Showing posts with label education. Show all posts
Showing posts with label education. Show all posts

မူကြိုတန်းကိုပါ အခမဲ့မသင်မနေရစနစ်အဖြစ် စာသင်ကျောင်းများတွင် သတ်မှတ်သင်ကြားတော့မည်


မူကြိုပညာရေးစနစ်ကို အခြေခံပညာမူလတန်းအဆင့်ကဲ့သို့ပင်အခမဲ့ မသင်မနေရ အဖြစ် စာသင်ကျောင်းများ တွင် ကျင့်သုံးသွားမည်ဟု ပညာရေးဝန် ကြီးဌာနက ပြောသည်။ လူမှုဝန်ထမ်းအဖွဲ့ကသာ သင်ပေး နေသော မူကြိုကိုပညာရေးဝန်ကြီးဌာနက တာဝန်ယူ သင်ပေးမည့်အစီအစဉ်ကို ပထမဦးဆုံးအကြိမ် လွှဲပြောင်းရ ယူလိုက်ခြင်း လည်းဖြစ်သည်။
”ဒီလိုလုပ်မှနယ်ဘက်တွေ အဆင် ပြေမှာ”ဟု ပညာရေးလေ့ကျင့်ရေးနှင့် စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ လွှတ်တော် ပညာရေး မြှင့် တင်မှုကော် မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ တင်ပြ ထားကြသော ပညာရေးဥပဒေမူကြမ်းကို လက်ရှိတွင် ဥပေ ဒကြမ်းကော်မတီက တစ်ခုတည်း အဖြစ် ပေါင်းလိုက်ပြီး လွှတ်တော်က အမြန်ဆုံးပြဋ္ဌာန်းပေးရန် မတ်လ၂ဝရက် နေ့တွင် တင်ပြလိုက်ပြီဖြစ်၍ ထိုဥပဒေ အတည်ဖြစ်လျှင် မူကြိုစနစ်မှစတင် လိမ့်မည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က မှတ်ချက်ပြုကြသည်။
”အသက်ခြောက်နှစ်ပြည့်တဲ့ကလေး တွေ မူလတန်းအဆင့်ကို စတက်ရမှာလို့ ဥပဒေကြမ်းထဲမှာပါထားတော့ မူကြိုကို ငါးနှစ်နဲ့ စတင်မယ်လို့ သတ်မှတ်လို့တော့ ရတယ်”ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သူ့အမြင်ကို ပြောသည်။ မူကြိုပါပေါင်းလျှင် ကျောင်းသားတစ်ဦးလျှင် အခြေခံပညာအဆင့်ကို ၁၂ တန်းအထိ သင်ရ မည်ဖြစ်သော်လည်း မူကြိုကိုထည့်မတွက်ဘဲ ၁၂ တန်းဟုသာ ပညာရေးဝန်ကြီးဌာနက သတ်မှတ်မည်ဟု သိရသည်။ မူကြိုပညာရေးကို အခြေခံပညာ ကျောင်းများ တွင် သာ သင်ပေးမည်ဟု သတ်မှတ်ထားပြီး စတင်မည့်ကာလကို အစိုးရက ကြိုတင်ကြေညာပေးမည်ဟု သိရသည်။

Popular Myanmar News Journal

အပြည့်အစုံသို့ »

ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာ သင်တန်းများကို အသက်အရွယ်အလိုက် စတင် ဖွင့်လှစ်မည်


အင်္ဂလိပ်စာ စွမ်းရည် ၄ မျိုး စလုံး ပိုမို တိုးတက်လာစေရန် ရည်ရွယ်၍ ဗြိတိသျှကောင်စီမှ အသက်အရွယ် အလိုက် အင်္ဂလိပ်စာ သင်တန်းများကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းများကို အသက် ၇ နှစ်မှ ၉ နှစ် Primary Learner ၊ အသက် ၁၀ နှစ်မှ ၁၂ နှစ် Tween Learners၊  အသက် ၁၃ နှစ်မှ ၁၅ နှစ် Secondary Learners၊ အသက် ၁၆ နှစ်မှ ၁၇ နှစ် Young Adults နှင့် အသက် ၁၆ နှစ်မှ အထက်ကို Adult Learners ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။  ဝင်ခွင့်စာမေးပွဲကြေး အနေဖြင့် တစ်သောင်းကျပ်ဖြစ်ပြီး မှတ်ပုံတင် ကတ်ပြား (သို့) သန်းခေါင်စာရင်း/ မွေးစာရင်း မူရင်းများ ယူဆောင်၍ တနင်္လာနေ့မှ စနေနေ့ နံနက် ၈ နာရီခွဲမှ ညနေ  ၅ နာရီအတွင်း မတ်လ ၁၇ ရက်မှ စ၍ လာရောက်  စာရင်း ပေးသွင်းရမည်ဖြစ်သည်။

 ခေတ်မီ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများစွာဖြင့် သင်ကြား ပို့ချပေးမည် ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ် ၃၃၀၀၀၀ ဖြစ် ကာ စုစုပေါင်း သင်ကြားချိန် နာရီ ၆၀ ကြာမြင့်မည်ဖြစ်သည်။ ဝင်ခွင့် ဖြေဆိုရန် စာရင်းပေးလိုပါက Brtish Council Customer Service &  Sales Department ဖုန်း-၂၅၆ ၂၉၀၊ ၂၅၆၂၉၁ (လိုင်း ခွဲ -၃၁၀၆၊ ၃၃၁၇) အတွင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

ဝေေ၀
Internet Journal

အပြည့်အစုံသို့ »

စာမေးပွဲ ဖြေနေစဉ် ပီကေဝါးခြင်း၏ ဆိုကျိုး


ရိုးရိုးတန်းတန်း နေချိန်မှာ ပီကေဝါး တာကတော့ ပြဿနာ မရှိပေမယ့်
စာမေးပွဲ ဖြေနေချိန် ပီကေဝါတဲ့ အခါမှာ ဆိုးကျိုးလေးတွေ ဖြစ်ပေါ်တယ်လို့
သိရပါတယ်။

အမေရိကန် သုတေသီတွေက တက္ကသိုလ် ကျောင်းသား ၈ဝ ခန့်ကို
သုတေသန ပြုလုပ်ခဲ့တဲ့ အခါ စာမေးပွဲမဖြေဆိုမီ ပီကေဝါးခြင်းဟာ
စိတ်ကို မီးနစ် ၂၀ ခန့်လောက် ကြည်လင်စေ ပါတယ်။ သို့သော်လည်း
စားမေးပွဲ ဖြေတဲ့အခါ ပီကေးဝါးပါက စိတ်ပျံ့လွင့်မှု ဖြစ်ပေါ်လာကာ
အာရုံစူးစိုက်မှု အားနည်းသွား တယ်လို့ သိရပါတယ်။

ဒါကြောင့် စာမေးပွဲဖြေဆိုချိန်မှာ ပီကေးဝါးခြင်းကို ရှောင်သင့်ပါတယ်။
စာမေးပွဲ မဖြေဆိုခင် အချိန်မှာတော့ ပီကေးဝါးသင့်တယ်လို့ သိရပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

Question & Answer


သြစတြေးလျမှာ ကျောင်းပြီး အလုပ်အကိုင် ရရှိဖို့ ဘယ်ဘာသာရပ်တွေက ဦးစားပေးခံရပါသလဲ။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ခေတ်နဲ့အညီ Science, Technology, Engineering, Math ဘာသာရပ်တို့ကို ဦးစားပေးနေကြပါ တယ်။ ဘာသာရပ် နယ်ပယ်လေးမျိုးကို ပေါင်းစည်းပြီးတော့လည်း STEM ဟု အတိုကောက် ခေါ်ဝေါ်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း STEM ဆက်စပ် ဘာသာရပ်များနဲ့ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရရှိနိုင်ခြေပိုများ ပါတယ်။ သြစတြေးလျအစိုးရ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ Bachelor (သို့) Master (သို့) PhD ဘွဲ့ ရရှိထားမယ်ဆိုပါက (သြစတြေးလျတွင် အနည်းဆုံး နှစ်နှစ် သင်ကြားထားခြင်းဖြစ်ရ မည်) Pot Study Work အဖြစ် သြစတြေးလျမှာ ဆက်လက် နေထိုင်ခွင့် အနည်းဆုံး ၂ နှစ်ရရှိနိုင်ပါတယ်။



အင်္ဂလန် အသိအမှတ်ပြု ဒီပလိုမာ အောင်လက်မှတ်တွေဖြင့် ယူကေကျောင်းတွေကို လျှောက်ထားလို့ ရနိုင်ပါသလား။ ဘယ်နှစ်ကနေ ဝင်ခွင့်ပြုပေးပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။

အင်္ဂလန် သိအမှတ်ပြု အောင်လက်မှတ်တွေမှာ စီးပွားရေး၊ ကွန်ပျူတာ၊ အင်ဂျင်နီယာ အထူးပြုများဆိုပြီး သုံးမျိုးရှိပါတယ်။ ယူကေမှာ တက္ကသိုလ်၊ ကောလိပ် ၁၄၀ ကျော်ရှိပြီး ကျောင်းတိုင်းကတော့ မြန်မာနိုင်ငံမှ အင်္ဂလန် အသိအမှတ်ပြု ဒီပလိုမာများကို အသိအမှတ်ပြုလေ့ မရှိဘဲ အချို့သော တက္ကသိုလ်များကတော့ အသိအမှတ်ပြု လက်ခံပါတယ်။ယူကေက ဘာသာရပ် ကင်းလွတ်ခွင့်များ ပေးလေ့မရှိဘဲ စာသင်နှစ် ကင်း လွတ်ခွင့် စနစ်နဲ့ သွားလေ့ရှိပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ကိုယ်သင်ယူထားတဲ့ဟာနဲ့ ကိုယ်လျှောက်ထားမယ့် ဘာသာရပ် ဆက်စပ်ကိုက်ညီပါက ဘာသာရပ် ကင်းလွတ်ခွင့်နဲ့ စာသင်နှစ် ကင်းလွတ်ခွင့်၊ နှစ် မျိုးစလုံး ရရှိနိုင်ပါတယ်။


ဥပမာ IADCS, IADBA, ABE Level 6 ဒီပလိုမာ လက်မှတ်ကိုင်ဆောင်ထားပါက ယူကေတက္ကသိုလ် အချို့တွင် နောက်ဆုံးနှစ် (Top Up Degree Program) တွေကို ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်။ အင်ဂျင်နီယာ အထူးပြု HND (သို့) Adv Diploma များရှိရင်တော့ IELTS နဲ့ Transcript ပေါ်မူတည်ပြီး စာသင်နှစ် ကင်းလွတ်ခွင့်ကို တက္ကသိုလ်ရဲ့ Ranking နဲ့ မိမိရွေးချယ်တဲ့ အင်ဂျင်နီယာ ဘာသာရပ်ပေါ် မူတည်ပြီး သက်ဆိုင် ရာ ကျောင်းများမှ case by case ဆုံးဖြတ်မှာ ဖြစ်ကာ နောက်ဆုံးနှစ် (သို့) ဒုတိယနှစ်မှ ဝင်ရောက်ခွင့် ရရှိနိုင်ပါတယ်။


CROWN Education မှ ကူညီဖြေကြားသည်။
Internet Journal 

အပြည့်အစုံသို့ »

မြန်မာကျောင်းသား ၄သောင်းနီးပါးကို ကမ္ဘာ့ဘဏ်က ပညာသင်ထောက်ပံ့မယ်



လာမယ့် ပညာသင်နှစ်ကစပြီး မြို့နယ် ၈မြို့နယ်က ကျောင်းသား ၄သောင်းနီးပါးအတွက် ကမ္ဘာ့ဘဏ်က ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ သန်းတစ်ရာ ပေးမယ်လို့ ကြေညာလိုက်ပါပြီ။ လေးနှစ်ကြာ ဒီစီမံကိန်းမှာ မြန်မာကျောင်းသားတွေ တိုက်ရိုက်အကျိုးရှိမှာလား။

စတုတ္ထတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်က ကျောင်းသား ၄သောင်းနီးပါးကို ၂ဝ၁၄-၁၅ ပညာသင်နှစ်အတွက် ထောက်ပံ့ဖို့ လျာထားပြီး လာမယ့်နှစ်တွေမှာ မြို့နယ် ၄ဝအထိ တိုးမြှင့်သွားဖို့ရှိတယ်လို့ ပညာရေးစီမံကိန်းက ဆိုပါတယ်။

ပညာသင်ထောက်ပံ့ကြေးရရှိတဲ့ ကျောင်းသားကျောင်းသူတွေကိုယ်တိုင် သုံးစွဲနိုင်ဖို့ စီစဉ်ထားပြီး အခြား လူမှုရေးလုပ်ငန်းတွေမှာ သုံးစွဲခွင့်မရှိစေဖို့ စောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ကမ္ဘာ့ဘဏ်က ထိပ်တန်းအရာရှိက မတ်လ ၁၉ရက်နေ့မှာ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈ဝနဲ့ သြစတြေးလျဘဏ်က ဒေါ်လာ သန်း၂ဝ ကူညီထောက်ပံ့ဖို့ သဘောတူညီထားတာဖြစ်ပြီး မူလတန်းအဆင့်ကို တစ်နှစ်စာ ၅သောင်းကျပ်၊ အလယ်တန်းကို ၈သောင်းနဲ့ အထက်တန်းကို ကျပ်တစ်သိန်း ထောက်ပံ့မှာဖြစ်ပြီး ပထမနှစ်မှာတော့ ကျောင်းသား ၃သောင်း ၇ထောင်ကျော်ကို ထောက်ပံ့မယ်လို့ ဆိုပါတယ်။

၂ဝ၁၄-၁၅ ပညာသင်နှစ်အတွက် ထောက်ပံ့မယ့် မြို့နယ် ၈မြို့နယ်ကို လျာထားတာပဲရှိသေးပြီး အပြီးသတ် ရွေးချယ်မှုမလုပ်ရသေးဘူးလို့ဆိုပါတယ်။



Kamayut Media

အပြည့်အစုံသို့ »

ဆရာ/မများ မှားယွင်းလေ့ရှိသည့် အင်္ဂလိပ်စာအသုံးအနှုန်းများ ပြင်ဆင်ပေးလို၍ ဆရာ/မ များအတွက် အင်္ဂလိပ်စာသင်ကြားရေးအထောက်အကူပြုသင်တန်း အခမဲ့ဖွင့်လှစ်မည်


ရန်ကုန်၊ မတ် ၁၉
အခြေခံပညာကျောင်းများမှဆရာ/မ များ အင်္ဂလိပ်စာသင်ကြားရာတွင်အထောက်အကူပြုနိုင်ရန်ရန် သင်တန်းတစ်ခုကို နွေရာသီအခမဲ့ပုံစံဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း Crown Education မှ သိရသည်။
အဆိုပါသင်တန်းအား ဆရာဦးထင်အောင်ကျော် (TESOL Trainer and Founder of Teach English For Myanmar Foundation)မှသင်ကြားပေးမည်ဖြစ်ပြီး ဆရာ/မများ မှားယွင်းလေ့ရှိသည့် အင်္ဂလိပ်စာအသုံးအနှုန်းများ ပြင်ဆင်ပေးလိုခြင်းဖြစ်သည်ဟု သိရသည်။ ထို့ပြင် ကျောင်းသားများအား ပြန်လည်သင်ကြားရာတွင် အခြေခံသင်ကြားရေးနည်းလည်းပုံစံများ မျှဝေပေးလို ခြင်းလည်းဖြစ်သည်ဟု Crown Education မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ သင်တန်းကို အစိုးရ၀န်ထမ်းဆရာ/မများ အသက်အရွယ်မရွေးလျှောက်ထားနိုင်ပြီး အပတ်စဉ်ကြာသပတေးနှင့် သောကြာနေ့များတွင် ညနေ (၃)မှ (၅)နာရီအထိသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လျှောက်လွှာများကို မတ်လ(၂၀)ရက်နေ့မှစ၍ CROWN Education ၊ အမှတ်(၂၇ဝ)၊ပထမထပ်၊ ပြည်လမ်း၊မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံစင်တာ(၂)နှင့် ဓနလှိုင်တာဝါကြား၊ဖုန်း ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၇၃၂ ၅၆၉၆၅ နှင့် ဝ၉ ၇၃၂ ၇၃၂ ၇၇ သို့ဆက်သွယ် မေးမြန်း ထုတ်ယူနိုင်ပြီး မတ်လ(၃၁)ရက်နေ့နောက်ဆုံးထား ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ သုတလင်း

Popular Myanmar News Journal 

အပြည့်အစုံသို့ »

ပွဲစားဖြင့် ကျောင်းအပ်ခြင်းကို တားမြစ်ရန် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်ရာခန့် တောင်းဆို


မကွေး၊ မတ် ၁၅

မကွေးတက္ကသိုလ် တက်ရောက်ရန် အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်နှံ နေခြင်းကို တားမြစ်ပေးရန် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်က လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း ယင်းလက်မှတ်များကို ဦးဆောင် ကောက်ယူသော ကျောင်းသားတစ်ဦး ဖြစ်သည့် ကိုသူရပြည့်စုံက သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းစဉ် ပြောကြားသည်။

ကျောင်းသား ကျောင်းသူများ ကိုယ်တိုင် ကျောင်းအပ်နှံပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး ကြားပွဲစားဖြင့် ကျောင်းအပ်နှံပါက အချိန်တိုတွင်း၌ အပ်နှံ ပြီးစီးသောကြောင့် ကျောင်းသား အများစုမှာ ပွဲစားများမှ တစ်ဆင့်သာ ကျောင်းအပ်နှံ ကြရကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

“ပွဲစားတွေကလည်း ဒီကျောင်းမှာ ရှိတဲ့ ဝန်ထမ်းတွေ၊ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေတယ်” ဟု ကိုသူရပြည့်စုံက ဆိုသည်။

ပွဲစားများနှင့် ကျောင်းအပ်နှံခြင်းကြောင့် အဓိက ပြဿနာ ကြုံတွေ့ရသည်မှာ အဝေးသင် ကျောင်းသားများ ဖြစ်ကြောင်း၊ အဝေးသင် ကျောင်းသားများမှာ ကျောင်းအပ်နှံရန် ကုန်ကျစရိတ်ကို ပွဲစားထံ ပေးပြီးနောက် စာမေးပွဲ ဖြေချိန်မှ အနီးကပ် လာသောအခါ ပွဲစားက ကျောင်းအပ်မထားသဖြင့် ကျောင်းသားစာရင်းတွင် မပါဝင်သည်ကို ကြုံတွေ့ရကြောင်း မကွေးတက္ကသိုလ်မှ သင်္ချာဘွဲ့ ယူထားသော ကျောင်းသားဟောင်း ကိုဆန်းလင်းအောင်က ပြောကြားသည်။

“တကူးတက လာတက်ရတဲ့ ကျောင်းသားတွေကျ နစ်နာတာပေါ့” ဟု ၎င်းကဆိုသည်။

ပွဲစားမှ တစ်ဆင့် ကျောင်းအပ်မည် စိုးသဖြင့် ကျောင်းအပ်လိုသော ကျောင်းသားသည် ဌာနမှူး၏ လက်မှတ်ကို ၎င်းကိုယ်တိုင် ထုတ်ယူရမည် ဆိုသော စည်းကမ်း သတ်မှတ်ထားသော်လည်း ကျောင်းသားများသည် ဌာနမှူး၏ လက်မှတ်ပါသော လျှောက်လွှာကို သွားယူပြီးနောက် ပွဲစားထံ ပေးအပ်ကာ ယခင်အတိုင်းပင် အပ်နှံနေကြောင်း၊ ကိုယ်တိုင် ကျောင်းအပ်ပါက တစ်သောင်းခန့်သာ ကုန်ကျသော်လည်း ပွဲစားမှ တစ်ဆင့် ကျောင်းအပ်ပါက တစ်သောင်း သုံးထောင်ခန့် ကုန်ကျကြောင်း ကိုသူရပြည့်စုံက ထုတ်ဖော် ပြောကြားသည်။

ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်ခြင်းကို တားမြစ်ပေးရန် ဆိုသော အချက် အပါအဝင် တောင်းဆိုချက် ခုနစ်ချက် ပါသော စာကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်၏ ထောက်ခံ လက်မှတ်များနှင့် အတူ ပူးတွဲကာ ပညာရေး ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မကွေးတက္ကသိုလ် ပါမောက္ခချုပ် တို့ထံ မတ်လ ၁၅ ရက်နေ့တွင် ပေးပို့မည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

The Voice Weekly

အပြည့်အစုံသို့ »

အန်အယ်လ်ဒီ ပညာဒါနကျောင်းများ ရေရှည်ရပ်တည်နိုင်ရန် ရန်ပုံငွေလိုအပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပညာရေးကွန်ရက်ရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်းတွေ ရေရှည်ဆက်လက်ဖွင့်လှစ်နိုင်ဖို့နဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေလို အပ်နေတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပညာရေးကွန်ရက်အနေနဲ့ နိုင်ငံတ၀န်း ပညာဒါနစာသင်ကျောင်းပေါင်း ၁၅၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းသား ၁ သောင်းခွဲကျော်ကို အခမဲ့ပညာသင်ကြားပေးနေတာပါ။

အခုတော့ စာသင်ကျောင်းတွေ အရေအတွက် ပိုမိုတိုးချဲ့ဖွင့်လှစ်နေသလို ကျောင်းသားဦးရေလည်း များလာတာကြောင့် ရန်ပုံငွေတွေလိုအပ်နေတာလို့ အန်အယ်လ်ဒီ ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးကျော်ထွေးက ပြောပါတယ်။

“လက်ရှိပညာရေးစနစ်ရဲ့ လိုအပ်ချက်အရ၊ သက်ဆိုင်ရာဒေသရဲ့ လိုအပ်ချက်အရ ပညာဒါန ကျောင်းတွေကို သက်ဆိုင်ရာ ရပ်မိရပ်ဖတွေ ကျောင်းကော်မတီတွေက ဦးစီးပြီးတော့ သက်ဆိုင်ရာဒေသတွင်းမှာ ရှိတဲ့ ၀င်ငွေနည်းမိသားစုရဲ့ ကလေးငယ်တွေရဲ့ ပညာရေးကို ဖြည့်စွက်ပေးတဲ့အနေနဲ့ တည်ထောင်ထားကြပါတယ်။ လိုအပ်ချက်အရ တည်ထောင်ကြတယ် ဆိုပေမယ့် တကယ်တန်း ကျောင်းတွေဖွင့်လိုက်တဲ့အခါကြတော့ မမျှော်မှန်းလောက်အောင် ကျောင်းသားဦးရေ များလာပါတယ်။ ကျောင်းကို မှီခိုတဲ့ ကလေးတွေ များလာပါတယ်။ အဲဒီတော့ အဲဒီကျောင်းတွေကို ထောက်ပံ့ပေးဖို့ လိုအပ်ချက်ကလည်း များလာပါတယ်။”

ပညာရေးကွန်ရက်အနေနဲ့ ၃ နှစ်တာကာလတွင်းအတွင်း ရန်ကုန်မှာ ပညာဒါနကျောင်း ၈၉ ကျောင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ၆၅ ကျောင်း ဖွင့်လှစ်ထားပြီး ရန်ကုန်မှာ ကျောင်းသား ၁ သောင်းကျော်နဲ့ ပြည်နယ်တွေမှာ ကျောင်းသား ၅ ထောင်ကျော်ကို ပညာသင်ပေးနေတာပါ။

ယခုနှစ်မှာတော့ ရန်ပုံငွေအပြင် ကျောင်းဆရာ/ဆရာမ လိုအပ်ချက်တွေလည်း ရှိလာနေတယ်လို့ ပညာရေးကွန်ရက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက အခြေခံပညာ မူလတန်းတွေကို မသင်မနေရအခမဲ့ ပညာရေးစနစ် ကျင့်သုံးဆောင်ရွက်နေပေမယ့် မိသားစု စားဝတ်နေရေးအဆင်မပြေတာကြောင့် ကလေးငယ်အများအပြားဟာ ပညာမသင်နိုင်ပဲ ရှိနေကြတာပါ။

အန်အယ်လ်ဒီ ပညာရေးရာကော်မတီက ဦးဟံသာမြင့်ကတော့ အစိုးရပညာရေး စနစ်ရဲ့ လိုအပ်ချက်ကို ပညာဒါနကျောင်းတွေအနေနဲ့ ဖြည့်ဆည်းပေးနေတာဖြစ်ကြောင်းနဲ့ ကျောင်းနေ အရွယ်ကလေးတွေအားလုံး ကျောင်းတက်နိုင်ပြီး ပညာဒါနကျောင်းတွေ မလိုအပ်တော့ တဲ့အချိန်ထိ ဖွင့်သွားမယ်လို့ ပြောပါတယ်။

“ရေရှည်ဆိုတာက ဘယ်အချိန်အထိ ဖြစ်မလဲဆိုတော့ ပညာရေး ရည်မှန်းချက်တွေပေါ့နော် စာသင်တဲ့အရွယ်ရှိတဲ့ ကလေးတွေ အားလုံး ကျောင်းတွေ နေနိုင်ဖို့ နောက် နေတဲ့ ကျောင်းကလည်း စာတကယ်သင်နိုင်ဖို့ အဲဒါမျိုးတွေ တကယ်လုပ်နိုင်ပြီဆိုရင် အန်ကယ်တို့ ကျောင်းတွေ မလိုဘူး။ အန်ကယ်တို့ ပေးနေတဲ့ ကလေးတွေက ဘာလဲဆိုရင် ရန်ကုန်မှာဆိုတော့ အဓိက အားဖြင့် ကျူရှင်မနေနိုင်တဲ့ ကလေးတွေ အစိုးရကျောင်းတွေ အကုန်လုံးမှာ ကလေးတိုင်းက ကျူရှင်ယူရတယ်။ ယူရတယ်ဆိုတော့ တချို့ကကျောင်းမှာ သင်တဲ့စာ မလိုက် နိုင်လို့ ကျူရှင် ယူရတယ်။ ကျူရှင်လည်း မယူနိုင်ဘူး၊ ကျောင်းစာလည်း မလိုက်နိုင်တဲ့ ကလေးတွေ အတွက် ဖွင့်ထားတာ။ အဲဒီတော့ သူတို့အနေနဲ့က တကယ်အရေးကြီးတာပေါ့။”

အန်အယ်လ်ဒီ ပညာရေးကွန်ရက် ရန်ပုံငွေရှာပွဲကိုတော့ လာမယ့် ဧပြီလ ၄ ရက်နဲ့ ၅ ရက်မှာ ရန်ကုန်မြို့ MCC ခန်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးထားတဲ့ တီရှပ်တွေ မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

Q & A (Education)


B.Pharm နဲ့ကျောင်းပြီးထားပါတယ်။ Pharmacy နဲ့ ပတ်သက်ပြီး စင်ကာပူ၊ အင်္ဂလန်မှာ ပညာ ဆက်လက်သင်ယူလိုပါတယ်။

စင်ကာပူ အစိုးရတက္ကသိုလ်တွေမှာပဲ  Pharmacy ဘာသာရပ်ရှိပြီး ကျောင်းဝင်ခွင့် အရမ်းခဲယဉ်းပါတယ်။ စင်ကာပူ ပုဂ္ဂလိက ကျောင်းများမှာတော့ Pharmacy ပရိုဂရမ်ပါဝင်တဲ့ ကျောင်းမရှိပါ။ ယူကေရှိ Univeristy of Central Lancashire မှာတော့ ဘွဲ့ကြို၊ ဘွဲ့လွန်  Pharmacy ရှိပါတယ်။ မြန်မာနိုင်ငံမှ B.Pharm ဖြင့် ဘွဲ့ရပြီး IELTS 6.0 ရှိပါက MSc Industrial Pharmaceutics (သို့) MSc Pharmaceutical Biotechnology စတဲ့ ဘာသာရပ် လျှောက်ထားကြည့်နိုင်ပါတယ်။ ထူးချွန်ပါက တစ်စိတ်တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေးရရှိနိုင်ပြီး သက်ဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီးများတွင် သွားရောက်လေ့လာသင်ယူရသော Industrial visit အစီအစဉ်ပါဝင်ပါတယ်။

အမေရိကားမှာ ဘွဲ့လွန်ဆေးပညာဘာသာရပ် သင်ယူလိုပါတယ်။ Clinical ပိုင်း မဟုတ်တဲ့ ဘွဲ့လွန် ပရိုဂရမ်မျိုးကို ပိုစိတ်ဝင်စားပြီး GRE/GMAT ပြင်ဆင်ရန် လိုအပ်သလားဆိုတာလည်း သိချင်ပါတယ်။

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာကျောင်းသားတွေအနေနဲ့ အမေရိကန်ရှိ တက္ကသိုလ်များတွင် Master ပရိုဂရမ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည် မဟုတ်ဘဲ Pre Master မှတစ်ဆင့် သွားရောက် ရလေ့ ရှိပါတယ်။ Pre-Master မှာ ၈ လ ခန့်ကြာမြင့်မည် ဖြစ်ပြီး GRE/GMAT မလိုဘဲ လျှောက်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံမှ  MBBS ဘွဲ့ရရှိထားပြီး IELTS  5.5  ရှိပါက လျှောက်ထားနိုင်သော ဘာသာရပ် အချို့တွေကတော့ MBA  (Health System Management), Master of Public Health (Health Education) နဲ့ Master of Public Health (Environmental Health) တို့ဖြစ်ပါတယ်။

CROWN Education မှ ကူညီဖြေကြားသည်။

Internet Journal

အပြည့်အစုံသို့ »

အိမ်ခြံမြေနှင့် အထွေထွေ အကျိုးဆောင် လက်တွေ့အသုံးချသင်တန်း ဖွင့်လှစ်မည်


အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်လိုသောသူများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေ ဝယ်ရောင်းလုပ်ကိုင်နေကြသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန်နှင့် ဥပဒေပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်လျက် အိမ်ခြံမြေနှင့် အထွေထွေအကျိုးဆောင် သင်တန်းကို Capacity Development Institute of Myanmar (TIP TOP) မှ မတ်လ ၁၅ ရက်မှ ဧပြီလ ၆ ရက်ထိ အပတ်စဉ် စနေ၊ တနင်္ဂနွေတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းချိန်မှာ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိဖြစ်သည်။ သင်တန်းတွင် မြေအမျိုးအစားများ၊ ဂရန်သစ်အပါအဝင် မြေငှားဂရန် လျှောက်ထားမှုအဆင့်ဆင့်၊ ဂရန်၊ ဘိုးဘွားအမည်ပြောင်းနှင့် ဂရန် ဦးပိုင်ခွဲ၊ သက်တမ်းတိုးနှင့် မြေပုံ မြေရာဇဝင် ရေးကူးခြင်းကိစ္စရပ်များ၊ မြေယာလုပ်ထုံးလုပ်နည်းများ၊ ရောင်းမှားဝယ်မှား မဖြစ်စေရေးနှင့် မြေအကြောင်းသိကောင်းစရာ ဗဟုသုတများ၊ ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေနှင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခြင်း လုပ်ထုံးလုပ်နည်းများ၊ အိမ်ရှင်၊ အိမ်ငှားအကြောင်း သိကောင်းစရာများ၊ ရောင်း၊ ဝယ်၊ ငှား၊ ပေါင်နှံခြင်းဆိုင်ရာ သိကောင်းစရာများ၊ အိမ်၊ ခြံမြေနှင့် ပတ်သက်သော တရားမ မှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရုံးသုံးဆိုင်ရာ အခေါ်အဝေါ်များ၊ စီရင်ပိုင်ခွင့် အာဏာများ၊ စီရင်ထုံးများနှင့် ဗဟုသုတ မှတ်သားစရာများ၊ စာချုပ်စာတမ်း (သို့မဟုတ်) ပဋိဉာဉ်ပြုရာတွင် လိုအပ်သော အခြေခံဥပဒေများ၊ စာချုပ်ချုပ်ဆိုပုံများ စသည့် ဘာသာရပ်များကို ဥပဒေပညာရှင်ကြီးများဖြစ်ကြသော ဦးအောင်စိုးဦး၊ ဦးကျူးခေါင်၊ ဦးဌေးဝင်းနှင့် စီးပွားရေးအတိုင်ပင်ခံ ဦးတင်သန်းဦးတို့မှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

တန်းခွဲတစ်ခုလျှင် လူဦးရေ ၃၀ သာ လက်ခံမည်ဟု သိရသည်။ Tip Top: CDIM (ရန်ကုန်) ဖုန်း ၀၁-၂၅၄၈၈၉၊ ၀၉-၇၃၀၅၀၃၇၀၊ (မန္တလေး) ဖုန်း ၀၉-၉၁၀၀၁၈၁၈ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal

အပြည့်အစုံသို့ »

ဘူမိဗေဒ ဘာသာရပ်ကို ကုန်ကျစရိတ် သက်သာစွာဖြင့် တက်ရောက် သင်ကြားနိုင်


မလေးရှားနိုင်ငံ  Curtin University တွင် နိုင်ငံတကာ အရည်အသွေးမီ ဘူမိဗေဒဘာသာရပ် (Applied Geology) ကို ကုန်ကျစရိတ် သက်သာစွာဖြင့် ဘွဲ့ဒီဂရီ ပြီးဆုံးသည်အထိ သင်ယူနိုင်ကြောင်း သိရသည်။

Curtin University ဘူမိဗေဒ ဘာသာရပ်သည် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအတွက် ဘူမိဗေဒတူးဖော်ရေး ပညာရပ်နှင့်  ရေနံဘူမိဗေဒ ပညာရပ်အား အဓိကထားပြီး သီအိုရီပိုင်းဆိုင်ရာ နောက်ခံ အခြေ အနေနှင့် လက်တွေ့အသုံးချမှုများကိုပါ ပူးတွဲ သင်ကြားပေးသည်။ ထို့အပြင် ကမ္ဘာမြေ၏ ဖြစ်စဉ်များကို ဖွံ့ဖြိုးတိုးတက်စေရန် သိပ္ပံပညာနှင့် ပတ်သက်သော အဓိကဘာသာရပ်များနှင့် ဘာသာခွဲများကို ကျယ်ပြန့်စွာ နားလည် သဘောပေါက်စေရန် လက်တွေ့ဓာတ်ခွဲခန်းနှင့် ကွင်းဆင်းလေ့လာရေး စွမ်းရည် သုံးသပ်ချက်များ တိုးတက်လာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဖြစ်စဉ်များတွင် ဘူမိဗေဒ၏ အခန်းကဏ္ဍ အဓိက အရေးပါပုံကို သိမြင်စေလိုသော ရည်ရွယ်ချက်များဖြင့် အခြေခံကာ သင်ကြားပို့ချလျက်ရှိသည်။

Curtin University တွင် ၎င်းဘာသာရပ်ကို Foundation အပါအ၀င် (၄) နှစ်သင်ကြားရမည် ဖြစ်ပြီး ပညာရေးဆိုင်ရာ ဝင်ခွင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံမှ (၁၀) တန်းအောင်မြင်ပြီးသော ကျောင်းသားများသည် တစ်ဘာသာလျှင် ပျမ်းမျှ အမှတ် ၆၀ နှင့် အထက်ရှိရမည်။ (အင်္ဂလိပ်စာ၊ သချာင်္၊ ရူပဗေဒတွင် ၆၀ မှတ် အနည်းဆုံး ရရှိ ထားရမည်။) အင်္ဂလိပ်စာဝင်ခွင့် သတ်မှတ်ချက်မှာ IELTS Band Core ရမှတ် (5.5), TOEFL Paper Based ရမှတ် (520) နှင့် Internet Based ရမှတ် (၇၀) ရှိရမည်။ GCE 'O' Level တွင်  အင်္ဂလိပ်စာ Grade D နှင့် အထက် ရှိရမည်။

မြန်မာအစိုးရ တက္ကသိုလ်များတွင် တက်ရောက်ဆဲ ဘူမိဗေဒ ကျောင်းသားများသည် Curtin University Sarawak တွင် ဆက်လက် သင်ယူ တက်ရောက်လိုပါက ဘာသာရပ် ကင်းလွတ်ခွင့်နှင့် ပညာသင်နှစ် ကင်း လွတ်ခွင့်များဖြင့် လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလျှောက်ထားလိုပါက Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန်ဆောင်မှု ဖုန်း-၀၁-၃၈၉၉၁၅၊ ၀၉-၅၀၁၃၉၁၅ ကို ဆက်သွယ်၍ သော် လည်းကောင်း www.overseaed ucation-msi.com သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

သန္တာ
Internet Journal

အပြည့်အစုံသို့ »

A.G.T.I မှ B.Tech နှင့် B.Tech မှ B.E ပေါင်းကူးဝင်ခွင့် စာမေးပွဲကျင်းပမည့်အစီအစဉ်ကြော်ငြာခြင်း


(၁) သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် ၊ကောလိပ် ၊သိပ္ပံ များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော A.G.T.I/B.Tech သင်တန်းအသီးသီး၏ ၂၀၁၀-၂၀၁၁ ၊၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်များ၏ အတန်းတင်စာမေးပွဲများတွင် အောင်မြင်ခဲ့ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့်မရခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပေါင်းကူး ဝင်ခွင့် စာမေးပွဲ ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။

(၂)ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများနှင့် ဖြေဆိုရမည့် ဘာသာရပ်အလိုက် Scope များကို မိမိတို့ A.G.T.I ဒုတိယနှစ်နှင့် B.Tech ဒုတိယနှစ် အောင်မြင်ခဲ့သည့် နည်းပညာ တက္ကသိုလ်၊ ကောလိပ် ၊သိပ္ပံများတွင် ၁၀-၃-၂၀၁၄ ရက်မှစတင်ရယူနိုင်ပြီး လိုအပ်သည်များကို ဖြည့်စွက်၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၈-၄-၂၀၁၄ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်-

(က)A.G.T.I ဒီပလိုမာလက်မှတ်၊ B.Tech ဘွဲ့လက်မှတ်မူရင်း(သို့မဟုတ်) သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ကောလိပ် ၊သိပ္ပံများမှ အောင်မြင်ကြောင်း ထောက်ခံစာ။

(ခ)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)

(ဂ)အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ကိုယ်တိုင် ဝန်ခံချက်၊ မိဘ အုပ်ထိန်းသူများ၏ ဝန်ခံချက်နှင့် ပြန်တမ်းဝင် အရာရှိတစ်ဦးဦး၏ ထောက်ခံချက်။

(ဃ)တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံ ဓာတ်ပုံ (၄) ပုံ

(၃) ပေါင်းကူးဝင်ခွင့်သတ်မှတ်ချက်များအတိုင်း လျှောက်လွှာတင်ထားသည့် စာမေးပွဲဖြေဆိုမည့်သူများသည် မိမိတို့ လျှောက်လွှာတင်ထားသည့် နည်းပညာတက္ကသိုလ် ၊ကောလိပ်၊ သိပ္ပံများတွင် ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြေဆိုရမည်-

၁။ အင်္ဂလိပ်စာ ၂၆-၇-၂၀၁၄(စနေ) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ

၂။သက်ဆိုင်ရာဘာသာရပ် ၂၇-၇-၂၀၁၄(တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ

(၄) အခြားသိလိုသည်များရှိပါက ကျောင်းသားရေးရာ ဌာန၊ စက်မှု နှင့်သက်မွေးပညာဦးစီးဌာန(ရုံးချုပ်) နေပြည်တော် ဖုန်း-၀၆၇-၄၀၄၁၈၂ နှင့် သက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံမများတွင်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
Internet Journal

အပြည့်အစုံသို့ »

စာတွေ့လက်တွေ့ ပေါင်းစပ် သင်ကြားမှုပုံစံဖြင့် များဖြင့် သင်ကြားပေးမည့် ဟိုတယ် နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို ယခုနှစ် 2014 - April နှင့် June Intakes များအတွက် မြန်မာပြည်ရုံးခွဲမှတဆင့် ၀င်ခွင့်များလျှောက်ထားနိုင်ပြီ






စာသင်ကြားရာတွင် စာတွေ့ ဖြင့်သာမက လက်တွေ့ များဖြင့်ပါသင်ယူလိုသော ကျောင်းသူ ကျောင်းသားများ
အတွက် လက်တွေ့ အလုပ်သင်သင်ကြားမှုများဖြင့် ပေါင်းစပ်သင်ကြားပေးမည့် ဟိုတယ်ဆိုင်ရာ ဘာသာရပ်များကို စင်ကာပူနိုင်ငံရှိ Dimensions International College တွင် ကုန်ကျစရိတ်သက်သာစွာဖြင့် တက်ရောက်
သင်ကြား နိုင်ပြီဖြစ်ပါသည်။

Singapore  နိုင်ငံတွင် Dimensions International College သည် Hotel ဆိုင်ရာ လုပ်ငန်းခွင်ဘာသာရပ်များ၊
စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များ၊ တက္ကသိုလ်အကြိုပြင်ဆင်မှုဘာသာရပ်များ ကိုယ်ပိုင်ကျောင်း Campus ကြီး ( ၃ ) ခုဖြင့်ကိုအထူးပြု သင်ကြားပေးလျှက်ရှိသော ကျောင်းကြီး တစ်ကျောင်းဖြစ်ပါသည်။ အရည်အသွေး ပြည့်မှီသောပညာရေးကိုဖြန့်ဝေပေးရာ နှစ်ပေါင်း ( ၃၃ ) နှစ် သက်တမ်းရှိပြီး Edu Trust ရရှိထားသော College ကြီးတခုလည်းဖြစ်ပါသည်။
Hotel လုပ်ငန်းခွင်ဘာသာရပ်များဖြစ်သော Diploma in Hotel & Restaurant Service, Diploma / Advanced Diploma in Hotel Management ,  Diploma in Food Preparation and Cooking (UK ) ,Edexcel BTEC level 5 HND Diploma in Hospitality Management ( UK ) , Bachelor of Arts ( Hons ) in Hospitality Industry Management ( UK ) ,Post graduate Diploma in Hospitality Management စသည်တို့ကို လက်တွေ့ သင်ကြားမှုများဖြင့် အတူပူးတွဲသင်ကြားပို့ချပေးလျှက်ရှိပါသည်။

လက်တွေ့ သင်ကြားမှုများဖြင့်ပေါင်းစပ်သင်ကြားပေးခြင်း၏ အဓိကအားသာချက်မှာ ကျောင်းပြီး ၍နိုင်ငံတကာရှိ
ဟိုတယ်လုပ်ငန်းကြီးများတွင် ၀င်ရောက်လုပ်ကိုင်ရာတွင် မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် ၀င်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါသည်။
 
ထို့ အပြင် မြန်မာပြည်မှကျောင်းသူကျောင်းသားများအတွက် အထူးအစီအစဉ်အနေဖြင့် ကျောင်းသားများ မိမိတို့  ရွေးချယ်ရာ ဘာသာရပ်အလိုက် အနည်ဆုံး ၂၀ % မှ ၃၀ %အထိ အထူး ပညာသင်ထောက်ပံ့ကြေး များ ကိုလည်းပေးအပ်သွားမှာဖြစ်ပါသည်။
စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် Diploma / Advanced Diploma in Business , Diploma in Business & Management Studies ,Edexcel BTEC Level 5 HND Diploma in Business ( Management ) or ( Accounting ) ( UK  ) , Bachelor of Arts ( Hons ) in Business Administration ( UK )  စသည်ဘာသာရပ်များကိုလည်းလျှောက်ထားနိုင်မှာဖြစ်ပါသည်။
MBA program အတွက်လည်း ကျောင်းစရိတ်၏ 30% အား ပညာသင်ဆုအဖြစ်ပေးအပ်သွားမှာဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ဒီပလိုမာ လျှောက်ထားသူများ ကျောင်းစရိတ်မှ ၄၀ % အထိပညာသင်ထောက်ပံ့ကြေးအဖြစ် ရရှိမှာဖြစ်ပါသည်။ ယခုအနီးဆုံးကျောင်းဖွင့်ချိန်များဖြစ်သော Apirl နှင့် June 2014 Intakes များအတွက် ၀င်ခွင့်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
ထို့ ကြောင့် စိတ်ပါဝင်စားသော ကျောင်းသား ကျောင်းသူများ နှင့် မိဘများသည် Dimensions International College ၏ မြန်မာပြည်ရုံးခွဲဖြစ်သော Dimensions Education Center မှ ကျောင်းသား ၁ဦးချင်းစီအလိုက် မိမိတို့  ၀ါသနာအလျောက်ရွေးချယ်သင့်သည့်  ဘာသာရပ်များကို အသေးစိတ်(အခမဲ့ ) ဆွေးနွေး အကြံပြုပေးလျက်ရှိပါသည်။

မြန်မာပြည်ရုံးခွဲ - Dimensions Education Center အမှတ်(459) ၊ အခန်း(302/B) ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဗဟန်း။ Ph no 09 450044117, 09 421076858 သို့  အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

Myanmar CNN 

အပြည့်အစုံသို့ »

ပညာရေးဝန်ကြီးသစ် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြု


ပညာရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်သည့် ဒေါက်တာ ဒေါ်ခင်စန်းရီသည် ဖေဖော်ဝါရီလ ၁၈ရက်က ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုနေစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၄ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဒုတိယမြောက် အမျိုးသမီးပြည်ထောင်စုဝန်ကြီးအဖြစ် ပညာရေးဝန်
ကြီးဌာနအတွက် ခန့်အပ်ခဲ့သည့် ဒေါက်တာခင်စန်းရီသည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာ ပြုခဲ့သည်။

ပညာရေးဝန်ကြီး ဖြစ်လာသည့် ဒေါက်တာခင်စန်းရီသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်
ပြီးနောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီး ဖြစ်လာသူဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ နှစ်ပေါင်းခြောက်ဆယ်အတွင်း အမျိုးသမီးဝန်ကြီးအဖြစ်
အစိုးရအဖွဲ့တွင် တာဝန်ပေးခံရ ခြင်း ဖြစ်သည်။ ဒေါက်တာ ဒေါ်ခင်စန်းရီသည် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းတွင် အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် အသက် ၅၈ နှစ်ရှိ
အိမ်ထောင်မရှိသူ ဖြစ်ပြီး ရှမ်း-ဗမာကပြားဖြစ်ကာ B.Com(A.A), M.Com, D.A.C, Ph.D(Germany) ဘွဲ့များရရှိထားသည်။

၁၉၇၈ မှ ၂၀၁၂ ခုနှစ်အထိ ရန်ကုန် ဒေသကောလိပ် (၂)၊ စီးပွားရေးတက္ကသိုလ်တို့တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ခံ ပါမောက္ခချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားသည့် ကိုယ်ရေးရာဇဝင်တွင် ဖော်ပြထားသည်။

Mizzima Burmese

အပြည့်အစုံသို့ »

မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား

ကျောင်းသင်ခန်းက သင်ရိုး ပြဋ္ဌာန်းစာ လျှော့မယ်

လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူ အဓိက အရေးကြီးတဲ့ ကဏ္ဍတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်မှုတွေ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ၊ work load အပြင် ခေတ်စံနစ်နဲ့ မညီတဲ့ သင်ရိုး ညွန်းတမ်းတွေကို နည်းနည်း ပြုပြင်ထားတယ်လို့ အမှတ်( ၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

သူတို့ အနေနဲ့ နည်းနည်းဘဲ အချိန်မှီ လုပ်နိုင်ခဲ့ပြီး လက်ရှိရဲ့ ၈၅ ကနေ ၉ဝ ရာခိုင်နှုန်း ကိုသာ ခပ်ပါးပါးပဲ ပြုပြင် ထားတယ်လို့ မြန်မာ အစိုးရ ပညာရေး ဝန်ကြီးဌာနက ပညာ သင်ကြားရေးမှာ ခေတ်မီ ပြောင်းလဲဖို့ အတွက် ကျောင်းသင်ရိုး လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ခပ်ပါးပါး ပြုပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်ရိုက်ပြီး ကျောင်းသူ ကျောင်းသားတွေကို ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဘက်စုံ လမ်းညွှန် လေ့လာသုံးသပ်ရေး လုပ်ငန်းက ၂၀၁၃ ဇွန်လ ကနေ ဒီဇင်ဘာလ အထိ အဆင့် ၂ ကို အသေးစိတ် လေ့လာ ဆန်းစစ်တာတွေ လုပ်ပြီး အစီရင်ခံစာ ပြုစု နေတယ်လို့ သူက ဆိုပါတယ်။

၂၀၁၄ ဇန္နဝါရီ ကနေ ဇွန်လ ဘတ်ဂျက် ပါတဲ့ ပညာရေး စီမံကိန်း ပြုစုဖို့ သုတေသန စီမံကိန်းတွေ လုပ်နေပြီး ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့တွေနဲ့ ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

အရည်အသွေး ရှိတဲ့ ပညာရေး ဆောင်ရွက်ဖို့ ဆိုရင် ဆရာ ဆရာမတွေရဲ့ သင်ကြား ပို့ချမှု အပေါ် အများကြီး မူတည်နေတယ်လို့ သူက ဆိုပါတယ်။

သင်ကြားမှုကိုလည်း ကလေး ဗဟိုပြု ဖြစ်ဖို့ မြို့နယ် ၃၃၀ထဲမှာ ကျန်နေသေးတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ကလေး ဗဟိုပြု သင်ကြား မွမ်းမံ သင်တန်းတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

သင်ရိုးပြုပြင်ရေးသာ မက သင်ကြားနည်းနဲ့ စာမေးပွဲ စနစ်တွေမှာရော ပြုပြင်ရေးတွေ လုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြရာမှာ စာမေးပွဲ စံနစ်နဲ့ ပတ်သက်လို့ ကျောင်းသား ကျောင်းသူတွေရဲ့ တီထွင် ကြံဆမှုနဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ စာမေးပွဲ စံနစ် ဖြစ်ဖို့ လေ့လာ ဆန်းစစ်နေတယ်လို့လည်း ပြောပါတယ်။

နှစ်ပေါင်း များစွာ ခေတ်နောက်ကျ ကျန်ရစ်တဲ့ မြန်မာ့ ပညာရေးမှာ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်မြှင့် လုပ်ဖို့ အများကြီး လိုအပ်နေတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း မကြာခဏ ကြားနေရပါတယ်။

BBC Burmese

အပြည့်အစုံသို့ »

Question & Answer


LCCL Level 3 နဲ့ ACCA Part 1 ပြီးထားပြီး Part 2 ကို စင်ကာပူမှာ တက်ရောက်လိုပါတယ်။ ကြာမြင့်ချိန်နှင့် IELTS လို၊ မလို သိလိုပါတယ်။

စင်ကာပူနိုင်ငံ Kaplan Learning Institute နှင့် SAA Global Education တွင် ACCA Part 2 သင်ယူနိုင်ပါတယ်။ ၆ ဘာသာအတွက် တစ်နှစ်ခန့်ကြာမြင့်မှာဖြစ်ပြီး (စာမေးပွဲကြေး မ ပါ) ကျောင်းလခ တစ်ဘာသာကို စင်ကာပူဒေါ်လာ ၇၀၀  မှ ၈၀၀ ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ ACCA Part 2 နှင့် Research and Analysis Project လုပ်ဆောင်ပြီးပါက Oxford Brookes University မှ ပေးအပ်ချီးမြှင့်သော BSc (Honours) in Applied Accounting ကို ရယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ACCA Part  1 တက်ရောက်ဖြေဆိုထားပြီး ဖြစ်သည့်အတွက် စင်ကာပူတွင် တက်ရောက်ရန် IELTS အမှတ် မလိုအပ်ပါ။



Finance ဘာသာရပ်ကို စိတ်ဝင်စားပါတယ်။ ကျောင်းပြီးပါက ပြည်တွင်းပြည်ပမှာ ဘယ်လို နယ်ပယ်မျိုးတွေမှာ လုပ်ကိုင်နိုင်ပါသလဲ။



Finance ဘာသာရပ်တွင် အများပိုင် အဖွဲ့အစည်းများ အပါအဝင် စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွင် ရင်းနှီး မြှုပ်နှံခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော အကျိုးအမြတ်များကို ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများအနေဖြင့် ပြည်တွင်း၊ ပြည်ပတွင် Venture Capitalist, Cost Adviser, Financial Systems Advisor နှင့် Merchant Banker အစရှိသည်တို့ လုပ်ကိုင်နိုင်ပါတယ်။ ၁၀ တန်းအောင်သူများ ဒီပလိုမာ (၈) လသင်ယူပြီး ယူကေတက္ကသိုလ်များမှ ပေးအပ်မည့် BSc (Hons) Accountancy and Financial Management (သို့) B.Sc (Hons) Finance နှင့် သြစတြေးလျတက္ကသိုလ်မှ ပေးအပ်မည့်  B.Com (Finance) ဒီဂရီအား (၁၈) လအတွင်း ရယူနိုင်ပါတယ်။



CROWN Education မှ ကူညီဖြေကြားသည်။
Internet Journal

အပြည့်အစုံသို့ »

၅၀% အထိ Special Discount ဖြင့် စတင်ဖွင့်လှစ်မည့် ဖုန်းပြုပြင်ရေး သင်တန်းဖွင့်လှစ်


အပတ်စဉ် တန်းခွဲသစ်များ ဖွင့်နေသည့်အပြင် တက်ချင်သည့် အချိန်ကိုပါ ရွေးချယ်ညှိနှိုင်းပေးနေသော Elimination Poverty Initiative (EPI) ဆိုသည့်မိုဘိုင်းဖုန်း ပြုပြင်ရေး သင်တန်းကျောင်းတစ်ခုကို ဆူးလေဘုရားလမ်း၊ ဗဟိုမီးသတ်ရှေ့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ရှင်းလင်းထိရောက်သည့် သင်ကြားမှု၊ ရာသက်ပန်နည်းပညာ ထောက်ပံ့မှုများပါဝင်ပြီး Software ရော၊  Hardware ပါ သင်ကြားပေးမည်ဖြစ်သည်။ ဖုန်းမျိုးစုံ၏စနစ်များကို နားလည်နိုင်ပြီး ဝင်ရောက်ပြုပြင်နိုင်အောင် သင်ပေးမည်ဖြစ်ကြောင်း သိရသည်။ Hardware ပိုင်းပါ ပါဝင်သည့်အတွက် ကွန်ပျူတာအခြေခံ မရှိသောသူများကိုလည်း သင်ကြားပေးမည်ဖြစ်သည်။ ဖုန်းတစ်လုံးကို ပါဝင်သည့် အစိတ်အပိုင်းအလိုက် အလုပ်လုပ်ပုံ သိရှိအောင်၊ နားလည်အောင် လုပ်ပေးပြီး လက်တွေ့ပါ ပါဝင်သင်ပေးမည်ဟု သိရသည်။ မတတ်မချင်း သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားကို ဖုန်းပြုပြင်ရာတွင် အသုံးပြုနိုင်ရန် Data 2000GB ကျော် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းပြီးဆုံးသွားပါက အလုပ်ဝင်နိုင်ရန် ကူညီပေးပြီး သင်တန်းတွင်ရှိသည့် ဖုန်းပြုပြင်ရေးကိရိယာ၊ Tool Box များကို ဆက်လက်အသုံးပြု ခွင့်ပေးမည်ဖြစ်သည်ဟု ဆိုသည်။ အထူးဈေးနှုန်း ၅၀ % လျှော့ဈေး အနေဖြင့် Software+Hardware ကို ကျပ်နှစ်သိန်း၊ Software+Basic hardware ကို ကျပ်တစ်သိန်းကျပ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို  ဖုန်း ၀၁-၂၄၅၈၀၂၊ ၀၉-၂၅၄၀၄၀၂၀၀ နှင့် ၀၉-၄၂၀၀၃၈၉၈၄ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။


အောင်အောင်
Internet Journal

အပြည့်အစုံသို့ »

ဂျပန်ဘာသာ (5 Skills) အခြေခံ သင်တန်းသစ် ဖွင့်လှစ်မည်


မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းနှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အထူးရည်ရွယ်၍ MDGE Japanese School မှ အသစ်ထပ်မံဖွင့်လှစ်မည့် ဂျပန်ဘာသာ အခြေခံ တန်းခွဲသည် ပြည်တွင်း ပြည်ပရှိ ဂျပန်စက်ရုံ၊ အလုပ် ရုံနှင့် ကုမ္ပဏီများတွင် အလုပ်ဝင်လိုသည့် သူများ၊ ဂျပန်နိုင်ငံရှိ ကျောင်းများ၊ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြား ကြ မည့် ဂျပန်ဘာသာကို သင်ယူတတ်မြောက်ထားလိုသော ရည်မှန်းချက် ကြီးမားသူများအတွက် ဂျပန်ဘာသာနှင့်  ပတ်သက်သည့် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည့်အပြင် လက်ရှိ လုပ်ငန်းခွင် ဝင်နေသူ များ အတွက် နယ်ပယ်အလိုက် လုပ်ငန်းခွင်သုံး ဝေါဟာရ အသုံးအနှုန်းများအား အထူးပြု သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဘာသာစကား အပြင် သိထားသင့်သည့် ဂျပန်လူမျိုးများ၏  ဓလေ့စရိုက်နှင့် အထွေထွေ ဗဟုသုတ၊ ရှောင်ရန် ဆောင်ရန်များ၊ ကွန်ပျူတာ အခြေခံရှိထားသူများအတွက် ဂျပန် ဘာသာစာစီစာရိုက်တို့ကိုလည်း ထည့်သွင်းသင်ကြားပေးမည် ဖြစ်သည်။ အဆိုပါ သင်တန်းတက်ရောက်ပြီး ဂျပန်အစိုးရနှင့်နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်များ ရရှိနိုင်သော ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲများဖြစ်သည့် JLPT နှင့် NET Test စာမေးပွဲများကို ဖြေဆို အောင်မြင်လိုသူများ အတွက်လည်း ပညာရေး လိုအပ်ချက်များအား အပြည့်အဝ ဖြည့် ဆည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံဖွင့်လှစ်မည့် တန်းခွဲသစ်သည် ဂျပန်ဘာသာကို အခြေခံမှစတင်၍ အဆင့်မြင့်တန်းများကိုအထိ တစ်ဆက် တစ်စပ်တည်း တောက်လျှောက် တက်ရောက် သင်ယူသွားနိုင်မည့် တက္ကသိုလ် အဆင့်ပုံစံဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်များ ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် လုံးဝသင်ကြားထားဖူးခြင်းမရှိသည့် အခြေခံမှ စတင်လေ့လာလိုသူများနှင့် ကိုက်ညီပြီး သင်တန်းချိန်မှာ ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါ တက်ရောက်နိုင်ရန် ရုံးချိန်လွတ်သည့် စနေ၊ တနင်္ဂနွေနေ့များတွင် ညနေ ၅ နာရီခွဲမှ ၇ နာရီ အထိ သတ်မှတ် ထားကြောင်း သိရသည်။

သင်တန်းတွင် ဂျပန်အစိုးရပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် ဂျပန်ဖောင်ဒေးရှင်း၏ အဆင့်မြင့် နောက်ဆုံးပေါ် သင်ရိုး ညွှန်းတမ်းများ၊  သင်ထောက်ကူပစ္စည်းများဖြင့် တစ်ဦးချင်း အနီးကပ် ကြီးကြပ်သင်ကြားမည် ဖြစ်သောကြောင့် လူဦးရေ ကန့်သတ်ထားကြောင်း၊ အသက် ၃၅ နှစ်အောက်ဖြစ်ပြီး ပညာအရည်အချင်းအနေဖြင့် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး သူ ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

တန်းခွဲသစ်အား ဖေဖော်ဝါရီလ ၁ ရက်၊ ညနေ ၅ နာရီခွဲတွင် စတင်မည်ဖြစ်ပြီး ဇန်န၀ါရီလ ၂၉ ရက်နောက်ဆုံးထား၍  MDGE Japanese School တိုက် (၁) ၊ အခန်း (၃၀၃)၊ ရွှေလိပ်ပြာ အိမ်ယာ၊ အောက်ကြည်မြင် တိုင်လမ်းမကြီး၊ ကြည်မြင်တိုင် မြို့နယ်၊ ဖုန်း-၀၉-၇၃၀၀၂၅၁၆၊ ၀၉-၇၃၀၇၈၉၇၂ သို့ ဆက်သွယ်၍ (ရုံးချိန်အတွင်း) သင်တန်း တက်ရောက်လိုသူများ ကိုယ်တိုင် (ဓာတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူ ၁ ခုတို့ဖြင့်) ကျောင်းသို့ လာရောက် အပ်နှံရမည် ဖြစ်ကြောင်း သိရသည်။

Internet Journal

အပြည့်အစုံသို့ »

Mobile Phone (Advanced User) ပြုပြင်နည်း သင်တန်းကို ၂၀ ရာခိုင်နှုန်း Discount ခံစားခွင့်ဖြင့် ဖွင့်လှစ်မည်


အတွဲ (၁၅)၊ အမှတ် (၅)
Mobile ဖုန်းများနှင့် ပတ်သက်သည့် ပြဿနာများကို မိမိကိုယ်တိုင် ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ Mobile Phone (Advanced User) ပြုပြင်နည်း သင်တန်းကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ  ၃ ရက်တွင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်

အဆိုပါ သင်တန်းတွင် iPhone, iPad, Samsung, Sony, Nokia, HTC, Huawei, LG, Blackberry နှင့် အခြား mobile ဖုန်းအမျိုးမျိုးကို Setting ချိန်ညှိခြင်း၊ Firmware အသစ်ပြန်တင်ခြင်း၊ Operating System (OS) ကို version update  ပြုလုပ်ခြင်း၊ ကိုက်ညီမှုရှိမည့် အသင့်တော်ဆုံးသော OS များကို အင်တာနက်ပေါ် ရှိ Website များနှင့် Forum များမှ စစ်ဆေးခြင်း၊ Source များ အကြောင်း သင်ကြားခြင်းနှင့် အခြား Smart Device များနှင့် ချိတ်ဆက် အသုံးပြုနည်းများ စသည်တို့သင်ကြားပေးမည်ဖြစ်ပြီး Computer အခြေခံအားနည်းသော Mobile အခြေခံ မရှိသည့်သူများပါ တက်ရောက် သင်ကြားနိုင်မည် ဖြစ်သည်။


သင်တန်း အပ်နှံလိုသူများ အနေဖြင့် ၂၀ ရာခိုင်နှုန်း Discount ခံစားခွင့်ပေးမည့် အပြင် ပထမဦးဆုံး အပ်နှံသူ ၁၀ ဦးကို IT T-Shirt များကို လက်ဆောင်ပေးမည် ဖြစ်သည်။ အသေးစိတ် အချက် အလက်များကို IT Computer Training ဖုန်း ၀၉-၄၉၂၉၀၇၇၈၊ ၀၁-၂၅၃၂၉၃ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။

ဝေဝေ
Internet Journal

အပြည့်အစုံသို့ »

American Center for Education


စင်ကာပူနိုင်ငံ American Center for Education သည် အမေရိကန် University of Wisonsin River Falls နှင့် ပူးပေါင်း၍ Liberal Arts နှင့် American General Education ပညာရေးကို သင်ကြားပို့ချသည့် စင်ကာပူနိုင်ငံတွင် တစ်ခုတည်းသော ပုဂ္ဂလိကကျောင်း ဖြစ်သည်။ University of Wisconsin System သည် တက္ကသိုလ် ၁၃ ခုနှင့် ဖွဲ့စည်းထားကာ နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ၁၈၀၀၀၀ ကျော် တက်ရောက်နေသည်။ ပြည်နယ် တစ်ခုလုံး Campus များ အနှံ့ ဖွင့်လှစ်ထားကာ UWRF လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ၁၈၇၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Princeton Review နှင့် US New & World Report အဆင့် သတ်မှတ်ချက် အရ American Best College များထဲတွင် ပါဝင်သည်။ ထို့အပြင် ACE တွင် GCEO Level နှင့် English Language Program များလည်း သင်ယူနိုင်သည်။



မြန်မာနိုင်ငံတွင် လေ့လာသင်ယူလိုပါက American Credit Council မှ အသိအမှတ် ပြုထားသည့် Global Assessment Certificate ကို ၁၀ လ လေ့လာ သင်ယူပြီး SAT ရမှတ်များ ပြင်ဆင်စရာ မလိုအပ်ဘဲ အမေရိကန် ပြည်ထောင်စုသို့ တိုက်ရိုက် ဖြစ်စေ၊ American Center for Education (Singapore)  မှ ဖြစ်စေ ဆက်လက် လေ့လာသင်ယူနိုင်မည် ဖြစ်သည်။



ACE ပညာရေးကျောင်းတွင် အဆင့်မြင့် ပညာရေးအတွက် လိုအပ်သော ပြင်ဆင်မှုများ အပြင် အောက်ပါ ပရိုဂရမ်များကိုပါ တက်ရောက် သင်ယူနိုင်စေမည် ဖြစ်သည်။



1. Diploma in American Liberal Arts (DALA)

ကျောင်းသားများ၏ သမိုင်း၊ ဘာသာစကားနှင့် စာပေရေးရာများကို သိရှိနိုင်စေမည့် သင်တန်းဖြစ်ပြီး ယခု ACE က ပေးအပ်ထားသည့် OALA ၏ သင်ရိုးအပိုင်း Module များအားလုံးကို UWRF (University of Wisconsin River Falls) တက္ကသိုလ်ရှိ သင်ရိုးညွှန်းတမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော သင်တန်းများပေါ်တွင် တိုက်ရိုက်ကူးယူကာ သင်ကြားပေးခြင်း ဖြစ်သည်။ ယခု DALA သင်တန်းများမှာ သက်ဆိုင်ရာ အရေးပါပုံကိုပါ ထိတွေ့သိရှိသွားစေမည် ဖြစ်သည်။



2. Diploma in Business Administration (DBA)စီးပွားရေး စီမံခန့်ခွဲမှု ကျွမ်းကျင်ရေးဆိုင်ရာ ဘာသာရပ်တစ်ခုဖြစ်ပြီး အစဉ်အမြဲ ပြောင်းလဲနေသော စီးပွားရေးနှင့် ကမ္ဘာ့ရေးရာ အခြေအနေများထဲတွင် သွက်လက်မှု လှုပ်ရှားပြီး စိန်ခေါ်မှုများ ရှိနေသော အသက်မွေးဝမ်း ကျောင်းလုပ်ငန်း တစ်ခုကို ရရှိစေနိုင်မည် ဖြစ်သည်။ ယခုသင်တန်းမှာ နောက်ထပ် အဆင့်မြင့် သင်တန်း တစ်ခုဖြစ်သော Advanced Diploma in Business Administration သင်တန်း၏ အကြိုအဆင့် တစ်ခုလည်း ဖြစ် သည်။

3. Advanced Diploma in Business Administration (ADBA)

ယခုစီးပွားရေး စီမံခန့်ခွဲမှု ကျွမ်းကျင်ရေးဆိုင်ရာ အဆင့်မြင့်သင်တန်းကို တက်ရောက်ပြီးပါက သက်ဆိုင်ရာ လုပ်ငန်းခွင်များ တွင် ရာထူးမြင့်မြင့် အလုပ်အကိုင်များနှင့် နောက်ထပ် ရာထူး တိုးမြင့်ခြင်းများကို ရရှိစေနိုင်မည် ဖြစ်သည်။ စီးပွားရေး နယ်ပယ်၊ အစိုးရအဖွဲ့အစည်းနှင့် NGO အဖွဲ့အစည်းများတွင် အလုပ်အကိုင် ကောင်းကောင်း  ရရှိလိုသူများအတွက် အထူး သင့်တော်သည့် သင်တန်းတစ်ခုလည်း ဖြစ်သည်။



4. Certificate in Ho-spitality Management (CHM)

ACE မှာ ယနေ့ခေတ်တွင် မရှိမဖြစ် အရေးပါနေပြီဖြစ်သော ဟိုတယ်၊ အပန်းဖြေစင်တာများ အစရှိသည့် တိုက်ရိုက် ဝန်ဆောင်မှု ပေးရသော လုပ်ငန်းများအတွက် Hospitality Management သင်တန်းကိုပါ သင် ကြား ပို့ချပေးလျက် ရှိသည်။ ယခု သင်တန်းကို အဆင့် ၃ ဆင့်ခွဲကာ  သင်ကြားပေးခြင်းဖြစ်ပြီး ပထမအဆင့်မှာ ကျွမ်းကျင်သင်တန်းဆင်း လက်မှတ် Certificate  ပေးအပ်မည့် သင်တန်းဖြစ်ပြီး ဒုတိယ အဆင့်မှာ ဒီပလိုမာအောင် လက်မှတ် ရရှိစေနိုင်မည့် သင်တန်းဖြစ်ကာ နောက်ဆုံး အဆင့်မှာ အဆင့်မြင့် ဒီပလိုမာ အောင်လက်မှတ် ရရှိစေနိုင်မည့် သင်တန်းများဖြစ်သည်။ မိမိလိုအပ်ချက်နှင့် ကိုက်ညီစေမည့် သင်တန်း အဆင့် အမျိုးအစားကို ရွေးချယ် တက်ရောက် သွားနိုင်စေမည် ဖြစ်သည်။



5. GCE Ordinary Level (O-Level) Course Outline

GCE "O" Level အဆင့် စာမေးပွဲများမှာ အဆင့်မြင့်ပညာရေးသို့ တက်ရောက် လျှောက်လှမ်းကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကနဦးအကြို တက်ရောက်သင်ယူရမည့် အသိအမှတ်ပြု စာမေးပွဲ တစ်ရပ်ဖြစ်ပြီး ACE ပညာရေးကျောင်းမှာ လိုအပ်ချက်အပေါ် လိုက်ကာ အမျိုးမျိုးသော GCE "O" Level စာမေးပွဲ သင်တန်းများကို  ပံ့ပိုး သင်ကြားပေးလျက် ရှိသည်။



အဆိုပါ အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားလိုသည့် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ အခြေခံ ပြင်ဆင်မှုများကို မြန်မာနိုင်ငံရှိ CROWN Education တွင် ဖြစ်စေ၊ စင်ကာပူနိုင် ငံရှိ American Center For Education တွင် ဖြစ်စေ ပြင်ဆင်နိုင်မည် ဖြစ်သည်။



မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း  (သို့မဟုတ်) IGCSE အောင်မြင်သူများ ဝင်ခွင့်လျှောက်ထားနိုင်ပြီး ဝင်ခွင့် စာမေးပွဲကို CROWN Education တွင် စတင် ဖြေဆိုနိုင်ပြီ ဖြစ်သည်။ American College  Program  ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အမေရိကန် ပညာသင်ဆုများပါ ဆက်လက် လျှောက်ထားနိုင်သည်။



ကျောင်းအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ

CROWN Educationအမှတ် ၂၇၀၊ ပထမထပ်၊ မြေနီကုန်း၊ ဒဂုံစင်တာ ၂ နှင့် ဓနလှိုင်တာဝါကြား၊ ရန်ကုန်မြို့။

ဖုန်း-၀၉-၅၀၈၅၁၈၅၊ ၀၉-၇၃၂၇၃၂၇၇

Internet Journal

အပြည့်အစုံသို့ »