Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

သရဲ တကယ် ရှိသလား


သင်ဟာ သရဲတွေတကယ်ရှိတယ်လို့ ယုံကြည်သူဆိုရင် သင်တစ်ဦးထဲသာ ယုံကြည်သူမဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လူထု အမြင်စစ်တမ်းကောက်ယူမှုအရ ၃၇ ရာခိုင်နှုန်းသော အမေရိကန်လူမျိုးများက သရဲခြောက်တဲ့အိမ်တွေနဲ့ ပတ်သက်ပြီး အယုံအကြည်ရှိကြပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံကတော့ သရဲတကယ်ရှိတယ်လို့  ယုံကြည်ကြပါတယ်။ကမ္ဘာမအနှ့ံလူသောင်းပေါင်းများစွာက မိမိတို့ ဝါသနာအရ သရဲကို တက်တက်ကြွကြွ လိုက်လံရှာဖွေကြပါတယ်။ Doubtful Newsblog မှ သုတေသန ပညာရှင် Sharon Hill ဟာ အမေရိကန်မှာ သရဲကို လိုက်လံရှာဖွေနေသူ ၀ါသနာရှင်များ ၂၀၀၀ကျော်ရှိတယ်လို့  ရေတွက်ပြောဆိုခဲ့ပါတယ်။



သရဲတွေဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် ၀ီလျှံ ရှိတ်စပီးယားရေးသားခဲ့တဲ့ နာမည်ကြီး Macbeth ၀ထ္ထုကနေပြီး သမ္မာကျမ်းစာအထိ မရေတွက်နိုင်အောင်များပြားလှတဲ့ စာအုပ်ပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး အလွန်လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သလို အမျိုးမျိုးသော သရဲနဲ့ သက်ဆိုင်တဲ့ ပါးစပ်ရာဇ၀င်တွေကို ပေါ်ပေါက်လာစေပါတယ်။ သရဲတွေဟာ ကမ္ဘာပေါ်မှာ မြင်တွေ့ ကြားသိရဆုံး သဘာဝလွန် ယုံကြည်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ သရဲတွေ တကယ်ရှိတယ်လို့  ယုံကြည်တာဟာ သေခါနီး တွေ့ ကြုံခံစားရတာတွေ၊ သေပြီးနောက် ဘ၀တွေကို ယုံကြည်တာ နဲ့ နာနာဘာဝ ၀ိညာဉ်တွေနဲ့  ဆယ်သွယ်တာကို ယုံကြည်တာ စတာတွေ အပါအ၀င် ယင်းနဲ့ဆက်စပ်ရာ သဘာဝလွန် ယုံကြည်မှုတွေ စုဆုံရာ ကွန်ယက်ရဲ့ တစ်စိတ်တစ်ပိုင်း  ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ယင်းအကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

သေပြီးသားလူဟာ ၀ိညာဉ်အဖြစ်နဲ့ ကျွန်တော်တို့ နဲ့ အတူရှိနေသေးတယ်ဆိုတဲ့ အယူအဆဟာ ရှေးကျတဲ့ အယူအဆဖြစ်ပြီး မိမိချစ်ခင်တဲ့သူတွေ သေဆုံးသွားပြီးတဲ့အခါ မိမိတို့ အနားမှာမရှိတော့ဘူးဆိုတာကို မယုံကြည်ချင်တဲ့သူတွေ အဖို့  ဒါမှမဟုတ် ကျွန်တ်ာတို့ လိုအပ်တဲ့အချိန်မှာ ရှိနေစေဖို့ မျှော်လင့်နေတဲ့အခါ ကျေနပ်နှစ်သိမ့်မှုကို ပေးတဲ့ အယူအဆမျိုးပါပဲ။ကိုယ်ပိုင် အတွေ့ အကြုံကြောင့် သရဲတကယ်ရှိတယ်လို့ ယုံကြည်ကြပါတယ်။သူတို့ မရှင်းပြနိုင်တဲ့ တည်ရှိမှုတစ်ခုခုကို တွေ့ မြင်ခဲ့တာမျိုး အာရုံခံစားမိတာမျိုး ဖြစ်ပါတယ်။

သရဲများရဲ့ သိပ္ပံနည်းကျ နဲ့ ယုတ္တိတန်မှု

ကိုယ်တွေ့  အတွေ့ အကြုံဟာ အကြောင်းအရာ တစ်ရပ်ဖြစ်သလို သိပ္ပံပညာအရ သက်သေအထောက်အထားကလည်း အရေးကြီးတဲ့ အကြောင်းရပ်တစ်ခုပါပဲ။ သရဲတကယ်ရှိသလားဆိုတာကို ရှာဖွေထောက်လှမ်းမှုမှာ တွေ့ ရတဲ့ အခက်အခဲ တစ်စိတ်တစ်ပိုင်းကတော့ သူရဲ ဟာ ဘယ်လိုမျိုးဆိုတာကို အားလုံးက သဘောတူညီလက်ခံထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုမျိုး မရှိတာပဲဖြစ်ပါတယ်။တစ်ချို့ကတော့ သူရဲဆိုတာဟာ တစ်ဖက်ကမ္ဘာကိုကူးတဲ့ လမ်းမှာ အကြောင်းကြောင်းကြောင့် လမ်းပျောက်နေတဲ့ သေသူတွေရဲ့ ဝိညာဉ်လို့ ယုံကြည်ကြပါတယ်။ တစ်ချို့ ကလည်း သူရဲဆိုတာဟာ ကျွန်တော်တို့ ရဲ့ စိတ်တွေကနေ ဒီကမ္ဘာကြီးဆီကို ထိုးဖောက်ဝင်ရောက်လာတဲ့ စိတ်ခံစားဆက်သွယ်မှု သီးခြားဖြစ်တည်မှုတစ်ရပ်လို့ ယုံကြည်ကြပါတယ်။

တစ်ချို့ ကလည်း သူတို့ ဘာသာသူတို့ သူရဲအမျိုးမျိုးရဲ့  အမျိုးအစားတွေကို ခွဲခြားသတ်မှတ်ကြပါတယ်။ ပုဏ္ဏကတိုက်တဲ့သူရဲ၊ အိမ်တွေမှာ ကပ်ပြီး ခြောက်လှန့် နေတဲ့သူရဲ၊ စွမ်းအား အနည်းငယ်ရှိတဲ့သူရဲ ၊ ဖုတ် စတာတွေပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒါတွေဟာ နတ်သမီးပုံပြင် ၊ နဂါးပုံပြင်အမျိုးမျိုးလိုမျိုး ဟာတွေလို တွေးတောပြီးလုပ်ကြံဖန်တီး ထားတာပဲဖြစ်ပါတယ်ဝ�တဲ့ ဦးထုပ်တွေ၊ တုတ်ကောက်တွေ၊ အခြားဝတ်ရုံတွေ ၀တ်လျှက်သား ပေါ်လာရတာလဲ။သူတို့ တွေက ကိုတွယ်မရတဲ့ စိတ်ဝိညာဉ် သာသာမဟုတ်ဘူးလား။

သရဲတွေဟာ လူဘ၀က လက်စားချေခွင့်မရပဲ မတရားသေဆုံးခဲ့ရသူတွေရဲ့ ဝိညာဉ်တွေသာဆိုရင် ဘာလို့ ဖြေရှင်းလို့ မရတဲ့ လူသတ်မှုတွေ ရှိနေရသေးတာလဲ။တစ်ချို့ သော ၀ိညာဉ်တွေဟာ နတ်ဝင်သည်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်လို့ အဆိုတွေရှိတဲ့အတွက် သူတို့ တွေဟာ ဘာလို့ ရဲတွေကို သူတို့ ကို သတ်သွားတဲ့ လူသတ်သမားတွေအကြောင်း မပြောပြရတာလဲ။ ဒါကြောင့် သရဲ တကယ်ရှိသလားဆိုတာ နဲ့  ပတ်သပ်ပြီး သံသယဖြစ်ဖို့ ယုတ္တိတန်တဲ့ အကြောင်းရင်းတွေ ရှိလာရပါတယ်။

သရဲရှာဖွေ ထောက်လှမ်းသူတွေဟာ ၀ိညာဉ်ဖြစ်တည်မှုကို ထောက်လှမ်းမှုဖို့  ရူပဗေဒ နညးလမ်းတွေအပါအ၀င် တီထွင်ဖန်တီးထားတဲ့              ( သံသယရှိဖွယ်ရာ)နည်းလမ်းမျိုးစုံကို အသုံးပြုကြပါတယ်။ သရဲကို စုံစမ်း ထောက်လှမ်းသူတွေဟာ သူတို့ သိပ္ပံနည်းကျ လုပ်ဆောင်တယ်ဆိုတာကို လည်း အခိုင်အမာပြောကြပါတယ်။ သူတို့ ဒီလို အခိုင်အမာပြောနေကြတာဟာ ရေဒီယိုသတ္တိကြွ တာကို တိုင်းတာတဲ့ ကိရိယာ၊ လျှပ်စစ်သံလိုက်စက်ကွင်းကို တိုင်းတာတဲ့ ကိရိယာတွေ၊ အိုင်ယွန်း လို့ခေါ်တဲ့ လျှပ်စစ် အဖိုဓာတ်၊အမဓာတ်သီးသန့်  ဆောင်တဲ့ အမှုန်လေးတွေကို ထောက်လှမ်းတဲ့ ကိရိယာတွေ၊ အမှောင်ထဲမှာ မြင်နိုင်တဲ့ အနီအောက်ရောင်ခြည်ကင်မရာတွေ နဲ့  အသံဖမ်းအားကောင်းလွန်းတဲ့ မိုက်ခရိုဖုန်း စတဲ့ နည်းပညာမြင့် သိပ္ပံကိရိယာများကို အသုံးပြုတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့်လည်း ယင်း ကိရိယာတွေဟာ သရဲတွေကို အမှန်တကယ် ထောက်လှမ်းမိကြောင်းကိုတော့ သက်သေ အထောက်အထား လုံးဝမတွေ့ ရှိရသေးပါ။

သရဲ တကယ်ရှိကြောင်း သက်သေအထောက်အထားတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကရော၊ ဆယ်စုနှစ် တစ်စုကရော၊ ရာစုနှစ်တစ်စုကရော ပိုမိုကောင်းမွန်စွာ ရှာဖွေမတွေ့ ရှိရသေးပါ။သရဲ ရှာဖွေထောက်လှမ်းသူတွေ သရဲတကယ်ရှိကြောင်း ရှာဖွေတွေ့ ရှိကြောင်း သက်သေအထောက်အထားတွေကို မရှာတွေ့ နိုင်ရသလဲဆိုတဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်း ၂ ရပ်ရှိပါတယ်။ တစ်ချက်ကတော့ သရဲဆိုတာ တကယ်မရှိပါဘူး။သရဲ အကြောင်းမှတ်တမ်းတင်ထားတာတွေအားလုံးဟာလည်း စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်အရ ၊ အမှားတွေ၊ လုပ်ကြံဖန်တီးချက်တွေ၊ တလွဲ ထင်ယောင်မြင်မှားမှုတွေနဲ့ ရှင်းချက်ထုတ်ထားတာပါ။ဒုတိယ အကြောင်းရင်းကတော့ သရဲ တကယ်ရှိနေတယ် ဆိုရင်လည်း သရဲ ရှာဖွေသူတွေက အရည်အချင်း မပြည့်မီမှု မရှိတာပါပဲ။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ သရဲ ရှာဖွေတာဟာ သက်သေအထောက်အထား ရှာဖွေတာနဲ့ မဆိုင်ပါဘူး(သက်သေရှာဖွေတာ သက်သေရှာတွေ့ တာဟုတ်တယ်ဆိုရင် သရဲရှာဖွေတဲ့ လုပ်ရပ်ကို ဟိုးအရင်ကတည်းက စွန့်ပစ်ပြီးလောက်ပါပြီ)။ အဲ့ဒီအစား သရဲ ရှာတယ်ဆိုတာဟာ ၄င်းတို့ မသိတာကို ရှာဖွေ နေသယောင်ပြုရင်း မိတ်ဆွေသူငယ်ချင်းတွေကို ပုံပြင်တွေပြောရင်း အပျော်ရှာတဲ့သဘော ဒါမှမဟုတ် ခြောက်လှန့်တဲ့ သဘောသာသာဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ လူတိုင်းက သရဲပုံပြင်ကောင်းတစ်ပုဒ်ကိုတော့ ကြိုက်နှစ်သက်ကြတာချည်းပဲလေ။

Ref:livescience.com

BB

Trend Myanmar

အပြည့်အစုံသို့ »

အမေ့အတွက် သားလိမ္မာ ဖြစ်စေဖို့


ကလေးအရွယ်တုန်းကတော့ သားကိုချီပိုးဆော့ပေးနိုင်ခဲ့တယ်။ သားအတွက် လိုလေသေးမရှိအောင် ဂရုစိုက်ပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးလိုက်ရင် အမေ့ကို လက်ညှိုးထိုးပြတတ်တဲ့ သားယောင်္ကျားလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ  အမေတွေနဲ့ ဝေးကွာလာသလို အလုပ်ခွင်ထဲရောက်၊ အိမ်ထောင်ကျတဲ့အခါ အမေနဲ့ရော မိဘအတွက်ပါ အချိန်မပေးနိုင်ကြတော့ဘူး။ အလုပ်တွေ ရှုပ်၊ စိတ်တွေရှုပ်လာတဲ့အချိန် အမေ့ကိုပါ  အော်ငေါက်တတ်လာသလို ဆူပူတာမျိုးတွေပါ လုပ်လာတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဘယ်သူမှမသိအောင် သားသမီးတွေအတွက် တိတ်တိတ်ကလေး မျက်ရည်ကျခဲ့ရတဲ့ အမေတွေ၊ ကိုယ့်သားသမီးက ပြန်ပြောဆိုတာခံရလို့၊ အော်ငေါက်တာခံရလို့ စိတ်မကောင်းဖြစ်ကြရတဲ့ အမေတွေ အများကြီးပါ။ သူတို့မှာ လိုအပ်နေတာ ငွေကြေးဆိုတာထက် သားသမီးတွေရဲ့ မေတ္တာတွေပါ။ အသက်ကြီးလို့ အားငယ်လာတတ်ကြတဲ့ မိခင်အတွက် သားလိမ္မာတစ်ယောက်ဖြစ်အောင် ဘယ်လိုအချက်ကလေးတွေ ဖြည့်ဆည်းပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အမေ့ကိုချစ်တယ်ဆိုတာ သူသိပါစေ။

အချိန်အားတိုင်း အမေ့ကို သိပ်ချစ်တာပဲလို့ အားလုံးကြားအောင် အော်ပြနေတာထက်စာရင် အမေ့ဘေးမှာ သူလိုအပ်တဲ့ သေးသေးမွှားမွှားကိစ္စလေးတွေ ကူလုပ်ပေးခြင်းကလည်း သူ့ကိုချစ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ သူ ဟင်းချက်တဲ့အခါ ဘေးနားက တစ်ခါတစ်လေ အချိန်ရရင်ရသလို ကူညီပေးတတ်တာမျိုးဟာ ကိုယ့်သူ့ကိုချစ်တယ်ဆိုတာ ပြသတာတစ်မျိုးပါပဲ။ အမေနဲ့အတူ ဈေးဝယ်ထွက်တာမျိုးလုပ်ပေးပါ။ ကော်ဖီအတူတူ သောက်၊ စကားပြောတာမျိုးတွေ လုပ်ပေးပါ။ သူနားမလည်တာတွေကို အချိန်ယူရှင်းပြပါ။ အော်ငေါက်တာမျိုး မလုပ်မိပါစေနဲ့။

အမေ့စကားကို တတ်နိုင်သလောက် နားထောင်ပါ။

ကိုယ်က အသက်အရွယ်ရနေပြီ။ လူကြီးဖြစ်နေပြီဆိုပေမယ့် အမေ့အတွက်တော့ ကိုယ်ဟာ ကလေးတစ်ယောက်ပါပဲ။ သူဆုံးမတာတွေ မှတ်သားပါ။ နာခံပါ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ဒါတော့ ဘာ့ကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း သူ့ကို ပြန်ရှင်းပြပါ။ အမေက အိမ်ကို ည၁၀နာရီနောက်ဆုံး ပြန်ရောက်စေချင်တယ်ဆိုရင် ရောက်နိုင်အောင် ကြိုးစားပါ။ မဖြစ်နိုင်ဘူးထင်ရင် ပြန်ညှိပါ။ အမေဆိုတာ ကိုယ့်ကို ကလေးဘ၀ကတည်းက လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်လာအောင် သွန်သင်ဆုံးမပေးတဲ့သူဆိုတာ ခေါင်းထဲထည့်ပြီး တလေးတစား ဆက်ဆံပါ။

စကားပြော ဆင်ခြင်ပါ။

အမေကလည်း ဘာမှမသိပဲနဲ့။ ခုခေတ်အခြေအနေကို အမေဘာမှ မသိပဲ ၀င်မပြောနဲ့။ အမေက အာရုံနောက်စရာကြီးဗျာ စသဖြင့် သူတို့တွေ ၀မ်းနည်းစေမယ့် စကားမျိုးမပြောပါနဲ့။ ကိုယ်က ခုချိန်မှာ တော်တတ်နေတယ်ဆိုတာကလည်း အမေ့ရဲ့ပံ့ပိုးမှုတွေ အများကြီး ပါတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။

အမေနားမလည်တာတွေကို စိတ်ရှည်လက်ရှည်သင်ပေးပါ။

အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေမျိုးမှာ အိမ်မှာပဲနေရတဲ့အမေတွေဟာ ဗဟုသုတနည်းမှာ အမှန်ပါပဲ။ နောက်ဆုံးပေါ် ဖုန်းကို ဘယ်လိုသုံးရသလဲဆိုတာမျိုး၊ အင်တာနက်သုံးတဲ့အခါ ဘာတွေလိုတယ်ဆိုတာမျိုး သူစိတ်ဝင်စားတယ်ဆိုရင် စိတ်ရှည်လက်ရှည်သင်ပေးပါ။

ပွင့်ပွင့်လင်းလင်း ပြောပါ။

အမေက အသက်ကြီးနေပြီမို့ ညာပြောတာမျိုး၊ အရေးမထားတာမျိုးတွေ မလုပ်ပါနဲ့။ အမေရေ ကျွန်တော်ကတော့ ဘယ်လိုဖြစ်နေပြီ စသဖြင့် သူ့ကို အရေးထား တိုင်ပင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

အမေ့အတွက်ဆိုပြီး မှတ်မှတ်ရရ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားပါ။

တစ်ပတ်မှာတစ်ခါ၊ ဒါမှမဟုတ် တစ်လမှာတစ်ခါ အမေ့အတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတွေ ဖန်တီးပေးပါ။ အမေကြိုက်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ အမေသွားချင်တဲ့နေရာကို လိုက်ပို့ပေးတာမျိုးပဲဖြစ်ဖြစ်၊ အမေ့အတွက် အချိန်ပေးပြီး တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။

ဂရုစိုက်စောင့်ရှောက်ပါ။

အမေဆိုတာ သားသမီးတွေအတွက် ၂၄နာရီလုံး၊ တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆို အဆင်သင့်ရှိနေသူတွေပါ။ သူတို့အလှည့်ကျရင်ရော။ သူတို့နေထိုင်မကောင်းဖြစ်တဲ့အခါ မအားလို့ ဂရုမစိုက်ပဲ ပစ်ထားတာမျိုး၊ အနားမှာ မရှိတာမျိုးတွေ မလုပ်ပါနဲ့။ အမေဆိုတာ သားသမီးတွေအတွက် ဘယ်လိုမှ အစားမထိုးနိုင်ဘူးဆိုတာ သိထားပါ။ တန်ဖိုးထားချစ်ပါ။

အမေကို ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။

သူနားမလည်ပဲ ပြောလိုက်တဲ့ အရာတစ်ခုကို သင်က ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ ရှောင်ပါ။ အိမ်မှာ ကိုယ့်အိမ်သားတွေရှေ့မှာ သူ့ကိုဟာသလုပ်တာမျိုးက ပျော်စရာကောင်းပေမယ့် တခြားအမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေရှေ့မှာ ပြောဆိုတာမျိုးဆိုရင်တော့ သူစိတ်မကောင်းဖြစ်သွားမှာ အမှန်ပါပဲ။

Ref:mensxp.com
Trend Myanmar

အပြည့်အစုံသို့ »

ယောင်္ကျားတွေ ကိုယ့်ခန္ဓာကိုယ်ဖွဲ့စည်းမှုအပေါ် ရှက်ရခြင်း အကြောင်းပြချက် (၅) မျိုး


ယောင်္ကျားတွေအနေနဲ့လည်း သူတို့ခန္ဓာကိုယ်ဖွဲ့စည်းမှု တစ်ခုခုကြောင့် လူကြားထဲ ရှက်တတ်ကြပါတယ်။ တချို့အကြောင်းပြချက်တွေကတော့

၁။ ထိပ်ပြောင်ခြင်း
ငယ်ငယ်ရွယ်ရွယ်နဲ့ ထပ်ပြောင်နေတယ်ဆိုရင် ဆံပင်နဲ့ မရမက ဖုံးထားတတ်ကြပါတယ်။ အကြောင်းပြချက်ကတော့ တစ်ယောက်နဲ့တစ်ယောက်ကွဲပါလိမ့်မယ်။ ဒါပေမယ့် ရှက်နေကြတာတော့ အမှန်ပါပဲ။

၂။ နောက်ကျော အမွှေးထူခြင်း
တချို့ယောင်္ကျားတွေရဲ့ အယူအဆဆိုရင်တော့ အမွှေးရှိမယ့်နေရာမှာ ခပ်ထူထူရှိနိုင်တယ်။ မရှိမယ့်နေရာမှာ ကျပြန်တော့လည်း ပြောင်နေတာမျိုး ဖြစ်တယ်ဆိုပြီး ထင်ကြပါတယ်။ အဲဒါကြောင့် သူတို့ အနောက်က အင်္ကျံကော်လန်ကို လှန်လိုက်ပြီဆိုတာနဲ့ နောက်ကျောမှာ အမွှေးတွေ ထူနေတယ်ဆိုရင် ရှက်ကြပါတယ်။

၃။ နေလောင်ထားတဲ့ အသားအရေ
မတရားရာတော့ကျလိမ့်မယ်… ဒါပေမယ့် တချို့ယောင်္ကျားတွေကတော့ ရှက်ကြတာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အရေပြားတွေ နီညှိပြီးတော့ နေလောင်ခံထားတဲ့ အကွက်တွေများနေရင် အလုပ်ကြမ်းလုပ်ရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေကြတယ်ဆိုတဲ့ သဘောဆောင်သလိုဖြစ်သွားလို့ပါပဲ။

၎။ လိင်တံအရွယ်အစား
ယောင်္ကျားလေးတွေဟာ သူတို့ရဲ့လိင်တံအရွယ်အစား သေးနေရင် ဖြစ်ဖြစ် ပုံမှန်ထက်ကြီးနေရင်ပဲဖြစ်ဖြစ် ရှက်တတ်ကြပါတယ်။

၅။ အရပ်အနိမ့်အမြင့်
ကလပ်သွားချင်တဲ့ယောင်္ကျားတွေအတွက်ဆိုရင် ဒါပြဿနာရှိနိုင်ပါတယ်။ အရပ်ပုနေတဲ့ယောင်္ကျားတွေဟာ စိတ်ညစ်ပြီး ရှက်နေတတ်ကြပါတယ်။ အရပ်က အဖော်တွေနဲ့ကွာနေပြန်ရင်လည်း လူတွေစနောက်ခံရမှာ စိုးရိမ်နေကြပြန်ပါတယ်။


Credit : Trend Myanmar

အပြည့်အစုံသို့ »

ဘ၀မှာ အောင်မြင်ဖို့ နေနည်း (၅) သွယ်




အောင်မြင်ဆိုတဲ့ အထဲမှာ ကိုယ်ကိုယ်ကို အောင်မြင်တာပါပါတယ်။ အလုပ်မှာ အောင်မြင်တာပါပါတယ်။ အချစ်ရေး၊ စီးပွားရေး။။။ စတဲ့ မိသားစု အရေးတွေမှာလည်း ပါဝင်သုံးစွဲနိင်ပါတယ်။ ဘယ်လို လုပ်မှ ကျတော်တို့ ဘ၀ကို အပေါ်က အချက်တွေပေါ်မှာ အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိင်မှာပါလဲ ?

စာရူသူတို့ ယခုထက်ပိုပြီး ဘ၀ရဲ့ နေရာတော်တော်များများမှာ အောင်မြင်နိင်ဖို့
ဘ၀နေနည်း အခြေခံ (၅) ခုကို ဖော်ပြလိုက်ပါတယ်။

၁) အကောင်းမြင်ပါ။

ဒါက ဗုဒ္ဓရဲ့ တရားတော်နဲ့လည်း အကျုံးဝင်နေပါတယ်။ ကျတော်တို့နဲ့ ဆိုင်တဲ့ အရာ အားလုံးဟာ ကျတော်တို့ရဲ့ စိတ်ထဲကနေ စတင်ဖြစ်ပေါ်လာရတာပါ။ ကျတော်တို့ရဲ့ ကိုယ်စိတ်နှလုံး (၃)ပါးလုံးတွင် ကြမ်းတမ်းမလား၊ နှုးညံမလား၊
ယဉ်ကျေးမလား ဆိုတာဟာ ကျတော်တို့ရဲ့ စိတ်ထားရှိ မူပေါ်မှာ မူတည်ပါတယ်။ ကျတော် တို့ဟာ ကိုယ်ရဲ့ ကံတရားကို တတ်အား သမျှ ကိုယ်ပိုင် ဖန်တီး
သူေ တွဖြစ်ဖို့ ကြိုးပမ်းသင့် ပါတယ်။ စိတ်ညစ်စေတဲ့ အကြောင်းရှိလည်း
" အော်ဒါ ငါ စိတ်ညစ်ရမဲ့ အချိန်ကြုံလို့ ပါလားဆိုတဲ့ " အတွေးနဲ့ ကိုယ်ကိုကိုယ် အကောင်းမြင်စေချင်ဟာ စိတ်ဆင်းရဲခြင်းတွေလည်း မရှိလို့ ဘ၀မှာ နေပျော်စေပါတယ်။ ဒါကြောင့် အကောင်းမြင် စိတ်ရှိခြင်းဟာ ဘ၀ကို အောင်မြင်စေဖို့ အချက်တွေထဲက ပထမတစ်ချက်ထဲမှာ ပါဝင်ပါတယ်။

၂) တာဝန်ယူပါ။

ကျတော်တို့မှာ တစ်စုံတစ်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ်ဖို့ အခွင့်ရှိသလို ရွေးချယ်ထားတဲ့ အရာပေါ်တွင်လည်း တာဝန်ယူမူတွေ ရှိရပါမယ်။ လူတိုင်းကတော့ အကောင်းဆုံးကို မျှော်လင့်ကြတာဖြစ်ကြသလို ကိုယ်ရွေးချယ်ထားတဲ့ အရာတစ်ခုသည် တွေးထားသလို ဖြစ်မလာတော့သည့်အခါ ကိုယ်က ဒါကို စိတ်ပျက်အားငယ်ခြင်းမရှိပဲ
ရွေးချယ်မူအပေါ်တာဝန်ယူကာ ရှိစေရပါမယ်။ အတွေးတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူတွေ ကို ဦးဆောင်ထားတာ
ဖြစ်ပါတယ်။ ထိုရဲ့ အကျိုးဆက်အနေနဲ့ မိတ်ဆွေဟာ ကိုယ်ကတာဝန်ယူနိင်စွမ်းရှိတဲ့ အတွေးတွေကို ထွက်ပေါ်လာတတ်တဲ့
အကျင့်တစ်ခုဖြစ်တတ်လာပြီး ကမ္ဘာ့ကြီးကို ဦးဆောင်လာနိင်မှာ ဖြစ်ပါတယ်။

၃)ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါ။

ခေါင်းဆောင်ဆိုတဲ့ နေရာမှာ ကိုယ်ကိုယ်တိုင် အတွက်လည်းပါပါတယ်။ မိသားစု၊ အိမ်ထောင်၊ အသင်းအဖွဲ့၊ ကုမ္ပဏီ၊ စတဲ့ အကြောင်းအရာတွေ အားလုံးပါဝင်ပါတယ်။ အခြေခံ အားဖြင့် ကိုယ်ကိုယ်ကို အရင် ဘယ်လို ဦးဆောင်မလဲဆိုတာ နားလည်းဖို့လိုပြီး ထိုမှသာ အရာအားလုံးအပေါ်မှာ တစ်ဆင့်တက်ကာ သွားနိင်မှာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ ခေါင်းဆောင်းကောင်းတစ်ယောက်ဟာ
အနောက်ဆီကနေ ငြိမ်းသက်တိတ်ဆိတ်စွာ မလိုအပ်တဲ့ ရေးကြီးခွင်ကျယ် ဇာချဲ့ခြင်းတွေ မရှိစေဘဲ တစ်ခမ်းတစ်နားမဖြစ်စေဘဲ ဦးဆောင်မှာ ဖြစ်ပါတယ်။

၎) မကြောက်ရွံ့ပါနဲ့

ကြောက်ရွံ့မူတွေ သင့်ကို ရပ်စေဖို့ ခွင့်မပြုပါနဲ့။ ကျတော်တို့ ကြီးပြင်လာတဲ့ အချိန်တိုင်းဟာ ကြောက်ရွံ့မူတွေချည်းပါပဲ။ အသစ်တစ်ခုလုပ်လိုက်တိုင်း၊ နေရာတစ်ခုကို ကျယ်ပြန့်ဖို့ လုပ်လိုက်တိုင်း ဒီအချိန်တွေတိုင်းဟာ အောင်မြင်မလား စိုးရိမ်ရင် ထိတ်ရင်းကနေ ကြောက်ရွံ့မူတွေတိုင်းပါပဲ။ ဟုတ်ပါတယ်။ ဒါဟာ ဘ၀ရဲ့ သဘာဝပါ။ ဘ၀ဟာ အမြဲတမ်းရွေ့လျားနေပါတယ်။ ကျတော်တို့ရှေ့ကို တက်မလား နောက်ကို ပြန်ဆုတ်မလား ဆိုတာ ကိုယ်အပေါ်မှာမူတည်ပါတယ်။
ကျတော်တို့မှာ ရွေးချယ်စရာက တိုးတက် အောင်မြင်စေမှာလား ဒါမှမဟုတ် သေမှာလား ဆိုတာရှိပြီး တိုးတက်အောင်မြင်မူက ကြောက်ရွံ့မူနဲ့ ဒွန်တွဲနေပါတယ်။ ဒါကြောင့် ဘာပဲ လုပ်လုပ် မအောင်မြင်မှာကို မကြောက်ပါနဲ့။

၅) လေ့လာမူကို ဘယ်တော့မှ မပြတ်ပါစေနဲ့

အောင်မြင်ပြီး ရည်မှန်းချက်ပြည့်ဝနေတဲ့ ဘ၀တစ်ခုထဲမှာ လေ့လာခြင်းဟာ အခြေခံကျတဲ့ လုပ်ဆောင်မူ တစ်ခု ဖြစ်ပါတယ်။ ကျတော်တို့ လေ့လာဖို့ ပျက်ကွက်ခဲ့ရင် အောင်မြင်ဖို့လည်း ပျက်ကွက်ပါလိမ့်မယ်။ ဘ၀ဟာ မဆုံးနိင်တဲ့ အခွင့်အရေးတွေကို ကျတော်တို့ဆီကို လေ့လာဖို့ ပေးပါတယ်။ ပိုခက်ခဲတဲ့ အခြေအနေတစ်ခုဆိုရင် ကျတော်တို့ ပိုပြီးတောင် လေ့လာရပါမယ်။
ကျတော်တို့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခြား အောင်မြင်နေတဲ့ သူတစ်ယောက်ဆီက လေ့လာမူတွေ ပြုဖို့လိုပါတယ်။ သူတို့ဟာ ကျတော်တို့ကို အများကြီး ကူညီ သင်ကြားပေးနိင်ပါတယ်။

ထို (၅) ချက်ဟာ သင့်ဘ၀မှာ အလေ့အကျင့်တစ်ခုနည်းပါး အလွတ်ရ ကျင့်သုံးနိင်လာပြီးဆို ဘ၀မှာ အောင်မြင်ဖို့ သေချာသလောက် ရှိနေပါပြီ။

နေရာတိုင်းဆီမှာ အောင်မြင်တဲ့ သူတို့ ဖြစ်နိင်ကြပါစေ။

Ref: Changeblog

အောင်ဟိန်း (ရိုးရာလေး )

အပြည့်အစုံသို့ »

သင်တစ်ခါမှ စဉ်းစားကြည့်မိမှာ မဟုတ်တဲ့ အံ့သြဖွယ် သင့်ခန္ဓာကိုယ်အကြောင်း



လူ့ခန္ဓာကိုယ်ဟာ အရမ်းအံသြဖို့ကောင်းပါတယ်။ သင့်ကိုအံ့သြသွားစေမယ့် လူ့ခန္ဓာကိုယ် အတွင်းပိုင်းနဲ့ ပတ်သတ်တဲ့အချက်တွေကို လေ့လာကြည့်ရအောင်။

၁။ လျှာပေါ်ရှိအရသာရဲ့ ၈၀% - ၉၀%နီးပါးဟာ ကျွန်မတို့ရဲ့ အနံ့ခံအာရုံခံစားမှုကြောင့်ပဲ ဖြစ်ပါတယ်။

၂။ သင့်နှလုံးခုန်နှုန်းဟာ တစ်နှစ်မှာ ၃၅၀၀၀၀၀၀ကြိမ်လောက် ရှိပါတယ်။ ပျှမ်းမျှလူ့သက်တမ်းတစ်လျှောက်မှာ လူရဲ့နှလုံးဟာ ၂.၅ကုဋေထက်မက ခုန်တယ်ဆိုတဲ့သဘောပါပဲ။

၃။ သင့်ခန္ဓာကိုယ်မှာ သွေး ၅.၆လီတာခန့် ရှိတယ်။ မိနစ်တိုင်း သင့်ခန္ဓာကိုယ်အတွင်း သုံးကြိမ် လည်ပတ်ပါတယ်။ ဒါဆိုရင် တစ်ရက်မှာ သင့်သွေးဟာ စုစုပေါင်း ၁၉၀၀၀ ကီလိုမီတာ (၁၂၀၀၀မိုင်) ခန့် သွားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အကွာအဝေးကတော့ အမေရိကန်ပြည်ထောင်စုတစ်လျှောက် ပင်လယ်ကမ်းခြေတစ်ဖက်ကနေ တစ်ဖက်အကွားဝေးလေးဆနဲ့ ညီမျှပါတယ်။

၎။ လူ့သက်တမ်းတလျှောက် ပျှမ်းမျှအားဖြင့် နှလုံးကနေ သွေးတွေ ဆီပိုင်း၁၀၀၀၀၀၀ ခန့် စုပ်ထုတ်ပေးပါတယ်။

၅။ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော အကြီးအသေး အမျှင်အားလုံး ဆက်ထားမယ်ဆိုရင် စုစုပေါင်းအရှည်ဟာ မိုင်၆၀၀၀၀ (၁၀၀၀၀၀ ကီလိုမီတာ)ခန့်ရှိနိုင်ပါတယ်။ ကမ္ဘာကြီးကို နှစ်ပတ်ခွဲ နီးပါးပတ်နိုင်တဲ့အရှည်လောက် ရှိပါတယ်။

၆။ ပျှမ်းမျှအားဖြင့် ၂မီလီမီတာ လေးပဲထူတဲ့ သင့်အရေပြားကတောင်မှ သွေးရဲ့ထောက်ပံ့မှု ရှစ်ပုံတစ်ပုံတောင် ရယူထားပါတယ်။

၇။ ဦးခေါင်းဟာ အရိုးလုံးတစ်ခုလို ထင်ရပေမယ့် တကယ်တော့ သီးခြားအရိုး ၂၂ခုပေါင်း စပ်ထားတာဖြစ်ပါတယ်။

၈။ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ အစာခြေလမ်းကြောင်းတစ်ခုလုံးကို ဆန့်ထုတ်လိုက်မယ်ဆိုရင် ၆မီတာမှ ၉မီတာ (ပေ၂၀ - ၃၀) ထိ ရှည်ပါတယ်။

၉။ အနီရောင်သွေးဆဲလ်တွေဟာ အခြားသန်း၆၀၀၀ ဆဲလ်တွေကို စားသုံးရင်း ခန္ဓာကိုယ်အနှံ့ ၄လခန့် အသက်ရှင်ပြီးတော့ သူတို့ပေါက်ဖွားရာ ရိုးတွင်းခြင်ဆီအတွင်းကိုပဲ သေဖို့ ပြန်လှည့်လာကြတယ်။

၁၀။ ဆံပင်ဟာ လစဉ် ¼ လက်မ (၆မီလီမီတာ) ခန့်ရှည်နိုင်ပါတယ်။ ပြီးတော့ ၆နှစ်ထိ ဆက်လက် ဖွံ့ဖြိုးလာပါတယ်။ ၄င်းဆံပင်ဟာ ကျွတ်ကျပြီး အဲနေရာမှာပဲ အခြားဆံပင်တစ်ချောင်းပြန်ထွက်လာပါတယ်။

၁၁။ကျန်းမာနေတဲ့ခံတွင်းကနေပျှမ်းမျှအားဖြင့်၆၀၀မီလီလီတာခန့်
 နေ့စဉ်ထုတ်ပေးပါတယ်။၁၂အောင်စရှိတဲ့ ဆိုဒါပုလင်းအပြည့်နဲ့ညီမျှပါတယ်။

၁၂။ အမြန်ဆုံးရွှေ့လျားနေတဲ့အာရုံကြောဆဲလ်တွေက သတင်းပို့တဲ့အချိန်မှာ တစ်စက္ကန့်အတွင်း ၁၃၀ကိုက်အမြန်နှုန်းနဲ့ ပြေးလွှားနိုင်ပါတယ်။

Credit: Trend Myanmar

အပြည့်အစုံသို့ »

ဥပုသ်ဟူသည်


အဋ္ဌင်္ဂီက ရှစ်ပါးသီလကို ကမ္ဘာစဉ်ဆက် ဘုရားရှင်လက်ထပ်ကစပြီး သာသနာတွင်း၊ သာသနာပ နှစ်ဌာနတို့မှာ သူတော်ကောင်းတို့သီလစောင့်ခြင်း၊ ညစာရှောင်ခြင်း၊ ရတနာ(၃)ပါးတို့၌ ဆည်းကပ်ခြင်းဖြင့် ကျင့်ကြံအပ်တာဖြစ်လို့ ဥပုသ်ရယ်လို့ ခေါ်ရခြင်းဖြစ်တဲ့အကြောင်းကို သီလက္ခန် အဋ္ဌကထာ သာမည ဖလသုတ် အဖွင့်မှာ ဖော်ပြထားတယ်။

ဥပုသ်စောင့်ရာမှာ ဥပုသ်(၃)မျိုး ရှိတယ်။

၁။ နိဂဏ္ဍ- တိတ္ထိတို့စောင့်သော ဥပုသ်- ယူဇနာတစ်ရာအတွင်းမှာရှိတဲ့ သတ္တ၀ါတွေကိုသာ မသတ်ရလို့ သိက္ခာပုဒ် ဆောက်တည်ပြီး စောင့်တဲ့ဥပုသ်ဖြစ်တယ်။

၂။ ဂေါပါလဥပုသ်- သီလဥပုသ်ခံယူပြီး ရတနာသုံးပါးရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို မအောက်မမေ့ဘဲ၊ မပွားများဘဲ ၀တ်ရေး စားရေး အစုစုတို့ကိုသာ ကြံစည်အောက်မေ့ပြီး ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

၃။ အရိယဥပုသ်- ဥပုသ်ဆောက်တည်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘတရားတွေကို ဆင်ခြင်စဉ်းစားခြင်း၊ ရတနာသုံးပါး၏ ဂုဏ်တော်တရားတွေကို အောက်မေ့ပွားများခြင်းဖြင့် ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

ဥပုသ်စောင့်တဲ့ နေ့လနှစ်တွေနဲ့ ပတ်သတ်ပြီး စတုက္ကနိပါတ် အင်္ဂုတ္တရပါဠိတော်မှာ (၄)မျိုး ဖော်ပြထားတယ်။

၁။ ပကတိဥပုသ်- (၈)ရက် လပြည့်လကွယ် ဥပုဒ်မျိုးဖြစ်တယ်။

၂။ ပတိဇာဂရဥပုသ်- အကြိုအပို့စောင့်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၃။ အဓိဋ္ဌာန်ဥပုသ်- ရက်လနှစ် ပိုင်းခြားပြီး တည်ဆောက်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၎။ ပါဋိဟာရိယဥပုသ်- အထွက်တစ်ရက်နေ့မှာစောင့်တဲ့ ဥပုသ်ဖြစ်တယ်။

ဥပုသ်နေ့မှာ ရှောင်ကြဉ်ရမည့် အချက်များ

ဘုရားရှင်လက်ထပ်တော်ကတည်းက ရဟန်းတော်တွေကို အခါအခွင့်နဲ့ ပိုင်းခြားပြီး အကပ်ခံရပုံနဲ့ ဘယ်လိုဝတ္ထုကို ဘယ်အချိန်အခါအထိသာ သုံးဆောင်နိုင်ကြောင်းကို ပညတ်တော်မူခဲ့တယ်။ အဲဒီပညတ်ချက်(၄)ပါးဟာ ဥပုသ်သည်တွေနဲ့လည်း သက်ဆိုင်တယ်။

၁။ ယာဝကာလိက- စပါးမျိုး၊ ပဲမျိုး၊ အသီးကြီးကိုးမျိုး စတဲ့ အာဟာရကိစ္စကို ပြီးစေနိုင်တဲ့ ၀တ္ထုဟူသမျှကို အရုဏ်တက်ချိန်က မွန်းတည့်အထိသာ အကပ်ခံကောင်းတယ်။ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၂။ ယာမကာလိက- ဘုရားခွင့်ပြုတော်မူတဲ့ အဖျော်ရှစ်ပါးနဲ့ အနုလောမ အဖျော်တွေကို နေအရုဏ်တက်မှ နောက်အရုဏ်တက်အထိတစ်ယာမ်အတွင်း သုံးဆောင်ကောင်းတယ်။ အကပ်ခံကောင်းတယ်လို့ ပညတ်တော်မူတယ်။

၃။ သတ္တာဟကာလိက- ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ၊ သကြား၊ ကြံသကာ၊ ဆေးငါးပါးတို့ကို တစ်ခါအကပ်ခံထားရင် ခုနှစ်ရက်အထိ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၎။ ယာဝဇိဝိတ- ပြခဲ့ပြီးတဲ့ ကာလိက သုံးပါးနဲ့ ကာလိကမှလွတ်တဲ့ ရေ၊ တံပူကို ချန်ထားပြီး ကြွင်းတဲ့ ဇီးဖြူ၊ ရှိရှား၊ သဖန်းခါးစတဲ့ အာဟာရကိစ္စကို မပြီးစေနိုင်တဲ့ ဆေးဘက်ဝင် အမြစ် အရွက် အသီး အခေါက် စသည်တို့ကို တစ်ခါအကပ်ခံထားရင် အသက်ရှင်နေသမျှ သုံးဆောင်နိုင်တယ်လို့ ပညတ်တော်မူတယ်။

ရေ၊ တံပူတို့ကတော့ ကာလိကလေးပါးလွတ်တယ်။ အကပ်ခံဖွယ်မရှိပါ။ ဥပုသ်သည်တွေအနေနဲ့ကတော့ ယာဝကာလိကကို နေ့လွဲကစပြီး မစားရပါ။ ကျန်သုံးပါး စားနိုင်ပါတယ်။

ဥပုသ်သီလဆောက်တည်ရာမှာ အပိုင်း(၄)ပိုင်းရှိတယ်။

၁။ ဘုရားရှိခိုးတဲ့အပိုင်း

၂။ သရဏဂုဏ် ဆောက်တည်တဲ့အပိုင်း

၃။ သီလတောင်းတဲ့အပိုင်း

၎။ သီလသိက္ခာပုဒ်ကို ဆောက်တည်ပွားများတဲ့အပိုင်းတို့ ဖြစ်တယ်။

သီလကို အဓိဋ္ဌာန်ပြီးလည်း ဆောက်တည်နိုင်သလို ဘုရားရှေ့မှာဖြစ်ဖြစ်၊ ရဟန်းသာမဏေရှေ့မှာဖြစ်ဖြစ်၊ သီလရှိသူ ပုဂ္ဂိုလ်တို့ ရှေ့မှာဖြစ်ဖြစ် ခံယူဆောက်တည်နိုင်တယ်။

သီလကို ဆောက်တည်တဲ့နေရာမှာ အာရုံခြောက်ပါးရှိတဲ့အနက် ဘာပဲမြင်မြင်၊ မြင်သိစိတ်ပေါ်တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာပဲကြားကြား ကြားသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာအနံ့ပဲရရ နံသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

လျှာရဲ့အရသာ ဘာပဲရရ အရသာသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ကိုယ်နဲ့အတွေ့ ဘယ်လိုပဲထိထိ ထိသိစိတ်ပေါ်တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

စိတ်ရဲ့အတွေးအကြံ ဘယ်လိုပဲရှိရှိ တွေးတောကြံစည်စိတ်ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

အ၀တ်အထည်အနားတွေ စုတ်ပြတ်သလို သီလအစ သိက္ခာပုဒ်အဆုံး ပျက်စိးခြင်းဟာ သီလကျိုးပြတ်တယ် မည်တယ်။

အ၀တ်အထည်အလယ်ပေါက်သလို သီလအလယ် သိက္ခာပုဒ် ပျက်စီးခြင်းဟာ သီလပေါက်တယ် မည်တယ်။ နွားပြောက်ကွက်လိုမျိုး ပထမသိက္ခာပုဒ်လုံခြုံ၊ ဒုတိယသိက္ခာပုဒ်ပျက်စီး စသဖြင့် လုံလိုက်၊ ပျက်လိုက် ဆက်တိုက်ဖြစ်နေမှုဟာ သီလပြောက်ကွက်တယ် မည်တယ်။

နွားကြောင်များလို သိက္ခာပုဒ် အစဉ်အတိုင်း နှစ်ခု သုံးခု ပျက်ရင် သီလပြောက်ကျားတယ်မည်ပါတယ်။

(မှတ်ချက်။ ဦးကျော်ဇေယျရေးသားသော ဥပုသ်ကုသိုလ်စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
MOI Webportal Myanmar

အပြည့်အစုံသို့ »

ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဆိုးကျိုးများ



ဆိုရှယ်မီဒီယာတွေနဲ့ အလုပ်တွေရှုပ်ပြီး မအိပ်နိုင်၊ မစားနိုင်ထိတောင် ဖြစ်နေရပြီလား။ သူငယ်ချင်းသစ်တွေ ရတာမှန်ပေမယ့် အာရုံနောက်ရတဲ့ကိစ္စတွေလည်း အရင်ထက် ပိုများလာခဲ့ပြီး မဟုတ်ပါလား။ ဒီတော့ ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်တဲ့ ဆိုးကျိုးလေးတွေ နည်းနည်းပြောပြပေးချင်ပါတယ်။ ဒါဆိုရင် ကိုယ်ရှောင်ရမယ့် အရာတစ်ချို့ကို သိသွားတာမို့ ဆင်ခြင်သင့်တာလေးတွေ ဆင်ခြင်နိုင်တာပေါ့။

၁။Facebook နဲ့ Twitter ကို တစ်မိနစ်တစ်ခါလောက် ကြည့်မိနေခြင်းမျိုးဟာ အိပ်ရေးပျက်ပြီး ခေါင်းမကြည်မလင်ဖြစ်စေပါတယ်။

ကိုယ်တင်ထားတဲ့ ပို့စ်မှာ ဘယ်သူတွေ Like လုပ်ထားသလဲ၊ ဘယ်သူတွေ ကွန်မန့်ပေးထားသလဲဆိုတာ သိရဖို့၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးက ဘာတွေများ အသစ်တင်ထားသလဲဆိုတာသိရဖို့ တစ်မိနစ်တစ်ခါ လောက် ၀င်လိုက်ထွက်လိုက်နဲ့ အင်တာနက်သုံးနေခြင်းမျိုးဟာ သင့်ကို အိပ်ရေးပျက်စေတဲ့အပြင် ခေါင်းလည်းကြည်လင်မှုမရှိစေတော့ဘူးဆိုတာ သိထားပါ။ နောက်နေ့ ရုံးသွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါ လန်းဆန်းမှုတွေ ပျောက်ဆုံးစေတာ ဘာ့ကြောင့်မှန်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ပါဦး။

၂။အရင်တွဲခဲ့တဲ့ ရည်းစားဟောင်းတွေကို unfriend လုပ်ပြီး ကိုယ့်ဘာသာကိုယ် အေးဆေးနေနိုင်အောင် လုပ်ပါ။

ရည်းစားဟောင်းတွေနဲ့ facebook မှာ သူငယ်ချင်းဖြစ်နေုတုန်းဆို၇င် သူတို့တင်ထားတဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေကို ကြည့်ပြီး စိတ်ကျဉ်းကြပ်ရတာ၊ ဒေါသပေါက်ကွဲရတာမျိုးတွေ ခဏခဏဖြစ်နေတာဟာ သင့်အတွက် ဘယ်လိုမှ မငြိမ်းချမ်းနိုင် တာမို့ သူတို့ကို ကိုယ့်ဘ၀ထဲကရော facebook လို နေရာမျိုးမှာပါ အာရုံနောက်ခံစရာအကြောင်း မရှိပါဘူး။

၃။Instagram က တစ်ခြားသော မိန်းကလေးတွေရဲ့ ဘ၀ကို မနာလိုမဖြစ်မိပါစေနဲ့။

တစ်နေ့တစ်နေ့ ဓာတ်ပုံတွေ မနားတမ်းတင်၊ ရှော့ပင်ထွက်တဲ့ပုံတွေ၊ ဟိုတယ်မှုာ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတဲ့ပုံတွေ၊ ပါတီပေးနေတဲ့ပုံတွေ စသဖြင့် အမျိုးစုံတင်နေတဲ့ တခြားသောမိန်းကလေးတွေရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး အော် သူတို့ဘ၀က သာယာလိုက်တာ၊ ငါကျတော့ ဘယ်လိုဆိုပြီး စိတ်ညစ်ခံစရာအကြောင်းမရှိသလို မနာလိုဖြစ်တာမျိုးကိုလည်း ရှောင်ပါ။

၎။Facebook ပေါ်မှာ ပေါက်ကရတွေ မလုပ်ပါနဲ့။

ကိုယ်က ပျော်စေပျက်စေဆိုပြီး ကိုယ့်သူငယ်ချင်းကောင်မလေးနဲ့ တကယ်မဟုတ်ပဲ မိန်းကလေးအချင်းချင်း relationship တင်လိုက်တာမျိုးဆိုရင် ဘယ်သူကမှ သင့်ကို အထာကျလိုက်တာလို့ ထင်မှာမဟုတ်ပါဘူး။ relationship တင်လိုက်၊ ဖြုတ်လိုက်ဖြစ်နေတဲ့သူတွေကို အားလုံးက အာရုံနောက်ရတဲ့ကြားထဲ ဒီလိုပေါက်ကရ လုပ်ခြင်းမျိုးကို ရှောင်ပါ။

၅။ကိုယ်ကြည့်မရတဲ့သူတွေ သူငယ်ချင်းတွေအကြောင်း facebook နဲ့ Twitter ပေါ်မှာ မရေးလိုက်ပါနဲ့။

ကိုယ့်ကြည့်မရတဲ့ ကိုယ့်ရဲ့အခန်းဖော်၊ သူငယ်ချင်း၊ ဒါမှမဟုတ် အလုပ်ထဲက လူတွေအကြောင်း လူတကာသိမယ့် facebook နဲ့ Twitter ပေါ် ရေးလိုက်လို့ကတော့ အခြေအနေတွေ ကောင်းမသွားတဲ့အပြင် ပိုးဆိုးလာစေဖို့ပဲ ရှိတာမို့ ဒါမျိုးတွေရှောင်သင့်ပါတယ်။

၆။ပေါက်ကရဓာတ်ပုံတွေ မတင်ပါနဲ့။

ဟိုပေါ်ဒီပေါ် ဓာတ်ပုံမျိုးတွေ၊ ကြည့်ရဆိုးလွန်းတဲ့ ပေါက်ကရပုံမျိုးတွေ တင်လိုက်ပြီဆိုရင်တော့ ကိုယ့်အလုပ်ရှင်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဒီပုံကို မမြင်ပါစေနဲ့လို့သာ ဆုတောင်းပါတော့။ ဒါဟာ သိက္ခာကျရုံတင်မကပါဘူး။ ကိုယ်က ခုမှအလုပ်လျှောက်ထားတဲ့သူဆိုရင်လည်း အလုပ်ရဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခုခေတ်မှာ ကိုယ်အလုပ်ခန့်မယ့် ၀န်ထမ်းရဲ့ faacebook ကို အလုပ်ရှင်တွေကိုယ်တိုင် ၀င်ရောက်ကြည့်ရှုနေလို့ပါပဲ။

၇။ကိုယ်တင်လိုက်တဲ့ အစားအသောက်ပုံဟာ ကိုယ်စားရတဲ့အရသာလောက်တော့ ကြည့်မကောင်းဘူးဆိုတာ မမေ့ပါနဲ့။

ချက်သမျှဟင်းတွေကို ဒိုင်ခံ facebook ပေါ်တင်နေတဲ့သူတွေအတွက် သိထားရမှာက အပြင်မှာ သိပ်အရသာကောင်းပါတယ်ဆိုတဲ့ ကိုယ့်ရဲ့ဟင်းခွက်ပုံက ဓာတ်ပုံထဲမှာတော့ မြင်ရသူကို ဆွဲဆောင်အားရှိစေမယ်လို့ မထင်လိုက်ပါနဲ့။ ဟင်းခွက်ကို ခပ်မြန်မြန်ကျော်ပစ်လိုက်တာမျိုးပဲ ခံရမှာပါ။

Ref:cosmopolitan.com

Trend Myanmar

အပြည့်အစုံသို့ »

အွန်လိုင်းပေါ် သင့်တော်တဲ့လူ ဘယ်လိုရှာကြမလဲ



ယခုခေတ်မှာ အွန်းလိုင်းဝန်ဆောင်မှုကနေ တဆင့် ချစ်သူရှာရတာ သာမန် လိုဖြစ်နေပါပြီ။ အမှန်ဆိုရရင် လွန်ခဲ့တဲ့သုံးနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ချစ်သူစုံတွဲငါးတွဲထဲတွင် တစ်တွဲဟာ အွန်လိုင်းကနေတဆင့်တွေ့ကြတယ်လို့ မကြာသေးခင်က ပြုလုပ်တဲ့စစ်တမ်းတစ်ခုက ဆိုပါတယ်။

ပိုပြီးအံ့သြစရာကောင်းတဲ့အရာက အွန်းလိုင်းကနေထက် အရက်ဆိုင်၊ ကလပ်
(သို့) တခြားလူမှုရေးကိစ္စရပ်တစ်ခုခုကနေ တွေ့ကြတဲ့ ချစ်သူစုံတွဲ ကနှစ်ဆ
များနေတယ် လို့ဆိုပါတယ်။

အကြောင်းအရင်းကတော့ ရှင်းရှင်းလေးပါ။ ဒီနည်းလမ်းက အဆင်ပြေနေ
လို့ပေါ့။
ယနေ့ခေတ်မှာ အွန်လိုင်းပေါ်ချိန်တွေ့ခြင်းဟာ အတော်လေးဖွံ့ဖြိုးတွင်ကျယ်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့တယ်။ သင်မလုပ်ကြည့်သေးဘူးဆို အွန်လိုင်းချိန်တွေ့ ၀န်ဆောင်မှု ဘယ်လောက်ကြပ်သိပ်ပြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ အံ့သြတကြီး တွေ့နိုင်ပါလိမ့်မယ်။

အထူးသဖြင့် ၀န်ဆောင်မှုကုမ္ဗဏီတစ်ခု ဖြစ်တဲ့ Match.com pre-eminant အွန်လိုင်းချိန်တွေ ၀န်ဆောင်မှုအဖြစ် ရောက်ရှိလာခဲ့ပါတယ်။

ဒါဆိုရင် ဘာကြောင့် ထက်မြတ် အောင်မြင်နေတဲ့လူတွေ ဒီနေ့အွန်လိုင်းမှာ ချိန်တွေ့နေကြတာလဲ။
ပထမဦးဆုံးအနေနဲ့ အွန်လိုင်းချိန်းတွေ့ ခြင်းက တစ်စုံတစ်ယောက်အတွက် အချိန်ပေးမပေးသင့် ဆုံးဖြတ်ချက်မချခင် သူ့အကြောင်းအနည်းအကျဉ်း သိစေတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် မတွေ့ဆုံခင် အွန်လိုင်းကနေ စကားအရင်ပြောတာက သူနဲ့ပထမဦးဆုံး
အကြိမ်တွေ့ရာမှာ ကြုံရမယ့် စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့နည်းစေ
တယ်လို့ လေ့လာချက်ကနေ သက်သေပြခဲ့ပါတယ်။

အွန်လိုင်းချိန်တွေ့ခြင်းက မချိန်းတွေ့ခင် ဖြစ်လာတတ်တဲ့ အန္တရာယ် ပြသာနာ တွေကို သိရှိသတိပြုမိစေတယ်။ တစ်စုံတစ်ယောက်နှင့် ပတ်သက်မှုရခဲ့ပြီး သင့်အတွက် အဖော်ကောင်းတစ်ယောက် တကယ်ဖြစ်တယ်ဆိုတာတော့ အသေအချာတွေ့ရတယ်။

နောက်ပြီး တချို့တွေ ထင်ကောင်းထင်နိုင်တဲ့အချက်ရဲ့ဆန့်ကျင်ဘက်က ယျေဘုယျအနေနဲ့ လူုတွေဟာ အွန်လိုင်းပေါ်ဆိုရင် ရိုးသားကြတယ်လို့ သုသေသနက ပြသခဲ့တယ်။

၁၉၉၅ ခုနှစ်ကစတင် တည်ထောင်ခဲ့တဲ့ ၎င်းဝန်ဆောင်မှုဦးဆောင်တဲ့ Match.com စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးတွေ ဖန်တီးနိုင်အောင် အထူးလုပ်ဆောင်ပေးပါတယ်။ ယခုနှစ်ပေါင်းများစွာကြာသည်အထိ သူတို့ဟာ အချစ်အောင်ဘာလေကို ဆွတ်ခူးရရှိစေဖို့ နည်းလမ်းအသစ်သစ်တွေ ရှာဖွေပေးလျက်ရှိနေပါတယ်။

Credit: Trend Myanmar

အပြည့်အစုံသို့ »

ဆယ့်နှစ်ရာသီခွင်အလိုက် ဒေါသဘယ်လောက်ကြီးတယ်ဆိုတာ သိချင်တယ်ဆိုရင်


Aries March 21- April 20

ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စည်းကမ်းမရှိတဲ့၊  လေးစားချင်စရာမကောင်းတဲ့အပြုအမှုလောက် မုန်းတာမရှိပါဘူး။ ဒါပေမယ့် သူတပါးက စိန်ခေါ်တယ်ဆိုရင် ဒေါသထောင်းခနဲ ထလာတတ်တဲ့အကျင့်ရှိပါတယ်။ ဒေါသကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် ရက်စက်တဲ့လုပ်ရပ်တွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries မှာမွေးတဲ့သူတွေကို စိတ်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးဖို့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

Taurus April 21- May 20

ခံစားချက်တွေကို ထိန်းချုပ်တတ်ပြီး ပုံမှန်အားဖြင့် သူတို့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ နေတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ စိတ်ဆိုးတယ်မဆိုးဘူးဆိုတာကို ခန့်မှန်းဖို့ ခက်တတ်ပါတယ်။ ဒါပေမယ့် ဒီတည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘူးဆိုရင်တော့ ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိအောင်ပဲ ကျွဲရိုင်းကြီးတွေလိုပဲ ကြောက်စရာကောင်းပါတယ်။ ဘယ်အချိန်တွေမှာ စိတ်ဆိုးလဲဆိုရင်တော့ သူမဟုတ်တဲ့နေရာမှာ စွပ်စွဲတာမျိုးဆို မခံမရပ်နိုင်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အတိတ်မှာ မှားခဲ့တဲ့ဖြစ်ရပ်တစ်ခုခုကို တစ်ယောက်ယောက်က သူ့ကို ပြန်စွပေးတယ်ဆိုရင် ခံနိုင်ရည်မရှိပါဘူး။ အဲဒါကြောင့် သူတို့ရဲ့အားနည်းချက်တွေကို သတိထားပြီး ဆက်ဆံဖို့လိုတဲ့သူတွေပဲ ဖြစ်ပါတယ်။

Gemini May 21- June 29

ပုံမှန်အားဖြင့် ပျော်ပျော်ပဲနေတတ်ပြီး ဖော်ရွယ်တဲ့အကျင့်ရှိသူများ ဖြစ်တဲ့အတွက် စိတ်ဆိုးတယ်ဆိုရင် သူတို့အမူအရာကို ကြည့်ပြီးတော့ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ ဒေါသထွက်လာပြီဆိုရင်တော့  အကြောင်းပြချက်တွေကို နားမထောင်တော့ပဲနဲ့ အော်ဟစ်သောင်းကျန်းတာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ်တိုင် အားရပါးရ ပြောဆိုကြိမ်းမောင်းနိုင်မှ ကျေနပ်တဲ့အကျင့်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

Cancer June 21- July 21

ချစ်စရာကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့သူတွေ ဖြစ်သောကြောင့် စိတ်မကောင်းစရာဖြစ်ရပ်မျိုးဆို သူတို့ မနှစ်သက်ပါဘူး။ သည်းခံစိတ်အပြည့်ရှိပြီးတော့ စိတ်ဆိုးဒေါသဖြစ်တာမျိုး မရှိသလောက်ပါပဲ။ တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသထွက်အောင် တမင်တကာကြံရွယ်ပြီးလုပ်တယ်ဆိုရင်တောင် တိတ်တဆိတ်ရှောင်ထွက်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်မဆိုးတတ်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင် ချွေးပြန်ပြီး နှုတ်မှ စကားလုံးတွေလုံးထွေးသွားရင်း တုန်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြပါတယ်။ မျက်ရည်ကျလွယ်ပြီးတော့ တစ်ဖက်လူက သူ့ရဲ့ရိုးသားမှုတွေကို ကြည့်ပြီးတော့ ချက်ချင်းတောင်းပန်ဖို့ ကြိုးစားတတ်ကြပါတယ်။

Leo July 22- August 21

စိတ်ခံစားမှုတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘေးနားမှာရှိတဲ့သူတွေကတော့ အေးစက်ပြီး ဂရုစိုက်တတ်တဲ့အကျင့်မရှိတဲ့သူလို့ပဲ ထင်ကြပါတယ်။ ပွဲတတ်တာမျိုးကို ဝါသနာမပါတဲ့သူဖြစ်ပေမယ့် စိန်ခေါ်တဲ့ကိစ္စရပ်တွေဆို စိတ်ဝင်စားပါတယ်။ ဒေါသထွက်လာပြီဆိုရင် သူတပါး ဂုဏ်သိက္ခာကျတဲ့အထိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ကြပါတယ်။ အဲဒါကြောင့် သူနဲ့ရန်ဖြစ်ထားတဲ့သူတွေနဲ့ တသက်လုံး ရန်ငြိုးရှိတတ်ပါတယ်။

Virgo August 22- September 21

အများအားဖြင့်တော့ သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ကို ဒေါသထွက်အောင်လုပ်တဲ့သူတွေကိုတော့ ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ ပြန်တုံ့ပြန်တတ်ကြပါတယ်။ အော်ငေါက်ဆဲဆိုပြီးတော့ ကိုယ့်ဘေးမှာရှိတဲ့ ပစ္စည်းနဲ့ကောက်ပေါက်တတ်တဲ့ အကျင့်လည်းရှိပါတယ်။ စားပွဲခုံ၊ နံရံတွေထိုးလိုက်လို့ ကိုယ့်လက်ကို နာကြင်အောင် လုပ်တတ်ကြပါတယ်။ အဲဒါကြောင့် စကားနိုင်လုပြီးရန်ဖြစ်တဲ့နေရာတွေမှာ မနေမိဖို့ သတိထားရပါမယ်။ ပြီးတော့ တခြားလူတွေရဲ့နှစ်သိမ့်ပေးတာကို ဂရုမစိုက်ပဲနဲ့ သူတို့ရဲ့ အယူအဆကို လေးစားတဲ့အကျင့်လည်း ရှိတတ်ကြပါတယ်။

Libra September 22 – October 22

ဆယ့်နှစ်ရာသီခွင်များထဲမှာမှ ချစ်စရာအကောင်းဆုံးသူများဆိုပြီးတော့ သတ်မှတ်ခြင်းခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘေးနားမှာရှိတဲ့လူအနည်းစုကပဲ သူတို့ဒေါသထွက် စိတ်ဆိုးတာမျိုးကို မြင်ဖူးကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့အကျင့်လည်းရှိကြတယ်။ ဒါပေမယ့် ထွက်ခဲတဲ့ဒေါသမီးတောက်လာပြီ ဆိုရင်တော့ အခြားရာသီခွင်တွေထက် ပိုပြီးဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။

Scorpio October 23 – November 21

တည်ငြိမ်တဲ့အကျင့်စရိုက်တော့ ရှိပေမယ့် တခါတလေ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာကျဆင်းသွားနိုင်ပါတယ်။ တချို့လူတွေက ဒေါသထွက်လွယ်တဲ့သူပဲလို့ သတ်မှတ်ကြပေမယ့် ကိုယ့်ကို ပျော်သွားအောင်လုပ်ပေးနိုင်တဲ့သူအနားမှာတော့ ဒေါသမထွက်ဖူးကြပါဘူး။ သူငယ်ချင်းဆိုရင်လည်း ရွေးချယ်ခင်တတ်ပြီး သူတို့အပေါ်မှာဆို အနစ်နာခံတတ်တဲ့စိတ်ဓါတ်အပြည့်ရှိပါတယ်။ သူ့နှုတ်ကထွက်လိုက်တဲ့စကားလုံးတွေဟာ အေးစက်ပြီးအဆိပ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်တွေကို ပြန်တွေးပြီးတော့ သီးမခံတတ်တဲ့အားနည်းချက်တွေကြောင့် သူတို့ကိုသူတို့ ခွင့်မလွှတ်နိုင်ဖြစ်တတ်ကြပါတယ်။

Sagittarius November 22 – December 20

ဒီရာသီခွင်မှာ မွေးတဲ့သူတွေကတော့ ခံစားချက်ကို အပြည့်အဝမထိန်းချုပ်နိုင်ပဲ ခံစားလွယ်တဲ့အကျင့်ရှိကြပါတယ်။ စိတ်ဆိုးလွယ်တဲ့အတွက် မထင်မှတ်ထားတဲ့ဒေါသကြောင့် ဘေးနားကလူတွေ အံ့သြသွားစေနိုင်ပါတယ်။ တခြားလူရဲ့ ချော့မေ့ပြီးပြောဆိုတာကို စောင့်ရင်းနဲ့ ဒေါသကို မြိုသိပ်ထားပြီး နှုတ်ဆိတ်နေတတ်ကြပါတယ်။ ရန်ဖြစ်တယ်ဆိုရင်တောင် အခြားသူကိုပဲ အပြစ်ပုံချပြောတတ်ကြပါတယ်။ ပြီးတော့ ဘယ်တော့မှ အရင်အလျော့မပေးတတ်ကြပါဘူး။

Capricorn December 21 – January 19

လက်တွေ့ဆန်ပြီး နည်းစနစ်ကျကျနေတဲ့သူတွေမို့လို့ သူတို့ဟာ ခံစားလွယ်တဲ့သူတွေဖြစ်သလို အရှိကိုအရှိတိုင်း ခံစားချက်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာ မာတဲ့ပုံပေါ်နေပေမယ့် သူတို့ခံစားလွယ်တဲ့အကျင့်ကို အခြားသူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကို စိတ်ဆိုးစိတ်တိုနေပေမယ့် စိတ်ကိုလွှတ်ပြီး ဒေါသကိုထိန်းထားတတ်ကြပါတယ်။ ဒါပေမယ့် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အခြားသူတွေ အလန့်တကြားဖြစ်အောင် လုပ်တတ်ပြီး လူတစ်ဦးတစ်ယောက်ကိုပဲ ဒေါသမထွက်ပဲ အနီးအနားမှာရှိတဲ့သူတွေအားလုံး မလုံမလဲဖြစ်တဲ့အထိ စွပ်စွဲပြောဆိုတတ်တဲ့အကျင့်ရှိပါတယ်။

Aquarius January 20 – February 18

သူတို့တွေကတော့ စိတ်ခံစားချက်လွှတ်လိုက်တာမျိုးကို မနှစ်သက်ပဲ ကြင်နာတတ်ပြီး စိတ်ထားမြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်။ ဒေါသထွက်ခဲပါတယ်။ လူမူဆက်ဆံရေးမှာ ကိုယ့်ခံယူချက်နဲ့ အကျင့်စရိုက်တွေ ကောင်းမွန်အောင် ကြိုးစားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ နားလည်မှုလွဲတာမျိုးဖြစ်ရင်တော့ ဒေါသထွက်တတ်ကြပါတယ်။ စိတ်ဆိုးခဲ့တဲ့ဖြစ်ရပ်တွေကို လွယ်လွယ်မမေ့ပဲ အကြာကြီးစိတ်ထဲမှာ မျိုသိပ်ထားတတ်ကြပါတယ်။

Pisces February 19 – March 20

သူတို့တွေရဲ့ အကျင့်စရိတ် အံ့သြဖို့ကောင်းတဲ့အချက်ကတော့ စိတ်ဆိုးပြီးဆိုရင် ပိုပြီးစွဲဆောင်မှုကောင်းကြပါတယ်။ ခံစားတာလွယ်တဲ့အလျောက် သူများကိုလည်း အန္တရာယ်မပြုတတ်ကြပါဘူး။ ဒါပေမယ့် သူများက ထိခိုက်ဖို့ရည်ရွယ်လာပြီဆိုရင်တော့ အားလုံးပြောင်းပြန်ဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့က ခက်ထန်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုတတ်ပြီး ဘေးနားမှာရှိတဲ့လူသို့မဟုတ် ပစ္စည်းအားလုံးကို တုန်ခါသွားအောင် လုပ်ချင်တဲ့စိတ်မျိုးရှိကြပါတယ်။ ဒေါသဖြစ်တယ်ဆိုရင် ရှင်းပြတဲ့အသံကို နားမထောင်ချင်ပဲ တစ်ယောက်တည်းနေချင်တဲ့စိတ်ရှိကြပါတယ်။ ခဏတာစိတ်ဆိုးမှုတွေကို ပြန်တွေးပြီး ခွင့်လွှတ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှ အကြာကြီးစိတ်မဆိုးတတ်ကြပါဘူး။

Ref:goodreads.com

Trend Myanmar

အပြည့်အစုံသို့ »

မိုးရာသီနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )



အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူ
အများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။

ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများကိုလည်း ၀စေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေမပါဝင်တဲ့ အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Ref: nutrition-and-you

အောင်ဟိန်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ပညာရှာ၊ အလုပ်ရှာသူတို့ အတွက် မှတ်သားဖွယ် အိုင်းစတိုင်း အဆို ၂ ခု



အိုင်းစတိုင်း အဆို - ၁

အိုင်းစတိုင်းက ပြောခဲ့တယ်... စဉ်းစားတွေးခေါ်ခြင်းက ပညာ သင်ကြားခြင်းထက် ပိုအရေးကြီးပါတယ်တဲ့။ ပညာ ကတော့သင်လိုက်တယ်။ လက်တွေလဲ အသုံးချ ပါတယ်။ သို့ပေမယ့် တွေးခေါ်စဉ်ခြင်ခြင်း၊ ဖြစ်သင့် မဖြစ်သင့်ကို စဉ်းစား ဆင်ခြင်ခြင်း မရှိပဲ စာအုပ်ကြီး အတိုင်း လုပ်နေရင် အလကား ပါပဲ။ ဒါကြောင့်မို့ Sense of imagination ကို မြင့်သထက် မြင့်နိုင်ကြဖို့ လိုအပ် ပါတယ်။

အိုင်းစတိုင်း အဆို - ၂

အဲလ်ဘတ် ဆိုင်းစတိုင်းက ပြောခဲ့ ပါတယ်။ လုပ်ဆောင်ချက် တစ်ခုကို မပြင်ပဲ ဆက်တိုက် လုပ်နေပြီး ကွဲပြားထူးခြားတဲ့ ရလဒ်ကို လိုချင်နေရခြင်းဟာ ရူးသွပ်မှု တစ်ခု ပါပဲတဲ့။

ဟုတ်ပါတယ် ရိုးရာလေး ချစ်ပရိတ်သတ်တို့။ မိမိရဲ့ လုပ်ငန်းခွင် အရည်အချင်း တိုးတက်မှု၊ ကြိုးစားမှု၊ အလုပ်ရှာဖွေရာမှာ စူးစိုက်အားထုတ်မှု၊ ပြင်ဆင်မှုတို့က မပြောင်းလဲသေးပဲနဲ့ ပိုမို ကောင်းမွန်တဲ့ အခွင့် အရေးကို မျော်လင့်နေခြင်းဟာ ရူးသွပ်မှု တစ်ခုပါပဲ။

တစ်နေ့ပြီး တစ်နေ့ မိမိရဲ့ အရည်အချင်း နဲ့ လုပ်ဆောင်ချက်များ တိုးတက်လာဖို့ ရိုးရာလေးမှ မှ ဆန္ဒပြု အကြံပေး လိုက်ရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ


လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ်ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးကသေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှည်းကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေပဲ မဟုတ်ပါလား...

အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်နိုင်မလဲ၊ ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ...

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်တယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရတယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ၊ အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား။

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြတယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)

နိုင်းနိုင်းစနေ (Saturday, November 28, 2009)

အပြည့်အစုံသို့ »

အမျိုးသားများက လုပ်နေပေမယ့် ဘယ်တော့မှ ဝန်မခံချင်ကြတဲ့အရာ (၉)မျိုး


   
အမျိုးသားအားလုံး (ယောင်္ကျားစိတ်အပြည့်ရှိတဲ့သူများသာ) က အခြားဘယ်သူမှ မသိစေချင်တဲ့ သူတို့အကြောင်းတွေရှိပါတယ်။ မသင့်တော်တဲ့အပြုအမူတွေမဟုတ်ပဲ ဝန်ခံရမှာရှက်ကြတဲ့ သေးမွှားတဲ့ဖြစ်ရပ်လေးတွေပါ။

၁။ ပုံမှန် မျက်နှာဂျီးချွတ်တတ်ကြတယ်။

ဒါယောင်္ကျားအများစုလုပ်တဲ့အရာပေါ့ ဒါပေမယ့် ဝန်မခံတတ်ကြပါဘူး။ သူတို့ ပါးသိုင်းမွှေးရိုတ်ကြတယ် ဒီလောက်ထိပဲ ပြောရင်ပြောကြလိမ့်မယ်။ သူတို့တွေကလည်း အလှကုန်ပစ္စည်းတွေနဲ့ နှုတ်ခမ်းအဆီတွေ ဆောင်ထားတတ်ကြပါတယ်။ ပြီးတော့ ပုံမှန် အလှပြင်ဆိုင်မသွားရင်တောင်မှ အိမ်မှာ ကိုယ့်မျက်နှာလေးကို ဂရုတစိုက်နဲ့ မျက်နှာနူးညံ့စေတဲ့အလှကုန်တွေ အသုံးပြုကြပါတယ်။ သူတို့လည်း အသားအရေကို ဂရုစိုက်ကြပါတယ်... ဒါသူတို့ အမှန်တကယ်လုပ်ကြပါတယ်။

၂။ မိန်းကလေးတွေသောက်တတ်တဲ့အအေးတွေကို မှာသောက်တတ်ကြတယ်။

ယောင်္ကျားလေးတွေကလည်း တချိန်လုံး ဘီယာခပ်အေးအေးကိုပဲ သောက်နေကြတာမဟုတ်ဘူး… တခါတလေ ပေါ့ပါးပြီး ပြင်ပြင်ဆင်ဆင်ရှိတဲ့ ခွက်ကလေးနဲ့ သောက်ရတဲ့အချိုရည်၊ ဝိုင်တွေကိုလည်း မှာသောက်တတ်ကြပါတယ်။

၃။ အမျိုးသမီးတွေနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းနဲ့ ဟာသအချစ်ဇာတ်လမ်းတွေကိုလည်း ကြည့်ကြတယ်။

အမျိုးသမီးတွေပဲ အဓိကမဟုတ်ပါဘူး။ အမျိုးသားတွေကလည်း ခေါင်းအုံးဖက်ပြီး ပေါက်ပေါက်ဗူးနဲ့ ဒီလိုဇာတ်လမ်းတွေကိုလည်း ကြည့်တတ်ကြပါတယ်။ “The Notebook” လို ဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေကိုလည်း သူတို့ ညနက်ထိထိုင်ကြည့်တတ်ကြတာ ဘယ်တုန်းက ဝန်ခံဖူးလို့လဲ။

၎။ ငိုကြတယ်။

အမျိုးသားတွေက ဘေးနားမှာ လူတွေများနေရင် သူတို့ရဲ့ တန်ဖိုးရှိတဲ့ မျက်ရည်ကို ဘယ်တော့မှ ကျခွင့်ပေးကြမှာ မဟုတ်ပါဘူး။ သင် လက်ခံချင်မှ လက်ခံပေါ့။ သူတို့ အလွန်ဆုံးမှ ရှိုက်ရုံလောက်ပဲရှိမှာပါ။ နှလုံးသားတစ်ခုလုံးခါဝါချပြီး ငိုပစ်လိုက်တာမျိုးက ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို့လည်း ငိုကြတယ်ဆိုတာကို သင်သိထားသင့်ပါတယ်။

၅။ မြတ်မြတ်နိုးနိုးဖက်ထားတာ ခံချင်ကြတယ်။

ဒီလိုပြောရင် မထူးဆန်းပါဘူးဆိုပြီး သင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ချစ်တဲ့ကောင်မလေးရဲ့ မြတ်မြတ်နိုးနိုးဖက်ထားတာမျိုးကိုလည်း သူတို့နှစ်သက်ကြတယ်… ဆိုလိုချင်တာကတော့ ဖက်တဲ့သူပဲ တချိန်လုံးဖြစ်မနေချင်ဘူး ခံရတဲ့သူလည်း ဖြစ်ချင်တာပေါ့။ အချစ်တွေနဲ့ ခဏခဏပွေ့ဖက်တတ်ကြတဲ့စုံတွဲဟာ ပိုပြီးနီးစပ်ကြပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေတယ်။

၆။ ဈေးဝယ်ထွက်ကြတယ်။

အဝတ်အစားဝယ်တာကတော့ မထူးဆန်းပါဘူး။ ယောင်္ကျားလေးတွေကလည်း အိမ်သာသုံးပစ္စည်းတွေ၊ မီးဖိုချောင်သုံးတွေ ဝယ်တဲ့အကျင့်ရှိကြတယ်။ ဒီလိုပစ္စည်းတွေဝယ်တော့မယ်ဆိုရင်တော့ သူတို့မိဘ၊ ချစ်သူကောင်မလေး တွေကို လိုက်ခဲ့ဖို့ မဖိတ်ခေါ်ဖူးကြပါဘူး။ ဒီကိစ္စဟာလည်း သူတို့ဘဝရဲ့ တစိတ်တပိုင်းမှာ နေရာယူထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

၇။ အခြားယောင်္ကျားလေးတွေရဲ့ ပုံစံတွေကို အကဲခတ်ကြတယ်။

မေးရင်တော့ သူတို့ဝန်ခံမှာ မဟုတ်တာသေချာတယ်။ ဂရုမစိုက်သလိုအေးစက်စက်နေပေမယ့် ကွယ်ရာကနေ သဘောကျတဲ့စတိုင်ကို အကဲခတ်ပြီး မသိမသာအတုခိုးတတ်ကြတယ်။

၈။ ပိုပြီးခန့်ညားသွားအောင် ဗိုက်သားကို ကျုံ့ထားတတ်ကြတယ်။

ဒါကတော့ ရယ်စရာကောင်းပေမယ့် တကယ်မှန်ပါတယ်။ ယောင်္ကျားလေးတွေ ဓါတ်ပုံရိုက်တော့မယ်ဆိုရင် မမြင်နိုင်တဲ့အင်္ကျီအောက်ကနေ ဗိုက်သားကို ကျုံ့ထားပြီး အသက်ရှူအောင့်ထားကြပါတယ်။ အဖေ၊ အဖိုးအရွယ်ထိ ဖြစ်ခဲ့တဲ့ ရှေးရိုးစဉ်ဆက် ခုချိန်ထိ ယောင်္ကျားတိုင်းလိုလို လုပ်လျက်ရှိကြတဲ့ ရယ်စရာအကျင့်လေးတစ်ခုပါပဲ။

၉။ ကွယ်ရာမှာ အတင်းတုပ်ကြတယ်။

ဘယ်သူက အမျိုးသမီးတွေပဲ အတင်းပြောတယ်ဆိုပြီး ပြောနိုင်လဲ။ သူငယ်ချင်းအုပ်စု အတူထိုင်ကြပြီဆိုရင် ယောင်္ကျားတွေလည်း သူတို့အနီးအနားမှာ ဖြစ်နေတဲ့ အတင်းတွေ ပြောတတ်တယ်ဆိုတာ ယုံလိုက်ပါ။ ဒီအမှန်တရားကို ဘယ်လိုယောင်္ကျားတွေကမှ ဝန်ခံချင်ကြမယ်လို့ မထင်ပါဘူး။

Ref:mensxp.com
Trend Myanmar

အပြည့်အစုံသို့ »

ကလေးများ အတွက် နည်းပညာနဲ့ဆိုင်သော အကြံပေးချက်တစ်ချို့


ပြီးခဲ့တဲ့ ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား.... ဆိုတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများအတွက် ရေးသားခဲ့ပြီးတော့
ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့ နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

နည်းနည်း စကားစချီပါရစေ။

ထိုကဲ့သို့ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကားတစ်ရပ်ကတော့ Screen time လို့ခေါ်ပါတယ်။ ထို ကရိယာတွေ ရဲ့ Screen ရှေ့မှာ အသုံးပြုနေတဲ့ အချိန်ပေါ့။ ထို Screen time ဟာ များသောအားဖြင့် ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ထိုင်နေစဉ်တွင် မလှုပ်ရှားဘဲ လုပ်ရတဲ့ အလုပ်ဖြစ်ကာ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ထိုအချိန်တွင် အသုံးပြုမူ မဆိုစလောက် နည်းပါးစေပါတယ်။ ဒီလို အချိန်တွေ ကလေးတွေမှာများလာတဲ့အခါ ညအခါမှာ အိပ်မပျော်တာ၊တော်တော်နဲ့ မအိပ်တာတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး အာရုံစူးစိုက်မူနဲ့  အ၀လွန်မူ ပြသာနာတွေဖြစ်လာပါတယ်။ ဒါက အကြမ်းဖျင်းလောက်သာ ဖြစ်ပါသေးတယ်။

လမ်းညွှန်းမူတွေ အနေနဲ့ ...

(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။
(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။

Screen time ကို ဘယ်လို လျော့ချမယ် ?

ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။

- ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။
( ဖုန်း၊ နဲ့ အခြား တပ်ပလပ်များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)

- အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။

- ကြည့်လိုသည့် တီဗီ အစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။
( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)

- အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။

- မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။

- မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။

အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။

.

Ref: childhealth

အောင်ဟိန်း (ရိုးရာလေး)

အပြည့်အစုံသို့ »

သင့်ရဲ့လက်ကိုင်ဖုန်းကြောင့် သင်တို့ရဲ့ချစ်သူဘဝ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာများ


လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို  စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Ref:seventeen.com

Trend Myanmar

အပြည့်အစုံသို့ »

လူအများ ရင်ဆိုင်နေရတဲ့ နာမည် မေ့တတ်တဲ့ရောဂါ ဖြေရှင်းနည်း


ဒီပြသနာဟာ လူတော်တော်များများရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ လူတစ်ယောက်နဲ့ ခဏခဏ ဆုံနေပေမယ့် သူ့နာမည်ကို ဘယ်လိုမှ မမှတ်မိနိုင်ဘူး ဆိုပြီး ငြီးနေတဲ့သူတွေ အများကြီးပါ။ ဒီအကြံပေးချက်လေးတွေကို သင်လိုက်နာမယ်ဆိုရင်တော့ ဒီပြဿနာထဲကနေ အလွယ်တကူ သင်ရုန်းထွက်နိုင်ပါလိမ့်မယ်။

ပြုလုပ်ရမယ့် အချက်တွေကတော့……

ပြန်ရွတ်ပါ : သင် လူအသစ်တစ်ယောက်နဲ့ ပထမဆုံးတွေ့ဆုံတဲ့အချိန်မှာ သူ့နာမည်ကို ထည့်ပြီးတော့ နှုတ်ဆက်ပါ။ “တွေ့ရတာဝမ်းသာပါတယ်၊ မချယ်ရီ” ဆိုပြီးတော့ပေါ့။

စကားလုံးအကူအသုံးပြုပါ : နာမည်နဲ့ လူလိုက်ဖက်မှုရှိအောင် စကားလုံးအကူအသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ “ဝတုတ်ချယ်ရီ” စတဲ့ သူခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့်စကားလုံးနဲ့ နာမည်ကို တွဲမှတ်ထားပါ။ ဒီကိစ္စဟာ ပါးစပ်နဲ့ သူ့နာမည်ခေါ်တဲ့အချိန်မှာ ထုတ်မပြောမိဖို့တော့ သတိထားရလိမ့်မယ်။

မှတ်တမ်းပြုလုပ်ပါ : နာမည်အသစ်ကို ကိုယ်သုံးနေကျ ဖုန်း၊ မှတ်စုစာအုပ်၊ ကွန်ပျူတာ စတဲ့ကိုယ်နဲ့ အမြဲအထိအတွေ့ရှိတဲ့ ပစ္စည်းလေးတွေမှာ မှတ်ထားမယ်ဆိုရင် သူ့နာမည်နဲ့ပိုပြီး ရင်းနှီးလာပါလိမ့်မယ်။

အပေါ်ကအချက်တွေလိုက်နာရင်တောင် ပြဿနာက ထပ်ပြီးရင်ဆိုင်နေတုန်းပဲဆိုရင်တော့…….

တစ်စုံတစ်ယောက်ရဲ့ နာမည် မမှတ်မိနိုင်ဘူးဆိုရင်တောင် သူနဲ့ ပထမဆုံးတွေ့ဆုံ ပတ်သတ်ခဲ့တဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်ပြီး မှတ်မိနိုင်ပါတယ်။  အဲဒါကြောင့် “ကျွန်တော်က နာမည်မှတ်မိတဲ့နေရာမှာ အရမ်းညံ့တာ၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော် ကိုသန့်စင်မွေးနေ့မှာ ဆုံခဲ့ကြတာတော့ မှတ်မိပါတယ်” ဆိုပြီး ကိုယ့်အဖြစ်ကို ကိုယ်ပြန်ဖာထေးလို့ရပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

တစ်နေ့တာလုံး အဆင်ပြေ ပျော်ရွှင်နိုင်စေဖို့ ကူညီပေးနိုင်တဲ့ အချက် (၅) ချက်




မနက်မိုးလင်းတဲ့အချိန် အိပ်ယာပေါ်ကဆင်းလိုက်တာနဲ့ တစ်နေ့တာ အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ အားအင်တွေကို ခုလို ရယူကြည့်လိုက်ပါ။

၁။ပျော်ရွှင်မှုအပြည့်နဲ့ လှုပ်ရှားပါ။

မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာဟာ တစ်နေ့တာလုံး လန်းဆန်းပြီး တက်ကြွနေစေဖို့အတွက် အကူအညီပေးနိုင်မှာပါ။ ဒါပေမယ့် မလုပ်လို့မဖြစ်တဲ့အတွက် လုပ်နေရတာမျိုးမဟုတ်ပဲ စိတ်ပါလို့ လုပ်တဲ့ လေ့ကျင့်ခန်းဆို ပိုမကောင်းဘူးလား။ ဒီတော့ ကိုယ်ကြိုက်တဲ့ အမိုက်စား သီချင်းတွေချည်းပဲ Playlist လုပ်ပြီး ဖွင့်လိုက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ရင်တောင် သီချင်းဖွင့်ပြီး ပေါ့ပေါ့ပါးပါး ကလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။

၂။ရေများများသောက်ပါ။

ညအိပ်ချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို မနက်မှာ ပြန်လည်ဖြည့်ပေးဖို့ဟာလည်း ခန္ဒာကိုယ်အတွက် အရေးအကြီးဆုံးအချက်မို့လို့ ရေများများ သောက်ပေးဖို့ မမေ့ပါနဲ့။

၃။တစ်နေ့တာကို အင်အားနဲ့ ဖြတ်သန်းနိုင်ဖို့ မနက်စာကောင်းကောင်းစားပါ။

လူတစ်ယောက်အတွက် မနက်စာဟာ အရမ်းကို အရေးကြီးပါတယ်။ မနက်စာကို ကောင်းကောင်းစားထားတဲ့သူဟာ တစ်နေ့တာကို အဆင်ပြေပြေ အင်အားအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ သေချာသလောက်ကို ရှိတာကြောင့် အာဟာရပြည့်ဝတဲ့ မနက်စာကို သေသေချာချာ စားပါ။

၎။လှပအောင် နေထိုင်ပါ။

မနက်ပိုင်းမှာ ၀ရံတာခဏထွက်လိုက်ပြီး မနက်ခင်းအလှအပကို ခံစားပါ။ စိတ်အေးချမ်းအောင်ပေါ့။ အဲ့ဒီနောက် ရေချိုး၊ အလှအပ ပြင်ဆင်ပြီး ဖက်ရှင်အတွက်ကိုလည်း ကိုယ့်စိတ်ကြိုက် ၀တ်ဆင်ပါ။ ဖြစ်သလို ၀တ်စားတာမျိုးတွေ မလုပ်ပဲ လူတကာငေးသွားရအောင် ပြင်ဆင်ပြီးမှ ထွက်ပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း တစ်မျိုးပဲမို့ တကယ့်ကို အကျိုးထူးစေပါလိမ့်မယ်။

၅။ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းအောင် ပြင်ဆင်ပါ။

ခန္ဓာကိုယ်အတွက် အချိန်ပေးပြီးတဲ့နောက် စိတ်အတွက်လည်း အချိန်နည်းနည်းပေးလိုက်ပါ။ ၀င်လေ ထွက်လေ ရှုတာမျိုး၊ စိတ်ငြိမ်အောင် တရားမှတ်တာမျိုးကို အချိန်ခဏပေးလိုက်ပါ။ အဲ့ဒီနောက်မှာတော့ ဘယ်လိုအရာမျိုးတွေက သင့်ဘ၀အတွက် အကျိုးပြုတယ်၊ အရေးပါတယ်ဆိုတာမျိုးတွေကို စာအုပ်မှာ ချရေးလိုက်ပါ။ စိတ်ကြည်နူးအောင် ခုလို ပြင်ဆင်ပြီးပြီဆိုရင်တော့ အပြင်လောကကြီးကို လှမ်းထွက်ဖို့ ပြင်ဆင်လိုက်ပါတော့။



Ref:womenshealthmag.com
Trend Myanmar

အပြည့်အစုံသို့ »

ရုပ်လှစရာမလို အနေလှဖို့သာလို


မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။

ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွှတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။

မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။

မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။

မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။

မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။

မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်း ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘဝခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး... လောကမှာချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာအလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧဝကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။

မူရင်းလင့် ---- http://bbs.tianya.cn/post-210-116936-1.shtml

နိုင်းနိုင်းစနေ (Friday, September 17, 2010)

အပြည့်အစုံသို့ »

ကံအကြောင်းမလှခဲ့တဲ့ စောမွန်လှ


AD- 1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ မြန်မာနိုင်ငံကို တည်ထောင်သော အနော်ရထာမင်း နန်းတက် လေသည်။ ထိုအနော်ရထာ မင်းလက်ထက်တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည် ငထွေရူး- မြင်းမူအရပ်သား ထန်းတက်သမားဖြစ်သည်။
ထန်းပင် အပင် တထေါင်ကို တက်ခါဆင်း ခါလှီးသည်မှာ တနံနက်အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။

ငလုံးလက်ဖယ်- ပုပ္ပါးအရပ်သား၊ နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။

ညောင်ဦးဖီး- ညောင်ဦးအရပ်သား ညောင်ဦးကမ်းပါးက ပြေးဆင်း၍ ဧရာဝတီ တဖက်ကမ်းသို့ လက်ပစ်ကူးသည်၊ နောက်ဖက်ကမ်းသို့ ရောက်သော် ခြေမထောက်ခဲ့ဘဲ ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။

ထို ၄-ဦးအပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည်၌ မိရိုးဖလာနတ်၊ နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထိုအရည်းကြီး များသည် ထိမ်းမြားမင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့ ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။

ထိုထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထိုထုံးစံကို မလိုက်နာသော် မင်းဒဏ်ခံကြရ၏၊ ထိုသို့ ရှိစဉ် သထုံပြည်မှ ရှင်အရဟံမည်သော ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။

သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ ပိဋကတ်တော် များရှိကြောင်း ကြားသိရသော လက်ဆေင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။

ထိုသို့တိုက်စဉ် ကကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း ပါလာလေသည်။ ထိုစဉ် သထုံပြည်၌ ဗျတ္တ၏အကို---ဗျတ်ဝိ၏ အပေါင်အလက်တို့ကို ဆေးစီရင်၍ မြုပ်နှံထားသည် နှင့် မြို့ရိုးကိုမ၀င်နိုင်ရှိရာ၊ ဗျတ္တက မရီးကို မြေးမြန်း၍- မြုပ်ထားရာကို သိရှိ-ဖေါ်ယူပစ်လေမှ ၀င်နိုင်ကြလေသည်။

ပဒေသရာဇ်ခေတ်တွင် "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက် ခံရသောအမျိုးသာတို့၏၊ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်လွတ်လပ် ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင်ငံတော်ပိုင် နယ်နိမိတ်ကို စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။ "

အဆိုပါ သဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည်။ မြန်မာနိုင်ငံ စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်။
စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ခေတ်သမိုင်း အဆက်ဆက်တွင် ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

မြန်မာတို့အောင်နိုင် ကြသောအခါ မနူဟာမင်းနှင့် တကွ ပိဋကတ်တော် တို့ကို၎င်း၊ နှုတ်မှု-လက်မှု -ပညာသည် တို့ကို၎င်း၊ ထိုသို့ တိုက်ခိုက် ဆောင်ယူခဲ့လေသည်။ ဤသို့သထုံမှ ဗုဒ္ဓဘာသာ ပိဋကတ်တော်များ ရောက်လာသည် ကစ၍ ပုဂံပြည်တွင် အရည်ကြီး တို့သာသနာ မှေးမိန် သွား၍ ဗုဒ္ဓသာသနာတော်- တည်မြဲ- ကြီးပွားလေတော့သည်။

အနော်ရထာမင်းလက်ထက် သထုံပြည်ကို အောင်နိုင်ခဲ့ကာ ပိဋကတ်သုံးပုံနှင့် မွန်စာပေတို့ကို သထုံပြည်မှ ပုဂံပြည်သို့ သယ်ဆောင်လာခဲ့ သော်လည်း မြန်မာဘာသာကို မွန်အက္ခရာ ဖြင့်ရေးသားနိုင်ခြင်း မရှိသေးသည့်အပြင် ထိုအချိန်ထိ မြန်မာစာကို ဖန်တီးနိုင် ခဲ့ခြင်းလည်း မရှိသေးပေ။

အနော်ရထာမင်းကိုယ်တိုင် ရေးထိုးခဲသည်ဆိုသာ် အုတ်ခွက်စာတို့မှာ ပါဋိဘာသာကို မွန်အက္ခရာ ဖြင့်သော်၎င်း၊ နာဂရိအက္ခရာ ဖြင့်သော်၎င်း ရေးသားထား သည်ကို တွေ့ရပါသည်။

မြန်မာတို့သည် မွန်အက္ခရာနှင့် မြန်မာစာကိုလည်း တီထွင်ဖန်တီးရန် အားထုတ်ကြိုးစားနေမည် မှာအလွဲပင်ဖြစ်သည်။ သို့ရာတွင် အောင်မြင်မှု့ မရသေးပေ။

အနော်ရထာမင်းနှင့် စောလူးမင်းလက်ထက်တွင် ပါဋိဘာသာကို သာနာဂရိအက္ခရာ ၊မွန်အက္ခရာဖြင့် တိုတိုတောင်းတောင်းပင် ရေးသားမှတ်တမ်း တင်ခဲ့ကြသည်ကိုတွေ့ရသည်။ မြန်မာစကားကို စာဖြင့်ရေးသား ခဲ့သည်မှာ ခရစ်နှစ် ၁၁-ရာစုဦးက ပင်ဖြစ်သည်။ စောလူးမင်းလက်ထက် ရေးထိုးခဲ့သည်ဟု ယုံကြည်ရသော ကျောက်စာမှာ ပါဋိဘာသာကို မွန်အက္ခရာဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။

မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များသည် ခရစ်တော် မပေါ်မှီ BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့သော ဗြာဟ္မီ အရေးအသား ကနေမြစ်ဖျားခံခဲ့သည်ဟု လက်ခံကြသည်။ အစောဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ် AD-11-12 ရာစု မှာတွေ့ရှိရပြီး ရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန် ဖြစ်သည်။

အနော်ရထာမင်းသည် အမေနူဟာဘုရင် အားသုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။

မနူဟာမင်းကြီး တည်ထားခဲ့ မနူဟာဘုရား

မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း (မကုတ) တည်ခဲ့သော ဘုရားဖြစ်သည်။ မြင်းကပါ အရပ်တွင်တည်ထားသည်။ ဘုရားဂူအတွင်း၌ ရှေ့ ဘက်တွင် ထိုင်တော်မူ ဆင်းတုတော်ကြီး ၃ ဆူနှင့် အနောက်ဘက်တွင် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမား တော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာ အပြည့် ဖြစ်နေကြသည်။

ဆင်းတုတော်ကြီးများသည် မလှုပ်သာ မှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့  မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။

သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသည် ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထားအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင် ၀တ်သောနန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။

မနူဟာမင်းကြီးသည် ဘုန်းတန်ခိုး အာနုဘောကြီး၍ စကားပြောသော အခါ ခံတွင်းက စက်ပြောင်ပြောင် အရောင်ထွက် တတ်၏ အနော်ရထာသည် စိုးရိမ်ကြောက်လန့ှ်ု မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကိုစေ၏။ မနူဟာမင်း စားမိ၍ ဘုန်းတန်ခိုး ပြယ်လေသော၊ စိတ်လက်ညိုး နွမ်းသည်နှင့် မိမိ၏ လက်စွပ် ကိုရောင်းပြီး ဘုရားတည်လေသည်။ ယခုတိုင် မနူဟာဘုရား ဟုရှိ၏ " ဖြစ်လေရာ ဘ၀၌ သူတပါး၏ နိုင်ခြင်းတို့ မခံရပါလို၏ ဟုဆုတောင်း ခဲ့လေသည်။ " နောက်မကြာမီ မနူဟာမင်း နှင့်မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာက ရွှေစည်းခုံဘုရားသို့ ဘုရားကျွန် အဖြစ်ဖြင့် လူလေသည်ဟုဆိုသည်။

အနော်ရထာသည်၊ ထိုကဲ့သို့ သာသနာရေးကို ဗန်းပြကာ အခြားတိုင်းပြည်များကို ၀င်ရောက်ကျူးကျော် တိုက်ခိုက်ရန် စိတ်အားအလွန် စိတ်အား တက်ကြွလာပြီးလျှင် ရခိုင်ပြည်ရှိ မဟာ မုနိရုပ်ပွါးတော် ကိုလည်းပင့် ယူရန် သွားရောက်သေးသည် သို့သော်လည်း အထမမြောက် မယူနိုင် ဖြစ်လေသည်။

တဖန် အေဒီ ၁၀၅၈ မှာ ပုဂံပြည့်ရှင် အနော် ရထာမင်းဟာ ဂန္ဓာလရာဇ် (ယခုတရုတ်) ပြည်၌ စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်းပါ၍ စွယ်တော်မြတ်အား မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။

ထို့ကြောင့်စစ်သည် အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏ မြို့တော် တာလီ အထိချီတက်ခဲ့သည်။ နန်ချောက်ဘုရင် ဥတည်ဘွား သည်လည်း မြို့တော်တံခါးကို အလုံပိတ်၍ အပြင်းအထန် ခုခံခဲ့ရသည်။
နောက်ဆုံး အနော်ရထာ မင်းကြီးက " အဆွေတော်တို့ တိုင်းပြည်သို့ လာရောက် ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ္တရာ ချမ်းသာဖြစ်တဲ့ စွယ်တော်မြတ်ကို ကိုးကွယ် ဆည်းကပ်ရန် လာရောက်တောင်းခံ ရခြင်းဖြစ်ပါတယ်ဟု မိန့်ရာ" ဘုရင် ဥတည်ဘွားက စွယ်တော်မြတ်က ကိန်းဝပ်တော်မူလိုသော် ပင့်တော်မူနိုင်ခဲ့သည် ဟုဆိုသည်။

အနော်ရထာမင်းလည်း ရတနာပန်း တောင်းကို ဦးခေါင်းတွင်ရွက်၍ သက်ဆင်း တော်မူရန် အဖန်ဖန်တောင်းပန် ခယသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ ဆင်းသက်တော်မမူသဖြင့် များစွာကြေကွဲ ဝမ်းနည်းခဲ့ရသည်။ သိကြားမင်းလည်း အနော်ရထာမင်းကြီး စိတ်သက်သာရာရစေရန် ကိုယ်ထင်ပြ၍ ဤစွယ်တော်မြတ်ကို မင်းကြီးအား ကိုးကွယ်စေဟု ဘုရားရှင်၏ ဗျာဒိတ်တော်မရှိခဲ့၊ သရေခေတ္တရာ ပြည်မှာရှိသည့် သင်းကျစ်တော် ဓာတ်ကိုသာ သင်မင်းကြီး ရလတ္တံ့ဟုသာ ဗျာဒိတ်ရှိသည်။ စွယ်တော်မြတ်မှာ ဂန္ဓာ လရာဇ်တိုင်း၌ သာသနာ ၅,ဝဝဝ တိုင်အောင် တည်စေလိမ့်မည်ဟုဆိုကာ မင်းကြီးအား သိကြားမင်းက မြဆင်းတုတော်ကို ပေးအပ်ခဲ့သည်ဟုဆိုသည်။

မှတ်ချက် - မြန်မာ့သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက ဘုရင်နော်ရထာသည် ယခုလက်ရှိ မြန်မာနိုင်ငံဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထ အုပ်စီးနိုင်ချင်း မရှိသေးပါ တရုတ်ကို ရန်စရန်မှာ မဖြစ်နိုင်ပါ မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ တရုပ်ပြည်ကြီးထဲထိ ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ မရှိဟုဆိုသည်။

အနော်ရထာမင်းကြီးလည်း မြဆင်းတု တော်ကိုပင့်၍ ပုဂံသို့ပြန်လာခဲ့ပြီး အပြန် ခရီးတွင် မိုင်းမောဝ်ပြည်ကြီးသို့ ဝင်ရောက်ခဲ့သည်။ အနော်ရထာမင်းနှင့် မိုင်းမောဝ်ဘုရင် ခွန်ဟိုမိန်း တို့တွေ့ဆုံခဲ့ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန် မိုင်းမောဝ် ဘုရင် ခွန်ဟိုမိန်းက သမီးတော်စောမွန်လှ နှင့်အတူ နှောက်လိုက်နှောက်ပါ များကိုပါ ပေးအပ်ခဲ့လေသည်။

သျှမ်းသမိုင်းအဆိုရ မေ၀်ဘုရင် စဝ်ခွန်ဟိုမိန်းတွင် သားသမီး အမွှာ နှစ်ယောက်ရှိလေရာ သမီးတော်ကြီး စဝ်မွန်လှ ရုပ်ရည်ချောမော လှသူတယောက်ဖြစ်သလို အသက်တော်၂၈ နှစ်ရှိပြီဖြစ်ပြီး အပျိုကြီးဘ၀ဖြင့် ဗ္ဓုဒ္ဓဘာသာတရားကို လွန်စွာမှ ရိုသေကိုင်းရှိုင်းသူ အဖြစ် မေ၀်နန်းတွင်းသာက တောရောမြို့ပါ သိကြ၍ ပြည်လူအများ လေးစား ခြင်းချစ် ကြည်ညို ခဲ့ရတဲ့ မင်းသမီးလေးတပါး ပင်ဖြစ်သည်။ မင်းသားတာ် ဖြစ်တဲ့ မောင်တော် စဝ်ကော်လျန်း သည်လည်း တိုက်ရေးခိုက်ရေး ထက်မြက်သောမင်း တပါးဖြစ်သည်။

သျှမ်းမင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံးအရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီကိုတည်လေသည် ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်ဟု မြန်မာ့သမိုင်းက ဆိုသည်။

မင်းသမီးလေး စောမွန်လှရဲ့ နောက်လိုက် အချို့တို့သည် ယခုကျောက်ဆည် အရောက်တွင် ကျောက်သားများဖြင့် ဆည် ကံသင်းများ ပြုလုပ်ခဲ့ပြီး လည်မြေစပါး စိုက်ပျိုးကာ ပုဂံပြည်သို့ ဆက်သ ပို့ဆောင်ခဲ့ရသည်။ ထိုကြောင့်ထိုဒေသကို ကျောက်ဆည် လို့အမည်တွင်ခဲ့ကြောင်း သမိုင်းက ဆိုသည်။ ယခုကျောက်ဆည် နားတွင် မိန်းမောရွာသည် ရှိနေပါသေးသည်။
ပုံဂံသို့ ရောက်ရှိ သောအခါ မင်းသမီးလေး စောမွန်လှသည် လောကီကို ငြီးငွေ့နေသောကြောင့် ပုညကြိယာ ၁ဝ ပါး ဖြင့်မွေ့လျော်ပြီး သာသနာတော်ကို လွန်စွာ ချီးမြှောက်ခဲ့သည်။ အနော်ရထာမင်း ဟာလည်း သျှမ်းမင်းသမီးလေး စောမွန် လှကို မြတ်နိုးတော် မူလှတဲ့အတွက် မိဖုရားအချင်းချင်း မနာလိုမုန်းတီး မှုတွေဖြစ်ပေါ်ခဲ့ရာက ပုထုဇဉ်တို့ သဘောအရ ပုဂံနန်းတွင်းတွင် အိမ်ထောင်ရေး၊ လူမှုရေး မကျေလည်မှုများ ပေါ်ပေါက်ခဲ့ လေတော့သည်။

မိဖုရားစောမွန်လှရဲ့ နားတောင်းတော်မှာ မွေတော် ကိန်းဝပ်တော်မူပြီး ရောင်ခြည်တော် ကွန့်မြူးတာကို ဇော်ဂနီ စုန်းကဝေလို့ စွပ်စွဲပြီး မင်းကြီးထံ မဟုတ်မမှန် လျှောက်တင် ကြလေသည်။

မင်းကြီးလည်း မယုံကြည်၍ စောမွန်လှ ဘုရားဝတ်ပြု ရာသို့ တိတ်တဆိတ် ချောင်းမြောင် ကြည့်ရာတွင် ထိုသို့ ကွန့်မြူးသည်ကို မြင်တွေ့ရှိ၍ ယုံကြည်ရနိုး ဖြစ်နေစဉ် စောမွန်လှနှင့် နောက်လိုက် နောက်ပါ သျှမ်းတို့သည်လည်း သျှမ်း အစားစာဖြစ်သော ငါးချဉ်၊ ၀ါးပိုး၊ အသားချဉ် စသောအခြား အစားအစာများ ကိုစားသောက် ကြသည်ကို ကြည့်ရှု့၍ ဧကန်မုချ စုန်းမ- ဖြစ်ကြောင်း ယုံကြည်သည်နှင့် နေရင်း သျှမ်းပြည်သို့ ပြန်စေဟု နှင်ထုတ် လိုက်လေသည်။
နဖူးစာရေစက် ဒီတင်ပြတ်တာမို့ အနော်ရထာမင်းအား ယုံစား သက်ဝင်တော်မူ ခြင်းမရှိလှကာ သျှမ်းမင်းသမီး စောမွန်လှသည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည့်အပြင် မိမိရိုးရာ အစားအစာများအား အပြစ်တင် ကဲ့ရဲ့ရှုတ်ချ မိမိဂုဏ်သိက္ခာ ကိုလည်း စော်ကား ခံရသည်ဖြစ်၍။

မိမိဖခင် ပင်လျင်လည်း ကမ္ဘောဇ ပြည့်ရှင် မောဝ်ကိုးပြည်ထောင်ကို အစိုးရတဲ့ အရှင်သခင် ဖြစ်သည့် အလျှောက် ကြောက်ရွံ့ခြင်း အလျှင်မရှိ အခြွေအရံ အနည်းငယ်မျှနှင့် မိမိမွေးဌာနီ မေ၀်ပြည် ဖက်သို့ ထွက်လာခဲ့လေသည်။ ပုဂံပြညမှထွက်ခွာလာပြီး ၁၀ရက်မြောက်သောနေ့၌ ယခုဘုရား တည်ရာနေရာနဲ့ တစ်မိုင်အကွာ ပန်းချောင်းအတွင်း ဖြတ်ကူးစဉ်မှာ နားမှ ကျွတ်ပြီး ကောင်းကင်မှာ စာဝတီးငှက်များ ရံလျက်တည် ရှိတာကို အကြောင်းပြုလို့ ထိုအရပ်ကို ရွှေစာရံ လို့ ခေါ်တွင်ခဲ့ပြီး ပန်းချောင်းကိုလည်း နားတောင်း ကျချောင်းရယ်လို့ ယနေ့ထက်တိုင် ခေါ်တွင်ခဲ့ကြပါတယ်။

ငါးတောင်ပြည့် ရွှေစာရံစေတီတည်ထားတဲ့ အုတ်ချပ်ရေ ၁၅၄ ချပ်ကို `အုတ်ချပ်ရေက ဝမ်းဘဲဥ ပြောင်းပြန်လှန်၊ ဘုရားမူရင်း အုတ်ချပ်သွင်းခဲ့တယ်’လို့ မှတ်သားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်က တည်ထားခဲ့တဲ့ စေတီ ဖြစ်တဲ့အတွက် တဖြည်းဖြည်း မေ့ပျောက် တိမ်ကောခဲ့ရာမှ ၁၉၈၉ ခုနှစ်မှာ ရွှေစာရံဘုရားကို ပြန်လည် ဖော်ထုတ်ခဲ့ပြီး လူသိများထင်ရှား လာတာ အနှစ် နှစ်ဆယ် နီးပါးမျှသာ ရှိပါသေးတယ်။

ရွှေစာရံစေတီဟာ မန္တလေးမြို့မှ ပြင်ဦးလွင် ကားလမ်းအတိုင်း ၁၃ မိုင်အကွာမှာရှိတဲ့ အုန်းချောကျေးရွာလမ်းခွဲက တောင်ဘက် သုံးမိုင်နှစ်ဖာလုံအကွာ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်၊ ရွှေစာရံ ဂေါက်သီး အားကစားကွင်းနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ်(၄) ရဲတပ်ရင်းတို့ကို ဖြတ်ပြီး အဘယခေမာ ကုန်းသာယာ (ဘေးကင်း၍ အေးချမ်းသာယာသော ကုန်းမြေ)မှာတည်ရှိပါတယ်။ ပုဂံပြည့်ရှင် အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ သျှမ်းမင်းသမီး တည်ထားခဲ့တဲ့ ဘုရားဖြစ်တဲ့အတွက် `မိဖုရားစောမွန်လှ တည်ထားကိုးကွယ် တော်မူခဲ့သော ရွှေစာရံမြတ်စွာဘုရား’ စေတီတော် ဖြစ်ပါသည်။ (သျှမ်းတို့နဲ့ ဗမာတို့ ဖြစ်ပျက်ခဲ့ ခိုင်မှာသော သက်သေ သမိုင်းအထောက် အထားတရပ်ဖြစ်ရှိနေပါတယ်)

ခရစ်နှစ် ၄၁၆ ခုနှစ်မှာ ရွှေစာရံအမည် သမုတ်တဲ့ ဆယ့်တစ်မီးငြိမ်း စေတီကို ဘုရားဒါယိကာမစောမွန်လှဟာ နားတောင်းတော်ကို ဌာပနာလို့ ကမ္ဘာတည် သရွေ့ ထေရဝါဒဗုဒ္ဓဘာသာ အရှည်တည်တံ့ စေရန်အလို့ငှာ ငါးတောင်ပြည့် တည်ထားခဲ့ ပါတယ်။ မိဖုရား ဘုရားတည်တယ်လို့ ကြား သိတော်မူတဲ့ အနော်ရထာမင်းမြတ်ဟာ မင်းချင်းတွေကို စေလွှတ်လို့ ထောက်လှမ်းစေပါတယ်။

ဘုရားမုတ်ဝ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုတ်ကို အရှေ့ သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေ ဟု မင်းချင်းများကို စေလွတ်လိုက် လေသည်။

မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီး စောမွန်လှက တန်စိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန် သိရသော အခါမှ။ ၎င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ ငါးတောင်ပြည့်ရွှေစာရံ စေတီငယ်ကို မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီ ကိုပတ်ချည်၍ လှည့်လေရာ ဘုရားလည်၍ မုတ်ဝ အနောက် ဖက်မကျ အရှ့ဖက်မကျ (သျှမ်းပြည်မကျ မြန်မာပြည်မကျ) သို့ရောက်လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှ ကိုချမ်းသားပေး၍ ပုဂံသို့ပြန်ကြလေသည်။

(ဤဘုရားသည် ရွှေစာရံဘုရား ဟု ယခုထက်တိုင် ကျော်စောလှပေသည်။ စောမွန်လှ နားတောင်းကျခဲ့သော စမ်းချောင်းကို ယနေ့တိုင် နားတောင်းကျချောင်း ဟုခေါ်ဆိုကြသည်။)

ထိုအချင်းရာကို အနော်ရထာမင်း ကြားသိရသော ကျေနပ်ဝမ်းမြောက် သည်နှင့်အညီ ၎င်းဘုရား ပတ်လည်တွင် မြေတာ- တစ်ထောင် လှူတော်မှုသည် နောင်အခါ၊ ပုဂံ- အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မှုသည်။ နောက်အင်းဝ- မိုးညှင်းမင်းတရာကြီး "သီရိတြိဘ၀နာဒီတျာ ပ၀ရပဏ္ဍိတ ဓမ္မရာဇာ" ဘွဲ့ခံ မိုးညှင်းသတိုး(၇၈၈-၈၀၁) သံတောင် ၃၀- အထိမြင့်၍ တည်တော်မှုသည်။

ဤအချင်းရာများကို ထောက်ရှုခြင်း အားဖြင့် သျှမ်းများနှင့် မွန်တို့သည် အနော်ရထာမင်းထက် ဗုဒ္ဓဘာသာကို စောလျင်စွာ ကိုးကွယ်နေပြီးဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာ အရာအရပ်၌ ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတဆူကို တည်လေသည် ။
ထိုစေတီကို သျှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ အချို့က အကြိုထောက်တဲ့ ပေါ့(ဖခင်) စော်ဘွားကြီး စောလုံဟုမ်မိန်းနဲ့ မောင်တော် ခွန်ကော်လန်းတို့နဲ့ တွေ့တဲ့အတွတ်ကြောင့် ဘော်ကြို ဘုရားဟုခေါ်သည်။ ထို့နောက် မင်းသမီးလေး စောမွန်လှသည် စိတ်ရော လူပါပင်ပန်း ဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် နတ်ရွာလားခဲ့ရပါတယ်။

သျှမ်း မင်းသမီးလေး စောမွန်လှသည် တိုင်းတပါးသို့ လိုက်ပါသွားရကာ မိဖုရား အဖြစ် တင်မြောက်ခြင်း ခံရသော်လည်း ရှေးဘ၀ ကုသိုလ်ကံ အကြောင်းမလှခဲ့၍ ပုဂံပြည်မှ နှင်ထုတ်ခြင်းခံရကာ အပြန်လမ်းတွင် မိမိကိုးကွယ် ယုံကြည်ရာ ဘာသာတရား ကောင်းမှုကုသိုလ်များ ပြုလုပ်နေပါသော်လည်း ဖမ်းဆီးသတ်ဖြတ်မည်ဟု ကြိမ်းမောင်းခြင်း ခံခဲ့ရရှာကာ ဖခင်ဘုရင်ကြီး မော်တော် စ၀်ကော်လျန်းနှင့် သီပေါ ဘောကြိုမှာတွင် တွေ့ဆုံပြီး ချိန်မှ ကံတော်ကုန်ရှာသော ကြောင့် သူ့ဘ၀သူခြေသည် ရှေးဘ၀က ပြုခဲ့ ကံတရားကြောင့် ကံအကြောင်း မလှရှာသော စောမွန်လှ အဖြစ်သို့ရောက်ရှိခဲ့ရလေသည်။

မည်သို့ပင် ရှိစေကာမှု နော်ရထာမင်းသည် ကံသူအကြိုးပေးဟု ဆိုရလေမလား မိမိပြုသမျှ ဒီဘ၀နဲ့ပဲ ပေးဆပ်ခဲ့ရသည်ဟုပြောမလား အထင်ကရ မင်းဖြစ်သော်ညားလည်း ကျွဲခတ်၍ နတ်ရွာစံ (သေဆုံး) ရလေကာ ပုဂံပြည့်ရှင် မင်းအနော်ရထာရုပ်ကလာပ်အား မိမိမင်းညီမင်းသား နှင့် မိမိပုဂံတိုင်းသူပြည်သား အပေါင်းတို့ မတွေ့လိုက်ရရှာတော့ပေ။

ထူးဆန်းဘွယ် ဘော်ကြိုဘုရား ဘုရားကြီး၏ ပရိဝုဏ်အတွင်း အနောက်မြောက်ထောင့်၌ ပေါက်လျှက် ရှိသော စကားပင်မှာ ဘုရား ၊စေတီ၊ အုတ်၊ ပြာသာဒ်၊ ထီးတော်၏ အမြင့်ထက်သို့ မည်သည့် အခါမျှ မြင့်တက် မသွားခြင်း၊ ဘုရားကြီး၏ အနောက်တောင်ထောင့် အရပ်တွင် စေတီတော်၏ အောက်မှ ရေစီးဆင်း နေပြီး ဆယ့်နှစ်လရာသီ ခမ်းခြောက်မှုမရှိခြင်း၊ (စေတီတော်၏ ပေ(၂ဝဝ)အကွာတွင် အုတ်ရေ ကန်လေးတစ်ခု တည်ဆောက်ထားပြီး အယားအရံ ဝေဒနာရှင်များ၊ မျက်စိဝေဒနာရှင်များ ၄င်းရေကိုချိုးခြင်း၊ မျက်စဉ်းခတ်ခြင်းဖြင့် မျက်စိဝေဒနာများ ပျောက်ကင်းခြင်း၊ ရေစင်ကို ဆောင်ကျဉ်းထားပါက လာဘ်လာဘ ကောင်းမွန်ခြင်း၊ အန္တရာယ်ကင်းခြင်း စသည်ဖြင့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်သော ရုပ်ပွားတော် များသည် သီတင်းသုံးသည့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်စေရခြင်း၊ ပင့်ဆောင်သည့် အခါတွင်လည်း ရှေ့နောက်တွဲစဉ် များအတိုင်း ပင့်ဆောင်ရခြင်း၊ မုခ်(၄)မုခ်တွင် ဘုရားအားမျက်နှာမူ၍ စောင့်ရှောက်နေသော ဘီလူးရုပ်တု (၅)ရုပ်ရှိခြင်း၊ (ရှေးယခင်အခါ ကအမဲသားစိမ်းများကို အပတ်စဉ် ကျွေးမွေးရခြင်း၊ ယခုအခါ ထိုသို့ မပြုလုပ်ကြတော့ပေ။) စသည့် ထူးခြားဖွယ်ရာများ အများအပြား ရှိသည်။

မိုးညှင်းသတိုးမင်းသည် ပြုသူများ ကြည်ညို သဒ္ဓါပွားစေနိုင်ရန် ရည်သန်၍ သက္ကရာဇ် ၇၆၅ ခုနှစ် ပြန်လည်ပြုပြင်ခဲ့သည်။

သက္ကရာဇ် (၈၄၂-၈၆၄) ဒုတိယမင်းခေါင် အင်းဝ ရွှေထီးနန်းကို စိုးစံစဉ်ကာလတွင် ဖြစ်သည်။ စောဝ်လုံ (ခေါ်) စလုံစော်ဘွားသည်လည်း ပြန်လည်ပြုပြင်ခဲ့သည်။

ဘော်ကြိုဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်ကတည်း ထားခဲ့သည် ရှေးဟောင်းဘုရား တဆူဖြစ်သည်။ မြန်မာမင်း အဆက် သျှမ်းမင်း အဆက် ပြန်လည် ပြုပြင်တည်ထားကိုးကွယ် ခဲ့သောကြောင့် ၁၉၉၅ - ၁၉၉၆ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အမိန့်အရ ဘော်ကြိုဘုရားအား အကြီးအကျယ် ပြန်လည်ပြင်ဆင်ခဲ့သည်။ အမှန်တကယ်တော့ ရတြယာ အရပြုပြင်ခြင်းသာဖြစ်သည်။

The Express Times

အပြည့်အစုံသို့ »

စမတ်ဖုန်း တစ်လုံး ၀ယ်တော့မယ်ဆိုရင်.....


ပြည်တွင်း ဆက်သွယ်ရေးလိုင်းတွေရဲ့ ကောင်းမူကြောင့် မိုဘိုင်း ဆင်းကဒ်တွေကို ဈေးသက်သာစွာ ကိုင်ဆောင်လာရခြင်းရဲ့နောက်မှာ ပြည်ပ ဖုန်းဈေးကွက်ဟာလည်း ပြည်တွင်းထဲသို့ ရေကရားလွှတ်သလို ဒလဟော အသီးသီး ၀င်ရောက်လာတာဟာ ကျတော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဈေးသက်သာတဲ့ ဖုန်းတွေ ရှိသလို ဈေးကြီးတဲ့ဖုန်းတွေဟာလည်း အမျိုးစား စုံလင်စွာ ပေါ်ပေါက်လာရပါတယ်။ ဒီ အထဲမှာမှ အဓိက အခြမ်းကြီး နှစ်ခုအနေနဲ့ခွဲမယ်ဆိုရင် ခေတ်လူငယ်တွေ ခေတ်ရေစီးကြောင်းထဲမှာ ဖြစ်တည်နေတာကတော့ Google ကထုတ်တဲ့ Android OS နဲ့ Apple ကထုတ်တဲ့ iOS ရယ်လို့ပေါ့ ဗျာ။ ပြည်တွင်းမှာ အသုံးနည်းတဲ့ Window ဖုန်းတွေနဲ့ လူကြီးတွေ ကိုင်လေ့ရှိတဲ့ Keypad ဖုန်းတွေကိုတော့ ကျတော် ထည့်မရေးတော့ပါဘူး။

အဓိက က ဘယ် ပစ္စည်းကိုပဲ ၀ယ်ဝယ် ကိုယ်ကိုယ်တိုင် ကိုင်တွယ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်ကျေနပ်မူ ရှိဖို့က အရေးကြီးဆုံးပါ။ ဘယ်သူတွေ ဘာပြောပြောပေါ့ ။ ဟုတ်ဘူးလား။
မှန်ပါတယ်။ အဲဒီရဲ့ နောက်မှာတော့ စိတ်ကျေနပ်မူ ပြီးရင် ကိုယ် အတွက် အရေးအကြီးဆုံး အပိုင်းကို စဉ်းစားရမဲ့ အလှည့်ရောက်လာပါပြီ။ ဒီက သူငယ်ချင်းက စမတ်ဖုန်း တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို အရာကို ဦးစားပေးတတ်ပါသလဲ။

- Operating စနစ်ကိုလား
- ဖုန်းအတွင်းက အစိတ်အပိုင်းတွေရဲ့ ပြည့်စုံမူ ရှိခြင်းကိုလား
- မှတ်ဥာဏ်သိုလှောင်မူ မြင့်မားတာနဲ့ မှတ်ဥာဏ် တိုးနိင်တာကိုလား
- မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေးကို ကြည့်တာလား
- ဖုန်းရဲ့ ကင်မရာ လား
- ဈေးနှုန်းကို ကြည့်တာလား

ဒီအချက်တွေကို အရင် စဉ်းစားရပါမယ်။

သေချာတာတစ်ခုက ဖုန်းရဲ့ အလွန်ကောင်းတဲ့ လုပ်ဆောင်နိင်စွမ်း မြင့်မားမူ၊ အရည်အသွေးနဲ့ ပြည့်ပြီးစုံမူတွေ စတဲ့ အရာတွေ အားလုံးဟာ ဈေးနှုန်း မြင့်မားမူ (သို့) အရည်အသွေးနဲ့ လိုက်တဲ့ ဈေးတစ်ခုမှာ ရှိနေခြင်း မှာ ချိတ်ဆက်နေပါတယ်။ ဥပမာ- တစ်ခု ပြပါရစေ။
Samsung Galaxy S5 ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ အတွင်း အစိတ်အပိုင်း ပြည့်စုံမူတွေ၊ မှာ အရည်အသွေး တစ်ခုရှိနေပါတယ်။ Samsung ရဲ့ ထုတ်လုပ်နေကြဖြစ်တဲ့ ဈေးနှုန်း သက်သာ ဖုန်း တစ်မျိုးဖြစ်တဲ့ Mini အနွယ်ဝင် Samsung Galaxy S5 Mini ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ တွေ သူအရင် S5 လိုပဲ တူညီစွာပါဝင်နေပေမဲ့လို့ ဈေးနှုန်း သက်သာမူကို ဇောင်းပေးထားတဲ့ အတွက် အတွင်း အစိတ်အပိုင်း တွေမှာ S5 နဲ့စလျှင် အနည်းငယ်လျော့ထားတာကို တွေ့နိင်ပါတယ်။ ဒါက ဈေးလျှော့ခြင်းရဲ့ အကြောင်း တစ်ရပ် ဖြစ်ပါတယ်။

ဟုတ်ကဲ့ ကျတော်ပြောပြချင်တာက …

Operating စနစ်

Android, iOS, Window စတဲ့ Operating စနစ်တွေဟာ ယနေ့ ကမ္ဘာ့ စမတ်ဖုန်းလောကမှာ အသုံးများတဲ့ စနစ်တွေ ဖြစ်ပြီး ကိုယ်က ဘယ်တစ်ခုကို သုံးဖို့ စိတ်ဝင်စားလဲဆိုတာ သေချာစေရပါမယ်။ Android OS ဆိုရင်တော့ Google က အခုနောက်ဆုံးထိထွက်ထားတာက Android 4.4 Kitkat ဖြစ်ပြီး iOS ကတော့ လက်ရှိ 7.1 ကျော်ပဲ ရရှိသေးကာ မကြာခင် iOS 8 ကို ရရှိနိင်တော့မှာပါ။ iOS 8 ကတော့ Apple ရဲ့ နောက်ဆုံး ဗားရှင်းတွေ ဖြစ်တဲ့ iPhone 5s, 5c, 5, 4s, စတဲ့ ဖုန်းတွေနဲ့ အခြားသူရဲ့ တပ်ပလပ် အိုင်ပေါ့တွေမှာ ရရှိနိင်မှာပါ။

Window စနစ်ကတော့ သူတို့အားလုံးရဲ့နောက်မှာ တည်ရှိနေပါတယ်။ Window စနစ် ကိုကြည့်မယ်ဆိုရင်တော့ Nokia Lumia series ဖုန်းတွေမှာ တွေ့နိင်မှာပါ။

အတွင်း အစိတ်အပိုင်းရွေးချယ်မူ

တကယ်လို့ ဒီက သူငယ်ချင်းဟာ အမြင့်စား HD ဂိမ်းတွေကို ဖုန်းပေါ်မှာ ဆော့ကစားချင်တယ်ဆိုရင်တော့ qualcomm snapdragon 800 နဲ့ အနည်းဆုံး RAM 2GB မှာ ရှိတဲ့ ပရိုဆက်ဆာပါရှိတဲ့ ဖုန်းမျိုးကို ရွေးချယ်ဖို့ ရှိပါတယ်။ ဒါမှမဟုတ် ဖုန်းခေါ်ဆိုမူနဲ့ အင်တာနက်၊ အီးမေးလ်သုံးဖို့လောက်သာဆိုရင်တော့ Dual core processor နဲ့ 512 MB ရှိတဲ့ RAM လောက်ဆို ရပါပြီ။

အတွင်းမှတ်ဥာဏ်နဲ့ မှတ်ဥာဏ်တိုးမူ

စမတ်ဖုန်းတစ်လုံးမှာ လုံလောက်တဲ့ မှတ်ဥာဏ် အရည်အသွေး တစ်ခုရှိတာဟာ ကောင်းပါတယ်။ သူငယ်ချင်းဟာ အခြေခံ အစိတ်အပိုင်း အရည်အသွေးရှိတဲ့ စမတ်ဖုန်းတစ်လုံးကို ၀ယ်လိုက်တယ်။ ဒါပေမဲ့ မှတ်ဥာဏ် ထပ်တိုးလို့မရရင် ဘာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ လုံလောက်တဲ့ ဖုန်းရဲ့ မှတ်ဥာဏ် ပမဏဟာ ဒီက သူငယ်ချင်းကို စိတ်ကျေနပ်မူကို ပေးတာထက်ပိုတဲ့ ပျော်ရွှင်မူကို ပေးနိင်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ ပမာဏက ဘယ်လောက် ဖြစဟ်မလဲဆိုတဲ့ နောက်မှာ App ဘယ်လောက်များများကို အသုံးပြုမှာလဲဆိုတာ အရင်မေးရပါမယ်။ သီချင်း၊ ဗီဒီယိုတွေကို ဖုန်းထဲမှာ ဘယ်လောက်များများ ထည့်ပြီး နားထောင် ကြည့်ရူချင်တာလဲဆိုတာကိုပေါ့။ အားလုံးသော စမတ်ဖုန်းတွေရဲ့ အတွင်းမှတ်ဥာဏ်ဟာ 2GB ကနေ 64GB အထိရှိတတ်ကြပါတယ်။ တစ်ခြား ကျန်တာကတော့ SD ကဒ်ကနေ တစ်ဆင့်တိုးမြင့်ကြတာပေါ့။

မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေး

ဒါကလည်း ကိုယ် အကြိုက်နဲ့ ကိုယ် ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု သိထားရဖို့ ရှိတာကတော့ ရုပ်ထွက် resolution နိမ့်တဲ့ ဖုန်းတွေဟာ HD ဗီဒီယိုတွေကို သင့်ဆီမှာ ဖွင့်လို့ မရစေနိင်ပါဘူး။ နောက်ပြီး ဒီ HD ဗီဒီယိုတွေဟာ PPI 200 အောက်ဖြစ်ပြီး ၅လက်မထက်ပိုတဲ့ ဖုန်းတွေဆီမှာ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ ဒီတာ့ ဘက်ဂျက်ရယ် ဖုန်းရဲ့ မျက်နှာပြင် အရည်အသွေးရယ် ချိန်စေလို့ပါတယ်။ FULL HD ပြီးရင်တော့ အကောင်းဆုံးကတော့ QHD ဖြစ်ပါတယ်။

ကင်မရာ

တစ်ချို့တွေကလည်း ဖုန်းတစ်လုံး ဘယ်လောက်ကောင်းကောင်း ဖုန်းရဲ့ ကင်မရာက သိပ်ပြီး သူတို့အတွက် အားရစေမူ မရှိရင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် ယနေ့တွေမှာ ဖုန်းတစ်လုံးရဲ့ ကင်မရာကို အနည်းဆုံး 5MP ဖြစ် တပ်ဆင်ပေးလာကြပါပြီ။ ဒီထက်ပိုကောင်းတာကတော့ 8MP (သို့) ဒီထက်Mega pixel ပိုတာတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ Megapixel နိမ့်တဲ့ ကင်မရာတစ်လုံးဟာ optical image stabilization (သို့) Optical zoom ပိုကောင်းနေတတ်သလို၊ Megapixel မြင့်တဲ့ ကင်မရာထက်ပိုပြီးလည်း ပိုကောင်းနေတတ်ပါတယ်။ ဒီတော့ စမတ်ဖုန်းတစ်လုံးဟာ ကင်မရာ setting ပေါ်မှာ အသုံးပြုသူကို ဘယ်လောက် ထိန်းချုပ် ပြုမူစေခွင့်ပေးထားသလဲဆိုတာကို ကြည့်ရပါမယ်။
ရှပ်တာ အနှေးအမြန်၊ ISO, Aperture စသည့်ဖြင့် အားလုံးကို ကြည့်ပြီး စမ်းရပါမယ်။ ဒါမှလည်း ဘယ်ဖုန်းဟာ ဘယ်လိုကင်မရာ အားသာချက်ရှိလဲဆိုတာကို သိနိင်ပြီး သင့်စိတ်ကြိုက်နဲ့ ညီတဲ့ အကောင်းဆုံး တစ်ခုကို ရွေးနိင်ပါလိမ့်မယ်။

ဘတ်ဂျက်ကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။

ကောင်းမွန်သော စိတ်ကြိုက် စမတ်ဖုန်းများ ကိုင်တွယ်နိင်ကြပါစေ ဗျာ ။။။။

အောင်ဟိန်း (ရိုးရာလေး)

အပြည့်အစုံသို့ »