Showing posts with label china-news. Show all posts
Showing posts with label china-news. Show all posts

တရုတ်တွင် မြန်မာသတို့သမီးအား သိန်း ၁၀၀ ထိပေးဝယ်မှုများရှိလာ


တရုတ်နိုင်ငံတွင် အမျိုးသမီး ရှားပါးမှုကြောင့် မြန်မာ အမျိုးသမီးများကို ၀ယ်ယူပေါင်းသင်းလျက ရှိရာ ယခင်က ကျပ်သိန်း (၅၀)၀န်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်မှ စတင်၍ ကျပ်သိန်း (၁၀၀) ၀န်းကျင် ထိပေး၍ ၀ယ်ယူမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး(ဗဟို) မှ စုံစမ်း သိရသည်။ တရုတ်နိုင်ငံတွင် အမျိုးသမီးများ ရှားပါးလာမှုနှင့် အတူ လူကုန်ကူး တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာက အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ သောကြောင့် ယင်းကဲ့သို့ ဈေးတိုးမြှင့်ပေးဝယ်လာခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနမှ ရဲအုပ်မင်းနိုင် ကပြောသည်။

သူတို့က ၀ယ်ယူ ပေါင်းသင်းတယ် ဆိုပေမယ့် သားမှတ်မှတ် မယား မှတ်မှတ်ပေါင်းတာထက် ညဖက်မှ သားမယားလို ပေါင်းပြီး၊ နေ့ဖက်မှာ သူတို့ရဲ့လုပ်ငန်းတွေမှာ စေခိုင်းကြတာပိုများတယ် ဟု ၎င်း ကပြောသည်။ ယခင်နှစ် များက တရုတ်နိုင်ငံတွင် မြန်မာ အမျိုးသမီးများ၏ ပေါက်ဈေးမှာ ယွမ်းနှစ်သောင်းမှ သုံးသောင်းဝန်းကျင်ထိ သာရှိခဲ့ရာမှ ယခု နှစ်ပိုင်းတွင် ယွမ်ငွေ ခြောက်သောင်းမှ ခုနှစ်သောင်းဝန်းကျင် ထိ ပေး၍ ၀ယ်ယူလာကြခြင်း ဖြစ်သည်။ တရုတ်တွေ ကသာ ဈေးကိုအများကြီးပေးတာ။ ကာယကံရှင်တွေက အဲဒီလောက် မရကြဘူး။ ပွဲစားတွေပဲရတာဟုလူကုန်ကူးမှု တိုက်ဖျက်ရေး နှင့် စပ်လျဉ်းသည့် ပညာပေး ဆောင်းပါးများ ရေးသားနေသော စာရေးဆရာ ဆရာဝင်းနိုင်ထွန်း ကပြောသည်။

ယခု နောက်ပိုင်းတွင် တရုတ် နိုင်ငံသို့ မြန်မာ အမျိုးသမီးများကို ပို့ဆောင်မှုသည် ယခင်ကာလများက ကဲ့သို့ ပွဲစားများက လိမ်လည်၍ ခေါ်ဆောင်ခြင်းမျိုး မဟုတ်တော့ဘဲ ကာယကံရှင်များကို တရုတ် အမျိုးသားများ နှင့်ပေါင်းသင်းရမည်ဟု တရားဝင် ခေါ်ဆောင်မှုများ ရှိလာသည်။ ယင်းကဲ့သို့ ခေါ်ဆောင်ရာ၌ သာမန် အမျိုးသမီးများ ထက် ပြည့်တန်ဆာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အမျိုးသမီးငယ်များကို ပိုမို ရွေးချယ်လာ ကြကြောင်း သိရသည်။

ပွဲစားတွေက တရုတ်မှာ အလုပ်ရမယ်လို့ ပြောပြီး လိမ်ခေါ်လာလို့ တာဝန်ရှိသူတွေ စစ်ရင် အမှုမှန်ပေါ်သွားနိုင်တဲ့အတွက် ပွင့်ပွင့် လင်းလင်း ပြောပြီးခေါ်လာကြတယ်။ ဒါပေမဲ့ ပွဲစားတွေက ပြောတဲ့အတိုင်း အမျိုးသမီးတွေ ခံစားခွင့် မရကြဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ နားမယောင်ကြဖို့လိုတယ်ဟု ရဲအုပ်မင်းနိုင် က ဆက်လက် ပြောကြားသည်။ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး ဗဟို၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံမှ ပြည်ပ သို့ လူကုန်ကူးမှု အများဆုံး ပြုလုပ်လေ့ရှိသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အမျိုးသမီးများမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဇန်န၀ါရီလမှ မေလ အတွင်း ဖြစ်ပေါ်ခဲသော လူကုန်ကူးမှုများမှာလည်း တရုတ် နိုင်ငံသို့ပင် ဦးတည်နေကြောင်း သိရသည်။ ယခုနှစ် တွင်း လူကုန်ကူး မှုပေါင်း(၃၂)မှု ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံ သို့ လူကုန်ကူးမှုမှာ (၂၂) မှု ရှိပြီး၊ ထိုင်းနိုင်ငံသို့ လေးမှု၊ မလေးရှား နိုင်ငံသို့ တစ်မှုနှင့် ပြည်တွင်း ငါးမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ (၃၂)မှုတွင် အမျိုးသား (၂၀) ဦးနှင့် အမျိုးသမီး (၄၆) ဦး လူကုန်ကူးခံခဲ့ရကြောင်း စုံစမ်းသိရသည်။
The Messenger

အပြည့်အစုံသို့ »

တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူများရဲ့ ဆန့် ကျင်မှုကြောင့် ခွေးသားစား ပွဲတော်ကို တရုတ် စောစီးစွာ ကျင်းပ


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဆန့် ကျင်လှုပ်ရှားမှုတွေကို ရှောင်ရှားနိုင်ဖို့ အတွက် တရုတ်ပြည်သူ တွေဟာ ယခုလမှာတင် ခွေးတွေကို သတ်ဖြတ်၊စားသုံးနေကြပြီဖြစ်ပါတယ်။ နှစ်စဉ်အောက်တိုဘာလမှာ ကျင်းပမြဲဖြစ်တဲ့ ခွေးသားစားပွဲတော်ကို ဒီနှစ်မှာတော့ စောစီးစွာကျင်းပနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Yulin မြို့ က ဒေသခံတစ်ချို့ ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကုန်မှာ စတင်စုဝေးခဲ့ကြပြီး နှစ်တစ်နှစ်ရဲ့ အရှည်လျားဆုံးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ ခွေးသားနဲ့ လိုင်ချီးတို့ စားသုံးတဲ့ပွဲတော်ကို ကျင်းပ  နေပါပြီ။


လွန်ခဲ့တဲ့နှစ်တွေတုန်းက ခွေးသားစားပွဲတော်ဟာ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပစ်မှတ်ထား ဆန့်  ကျင်မှုကို ကြုံတွေ့ ခဲ့ရပါတယ်။ အွန်လိုင်းအသနားခံစာတွေနဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ခွေးသားစားပွဲတော်ရဲ့ ဓာတ်ပုံတွေ၊စာတွေကို ဖော်ပြခဲ့ရာမှာ လူထုရဲ့ အာရုံစိုက်မှုကို လှုံ့ ဆော်နိုင်ခဲ့ပြီး ခွေးတွေကို ရောင်းချတဲ့ သားသတ်ရုံတွေနဲ့ ဈေးတွေရဲ့ အပြင်မှာ ရုတ်တရက်ဆန္ဒပြခဲ့ကြပါတယ်။

Yulin ထုံးတမ်းစဉ်လာအရ အီကွေတာကနေ နေအဝေးဆုံးအကွာအဝေးရောက်ရှိတဲ့နွေအချိန်ကာလမှာ ခွေးသား၊ လိုင်ချီးနဲ့ အရက်တို့ စားသောက်ခြင်းက လူတွေက ဆောင်းတွင်းမှာ အသက်ရှည်ကျန်းမာစေတယ် လို့  ဆိုပါတယ်။


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီပွဲတော်ဟာ လူထုရဲ့ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ခွေးတွေဟာ ရောဂါပိုးကင်းမကင်းစစ်ဆေးခြင်းမရှိသလို၊ နိုင်ငံအနှံ့ က  လမ်းဘေးခွေးတွေအပြင် ခွေးပိုင်ရှင်တွေဆီက ခိုးယူထားတဲ့ ခွေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ခွေးတွေကို အများအားဖြင့် အဆိပ်ဓာတုဆေးကျွေး သတ်ဖြတ်ကြပြီး ဒါဟာ လူသားတွေပေါ်မှာလည်း အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ဒီလို ခွေးသားစားပွဲတော်မျိုး နိုင်ငံမှာ တရားဝင်ရှိတယ်ဆိုတာကို ငြင်းဆိုထားပြီး တစ်ချို့  တစ်ချို့ သော အချက်အပြုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်စုရဲ့ အလေ့အထ သာဖြစ်တယ်လို့  ပြောဆိုထားပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများရဲ့ ဆန့် ကျင်မှုကြောင့် ခွေးသားစားပွဲတော်ကို တရုတ် စောစီးစွာ ကျင်းပ


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဆန့် ကျင်လှုပ်ရှားမှုတွေကို ရှောင်ရှားနိုင်
ဖို့ အတွက် တရုတ်ပြည်သူ တွေဟာ ယခုလမှာတင် ခွေးတွေကို သတ်ဖြတ်၊
စားသုံးနေကြပြီဖြစ်ပါတယ်။ နှစ်စဉ်အောက်တိုဘာလမှာ ကျင်းပမြဲဖြစ်တဲ့ ခွေးသားစားပွဲတော်ကို ဒီနှစ်မှာတော့ စောစီးစွာကျင်းပနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Yulin မြို့ က ဒေသခံတစ်ချို့ ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကုန်မှာ စတင်စုဝေးခဲ့ကြပြီး နှစ်တစ်နှစ်ရဲ့ အရှည်လျားဆုံးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ ခွေးသားနဲ့ လိုင်ချီးတို့  စားသုံးတဲ့ပွဲတော်ကို ကျင်းပ နေပါပြီ။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ခွေးသားစားပွဲတော်ဟာ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပစ်မှတ်ထား ဆန့်   ကျင်မှုကို ကြုံတွေ့ ခဲ့ရပါတယ်။ အွန်လိုင်းအသနားခံစာတွေနဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ခွေးသားစားပွဲတော်ရဲ့ ဓာတ်ပုံတွေ၊စာတွေကို ဖော်ပြခဲ့ရာမှာ လူထုရဲ့ အာရုံစိုက်မှုကို လှုံ့ ဆော်နိုင်ခဲ့ပြီး ခွေးတွေကို ရောင်းချတဲ့ သားသတ်ရုံတွေနဲ့ ဈေးတွေရဲ့ အပြင်မှာ ရုတ်တရက်ဆန္ဒပြခဲ့ကြပါတယ်။

Yulin ထုံးတမ်းစဉ်လာအရ အီကွေတာကနေ နေအဝေးဆုံးအကွာအဝေးရောက်ရှိတဲ့နွေအချိန်ကာလမှာ ခွေးသား၊ လိုင်ချီးနဲ့ အရက်တို့ စားသောက်ခြင်းက လူတွေက ဆောင်းတွင်းမှာ အသက်ရှည်ကျန်းမာစေတယ် လို့  ဆိုပါတယ်။


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီပွဲတော်ဟာ လူထုရဲ့ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ခွေးတွေဟာ ရောဂါပိုးကင်းမကင်းစစ်ဆေးခြင်းမရှိသလို၊ နိုင်ငံအနှံ့ က လမ်းဘေးခွေးတွေအပြင် ခွေးပိုင်ရှင်တွေဆီက ခိုးယူထားတဲ့ ခွေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ခွေးတွေကို အများအားဖြင့် အဆိပ်ဓာတုဆေးကျွေး သတ်ဖြတ်ကြပြီး ဒါဟာ လူသားတွေပေါ်မှာလည်း အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ဒီလို ခွေးသားစားပွဲတော်မျိုး နိုင်ငံမှာ တရားဝင်ရှိတယ်ဆိုတာကို ငြင်းဆိုထားပြီး တစ်ချို့  တစ်ချို့ သော အချက်အပြုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်စုရဲ့ အလေ့အထ သာဖြစ်တယ်လို့  ပြောဆိုထားပါတယ်။

Treand Myanmar

အပြည့်အစုံသို့ »

တရုတ်နိုင်ငံ ရထားလမ်း ဖောက်လုပ်ရေး မြန်မာများ အဓမ္မစေခိုင်းခံနေရ


ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် တရုတ်နိုင်ငံသို့ တရားမ၀င် လမ်းကြောင်းများမှ အလုပ် သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားများအား တရုတ် အာဏာပိုင်များမှ ဖမ်းဆီးပြီး တရုတ် နိုင်ငံ အတွင်း ရထားလမ်း ဖောက်လုပ်ရေးတွင် အဓမ္မ စေခိုင်းနေမှုများ ဖြစ်ပေါ်နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများထံမှ သိရသည်။

“ဟိုးတုန်းကတော့ တရုတ်ပြည်ဘက်ကို တရားမ၀င် လမ်းကြောင်းကနေ သွားနေကြတယ်။ တရုတ်ပြည်ကိုသွားတဲ့ တရားမ၀င် လမ်းကြောင်းက နမ့်ခမ်းဘက်မှာ ၈ခုလောက်ရှိတယ်၊ အခု မသွားရဲကြတော့ဘူး၊ ဘာလို့လဲဆိုတော့ တရုတ် အာဏာပိုင်တွေက ဖမ်းပြီးဆေးစစ်ချက် ယူတယ်၊ မူးယစ်ဆေးဝါး မသုံးလည်း သုံးတယ်ဆိုပြီး ဆေးစစ်ချက်နဲ့ ဖမ်းတယ်၊ ပြီးရင် မီးရထား ဖောက်လုပ်တဲ့ဆီ ပို့တယ်”ဟု ရှမ်းပြည်မြောက်ပိုင်းနေ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်နေသော သူများမှာ မြန်မာနိုင်ငံ အလယ်ပိုင်း တောရွာများမှ အများဆုံးဖြစ်ပြီး တရားမ၀င် သွားရောက်ကြခြင်း ဖြစ်ကာ ဖမ်းဆီးခံရသူ တစ်ချို့မှာ တရုတ် အာဏာပိုင်များအား တရုတ်ငွေသုံးထောင် မြန်မာငွေ သုံးသိန်းကျော်ပေးပြီး ပြန်လည် လွတ်မြောက်လာမှုများ ရှိခဲ့ကြောင်း အဆိုပါ ဖမ်းဆီးမှုသည် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူသို့ ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းနှင့်လည်း သက်ဆိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။

Tomorrow news journal

အပြည့်အစုံသို့ »

တရုတ်ရှင်ကျန်းဒေသတွင် ဓားခုတ်မှုတစ်ခု ထပ်မံဖြစ်ပွား၊ ပြည်သူများ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက် ဓားသမား နှစ်ဦး သေဆုံး



တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသော ရှင်ကျန်းအူဂါဒေသတွင် တနင်္ဂနွေနေ့က ဓားဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သာမန်အရပ်သား ပြည်သူများ၏ ပြန်လည်ခုခံ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်ဓားသမား နှစ်ဦး သေဆုံးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဟယ်ချွမ်စီရင်စု ယင်ဘင်းလမ်းရှိ စစ်တုရင်ကစားရုံ တစ်ခုသို့ ဓားကိုင်ဆောင်ထားသော လူသုံးဦး ဝင်ရောက်လာပြီး ကစားရုံအတွင်းရှိ လူများအား တိုက်ခိုက်ခဲ့သည်။

သို့ရာတွင် ကစားရုံအတွင်းရှိ လူများက အချက်ပေး ခေါင်းလောင်းကို နှိပ်ကာ အနီးဝန်းကျင်ရှိ ဆိုင်များမှ ဆိုင်ရှင်များနှင့် လူများအား အကူအညီခေါ်ကာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဓားသမား သုံးဦးအနက် နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဓားသမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပြီး အချိန်အနည်းငယ် အကြာတွင် အခင်းဖြစ်ရာသို့ လက်နက်ကိုင် ရဲတပ်ဖွဲ့များ ရောက်လာပြီး ဒေသခံများ၏ အကူအညီဖြင့် ဓားဖြင့် တိုက်ခိုက်သူများကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ရှင်ကျန်းအူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ဝုလူမုချီတွင် အသေခံ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၃၉ ဦး သေဆုံးခဲ့ရပြီးနောက်တွင် တရုတ်အာဏာပိုင်များက အကြမ်းဖက်မှုများကို ကာလရှည် စီမံချက်ဖြင့် နှိမ်နင်းသွားမည်ဟု ပြီးခဲ့သော လအတွင်းက ကတိပြု ပြောကြားခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့က ရှင်ကျင်း အူဂါဒေသို့ တရုတ်သမ္မတ ရှင်ကျင့်ဖျင် လာရောက် လည်ပတ်စဉ်ကလည်း ဝုလူမုချီမြို့ ဘူတာရုံတစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၇၉ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ မတ်လအတွင်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တွင် ဓားဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၂၃ ဦး သေဆုံးကာ ၁၄၃ ဦးခန့် ဒဏ်ရာရရှိခဲ့သဖြင့် တရုတ်နိုင်ငံ၏ ၉၊ ၁၁ ဖြစ်ရပ်ဟု နိုင်ငံပိုင်သတင်းဌာနများက အမည်တပ်ခဲ့သည်။

ပြီးခဲ့သောနှစ်က ဘေဂျင်းမြို့ တိန်အန်းမင်ရင်ပြင်တွင် အသေခံကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကားအတွင်း လိုက်ပါလာသော လူသုံးဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၄၀ ခန့် ဒဏ်ရာရခဲ့သည်။

The Voice Weekly

အပြည့်အစုံသို့ »

အငြင်းပွားကျွန်းပေါ် တရုတ်စာသင်ကျောင်းဆောက်


တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက ကျွန်းပေါ်မှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်းတကျောင်း တည်ဆောက်နေပါတယ်။

 လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင် တည်ရှိခဲ့တဲ့ ဒီ စစ်စခန်းအတွက် အခုလို စာသင်ကျောင်း တည်ဆောက်လိုက်ခြင်းအားဖြင့် ဒီဒေသကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

တခြား အာရှနိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက Yongxing လို့ခေါ်တဲ့ ကျွန်းပေါ်မှာ တရုတ်လူမျိုး ၁,၄၄၃ ဦးရှိပြီး အဲဒီကျွန်းကို တရုတ်အစိုးရက မြို့တမြို့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းမှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေအနေနဲ့ မိုင်ပေါင်း ထောင်သောင်းချီ ကျယ်ဝန်းတဲ့ ရေပိုင်နက်ကို ကြီးကြပ် အုပ်ချုပ်ရတာ ဖြစ်ပါတယ်။

အဲဒီကျွန်းကို မြို့တမြို့အဖြစ် တရုတ်တို့က သတ်မှတ်လိုက်ခြင်းအားဖြင့် ဒေသတွင်း တင်းမာမှုတွေ တိုးတက် ဖြစ်ပေါ်လာမယ်ဆိုပြီး  ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြစ်တင် ဝေဖန်လိုက်ပါတယ်


ဗွီအိုအေ (မြန်မာဌာန)

အပြည့်အစုံသို့ »

ကျားတွေကို စားသုံးခဲ့တဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ထောင်ဒဏ် ချမှတ်ခံရ


တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ကျားကောင်ရေ သုံးကောင်ခန့် ကို စားသုံးခဲ့တာမို့ ထောင်ဒဏ် ချမှတ်ခံခဲ့ ရတယ်လို့ သိရပါတယ်။ Guangxi အရပ်ဒေသမှာ နေထိုင်ပြီး၊ မစ္စတာဇူလို့ လူသိများတဲ့ အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင်ကြီးဟာ သူငယ်ချင်း ဖြစ်သူတွေနဲ့ အတူ ကျားတွေကို စားသုံးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက လူချမ်းသာတွေဟာ ကျားတွေကို ပြည်ပနိုင်ငံတွေ ကနေမှာ ယူစားသုံးလေ့ရှိ ပါတယ်။ တရုတ် တိုင်းရင်းဆေးပညာမှာ ကျားအရိုး၊ ကျားမျက်စိစတဲ့ အစိတ်အပိုင်းတွေကို စားသုံးပါက ကျန်းမာရေးအရ များစွာ အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။

ကျားတွေဟာ ရဲရင့်သန်မာတာမို့ ဒီလို အယူအဆ ဖြစ်ပေါ်လာခဲ့တာပါ။ တရုတ်စီးပွားရေး လုပ်ငန်းရှင် တွေဟာ အထူး စားသောက်ပွဲတွေမှာ ကျားတွေကို ချက်ပြုတ်ပြီး တည်ခင်း ဧည့်ခံလေ့ရှိပါတယ်။ မစ္စတာဇူကို လည်း စားသောက်ပွဲမှာ အထောက်အထား ခိုင်လုံစွာ တွေ့ခဲ့ရတာမို့ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပါတယ်။ တရားရေး ရင်ဆိုင်ရာ တာဝန်ရှိသူတွေ ကတော့ မစ္စတာဇူဟာ ကျားဝှေးစေ့ကို စားသုံးပြီး၊ ကျားသွေးတွေကိုလည်း သောက်ခဲ့ကြောင်း၊ အတည်ပြု ပြောကြားခဲ့ ပါတယ်။ မစ္စတာဇူ နဲ့ အပေါင်းအပါ (၁၄) ဦးဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်းမှာ ကျားကောင်ရေ (၁၀) ကောင်ထက် မနည်း စားသုံးခဲ့တယ်လို့ ၀န်ခံထားပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ကျားတွေကို စားသုံးမှုကြောင့် အကောင်ရေ တဖြည်းဖြည်း ရှားပါးလာပြီး၊ ဆားဘီးယား ကျားတစ်ကောင်ရဲ့ အရေခွံ တစ်ခုတည်း ပေါင် (၈၀၀၀၀) အထိ တန်ကြေး ရှိကြောင်း သိရပါတယ်။

Messenger News Journal

အပြည့်အစုံသို့ »

တရုတ်နိုင်ငံတောင်ပိုင်းတွင် ရေကြီး



တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ကျိုးမြို့မှာ ဒေသခံ မီးသတ်သမားတွေက ရေလွှမ်းမိုးမှုကြောင့် သောင်တင်နေတဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ကယ်ထုတ်ခဲ့ရပါတယ်။

ဇွန် ၁၁ ရက်နေ့ မနက်က မိုးသည်းထန်လို့ ချင်ကျိုးမြို့လယ် လမ်းတွေမှာ ရေကြီးခဲ့တာ ဖြစ်ပြီး ဒေသခံ အယောက် ၂၀ ကျော်က ၆ ပေကျော် နက်တဲ့ရေထဲမှာ သောင်တင်နေခဲ့ပါတယ်။

မီးသတ်သမားတွေက ဒေသစံတော်ချိန် မနက် ၈ နာရီလောက်မှာ အခင်းဖြစ်ရာကို အမြန် ရောက်လာခဲ့ပြီး လမ်းဆုံတွေ အကြီးအကျယ် ရေမြှုပ်နေတာ တွေ့ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ၁ ကီလိုမီတာခရီးကို ရေထဲက ဖြတ်သွားပြီး ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရပါတယ်။

ရေဘေးအဆိုးဆုံးထိခဲ့တဲ့ ထျန်းလျောင်ရွာက မွေးကင်းစ သားအမိ ၂ ယောက်ကိုတော့ ရာဘာလှေတွေနဲ့ ကယ်ထုတ်ခဲ့ရတာပါ။

ရွာသူတယောက်က မိုးတိတ်တိတ်ချင်း ဇွန် ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ မီးသတ်သမားတွေ ဆီကို သွားခဲ့ပြီး ချွေးမနဲ့ ဆယ်ရက်သားကလေးကို အိမ်ပြိုတဲ့အထဲမှာ ပိတ်မိနေကြောင်း ပြောခဲ့ပါတယ်။

မီးသတ်သမားတွေက မိခင်နဲ့ ကလေးကို ကယ်ဆယ်ပြီး ဆေးရုံကို ပို့ဆောင် စစ်ဆေးထားတဲ့အတွက် ဘေးကင်းတယ်လို့ သိရပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

ခေါက်ဆွဲတွေကို ၀န်ထမ်းတွေက ခြေထောက်နဲ့ နင်းတဲ့ ဓာတ်ပုံ ပေါ်ထွက်လာ



တရုတ်နိုင်ငံမှာ ဂျုံနဲ့ ပြုလုပ်တဲ့ ခေါက်ဆွဲတွေကို အဓိက စားသုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ခေါက်ဆွဲ စက်ရုံတစ်ရုံဟာ သန့်ရှင်းမှု ရှိအောင် ဆောင်ရွက်ခြင်း မရှိတာမို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြင်းထန်တဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Dongguan မြို့မှာရှိတဲ့ ခေါက်ဆွဲ စက်ရုံ က ၀န်ထမ်းတွေဟာ ခေါက်ဆွဲတွေကို ခြေထောက်တွေနဲ့ တက်နင်းခြင်း၊ ခေါက်ဆွဲပုံပေါ်မှာ အိပ်စက်ခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါကို ဓာတ်ပုံ ရိုက်ကူးပြီး အင်တာနက်ပေါ် လွှင့်တင်ခဲ့ရာ စားသုံးသူအတွေ ဒေါသထွက်ခဲ့ပြီး အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီစက်ရုံဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက သန့်ရှင်းမှု မရှိတာမို့ ပြင်းထန်စွာ သတိပေးခြင်းခံထား ရပြီး နောက်ဆက်တွဲ အနေနဲ့ အခုလို ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တာဝန်ရှိသူ တစ်ဦးက ဓာတ်ပုံထဲက အထောက် အထားတွေအရ ၀န်ထမ်းတွေဟာ ခေါက်ဆွဲတွေကို ခြေထောက်နဲ့ နင်းခဲ့တဲ့ အပြင် ခေါက်ဆွဲတွေ အပေါ်မှာလည်း အိပ်စက်ခဲ့ကြောင်း၊ ဒီခေါက်ဆွဲတွေကို ရောင်းချမယ့် ဆိုင်တွေကို ပို့ဆောင်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ စက်ရုံ ၀န်ထမ်းတွေဟာ ခြေဗလာနဲ့ ခေါက်ဆွဲတွေကို တက်နင်းကြခြင်း ဖြစ်ပြီး ဒီအပြုအမူနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ အရေးယူ သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုခဲ့ပါတယ်။ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ မတိုင်မီက ထွက်ပေါ်လာခြင်း ဖြစ်ပြီး စက်ရုံကို ပိတ်ပစ်ခဲ့အပြင် များပြားတဲ့ ဒဏ်ငွေနဲ့ ထောင်ဒဏ်ပါ ချမှတ်သွားဖို့ရှိကြောင်း သိရပါတယ်။


Messenger News Journal

အပြည့်အစုံသို့ »

အကြမ်းဖက်မှု တိုက်ဖျက်ရေး တရုတ်ရဲများ လေ့ကျင့်


တရုတ်ရဲတွေ၊ မီးသတ်သမားတွေနဲ့ ဆေးဘက်လုပ်သားတွေ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှုတရပ်ကို နိုင်ငံရဲ့ အနောက်စွန်းပိုင်း ရှင်းကျန်းေ၀၀ါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က လေ့ကျင့်ခဲ့ပါတယ်။

ဒီလေ့ကျင့်မှုကို တျန်ရှန်း၂၀၁၄ လို့ နာမည်ပေးထားပြီး ဓားနဲ့တိုက်ခိုက်မှု၊ ကားနဲ့တိုက်မှု၊ ဖောက်ခွဲမှုနဲ့ မီးရှို့မှုတွေ ပါဝင်ပါတယ်။

ပြန်ပေးဆွဲမှု အပါအ၀င် တချိန်တည်းမှာ ရာဇ၀တ်မှုပေါင်းစုံဖြစ်တဲ့ ပုံစံကို စမ်းသပ် လေ့ကျင့်တာ လည်း ဖြစ်ပါတယ်။

လေ့ကျင့်မှုအတွင်း ရိုင်ဖယ်သေနတ်မျိုးစုံနဲ့ ချုံခိုတိုက်မှု၊ ဆက်သွယ်ရေးနဲ့ ဆေးဘက်စောင့်ရှောက်မှုဆိုင်ရာ ကားအမျိုးမျိုးအပါအ၀င် အဆင့်မြင့် ပစ္စည်းကိရိယာတွေလည်း သုံးထားပါတယ်။  ဒီလေ့ကျင့်မှုအတွင်း လူအယောက် ၈၀၀ ကျော် ပါဝင်ပါတယ်။

ဒီနှစ်အတွင်း ရှင်းကျန်းဒေသမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှု ၅၁ ကြိမ် လုပ်ခဲ့ပြီး နောက်ထပ်လည်း ဆက်လုပ်သွားဦးမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။


DVB Burmese

အပြည့်အစုံသို့ »

တရုတ် သက်ကြီးရွယ်အိုများ မီးသဂြိုလ် မခံရဘဲ မြေမြုပ် သဂြိုလ် ခံရစေရန် သတ်သေကြ


တရုတ်နိုင်ငံ အန်ဟွိုင်းပြည်နယ် အစိုးရက သုဿာန်တွင် နေရာ မရှိတော့သည့် အတွက် ဇွန်လ ၁ ရက်နောက်ပိုင်းတွင် သုဿာန်များအားလုံး ပိတ်လိုက်တော့မည်ဟု ဧပြီလ ၁ ရက်တွင် ကြေငြာခဲ့သည်။


ထို့ကြောင့် ဇွန်လ ၁ ရက်နောက်ပိုင်း သေဆုံးသူများကို မီးသင်္ဂြိုဟ်သွားမည်  ဖြစ်ကာ မြေမြှုပ်သင်္ဂြိုဟ်ခွင့် မပြုတော့ဟု အာဏာပိုင်များက ဆိုသည်။ ထိုသတင်းသည် တောနေ သက်ကြီးရွယ်အိုများအတွက် သတင်းဆိုး တစ်ရပ် ဖြစ်လာသည်။   မီးသင်္ဂြိုဟ် ခံရခြင်းသည် တရုတ်ထုံးတမ်းစဉ်လာ ယုံကြည်မှုနှင့် ဆန့်ကျင်နေသည့်အတွက် ကျေးလက်ဒေသမှ သက်ကြီးရွယ်အိုများ သည်  မီးသင်္ဂြိုဟ် ခံရမည်ကို အလွန်ကြောက်လန့်ကြသည်။

ထို့အတွက် အချို့သော သက်ကြီးရွယ်အိုများသည် ဇွန်လ ၁ ရက်မတိုင်မီ မိမိကိုယ်မိမိ သတ်သေသွားကြတော့သည်။

၉၇ နှစ်အရွယ် ၀ူလီဇူသည် မေလ ၁၂ ရက်တွင် မိမိကိုယ် မိမိ အဆုံးစီရင်သွားကာ ၈၇ နှစ်အရွယ် ဇန်ဝင်ယင်က မေလ ၁၃ ရက်တွင် ကြိုးဆွဲချ သတ်သေသွားခဲ့သည်။ အဘွားအို ဇန်ဝင်ယင်သည် သေကြောင်းကြံသည့်စာ ရေးသားခဲ့သည်။ မြေမြှုပ်သင်္ဂြီုလ်ခံရပါက ကောင်းမွန်သော သေဆုံးခြင်းဖြစ်သည့်အတွက် ကြိုးဆွဲချ သတ်သေသွားခဲ့ခြင်း ဖြစ်သည်ဟ သူမစာတွင် ရေးသားထားသည်။ အန်ဟွိုင်းပြည်နယ် ရှိ ရွာငယ်သုံးရွာမှ သက်ကြီးရွယ်အို ၇နှစ်ဦးကျော်သည်လည်း ထိုကဲ့သို့ သတ်သေသွားခဲ့ကြသည်ဟု သတင်းများအရ သိရှိရသည်။



ref: OC

ချယ်ရီ
World Myanmar News

အပြည့်အစုံသို့ »

တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး


အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှုတရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံရှိ သဘာဝဓာတ်ငွေ စက်ရုံ

ခရိုင်တွင်း ဖင်အန်းချင်းဟိုင် သယံဇာတ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင် ယွမ်ရှိရှန်း နီကယ်စက်ရုံမှာ ညသန်းခေါင်ကျော် မနက် တနာရီလောက်မှာ ဆိုင်ယာနိုဂျင် ဆာလဖိုဒ် ဓာတ်ငွေ့ယိုစိမ့်မှုကို ထောက်လှမ်း တွေ့ရှိခဲ့တာလို့ ခရိုင်ဘေးကင်းမှု စီမံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

မတော်တဆမှု ဖြစ်ဖြစ်ချင်း ကယ်နိုင်ပြီး အဆိပ်ငွေ့ရှူမိသူ ၈ ယောက်ကို ဆေးရုံ တင်ပို့နိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ လမ်းမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်ရုံက တောင်ထူတဲ့ဒေသထဲမှာ ရှိပြီး အနီးဆုံး ရွာနဲ့ ငါးကီလိုမီတာ ဝေးပါတယ်။ စက်ရုံလုပ်သားအားလုံးကို နေရာက ဖယ်ထုတ်ပြီးပါပြီ ဒေသခံတွေဘေး ကင်းပြီး နေရာရွှေ့စရာ မလိုဘူးလို့ သိရပါတယ်။

ဒေသခံ သဘာဝပတ်ဝန်းကျင်ဌာနက စစ်ဆေးသူတွေကတော့ စက်ရုံတွင်းလေထုကို စစ်ဆေးခဲ့ပြီး ရလဒ်တွေကို ထုတ်ပြန်မှာဖြစ်ပါတယ်။ ဆိုင်ယာနိုဂျင်ဓာတ်ငွေ့ဟာ အရောင်မရှိဘဲ အနံ့စူးရှပါတယ်။ ရှူရှိုက်မိရင် ခေါင်းကိုက်တာ မူးဝေအော့အန်တာ သတိလစ်တာ အကြော ဆွဲတာနဲ့ အသက်သေဆုံးတာထိ ဖြစ်စေနိုင်ပါတယ်။

 DVB

အပြည့်အစုံသို့ »

တရုတ် စစ်အသုံးစရိတ် တစ်နှစ် ဒေါ်လာ ၁၄၅ ဘီလျံရှိ



ဇွန်၊၇ရက်။

တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ် ကာကွှယ်ရေးအသုံးစရိတ်ဟာ အမေရိကန် ဒေါ်လာ
၁၄၅ ဘီလျံ ရှိတယ်လို့ အမေရိကန် ကာကွှယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒီငွေပမာဏဟာ တရုတ်နိုင်ငံက တရားဝင်ဖော်ပြတဲ့ ပမာဏထက် အဆ ၂၀ ကျော်
ပိုများနေတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ် နိုင်ငံရဲ့ ရေတပ်နဲ့လေတပ်
ခေတ်မီဖို့အပြင် ဆိုင်ဘာစစ်ပွှဲ တိုက်ခိုက်နိုင်စွမ်းအတွက်
ရင်းနှီးမြှုပ်နှံမှုတွေကို ထင်ဟပ်စေတယ်လို့
ပင်တဂွှန်စစ်ဌာနချုပ်ကပြောကြောင်း အမေရိကန် ကွန်ဂရက်က နှစ်စဉ်ထုတ်ပြန်တဲ့
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘေဂျင်းမြို့တော်မှာရှိတဲ့
ကာကွယ်ရေးဌာနကတော့ ဒါတွေဟာ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို
ချဲ့ကားထားတဲ့ အဓိပ္ပာယ်မရှိ ပြောဆိုမှုဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့မတ်လမှာ တရုတ်အစိုးရက ကာကွှယ်ရေးအသုံးစရိတ် ၁၂ ရာခိုင်နှုန်း
တိုးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။

source;Straight Time

ဘာသာပြန် David


The Myanma Age

အပြည့်အစုံသို့ »

နမ့်ခမ်းဒေသ မြေယာများ တရုတ်နယ်နိမိတ်တွင်း မပါရန် သမ္မတကို စာပို့မည်

ဓာတ်ပုံ - သျှမ်းသံတော်ဆင့်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အနီးမှာ တရုတ်-မြန်မာ ၂ နိုင်ငံ နယ်နိမိတ် ပြန်လည်တိုင်းတာရေးတွေ ပြုလုပ်ပြီးတဲ့နောက် ဒေသခံတွေအနေနဲ့ သူတို့ပိုင်မြေတွေ တရုတ်ပိုင်နက် ရောက်သွားမှာကို စိုးရိမ်မကင်းဖြစ်နေကြပြီး နိုင်ငံတော်သမ္မတကြီးဆီ စာပေးပို့မယ်လို့ သိရပါတယ်။

မြန်မာနဲ့ တရုတ်အာဏာပိုင်တွေဟာ ဒီလဆန်းပိုင်းက ရွာသားပိုင်စိုက်ခင်းတွေထဲ နယ်နိမိတ်တိုင်တွေ လာရောက် စိုက်ထူသွားတဲ့အတွက် သူတို့မြေတွေ တရုတ်နိုင်ငံထဲ ပါသွားမှာ စိုးရိမ်ပြီး အစိုးရအနေနဲ့ ဘိုးဘွားပိုင်မြေကို ကာကွယ်ပေးဖို့ သမ္မတဆီ စာပေးပို့မယ်လို့ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျားဖြူပါတီ တခုတည်းမဟုတ်ပါဘူး။ ကျားခေါင်းပါတီပါ ပူးပေါင်းပြီး ရွာသူရွာသားများ လိုလားတဲ့အတိုင်း ဆောင်ရွက်ပေးမှာပါ။ ဒီမြေတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က မြေတွေဖြစ်ပြီး တရုတ်ဘက်ပါသွားမှာကို သဘောမတူကြောင်း၊ ကန့်ကွက်တဲ့အကြောင်းပေါ့။ နိုင်ငံတော်သမ္မတနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီ စာတင်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတွေ အားလုံး မိတ္တူပေးပို့ပါမယ်။”

အာဏာပိုင်တွေ တိုင်စိုက်သွားတဲ့နေရာဟာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲက ဆေးခွန်၊ ကုန်းသာ၊ ဘန့်နောင် အစရှိတဲ့ ကျေးရွာအုပ်စုထဲမှာ တည်ရှိပြီး တရုတ်ဘက်ခြမ်း နယ်ခြားမှတ်တိုင် ဆိုင်းဘုတ်နဲ့ ၄-၅ ဖာလုံလောက် ကွာဝေးတယ်လို့ ဆိုပါတယ်။
မြေဧရိယာ ဧက ၂၀၀ ကျော်ရှိပြီး ဘိုးဘွားတွေလက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်ခဲ့တာလို့ ရပ်မိရပ်ဖလည်းဖြစ်တဲ့ ဦးစိုင်းဆိုင်ဝမ်းက ဆက်ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေဟာ ခြံပိုင်ရှင်ကို အသိမပေး၊ အကြောင်းမကြားဘဲ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေခေါ်ပြီး တိုင်စိုက်သွားတာ၊ စိုက်ထားတဲ့ တိုင်ကို ပြန်နုတ်ခဲ့တဲ့ ရွာသားတွေကို အုပ်ချုပ်ရေးရုံးခေါ်ပြီး ကြိမ်းမောင်းခဲ့တာတွေဟာ မိမိနိုင်ငံသားဘက်မလိုက်ဘဲ တရုတ်ကိုဘက်ကို လိုက်ရာရောက်တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကတော့ တိုင်နုတ်ပစ်တဲ့ ရွာသားတွေကို အရေးယူဖို့ မရှိပါကြောင်း၊ နယ်စပ်တိုင်းတာရေး ကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ နယ်နိမိတ်တိုင်းတာရေးအဖွဲ့နဲ့ နဲ့ တရုတ်အစိုးရတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မူဆယ်မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဖိုးအောင်ကလည်း အချက်အလက်တွေ ပြည့်စုံအောင် ကောက်ယူနေပြီး တည်ဆဲ ဥပဒေပုဒ်မ ၂၅ အရ လွှတ်တော်လမ်းကြောင်းကနေ လာမယ့်အပတ်တွင်း တင်ပြသွားဖို့ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရပိုင်သတင်းမှာတော့ နယ်နိမိတ်ပြန်တိုင်းတာမဟုတ်ဘဲ ၂ နိုင်ငံအစိုးရရဲ့ ၁၉၆၀ နဲ့ ၁၉၉၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နယ်နိမိတ်ပူးတွဲစစ်ရေးအခြေပြုစာချုပ်နဲ့ မြေပုံပေါ် အခြေခံဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

အရင်က ရွှေလီမြစ်ထဲမှာရှိတဲ့ နယ်နိမိတ်မျဉ်းဟာ အခုကုန်းမြေဖြစ်နေတော့ နှစ်ဘက်ဒေသခံတွေက နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်းမသိဘဲ ကျော်လွန်စိုက်ပျိုးနေလို့ အသိ ပညာပေးပြီး ပြေလည်အောင်ဖြေရှင်းသွားမယ်လို့ ဖော်ပြသွားပါတယ်။

နှစ်နိုင်ငံပူးတွဲစစ်ဆေးတိုင်းတာမှုကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယာယီမှတ်တိုင်တွေ စိုက်ထူခဲ့တာမှာ ရွာသားတွေက နုတ်ယူဖျက်ဆီးခဲ့ပါတယ်။

သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဇွန်လ ၃ ရက်နေ့မှာ ခေါ်ယူသတိပေးပြီး ဒီကိစ္စဆန္ဒပြခွင့် မရှိကြောင်းနဲ့ နုတ်ထားတဲ့ တိုင်တွေ ပြန်စိုက်ပေးဖို့ ပြောခဲ့ကြောင်း ရှမ်းသံတော်ဆင့် သတင်းမှာ ရေးသားဖော်ပြပါတယ်။
အခုနယ်မြေတိုင်းတာရာနေရာဟာ ယခင်က မြစ်ရေပြင်ဖြစ်ခဲ့ပြီး ရေတိုက်စားတဲ့ နုန်းမြေပေါ်မှာ ရွာသားတွေက စပါး၊ ပြောင်း ၊ မြေပဲ စတဲ့သီးနှံတွေ စိုက်ပျိုး လုပ်ကိုင်နေတာ ဖြစ်ကြောင်း၊ တရုတ်ဘက်ခြမ်းက ရေတိုက်စားမှုမဖြစ်အောင် သူတို့ကမ်းစပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ကျောက်တံတိုင်းတွေနဲ့ အခိုင်အမာ ကာဆီးထားတာမို့ အခုရေတိုက်စားရာနေရာဟာ မြန်မာနိုင်ငံမြေသာဖြစ်ကြောင်း ဦးစိုင်းဆိုင်ဝမ်းက ပြောပါတယ်။

ရွှေလီမြစ်ဝှမ်းဒေသဟာ မောရှမ်းလူမျိုးတွေရဲ့ ဘူမိနက်သန်ဖြစ်ပြီး နိုင်ငံနယ်နိမိတ် တိုင်းထွာသတ်မှတ်ပြီးတဲ့နောက် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမိသားစု ဆွေမျိုးတွေဟာ နိုင်ငံအဖြစ်ရော၊ နိုင်ငံသားအဖြစ်ပါ ခြားနားခဲ့ရတယ်လို့ မူဆယ်နမ့်ခမ်း ရပ်မိရပ်ဖ ရှေ့မီနောက်မီလူကြီးတွေက ပြောပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

ရှင်ဂျန်း ပြည်နယ်မှာ လူ ၉ ဦးကို သေဒဏ်ချ


အုရမ်ချိ မြို့မှာ တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံးခဲ့
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေတဲ့ ပြစ်မှုတွေ အတွက် လူ ၉ ယောက်ကို သေဒဏ် ချမှတ်လိုက်တယ်လို့ တရုတ် သတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

လူ ၈၁ ယောက်ကို တရားရုံး ၆ ရုံးမှာ အဆင့်ဆင့် ကြားနာ စစ်ဆေးမှုတွေ ပြုလုပ်အပြီး အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စွဲချက်တွေ ထဲမှာ လူသတ်မှုနဲ့ မီးရှို့မှုတို့လည်း ပါဝင်ပါတယ်။

အရပ်သားတွေကို တိုက်ခိုက်မှုတွေ ပိုတိုးလာတာနဲ့ ပတ်သက်လို့ တရုတ် အာဏာပိုင်တွေက ရှင်ဂျန်း ပြည်နယ်မှာ ရှိတဲ့ ဝီဂါ လူမျိုးတွေကို ပြစ်တင် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက ရှင်ဂျန်း ပြည်နယ်ရဲ့ မြို့တော် အုရမ်ချိ Urumqi မြို့က ဈေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ရပါတယ်။

ဝီဂါ အများစုကတော့ သူတို့ဟာ တရုတ် အစိုးရရဲ့ ဖိနှိပ်မှုကို ခံနေကြရတယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)





အပြည့်အစုံသို့ »

စွန့်ပစ်သတ္တုများဖြင့် တည်ဆောက်ထားသည့် မိတ်ဒ်အင်ချိုင်းနား batmobile မော်တော်ကား


တရုတ်နိုင်ငံမှ batman ရုပ်ရှင်ပရိသတ်တစ်ဦးသည် batman စီးနင်းလေ့ရှိသည့် နာမည်ကျော် batmobile မော်တော်ကားပုံစံတူကို အောင်မြင်စွာ ဆောက်လုပ်ပြခဲ့ကြောင်း သိရသည်။

အပြည့်အစုံသို့ »

တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ ၂၂ ဦး သေဆုံး


တရုတ်နိုင်ငံ အနောက်တောင်ဘက် ချုံချင်းမြို့တော်စည်ပင်ဒေသက ကျောက်မီးသွေး တူးဖော်ရေးတွင်းမှာ ဇွန် ၃ ရက်နေ့က ဓာတ်ငွေ့ပေါက်ကွဲမှုတရပ် ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ တွင်းသားအားလုံးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ရယူနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဝမ်ရှန်းခရိုင် ယန်ရှိတိုင်း ကျောက်မီးသွေးတွင်းမှာ ညနေ ၅ နာရီ မိနစ် ၄၀ လောက်က မတော်တဆမှု ဖြစ်ခဲ့တာလို့ ချုံချင်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးရဲ့ ကျောက်မီးသွေးတွင်း ဘေးကင်းရေးဌာနက ဆိုပါတယ်။

ဒဏ်ရာရ တွင်းသားတဦးက လုပ်ငန်းစဉ်အတွင်း ဓာတ်ငွေ့ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတော့ ဆိုးဆိုးရွားရွား တခုခုတော့ ဖြစ်ပြီလို့ သဘောပေါက်လိုက်အတွက် မီးခိုးတွေ ထွက်လာတဲ့နေရာကနေ ထွက်ပြေးလွတ်လာခဲ့တာလို့ ပြောပါတယ်။

ဒဏ်ရာရသူ ၂ ဦးကို ဆေးကုပေးနေတဲ့ ဒေသခံဆေးရုံ ဆရာဝန်တွေက တွင်းသားတွေဟာ တွင်းထဲက ထွက်ပြေးလာတုန်း အပူလောင်တာနဲ့ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်တာတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ မတော်တဆမှု နောက်ဆက်တွဲ ကိစ္စရပ်တွေကို ကိုယ်တွယ် ဖြေရှင်းရင်း မတော်တဆမှု ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

ဒီကျောက်မီးသွေးတွင်းကို အစိုးရပိုင် နန်တုံ သတ္တုတွင်း ကုမ္ပဏီက ပိုင်ပြီး ချုံချင်းပြည်နယ်ရဲ့အကြီးဆုံး ကျောက်မီးသွေးတွင်း ဖြစ်ပါတယ်။

dvb burmese

အပြည့်အစုံသို့ »

သျှမ်းပြည်နယ် ဒေသခံများ၏ လယ်ယာခြံမြေများအား တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျူးကျော်သတ်မှတ်ခြင်း ခံရသ ဖြင့် ဒေသခံများမကျေမနပ်ဖြစ်ပြီး နယ်ခြားတိုင် ဆွဲနုတ် မီးရှို့ဖျက်ဆီး


သျှမ်းပြည်နယ်ဘက် ကျူးကျော်သတ်မှတ်သည့် တရုတ်နယ်ခြားမှတ်တိုင်အား ဒေသခံများမီးရှို့
 တရုတ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေး ဌာန တို့ပူးပေါင်း

အပြည့်အစုံသို့ »

၂၀၁၃ တီယန်မင်ရင်ပြင်တိုက်ခိုက်မှုအတွက် စွဲချက်တင်




AFP
တရုတ်နိုင်ငံ ဘေဂျင်းရှိ တီယန်မင်ရင်ပြင်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ ပါဝင်ခဲ့သူ ရှစ်ဦးကို တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များကို ကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြသည်။

တရုတ်နိုင်ငံအနောက်ဘက် ဆင်ဂျန်ပြည်နယ်ရှိ ၀ီဂွာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင်များက လူ ရှစ်ဦးကို ဦးဆောင်ပါဝင်စီစဉ်သူ အကြမ်းဖက်သမားများအဖြစ် လူထုလုံခြုံရေးကို အန္တရာယ်ပြုမှုဖြင့် စွဲဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ရှစ်ဦးသည် ဆင်ဂျန်ပြည်နယ်မြို့တော် ယူရမ်ကီတွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။ တရုတ်အာဏာပိုင်များက တူရကီဘာသာ စကားပြောသည့် ၀ီဂွာတိုင်းရင်းသားများကို အကြမ်းဖက်မှုများဖြင့် စွဲဆိုနှိပ်ကွပ်လျက်ရှိသည်။

အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သောအမှုတွင် တီယန်မင်ရင်ပြင်လုံခြုံရေးအတားအဆီးများကို ဖြတ်ကျော်ပြီး ကားတစ်စီးက ဖြတ် သန်းမောင်းဝင်ခဲ့ကာ နန်းတော်ရှေ့၌ မီးလောင်ပေါက်ကွဲခဲ့ရာ ကားတွင်းပါ လူ သုံးဦးအပါအ၀င် လူ ငါးဦးသေဆုံးခဲ့ပြီးလူ ၄၀ ဒဏ်ရာရရှိ ခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပြီး မကြာမီအစ္စလာမ်အဖွဲ့ တစ်ဖွဲ့က ယင်းဖြစ်ရပ်ကို ဂျီဟတ်ဒီလှုပ်ရှားမှုဟု ပြောဆိုလိုက်ပြီး နောက်ပိုင်း အကြမ်းဖက်မှုများ ဆက်တိုက်လာဦးမည်ဟုလည်း သတိပေးလိုက်သည်။ အွန်လိုင်းတွင် ရေးသားထားသော တာကစ္စတန်အစ္စလာမ်ပါတီခေါင်းဆောင်၏ အဆိုအရ ယင်းတိုက်ခိုက်မှုကို မူဂျာဟစ်ဒင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်တရုတ်အာဏာပိုင်များက ဘေဂျင်းတိုက်ခိုက်မှုအတွက် ၀ီဂွာတိုင်းရင်းသားများလက်ချက်ဟု စွပ်စွဲခဲ့ပြီး ဒေသအတွင်း နှိပ်ကွပ်မှု မြှင့်တင်ခဲ့သည်။ ပြီးခဲ့သည့် လပိုင်းအတွင်း ဖြစ်ပွားခဲ့သော အမှုများတွင်လည်း လူပေါင်းရာချီဖမ်းဆီးခဲ့သည်။

ဝီဂွာဒေသရှိ ဆင်ဂျီယန်တရားရုံးတွင် ဗုဒ္ဓဟူးနေ့က တရုတ်တရားရုံးက စုစုပေါင်း လူ ၅၅ ဦးကို အကြမ်းဖက်မှုဖြင့် တရားစီရင်လိုက်သည်။ ၀ီဂွာတိုင်းရင်းသားများကို တရုတ်ဟန်လူများစုက ပြီးခဲ့သည့် နှစ်များအတွင်း ဖိနှိပ်မှုများအပေါ် ဒေသခံများမကျေမနပ်ဖြစ်နေကြပြီး ဒေသ၏ စီးပွားရေးအများစုကို ဟန်တရုတ်များက အုပ်စီးထားသည်ဟု သိရသည်။ ၀ီဂွာများကို အလုပ်ခန့်ထားရာတွင် လည်းကောင်း၊ အိမ်ရာနှင့် ပညာရေးအခွင့်အလမ်းများအတွင်းလည်းကောင်း၊ ခွဲခြားဆက်ဆံမှုများရှိနေပြီး ဘာသာရေးနှင့် နိုင်ငံရေးကန့်သတ်ချုပ်ချယ်မှု အများအပြားရှိနေကြောင်း ၀ီဂွာတိုင်းရင်းသားများက ပြောသည်။

—Ref: CNN

7day daily

အပြည့်အစုံသို့ »

မန္တလေးတွင် တရုတ်နိုင်ငံသား ၄၀ ကျော် ပြည်နှင်ဒဏ်ပေး


တရုတ်နိုင်ငံသား တရားမဝင် ဝင်ရောက်နေထိုင်မှု များသော မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်း တရားမဝင် နေထိုင်သည့် နိုင်ငံခြားသား ၄၈ ဦးကို ပြည်နှင်ဒဏ် ပေးခဲ့ရာ တရုတ်နိုင်ငံသား ၄၅ ဦး ပါဝင်ကြောင်း အဆိုပါ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ တရားမဝင် နေထိုင်သူများသည် သတ္တုတွင်းများ၊ ရွှေတွင်းများ၊ တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်နေသော စက်ရုံ၊ အလုပ်ရုံများအပြင် မန္တလေးမြို့ပေါ်များတွင်ပါ ပြောင်ကျကျ နေထိုင်ခြင်းများ ရှိနေရာ ယင်းတရားမဝင်နိုင် လာရောက် နေထိုင်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက လဝက အက် ၇ (၁) ဥပဒေအရ တွေ့ရှိသည့် နေရာမှ နေရပ်သို့ ပြန်လည် ပို့ဆောင်သကဲ့သို့ လဝက အက် ၇ (၂) အရ တရားစွဲဆို တင်ပို့၍ ပြစ်ဒဏ်ကျခံစေပြီး နေရပ်သို့ ပြန်လည် ပို့ဆောင်ခြင်းများ ဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“တရုတ်လူမျိုးတွေ အများဆုံးပဲ၊ အချို့လုပ်ငန်းရှင်တွေက ဘယ်ကိုမှ အကြောင်းမကြားဘဲ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံခြားသားတွေကို လက်ခံထားတာတွေ ရှိပါတယ်။ ဒီလိုစက်ရုံ အလုပ်ရုံတွေကို စိစစ်တွေ့ရှိရင် တွေ့ရှိမှုပေါ် မူတည်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီး လုပ်ငန်းလိုင်စင်ပါ ရုပ်သိမ်းတဲ့အထိ အရေးယူ အပြစ်ပေးလို့ ရပါတယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယင်းကဲ့သို့ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်မှုများနှင့် ပတ်သက်၍ အရေးယူခံရပါက တရုတ်ကောင်စစ်ဝန်ရုံးမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ်က မေလ ၂၆ ရက်နေ့တွင် မီဒီယာများကို ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသာမက မည်သည့်နိုင်ငံသို့မဆို တရားဝင် သွားရောက် နေထိုင်ခြင်းကိုသာ ခွင့်ပြုထားပြီး တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီးမိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ်ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံရသူများကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ နိုင်ငံခြားသားများ ပြည်နှင်ခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူများက ပြည်နှင်ခံရသူများကို ကားဂိတ်၊ သင်္ဘောဆိပ်၊ လေယာဉ်ကွင်း စသည်များသို့ လိုက်ပါ ပို့ဆောင်ပေးရပြီး ရဲတပ်ဖွဲ့ဝင်များ အနေနှင့် လုံခြုံရေးအရသာ လိုက်ပါ ဆောင်ရွက်ပေးရကြောင်း လဝက ဥပဒေများ ချိုးဖောက်သည့်အခါ လဝက တာဝန်ရှိသူများက တရားလိုလုပ်၍ တရားရုံးတင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေများကို ကျူးလွန်သည့်အခါ ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် တရားရုံးသို့ တင်ပို့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စက်ရုံထဲမှာ တရုတ်လုပ်သားရော ပညာရှင်ရော ၅၀၀ ကျော် ရှိတယ်၊ တကောင်းဘက် အခြမ်းမှာဆို တရုတ်ဈေးတန်းကြီးတောင် ဖြစ်နေပြီ။ တရုတ်ဘီယာ၊ တရုတ်စီးကရက်၊ ကာရာအိုကေခန်းတွေ ပွထလို့ တရားဝင် နေတာလား မနေတာလားတော့ မသိဘူး” ဟု တကောင်းနီကယ် စက်ရုံအနီးရှိ မောင်းကုန်းကျေးရွာ ဒေသခံတောင်သူ ဦးမြတ်ထင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားအများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံသား အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ငါးဦး၊ အိန္ဒိယတစ်ဦးနှင့် အခြားနှစ်ဦး၊ စုစုပေါင်း ၄၈ ဦးကို ပြည်နှင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းဇယားများအရ သိရှိရသည်။

တရုတ်-မြန်မာနယ်စပ် နယ်စပ်ဝင်ပေါက် မူဆယ်မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်လျက် ရှိသော နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား အများဆုံးဖြစ်ပြီး ဗီဇာသက်တမ်း ကျော်လွန် နေထိုင်မှုအစ တရားမဝင် ဝင်ရောက်ပြီး စီးပွားရေး လုပ်ကိုင်သည့် ပုံစံအထိ ပုံစံအမျိုးမျိုးဖြင့် ဥပဒေ ချိုးဖောက် မလိုက်နာမှုများ ရှိနေသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် အတွင်းတွင် တရုတ်နိုင်ငံသား ခြောက်ဦး၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ဥပဒေ မလိုက်နာမှုဖြင့် အရေးယူခဲ့ပြီး ၎င်းတို့ကို ပြည်နှင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်ခဲ့ရကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

Written by  Voice

အပြည့်အစုံသို့ »