Showing posts with label mobile-phone-news. Show all posts
Showing posts with label mobile-phone-news. Show all posts

အမေရိကန် စမတ်ဖုန်းဈေးကွက်တွင် Apple နှင့် Samsung ဆက်လက်ဦးဆောင်နေ


အမေရိကန်တွင် feature ဖုန်းအသုံးပြုမှု ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်းနှင့် စမတ်ဖုန်းဈေးကွက်တွင် Apple နှင့် Samsung ကဆက်လက် ဦးဆောင်နေကြောင်း ဈေးကွက်သုတေသနအဖွဲ့ Counterpoint ကဖော်ပြခဲ့သည်။

ယခုနှစ် ပထမလေးလပတ်တွင် အမေရိကန်၏စမတ်ဖုန်း တင်ပို့ရောင်းချသည့် ကုမ္ပဏီတွင် Samsung ကဦးဆောင်ခဲ့သော်လည်း စမတ်ဖုန်းရောင်းချမှုတွင် Apple ကဦးဆောင်လျက်ရှိကြောင်း Counterpoint ကဆိုသည်။ အဆိုပါကုမ္ပဏီနှစ်ခုတွင် မူပိုင်ခွင့်အငြင်းပွားဖွယ် ပြဿနာ များကြောင့် တရားရုံးတွင်အမှု ရင်ဆိုင်နေရသော်လည်း ၎င်းကုမ္ပဏီနှစ်ခု၏ ပထမလေးလပတ်အတွင်း အမေရိကန်သို့ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် စုစုပေါင်းတင်ပို့ရောင်းချမှုထက် သုံးပုံနှစ်ပုံရှိခဲ့ကြောင်း Counterpoint ကဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန် စမတ်ဖုန်းဈေးကွက်အတွင်း နေရာအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး TCL-Alcatel က Huawei ၏နံပါတ် ၅ နေရာကိုရယူခဲ့ကြောင်း အထက်ပါ သုတေသနအဖွဲ့ကပြောကြားခဲ့သည်။

ယခုနှစ် ပထမလေးလပတ်တွင် တင်ပို့ရောင်းချခဲ့သည့် စမတ်ဖုန်းများတွင် အသုံးပြုထားသည့် operating system များတွင် Google ၏ Android က ၅၉ ရာခိုင်နှုန်းဖြင့် ဈေးကွက်၏ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ Apple ၏ iOS ဈေးကွက်ရှယ်ယာမှာ ၃၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး Microsoft  ၏  Windows အသုံးပြုမှုနှုန်း မြင့်တက်လာသော်လည်း ဈေးကွက်ရှယ်ယာ ၄ ရာခိုင်နှုန်းအောက်သာရှိခဲ့သည်။

ထို့အပြင် အမေရိကန်စမတ်ဖုန်း ဈေးကွက်၌ LTE စနစ်ပါဝင်သည့် ဖုန်းများတင်ပို့မှုမြင်တက်လာခဲ့ပြီး တင်ပို့ရောင်းချခဲ့သည့် စမတ်ဖုန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် LTE ဖုန်းများဖြစ်ကြောင်း Counterpoint ကဖော်ပြခဲ့သည်။

-နောင်နောင်
Ref: PCMag
Internet Journal

အပြည့်အစုံသို့ »

iCloud လုံခြုံရေးအားနည်းချက်ကို ပြင်ဆင်ရန် Apple အလွန်နောက်ကျနေဟု ဟက်ကာများပြောကြား


ပျောက်ဆုံးသွားသည့် သို့မဟုတ် ခိုးယူခံရသည့် iPhone တစ်လုံးကို unlock ပြုလုပ်နိုင်သည့် iCloud လုံခြုံရေးအားနည်းချက်ကို ချိုးဖောက်ခဲ့သူ အမည်မဖော်လိုသည့် ဟက်ကာတစ်ဦးက ၎င်းကို Apple ကအလျင်အမြန် ဆက်သွယ်ရန်တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် Apple အနေဖြင့် အဆိုပါ iCloud လုံခြုံရေးအားနည်းချက်ကို ပြင်ဆင်ရန် နောက်ကျနေပြီဖြစ်ကြောင်း Cult of Mac ထံပြောကြားခဲ့သည်။

အွန်လိုင်းအမည် AquaXetine ဖြင့်အသုံးပြုသည့် အထက်ပါဟက်ကာသည် Activation Lock ဟုခေါ်သည့် lock ပြုလုပ်ထားသည့် iOS ထုတ်ကုန်များ၏ iCloud လုံခြုံရေးစနစ်ကို ပထမဦးဆုံး

ရှောင်လွှဲနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် အခမဲ့ DoulCi ဆိုက်ကိုအသုံးပြုကာ lock ပြုလုပ်ထားသည့် iOS ထုတ်ကုန်အား ကွန်ပျူတာတစ်ခုနှင့် ချိတ်ဆက်လိုက်သည့်အခါ Apple ၏ iCloud ဆာဗာများနှင့် ဆက်သွယ်သည့်အသွင် ဟန်ဆောင်လှည့်စားပြီး iCloud လုံခြုံရေးစနစ်ကို ရှောင်လွှဲခြင်းဖြစ်ကြောင်းသိရသည်။

iOS 7 ကိုမိတ်ဆက်စဉ်က Activation Lock ဟုခေါ်ဆိုသည့် iCloud လုံခြုံရေးစနစ်သည် သုံးစွဲသူများကို ခိုးယူမှုအန္တရာယ်မှ အပြည့်အဝကာကွယ် ပေးနိုင်သည့်အဟန့်အတား တစ်ခုအနေဖြင့် Apple ကမိတ်ဆက်ပေးခဲ့သည်။

ဆန်ဖရန်စစ္စကိုနှင့် နယူးယောက်မြို့တွင် ဖြစ်ပွားသည့် ဒုစရိုက်မှုများ၏ ထက်ဝက်ခန့်သည် iPhone ခိုးယူမှုများဖြစ်နေချိန်တွင် ဥပဒေရေးဆွဲသူများက စမတ်ဖုန်းအားလုံး၌ အချက်အလက်ဖျက်နိုင်သော ခလုတ်များကို built-in အနေဖြင့် ထည့်သွင်းရန်အတွက် လိုအပ်သည့်ဥပဒေများ ရေးဆွဲလျက်ရှိသည်။

Apple iOS 7 ကိုမိတ်ဆက်စဉ်က Activation Lock စနစ်ကို Lock ပြုလုပ်ထားသည့် ထုတ်ကုန်များရှိ အချက်အလက်များအား သုံးစွဲသူ၏ Apple ID မထည့်သွင်းသည့်အခါ ဖတ်ရှု၍မရနိုင်ရန်နှင့် မဖျက်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ခိုးယူခံရသည့် iPhone နှင့်  များကို Apple ID မလိုဘဲဆက်လက် အသုံးပြုနိုင်နေသောကြောင့် ၎င်းပြဿနာကို Apple အနေဖြင့် မဖြစ်မနေဖြေရှင်းရဖွယ် ရှိသည်။

Activation Lock ကိုရှောင်လွှဲနိုင်သည့် နည်းလမ်းကို လုံခြုံရေးသုတေသီနှင့် iOS ဟက်ကာဖြစ်သူ  Steven  De  Franco ကတိုက်ခိုက်မှုကြားမှ လူသားဟုခိုင်းနှိုင်း ဖော်ပြထားသည်။ ထို့အပြင် ၎င်းအားနည်းချက်သည် firmware နှင့်သက်ဆိုင်သည့်အတွက် Apple အနေဖြင့် update အသစ်ဖြန့်ချိပြီး ပြင်ဆင်ရန်လိုအပ်ကြောင်း De Franco က Cult of Mac နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။



-နောင်နောင်
Ref: CultOfMac
internet journal

အပြည့်အစုံသို့ »

ဒေါ်လာတစ်သိန်း ထောက်ပံ့မည့် Ideabox အစီအစဉ်ကို စတင်လျှောက်ထားနိုင်


ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo Myanmar သည် Ideabox အစီအစဉ်တစ်ခုကို စတင်ခဲ့ပြီး ၎င်းအစီအစဉ်အရ ကဏ္ဍခြောက်ခုအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သူများကို ရွေးချယ်၍ အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ကျန်းမာရေးအခန်းကဏ္ဍ၊ ပညာရေးအခန်းကဏ္ဍ၊ အမျိုးသမီးရေးရာအခန်းကဏ္ဍနှင့် ငွေကြေးပေးချေမှု (Payment Solution) အခန်းကဏ္ဍအပြင် အစိုးရနှင့် သက်ဆိုင်သည်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည့် အဖွဲ့အစည်းများကို ရွေးချယ်ကာ ငွေကြေးထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

“ကိုယ့်လုပ်ငန်းကိုလည်း ပိုကောင်းအောင်၊ ပိုပြီးတိုးတက်အောင် လုပ်ချင်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိရမယ်။ အဲ့ဒီစိတ်ကူးတွေကို ကိုယ်နဲ့အပြိုင်ဖြစ်လာမယ့် ကုမ္ပဏီတွေ၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ရောက်မလာခင်မှာ အကောင်အထည်ဖော် ဆောင်ရွက်ချင်သူတွေကို အဓိကရွေးချယ်သွားမှာပါ” ဟု Ideabox အစီအစဉ်၏ စီနီယာဒါရိုက်တာဖြစ်သူ Julian Gorman ကပြောသည်။

ထောက်ပံ့မှုအစီအစဉ်နှင့် ပတ်သက်သည့် အစီအစဉ်အသေးစိတ်ကို ideabox.com.mm ၌ ဖော်ပြထားပြီး စိတ်ပါဝင်စားသူများသည် ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ အစီအစဉ်အရ ရွေးချယ်ခံရသူများကို ဇွန်လ ၂၇ ရက်နေ့၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ထောက်ပံ့မှုများကို ယခုနှစ် သြဂုတ်လအတွင်း စတင်ပေးအပ်သွားမည်ဟု သိရသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၌ စွန့်ဦးတီထွင်လိုစိတ်ရှိသော မျိုးဆက်သစ် မြန်မာလုပ်ငန်းရှင်များ၊ စီးပွားရေးစွမ်းဆောင်ရှင်များ ပေါ်ထွက်လာစေရန် Ooredoo က အဓိကရည်ရွယ်ထားသည်ဟု သိရသည်။ ထို့အပြင် အင်ဂျင်နီယာ၊ ဒီဇိုင်နာနှင့် စွန့်ဦးတီထွင် လုပ်ကိုင်လိုသူများသည်လည်း Ideabox အစီအစဉ်နှင့် ပူးပေါင်းလိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း Ooredoo က သတင်းထုတ်ပြန်ထားသည်။


ရဲထွဋ်ဝင်း
Internet Journal

အပြည့်အစုံသို့ »

ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက် ရှစ်သန်းအထိရှိလာ


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ရှစ်သန်းအထိရှိလာပြီး ယင်းအနက်မှ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအရေအတွက်သည် လေးသန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

၂၀၁၀ ခုနှစ်ဝန်းကျင်က မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းအရေအတွက်၏ ဆယ်ရာခိုင်နှုန်းခန့်သာ အင်တာနက် အသုံးပြုနိုင်ခဲ့သော်လည်း ကျပ်တစ်ထောင့်ငါးရာဟု သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များ ဈေးကွက်အတွင်း စတင်ရောက်ရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု သိသိသာသာတိုးတက်လာခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် နေ့စဉ်မှန်မှန် တိုးတက်လျက်ရှိပြီး တစ်နိုင်ငံလုံး မိုဘိုင်းဖုန်း အသုံးပြုနေသူအရေအတွက်၏ ထက်ဝက်ကျော်ခန့်ပမာဏသည် အင်တာနက် သုံးစွဲနေသူများဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြီးခဲ့ရက်အနည်းငယ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်  ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

“မိုဘိုင်းဖုန်းအသုံးပြုသူနဲ့ အင်တာနက်အသုံးပြုတဲ့နှုန်းက အရမ်းတက်လာတယ်။ နောက်ကနေ တိုးတက်လာတဲ့နှုန်းကို ထောက်ပံ့ပေးဖို့တွေ လိုအပ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ထပ်ပြီးဖြည့်စွက်ပေးဖို့တွေကို လုပ်ပေးမှာပါ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လေးသန်းကျော်တွင် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ကို သုံးစွဲသူမှာ အရေအတွက် တစ်သန်းရှိနေပြီဖြစ်သည်။

“အဓိကအချက်က Facebook သုံးစွဲသူများလာလို့ မိုဘိုင်းအင်တာနက် သုံးတဲ့သူများလာတယ်လို့ပဲ ထင်ပါတယ်။ စမတ်ဖုန်းကိုင်နေတဲ့ သူအများစုက သုံးနေကြတာက မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးတဲ့သူကို ပိုပြီးတိုးတက်လာစေတယ်လို့ ပြောနိုင်ပါတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လူငယ်တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုသူနှင့် မိုဘိုင်းအင်တာနက်သုံးစွဲသူအရေအတွက် အလျင်အမြန် တိုးတက်လာခြင်းကြောင့် အင်တာနက် ဆက်သွယ်မှုမြန်နှုန်းများ ယခင်ကထက် ပိုမိုဆိုးရွားစွာကျဆင်းလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ယင်းပြဿနာနှင့်ပတ်သက်ပြီး လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ တည်ဆောက်မှုများကို ပြုလုပ်ပေးရန် စီစဉ်နေကြောင်း  အထက်ပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ ဂျီအက်စ်ဖုန်း အသုံးပြုသူအရေအတွက်သည် စီဒီအမ်အေဆင်းမ်ကတ် အသုံးပြုသူ အရေအတွက် ထက်ပိုမိုများပြားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယုဇနကိုကို
Internet Journal

အပြည့်အစုံသို့ »

မြန်မာပြည်သူ ၆သောင်းကို ၂နှစ်အတွင်းကျန်းမာရေး စောင့်ရှောက်ပေးမည်ဟု Ooredoo ကြေညာ


မြန်မာနိုင်ငံမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ပေါ်ပေါက်နေပြီဆိုတဲ့ သတင်းစကားနဲ့ 3G ကွန်ရက် မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို ဇူလိုင်လထဲမှာ စတင်တော့မယ်လို့ သတင်းထွက်နေတဲ့ Ooredoo က မိုဘိုင်းကျန်းမာရေးစနစ်ကို တိုးချဲ့ဖို့ ပြင်ဆင်နေပါပြီ။

အရပ်ဖက်အဖွဲ့အစည်း ၂ခုနဲ့ ပူးပေါင်းပြီး Ooredoo ဟာ ကျန်းမာရေးလှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ မန္တလေးမှာ လုပ်ဆောင်မှာဖြစ်သလို ၄၄ဦးဆန့်တဲ့ ဆေးခန်းကား ၂စီးနဲ့ တစ်နှစ်ကို လူနာ ၃သောင်းကျော် ကုသပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းက ရွာပေါင်း နှစ်ထောင်နီးပါးက ဒေသခံ ပြည်သူ ၆သောင်းကျော်ကို ၂နှစ်အတွင်း ကျန်းမာရေးကုသမှုတွေလုပ်ဖို့ ကားအသေး ၆စီးကို မိခင်နဲ့ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနဲ့ ရောဂါရှာဖွေရေးတွေမှာ အသုံးချသွားမယ်လို့ ရှန်ဂရီလာဟိုတယ်မှာ မေလ ၂၅ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

3G ကွန်ရက်ကို စတင်ဖို့ ရန်ကုန်၊ မန္တလေးမြို့မှာ Data Center တွေ စမ်းသပ်တည်ဆောက်ခဲ့ပြီး တကယ်စတင်ချိန်ကျမှ အချိန်ကပ်ပြီး ကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ Ooredoo ရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုအပေါ် လူအုပ်စုတစ်ခုက ဝေဖန်တိုက်ခိုက်နေမှုတွေကို ရှုတ်ချပြစ်တင်ခဲ့ပြီး သူတို့ကုမ္ပဏီဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အစုစပ်လုပ်ငန်းအဖြစ် ရပ်တည်နေတာလို့ ပြောဆိုခဲ့ပါတယ်။

Kamayut Media

အပြည့်အစုံသို့ »

Google ၏အသစ်ထွက်ရှိလာမည့် tablet တွင် 3D ပုံရိပ်များဖမ်းယူနိုင်ဖွယ်ရှိ


Google မှ 3D နည်းပညာဖြင့် ဓာတ်ပုံများရိုက်ကူးနိုင်သည့် tablet ကွန်ပျူတာပုံစံငယ်များကို မကြာမီထွက်ရှိလာဖွယ် ရှိကြောင်းသိရသည်။

Wall Street Journal ၏ဖော်ပြချက်အရ ၎င်းကိစ္စကို ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များက ယခုအခါ Google သည် ၇ လက်မအရွယ် tablet ပုံစံငယ် ၄,၀၀၀ ခန့်ထုတ်လုပ်ထားပြီး tablet များ၏ကျောဘက်တွင်  အနီအောက်ရောင်ခြည် အသုံးပြုထားသည့် ကင်မရာနှစ်ခုကို အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ tablet ကွန်ပျူတာများသည် Google ကဖုန်းနှင့်အခြား ထုတ်ကုန်များတွင် 3D နည်းပညာအသုံးပြုမည့် Project Tango နှင့်ဆက်စပ်ဖွယ်ရှိကြောင်း သိရသည်။

၎င်း tablet ကွန်ပျူတာများကို နည်းပညာတိုးတက်အောင် ပြုလုပ်လိုသည့် developer များသို့ဖြန့်ချိသွားဖွယ်ရှိကြောင်း Wall Street Journal ကဖော်ပြခဲ့သည်။ Google ၏ Tango Project အဖွဲ့အကြီးအကဲ John Lee ကလူများသည် 3D ကမ္ဘာတစ်ခုတွင် နေထိုင်ကြသည့် ရုပ်ပိုင်းဆိုင်ရာ အစုအဝေးဖြစ်ကြောင်း၊ ယခုအချိန်တွင် မိုဘိုင်းထုတ်ကုန်များသည် မျက်နှာပြင် အကန့်အသတ်များထဲရှိ ရုပ်ကမ္ဘာဖြစ်ကြောင်း၊ Project Tango ၏ရည်မှန်းချက်သည် ဟင်းလင်းပြင်နှင့်ရွေ့လျားမှုကို မိုဘိုင်းထုတ်ကုန်များ လူကဲ့သို့နားလည်မှုရှိစေရန် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

-စိုးထက်
Ref: VentureBeat
Internet Journal

အပြည့်အစုံသို့ »

ဇွန်နှင့်စက်တင်ဘာအကြား အော်ရီဒူးက ဖုန်းဆင်းကတ် စရောင်းမည်


ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရပြီး လုပ်ငန်း အကောင်အထည် ဖော်နေတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မူလ မှန်းထားတာထက် နည်းနည်း နောက်ကျပြီး အခုနှစ် ဇွန်လကုန်ကနေ စက်တင်ဘာလအကြား ဆင်းကတ်တွေကို စပြီး ရောင်းပေးနိုင်မယ်လို့ အော်ရီဒူးရဲ့ မြန်မာပြည်ရုံးခွဲမှာ အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့်စ် ကော်လ်မတ် (Mr.Ross Cormack) က ပြောပါတယ်။

ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ မေ ၂၅ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အဓိကအားဖြင့် ဆက်သွယ်ရေးတာဝါ တိုင် ဆောက်တဲ့ကိစ္စ မြေနေရာ ပြဿ     နာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဆင်းကတ်တွေကို ၁ ကဒ် ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး နိုင်ငံတကာ ဆက်သွယ်ရေး ဥပေဒတွေနဲ့အညီ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အစိုးရက တောင်းရင်တောင် ပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အော်ရီဒူးဟာ လက်ရှိ တာဝါတိုင် ၁၀၀ ကျော် တည်ဆောက်ပြီးစီးနေပြီး ၄၀၀ ကျော် ဆောက်လက်စ ဖြစ်ကာ နောက်ထပ် ၁ ထောင်ကျော် ဆက်ပြီး တည်ဆောက်သွားမယ်လို့ မစ္စတာ ရော့်စ် ကော်လ်မတ်က ပြောပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

မိုဘိုင်းလ်ဖုန်းမှ ပါဝင်ပစ္စည်းများကြောင့် အရေပြား ဓာတ်မတည့်မှုများ ဖြစ်ပေါ်နိုင်


ကမ္ဘာတလွှားတွင် မိုဘိုင်းလ်ဖုန်းများ အသုံးပြုမှု တွင်ကျယ်များပြားလာခြင်းနှင့်အတူ မိုဘိုင်းလ်ဖုန်းကြောင့် ဖြစ်ပေါ်နိုင်သည့် အရေပြား ဓာတ်မတည့်မှု အခြေအနေကိုလည်း သတိထားရန်လိုကြောင်း သုတေသီများက ပြောကြားခဲ့သည်။ စမတ်ဖုန်း ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့်အတူ ဖုန်း၏ ကိုယ်ထည်နှင့် ဓာတ်မတည့်သော အရေပြား ကျန်းမာရေး ပြဿနာ တစ်ရပ်ကိုလည်း ပညာရှင်များက ခြေရာခံ တွေ့ရှိလာသည်။ ဖုန်းကိုယ်ထည်နှင့် ခလုတ်များတွင် ပါဝင်သည့် နစ်ကယ်လ်နှင့် ခရိုမီယမ် ဓာတ်များက အခန့်မသင့်လျှင် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။ အဆိုပါ ဓာတ်ပစ္စည်းများနှင့် ထိတွေ့မှုများသည့် ပါးရိုးတဝိုက်၊ နားရွက်နှင့် နှုတ်ခမ်းအစပ်တို့ကဲ့သို့ နေရာများတွင် ဓာတ်မတည့်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

အမေရိကန်နှင့် ဒိန်းမတ်နိုင်ငံမှ သုတေသီများသည် စမတ်ဖုန်းများ ထုတ်လုပ်မှုတွင် ဥရောပ ယူနီယံက သတ်မှတ်ထားသည့် နစ်ကယ်လ်ဓာတ် အသုံးပြုမှု စံချိန်စံညွှန်းများနှင့် ညီမညီ ဆိုသည်ကို မေးခွန်းထုတ်ခဲ့သည်။ အလွန်ဆိုးရွားသော အခြေအနေမျိုး မဟုတ်သည့်တိုင် စမတ်ဖုန်းများကြောင့် အရေပြား ပြဿနာများ ဖြစ်ပေါ်နိုင်ခြေသည် သိသိသာသာ မြင့်တက်လာသည်။ ဥရောပတွင် အရေပြား ဓာတ်မတည့်သည့်ဖြစ်စဉ် ခံစားရမှုများသည် (၂၀၀၀)ပြည့်နှစ်မှ (၂၀၁၀)ပြည့်နှစ် အတောအတွင်းတွင် (၁၂၅၀) ရာခိုင်နှုန်းထိ တိုးပွားလာကြောင်း Pediatric Allergy ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သုတေသီများက ဗြိတိန်နိုင်ငံတွင် အတွင်းခံ ဘရာစီယာအတွင်း၌ ဖုန်းကို ညှပ်ထားတတ်သည့် မိန်းကလေးတစ်ဦး၏ ရင်သားတဝိုက်၌ အင်ပျဉ်ထလာခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ Blackberry၊ Samsung၊ Sony၊ Motorolaနှင့် LGစသော နာမည်ကျော် စမတ်ဖုန်း အမှတ်တံဆိပ်များမှ ဟန်းဆက်များတွင် နစ်ကယ်လ်နှင့် ခရိုမီယမ်တို့အနက် အနည်းဆုံး တစ်ခုဖြစ်စေ၊ နှစ်ခုစလုံးဖြစ်စေ သတ္တုစပ်များ အသုံးပြုလေ့ရှိသည်။ Nokiaနှင့် Appleတို့ကမူ ၎င်းတို့၏  ဟန်းဆက်များတွင် အရေပြား ကျန်းမာရေးအတွက် ပြဿနာဖြစ်စေမည့် ဓာတ်ပစ္စည်းများ ကင်းရှင်းကြောင်း အာမခံထားသည်။

ကယ်လီဖိုးနီးယားရှိ လိုမာလင်ဒါ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီ ကလာရီ ရစ်ချတ်ဆန်က “တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုမှု မြင့်တက်လာတာနဲ့အတူ အဲဒီအခြေအနေနဲ့ ဆက်နွယ်တဲ့ အရေပြား ပြဿနာတွေကိုလည်း သတိထားမိခဲ့ပါတယ်။ ဖုန်းနဲ့ ဆက်စပ်တဲ့ ဓာတ်မတည့်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် အမှတ်တံဆိပ် တော်တော်များများက နစ်ကယ်လ်လို ဓာတ်ပစ္စည်းတွေကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီလို ဓာတ်ပစ္စည်းတွေဟာ တန်ဖိုးနည်း ဟန်းဆက်တွေအပြင် အဆင့်မြင့် တန်ဖိုးကြီး ဖုန်းတွေမှာတောင် ပါဝင်နေတာပါ”ဟု ပြောကြားသွားသည်။

Planet Myanmar

အပြည့်အစုံသို့ »

Android Pattern, Pin, Password, Gesture Lock တွေကို sms ပို့ပြီး Lock ဖြည်မယ် …


ခုမိတ်ဆက်ပေးချင်တဲ့ Application လေးကတော့ SMS Bypass လို့ အမည်ပေးထားတဲ့ Lock ဖြည်တဲ့ apk လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် …

USB Debugging လဲ On ထားစရာမလိုပါဘူး … Gmail အကောင့်လဲဝင်ထားစရာမလိုပါဘူး … ဒါပေမဲ့ Root လုပ်ထားတဲ့ ဖုန်းဖြစ်ပြီး ဖုန်းမှာ SMS Bypass Application ကိုသွင်းထားဖို့တော့လိုပါတယ် … Play store မှာတော့ မြင်တဲ့အတိုင်းပါပဲ … MMAS မှာတော့ ဝယ်ပြီးအသုံးပြုလို့ … ပြန်လည်မျှဝေလိုက်ပါတယ် …

အသုံးပြုပုံလေး နဲနဲရှင်းပြပါမယ့်ခဗျာ …



၁။ ပထမဦးဆုံးအနေနဲ့ SMS Bypass ကို ဒေါင်းလုပ်ရယူပြီး Install လုပ်ပါ။ ပြီးလျှင် SMS Bypass ကိုဖွင့်ပါ။

၂။ SMS Bypass Service ကို On ပေးပါ။

၃။ Change preset keyword ကိုတစ်ချက်နှိပ်ပါ။ Old secret code မှာ ပထမဦးဆုံးအကြိမ်စသုံးတဲ့ users အတွက် ဘာမှဖြည့်စရာမလိုပါဘူး။ ဒါမှမဟုတ် မိမိကြိုက်ရာ ဂဏန်း ၄ လုံးဖြည့်လိုက်ပါ။ New Sercret code နဲ့ Confirm new secret code မှာတော့ မိမိ အသုံးပြုချင်တဲ့ Code ၄ လုံးကို ထည့်ပေးလိုက်ပါ။ ကျနော်ကတော့ 1234 လို့ပဲထည့်ပေးလိုက်တယ်။ ပြီးရင် Save secret code ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။

၎။ ဒါဆို SMS Bypass ကိုစတင်အသုံးပြုလို့ရပါပြီ။ မိမိ ယခုလုပ်ဆောင်ချက်များ ကိုပြင်ဆင်ထားတဲ့ဖုန်းကို Lock Screen ဆိုသို့သွားထားပါ။ ထို့နောက် အခြားဖုန်းတလုံးမှ မိမိ SMS Bypass application သွင်းထားတဲ့ဖုန်းသို့ message ပို့ရပါမယ်။ Message ထဲမှာ ဘာထည့်ရိုက်ပေးရမလဲဆိုတော့ ” 1234 reset ” ဆိုတာလေးပဲထည့်ရိုက်ပြီး Regular sms ဖြင့် Send လိုက်ပါ။

၅။ SMS Bypass Application သွင်းထားသော Lock ရှီသည့်ဖုန်းမှာ Reboot ကြသွားပါလိမ့်မည်။ Reboot ပြန်တက်လာပါက Lock များရှီတော့မည်မဟုတ်ပါ။ အဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ ….

MMAS

အပြည့်အစုံသို့ »

ကိုယ်နားထောင်နေတဲ့ သီချင်း၊နဲ့ TV ရိုးတွေကို Facebook App ပေါ်မှာ ထုတ်ဖော်နိင်တော့မည်။


တစ်ချို့တွေကလည်း ကိုယ်အပြင်မှာ ဘာပဲလုပ်လုပ် လုပ်သမျှကို ကိုယ် Facebook့  သူငယ်ချင်းတွေကို ပြောပြချင်နေတာမျိုးရှိပါတယ်။
အနည်းနဲ့အများပေါ့။ ဒီသီချင်းလေးကိုနားထောင်နေတယ် ။ အခု feeling ကတော့ သိပ်ကိုနေလို့ကောင်းနေတယ်။ အစရှိသဖြင့်
တို့ကို စာလုံးပေါင်းစရာ မလိုပဲနဲ့ အခုရရှိနိင်တော့မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်နိင်တဲ့ Option အသစ်တစ်ရပ်ကို မိုဘိုင်းApp အနေနဲ့
အသုံးပြုနိင်တယ်ဆိုတာကို Facebookက ကြေငြာလိုက်ပါပြီ။ ဖေ့ဘုတ်အသုံးပြုရင်း နောက်က သီချင်း ဒါမှမဟုတ် ရိုးတစ်ခုခု ကြည့်နေတယ်ဆိုရင် ထိုသီချင်းရဲ့ နာမည်နဲ့ သတင်းအချက်အလက်အချိုကို စာရိုက်စရာမလိုပဲ ပို့စ်အနေနဲ့ ထည့်သွင်းနိင်မှာ ဖြစ်ပါတယ်။

သီချင်းတွေဆိုရင် ၃၀ စက္ကန့် Preview အနေနဲ့ လင့်ချိတ်ပေးမှာ ဖြစ်ပြီး Facebook က သီချင်းတွေနဲ့ TV အချက်အလက်တွေပေါ်မှာ Scan ဖတ်ခြင်းသာဖြစ်ပြီး သူရဲ့ Server ထဲမှာ သီချင်းတွေကို မှတ်တမ်းတင်ခြင်းမျိုး မဟုတ်ကြောင်း သိရပါတယ်။

Aung Heine ...
Smart Pro Journal

အပြည့်အစုံသို့ »

ကဏ္ဍခြောက်ခု အတွက် တိုးတက်အောင် ဆောင်ရွက်နိုင်သူများကို ဒေါ်လာ တစ်သိန်း ထောက်ပံ့မည်


ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သည့် Ooredoo Myanmar သည် Idea Box အမည်ရှိ အစီအစဉ်တစ်ခုကို စတင်ခဲ့ကြောင်း ၊  အဆိုပါ အစီအစဉ်အရ ကဏ္ဍခြောက်ခုအတွက် ဖွံ့ဖြိုး တိုး တက်အောင် ဆောင်ရွက်နိုင်သူများကို ရွေးချယ်သွားမည်ဖြစ်ပြီး  ရွေးချယ်ခံရသူများကို အမေရိကန်ဒေါ်လာ တစ်သိန်းကိုလည်း ထောက်ပံ့ပေးသွားမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

သက်မှတ်ထားသည့် ကဏ္ဍခြောက်ခုမှာ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အမျိုးသမီး အခန်းကဏ္ဍနှင့် payment solutions များအပြင် Government နှင့်  သက်ဆိုင်သည့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အခန်း ကဏ္ဍ များ ဖြစ်သည်။ Idea Box ၏ ထောက်ပံ့မှုကို ရယူလိုပါက ဇွန်လ ၁၃ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်သည်။

Internet Journal

အပြည့်အစုံသို့ »

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည်


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး
 မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့
ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။

ယင်းသို့ မေလအတွက် ထပ်မံချထားပေးလိုက်သောကြောင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

ကိန်းဂဏန်းအားဖြင့် ယင်းသို့ ရှိနေသော်လည်း အိမ်တိုင်းဖုန်းတစ်လုံးကိုင်နိုင်သည့် အခြေအနေကို အမှန်တကယ်ရောက်ရှိခြင်း မရှိသေးဟု Mr.Htet Computer ဆိုင်၏ ဒါရိုက်တာ ကိုထက်လင်းစိုးက ပြောသည်။

ကိုထက်လင်းစိုးက“အရေအတွက်အရ အိမ်တစ်အိမ်မှာ ဖုန်းတစ်လုံးအသုံးပြုနိုင်ရမှာဖြစ်ပေမယ့် အမှန်တကယ် အိမ်တိုင်းဖုန်း အသုံးမပြုနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့လည်း မဲနှိုက်ရောင်းချ ပေးတဲ့စနစ်နဲ့ ရောင်းချပေးတာမျိုး မဟုတ်ပဲ လိုအပ်သူတွေ အမှန်တကယ်ဝယ်ယူ အသုံးပြုနိုင်တဲ့ အနေအထားမျိုး ပြုလုပ်ပေးသင့်တယ်။ သူတို့အနေနဲ့လည်း ပြည်ပအော်ပရေတာတာ မရောင်းချခင်တည်းက ဆင်းမ်ကတ် အရေအတွက်ကို အများအပြားတောင်ချထားပေးသင့်တယ်”ဟု သုံးသပ်ပြောကြားသည်။
ယင်းအပြင်ပြင်ပဈေးကွက်တွင် မိုဘိုင်းဆင်းမ်ကတ်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လူတစ်ဦးလျှင် ဖုန်းတစ်လုံးကိုင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ကိုထက်လင်းစိုးက “ပြင်ပဈေးကွက်မှာ မိုဘိုင်းဆင်းကတ်ဈေးက လေးသောင်းကနေ တစ်သိန်းကျော်အထိ ဈေးတွေဖြစ်ပေါ်နေခြင်းကလည်း လူတိုင်းဖုန်းဝယ်မသုံးနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်”ဟု ပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ်တယ်လီဖုန်းများချထားပေးရာတွင် ဖုန်းလိုင်းကျပ်တည်းသည့် နေရာဒေသအပေါ်မူတည်၍ တိုင်းနှင့်ပြည်နယ်အလိုက် တယ်လီဖုန်းများချထားပေးနေရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာများက မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေစိုးက“တန်ဖိုးနည်းဖုန်းတွေ ချထားပေးတဲ့အခါမှာ တယ်လီဖုန်း Traffic ( တယ်လီဖုန်း လိုင်းကျပ်ခြင်း) ကို ကြည့်ပြီး ချထားပေးနေရတယ်။ နောက်ပြီး MEC ဖုန်းဆင်းမ်ကတ်တွေနဲ့ MPT ကတ်နဲ့ကို မျှဝေချထားပေးရတာတွေရှိတယ်”ဟု ပြောသည်။

မေလအတွင်း တန်ဖိုးနည်းဖုန်းချထားပေးရာတွင် ရန်ကုန်တိုင်းဒေသအတွင်းရှိ ဆင်းမ်ကတ်ခွဲတမ်းတွင် GSM ပါဝင်ခြင်း မရှိဘဲ MEC CDMA ဖုန်းဆင်းကတ် ၂၅၀,၀၀၀ နှင့် ပင်စင်စားများအတွက် WCDMA ဆင်း ကတ် ၁၅,၀၀၀ အထိသာချထားပေးမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်း စီမံကိန်းအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားသည်။ ပြည်ပအော်ပရေတာများဖြစ်သော တယ်လီနော နှင့် အူရီးဒူးတို့ကလည်း လာမည့်လအနည်းငယ်အတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ချထားပေးနိုင်တော့မည် ဖြစ်သည်။

Mizzima Burmese

အပြည့်အစုံသို့ »

အူရီဒူးဆင်းမ်ကတ်များဝယ်ယူရန် အခမဲ့လျှောက်လွှာတင်ခွင့်ပေးထားသော်လည်း ကုမ္ပဏီ၏အရောင်းကိုယ်စားလှယ်ဟန်ဆောင်ကာ အခကြေးငွေတောင်းယူသူများရှိနေ


အူရီဒူးဆင်းမ်ကတ်များဝယ်ယူရန် အခမဲ့လျှောက်လွှာတင်ခွင့်ပေးထားသော်လည်း ကုမ္ပဏီ၏အရောင်းကိုယ်စားလှယ်ဟန်ဆောင်ကာ အခကြေးငွေတောင်းယူသူများရှိနေ
မင်းဟိန်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)

ရန်ကုန်၊ အူရီဒူးဆက်သွယ်ရေးကုမ္ပဏီ ထုတ်ဆင်းမ်ကတ်များဝယ်ယူရန် ကြို တင်စာရင်းပေး လျှောက်လွှာဖြည့်ရာ တွင် အခမဲ့ လျှောက်လွှာတင်ခွင့်ပေး ထားသော်လည်း အူရီဒူးဆက်သွယ်ရေး ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ် ဟန်ဆောင်ကာ အခကြေးငွေတောင်း ယူသူများရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ နယ်အတွင်းရှိ ကရင်စုကျေးရွာနှင့် ကြာ ကန်ကျေးရွာတို့တွင် အူရီဒူးကုမ္ပဏီ၏ ကိုယ်စားလှယ်ဟန်ဆောင်ကာ ဆင်းမ် ကတ်ဝယ်ယူလိုသူများ၏ အမည်စာ ရင်းကောက်ယူခဲ့ပြီး စာရင်းပေးသွင်း သူတစ်ဦးလျှင် ငွေကျပ် ၂၅ဝဝ၊ ၃ဝဝဝ ကောက်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း အူရီဒူးကုမ္ပဏီမှ တာဝန်ရှိသူကပြော သည်။

”အူရီဒူးကုမ္ပဏီရဲ့ အရောင်းကိုယ် စားလှယ်ဆိုင်တွေကနေ လျှောက်လွှာ တွေယူတယ်။ ပြီးရင် ကျေးရွာတွေမှာ ကိုယ်စားလှယ်ဆိုပြီး လျှောက်လွှာဖောင် တွေဖြည့်ပေးတယ်။ ပြီးတော့ လမ်းစရိတ် ဆိုပြီး တောင်းသွားတာပေါ့။ ဒီလိုလုပ် ရပ်မျိုးကို ကိုယ်စားလှယ်အစစ်အမှန် တွေလဲ လုပ်ခွင့်မရှိဘူး။ အူရီဒူးကုမ္ပ ဏီက ဆင်းမ်ကတ်အတွက် ငွေကျပ် ၁၅ဝဝထက် ပိုပေးစရာမလိုပါဘူး”ဟု အူရီဒူးကုမ္ပဏီသတင်းနှင့် ပြန်ကြားရေး အရာရှိ မသီရိကြာညိုကပြောသည်။

အရောင်းကိုယ်စားလှယ် ဟန် ဆောင်ကာ အခကြေးငွေယူခဲ့သူများ အား ¤င်းတို့တောင်းယူခဲ့သည့်ငွေများ ကို ဖုန်းလျှောက်သူများထံပြန်ပေးရန် နှင့် နောက်နောင် ထိုကဲ့သို့ အခကြေး ငွေယူခြင်း၊ ကိုယ်စားလှယ်ဟန်ဆောင် ခြင်းများမပြုလုပ်ရန်နှင့် ပြုလုပ်ပါက တရားဥပဒေအရအရေးယူမည်ဟု အူ ရီဒူးကုမ္ပဏီမှ တာဝန်ရှိသူများက သတိ ပေးပြောကြားခဲ့ကြောင်း ¤င်းက ဆက် ပြောသည်။

အဆိုပါ အရောင်းကိုယ်စားလှယ် ဟန်ဆောင်ခဲ့သူများသည် ခရမ်းမြို့ နယ် ကရင်စုကျေးရွာ ကုလားကြီးကျေး ရွာ၊ ကြာကန်ကျေးရွာ၊ သုံးခွမြို့နယ်မှ ကြုံကြိုက်ရွာ၊ မုဒိတာရွာ၊ ကျောင်းကုန်း ကျေးရွာများမှ လူ၅ဝဝကျော်ထံမှ ဖုန်း ဆင်းမ်ကတ် လျှောက်လွှာများကို အခ ကြေးငွေယူ၍ ကောက်ခံခဲ့ကြောင်း အူရီ ဒူးကုမ္ပဏီမှ သိရသည်။

အူရီဒူးကုမ္ပဏီအနေဖြင့် အ ရောင်းကိုယ်စားလှယ်ဆိုင်များတွင် အခ မဲ့ ကြိုတင်လျှောက်ထားနိုင်သော်လည်း လုပ်စားသူများက ကုမ္ပဏီနှင့် ဖုန်းအ ရောင်းဆိုင်များကြားတွင် လိမ်လည်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သန်လျင် မြို့နယ် ထူးသန့်ဖုန်းအရောင်းဆိုင်မှ ကိုကျော်သူရကပြောသည်။

Yangon Media Group

အပြည့်အစုံသို့ »

Google Glass ကိုယှဉ်ပြိုင်ရန် Samsung စီစဉ်နေ


Samsung သည် Google ကိုယှဉ်ပြိုင်နိုင်ရန် မျက်မှန်အဖြစ် ဝတ်ဆင်နိုင်သော ထုတ်ကုန်ကိုထုတ်လုပ်ရန် စီစဉ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က Google Glass သည်အမေရိကန်နိုင်ငံတွင် open beta ကိုမိတ်ဆက်ခဲ့ပြီး ယခုအခါတွင် ဒေါ်လာ ၁,၅၀၀ (ပေါင် ၈၉၀)  ဖြင့်ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များကို ရောင်းချလျက်ရှိသည်။ Samsung အနေဖြင့်လည်း Google ကဲ့သို့ပင်မျက်မှန်အဖြစ် ဝတ်ဆင်နိုင်သော ထုတ်ကုန်များကိုထုတ်လုပ်ရန် စီစဉ်နေပြီး Business Korea ၏ဖော်ပြချက်အရ Samsung သည် စက်တင်ဘာလတွင် Gear Glass  ဟုခေါ်ဆိုသည့် အင်တာနက်အသုံးပြုနိုင်သော မျက်မှန်ကိုထုတ်လုပ်ဖွယ် ရှိကြောင်းဖော်ပြခဲ့သည်။ Gear Glass တွင်အကြောင်းအရာများကို မျက်လုံးတစ်လုံးတည်းဖြင့် ကြည့်ရှုရန်သေးငယ်သော prism ပါဝင်ကာ အသံများနားထောင်ရန် အပေါက်လေးများလည်း ပါဝင်ဖွယ်ရှိသည်။ အဆိုပါထုတ်ကုန်တွင် Samsung ကအဓိကတိုးတက်အောင် လုပ်ဆောင်နေသည့် open-source software ဖြစ်သော Tizen operating system ကိုအသုံးပြုဖွယ်ရှိသည်။

မိမိတို့သည် ပထမဦးဆုံး စမတ်နာရီကို ထုတ်လုပ်သွားမည်ဖြစ်ပြီး အရေအတွက်များပြားသော စမတ်မျက်မှန်နည်းပညာနှင့် မူပိုင်ခွင့်များကိုလုံခြုံစွာ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်စက်တင်ဘာ လတွင် စမတ်နာရီ  Galaxy  Gear ကိုမိတ်ဆက်ခဲ့ပြီး ယခုနှစ်စက်တင်ဘာလတွင် Gear Glass ကိုမိတ်ဆက်သွားဖွယ်ရှိကြောင်း Samsung ပြောရေးဆိုခွင့်ရှိသူက Business Korea ထံပြောကြားခဲ့သည်။

-စိုးထက်

Ref: Telegraph
Internet Journal

အပြည့်အစုံသို့ »

ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ၁၀ ခုစာရင်းတွင် ပါဝင်လာသည့် Xiaomi


Canalys မှထုတ်ပြန်ခဲ့သော ကမ္ဘာတစ်ဝန်းသို့ စမတ်ဖုန်းတင်ပို့ရောင်းချသည့် ထိပ်တန်းကုမ္ပဏီ ၁၀ ခုတွင် တရုတ်ဖုန်းကုမ္ပဏီ Xiaomi ကပထမဦးဆုံးအကြိမ် ပါဝင်လာခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ကမ္ဘာထိပ်တန်း ဖုန်းအမှတ်တံဆိပ် ၁၀ ခုစာရင်း၏ ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံမှ အမှတ်တံဆိပ်များဖြစ်လာခဲ့ပြီး Huawei ကတတိယ Lenovo က စတုတ္ထ၊ Xiaomi က ဆဋ္ဌမ၊ Coolpad က အဋ္ဌမနှင့် ZTE က နဝမအသီးသီး ရပ်တည်ခဲ့ကြသည်။

Samsung ကမူ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ကိုဆက်လက် ဦးဆောင်နေပြီး ဈေးကွက်သို့တင်ပို့ရောင်းချမှု ၃၁ ရာခိုင်နှုန်းရှိခဲ့သည်။

Apple မှာ ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိခဲ့သော်လည်း Xiaomi ဝင်ရောက်လာမှုကြောင့် HTC မှာကမ္ဘာထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၁၀ ခုစာရင်းမှ ဖယ်ပေးလိုက်ရကြောင်း လေ့လာဆန်းစစ်သူ Tomi

Ahonen က Twitter မှတစ်ဆင့်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ဈေးကွက်တွင်လည်း  Samsung  ကပင်ဆက်လက် ဦးဆောင်နေပြီး ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည်။ Xiaomi  သည်လည်း  ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ရှယ်ယာ ပိုင်ဆိုင်မှုမြင့်တက်ခဲ့ပြီး ဈေးကွက်၏တတိယ နေရာ၌ရပ်တည်နိုင်ခဲ့သည်။


Xiaomi သည် တရုတ်ပြည်မကြီးသို့ ဖုန်းတင်ပို့ရောင်းချမှု ၉၇ ရာခိုင်နှုန်းရှိခဲ့ပြီး တရုတ်၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ) နှင့်စင်ကာပူနိုင်ငံများသို့ Android စမတ်ဖုန်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။



-နောင်နောင်
Ref: TechInAsia
Internet Journal

အပြည့်အစုံသို့ »

မိုးတွင်းမှာ ရေစိုခံစမတ်ဖုန်းတွေကိုအလဲထိုးမယ့် Sony Xperia Z2


မောင်မန်း

ရန်ကုန်၊ မေ ၂၁

မိုးရာသီကို ရောက်လာတဲ့အချိန်မှာ Sony တို့က သူတို့ရဲ့ Z2 ကို ရေစိုခံနိုင်တယ်ဆိုတဲ့ စမတ်ဖုန်းတွေ အားလုံးကို စိန်ခေါ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားပုံပါပဲ။ ရေစိုခံတဲ့ဖုန်းတွေထဲက ဒီစမတ်ဖုန်းကို ရွေးချယ်ဖော်ပြရတဲ့ အဓိကအချက်တွေကို လေ့လာကြည့်ရအောင်။

ရေစိုခံနိုင်တဲ့ဖုန်းတွေ ချစီကြည့်တဲ့အခါ

ရေစိုခံနိုင်တဲ့ စမတ်ဖုန်းတွေကို အပြိုင်ထုတ်လာတဲ့အချိန်မှာ Sony တို့က သူတို့ရဲ့ Z စီးရီးကို ရေအောက်အနက် တစ်မီတာမှာ မိနစ် ၃၀ အထိ အထားခံနိုင်တယ်ဆိုတဲ့ အထိ ကို စိန်ခေါ်ခဲ့တာပါ။ Z2 မှာလည်း ရေစိုခံနိုင်မှုက Z စီးရီးတွေရဲ့ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ဖုန်၊ သဲ စတာတွေ မ၀င်နိုင်ဖို့ကာ ကွယ်တဲ့နေရာမှာလည်း Z2 တို့က စမတ်ဖုန်းလော ကကို စိန်ခေါ်နိုင်ခဲ့ပါတယ်။ Z စီးရီးတွေဟာ စမတ်ဖုန်းလောကကို စိန်ခေါ်ခဲ့တဲ့နေရာမှာ ရေစိုခံနိုင်မှုတစ်ခု တည်းတော့ မဟုတ်ပါဘူး။

ပညာရှင်အဆင့်ကင်မရာတွေကို စိန်ခေါ်

ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကင်မရာ အရည်အသွေးကောင်းတွေနဲ့ ထုတ်လုပ်ကြပါတယ်။ ဒီနေရာမှာ Sony တို့က Z စီး ရီးကို အကောင်းဆုံးပုံစံနဲ့ ပွဲထုတ်ခဲ့တာပါ။Z2 မှာဆိုရင် ကင်မရာအရည်အသွေးက 20.7 MP တပ်ဆင် ထားပါတယ်တဲ့။ ပညာရှင်အဆင့် ကင်မရာတွေမှာ သုံးတဲ့ Mega Pixel နဲ့ အတူတူလောက်ရှိတဲ့အတွက် ပုံထွက်အရည်အသွေးမှာ အခြားစမတ်ဖုန်းတွေကို စိန်ခေါ်နိုင်ပါတယ်။ နောက်တစ်ချက်ထူးတာက ရေ အောက်မှာ ရိုက်နိုင်တာပါ။ ဒီ့အပြင် ဗွီဒီယိုဖိုင်တွေကို 4K Video ရိုက်နိုင်တယ်ဆိုတဲ့အချက်က Sony တို့ရဲ့Z2 ကို ရွေးချယ်စေမယ့်အချက်ပါပဲ။

ဒီဇိုင်းနဲ့ပတ်သတ်ရင် အရှုပ်အရှင်းကင်း

ဘယ်ဖုန်းကို ဘယ်ဖုန်းက ဒီဇိုင်းပိုင်း ကူးယူပါတယ်လို့ အပြန်အလှန်တရားစွဲနေကြတဲ့အချိန်မှာ Sony တို့ က အရှုပ်အရှင်းကင်းတယ်လို့ ဆိုရပါမယ်။ သူတို့ရဲ့လေးထောင့်ဆန်ဆန် ဒီဇိုင်းနဲ့ တစ်ကမ္ဘာလုံးက အသုံး ပြုသူတွေကို သိမ်းသွင်းထားပါတယ်။ ၅ ဒသမ ၂ လက်မ မျက်နှာပြင်ဟာ နောက်ဆုံးထွက် စမတ်ဖုန်း တွေထဲမှာ ထူးထူးခြားခြား ပေါ်လွင်နေပါတယ်။

မျက်နှာပြင်အရည်အသွေး

မျက်နှာပြင်အရည်အသွေးကို ကြည့်ရင် Z2 တို့က သူတို့ရဲ့မျက်နှာပြင်ကို HD အရည်အသွေးရရှိအောင် စီရင်ထားပါတယ်။1080 x 1920 pixels အရည်အသွေး ရှိပါတယ်။ IPS LCD မျက်နှာပြင်ကို အသုံးပြု ထားတဲ့ Sony တို့ဟာ စမတ်ဖုန်းလောကကို ကောင်းကောင်းစိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်မှုပိုင်းမှာ ထိပ်တန်းစာရင်းဝင်

Android ရဲ့နောက်ဆုံး Version ဖြစ်တဲ့ Android Version 4.4.2 (Kitkat)ကို သုံးထားတဲ့ ဒီဖုန်းကို ဘယ် Android OS သုံးဖုန်းက ယှဉ်ပြိုင်မှာလဲ။

Quad-core 2.5 GHz Krait 400 CPU ကိုသုံးထားပါတယ်။ Memory ကိုတော့ 16 GB တစ်မျိုးပဲ ထည့် သွင်းတည်ဆောက်ထားတဲ့အတွက် အခြားဖုန်းတွေလို Memory များတာကို ရွေးချယ်ခွင့်တော့ မရှိပါဘူး။ ဘက်ထရီကတော့ Li-Lon 3200 mAh ကို သုံးထားပါတယ်။ ၁၅ နာရီကနေ ၁၉ နာရီ အထိ အပြောခံပါ တယ်လို့ ဆိုပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေနဲ့ Z2 ကို ပြည်တွင်းဈေးကွက်မှာ ကျပ် ၆၃၉,၀၀၀ ၀န်းကျင် နဲ့ ကြိုတင်မှာ ယူနိုင်နေပြီဖြစ်ပါတယ်။

Mizzima Burmese

အပြည့်အစုံသို့ »

၃ ဂျီကွန်ရက်က မြန်မာနိုင်ငံကို အကြီးအကျယ် တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်ဟုဆို


မြန်မာနိုင်ငံရှိ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော ကာတာအခြေစိုက် အော်ရီးဒူး၏
အလုပ်အမှုဆောင် မစ္စတာ ကောမက်က ၃ ဂျီကွန်ရက်သည် မြန်မာနိုင်ငံကို အကြီးအကျယ်
တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြားထားကြောင်း မေလ ၁၆ ရက်နေ့က
၎င်း၏ တရားဝင်အင်တာ နက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ် ၃ ဂျီကွန်ရက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြုပ်နှံမှုတွေ အများအပြား ပေါ်ပေါက်လာပြီး တိုင်းပြည်အကြီးအကျယ် တိုးတက်ပြောင်းလဲ
လာအောင် ဆောင်ရွက်သွားမယ်။ တွန်းအားပေးမယ်။ ပြီးတော့အထောက်အကူတွေလည်း
အများကြီးပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်"ဟု အော်ရီးဒူးမြန်မာ၏
အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က အမေရိကန်စီးပွားရေး မိတ်ဖွဲ့
ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

၃ ဂျီ ကွန်ရက်ဟုဆိုရာတွင် ထိုကွန်ရက်တွင် အသံခေါ်ဆိုမှုများအပြင် ရုပ်ပိုင်းဆိုင်ရာခေါ်ဆိုမှု
(Video Calling) စနစ်ပါ ပါဝင်မည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်းအနေဖြင့် တစ်စက္ကန့်လျှင်
၂၀ မက်ဂါဘိုက်မှ ၄၁ မက်ဂါဘိုက်အထိ ဒေတာကူးပြောင်းနိုင်မှု အလွန်မြင့်မားသည်။

၃ ဂျီကို third generation of mobile phone standard ဟု ကမ္ဘာတစ်လွှားသိထားကြပြီး
ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် လွန်ခဲ့သည့်နှစ်များကပင် ၃ ဂျီထက်မြင့်သော ၄ ဂျီစနစ်ကို
သုံးစွဲနေလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ဆွေးနွေးသူများမှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ
တာဝန်ရှိသူများ၊ အမေရိကန်ပြည်ထောင်စုမှ လူမှုရေးရာများဆိုင်ရာ စွန့်ဦးလုပ်ငန်းရှင်များ၊
ရင်းနှီးမြှုပ်နှံသူများနှင့် အများအကျိုးအတွက် ပရဟိတဒါရှင်များပါဝင်ကြပြီး အပြည်ပြည်ဆိုင်ရာ
စီးပွားချိတ်ဆက်ခြင်းများအတွက် The Richardson ဗဟို၊ The Aspen သိပ္ပံတို့ ဦးဆောင်ကာ
မြန်မာပြည်တွင်း၌ ရှိနေသော လူထုအကျိုးပြုသည့် ရင်းနှီးမြုပ်နှံခြင်းအခွင့်အလမ်းများ၊
မြန်မာနိုင်ငံတော် အစိုးရ၏ တိုင်းပြည်ကို ဒီမိုကရေစီနည်းလမ်းကျစွာ ကူးပြောင်းရန် ခိုင်မာသော
ကတိထားရှိခြင်းများအပြင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ပင်တားဆီးမှုများ
ရုတ်သိမ်းခြင်းစသည့် မြန်မာစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုများသည် မည်သို့ အကျိုးသက်ရောက်
ကြောင်း ဆွေးနွေးခဲ့ကြသည်။

Myanmar Times

အပြည့်အစုံသို့ »

iPad Mini နှင့်တူညီမှုရှိသည့် Xiaomi Mi Pad


တရုတ်ကုမ္ပဏီ Xiaomi မှပထမဦးဆုံး ထုတ်လုပ်သည့် tablet တွင် ၇.၉ လက်မအရွယ် display ကိုအသုံးပြုထားကာ ၎င်းသည် Apple ၏ iPad Mini နှင့်တူညီမှုရှိကြောင်း သိရသည်။

Xiaomi ၏ Mi Pad သည် ၇.၉လက်မအရွယ်ရှိ Wi-Fi tablet သည် iPad Mini နှင့်တူညီမှုရှိသော်လည်း ၎င်း tablet ကို iPad ကဲ့သို့အလူမီနီယမ် အသုံးမပြုထားဘဲ ပလတ်စတစ်သာ အသုံးပြုထားသည်။ အဆိုပါ tablet ၏ screen resolution သည် Apple ၏ iPad Mini ကဲ့သို့ပင် 2,048x1,536 pixels ကိုအသုံးပြုထားကြောင်း သိရသည်။ ထို့အပြင် Mi Pad တွင် Nvidia ၏ quad-core Tegra K1 ပရိုဆက်ဆာကို အသုံးပြုထားကာ RAM 2GB နှင့် Onboard storage အဖြစ် 16GB သို့မဟုတ် 64 GB အဖြစ်ပါဝင်လာမည်ဖြစ်သည်။ Mi Pad ၏အလေးချိန်သည် ၃၆၀ ဂရမ်ရှိပြီး အထူမှာ ၈.၅ မီလီမီတာရှိသောကြောင့် Apple ၏ tablet ထက်အနည်းငယ်ထူကာ ပိုလေးကြောင်းသိရသည်။

၎င်းတွင် Android 4.4.2 KitKat ကိုအခြေခံထားသော MIUI ခေါ်သောစိတ်ကြိုက် ပြင်ဆင်ထားသည့် Android ဗားရှင်းကိုအသုံးပြုထားသည်။ Mi Pad tablet တွင် Selfie ရိုက်ကူးသူများအတွက် ရှေ့ကင်မရာတွင် 5 megapixel အသုံးပြုထားပြီး ကျောဘက်ကင်မရာတွင် 8 megapixel ကိုအသုံးပြုထားကာ 6,700mAh ဘက်ထရီကို အသုံးပြုထားသည်။ Mi Pad 16GB ဗားရှင်းကို ဒေါ်လာ ၂၄၀ ခန့်ဖြင့်ဝယ်ယူနိုင်ကာ 64GB ဗားရှင်းကိုဒေါ်လာ ၂၇၀ ခန့်ဖြင့်ဝယ်ယူနိုင်ကြောင်း သိရသည်။



-စိုးထက်
Ref: CNET
Internet Journal

အပြည့်အစုံသို့ »

Galaxy S5 အလုံးရေ ၁၁ သန်းရောင်းချခဲ့ရကြောင်း Samsung ဆို


Samsung သည် Galaxy S5 စတင်ထွက်ရှိသည့် အချိန်မှစ၍အလုံးရေ စုစုပေါင်း ၁၁ သန်းရောင်းချခဲ့ရကြောင်း ကုမ္ပဏီအကြီးအကဲ J.K. Shin ကပြောကြားသွားခဲ့သည်။ မိမိတို့အနေဖြင့် S5 ကိုစတင်ရောင်းချခဲ့သည်မှာ တစ်လရှိပြီဖြစ်ကြောင်း ၎င်းစမတ်ဖုန်းရောင်းချမှုသည် Galaxy S4 ထက်ပိုမိုများပြားကြောင်း Shin က The Wall Street Journal သို့ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Samsung သည်တစ်လအတွင်း Galaxy S4 အလုံးရေ ၁၀ သန်းခန့်ရောင်းချခဲ့ရကြောင်း သိရသည်။ Galaxy S5 ရောင်းချမှုမြင့်တက်ရခြင်းသည် ကုမ္ပဏီအနေဖြင့် ဖုန်းများကို ၁၂၅ နိုင်ငံ၌ တစ်ချိန်တည်း ရောင်းချရန်သဘောတူညီချက်များ ရရှိနိုင်စေရန် ပြင်ဆင်မှုများ ကောင်းစွာပြုလုပ်ခဲ့ကြောင်း Shin ကပြောကြားခဲ့သည်။ Galaxy S5 ရောင်းချမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော အမေရိကန်၊ သြစတြေးလျနှင့် ဂျာမနီနိုင်ငံတို့တွင် ပိုမိုကောင်းမွန်ကြောင်းသိရသည်။

Samsung အနေဖြင့် မိုဘိုင်းရောင်းချမှုများ တိုးတက်နေသော်လည်း ပြီးခဲ့သည့်လအနည်းငယ်က ကုမ္ပဏီတွင်ခက်ခဲသော အချိန်များရှိခဲ့သည်။ Samsung သည်ခြောက်လခန့်အတွင်း အရှုံးပေါ်ခဲ့သည့်အပြင် ယခုနှစ်သုံးလပတ်တွင် စမတ်ဖုန်းဈေးကွက်အတွင်း ၁ ရာခိုင်နှုန်းဆုံးရှုံးခဲ့ကြောင်း သိရသည်။ Samsung သည် ၂၀၀၉ ခုနှစ်မှစတင်၍ စမတ်ဈေးကွက်တွင် ပထမဆုံးကျဆင်းမှု ဖြစ်လာကြောင်းသိရသည်။

-စိုးထက်
Ref: CNET
Internet Journal

အပြည့်အစုံသို့ »

Feature အသစ်ပါဝင်လာသည့် Facebook for iOS 10.0


ပြီးခဲ့သည့် ရက်အနည်းငယ်က Facebook သည် iOS app update ကိုဖြန့်ချိခဲ့ပြီး ၎င်းတွင်သုံးစွဲသူများ ၏ဖုန်းလိုင်းအားနည်းနေစဉ် သို့မဟုတ် အင်တာနက်မမိသည့် အချိန်တွင် post များကိုဖန်တီးထားနိုင်မည့် feature ပါဝင်လာကြောင်းသိရသည်။

Facebook ဗားရှင်း 10.0 တွင်ပြုလုပ်ထားသည့် ပြောင်းလဲမှုများသည် အချို့အရာများတွင် ပြုလုပ်ထားသည့် update များထက်ပို၍ ထူးခြားမှုမရှိကြောင်း တွေ့ရသည်။ Feature အသစ်တစ်ခုအဖြစ် ကြီးမားသောပြောင်းလဲမှုဖြစ်သော သုံးစွဲသူများက  offline  ဖြစ်နေစဉ်အတွင်း draft post များအဖြစ်ထားရှိကာ network connection ပြန်လည်ရရှိသည့်အချိန်မှ upload ပြုလုပ်နိုင်မည့် feature ပါဝင်လာသည်။ ၎င်း feature ကိုဖုန်းအား Airplane Mode ပြောင်းထားခြင်း သို့မဟုတ် data connection အားနည်းနေသည့် အချိန်တိုတွင်းအသုံးပြုနိုင်ကြောင်း Facebook ကပြောကြားထားသည်။

ထို့အပြင် ၎င်းဗားရှင်း 10.0 တွင်သုံးစွဲသူများအနေဖြင့် အဓိက draft post များကိုတင်ရန်ကြည့်ရှု စစ်ဆေးနိုင်ပြီး၊ စာအုပ်၊ ရုပ်ရှင်နှင့်သီချင်းများကို ဝေမျှထားသည့် status များမှအလိုမရှိသည်များကို "suggested links" မှဖယ်ရှားနိုင်သည်။ အဆိုပါ update သည် device ဟောင်းများဖြင့် အသုံးပြုသည့်အခါတွင်လည်း News Feed loading time ကိုမြန်ဆန်မှုရှိစေရန် လုပ်ဆောင်ထားကြောင်း သိရသည်။


-စိုးထက်

Ref: Apple Insider
Internet Journal

အပြည့်အစုံသို့ »