့်ရှိတယ်ဆိုတော့ ဘာမှမပြောတော့ဘူး ပေါ့နော်” လို့ သူမက ဆိုပါတယ်။

တက်တူးနဲ့ပတ်သတ်တဲ့အမှတ်တရကိုလည်း သူမက “သင်ဇာပထမဦးဆုံး စထိုးတဲ့တက်တူးက အရမ်းနာတဲ့နေရာ လက်မောင်းသား အောက်ဖက်ပေါ့။ သူများတွေက မေးကြတယ်။ မနာဘူးလားတဲ့။ သူများတွေကတော့ နာတယ်ပြောတယ်။ ကိုယ်ကတော့ နာတယ်လို့ မခံစားရတဲ့တွက် ပထမတစ်ရက်ထိုးပြီး နောက်နေ့မှာပဲ အဲ့ခံစားချက်ကိုကြိုက်လို့နောက်တစ်နေရာမှာထပ်သွားထိုးလိုက်တယ်။ တက်တူးထိုးထားရုံနဲ့ လူတစ်ယောက်ရဲ့စိတ်ကို မခန့်မှန်းနိုင်ဘူး။ ချောတာ၊ မချောတာနဲ့ လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းလို့မရသလို တက်တူးတွေရှိပြီး သူ့စိတ်က သိမ်မွေ့နူးညံ့နေမယ်။ လူတစ်ဖက်သားကို စာနာတတ်မယ် သနားတတ်မယ်ဆိုတာ တက်တူးမှာ ပေါ်နေတာမဟုတ်ဘူးလေ။ တက်တူးမရှိပဲနဲ့ယုတ်မာနေတဲ့သူတွေလဲ အများကြီးပဲလေ။ တက်တူးထိုးလို့ဟိုဟာဖြစ်တယ်။ ဒီဟာဖြစ်တယ်ဆိုပြီး နောက်ဆုံး အမှန်တရားကအမှန်တရားပဲလေ။ တက်တူးထိုးထားတဲ့လူတွေဖက်က နာပြီးပြောပေးတာပေါ့နော်။ ဘာမှမဆိုင်ပါဘူးလို့။ တက်တူးကို သင်ဇာ အနုပညာအလုပ်သာမလုပ်ရင် တစ်ကိုယ်လုံးပြည့်နေလောက်ပြီ။ ခုက နည်းနေသေးတာပေါ့နော်။ ကိုယ်က လက်ဖျံတွေ လူမြင်တဲ့နေရာတွေမှာ အကုန်အပြည့်ကို ထိုးချင်တာ။ မင်းသမီး လုပ်နေလို့ မင်းသမီးမလုပ်တော့တဲ့အချိန်ကျရင်တော့ ထိုးဖြစ်မှာပေါ့။ သင်ဇာခန္ဓာကိုယ်မှာ တက်တူး ၅ခုရှိတယ်။ အမှတ်တရဖြစ်စေတဲ့ တက်တူးက ၃ ခုရှိတယ်။ ကျန်တဲ့ ၂ခုကတော့ ဒီတိုင်းပဲ ထိုးလိုက်တာပေါ့နော်။ တစ်ခုက စာတန်းပေါ့။ အဲ့ဒီစာတန်းက သင်ဇာ့ဘ၀တွက် အဓိပ္ပါယ်တစ်ခု သက်ရောက်တယ်။ ဒီပခုံးပေါ်က ၂ခုကကျတော့ သင်ဇာ့အဖေနဲ့အမေရဲ့မွေးနေ့ပေါ့။ မြင့်မြတ်တဲ့ နေရာမှာ ထိုးတာတာပါ”တဲ့။

Trend Myanmar

အပြည့်အစုံသို့ »

အ၀တ်အစားဗလာနဲ့ ကန္တာရလွင်ပြင်ရောက်နေတဲ့ Miley Cyrus



Miley Cyrus ကတော့ ချွတ်ပြလိုက်ပြန်ပြီ။ ဒီအဆိုတော်က ကန္တာရရှုခင်းလေးကို မျက်နှာမူပြီး ကင်မရာကိုနောက်ပေးရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို Instagram  ပေါ်မနေ့ကပဲ တင်လိုက်ပါတယ်။

Denim ဘောင်းဘီအတိုလေးကို ၀တ်ဆင်ထားပြီး လက်နှစ်ဖက်နဲ့ ငြိမ်းချမ်းရေး အမှတ်အသားကိုထောင်ပြနေရင်း ရိုက်ထားတဲ့ပုံကို တော့ မထည့်ခဲ့ပါဘူး။

နာရီအနည်းကြာပြီးနောက် ရုပ်ရှင်ဖန်တီးထုတ်လုပ်သူ Brett Ratner ပါးကို နမ်းနေတဲ့သူမရဲ့ပုံကို  movie night w my favourite directorzzzz  စာကြောင်းနဲ့ တင်လိုက်ပြန်ပါတယ်။

ခေါင်းတစ်ခြမ်းမှာ ရောင်စုံကျစ်ဆံမီးဆံပင်လေး နဲ့ မျက်နှာပြင်ပေါ်က တထူးတခြား လိပ်ပြာတစ်ကောင်ကိုကပ်ထားပါသေးတယ်။ တနင်္ဂလာနေ့မှာ Los Angeles,  Chateau Marmont ကနေ ထွက်ခွာနေတာ တွေ့ပါတယ်။

သေချာတာတစ်ခုက…. အတော့်ကိုပျော်ရွှင်နေတဲ့ပုံပဲ။

ဒီလအစောပိုင်းကလည်း သေသွားတဲ့ သူမရဲ့ ခွေးလေး Floyd ကို ဂုဏ်ပြုဆွဲထားတဲ့ Tattoo ပုံကို ပြသဖို့ အ၀တ်ဗလာပုံတွေကို Instagram ပေါ်တင်ခဲ့ပါသေးတယ်။

Source: starpulse

Trend Myanmar

အပြည့်အစုံသို့ »

ပထမဆုံး ကြော်ငြာရိုက်ရတာ ဆိုတော့ ရှက်ပြီးရင်တွေခုန်မိပါတယ်လို့ဆိုတဲ့ မင်းသန့်မောင်မောင်


စန္ဒီ

ဒါရိုက်တာဇင်ရော်မောင်မောင်ရဲ့ မျိုးဆက်လည်း ဖြစ်သလို၊ သရုပ်ဆောင်ပိုင်းမှာ ဆရာကျလွန်းလှတဲ့ မေးသန်းနုရဲ့ မျိုးဆက်လည်း ဖြစ်တဲ့ မင်းသန့်မောင်မောင်ဟာ ခုဆိုရင် ကြော်ငြာတွေ ရိုက်ကူးဖြစ်လာတဲ့အတွက် သူနဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ သူက “အခုရိုက်နေတဲ့ ကြော်ငြာက birthday passion tea ပါ။ ကျွန်တော့်ရဲ့ ပထမဆုံး တီဗီကြော်ငြာရိုက်ဖူးတာဖြစ်သလို ပထမဆုံးသရုပ်ဆောင်ဖူးတာပါ။ ပထမဆုံး ကြော်ငြာစရိုက်ဘူး တာဆိုတော့ ကိုယ်သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး မပြောတတ်သေးပါဘူး။ ဒီကြော်ငြာရိုက်ဖို့အတွက် တစ်ပတ်တိတိ လေ့ကျင့်ခဲ့ရတယ်။ အကသင်ရတယ်။ အဖေ့ရဲ့သင်ပြမှုအတိုင်း အဖေ့စကား နားထောင်ပြီး ကျင့်ခဲ့ပါတယ်။ အခုကြော်ငြာရိုက်နေချိန်မှာ ကျွန်တော်ပျော်ပြီး ရင်တွေခုန်နေတယ်။ လူတွေလည်း အများကြီးပဲ လာကြည့်ကြတယ်ဆိုတော့ ကျွန်တော်အရမ်းရှက်နေတယ်။ ဒါပေမယ့်ကျွန်တော် ကြော်ငြာရိုက်နေတာကို အခုလို လူတွေအများကြီး လာကြည့်ကြတာကို တွေ့ရတော့ ကျွန်တော်ပျော်တယ်။ သူတို့တွေကြည့်ရတာ တန်အောင်လို့ ကျွန်တော့်ဘက်က အကောင်းဆုံးကြိုးစားသရုပ် ဆောင်ပြရတာပေါ့။ ကျွန်တော့်ရဲ့ကြော်ငြာလေးကိုတော့ အောင်မြင်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် သူတို့တွေ အဘက်ဘက်ကနေ အများကြီးပံ့ပိုးကူညီပေးကြလို့ သူတို့အပေါ်မှာအရမ်းအားနာမိတယ်။ အဲဒါကြောင့်အကောင်းဆုံး သရုပ်ဆောင်ပြတာပါ။ ဒါပေမယ့် စစချင်းဆိုတော့ ကျွန်တော့်ရဲ့သရုပ်ဆောင်မှုက ကောင်းချင်မှ ကောင်းလိမ့်မယ်။ ငယ်ငယ်ကတော့ အနုပညာအသိုင်းအဝိုင်းက သူတွေနဲ့ ဆော့ဖူးတယ်။ ရိုက်ကွင်းတွေ ရောက်ခဲ့ဖူးတယ်ဆိုတော့ အဲဒီ့တုန်းကတော့ ပျော်စရာတော်တော်ကောင်းပါတယ်။” လို့ ပြောပါတယ်။

နောက်ပိုင်းမှာ သရုပ်ဆောင်လောကထဲခြေချဖြစ်မလားဆိုတာကိုတော့ “ကျွန်တော်က အခုချိန်မှာ ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်နေတယ်။ ပြီးတော့ ကျွန်တော်နိုင်ငံခြားမှာ စာသွားသင်ဖို့ ရှိသေးတယ်ဆိုတော့ ပြန်ရောက်လာမှပဲ သရုပ်ဆောင်လောကထဲခြေချဖြစ်မယ်လို့ထင်တယ်။” လို့ သူက ပြောပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

အွန်လိုင်းပေါ်တွင် ပျံနှံ့ နေသည့် ဟိန်းဝေယံနှင့် ပတ်သက်သည့် သတင်းသည် သတင်းမှားသာဖြစ်ဟု ဖခင်ဖြစ်သူ ဦးဝင်းကို ပြောကြား


အွန်လိုင်းပေါ်တွင် သရုပ်ဆောင် ဟိန်းဝေယံနှင့် မင်းသမီးတစ်ဦး ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ကြောင့် ဟိန်းဝေယံ၏ မာန်ထက်ချီ ရုပ်ရှင်ထုတ် လုပ်ရေးကို မဇ္ဈိမမှ သွားရောက် မေးမြန်းရာတွင် ဖခင်ဖြစ်သူ ဦးဝင်းကို က ကောလဟလ သာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

သရုပ်ဆောင် ဟိန်းဝေယံသည် ရိုက်ကူးရေး ထွက်သွားခြင်းကြောင့် နေအိမ်၌ မရှိခြင်းကြောင့် သားဖြစ်သူ ကိုယ်စားဖြေပေး ခဲ့ခြင်းဖြစ်သည်။

” အဲဒီသတင်းက ကြာပါပြီ။ ဦးကို မေးတာထက်စာရင် သားငယ် ဟိန်းဝေယံကို မေးတာ က ပိုကောင်း လိမ့်မယ်။ ခုရက်ပိုင်းမှ အဲဒီသတင်းက ပြန်ထွက် လာ တာပါ။ အမှန်အတိုင်း ပြောရရင် လုံးဝကို မဟုတ်ပါဘူး။ အဲဒီလို ပြောတာပဲ ကောင်းလိမ့်မယ်။ တစ်ပါး သူတွေကိုလည်း လုံးဝ မထိခိုက်စေချင်ပါဘူး။ ပြောချင် တာကတော့ ကောလာဟလပါ။ လုံးဝကို မဟုတ်ပါဘူး။ ” ဟု မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဟိန်းဝေယံ၏ ဖခင် ဦးဝင်းကိုက ပြောသည်။

လက်ရှိတွင် ဟိန်းဝေယံမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေသည့် ယောက်ဖ တောင်ပေါ်ကျော်၍ ယောက္ခမပင်လယ်ဖြတ်မည် ဇာတ်ကားတွင် ဖူးပွင့်သခင်၊ သီးလေးသီး တို့နှင့်အတူ ရိုက်ကူးလျက်ရှိသည်။

Mizzima Burmese

အပြည့်အစုံသို့ »

ရေမြင့်ပြီး မမြင့်လာတဲ့ကြာက ရေနဲ့ထိပြီး ပုပ်သွားမှာပါဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)


အနုပညာလောကမှာ အချိန်ကြာမြင့်စွာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့သူ ဒါရိုက်တာ မောင်မျိုးမင်းဟာ ရုပ်ရှင် အပြင် သဘင်ပိုင်းမှာလဲ နှင်းဆီအဖွဲ့တို့နဲ့အတူ သူတတ်နိုင်တဲ့ဘက်က ပရိသတ်တွေအတွက် သူ့အနုပညာဖန်တီးမှုတွေကို ချပြပေးခဲ့သူပါ။ သူနဲ့တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ

ခုရိုက်နေတဲ့ကားလေးက။

ရက်ရက်စက်စက်တဲ့။ ဘာလို့လဲဆိုတော့ ရက်စက်တတ်တဲ့ လူတွေအကြောင်းကို ရိုက်ထားတာ။ အကုန်လုံး တစ်ကားလုံးကြည့်ပြီးရင်တော့ ရက်ရက်စက်စက် ကိုဖြစ်သွားမှာ။ ၀တ္ထုကသိုးဆောင်းရဲ့ ၀တ္ထုလေးကို အခြေခံပြီးတော့ ဇာတ်လမ်းပြန်လည်တည်ဆောက်ထားတာပါ။

ဒီကားလေးရဲ့ထူးခြားမှုနဲ့ ပရိသတ် ကို ဖော်ပြချင်တာက ဘာများဖြစ်မလဲ။

အဲဒါကတော့ အိုက်တင်ဖြစ်လိမ့်မယ်။ ဒီကားထဲမှာ မိုးဟေကို ကို မမြင်ဖူးတဲ့ အိုက်တင်နဲ့ တွေ့ရမယ်။ အဓိက ပြချင်တာကတော့ မိန်းကလေးတွေမှာ တစ်ခါတစ်ရံ မိခင်စိတ် ပြင်းပြတဲ့ရောဂါမျိုး ရှိတတ်တယ်။ ဥပမာ ကိုယ့်ထက်ငယ်တဲ့သူမျိုးကို ဂရုစိုက်ချင်တာ၊ ပျိုးထောင်ပေးချင်တာ၊ ဖွံ့ဖြိုးစေချင်တာ အဲ့လိုစိတ်ကလေးတွေရှိတယ်။ အဲ့လိုစိတ်ကလေးတွေကို အခွင့်ကောင်းယူတဲ့သူက ယူလို့ရှိရင် ကိုယ်က နောက်ဆုံး လူပါပါသွားတဲ့အပြင် အားနာပြီး ကိုယ်လုပ်ထားတဲ့ဟာလေးကို ပျက်သွားမှာစိုးလို့ မပြောရက်ပဲနဲ့ နေလိုက်တဲ့ဟာလေးက ကိုယ့်ကို ဒုက္ခပေးတာလေးကို ပြချင်တာပေါ့။ တကယ်တော့ အားနာခြင်းရဲ့ အကျိုးသက်ရောက်မှုကို ပြချင်တာပေါ့။ မိန်းကလေးတော်တော်များများက အားနာတတ်တယ်လေ။ နဂိုရှိရင်းစွဲ ခင်မင်မှုလေး ပျက်သွားမှာစိုးလို့ သူတို့က အပြစ်မယူရက်ဘူး။ ယောကျာ်းတွေအနေနဲ့ကလဲ ဘာကိုပြချင်တာလဲဆိုတော့ တခြားလူတစ်ယောက်ကို အခြေအနေ အကြောင်းကြောင်းကြောင့် မှားလို့ရတယ်။ ဓားပြတိုက်တာတို့၊ အတင်းအဓမ္မလုပ်တာတို့ဘာတို့ပေါ့။ ခွင့်လွှတ်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်ကို ချစ်တဲ့အတိုင်း တခြားတစ်ယောက်ကို ချစ်ပြီး တုံ့ပြန်နေလို့ရှိရင် ခွင့်လွှတ်လို့မရဘူး။

တခြားကားတွေနဲ့ ကွဲပြားတဲ့အနုပညာဖန်တီးမှုက။

အိုက်တင်ပိုင်းက လုံးဝထူးဆန်းတယ်။ မနေ့ကဆို ကိုယ်အရမ်းချစ်တဲ့ မိန်းမက တခြားတစ်စိမ်းယောကျာ်းတစ်ယောက်နဲ့ ချစ်တင်းနှောနေတဲ့ ဗီဒီယိုကို ပြန်ရိုက်ပြီးကြည့်ရတာ ဘယ်လိုမှကို မခံစားနိုင်ဘူး။ မတ်တပ်ကနေ ပြုတ်ကျတော့မလိုလို အိုက်တင်မျိုးတွေ ပြေတီဦးလုပ်ရတယ်။

သမ္မတကြီးအနေနဲ့လဲ သူဖက်က လုပ်ပေးနိုင်တဲ့ အပိုင်းလေးတွေကို ပြောဆိုဆွေးနွေးထားတော့ ဦးမျိုးတို့အနေနဲ့ကျတော့ရောဘယ်လိုမျိုး ကြိုးစားသွားမလဲ။

ရေမြင့်ရင်တော့ ကြာမြင့်မှာပေါ့ သမီးရယ်။ အဓိကက ရေအရင်မြင်ဖို့ပဲ လိုပါတယ်။ အဲ့ဒီတော့ ရေအရင်မြင့်အောင် စောင့်လိုက်ပါဦး။ ရေမြင့်ရင်တော့ ကြာအလိုလိုကို မြင့်လာမှာပါ။ အဲ့ဒါက စိတ်ပူစရာမလိုတဲ့ဟာပါ။ အဲဒီတော့ ရေမြင့်ပြီး မမြင့်လာတဲ့ကြာဟာ ရေနဲ့ထိပြီး ပုပ်သွားမှာပါ။

၁၂ ရက်နေ့တုန်းက သမ္မတ ကြီး မိန့်ကြားသွားတဲ့အပေါ်မှာရော ကျေနပ်မှုရှိရဲ့လား။

မိန့်ကြားသွားတဲ့ဟာကို ဦးမျိုး ခုထက်ထိ နားမထောင်ရသေးပါဘူး။ မအားလို့ပါ။

မှော်ဝင်သမန်းကြား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး ဦးမျိုးကြိုးစားထားမှုလေးကိုလဲ ပြောပြပေးပါဦး။

အဲ့ဒီကားကို ကားကိုယ်တိုင် ဆက်နေတယ်။ ပြီးရင် special effect တွေထည့်မယ်။ ကိုယ်တိုင်ကြီးကြပ်ပြီး ကိုယ်တိုင်လုပ်သွားမှာပါ။ ဒီဇာတ်ကားမှာလဲ သမားရိုးကျ အိုက်တင်ထဲက ကွဲထွက်တာတွေကို မြင်ရမှာပါ။

ရုပ်ရှင်ရုံတွေနည်းနေတဲ့တွက် ရုံမှာ လာကြည့်တဲ့ပေါ်မှာ ယုံကြည်မှု အားနည်းတယ်လို့ပြောကြတဲ့ ပရိသတ်တွေကိုရောဘာများပြောချင်ပါလဲ။

သူတို့ပြောတာလဲမှန်ပါတယ်။ တီဗီမှာ HD နဲ့ပေါ်နေတာ ခလုတ်နှိပ်လိုက်ရင် အိမ်မှာထိုင်ကြည့်လို့ရနေတဲ့ဟာကို ရုံမှာ ပိုက်ဆံပေးပြီးကြည့်တဲ့ကားက အဲ့လောက်မှမကောင်းရင် ဘယ်သူကလာကြည့်မှာလဲ။ နောက်ခေါင်မိုးပေါက်ရင်ခေါင်မိုးဖာ၊ ကြမ်းပေါက်ရင် ကြမ်းဖာ၊ နံရံပေါက်နံရံဖာ မရတော့ဘူးသမီး။ အမြစ်ကလှန်ပြီးအုတ်မြစ်ကအစ ပြန်ဆောက်မှရတော့မယ်။

ခုနောက်ပိုင်းမှာ ဦးစားပေးရိုက်ဖြစ်သွားမဲ့ ဇာတ်အိမ်ပုံစံတွေက ဘာတွေများဖြစ်မလဲ။

ဒီအချိန်မှာ အရင်ကပေးမရိုက်တဲ့ကားတွေကို ခုရိုက်ခွင့်ရတဲ့တွက် အရင်ကပေးမပြတဲ့ဟာတွေကို ခုပေးပြတဲ့တွက် အဲ့ဒါတွေကိုပဲ ဦးစားပေးရိုက်သွားမယ်။ အရင်က ပြခွင့်မရဘူးလေ။ ခု ပြခွင့်ရတဲ့တွက် ရအောင်ပြသွားမယ်။

အကယ်ဒမီကရော ဦးမျိုး ဘယ်လို ယုံကြည်ထားလဲ။

အဲ့ဒါကတော့ ပရိသတ်တွေ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ပါဝင်တဲ့သူတွေအားလုံးကတော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။

ဦးမျိုးရဲ့ ပရိသတ်တွေကိုရော ပြောချင်တာများ ရှိသေးလား။

မပြောတော့ပါဘူး သမီးရယ်။ သူတို့ကပြောတာကို နားထောင်ချင်တာမဟုတ်ဘူး။ ရိုက်ပြတာကြည့်ချင်တာဖြစ်တဲ့တွက် ရိုက်ပဲပြပါတော့မယ်။

Trend Myanmar

အပြည့်အစုံသို့ »

Miss Supranational ခင်ဝင့်ဝါ သရဖူ ရုပ်သိမ်းခံရ



Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏ သရဖူ ပြန်လည်ရုပ်သိမ်း ခံလိုက်ကြောင်း သိရသည်။ သို့ဖြစ်၍ Miss Supranational 2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့ သရဖူလွှဲပြောင်းပေးအပ်ခွင့်မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

“ခင်ဝင့်ဝါကို ကျွန်တော်တို့ Miss Golden Land Myanmar Organization ကနေပြီးတော့ ဒီနှစ်ဆုရတဲ့ Miss ကို သရဖူလွှဲပြောင်းပေးအပ်ခွင့် မပြုတော့ ပါဘူး။ Miss တစ်ယောက်က တခြား Miss တစ်ယောက်ကို သရဖူလွှဲပေး တယ်ဆိုတာ သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကို နောက်နှစ် Miss အတွက်ကို လွှဲပြောင်းပေးတဲ့စနစ်ပါ။ အဲဒီစနစ်ကို သရဖူလွှဲပြောင်းပေးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။

ခင်ဝင့်ဝါအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကျေပွန်တယ်လို့ မယူဆတဲ့အတွက် တာဝန်လွှဲပြောင်းပေးစရာ မလိုပါဘူး။ အဲဒီအတွက် သရဖူဆောင်းပေးခွင့်မပေး တာပါ။ အဓိကကတော့ Organization နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ပါပဲ။ အဲဒီအတွက် Organization အပေါ်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တယ်လို့ မယူဆပါဘူး။ ခင်ဝင့်ဝါအစား Miss Supranational Philippiness 2013, runner-up ရခဲ့တဲ့ ဖိလစ်ပိုင်အလှမယ်က ဒီနှစ်ရတဲ့ Miss ကို လာပြီးတော့ သရဖူဆောင်းပေးမှာပါ”

“ခင်ဝင့်ဝါရဲ့ အနုပညာလုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်နဲ့ Management အောက်ကနေ လုပ်ရတယ်ဆိုတာ စာချုပ်ထဲမှာ ပါပြီးသားပါ။ အဲဒါတွေကို မလိုက်နာဘူး။ သူ့ရဲ့ အနုပညာလုပ်ငန်းတွေက ကုမ္ပဏီက ပြန်ပြောမှ သိရတာတွေရှိတယ်။ ဓာတ်ပုံတွေ Facebook ပေါ်မှာ တက်လာမှ
သူ ဒီပွဲကို တက်ရောက်ခဲ့ပါသလားဆိုတာ သိရပါတယ်။ အဲဒီအတွက် သူ့ကို စာချုပ်စည်းကမ်းလိုက်နာအောင် သတိပေးလိုက်တာပါ။

Miss တစ်ယောက်ဖြစ်ပြီဆိုရင် Organization နဲ့ ပူးပေါင်းနိုင်ရမယ်။ နိုင်ငံ့ အကျိုးပြုတွေ လုပ်နိုင်ရမယ်။ တစ်နှစ်ကလေးတောင် စာချုပ်စည်းကမ်း မလိုက်နာနိုင်ဘူးဆိုရင် Miss Myanmar တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့ ရေရှည်ဘယ်လိုတည်နိုင်မလဲလို့ ပြောခဲ့ပါတယ်။”

ကိုဝေယံအောင်ရဲ့ စကားတွေနဲ့ပတ်သက်ပြီး Miss ခင်ဝင့်ဝါကို ဆက်ပြီးမေးမြန်း ခဲ့ရာမှာတော့ “ထုံးစံအရ သရဖူကို 2013 Miss ကနေ 2014 Miss ကို လွှဲပြောင်းပေးရတာပါ။ ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားပြိုင် ခဲ့တယ်။ အခု သရဖူလွှဲခွင့်မရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ တစ်ခါတလေ ကြော်ငြာ၊ မဂ္ဂဇင်း cover တွေရိုက်ရင် ပြောဖို့ မေ့ကျန်ခဲ့ တာတွေလောက်ပဲရှိပါတယ်။ အနုပညာအလုပ်တွေ ဖြစ်တဲ့ Brand Ambassador တို့၊ ထုတ်လုပ်ရေးတို့နဲ့ စာချုပ်ချုပ်ရင်လည်း Organization က လူကြီးတွေ ကိုယ်တိုင်ပါတယ်။ သူတို့လည်း လက်မှတ်ထိုးတယ်။ ဇာတ်ကားရိုက်တာတွေ ကိုလည်း အသိပေးပါတယ်။ Facebook တင်ရင်တောင်မှ ဖုန်းဆက်ပြီးပြော ပါတယ်။ ဒါပေမဲ့ အခုစာချုပ်ဖောက်ဖျက်တယ်၊ သရဖူဆောင်းခွင့် မပေးဘူး ဆိုတာ သိရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။

Organization နဲ့ စာချုပ်ချုပ်ကတည်းက အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အချိန်ဆိုရင်လည်း အမြဲအချိန်မှန်၊ အချိန်ပြည့်ကြိုးစားခဲ့တယ်။ ခင်ဝင့်ဝါရဲ့ အကျင့်စာရိတ္တ၊ စိတ်ထားကိုလည်း အားလုံးသိပါတယ်။ လူဆိုတာကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြစမြဲပါ။ ထုတ်ဖော်ပြောလို့ရတာရှိသလို၊ မရတာတွေလည်း ရှိပါတယ်။ တစ်နှစ်လုံး အကောင်းဆုံးဖြစ်အောင် နေခဲ့ပေ မယ့် အခု တစ်နှစ်ပြည့်ခါနီးကာမှ ဒီသတင်းကြားရတာ စိတ်မကောင်း ပါဘူး။ ပထမဆုံး သူတို့ ပျိုးထောင်ပေးခဲ့တဲ့ Miss တစ်ယောက်ဖြစ်လို့ ပရိသတ်အထင် လွဲစေမယ့် စကားတွေ မပြောစေချင်ပါဘူး။ ခင်ဝင့်ဝါအကောင်းဆုံးဖြစ်အောင် အမြဲနေခဲ့ပေမယ့် သရဖူလွှဲခွင့်မပေးဘူး။ စည်းကမ်းမလိုက်နာဘူးလို့ ပြောတာတွေကို တကယ်စိတ်မကောင်းဖြစ်မိပါတယ်”လို့ ဆိုသွားခဲ့ပါရဲ့။

ခင်ဝင့်ဝါ၏ မိခင်မှလည်း “စာနယ်ဇင်းတွေအားလုံးလည်း ဒီကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့လက်ထဲမှာရှိနေတော့လည်း သူတို့သဘော ပဲပေါ့နော်။ သူတို့ဘက်က နဂို ၆ လလောက်ကတည်းက လွှဲပေးရမယ့် Miss ကို စောင့်ခိုင်းထားတာဆိုတော့ တမင်သက်သက်ချောက်ချတဲ့သဘောမှာ ရှိနေတယ်။ အင်တာဗျူးတွေဆိုရင်လည်း မဖြေပါနဲ့လို့ ပြောပါတယ်။ သူတို့နဲ့က စာချုပ်ရှိနေခဲ့ပြီး စာချုပ်မှာလည်း ဒီအကြောင်းအရာတွေက ပါနေတဲ့အခါ အန်တီတို့ဘက်က အမှားမရှိအောင်တော့ အတတ်နိုင်ဆုံးနေခဲ့ပါတယ်။ ပရဟိတဆိုလည်း လုပ်ခဲ့တာပဲလေ။ စာနယ်ဇင်းတွေမှာလည်း ပါနေတာပဲ။ အားလုံးလည်း သိပါတယ်။ အန်တီတို့ဘက်ကတော့ ဘာမှ မပြောတော့ပါဘူး။ စာချုပ်လည်းပြည့်ဖို့ တစ်လလောက်ပဲလိုတော့တာဆိုတော့လေ၊ သမီးကတော့ စိတ်မကောင်းဖြစ်နေတယ်။ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေမှာလည်း ကြိုးစားနေတယ်။ ပရဟိတလည်း လုပ်နေရဲ့နဲ့ အကြောင်းမရှိအကြောင်းရှာ တာပါ။ တချို့နိုင်ငံတော်နဲ့ပတ်သက်တဲ့ပွဲတွေမှာ လူညီတဲ့အခါတွေမှာ တော့ အကြောင်းမကြားမိတာလေးတွေရှိပါတယ်”ဟု ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်၏ Star&Model အေဂျင်စီသင်တန်းဆင်းတဦးဖြစ်ခဲ့ပြီး ထိုစဉ်က Miss Supranation ပြိုင်ပွဲဝင်ရန်အတွက် အခြားမည်သည့်အေဂျင်စီနှင့်
မှ သာချုပ်ချုပ်ဆိုခြင်းမပြုရဟူသော စာချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်၍ Miss Golden Land Myanmar Organization နှင့် စာချုပ် ချုပ်ဆိုခဲ့သောကြာင့် Star&Model အေဂျင်စီ၏ တရားစွဲဆိုဖြင်းခံခဲ့ရပြီး ရော်ကြေးငွေသိန်း ၃၀ ပေးခဲ့ရဖူးသည်။

“ကျွန်တော်က ဒီကိစ္စကို နားမလည်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စင်ပေါ်မှာ တရားဝင်ကမ္ဘာသိလူသိရှင်ကြား ရခဲ့တာပဲ၊ သူတို့မနေနဲ့လဲ နာမည်တခုရပြီး လုပ်စားလို့လဲ ၀နေပါပြီ၊ အခုအချိန်မှာ ဒီနာမည်နဲ့ အိမ်မှာ အိပ်နေလဲ ဘာမှမဖြစ်တော့ဘူး၊ ဒီသရဖူသိမ်းသွားလဲ ဘာဖြစ်လဲ၊ အဓိကက သရဖူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး၊ နာမည်နဲ့ အောင်မြင်မှုက အဓိကပါပဲ” လို့ ဂျွန်လွင်က ပြောပါတယ်။

Credit : News Watch


အပြည့်အစုံသို့ »

ကားလမ်းပိတ်လို့ သီချင်းမဆိုလိုက်ရတဲ့အတွက် ပရိသတ်ကိုတောင်းပန်တဲ့ မိစန္ဒီ



ဇူလိုင် ၁၉ ရက်က ဂျန်းရှင်းစကွဲတွင်  ပြုလုပ်ခဲ့သော ရွှေအက်ဖ်အမ်ဗီစီဒီ ပရိုမိုးရှင်းပွဲ ၌   ကားလမ်းပိတ်သဖြင့် ပွဲပြီး ချိန်မှရောက်ခဲ့၍ သီချင်းမဆိုပေး ခဲ့ရသည့်အတွက် ပရိသတ်များကို တောင်းပန်ကြောင်း အဆိုတော် မိစန္ဒီက ပြောသည်။

‘‘ကားပိတ်တာရော၊ ကိုယ် ကနေမကောင်းတာရော၊ ဘယ် လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပေါ့လျော့မှုပေါ့နော်။ အဲ ဒီလိုမျိုးလည်း နောင်မဖြစ်စေရ ပါဘူး။ စောင့်နေကြတဲ့ ပရိသတ် ကြီးကိုလည်း တောင်းပန်ပါတယ်။ လာမယ်လို့ပြောထားပြီး ပွဲပြီးမှ ရောက်လာဖြစ်တဲ့အတွက် ကိုယ် နဲ့အလုပ်တွဲလုပ်နေကြသူတွေ အားလုံးကိုရော တောင်းပန်ပါ တယ်’’ဟု မိစန္ဒီက ပြောသည်။

နေမကောင်းဖြစ်နေသည့် ကြားမှ ပရိသတ်အား ဖျော်ဖြေရန် ထွက်လာခဲ့သော်လည်း မိုးအလွန် ရွာပြီး ကားလမ်းများပိတ်ဆို့နေ၍ ပွဲပြီးမှရောက်သွားရာ ပရိသတ် များမရှိတော့သည့်အတွက် သီချင်းမဆိုဖြစ်ခဲ့ကြောင်းမိစန္ဒီက ပြောသည်။ မိစန္ဒီရောက်သွား ချိန်တွင် ပရိသတ်နှင့် အခြားသော အနုပညာရှင်များမရှိတော့ ကြောင်း မိစန္ဒီက ပြောသည်။

အဆိုတော် အစုံပါဝင်သော ရွှေအက်ဖ်အမ်ဗီဒီစီတွင် သီရိဆွေနှင့် မိစန္ဒီတို့တွဲဆိုထားသော ‘မုန်းတဲ့အကြောင်း’သီချင်းမှာ စီဒီထွက်ကတည်းက ပရိသတ်အားပေးမှု ရခဲ့သော သီချင်းတစ်ပုဒ်ဖြစ်ပြီး ယခုပရိုမိုးရှင်းပွဲသည် ရွှေအက်ဖ်အမ်ဗီစီဒီထွက်ရှိမှုအနေဖြင့် ပရိသတ်များအား အနုပညာရှင်များက လက်မှတ်ထိုးကာ သီချင်းများ ဖျော်ဖြေပေးသောပွဲဖြစ်သည်။

မကြာသေးမီက ထွက်ရှိ ထားသော ပစ်တိုင်းထောင်စီးရီး မှာ မိစန္ဒီမျှော်လင့်ထားသော အတိုင်းအတာထက်ကျော်လွန်ပြီး မူရင်းအခွေဝယ်ယူအားပေးကြ သည့်အတွက် ဝမ်းသာမိကြောင်း ၎င်း က ပြောသည်။

ပစ်တိုင်းထောင်စီးရီးတွင် ပါဝင်သော   ‘ငါ့ဆီပြန်ခဲ့ပါ’နှင့် ‘နှုတ်ခမ်းများ   သော့ခတ်ထား တယ်’ သီချင်းနှစ်ပုဒ်ကို အခွေ ထွက်ပြီးနောက်တစ်ရက်တွင် ပြင်ဦးလွင်မြို့၌ သွားရောက်ရိုက်ကူးခဲ့ပြီး ဗီစီဒီအမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေကြောင်း မိစန္ဒီက ပြော သည်။

7daydaily

အပြည့်အစုံသို့ »

မြန်မာပြည်ဖွားဘောလိဝုဒ် မင်းသမီး လိုင်လာခမ်း တိုက်ဆိုင်မှုရှိလျှင် ရိုက်ကူးအပြီး အိန္ဒိယ၌ လုပ်ကြံခံရ


တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ်မင်းသမီး လိုင်လာခမ်းသည်၎င်း၏မိသားစုများနှင့် အတူ ၂ဝ၁၁ခုနှစ်တွင်မွမ်ဘိုင်းမြို့အနီး၌ သေနတ်ဖြင့် ပစ်သတ်ခံ ရသည်ဟု www.alibaba.comတွင် ပထွေးဖြစ်သူက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
လိုင်လာခမ်းနှင့် မိသားစုများသည် ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီ ၇ရက်မှ စတင်ပြီး ၎င်းတို့နေထိုင်ရာ တိုက်ခန်းမှ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို ပထွေးဖြစ်သူ ပါဗက်ဇ်တက်ခ် က နာရှစ်ခ်ခရိုင် လယ်တဲဆီသို့ ခေါ်ဆောင် သွားခဲ့သည်ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့က လိုင်လာ၏ ဆဲလ်ဖုန်း မှတ်တမ်းမှ တစ်ဆင့် နောက်ဆုံး ခြေရာခံမိပြီး ယင်းလယ်တဲ ကိုလည်း မီးရှို့ခြင်း ခံရသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကို လိုင်လာ၏ ဖခင်နာဒီပါတဲလ်က မါမ်ဘိုင်းရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။ ယင်းအပြင် ကက်ရှ် ဒေသရှိ ပါပက်ဇ်ပိုင် စတိုးဆိုင်တွင် လိုင်လာ၏ SUVကားကို တွေ့ရှိပြီး နောက်တွင် ပါပက်ဇ်ကို ဂျစ်မူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ဇွန်၂၁ရက်တွင် ဖမ်းဆီးခဲ့သည်။ ပါဇ်သည် လိုင်လာ၏ မိခင်ဖြစ်သူ၏ တတိယမြောက် ခင်ပွန်းဖြစ်ပြီး ပေါင်းသင်း နေထိုင်နေသူတစ်ဦးဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လိုင်လာ၏ ချစ်သူနှင့်အတူ အမျိုးသား သုံးဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု လိုင်လာနှင့် ၎င်း၏ ဆွေမျိုးများ ပျောက်ဆုံးပြီး ၁၁လအကြာ တွင် ပါပက်ဇ်က ဂျမ်မူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လိုင်လာကို ပစ်သတ်ရခြင်းသည် လိုင်လာနှင့် မိခင်ဖြစ်သူတို့ ပိုင်ဆိုင်သည့် တိုက်ခန်းများနှင့် ပစ္စည်း ဥစ္စာများကို ရယူလိုခြင်းကြောင့်ဖြစ်သည်။

လိုင်လာခမ်းသည် ၂ဝဝ၈ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Wafa ရုပ်ရှင် ဇာတ်ကားတွင် မင်းသားဂျက်ရှ်ခမ်နာနှင့် အတူ တွဲဖက် သရုပ်ဆောင် ထားသည်။ ရုပ်ရှင် ထုတ်လုပ်သူ ရာက်ရှ်ဆာဝပ်နှင့် အကြမ်းဖက် သမားများ ချိတ်ဆက်မှု ရှိမရှိနှင့် ၎င်း၏ ငွေကြေးသုံးစွဲ ခြင်းကိုလည်း မဟာရက်ရှ်ထရာ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ၏ မေးမြန်းမှုကို ခံခဲ့ရသည်။

Mizzima News Daily

အပြည့်အစုံသို့ »

ဂါရ၀ပြုသူများ အဆင်ပြေရေးကို ဦးစားပေးခဲ့ခြင်းဖြစ်ပြီး ဘယ်မီဒီယာကိုမှ စော်ကားလိုစိတ်မရှိဟု ဝေဠုကျော်ပြော



အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌  ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့    က တောက်ကဆဖြစ်ခဲ့ပြီး  ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး   သတင်းထောက် ကတ်ပြခိုင်းခဲ့ရာ သတင်းထောက် က မကျေနပ်သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို    ရေးတင်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ် သူလဲဆိုတာလည်း   ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီသတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင်   ယူခွင့်ပေးရမှာ လေ။ သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်တာတော့ ကျွန် တော်လည်း   မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။

မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။

ကြက်ခြေနီတစ်ဦးအနေ ဖြင့်   နိုင်ငံတော်ပွဲတိုင်းတွင်   ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ပြော သည်။

ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့်   စည်းရုံးရေးမှူး တာဝန်    ထမ်းဆောင်လျက်ရှိ သည်။

7day daily

အပြည့်အစုံသို့ »

အသံပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကို အသံပြန်ထွက်အောင် လုပ်ပေးနိုင်ခဲ့တဲ့ Harry Styles ရဲ့အံ့သြဖွယ်အနမ်း


ဟယ်ရီကတော့ နောက်တဖန် နာမည်ကြီးဖြစ်သွားပြန်ပါပြီ။ သူ့ရဲ့အနာရောဂါပျောက်သွားစေနိုင်တဲ့အနမ်းကြောင့် အသံမထွက်နိုင်တဲ့ကောင်မလေးတစ်ယောက် ရောဂါကုသပေးလိုက်ပါတယ်။

၁၅ နှစ်အရွယ်သာရှိတဲ့ Laura Yeates ဟာ သူမရဲ့လေချောင်းကနေ အသံမထွက်နိုင်တာ ခြောက်လကြာခဲ့ပါပြီ။ ဆေးကုသခံခြင်းမျိုးစုံခံခဲ့ရပေမယ့် ဘာမှထူးခြားမလာခဲ့ပါဘူး။ အမေဖြစ်သူမှ သူမအား Wembley Stadium မှာကျင်းပတဲ့ One Direction ရှိုးပွဲကို ကြည့်ဖို့ခေါ်သွားခဲ့ပါတယ်။ အဲဖျော်ဖြေပွဲမှာပဲ ဟေရီရဲ့အဝေးကလာတဲ့အနမ်းကြောင့် သူမပြန်ပြီး အသံပြန်ထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

Laura က “အဲဖျော်ဖြေပွဲနေ့မှာ အခြားလူတွေလိုပဲ ပျော်ပျော်အော်ပြီးမနေနိုင်တဲ့အတွက် အရမ်းဝမ်းနည်းခဲ့ပါတယ်။ ဒါပေမယ့် စင်ရဲ့အနားကို ကျွမ်တို့ကပ်ပြီးရောက်သွားခဲ့တယ်။ ပြီးတော့ ဟယ်ရီကကျွန်မတို့ရပ်နေတဲ့နေရာနားရောက်လာပြီးတော့ ကျွန်မတို့အားလုံးရဲ့အပေါ်မှာ ရေလှမ်းဖြန်းလိုက်တယ်… ကျွန်မက သူသတိထားမိသွားအောင်ဆိုပြီး အော်ဖို့ကြိုးစားခဲ့တယ်… အဲချိန်မှာပဲ သူ့ရဲ့အနမ်းကို ကျွန်မရှိတဲ့ဘက်သို့ လှမ်းပြီးချွေလိုက်တဲ့အချိန်မှာပဲ ကျွန်မရဲ့အော်သံက ထွက်လာခဲ့ပါတယ်။” ဆိုပြီးတော့ ရှင်းပြခဲ့ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

ရန်ကုန်မှာနွှဲမယ့် ဖြူဖြူကျော်သိန်း တစ်ကိုယ်တော်ပွဲ


 ရော့ခ်အဆိုတော် ဖြူဖြူ ကျော်သိန်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာမည့်နိုဝင်ဘာ၁ရက်တွင် ရန်ကုန်မြို့ကမ်းနားဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လုပ်ချင်နေတာတော့ ကြာ ပြီ။ ဒီရက်မှာ အဆင်ပြေလို့ လုပ် ဖြစ်တာပေါ့နော်။ ပရိသတ်ကလည်း မျှော်နေတာ ကြာပြီဆိုတော့လေ’’ ဟု ဖြူဖြူကျော်သိန်းကပြော သည်။ ယခုတစ်ကိုယ်တော်ဖျော် ဖြေပွဲသည် ငါးကြိမ်မြောက်ဖြစ်ပြီး လေးကြိမ်မြောက်တစ်ကိုယ် တော်ဖျော်ဖြေပွဲကို ၂၀၁၀ပြည့်နှစ်၊အောက်တိုဘာတွင်  အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။ ဖြူဖြူကျော်သိန်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲများကို ၂၀၀၆၊ ၂၀၀၇ ၊၂၀၀၈ ခုနှစ်တို့တွင် ကျင်းပခဲ့ဖူး သည်။

တစ်ကိုယ်တော်ဖျော်ဖြေ ပွဲတွင် Lazy Club တီးဝိုင်းနှင့် တွဲဖက် သီဆိုမည်ဖြစ်ပြီး အကအဖွဲ့Jade Dragon လည်း ပါဝင်မည်ဖြစ်သည်။ ပွဲနှင့် ပတ်သက်သော ကျန်အကြောင်းအရာ များကို ပွဲကျင်းပခါနီးမှ ကြေ  ညာပေးသွားမည်ဖြစ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။

‘‘ဖြူဖြူကိုယ်တိုင်ပုံစံအသစ် တစ်ခုဖြစ်မှာ ဖြစ်တဲ့အတွက် စိတ် လှုပ်ရှားတယ်။ ပရိသတ်တွေ  အ တွက်လည်း အမြင်သစ်တစ်ခုဖြစ် မှာပါလို့။ ပွဲကတော့ တခြားအရင် လုပ်လေ့ရှိတဲ့ပွဲနဲ့မတူတဲ့ ပုံစံတစ် ခုတော့ဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လေးနှစ်ကြားထဲမှာ အများ ကြီးပြောင်းလဲသွားခဲ့တာရှိတယ်။ ဒီပွဲမှာတော့ ပရိသတ်အတွက် လည်းစိတ်ကျေနပ်မယ်၊ ကိုယ်ကိုယ်  တိုင်လည်းစိတ်လှုပ်ရှားစရာဖြစ် နိုင်မယ်လို့ ယုံကြည်တယ်’’ဟု ဖြူဖြူကျော်သိန်းကပြောသည်။

၎င်း၏ ငါးခွေမြောက်အယ် ဘမ်လ်‘‘နာမည်ကျန်နေရစ်မယ်’’ အခွေကို သြဂုတ်(သို့) စက်တင်ဘာတွင်  ထွက်ရှိနိုင်ရန်ပြင်ဆင်နေ ကြောင်း သိရသည်။

7day daily

အပြည့်အစုံသို့ »

‘ဂီတဂုဏ်ဆောင်’ကိစ္စ ရဲရင့်အောင်ရှင်း



မဂ္ဂဇင်းမျက်နှာဖုံးတစ်ခု တွင် ဂီတဂုဏ်ဆောင်ရဲရင့်အောင် ဆိုသည့်ခေါင်းစဉ်ဖြင့်ဖော်ပြထား သောကြောင့် ပရိသတ်များ၏ဝေ ဖန်မှုခံနေရသည့်အဆိုတော်ရဲရင့် အောင်က ယင်းအကြောင်းအရာ နှင့်ပတ်သက်၍ ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ဖြေရှင်းထားသည်။

ဂီတဂုဏ်ဆောင်ရဲရင့်အောင် ဟုဖော်ပြခဲ့သောကြောင့် ၎င်း၏ လူငယ်ပရိသတ်များနှင့် ၎င်းကို အထင်လွဲနေသည့်ပရိသတ်များ အကြား ဖေ့စ်ဘွတ်ခ်ရန်ပွဲမှတစ် ဆင့် မလိုလားအပ်သည့်ပြဿနာ များဖြစ်လာမည်စိုးသောကြောင့် ဖြေရှင်းခြင်းဖြစ်သည်ဟု ရဲရင့် အောင်ကရေးသားထားသည်။

အဆိုပါမဂ္ဂဇင်းမျက်နှာဖုံးကို မဂ္ဂဇင်းမထွက်မီ တစ်လခန့် ကတည်းက ကိုယ်တိုင်တွေ့ရှိခဲ့ သော်လည်း အခွေကိစ္စနှင့်အခြား အလုပ်ကိစ္စများကြောင့် သတိ မထားဖြစ်ခဲ့ဘဲ ယခုကဲ့သို့ဖြစ်လာ မည်ဟုမတွေးခဲ့သည်မှာ ၎င်း၏ အမှားဖြစ်သည်ဟုရေးသားထား သည်။

‘‘ကျွန်တော့်မှာမကောင်းတဲ့ အချက်တွေရှိလိမ့်မယ်။ အား နည်းချက်တွေရှိလိမ့်မယ်။ အသက် (၂၁)နှစ်မပြည့်သေးတဲ့ လူငယ်တစ်ယောက်အနေနဲ့မရင့် ကျက်မှုတွေရှိလိမ့်မယ်။ ပြီးတော့ ကျွန်တော်ရိုင်းချင်ရိုင်းနေမိလိမ့် မယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးပါ၊ ပညာရှင်ကြီးပါလို့ အကုန်သိ၊ အကုန်တတ်နေပါ တယ်လို့ မဂ္ဂဇင်းမှာဖော်ပြခိုင်းရ လောက်အောင်တော့ မမိုက်မဲပါ ဘူး’’ဟု ရဲရင့်အောင်က ၎င်း၏ ဖြေရှင်းချက်တွင်ရေးသားထား သည်။ထို့ကြောင့် အဆိုပါခေါင်း စဉ်သည် ၎င်းတိုက်တွန်းမှုကြောင့် ရေးသားခြင်းမဟုတ်ကြောင်းကို ပရိသတ်များလက်ခံလျှင်ကျေနပ် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဖြေရှင်းမနေဘဲ သီချင်းများသီဆိုနိုင်ရန် ဆက်လက်ကြိုး စားမည်ဖြစ်ကြောင်း ရေးသား ထားသည်။

7 Day Daily

အပြည့်အစုံသို့ »

ဘဝလက်တွဲဖော်ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ သေချာလေ့လာ ရွေးချယ်သွားမယ်လို့ ဆိုတဲ့ စံရတီမိုးမြင့်




အနုပညာလမ်းကြောင်းမှာ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားနေတဲ့ စံရတီမိုးမြင့်နဲ့တွေ့ဆုံခိုက် သူမရဲ့ လတ်တလောအနုပညာရှင်အကြောင်းကို  “အခု လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ တစ်ကားနဲ့ တစ်ကား မတူအောင်လို့ ကာရိုက်တာအစုံ ရိုက်ဖြစ်နေပါတယ်။ စံရတီ ပရိသတ်တွေအတွက် ဇာတ်ကားတစ်ကား ရိုက်တိုင်း ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်တိုင်း သေချာကြိုးစားရိုက်ကူးနေပါတယ်။ အခုတလောမှာတော့ အရမ်းဟာသဆန်တဲ့ ပုံစံလေးတွေ မရိုက်ဖြစ်ဘူး။” လို့ သူမက ပြောပါတယ်။

အခုလက်ရှိ အချစ်ရေးနှင့်ပတ်သက်ပြီးတော့လည်း သူမက “ဒီအရွယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူး။ အိမ်ထောင်ပြုတယ် ဆိုတာပြောရတာ လွယ်ပေမယ့် လက်တွေ့မှာ အခက်အခဲတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး သစ္စာရှိဖို့ကလည်း လိုသေးတယ်။ ပြီးတော့ ငွေကြေးလည်း ထိုက်သင့်သလောက်တော့ ရှိဖို့လိုမယ်ထင်ပါတယ်။ အခု စံရတီအသက် ၂၀ပဲရှိသေးတာဆိုတော့ အိမ်ထောင်ရေးကို အသက်၂၆နှစ်လောက်မှ စဉ်းစားမှာပါ။ ဖူးစာပါမှ အိမ်ထောင်ပြုဖို့ ဖြစ်လာမှာပါ။ အရင်ကဆို ရည်းစားဦး၊ ချစ်သူဦးကို ယူရမယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ နောက်ပိုင်းတော့ ဒီလိုမျိုးမရှိတော့ဘူး။ ကိုယ့်ဘဝအတွက် လက်တွဲဖော်ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ သေချာလေ့လာပြီး ရွေးချယ်ခွင့်ရှိသလို ရွေးချယ်သင့်ပါတယ်”တဲ့။

Trend Myanmar

အပြည့်အစုံသို့ »

စည်းကမ်းချက်များ မလိုက်နာသဖြင့် အလှမယ်ခင်ဝင့်ဝါ Miss Supranation Myanmar 2014 ၂ဝ၁၄ ဆုရှင်အား သရဖူ ပေးအပ်ခွင့် ရရှိတော့မည်မဟုတ်ဟုဆို


ရန်ကုန်၊ ဇူလိုင် ၁၇ -Miss Golden Land Myanmar Organization နှင့်ချုပ်ဆိုထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိ ခြင်းကြောင့် အလှမယ် ခင်ဝင့်ဝါ သည် Miss Supranation Myanmar 2014 ဆုရှင်အား သရဖူ ပေးအပ်ခွင့်ရရှိ တော့မည်မဟုတ် Organization သတင်း ထုတ်ပြန်ချက်အရသိရသည်။

''ကျွန်တော်တို့ဘက်ကဒီတစ် ကြိမ်က အသိပေးတာပါ။ ကျွန်တော် Organization က ကမ်းလှမ်း တာတွေကိုလဲ သူကအကြောင်း အမျိုး မျိုးပြပြီးတော့ ငြင်းဆိုတာတွေရှိပါ တယ်။ နောက်ပြီးတော့သင်္ကြန်မှာ တုန်းကလဲ သူ့ကိုကျွန်တော်တို့မေးပါ တယ်။ ဘာလုပ်မလဲဆိုတော့ သူက တရားစခန်းဝင်မယ် ဆိုပြီးတော့ပြောပါတယ်။ ကျွန်တော်တို့ဘက်က ဒီ အတိုင်းသတင်းထုတ်ပြန်ခဲ့တယ်။နောက်ပြီးလဲကျရော သူကသင်္ကြန် မှာ ရုပ်ရှင်ရိုက်ရမယ်ဆိုပြီးတော့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ သူ့ကြောင့် ကျွန်တော်တို့ပရဟိတလုပ်ငန်းတွေနဲ့ပတ် သက်ပြီးတော့မျက်နှာပျက်ရတာတွေလဲ ရှိပါတယ်။ ကျွန်တော်တို့ပေးထားတဲ့ မန်နေဂျာနဲ့ အနုပညာကြေးကိစ္စတွေ ကို ပြောဆိုရမယ့် အပိုင်းဆိုရင် သူဘာသာဈေးနှုန်းစကားပြောတာ တွေရှိလာတယ်။ ဒါကြောင့်ကျွန်တော် တို့ဘက်က သူ့ကိုဒီလိုမျိုးသတိပေး အကြောင်းကြားစာကိုလူသိရှင်ကြား ထုတ်ပြန်ရတာပါ''ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန် ဇော်လတ်က ပြောသည်။

အလှမယ်ခင်ဝင့်ဝါသည် Miss Supranation Myanmar 2013 အဖြစ် တာဝန်ယူထားစဉ်ကာလအတွင်း Miss Golden Land Myanmar Organization နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်တွင် Organization အပေါ်လေးစားသောအား ဖြင့်အနုပညာလှုပ်ရှားမှုများပြုလုပ်ခြင်း၊ ရိုက်ကူးရေးများ ပြုလုပ်ရာ တွင် စာချုပ်ပါစည်းကမ်းချက်အရ Organization ထံမှာ ခွင့်ပြုချက် တောင်းခံရန်၊ အနုပညာလှုပ်ရှားမှု များ ပြုလုပ်ရာတွင် Organization ၏ လမ်းညွှန်စီမံချက်အပေါ်တွင် သာ ဆောင်ရွက်ရန်နှင့် Organization နှင့်မဟုတ်ဘဲ မိမိသဘောဆန္ဒ အတိုင်း လုပ်ဆောင်သည့် အနုပညာလှုပ်ရှား မှုများကိုလည်း Organization ထံ သို့ အသိပေးအကြောင်းကြားရမည် ဟု ချုပ်ဆိုထားခြင်းဖြစ်ကြောင်းသိရသည်။

စာချုပ်ပါစည်းကမ်းချက်များ အားအလှမယ် ခင်ဝင့်ဝါမှ တစ်နှစ် ထိလိုက်နာရမည်ဖြစ်သော်လည်း လိုက်နာခဲ့ခြင်းမရှိသည့်အတွက်ဇူ လိုင် ၁၄ရက်တွင် အဆိုပါသတိ ပေးထုတ်ပြန်ချက်အားထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ် သက်၍ အလှမယ်ခင်ဝင့်ဝါက ''အခု ညီမကို Organization ကနေပြီး တော့ သတိပေးစာထုတ်လိုက်တာ နဲ့ပတ်သက်ပြီးတော့ ဘာမှမပြော ချင်တော့ပါဘူး။ ညီမဘက်ကအ တတ်နိုင်ဆုံး စည်းကမ်းလိုက်နာခဲ့ ပါတယ်။ ပရဟိတတွေဆိုရင်လဲ ညီမတတ်နိုင်သမျှအားလုံးကို လုပ် ဆောင်နေပါတယ်။ Organization ကိုလဲ ညီမ လေးလေးစားစားဆက်ဆံ ပါတယ်။ ဒီလိုမျိုးဖြစ်တာကတစ်ဖက် နဲ့တစ်ဖက်အထင်လွဲနေကြတာလို့ ညီမကတော့ထင်ပါတယ်။ ညီမလုပ် သမျှကိစ္စရပ်တွေအားလုံးကို Organization ကို အစီရင်ခံစာတင်ပါတယ်''ဟုပြောသည်။

Miss Golden Land Myanmar Organization နှင့် အလှမယ်ခင်ဝင့်ဝါတို့ချုပ်ဆိုထား သည့်စာချုပ်မှာ စက်တင်ဘာလ တွင်ပြည့်မည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင့်ဝါသည် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် Miss Supranational 2013 ပြိုင်ပွဲကြီးတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ရာ
Miss Inter-net, Most Beautiful Woman in the World,Face of Miss Supra-national ဆုများရရှိခဲ့ကြောင်း သိရ သည်။

နွေးနွေး

#Democracytoday
Yangon Media Group

အပြည့်အစုံသို့ »