Showing posts with label political-news. Show all posts
Showing posts with label political-news. Show all posts

မဟာသန္တိသုခ အမှုရုံးချိန်း (ရုပ်/သံ)


 မဟာသန္တိသုခ ကျောင်းတိုက်က သံဃာ ၅ ပါးကို သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို ထားတဲ့ အမှုဟာ သာသနာတော် တခုလုံးနဲ့ သက်ဆိုင်နေတဲ့ အတွက် အမှုမှန် ပေါ်ပေါက်တဲ့ အထိ ဘက်မလိုက်ဘဲ သေသေ ချာချာ စစ်ဆေးဖို့ လိုအပ်တယ်လို့ တရားစွဲ ခံထားရတဲ့ ဆရာတော် ဦးဥတ္တရက မိန့်ကြား လိုက်ပါ တယ်။

ဒီကနေ့ ရန်ကုန် တာမွေမြို့နယ်တရားရုံးမှာ ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးအမှုကို စစ်ဆေးအပြီးမှာ ဆရာတော်က သတင်းထောက်တွေကို အခုလို မိန့်ကြားခဲ့တာပါ။ အမှုရုံးချိန်းကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း... ဒီအမှုနဲ့ ပတ်သက်လို့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိခဲ့ရင် ပြည်သူလူထုနဲ့ သံဃာထုရဲ့တုန့်ပြန်မှုကို မလွဲမသွေ ရင်ဆိုင် ရလိမ့်မယ်လို့ ပြောပါတယ်။ ပီနန်ဆရာတော် အရှင်ပညာဝံသ တည်ထောင်ထားတဲ့ မဟာသန္တိသုခ ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော်ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ပြီးခဲ့တဲ့ဇွန်လ ၁ဝ ရက်နေ့ ညဘက် မှာ သာသနာရေး၊ ပြည်ထဲရေးနဲ့ မဟာသံဃနာယကအဖွဲ့ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သာသနာ ညိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ သာသနာရေးဦးစီးဌာနက တရားလိုတွေကို စစ်ဆေးခဲ့ပြီး၊ လာမယ့် ဇူလိုင်လ ၄ ရက်နေ့ကို နောက်တကြိမ် ချိန်းဆိုလိုက်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။


RFA Burmese

အပြည့်အစုံသို့ »

ဒုဗိုလ်ချုပ်ကြီးမြင့်စိုးမှ နှစ်ကြိမ်စိန်ခေါ်သည့်အတွက် ကန့်ဘလူ သိမ်းဆည်းမြေယာ ဆွေးနွေးပွဲပျက်ဟု လယ်သမားများကဆို


ဒုဗိုလ်ချုပ်ကြီးမြင့်စိုး

 စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ အငြင်းပွားမှု ပြဿနာ ပြင်းထန် နေသော ကန့်ဘလူ မြို့နယ်တွင် လယ်ယာ မြေသိမ်း ဆည်း ခံထားရသည့် ကျေးရွာငါးရွာမှ တောင်သူ လယ်သမားများနှင့် တပ်မတော် တာဝန်ရှိ သူများတို့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြရာတွင် ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက တောင်သူများကို နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်မှု ပြုလုပ်ခဲ့သည့် အတွက် ဆွေးနွေး ပွဲ ပျက်ပြယ်ခဲ့ ရကြောင်း   ယင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် တောင်သူများ ကပြောသည်။

“တောင်သူတွေနဲ့တွေ့တဲ့ အခါ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက အစပိုင်းမှာ ပြည်သူတွေကို မိဘသဖွယ် ပြောနေ တာ။ နောက်ပိုင်းကျတော့ သိမ်းဆည်း မြေယာအရေးနဲ့ ပတ်သတ်ပြီး တပ်ကနေ ဖြေရှင်းပေးတာ မကြိုက်ရင် ချက်ချင်း ထွက်သွားလို့ စိန်ခေါ်တယ်။

စိန်ခေါ်တာ နှစ်ကြိမ်တောင် အဲ့ဒါနဲ့ တောင်သူတွေ အကုန်လုံး ခန်းမထဲကနေ ထွက်ကုန်တာ။ ဆွေးနွေးပွဲ လည်း ပျက်သွားတယ်”ဟု အဆိုပါ ဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့သည့် တောင်သူဦးကျော်ထွန်းနိုင်က ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းသကြားစက်ရုံတွင် ဇွန်လ၁၆ ရက်နေ့ နေ့လည် တစ်နာရီခွဲဝန်းကျင်တွင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုး ဦးဆောင်သော တပ်မတော် တာဝန်ရှိသူများ၊ လယ်ယာမြေ သိမ်းဆည်းခံကျေးရွာ ငါးရွာမှ တောင်သူ ၂၀၀ ကျော်နှင့် တပ်မတော်က သိမ်းဆည်း မြေယာများပေါ်တွင် သီးစားချထားသူများ ပါဝင်ဆွေးနွေးခြင်းဖြစ်ပြီး ပွဲစတင်ပြီး နာရီဝက်အတွင်းပင် ပွဲပျက်သွားခြင်းဖြစ် ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း၊ခအုံးတာ၊ ပေကြီး၊ ထောက်ရှာအိုင်၊ မြေမွန်စသည့်ကျေးရွာငါးရွာအတွင်းရှိ လယ်ယာမြေဧက တစ်သောင်းကျော်ကို တပ်မတော်မှသိမ်းဆည်းထားခြင်းဖြစ်ပြီး ဆွေးနွေးပွဲနေ့တွင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက လက်ရှိတပ်မတော်မှ လုပ်ကိုင်သော  မြေယာဧက ၅,၀၀၀ကျော်ကို မူလတောင်သူများအား ပြန်လည်မပေးအပ်နိုင်ကြောင်း ပြောဆိုခဲ့ပြီး တပ်မတော်မှ သီးစားချထားသူများကိုသာ အကာအကွယ်ပေးပြောဆိုခဲ့ကြောင်း တောင်သူများက ပြောသည်။

မြေပြင်တွင်မူ တပ်မတော်မှ လုပ်ကိုင်နေသည့်ဟုဆိုသည့် လယ်ယာမြေများမှာ တပ်မတော်သားများကိုယ်တိုင် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ တခြားသက်ဆိုင်ခြင်းမရှိသူများကိုသာ ပြန်လည်သီးစားချထားလုပ်ကိုင်ခြင်းဖြစ်ကြောင်း လယ်အသိမ်းခံ တောင်သူများက ပြောသည်။

“တပ်ကသိမ်းထားတဲ့ မြေတွေထဲကနေ မြေဧက ၅,၅၁၈ ဧကကို ပြန်မပေးနိုင်ဘူးလို့ ပြောတယ်။ ပြီးတော့ မြေတွေကို တောင်သူတွေကိုယ့်နေရာ ကိုယ်ပြန်မရဘူး။ သူတို့ချထားပေးတဲ့အတိုင်းဘဲ ရမယ်။ အဲ့ဒီလို တပ်ကဖြေရှင်းတာကို မကျေနပ်ရင် ထွက်သွားလို့ရတယ်လို့ စိန်ခေါ်တာ။

အဲ့ဒါနဲ့ မကျေနပ်ဘူးဆိုပြီး တောင်သူတွေ အကုန်ထွက်သွားတာဟု” ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော တောင်သူ ဦးဇော်ဝင်း မောင်က ပြောသည်။

လက်ရှိကာလအချိန်တွင် ကန့်ဘလူ မြို့နယ်တွင် တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာမြေများပေါ်တွင် မူလဓားမ ဦးချ တောင်သူများက ပြန်လည်ဝင်ရောက် လုပ်ကိုင်ကြရာ တပ်မှ သီးစားချထားသူများ နှင့်ထိပ်တိုက်တွေ့ဆုံကာ မြေယာအငြင်း ပွားမှုပြင်းထန်နေသည့် ကာလဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ တပ်သိမ်းမြေတွင် မူလ တောင်သူများက ပြန်လည်ထွန်ယက်စိုက်ပျိုးချိန်တွင် တပ်မှသီးစားချထားသူများက မူလတောင်သူများကို တရားစွဲဆိုထားပြီး ကန့်ဘလူမြို့နယ်တွင် တောင်သူစုစုပေါင်းရာကျော် တရားစွဲဆိုခံနေရကြောင်း ကန့်ဘလူနယ်ခံ လယ်သမားအရေးဆောင်ရွက်ပေးသူ ဦးကောင်းထွဋ်က ပြောသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေချိန်တွင် အဆိုပါ ဆွေးနွေးပွဲနေ့တွင် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက တပ်မတော်မှ သီးစားချလုပ်ကိုင်နေသော လယ်ယာမြေများပေါ်တွင် မူလတောင်သူများဝင်ရောက်ခြင်း မပြုနိုင်ရန်အတွက် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားပေးရန်ကို သက်ဆိုင်ရာခရိုင် ရဲတပ်ဖွဲ့မှူးကြီးအား မှာကြားခဲ့ကြောင်း ယင်းဆွေးနွေးတက်ရောက် တောင်သူများကပြောသည်။

“ဆွေးနွေးပွဲ မလုပ်ခင်ရက်ပိုင်းတွေကတည်းက ပြဿနာတွေမတက်ရအောင် စစ်ကိုင်းတိုင်း ဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်နဲ့ တောင်သူတွေ ငှက်ပျောတိုင်းရွာမှာ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြတာ။ တပ်မတော်က ဒုဗိုလ်ချုပ်ကြီးမြင့်စိုး ကိုယ်တိုင်က တောင်သူတွေကို ရှင်းပေးမယ်ဆိုတော့ ဒီတစ်ခါ လယ်ယာမြေပြန်ရပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ကို ဆွေးနွေးပွဲသွားခဲ့တာ။ ဟိုရောက်တော့ ထင်ထားတာနဲ့တခြားစီဖြစ်တော့  စိတ်ပျက်ကုန်တာ။

အမျိုးသမီး တွေလည်းပါတော့ သူတို့ဆို မျက်ရည်ဝဲပြီး ငိုမတတ်ကို ဖြစ်ကုန်တာ။ တောင်သူတွေကို ဆက်ဆံတာဆိုးတဲ့အတွက် တော်တော်လေးကို ခံစားရတယ်”ဟု ငှက်ပျောတိုင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။ကန့်ဘလူတွင် ဖြစ်ပွားနေသော လယ် ယာမြေအငြင်းပွားမှုသည် တစ်ဖက်နှင့်တစ်ဖက် တောင်သူဦးရေရာကျော်ရှိပြီး ထိပ်တိုက်တွေ့ဆုံမှု ပြင်းထန်နိုင်သည့်အတွက် သက်ဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးဝန်ကြီးမှ ကျေးရွာများထိ အရောက်လိုက်လံကာ ညှိနှိုင်းခဲ့ခြင်းများရှိခဲ့ပြီး ဆွေးနွေးပွဲအား ဖြစ်မြောက်အောင် စီစဉ်ပေးနိုင်ခဲ့သော်လည်း အဆင့်မြင့်အရာရှိကြီးမှ လယ်ယာအသိမ်းခံတောင်သူများအား  ပြန်လည် ငဲ့ကွက်ထောက်ရှုခြင်း မရှိသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ရကြောင်း  လယ်ယာမြေ သိမ်းဆည်းခံတောင်သူများက ပြောသည်။

- ကျော်သူရမျိုး
The Farmer Media

အပြည့်အစုံသို့ »

သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲဆက်ဖြစ်ပွား အစိုးရတပ်မတော်ဘက် သေဆုံးမှုများ


ဂျွန် ၂၇ ရက် ၂၀၁၄

 သျှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ရင်း ၆၄၁၊ ၇၆၆ နှင့် အစိုးရ တပ်မတော် ခလရ ၂၄၇ တို့ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း ရင်ဆိုင်တိုက်ပွဲများ ယနေ့ဆက်ဖြစ်ရာ အစိုးရတပ်မတော်ဘက် ၈ ဦးသေဆုံးသည်ဟု ဒေသအတွင်း သတင်း ရပ်ကွက်ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ့်ဝပ်အုပ်စု တာ့ဖါဆောင် ရွာ(တံတား - ယမန်နေ့ကဖြစ်ပွါးခဲ့သောတိုက်ပွဲ) တောင်ဘက် တမိုင်ခွဲအကွာ လွယ်ခေါ်ရွာ အနီး၌ ယနေ့(ဂျွန် ၂၇ ရက် ၂၀၁၄) နံနက် ၁၁.၃၀ နာရီ ၁၃.၃၀ နာရီခန့်အထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက် ၈ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရှိသည်ဟု ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ တပ်ဆေးမှူး အသိုင်း အဝိုင်းက ပြောသည်။

“ကျနော်တို့က တာ့ဖါဆောင်တံတားစခန်းမှာ စစ်ကူသွားပေးမလို့လေ။ အဲဒီစစ်ကြောင်းက ကျနော်တို့ ဦးတည်သွားနေတဲ့ဘက်ကို လှည့်လာတော့ တိုက်ပွဲဖြစ်သွားတာ။ ကျနော်တို့ဘက်က တယောက်ဒဏ်ရာ ရတယ်။ သူတို့ဘက် လက်နက်ကြီးတွေ ၆၀ မမ၊ အမ်အေ ၇ တွေနဲ့ လျှောက်ထုပြီး တပ်ဆုတ်သွား တယ်။ ရန်ကုန် မန္တလေးဘက် ကျနော်တို့ ထိုးစစ်သွားဆင်နေ တာမဟုတ်ဘူး။ ဒီနေရာတွေက ကျနော်တို့ရဲ့မွေး မြေဘဲဗျာ၊ ကြိုက်တဲ့နေရာလူခွဲ၊ ကြိုက်တဲ့နေရာပြန်စု၊ တိုက်ချင်တဲ့နေရာတိုက်လို့ ရတယ်။ အထက် အမိန့်မရလို့ တွေ့တိုင်းမပစ်ရတာဘဲရှိတယ်။ တွေ့တိုင်းတာ ပစ်မိန့်ရှိရင်တော့လေ။ ” - ဟု ရှေ့တန်း ရောက် အရာရှိငယ်တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် သဘောတူညီချက်များ မလိုက် နာခြင်း၊ လူအင်အားဖြည့်ခြင်း၊ လက်နက်အင်အားဝယ်ယူ စုဆောင်းခြင်း၊ တပ်စခန်းများတိုးချခြင်းများ ပြုလုပ်နေသောကြောင့် ၎င်းတို့ အား တိုက်ခိုက် ရှင်းလင်းရန် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာန ချုပ် ရလခ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်မှ တိုက်ရိုက်ညွှန်ကြား လာ သည်ဟု မိုင်းရှူးမြို့ တပ်အရာရှိ အသိုင်းအဝိုင်းကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ပြည်ထောင်စု အ ဆင့်ငြိမ်းချမ်းရေး လက်မှတ်ထိုးထားကြပြီးဖြစ်သည်။

သျှမ်းသံတော်ဆင့်

အပြည့်အစုံသို့ »

သန္တိသုခ အရှုပ်တော်ပုံ ဝင်မရှင်းဘူးလို့ ဦးခင်ညွန့်ပြော


မဟာသန္တိသုခကျောင်းတိုက် အရှုပ်တော်ပုံကို ဝင်ရှင်းပေးမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောပါတယ်။ သန္တိသုခ ကျောင်းတိုက်ကို ဦးခင်ညွန့်က နိုင်ငံတော် သံဃမဟာနာယက (မဟန) ကို  ထိန်းသိမ်းဖို့ အပ်ခဲ့တာ ဖြစ်ပါတယ်။

“သန္တိသုခနဲ့ ပတ်သက်လို့ ဘာမှ ဝင်မရှင်းဘူး။ ဆိုင်လည်း မဆိုင်တော့ဘူး။ သူတို့ဘာသာ သူတို့ ရှင်းကြပါလိမ့်မယ်” လို့ သူက မီဒီယာတွေကို ပြောဆိုပါတယ်။

၂၀၀၂ ခုနှစ်က ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတိုက်ဟာ အုပ်ချုပ်ရေး အဆင်မပြေတဲ့အတွက် ထိန်းသိမ်းပေးဖို့ နိုင်ငံတော် သံဃမဟာနာယကကို ခေတ္တအပ်ထားခဲ့တယ်ဆိုပြီး ၂၀၀၄ခုနှစ်မှာ တယ်လီဖုန်းနဲ့ လျှောက်ခဲ့တယ်လို့ ပီနန်ဆရာတော်က မိန့်ကြားထားပါတယ်။

အဲဒီကျောင်းတိုက်မှာ နိုင်ငံတော် သံဃမဟာနာယကရဲ့ ခွင့်ပြုချက် မရှိဘဲ နေထိုင်တယ်ဆိုပြီးတော့ လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာတော်လေးပါး တရားစွဲဆိုခံထားရပါတယ်။ နိုင်ငံတော် သံဃမဟာနာယကရဲ့ ညွန်ကြားချက်နဲ့ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ည သန်းခေါင်ယံ အချိန်မှာ ချိတ်ပိတ်ခဲ့ပါတယ်။ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲပြီးဇွန်လ ၁၃ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

The Voice

အပြည့်အစုံသို့ »

မြန်မာအစိုးရရဲ့  မပြောင်းနိုင်တဲ့ စရိုက်ဟောင်း


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ မီဒီယာသမားတွေကို သတင်းတပ်ဖွဲ့က ဆိုင်းမဆင့်ဗုံမဆင့် ထင်သလို ခေါ်ယူစစ်ဆေးမေးမြန်းနေတာနဲ့ ပတ်သက်ပြီး မြန်မာမီဒီယာလောက က အတော်လေး ခံပြင်းနေကြပါတယ်။ စရိုက်ဟောင်း မဖျောက်နိုင်သေးတဲ့ ထောက်လှမ်းရေးတို့ရဲ့  မလေးမစားနဲ့ ခြိမ်းခြောက် သတိပေးနေတဲ့ လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝါရင့်မီဒီယာသမားတွေဖြစ်ကြတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ဓနမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။  မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့  လက်အောက်ခံဖြစ်တဲ့ သတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘာတွေသိချင်လို့ မေးသလဲ၊ မြန်းသလဲဆိုတာကို ဆရာကျော်မင်းဆွေ စပြောပါ။

ဦးကျော်မင်းဆွေ ။ ။ ကျနော့်တိုက်က အယ်ဒီတာတစ်ယောက်သွားတယ်။ သူတို့ အဓိကမေးတာက အရှုံးအမြတ်ကိစ္စ၊ ဝန်ထမ်းတွေ ဘယ်လောက်ခန့်ထားလဲ၊ လစာကိစ္စ အဲဒါတွေကို အဓိကထားမေးတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ကောလာဟလသတင်းတွေ အများကြီးကြားနေရတဲ့အထဲမှာ မီဒီယာလောကထဲမှာ ဝင်ပြီးတော့ ငွေကြေးတတ်နိုင်သူတချို့ က ငွေမဲခဝါချဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ ကောက်ချက်ဆွဲကြပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တဲ့သဘောက ပိုပြီးပေါ်လွှင်နေတယ်လို့ ပြောရမလား။

ဦးကျော်မင်းဆွေ ။ ။ ကျနော်ကတော့ အဲဒီလို အကြောင်းပြချက်က ဒီလောက်ကြီး မခိုင်လုံဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးခဝါချမှုလို့ ပြောလို့ရှိရင် အဓိက တိုက်ရိုက်ပတ်သက်တာ ဘဏ်တွေကို အရင်ဦးဆုံးစစ်ရမယ်။ ဒီလိုပြောလိုက်လို့ရှိရင် ဘဏ်တွေမှာ ငွေကြေးခဝါချမှု ရှိတယ်လို့ပြောတာ မဟုတ်ဘူး။ မီဒီယာလောကကို လုပ်တယ်ဆိုတာက တမျိုးဖြစ်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာလောကမှာ ကိုယ်ဂုဏ်သိက္ခာနဲ့ကိုယ် ရပ်တည်နေတယ့် မီဒီယာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာက ဘဏ်တွေကို ငွေကြေးခဝါချတယ်လို့ မပြောပေမယ့် ကျနော်တို့ မီဒီယာသမားတွေ ကြားနေရတာကတော့ မြန်မာနိုင်ငံ စီးပွားရေး ဦးမော့ဖို့ လုပ်တယ်ဆိုကတည်းက တရားမဝင်ရရှိတယ့် ငွေကြေးတွေ၊ မူးယစ်ဆေးဝါးငွေတွေကို အခြေခံပြီးတော့ ဘဏ်တည်တယ်၊ ဘာလုပ်တယ်ဆိုတာတွေ အများကြီးကြားနေရတယ်။ ဆရာကျော်ရင်မြင့်ရဲ့  သဘောထားကို ပြောပါအုံး။ ဒီကိစ္စနဲ့ ပတ်သက်လို့။


ဦးကျော်ရင်မြင့် ။ ။ အဲဒါကတော့ ကျနော် မသိပါဘူး။ တကယ်လို့ အဲဒီလို ရှုထောင့်ကနေပြီးမှ လုပ်ကိုင်တယ်၊ စစ်ဆေးတယ်ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ ငွေမဲခဝါချတယ်သူ ဘယ်သူမဆို ခေါ်ယူရမယ်၊ စစ်ဆေးရမယ်၊ ဖော်ထုတ်ရမယ်။ ဒါကတော့ ကောင်းပါတယ်။ ခြိမ်းခြောက်တဲ့သဘော မဟုတ်ရင် ကျနော်တို့က သဘောကျပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော် စဉ်းစားတာက ငွေမဲခဝါချတယ်ဆိုတာက သတင်းစာထဲမှာ ဘယ်နှစ်သိန်း၊ နှစ်သန်း ချနိုင်မလဲ။ ဒီထက်ကြီးကြီးကျယ်ကျယ် ဘဏ်တွေဖွင့်ပြီးတော့ လုပ်နေတာရှိနေတယ်။ ရှင်းရှင်းပြောရင် မြန်မာနိုင်ငံ စီးပွားရေးစတင်လာတာ အဲဒါနဲ့ စတယ်ဆိုပြီးတော့ ပြောနေကြတာ အများကြီးပဲ။ အဲဒါကိုတော့ ဘာမှမပြောဘူးလား။

ဦးကျော်မင်းဆွေ ။ ။ ဦးဆန်းဆင့်ကို အရေးယူသလိုပေါ့။ ၇၂ သိန်းနဲ့ အရေးယူလိုက်တယ်။ သိန်းပေါင်းထောင်ချီတာကိုတော့ အခုထိ ဘာမှမကြားရသေးဘူး။ အဲဒီတော့ အသေးလေးက စကိုင်တဲ့မူလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီအထဲမှာ ရိုးရိုးသားသား လုပ်နေတဲ့ မီဒီယာတွေလည်းရှိမယ်။ အဲဒီလိုပဲ တကယ့်ငွေကြေးတတ်နိုင်သူတွေဆီက အထောက်အပံ့ယူပြီးတော့ သူတို့ရဲ့  mouth-piece အဖြစ် လုပ်နေတဲ့ မီဒီယာတွေလည်း ရှိကောင်းရှိမှာပေါ့။ တချို့ ကတော့ အရှုံးခံပြီးတော့ ရောင်းတယ်ဆိုတာတွေတောင်ရှိပါတယ်။ အဲဒီဟာတွေ ဒီလိုပဲကွက်ပြီးတော့ မမေးတာလဲ။ ဆရာကျော်မင်းဆွေ ဆက်ပြောပါခင်များ။

ဦးကျော်မင်းဆွေ ။ ။ ကျနော်က အဲဒီလို ကွက်မေးတာတို့၊ အားလုံးမေးတာတို့ဘာတို့က တပိုင်းပေါ့။ ကျနော် ပြောချင်တာက သူတို့ ဘာပဲလုပ်လုပ် ဖြစ်စေချင်တာကတော့ ဥပဒေနဲ့အညီလုပ်ဖို့ လိုတယ်လို့ထင်တယ်။ ဥပဒေနဲ့အညီဆိုတာက လူကြီးလူကောင်းဆန်ဆန်လုပ်ဖို့လိုတယ်။ ဥပမာဆိုကြပါစို့ ဒါက ဘယ်အမိန့်၊ ဘယ်ဥပဒေပါ ညွှန်ကြားချက်အမှတ် ဘယ်လောက်အရ၊ လုပ်ထုံလုပ်နည်း ဘယ်လောက်အရ၊ ဘယ်သူက ညွှန်ကြားချက်ထုတ်တယ်၊ ဘယ်သူရဲ့  အမိန့်အရ ဘယ်လိုလုပ်တယ်ဆိုတဲ့ တရားဝင် officially အကြောင်းကြားစာ ပေးဖို့လိုလိမ့်မယ်လို့ထင်တယ်။ အဲဒီလို အကြောင်းကြားစာ မပေးဘဲနဲ့၊ တရားဝင်မဟုတ်ဘဲနဲ့ လုပ်တာဖြစ်တဲ့အခါကြတော့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတဲ့ မီဒီယာတွေကိုတော့ ဂုဏ်သိက္ခာထိခိုက်အောင် လုပ်သလို ဖြစ်သွားတယ်။ ကျနော်ပြောချင်တာက အဲဒါပါဗျ။ နောက်တခုက သတင်းလွတ်လပ်ခွင့်ကို ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတဲ့ သတင်းမီဒီယာတွေနဲ့ တခြားမီဒီယာတွေရဲ့  သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ပြီး ခြိမ်းခြောက်သလို ဖြစ်နေတယ်။ အဲဒါလဲ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အဲဒီသဘော သက်ရောက်နေပါတယ်။ ကျနော်ပြောချင်တာ အဲဒါပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းတပ်ဖွဲ့က တကယ်တော့ ထောက်လှမ်းရေးပေါ့လေ။ ကျနော်လည်း တချိန်က အရင်တုန်းက မြန်မာနိုင်ငံကို သတင်းကိစ္စနဲ့ လာခဲ့တုန်းက သတင်းတပ်ဖွဲ့ရဲ့  ခေါ်ယူစစ်ဆေးမေးမြန်း၊ ခြိမ်းခြောက်တာ ခံခဲ့ရပါတယ်။ ဆိုတော့ သတင်းတပ်ဖွဲ့ဟာ အဲဒီတုန်းကနဲ့စာရင် အခု တိုင်းပြည်ဒီမိုကရေစီ ဘာညာလုပ်နေပြီဆိုပေမယ့် သူတို့စရိုက်တွေက မပြောင်းသေးဘူးဆိုတဲ့သဘောပေါ့ ဆရာကျော်မင်းဆွေ။

ဦးကျော်မင်းဆွေ ။ ။ ဒီလိုအပြောအဆို အဝေဖန်ခံရတာမျိုးလည်း သူတို့ရနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတပ်ဖွဲ့ဆိုတာ ကျနော်တို့ နားလည်းထားတာက နိုင်ငံရေးကိစ္စရယ်၊ နိုင်ငံတော် security အမျိုးသားလုံခြုံရေးကိစ္စတွေက သတင်းတပ်ဖွဲ့ရဲ့  တာဝန်ပေါ့။ အရင်တုန်းက Notorious ထောက်လှမ်းရေးက လုပ်တာပေါ့။ ဒါပေမဲ့ ဒီဖက် သတင်းတပ်ဖွဲ့က အဲဒါလုပ်ဖို့ လိုသလားပေါ့။ နောက်တခုက ငွေကြေးကိစ္စနဲ့ ပတ်သက်တာ၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တာက Business နဲ့ ပတ်သက်တဲ့ကိစ္စတွေက DSI လို့ခေါ်တဲ့ စသုံးလုံး အလုပ်မဟုတ်ဘူးလား။ နောက်တခုက ဦးကျော်ဇံသာ ပြောသလိုပဲ အရင်ပုံစံဟောင်း။ ကျနော် ထင်ပါတယ် ခက်တာက ကျနော်တို့က Civil Services တို့၊ Civil Administration, Public Administration ဆိုတာတွေက သီးခြားရှိတဲ့ဟာဆိုတာ အားလုံးသိနေတာပေါ့။ ဒါပေမဲ့ အခုအချိန်အထိ (၃) နှစ်သာကျော်ကျော်ရှိတဲ့ အစိုးရက Public Services ဆိုတဲ့ နေရာတွေမှာ Civil Servants တွေ နေရာတွေမှာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့်ဆိုတဲ့ Concept ကို အခုအချိန်အထိ မပေးနိုင်သေးဘူးဆိုတာ ဖြစ်နေတဲ့ အခြေအနေတွေ၊ ပြဿနာတွေကိုကြည့်ရင် သိနိုင်တယ်။ ဒီမိုကရေစီယန္တရားမှာရှိနေတဲ့ လူတွေက အစိုးရနဲ့ ဒီမိုကရေစီယန္တရား မတူဘူးဆိုတာ အခုအချိန်အထိ မကွဲဘူးပေါ့။ အုပ်ချုပ်ရေးစနစ်ထဲမှာရှိတဲ့လူက နောင်မှာ တချိန်လုံး ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရမယ့်လူတွေ။ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့်လူတွေ။ ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်လူတွေ။ အခုအချိန်အထိ ခြိမ်းခြောက်နေသလို ဖြစ်နေတာမျိုးက သိပ်တော့ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ထင်တယ်ဗျ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အစိုးရအဖွဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတရဲ့  ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီကိစ္စကို သူတို့ရုံးက ညွှန်ကြားတာ မဟုတ်ဘူးလို့ ဆိုတယ်လို့လဲ ကြားပါတယ်။

ဦးကျော်မင်းဆွေ ။ ။ သူတို့ရုံးက ညွှန်ကြားတာ မဟုတ်ဘူးဆိုရင် ပိုဆိုးသွားတာပေါ့။ ပြည်ထဲရေးက သူ့ဟာနဲ့သူ ထင်ရာစိုင်းနေတယ်ဆိုတဲ့ သဘောသက်ရောက်တာပေါ့။ သမ္မတရဲ့  ညွှန်ကြားချက်အောက်မှာ မရှိဘူးဆိုတဲ့ သဘောဖြစ်နေတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် သုံးသပ်မိတာက။ အဲဒီတော့ သူက ပြောပါတယ် ဒီကိစ္စတွေဖြစ်တာဟာ တိုင်းပြည်ရဲ့  ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ၊ နောက်ပြန်လှည့်တာ မဟုတ်ပါဘူး၊ ဘာညာဆိုပြီးပြောပါတယ်။ အဲဒီက သတင်းသမားတွေတော့ ပြန်မေးသလား၊ မေးသလား မသိဘူး။ ကျနော် မေးချင်တာက နောက်ပြန်လှည့်စရာမှ မရှိတာ။ အစကတည်းက ရှေ့ မတိုးသေးတဲ့ သဘောပေါ့။

ဦးကျော်မင်းဆွေ ။  ။ ဒီဟာကတော့ ပြောကြတယ်ပေါ့။ ပြောကြတယ်ဆိုတာက ကျနော်ကတော့ ဘာမြင်သလဲဆိုတော့ အခုအချိန်အထိ သူတို့မှာ ရဲတပ်ဖွဲ့တွေမှာ Capacity လိုအပ်ချက်။ သူတို့မှာ ဘယ်လိုကိစ္စဆို ဘယ်လိုကိုင်တွယ်ရမယ်။ သူ့ရဲ့  Dos and Don’ts ဘယ်လိုရှိတယ်။ သူ့ရဲ့  Do ရဲ့  Function က ဘာ။ ဒီမိုကရေစီစနစ်မှာရှိတဲ့ Professional ပီသတဲ့ ရဲတပ်ဖွဲ့က ဘယ်လို ဘယ်ညာဆိုတာ မသိသေးတဲ့သဘောလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သတင်းသမားတွေကို ခေါ်ယူသတိပေးချင်တယ်ဆိုတဲ့ ကိစ္စဆိုတော့ သတင်းသမားတွေဖက်ကို ပြန်ကြည့်မယ်ဆိုရင်လဲ ၂၀၁၃ ဧပြီ လွတ်လပ်ခွင့် တော်တော်လေး ရလာပြီဆိုပြီးတော့ သတင်းမီဒီယာတွေက အများကြီးပေါ်ထွက်လာခဲ့တယ်။ ဖောင်းပွလာတယ်လို့ ပြောတယ်။ အဲဒီအထဲမှာ မီဒီယာသမားတွေ လိုက်နာရမယ့် ကျင့်ဝတ်ကို အလွှဲသုံးစားလုပ်တယ်။ Freedom ကို အလွှဲသုံးစားလုပ်တယ်ဆိုတဲ့ ဝေဖန်မှုတချို့ လည်း ရှိကြပါတယ်။ ဆိုတော့ သတင်းလွတ်လပ်မှုကို ထိန်းချုပ်ဖို့ အမှန်တကယ် လိုအပ်တယ်ဆိုတဲ့ အခြေအနေ ရှိပါသလား။ ဆရာကျော်ရင်မြင့်ရဲ့  သဘောထားကို ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ဖြစ်နိုင်တယ်လို့ မထင်ဘူး။ အခု ခေါ်ယူမေးမြန်းခံရတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေက မြန်မာနိုင်ငံမှာ လက်ဇောင်းအလွန်ထက်နေတဲ့ ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်း ဆရာသမားတွေ မဟုတ်သေးဘူး။ တကယ်လို့ အဲဒီလို သတိပေးချင်တယ်ဆိုရင်တော့ ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းတွေ ရှိနေတယ်လေ။ သူတို့ကို အရင်ခေါ်မှာလို့ ကျနော်ကတော့ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်မင်းဆွေရဲ့  သဘောထားလည်း ပြောပါခင်များ။

ဦးကျော်မင်းဆွေ ။ ။ အဲဒါကတော့ ကျနော်ကိုယ်တိုင် ပြောတာထက်စာရင် သီအိုရီတွေ ပြောထားတာရှိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တွေ ပြောထားတာက အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ပြောင်းတဲ့နိုင်ငံတွေမှာ ဒီ transition ကာလမှာ ဒီလို တချို့  ဗရုတ်ဗရတ် အခြေအနေလေးတွေ၊ နားလည်းမှုလွှဲတာလေးတွေ၊ Capacity လိုအပ်ချက်တွေကြောင့် ပြဿနာလေးတွေ နေရာတိုင်းမှာ ရှိပါတယ်။ သတင်းမီဒီယာလောကမှ မဟုတ်ဘူးလေ။ ကျနော်တို့ တိုင်းပြည်မှာ နှစ်အများကြီး စနစ်တခုအောက် နေခဲ့တဲ့အခါကြတော့ Professionalism ဆိုတာကိုက နေရာတိုင်းမှာ အားနည်းနေတာ။ လွှတ်တော်၊ အစိုးရ၊ အုပ်ချုပ်ရေး၊ တပ်မတော်၊ တရားရေး၊ Civil Society, မီဒီယာ အကုန်လုံးမှာ Capacity လိုအပ်ချက်က ရှိနေတာ။ ကျနော်တို့က မီဒီယာလောကတခုတည်း လိုအပ်ချက် ရှိနေတာမဟုတ်ဘူး။ နယ်ပယ်တိုင်းမှာ ရှိနေတာ။ တဖန်တခါတခု နောက်တခုကြည့်တဲ့အခါကြတော့ ဒီအသွင်ပြောင်းကာလမှာ ထုံစံအတိုင်းပဲ ကျန်တဲ့နိုင်ငံတွေမှာလည်း ကြုံခဲ့တာပေါ့။ Resistance တွေ အများကြီး ကြုံရတတ်တယ်။ Resistance ဆိုတာ တည့်တည့်ပြောမယ်ဆိုရင်တော့ စနစ်ပြောင်းတာကို မလိုလားတဲ့ အခုအခံတွေ။ အဓိက မလိုလားတာက ကိုယ်ကျိုးစီးပွားအခြေပြုပြီး မလိုလားကြတာပေါ့။ ကိုယ့်ရဲ့  လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်အရေး၊ စည်စိမ်ဓနဥစ္စာ အစရှိသဖြင့် ဒါတွေပေါ်မှာ မူတည်ပြီးတော့ သူက Resistance တွေရှိတယ်။ အဲဒီ Resistance တွေက လွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်ရလာလို့ရှိရင် ဒါက ပြဿနာ ရှိလာနိုင်တယ်။ ပြဿနာရှိတဲ့အတွက် မီဒီယာလွတ်လပ်ခွင့်ဟာ နိုင်ငံသားတွေ၊ ဗမာပြည်ဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ မထိုက်တန်ဘူးဆိုတဲ့ ပုံစံမျိုး ဖန်တီချင်တဲ့ အသွင်လက္ခဏာတွေကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းမီဒီယာလောကမှာ ထွက်လာတဲ့၊ ဝင်လာတဲ့ သတင်းဂျာနယ်တချို့ က စည်းလွတ်ဝါးလွတ် ရေးနေတာက သတင်းမီဒီယာလောကကို ပုံဖျက်ချင်တယ်လို့ ကျနော်တို့က မြင်တယ်။ ဂျာနယ်လစ်အစစ် မဟုတ်ဘဲနဲ့ အရေခြုံသတင်းသမားတွေလို့ ကျနော်က ယူဆတယ်။ အဲဒါကလဲ သူက ဒီလို မဟုတ်တန်တရား၊ စည်းလွတ်ဝါးလွတန်၊ ကျင့်ဝတ်နဲ့မညီ ရေးနေတဲ့သူတွေကို လက်ညှိုးထိုးပြီး လွှတ်တော်မှာ Lobby လုပ်လို့ကောင်းအောင် လုပ်ထားတယ်လို့လည်း ကျနော်တို့က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော် နောက်ဆုံးမေးချင်တာက အခုလို သတင်းတပ်ဖွဲ့က သတင်းသမားတွေကို ခေါ်ယူပြီးတော့ စစ်ဆေးတယ်၊ မေးမြန်းတယ်ဆိုတဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံ မီဒီယာလောက ရှေ့ ကိုတိုးတက်မှုကို အဟန့်အတား တစုံတရာ ဖြစ်သွားမလာ။ မီဒီယာသမားတွေအတွက် တွန့်သွားမလား။ မီဒီယာသမားတွေ နည်းနည်းရွံ့ သွားမယ်လို့ သုံးသပ်မိပါသလား။

ဦးကျော်မင်းဆွေ ။ ။ ကျနော်အနေနဲ့ပြောရင် သူ့ဘာသာ ပုံမှန်သွားနေတဲ့ ရေစီးကြောင်းတခုကို တခုခုနဲ့ ဟန့်တားတဲ့အခါ အဲဒီ ရေစီးကြောင်းက တန့်သွားမှာ မဟုတ်ဘူးလေ။ ပိုပြီးတော့ အားကောင်းပြီး ဒီဟာအပေါ်ကို ထိုးဖောက်ဖို့အတွက်၊ အဆီးအတားကို ကျော်ဖို့အတွက် ရေစီးကြောင်းက ပိုပြီးတော့ သန်လာလိမ့်မယ်လို့ ထင်တယ်။ ရေစီးကြောင်းက ဝုန်းဆိုစီးဆင်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီဟာကတော့ သွားနေတဲ့ လမ်းကြောင်းကို ထိခိုက်လိမ့်မယ်လို့ မယူဆဘူး။ သို့သော် စိတ်အနောက်အယှက် ရှိကြမယ်။ ကျနော်တို့ရှိနေတဲ့ အကောင်းမြင်စိတ်လေးတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တလျှောက်လုံး စနစ်ဆိုးအောက်မှာ နေခဲ့ရတယ်ဆိုတော့ အကောင်းမြင်စိတ်နည်းတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ်လေးတွေ အထိုက်အလျောက်ရှိပြီးတော့ Professional ပီပီသသ ရပ်တည်နေတဲ့ မီဒီယာတွေကိုလည်း အကောင်းမြင်စိတ်လျော့ပါးသွားအောင် လုပ်သလိုမျိုး ဖြစ်သွားနိုင်တယ်။ ဖြစ်သွားလို့ရှိရင် မီဒီယာတွေက အဆိုးပဲမြင်တယ်ဆိုတဲ့ စကားနဲ့ လာအုံးမယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့တော့ ကျနော် ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့် က ဘယ်လို သဘောရပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ အားကိုးမရှိတဲ့ လူတွေအတွက်တော့ နောက်တွန့်စေမယ်ထင်တယ်။ ဦးပုညစကားနဲ့ပြောရင် “ဘုရားလိုဏ်ခေါင်း အောင်း၍ မာန်သွေးဟောင်သောခွေးကို အရေးပျူငှာ ခွင့်မသာသို” သူတို့ကတော့ ဒီလိုပဲ ဟောင်းနေကြမှာပါ။ သူတို့ကတော့ ဏဘရံ ဘေးမရှိ ဆက်လက် ချီတက်နေမယ်လို့ မြင်ပါတယ်။

voa burmese

အပြည့်အစုံသို့ »

ဗမာပြည်မှာ တရားဥပဒေစိုးမိုးမှုရှိမရှိဆိုတာမဟာသန္တိသုခကျောင်းကြီးကိစ္စနဲ့ သက်သေပြရမယ်ဆိုပြီးမိန့်ကြား


၂၅.၆.၂၀၁၄နေ့က မဟာသန္တိသုခကျောင်းကနေအတင်းဖယ်ရှားခံလိုက်ရတဲ့ လန်ဒန်ဆရာတော်လို့လူသိများတဲ့ဆရာတော်ဦးဥတ္တရအပါအဝင်ဆရာတော်ငါးပါးခေတ္တ

အပြည့်အစုံသို့ »

နိုင်ငံရေးသမားတွေ စပိန်၊အင်္ဂလန်လို မဖြစ်ကြစေနဲ - စစ်တပ် နဲ့ နိုင်ငံရေး- (ဇာဂနာ)




စစ်တပ် ဟာ နိုင်ငံရေး နဲ့  ဝေးဝေးနေသင့်တယ်။စစ်တပ် က လွှတ်တော်ထဲမှာ
ဝင်ထိုင်နေတာ ဘယ်လိုမှ ကြည့်မကောင်းဖူး။စစ်တပ်ကို ၂၅ ရာခိုင်နှုန်းပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရမယ်။ဒီစကားလုံးတွေဟာ ၂၀၁၀အလွန်မြန်မာ့
နိုင်ငံရေးမှာခေတ်စားလာခဲ့သလို ၂၀၁၃ ခုနှစ်ထဲမှာတော့ အပြင်းအထန် ငြင်းခုန်စရာ
ခေါင်းစဉ်တစ်ခု ဖြစ်လို့ လာပါတော့တယ်။တစ်ချို့ ကလဲ ခုချိန်မှာ စစ်တပ်ကို မထိ မတို့ သင့်ဖူးလို့ ဆိုကြပါတယ်။စစ်တပ်ဟာ အခွင့်ထူးခံ ဖြစ်နေတယ်လို့ လဲ ဝေဖန်ကြ
သလို စိန်ခေါ်တယ် ဆိုတဲ့စကားတောင် ခေတ်စားသွားခဲ့ပါရော။

ကျွန်တော် တို့ တိုင်းပြည်ဟာ ၁၉၆၂ ခုနှစ်ကနေ သည်နေ့ ထိ စစ်တပ်ရဲ့လက်အောက်
မှာပဲ ရှိနေသေးတယ် ဆိုတာကိုတော့ မမေ့သင့်ပါဖူး။ဦးသိန်းစိန် ဦးဆောင် တဲ့ အစိုးရ
ဟာ တကယ်တော့ အရပ်သား အစိုးရ မဟုတ်သေးဖူးဆိုတာကို တစ်ခါတစ်ခါ
မေ့သွားကြပုံရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၈ ရာခိုင်နှုန်းဟာ စစ်သားတွေချည်းပဲဆိုတာလဲ သတိချပ်သင့်ပါတယ်။ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတယ် ဆိုတာ
လောက်တော့ ကျွန်တော် တို့ မြန်မာပြည်က သနားပါတယ်။ဒီနေ့ နိုင်ငံရေးမှာ အပြောင်းအလဲကိုလိုလားပါတယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၀ထိ ဗိုလ်ချုပ်ကြီးပါပဲ။သူရဦးရွှေမန်း လဲ တူတူပါပဲ။ဝန်ကြီးဦးစိုးသိန်းဆိုလဲ ဒုတိယ ဗိုလ်ချုပ်ကြီးပါ။ငြိမ်းချမ်းရေးဝန်ကြီးဦးအောင်မင်းဟာလဲ ဗိုလ်ချုပ်ပါ။
တစ်နေ့က ပြုတ်သွားတဲ့ သာသနာရေးဝန်ကြီးလဲ ဗိုလ်ချုပ်ပါပဲ။

တင်းမာတဲ့သဘောထားရှိတယ်လို့ အမြဲတမ်းဝေဖန်ခံရတဲ့ စစ်တပ်ဖက်မှာ ၂၀၁၀ နောက်ပိုင်းရောက်လာတဲ့အခါကျတော့
(၁)ပျော့ပျောင်းတဲ့အုပ်စု
(၂)တင်းမာတဲ့အုပ်စု ဆိုပြိး အပျော့ဂိုဏ်း အမာဂိုဏ်း နှစ်ဂိုဏ်းကွဲလာတယ် လို့ ဆိုကြပါတယ်။(ကျွန်တော့ အမြင်အရတော့ ဒီလို နှစ်ဂိုဏ်း ကွဲနေတယ် ဆိုတာ ဇာတ်ည့န်းပါပဲ။ကမ္ဘာမှာဒီလို နှစ်ဂိုဏ်းကွဲလေ့ ရျိတယ် ဆိုတဲ့ ဖြစ်နေကြ သဘာဝ ကို မြန်မာပြည်မှာ ပုံတူပွားလိုက်တာပါပဲ)

တစ်ခါ အတိုက်အခံတွေဖက်မှာ
(၁)ညှိနှိုင်းလိုသူများ နဲ့ 
(၂)ဆန့်ကျင်လိုသူများ
ဆိုပြီး နှစ်ဂိုဏ်းကွဲနေတယ် လို့ ဆိုပြန်ပါတယ်။
ဒါကြောင့်လဲ နိုင်ငံရေးပညာရှင်တွေက အပျော့ဂိုဏ်း နဲ့  ညှိနှိုင်းလိုသူများ နှစ်ဖွဲ့ ကို
ပေါင်းစပ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အင်အားစုကြီးတစ်ခု အဖြစ် တည်ဆောက်
ရမယ် လို့ ဆိုကြပြန်ပါတယ်။တကယ်လဲ အပျော့၈ိုဏ်း က ညှိနှိုင်းလိုသူများကို လက်တွဲ
လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။

နမူနာပြရရင်(၁)ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ၊ဦးစိုးသိန်း၊ဦးအောင်မင်း၊
သူရ ဦးရွှေမန်း၊ဦးခင်အောင်မြင့်တို့ ရဲ့ ဆက်ဆံရေး (၂)၈၈(ငြိမ်း ပွင့်) နဲ့  ဦးစိုးသိန်း၊
ဦးအောင်မင်းတို့ ရဲ့ဆက်ဆံရေးတို့ ကို ကြည့်ကြပါ။ဒီကနေ အဖြေ ဘာထွက်လာပါသလဲ။

အမှန်အတိုင်းသုံးသပ်ကြည့်ရင် ကိုယ့်ဖက်က ပေးလိုက်ရတာ တော်တော် များပါတယ်။
ထူးပြီးပြောင်းလာတာတော့ တစ်ခုမှ မတွေ့ ခဲ့ရပါဖူး။တစ်နေ့ က ဖြစ်ခဲ့တဲ့ ဘုန်းကြီးကျောင်းဝင်စီးတဲ့ ကိစ္စ၊ဦးဆန်းဆင့်ကိုဖြုတ်လိုက်တဲ့ကိစ္စတွေထိ အစိုးရဟာ စစ်တပ်လိုပဲတွေးပြီး စစ်သားလိုပဲ ဆုံးဖြတ်တုန်းပဲဆိုတာ ပေါ်လွင်နေတုန်းပါ။

ဒီတော့ ကျွန်တော် တို့  စစ်တပ်ရဲ့ သဘောသဘာဝ ကို အရင်လေ့လာကြည့်ရအောင်။
တခြားတခြားသော တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့အဖွဲ့ အစည်းတွေနဲ့  စစ်တပ်ဟာဘာကွာသလဲ။သိသိသာသာထင်ထင်ရှားရှားကွာခြားချက်လေးချက်ကို
သွားတွေ့ပါတယ်။
(၁)စစ်တပ်ဟာ စစ်ပွဲတွေရဲ့ အရေးအပါဆုံးအဖွဲ့ပဲ။စစ်ဖြစ်တယ် ဆိုကထဲက စစ်တပ်
ပါလာပြီ။လက်နက်ပါလာပြီ။ဒီတော့ စစ်တပ်ဟာ ပြသနာ တစ်ခုပေါ်လာရင် စေ့စပ်
ညှိနှိုင်းဆွေးနွေးဖို့ထက် လက်နက်နဲ့ဖြေရှင်းဖို့ ကိုပဲ အာသီသ ရှိတယ်။
(၂)စစ်တပ်ဟာ အထက်အမိန့် ကို အနာခံဆုံးအဖွဲ့ ဖြစ်တယ်။
စစ်တပ်ရဲ့ဖွဲ့ စည်းပုံဟာကျစ်လျစ်တယ်။စည်းမျဉ်းစည်းကမ်းလိုက်နာတယ်။ရာထူးကြီး
သူရဲ့စကားကို ရာထူးငယ်သူက ဘယ်တော့မှ မပယ်ရှားဖူး။
(၃)စစ်တပ်တိုင်း အသက်ကိုစွန့် ဖို့  ဆုံးဖြတ်ထားသူတွေ နဲ့ ဖွဲ့ စည်းထားတာပဲ
ဖြစ်တယ်။တိုက်ခိုက်မယ်၊သတ်ဖြတ်မယ်၊သေမယ် ဆိုတာ စစ်တပ်ရဲ့ သဘာဝပဲ။
အသက်ကိုစွန့် ဖို့ တောင်ဝန်မလေးမှတော့ ဘာကိုပဲ ဖြစ်ဖြစ် မကြောက်တော့ဖူး
ဆိုတဲ့ စိတ်အခြေခံ ရှိနေမှာပဲ။
(၄)စစ်တပ်တိုင်းဟာ နိုင်ငံရေး ရဲ့အထက်မှာ သူတို့ရှိနေတယ် လို့ ထင်တတ်ကြတယ်။
နိုင်ငံ့တော် လုံခြုံရေး။တိုင်းပြည် မပြိုကွဲရေး ဆိုတဲ့တာဝန်တွေကို အဓိက ထမ်းဆောင်
ထားတာစစ်တပ်ပဲဆိုတဲ့အစွဲရှိနေတယ်။အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာရင်
စစ်တပ်ကလက်ပိုက်ကြည့်နေမှာမဟုတ်ဖူးဆိုတာကတော့ စစ်တပ်တိုင်းရဲ့လက်သုံး
စကားပါပဲ။

အာဖရိက၊လက်တင်အမေရိက နဲ့  အာရှတိုက်တို့မှာ စစ်တပ်က နိုင်ငံရေးမှာဝင်ဝင်
စွက်ဖက်တာတွေ့ တွေ့ နေရမှာပါ။အရပ်သားအစိုးရတွေကိုဖြုတ်ချတာ၊အရပ်သား
အစိုးရယောင်ဆောင်တာတွေလဲ အများကြီးပါ။စစ်တပ် အာဏာသိမ်းတိုင်း လက်သုံး
စကားကတော့ တိုင်းပြည်ကိုကယ်တင်ဖို့ ဆိုတာချည်းပါပဲ။

ကမ္ဘာမှာ စစ်တပ် နဲ့  နိုင်ငံရေးဆက်ဆံမှုဟာ ၂မျိုးပဲ ရှိပါတယ်။
(၁)လွတ်လပ်တဲ့ဆက်ဆံမှု။
----------------------------------
စစ်တပ် နဲ့  နိုင်ငံရေး ကို သီးခြားခွဲထုတ်ထားတယ်။
(က)အစိုးရအဖွဲ့ က အားလုံးကိုတာဝန်ယူတယ်။
စစ်တပ်ကလဲ အစိုးရ ရဲ့ လက်အောက်ခဲအဖွဲ့ တစ်ခုပဲ ဖြစ်တယ်။
(ခ)အစိုးရအဖွဲ့ ကပဲ ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ ချမှတ်တယ်။
စစ်တပ်က အဲဒီပေါ်လစီတွေကိုအောင်မြင်စေဖို့ အကောင်အထည်ဖော်ရတယ်။
(ဂ)ဘယ်ပါတီ၊ဘယ်အဖွဲ့ အစည်း ကိုမှ စစ်တပ်က ဘက်မလိုက်ရဖူး။

(၂)စွက်ဖက်တဲ့ဆက်ဆံမှု။
------------------------------
အစိုးရ လုပ်ရမှာတွေကို စစ်တပ်က ၀င်လုပ်တယ်။စစ်တပ် ဆုံးဖြတ်တာတွေကို
အစိုးရကလိုက်နာတယ်။တစ်ချို့ နိုင်ငံတွေမှာဆို စစ်တပ်ကိုယ်တိုင်က အစိုးရပဲ
ဖြစ်နေတယ်။အာဏာရှင်တိုင်းပြည်တွေ၊တစ်ပါတီထဲအုပ်ချုပ်တဲ့နိုင်ငံတွေမှာ
ဒါမျိုးတွေတွေ့ရလေ့ရှိပါတယ်။

(၃)နိုင်ငံတော်အာဏာကို စစ်တပ် က သိမ်းပိုက်ခြင်း။
---------------------------------------------------------------
အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်းတာမျိုး ကမ္ဘာပေါ်မှာ ခဏခဏတွေ့ 
ရတတ်ပါတယ်။ဒီလို အာဏာသိမ်းတာကလဲ
(၁)စစ်တပ်ကလိုလားသူကိုခေါင်းဆောင်တင်ချင်တာရယ်
(၂)စစ်တပ်က တိုက်ရိုက်အုပ်ချုပ်ချင်တာရယ်
ဆိုတဲ့ အချက်နှစ်ချက် ကြောင့်ပဲ ဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းတိုင်း
အကြောင်းပြချက်တွေ စုကြည့်လိုက်ရင်
(၁)စီးပွားရေးကျဆင်းမှုကြောင့်
(၂)အရပ်သားအစိုးရအပေါ် ပြည်သူတွေအယုံအကြည်မဲ့လာမှုကြောင့်
(၃)အစိုးရ နဲ့ စစ်တပ်အကြားပဋိပက္ခဖြစ်တာကြောင့်
(၄)နိုင်ငံတကာရဲ့ စွက်ဖက်မှုကြောင့် ဆိုတဲ့ အချက်လေးချက်ကိုပဲတွေ့ ရလေ့ရှိပါတယ်။

ဒါတွေကို သိရက်သားနဲ့  ကျွန်တော် တို့ က ပိုတွက်ထားမိနေတာလား၊ဒါမှ မဟုတ်
ကိုယ့်ကိုယ်ကို သိတ် အထင်ကြီးလွန်းနေတာလားဆိုတာကို အတိုက်အခံ နိုင်ငံရေး
သမားတိုင်း တွေးဆ ဆင်ခြင်စေချင်ပါတယ်။ကမ္ဘာ့အတော် ဆုံးဘောလုံးသမားတွေ နဲ့ စုဖွဲ့ ထားတယ် ဆိုတဲ့ လက်ရှိချန်ပီယံ စပိန် အသင်းမရှုမလှ ရှုံးနိမ့် ပြီး ပြိုင်ပွဲ က
ထွက်ခွာခဲ့ပြီဆိုတာတော့ ယူတတ်ရင် သင်ခန်းစာပါ။မြန်မာပရိသတ် တွေ ရဲ့ အချစ်တော်
အင်္ဂလန် အသင်းလဲ နှစ်ပွဲကစားနှစ်ပွဲ ရှုံး နဲ့  အုပ်စုကပဲထွက်ခဲ့ရပါပြီ။

သေချာတာတစ်ခုကတော့ ဘယ်လောက်ပဲတော်တော် တိကျသေချာပြီး ထိရောက်တဲ့
ဗျူဟာ မရှိလို့ ကတော့ လက်ပြနှုတ်ဆက်ရုံမှ တပါး အခြားမရှိပါဖူးဆိုတာပါပဲ။

ဇာဂနာ
ယနေ.ထုတ် တူမောရိုး ထဲကဆောင်းပါးပါ။

Kyaw Swar Myint

အပြည့်အစုံသို့ »

သမ္မတကြီး စကားမတည်ခဲ့လေသလား


၂၀၁၄ ခုနှစ်၊ ဇွန်လ( ၁၀ ) ရက်နေ့ညက ပီနန်ဆရာတော်ကြီး နှင့် သံဃမဟာ နာယက အဖွဲ့တို့အကြား ကျောင်းပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိနေတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ သာသနာပြု ခရီးထွက်နေချိန်တွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးမှ သံဃာတော် ၂၈၁ပါး၊ ရဲတပ်ဖွဲ့ဝင် ၂၀၀ကျော်ခန့်နှင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါကာ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတော်များအား အင်အားသုံး ဖယ်ရှားကာ သီတင်းသုံးနေသည့် သံဃာတော် အပါး ၂၀ နှင့် လူ(၃၂) ဦးကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

နောက်တစ်နေ့ ဇွန်လ(၁၁)ရက်နေ့ နေ့လည်(၁) နာရီမှာ ကမ္ဘာအေး သာသနာရေး ဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပြီး၊ ထိန်းသိမ်းထားသော လူ(၃၂)ဦးအား တာမွေမြို့မ ရဲစခန်းမှ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီး၊ သံဃာတော် အပါး(၂၀)အနက် အင်္ဂလန် ဆရာတော် အပါအဝင် သံဃာ ၅ပါးကို သံဃနာယကရုံးမှ အဓမ္မ လူဝတ်လဲစေပြီး တာမွေ တရားရုံးမှာ ၂၉၅/၂၀/၉၀ ပုဒ်မတွေနဲ့ စွဲချက်တင်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ကြောင်း စိတ်မကောင်းစွာ သိခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ စာရေးသူအနေနဲ့ ကိုယ်တိုင် အသိသက်သေအဖြစ် ပါဝင်ခဲ့ရသည့် ဖြစ်စဉ်ကတော့ (၂၉-၃-၂၀၁၄)ရက်နေ.က ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း ကိုဇင်ဝိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်လာပြီး၊ မနက်ဖြန် ပီနန် ဆရာတော်ကြီးရဲ့ မဟာသန္တိသုခကျောင်းမှာ ကျောင်းပိုင်ဆိုင်မှု ပြသာနာ သတင်းစာ ရှင်းလင်းပွဲ လာခဲ့ပါလို့ ဖိတ်ပါတယ်။ စာရေးသူလည်း (၃၀-၃-၂၀၁၄)မှာ သွားရောက်ခဲ့တော့ ကိုဇင်ဝိုင်းက ပီနန်ဆရာတော်ကြီးရဲ့ တပည့်ရင်း အင်္ဂလန် ဆရာတော်နဲ့လည်း မိတ်ဆက်ပေးပါတယ်။

ဖြစ်စဉ်ကို မေးမြန်းလျှောက်ထား ကြည့်တော့ “၁၉၉၅ ခုနှစ်တွင် ပီနန် ဆရာတော်ကြီးကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်တော့ အဲဒီဘွဲ့ကို လာယူတဲ့အခါ ဦးစောမြင့်က အသက်ကြီးလာလျှင် ဆရာတော်ကြီး သီတင်းသုံးဖို့ အတွက် ကျောင်းတစ်ကျောင်း ဆောက်လုပ်နိုင်ဖို့ လျှောက်ထားခဲ့တယ်” ဆရာတော်ကြီးက “ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ရင် ပြည်ပ သာသနာပြု လေ့ကျင့်ရေးကျောင်း ဆောက်ချင်တယ်”ဟု မိန့်ကြားခဲ့တာ စပြီးပေါ်ပေါက်လာခဲ့တယ်။ ကျောင်းတော်ကြီးကို ပြည်တွင်းပြည်ပ စေတနာရှင်တွေရဲ့ လှူဒါန်းငွေနှင့် ဆောက်လုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူတွေက ရေစက်ချ လှူဒါန်းခဲ့တာကို သိရတယ်။ ပြည်ပသာသနာပြု ရဟန်းတော်များကို သတင်းစာကနေ တဆင့် ခေါ်ယူခဲ့တယ်။ ဝင်ခွင့်ကို အင်္ဂလိပ် ဘာသာနဲ့ ဖြေဆိုကြရတယ်၊အဲဒီတုန်းက ရဟန်း သီလရှင်အပါး ၁၀၀ကျော် ဖြေဆိုခဲ့ရာ ၄၄ ပါး ရေးဖြေအောင်မြင်ခဲ့တယ်၊ နှုတ်ဖြေကို အင်္ဂလိပ်ဘာသာနဲ့ပဲ ဖြေဆိုခဲ့ရပြီး ရဟန်းတော် ၂၁ ပါးနှင့် သီလရှင် ၅ပါး ရွေးချယ်ခဲ့ပါသည်။ ၂၀၀၂ခုနှစ်တွင် သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆ပါးကို ထိုင်ဝမ်၊ နှစ်ပါးကို အမေရိကန်၊နှစ်ပါးကို နယူးဇီလန်စတဲ့ နိုင်ငံတွေကို သာသနာပြုစေလွှတ်ခဲ့တယ်။

ဆရာတော်ကြီးက ပြည်ပမှာပဲ အနေများပြီး သင်တန်းဖွင့်ပြီး သင်တန်းဆင်းတဲ့ အခါမှ ဒီကျောင်းတော်ကြီးကို ပြန်လည်ကြွရောက်ခဲ့တယ်လို့ သိရတယ်။ ဆရာတော်ကြီး ပြန်လည်ကြွရောက်လာတော့ ကျောင်းတော်ကြီးရဲ့ ဥပဿကာ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဦးစောမြင့် ဥက္ကဌရာထူးက နားတဲ့အချိန်ဖြစ်လာတော့ ငွေစာရင်းတွေ ရှင်းဖို့ကိစ္စပေါ်ပေါက်ခဲ့တယ်၊ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ၂၀၀၂ ဒီဇင်ဘာရောက်မှ (မဟန) ဆရာတော်တွေ ကျောင်းတော်ကြီးထဲကို ပင့်ဆောင်လာတာ ကြားသိခဲ့ရပါတယ်။ ပင့်ရတဲ့ အကြောင်းကတော့ သြဝါဒခံယူဖို့ဆိုပြီး အမှန်တကယ် အခမ်းအနားကျတော့ ကျောင်းတော်ကြီးကို ထိုးအပ်ခဲ့တယ်။ အဲဒီတုန်းက မဟန ဥက္ကဌက မကွေးဆရာတော် ဦးကုမာရ လက်ထက်လို့ ထင်ပါတယ်။ အဲဒီအချိန်က RFAနဲ့ အင်တာဗျူးတော့ မကွေးဆရာတော်က ကျောင်းတော်ကြီးကို (မဟန)မှသိမ်းယူတာ မဟုတ်ဘူး။ အစိုးရက သိမ်းတာဖြစ်တယ်။ (မဟန)ကို အပ်နှံထားတာ ဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးမှာ သံဃာတွေအပေါ် အကြမ်းဖက်တဲ့အပေါ် ပီနန်ဆရာတော်ကြီးက (မဟန)အနေနဲ့ ၀င်ရောက်တားဆီးပေးဖို့ တောင်းဆိုခဲ့တဲ့ အပေါ် အမြင်မကြည်ထဲ့ဘူး။

နောက်ဆုံး ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွက် ပြည်ပနိုင်ငံအသီးသီးက မြန်မာရဟန်းတော်တွေ စုစည်းပြီး သံဃာဥသျှောင် အဖွဲဖွဲ့စည်းပြီးတော့ ပီနန်ဆရာတော်ကြီးက ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာလည်း မဟနအဖွဲ့နဲ့ စင်ပြိုင်လုပ်တယ်လို့ အငြိုးဖွဲ့တာတွေရှိလာတယ်။ ၂၀၁၀ အစိုးရသစ် လက်ထက်မှာ ဆရာတော်ကြီး မြန်မာပြည်ကို ပြန်လည်ကြွလာချိန်မှာတော့ ကျောင်းတော်ကြီးရဲ့ ၁၁ ထပ်မှာ တယ်လီဖုန်းတာဝါတိုင်တွေ အထိုင်ချလို့ ငှားရမ်းထားတယ်၊ ၄ထပ်မှာ ရုံးခန်းတွေ ငှားထားတယ်၊ ၂ ထပ်မှာ Video ရိုက်ဖို့ အခန်းတွေ ငှားထားတယ်၊ မြေညီထပ်မှာ မင်္ဂလာခန်းမ ငှားထားသေးတယ်။ အဲဒီလို စီးပွားရေး လုပ်စားနေတာကို မြင်ခဲ့ရတယ်။ ဆရာတော်ကြီးက အဲဒီ အခြေအနေမှာ မူလရည်ရွယ်ထားတဲ့အတိုင်း ပြည်ပသာသနာပြု တက္ကသိုလ်ကြီး ပြန်လည်မွေးဖွားဖို့ ကျောင်းတော်ကြီးမှာ သီတင်းသုံး နေထိုင်ဖို့ စီစဉ်ခဲ့ရင်း (မဟန)က သူတို့ ပိုင်ဆိုင်တဲ့ ကျောင်းဖြစ်တယ်လို့ ဆိုပြီးတော့ ဆရာတော်ကြီးကို ဖယ်ရှားပေးဖို့ အကြောင်းကြားလာခဲ့တယ်။ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အဆင့်ထိ ဖြစ်လာရတာပေါ့၊ မဟာသန္တိသုခက မွေးထုတ်လိုက်တဲ့ ပထမပတ် သင်တန်းသားတွေက စင်္ကာပူမှာ လေးပါး၊ အမေရိကန်မှာ နှစ်ပါး၊ ကနေဒါမှာ တစ်ပါး၊ အင်္ဂလန်မှာ တစ်ပါး၊ ထိုင်ဝမ်မှာ နှစ်ပါး၊ သြစတြေးလျမှာ တစ်ပါး၊ နယူးဇီလန်မှာ နှစ်ပါး၊ ပြည်တွင်းမှာ လေးပါးရှိပြီး သာသနာ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့” မိန့်ကြားခဲ့ပါတယ်။

မွန်းလွဲနှစ်နာရီလောက်မှာ အဲဒီသတင်းစာရှင်းလင်းပွဲကို MPCက ကိုညိုအုန်းမြင့်နဲ့ အခြားတစ်ဦး၊ ၀န်ထမ်း အမျိုးသမီးလေး တစ်ဦး ရောက်ရှိလာပါတယ်။ ဆရာတော်ကြီးကို လာရောက် တွေ့ဆုံလျှောက်ထားဖို့ ရှိတယ်လို့၊ နိုင်ငံတော် သမ္မတကြီးဆီက မှာကြားချက်ကို သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက လျှောက်ထားခိုင်းလိုက်လို့ လာရတာဖြစ်တယ်လို့ ပြောပါတယ်။ ကိုဇင်ဝိုင်းက စာရေးသူကိုပါ လိုက်ဖို့ပြောပြီး ဆရာတော်ကြီး သီတင်းသုံးတဲ့ အခန်းထဲကို သွားရောက်ခဲ့ကြတယ်။

ဆရာတော်ကြီးကို တွေ့တဲ့အခါ ကိုညိုအုန်းမြင့်က ဆရာတော်ကြီးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လျှောက်ထားခိုင်းလိုက်တဲ့ အတွက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက စေလွှတ်လိုက်လို့ လာခဲ့တာ ဖြစ်ပြီး၊ နိုင်ငံတော် သမ္မတကြီးက ဆရာတော်ကြီးကို ဆရာတော်ကြီး အေးချမ်းစွာ သတင်းသုံးပါရန်နဲ့ သန္တိသုခ ကျောင်းတိုက်ကြီးကိုလည်း အတင်းဝင်ရောက် ဖယ်ရှားခိုင်းတာမျိုး မပြုလုပ်ပါကြောင်း၊ စိတ်ပူပန်မှု မရှိစေလိုပါကြောင်း၊ သီတဂူ ဆရာတော်ကြီးကလည်း သမ္မတကြီးကို သန္တိသုခ ကျောင်းတိုက်ကြီး ကိစ္စ ပြောပြထားပါကြောင်း၊ ပြည်ပ သာသနာပြု တက္ကသိုလ် ပြန်ဖွင့်လှစ်နိုင်ရေး အတွက်လည်း နိုင်ငံတော် သမ္မတထံ ဆရာတော်ကြီးက စာရေးပေးစေလိုကြောင်း၊ အဲဒီစာကိုလည်း ကိုညိုအုန်းမြင့်တို့က စာစီရေးသားပေးပြီး ဆရာတော်ကြီး ဖတ်ရှုပြင်ဆင်ကာ လက်မှတ်ရေးထိုး ပေးရုံသာ ဖြစ်ပါကြောင်း၊ ယနေ့သတင်းစာ ရှင်းလင်းပွဲက ဆရာတော်ကြီးနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေရဲ့ သဘောထား တောင်းဆိုချက်ကိုလည်း ရေးမှတ်ယူသွားပါမည် ဖြစ်ကြောင်း လျှောက်ထားခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ခဲ့ရပါတယ်။

အဲဒီတုန်းက ကိုဇင်ဝိုင်းက အခုလိုနှုတ်နဲ့ နိုင်ငံတော် သမ္မတက လျှောက်ထားခြင်းထက် စာနဲ့ ပေးအပ်စေလိုကြောင်း၊ ညကြီးအချိန်မတော် ၀င်ရောက် သိမ်းဆည်းခဲ့တဲ့ ကိစ္စကို သမ္မတစာနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ၀င်ရောက်ပြောဆိုခဲ့တော့၊ ကိုညိုအုန်းမြင့်နှင့် လိုက်ပါလာတဲ့ တာဝန်ရှိသူ တစ်ယောက်က စိတ်မပူဖို့နဲ့ နိုင်ငံတော် သမ္မတရုံး ခွင့်ပြုချက်မပါပဲ သာသနာရေး ၀န်ကြီးဌာနက ဘာမှမလုပ်နိုင်ကြောင်း၊ ၀င်ရောက် သိမ်းယူတာမျိုးကို သမ္မတက လုံးဝ သဘောမတူ လက်မခံပါကြောင်း ပြောကြားခဲ့ပါတယ်။ လုံခြုံရေး အဖွဲ့များကိုလည်း မှာကြားပေးထားမယ်လို့ ဆိုခဲ့ပြီး ဆရာတော်ကြီး အနေနဲ့ စိုးရိမ်မှု လုံးဝမရှိစေလိုကြောင်း ထပ်မံလျှောက်ထားခဲ့တာကိုလည်း မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒီနေ့အချိန်မှာတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပီနန်ဆရာတော်ကြီးဆီကို စေလွှတ် လျှောက်ထားခဲ့သလိုမျိုး အေးချမ်းစွာ ဆိုတာထက် အင်အားသုံး ၀င်ရောက်ချိပ်ပိတ် သော့ခတ်ပြီး ရဟန်းတော် တစ်ချို့ကိုလည်း အတင်းလူဝတ်လဲကာ ထောင်ထဲ ပို့တဲ့အဆင့် ရောက်သွားခဲ့ပါပြီ။

အဲဒီလို စာရေးသူကိုယ်တိုင် ကိုယ်တွေ့ အသိသက်သေ အဖြစ် မြင်တွေ့ခဲ့ရတဲ့အပေါ် အခြေခံပြီး သာသနာရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းခဲ့တော့ နိုင်ငံတော် သမ္မတရုံး၊ အကြံပေး ဦးအံမောင်က “အဲဒီကိစ္စတွေကို မသိပါဘူ၊ ဘယ်သူတွေ ဘာတွေပြောသလဲဆိုတာ ပြောတဲ့သူတွေမှာပဲ တာဝန်ရှိတယ်၊ ဘာစာတွေ ပေးသလဲဆိုတာလည်း မသိပါဘူး၊ နိုင်ငံတော် သမ္မတရုံးကလည်း ဘာစာမှ (မဟန)ကို မပေးပါကြောင်း၊ ဘာမှအကြောင်းမကြားပါဘူး”လို့ ဖြေဆိုခဲ့ပါတယ်။

နောက်ဆုံးတော့ အဆိုပါ ဖြစ်ရပ်အပေါ် မျက်မြင်ကိုယ်တွေ. သက်သေ တစ်ယောက်အဖြစ် မြင်တွေ့ခဲ့သူ စာရေးသူ အနေနဲ့ အခုလို အင်အားသုံး သိမ်းယူတဲ့ ကိစ္စအပေါ်မှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ပဲ ကတိမတည်ခဲ့လေသလား၊ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းကပဲ သမ္မတကြီး မပြောခိုင်းတာကို ပြောခိုင်းခဲ့လေသလား ဒါမှမဟုတ် MPCက ကိုညိုအုန်းမြင့်ကပဲ ဘယ်သူမှ ဘာမှမပြောခဲ့တာကို ဆရာတော်ကြီးဆီလာပြီး လျှောက်ထားလေသလားလို့ တွေးရင်း… တွေးရင်း......

ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ )
Tomorrow

အပြည့်အစုံသို့ »

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို လက်ပံတောင်းဒေသခံ တချို့ ဆန္ဒထုတ်ဖော်


စာသင်ကျောင်းများကို ဖွင့်လှစ်ရန် တက်ရောက် လာသည့် လက်ပံတောင်းတောင် အစီရင်ခံစာ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ အား  လက်ပံတောင်း ဒေသခံ တချို့က ဇွန်လ (၂၄) ရက်နေ့ နံနက် (၉း၄၅) နာရီ အချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

 ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းခေါင်း ဆောင်သော အဖွဲ့ သည် တုံကျေးရွာရှိ နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်လှစ်ရန် လာရောက်စဉ် ဒေသခံများက တုံကျေးရွာလမ်းထိပ်ဇရပ်တွင် စောင့်ဆိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ ဘာမှ ပွင့်လင်း မြင်သာမှုရှိအောင် လုပ်ဆောင် မပေးဘူး။

 ဒေသခံတွေရဲ့ နစ်နာမှု ကိုလည်း ၀န်ကြီးတစ်ပါး အနေနဲ့ လျစ်လျူရှုနေတယ်။ လယ်တီသိမ်ကို ဖြိုဖျက်တုန်း ကလည်း တိတ်တဆိတ် လုပ်ဆောင် သွားတယ်။ ကျောင်းဖွင့်ပွဲလာမှ ပေါ်တင် ထွက်လာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတာရော၊ မကောင်းတာရော ပွင့်ပွင့်လင်းချပြပေး စေချင်ပါတယ်။

              ဒေသခံတွေရဲ့ ခံစားချက်တွေကိုလည်း ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ ဝင်တွေက လျစ်လျူရှု လက်ပိုက်ကြည့် နေတယ်။ လိုအပ်ချက်တွေ ကိုလည်း ဘာမှ အကောင်အထည် ဖော်ဆောင်ခြင်း မရှိသေးဘူး။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့တာပါ ဟု တုံကျေးရွာမှ မမာချိုက The Messenger Media သို့ ပြောသည်။ ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံ အင်အား (၁၀၀) နီးပါးမှ တောင်းဆိုချက် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ  ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း  သိရသည်။

                အဆိုပါ တုံကျေးရွာရှေ့တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လအတွင်းက လက်ပံတောင်းတောင် ပဋိပက္ခ စုံစမ်းစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အစီရင်ခံစာ အပေါ် မကျေနပ်သဖြင့်  လက်ပံတောင်း ဒေသခံ တချို့က ဆန္ဒထုတ်ဖော်မှုများ  ပြုလုပ်ခဲ့သည်။ ယခု တစ်ကြိမ်တွင်လည်း အစီရင်ခံစာအပေါ် လုပ်ငန်းဖော် ဆောင်ရွက်ပေးမည့် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ ကိုလည်း ယင်းနေရာ၌ ပင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

                ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် တို့သည် လက်ပံတောင်းတောင်ဒေသ ဖွံ့ ဖြိုးရေး လုပ်ငန်းများ အတွက် ဖောင်းကတာ ကျေးရွာ စာသင်ကျောင်း၊ တုံကျေးရွာ စာသင်ကျောင်း နှင့် အောင်ချမ်းစည် ကျေးရွာ စာသင်ကျောင်းများကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ဒေသခံ တချို့နှင့် တွေ့ဆုံကာ စီမံကိန်းကြီးနှင့် ပတ်သက်၍ တင်ပြချက်များကို လက်ခံ ဆွေးနွေးခဲ့သည်။

The Messenger News Daily

အပြည့်အစုံသို့ »

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦး အ၀င်လမ်းမများ သံဆူးကြိုးဖြင့် ကာရံပိတ်လိုက်ပြီ


လစ်လပ် သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရာထူးအတွက် ဇွန် ၂၅ရက်တွင် ဆွေးနွေးရန်ရှိရာ ထိုနေ့ နံနက်တွင် ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦ၏ အ၀င်လမ်းများကို သံဆူးကြိုး များဖြင့်ကာရံခြင်း၊ လုံခြုံရေး အင်အား တိုးချထားသည်ဟု စစ်တွေမြို့မိ မြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

“လွှတ်တော် အဆောက်အဦးကို ၀င်မယ့် လမ်းဆုံတွေ အားလုံးကို လုံခြုံရေးတွေ တိုးချပြီး သံဆူးကြိုးတွေ ကာလိုက်ပြီ၊ ဒေသခံတွေ ဆန္ဒထုတ်ဖော်တာတွေ လုပ်မှာစိုးလို့ထင်တယ်”ဟု ဦးသန်းထွန်းကဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦးကို ယခုကဲ့သို့ လုံခြုံရေး ယူခြင်းမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

“ဆူဆူပူပူ မဖြစ်အောင် လုံခြုံရေးကြိုယူထားတာပါ”ဟု စစ်တွေ မြို့မ ရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၂၀ ရက်တွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဇွန် ၂၁ ရက်တွင်
နယ်စပ်ရေးရာဒု-၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ယနေ့တွင် ဗိုလ်ချုပ်မောင်မောင်အုန်းသည် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာဆိုမည်ဖြစ်သည်။

Mizzima News Daily

အပြည့်အစုံသို့ »

မြေအလျော်မယူသည့် ထားဝယ်လယ်သမား ၁၉ယောက် ပုဒ်မ၅ခုဖြင့် အမှုဖွင့်ခံရ


ခင်မြတ်မြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူလယ်သမား ၁၉ဦးကို ဇွန် ၂၃ရက်တွင် ထားဝယ်ခရိုင် ဒု-ဦးစီးမှုး ဦးမျိုးနိုင်က တရားလိုပြု၍ ပုဒ်မ၅ခုဖြင့် အမှုဖွင့်လိုက်သည်ဟု လယ်သမားများနှင့် အခြားမြေယာအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြာသည်။

"ကျွန်တော်တို့ကို ပုဒ်မ ၅ခုနဲ့ တရားစွဲထားတယ်၊ ကျွန်တော်တို့ရှေ့နေတွေနဲ့ တိုင်ပင်ထားတယ်၊ ရုံးချိန်ကို ၂၆ရက်နေ့ ပြန်ချိန်းထားတယ်၊ ကျွန်တော်တို့ကို ပေးတဲ့ သုံးဧကကို တစ်ကွက်နှုန်းကတော့ လုံးဝလက်မခံဘူး၊ ကျွန်တော်တို့ တစ်ဧကကို တစ်ကွက်နှုန်းရအောင် တောင်းဆိုသွားမယ်" ဟု ၎င်းကပြောသည်။

ထားဝယ်မြို့နယ်၊ ဆန်ချီရပ်ကွက်ရှိ လယ်သိမ်းဆည်းခံ လယ်သမား အယောက် ၂၀ကို မြေစာရင်းဦးစီးဌာနက ၃ဧကလျင် ပေ၄၀×၆၀တစ်ကွက်နှုန်းဖြင့် ဇွန်လ
၃ရက်က ပြန်ပေးရာ တစ်ဦးသာ လက်ခံခဲ့ပြီး ၁၉ဦးက လက်မခံဘဲ မြေစာရင်းဦးစီးက ဝန်ထမ်းများ၊ ရဲအာဏာပိုင်များနှင့် အငြင်းပွားခဲ့သည့်အတွက် ထိုနေ့က လယ်သမားများကို ခေတ္တထိန်းသိမ်းခဲ့ပြီး ယခုအခါ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

အမှုဖွင့်ခံရသည့် လယ်သမားများက ဇွန် ၂၃ရက်တွင် ထားဝယ်တရားရုံး၌ ကိုယ်တိုင် အမခံလက်မှတ်ရေးထိုး၍ ဇွန်၂၆ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့သည်။
လယ်သမားများကို သက်သေခံ ပစ္စည်း ဖျောက်ဖျက်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဆဲဆိုမှု၊ နာကျင်စေမှု၊ ပူးပေါင်းပါဝင်မှု စသည့် ပုဒ်မ ၃၃၂၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၀၁၊ ပုဒ်မ ၁၁၄တို့ဖြင့် ထားဝယ်ခရိုင် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု အမှုဖွင့်ခံရသူ တစ်ဦးဖြစ်သည့် ဒေါ်ရီရီထွေးက ပြောသည်။

" ဒီပုဒ်မတွေက ကျွန်မတို့ တစ်ခုမှ မကျူးလွန်းဘူး လယ်ထဲမှာ ကွက်ရိုက်တုန်းက ကျွန်မတို့တွေက တားတယ်၊ သဘောတူထားတဲ့ လယ်ကွက်တွေကို
ကွက်ရိုက်တာက ကိစ္စမရှိဘူး ကျွန်မတို့ သဘောမတူ ထားတဲ့ မြေကွက်တွေအပေါ်မှာ ကွက်ရိုက်လို့တားတယ်၊ အဲဒီ့အချိန်တုန်းက လူတွ အများကြီးရှိတယ် လုံးဝလုပ်ကြံပြီး အမှုဖွင့်တယ်" ဟုပြောသည်။

လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများကို သိမ်းဆည်းကာ ထိုလယ်ယာမြေကို အကွက်များရိုက်၍ သုံးဧကလျင် တစ်ကွက် ပြန်ပေးသဖြင့် လက်မခံကြခြင်းဖြစ်ပြီး တစ်ဧကလျင် တစ်ကွက်နှုန်း ပေးမည်ဆိုပါကမူ ညှိနှိုင်းပေးမည်ဟုလည်း ဆိုသည်။

ထားဝယ်မြို့ ဆန်ချီရပ်ကွက်က လယ်သမားများသည် ယင်းမြေကွက်များပေါ်တွင် လယ်ခွန်ပြေစာများဖြင့် နှစ်စဉ် အခွန်ဆောင်၍ လုပ်ကိုင်နေကြပြီး၊
၂၀၁၃ခုနှစ်တွင် လယ်ယာမှတ်ပုံအသစ် တင်မည်ဟု မြေစာရင်းဌာနသို့ သွားရောက်မှတ်ပုံတင်မှသာ မိမိတို့လယ်မြေများကို ၁၉၉၀ခုနှစ်က ကတည်းက
သိမ်းဆည်းထားကို သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။

Mizzima Burmese

အပြည့်အစုံသို့ »

နျူးကလီးယားပညာကို မြန်မာနိုင်ငံတွင် ယခုထက်ပိုမို အလေးထား ဆောင် ရွက်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု


နျူကလီးယား ပညာရပ်ကို မြန်မာနိုင်ငံ၌ ယခုထက် ပိုမိုအလေး ထားဆောင်ရွက်ပေး ရန် အဆိုကိုလျှို့ဝှက်မဲပေး စနစ်ဖြင့် အမျိုးသား လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး ၁၇ ရက် မြောက်နေ့ တွင် ယင်းအဆိုနဲ့ပတ် သက်၍ဆွေးနွေးရာ၌ အဆိုကို လွှတ် တော်ကိုယ်စား လှယ်ငါးဦးမှ ထောက် ခံဆွေးနွေးခဲ့ကြပြီး သိပံ္ပနှင့်နည်းပညာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးမှ ယခုထက်ပို၍ အလေးထားဆောင် ရွက်သွားမည် ဟု ဖြေကြားခဲ့သော် လည်း နျူကလီးယား ပညာရပ်မှာ နောက် မျိုးဆက်အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်လိုအပ်နေသည့်အတွက် အဆိုအပေါ် အစိုးရပိုမို ထိရောက် သော ဆောင်ရွက်မှုပြုလုပ်နိုင်ရန် လွှတ်တော်၏အဆုံးအဖြတ်ရယူ ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် စက်ခလုတ် နှိပ် ဆန္ဒပြုခဲ့ကြ ကာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက် ၅ မဲဖြစ်သဖြင့် ထောက် ခံသူများပြား၍ အနိုင်ရခဲ့ခြင်းဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီးမဲ ဆန္ဒနယ် အမှတ်(၈)အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည် က ''နျူးကလီးယားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှကျွမ်းကျင်တဲ့ပုဂ္ဂိုလ် အလွန်နည်းပါးပါတယ်။

ပညာသင် ကြားရေး အပိုင်းတွေမှာလဲ အ ထောက်အကူပြုပစ္စည်းတွေအရမ်း နည်းပါတယ်''ဟု လွှတ်တော်တွင်ပြော ကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကို ကိုဦးမှ လွှတ်တော်၌ဖြေကြားရာတွင် နျူကလီးယားစနစ်အား စနစ်တကျ လုပ်ဆောင်နိုင် ရန် အဖွဲ့စည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း နျူကလီးယားစွမ်းအင်အား ယခင် လထက်ပိုမို၍ ကျန်းမားရေး၊

စိုက်ပျိုး ရေး၊ မြေအောက်ရေရှာဖွေရေးစသည့် လုပ်ငန်းများတွင် အသုံးပြုနေကာ နျူကလီးယားပညာရပ် အား ကျောက် ဆည်မြို့ရှိ နည်းပညာတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်များ ၌ သင်ကြားပေး လျက်ရှိပြီး အသုံးချ ရေး တွင်လည်း လွှတ်တော်ကိုယ်စား လှယ်များတင်ပြ သည့်အတိုင်း ဆောင် ရွက်လျက်ရှိကြောင်း နျူကလီးယား လက်နက် မပြန့်ပွားရေး ကာကွယ်ရေး များမှာ အလွန်အရေးကြီးသည့်အ တွက် လက်ရှိတွင်လည်း နျူကလီး ယားကိုစနစ်တကျဆောင် ရွက်နိုင်ရန် အတွက် နျူကလီးယားဘေး အန္တရာယ် ကင်းရှင်းရေးဥပဒေအား ရေးဆွဲလျက် ရှိကြောင်း လွှတ်တော်၌ပြန် လည်ရှင်း လင်းဖြေကြားခဲ့သည်။


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက ''နျုကလီးယားဘေး အန္တရာယ်ကင်းရှင်းရေး ဥပဒေအပြင် နျူကလီးယားအသုံး ချရေးဆိုင်ရာ ဥပဒေကိုလဲရေးဆွဲနေပြီး ယင်းဥပဒေ မူကြမ်းတွေကို သက်ဆိုင်ရာဌာန အသီးသီးကိုပို့ပြီး အကြံပြုချက်ရယူ နိုင်ဖို့တောင်းခံ ထားပါတယ်''ဟု ဖြေ ကြားခဲ့သည်။


လက်ရှိတွင် နျူကလီးယားစွမ်း အင်အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံ အတွက် အကျိုးဖြစ် ထွန်းစေမည့် နယ်ပယ်များစွာရှိသေးပြီးနောင် အချိန်တွင် မျိုးဆက်သစ် များနျူးက လီးယားနည်းပညာများကို ရရှိအသုံးပြု နိုင်ရန်လိုအပ်သည့် ပံပိုးမှုများကိုနိုင်ငံ တော်မှ လက်ရှိအချိန်ထက်ပံ့ပိုးနိုင် ရန်လိုအပ်ကြောင်း ပြည် သူများအ နေဖြင့် နျူကလီးယားဆိုသည့် စကားလုံး အသုံးနှုန်းအားကြား သည် နှင့် လူကိုအန္တာရယ်ဖြစ်စေမည့် အရာအဖြစ်သာမြင်နေကြပြီး နျူက လီးယားနည်း ပညာကြောင့် ဖွံ့ဖြိုးတိုး တက်သည့် အခြေအနေများဖြစ် ထွန်းလာနိုင်သည်ကို အစိုးအနေဖြင့် ယခုထက်ပိုမိုအသိ ပညာပေးလုပ် ငန်းများနှင့်အတူ နျူးကလီးယား နည်းပညာကိုပြည်သူများကြားကျယ် ပြန့်စွာလုပ်ဆောင်ရန်လိုအပ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များ မှ ဆွေးနွေးခဲ့ကြသည်။


တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်ထွန်းက ''ကျွန်တော် တို့နိုင်ငံအနေနဲ့ နျူကလီး ယားပညာရပ်တွေ နည်းပညာတွေကို ငြိမ်းချမ်းစွာ အသုံးချမှု အတွက် အ တည်ပြုနိုင်ခွင့်အပြည့်အဝရရှိရန် ရည်ရွယ်ပြီးတော့ နျူကလီးယားလက် နက်မပြန့်ပွားရေးစာချုပ်ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ IAEA နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒီစာချုပ် အရ ကျွန်တော်တို့နိုင်ငံ ဟာနျူကလီး ယားလုပ်ငန်းတွေပစ္စည်းတွေ IAEA ရဲ့စောင့်ကြည့်မှုအောက်မှာ သဘော တူစာချုပ်တစ်ခုဖြစ်တဲ့ CSA နဲ့ သူရဲ့ နောက်ဆက်တွဲဖြစ်တဲ့ small quality protocol SMP စတဲ့ သဘောတူညီ ချက်စာချုပ်တွေကို IAEA နဲ့ ၁၉၉၅ ခုနှစ် ဧပြီ ၂ဝရက်မှာ လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် ရဲ့ နောက်ဆက်တွဲ သဘောတူညီမှုတွေ ကိုလည်း ၂၀၁၃ ခုနှစ် စက်တင်ဘာ မှာ လုပ်နိုင်ခဲ့တာလဲလေ့လာတွေ့ ရှိရပါတယ်။ ဒီအချက် အလက်တွေ အရအထူးသဖြင့် နျူကလီးယားပစ္စည်း တွေ အချက်အလက်တွေကို IAEA နဲ့ အသိပေးအကြောင်းကြား ဆောင် ရွက်ရပါတယ်။ နျူကလီးယားစွမ်း အင် တွေကိုအသုံးပြုခြင်းအားဖြင့် များစွာ အကျိုးရှိမယ့် နယ်ပယ်ကဏ္ဍများစွာ ရှိပါတယ်။


လက်ရှိနိုင်ငံအခြေအနေ အရ နည်းပညာနဲ့အရင်းအနှီးအခက် အခဲ သဘာဝပတ် ဝန်း ကျင် ဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် နျူကလီးယား နည်းပညာတွေ နျူကလီးယားစွမ်းအင် တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေး ရင်တောင် နောင် အနာဂတ် မှာ နျူကလီးယားနည်းပညာနဲ့ပတ် သက်ပြီး စွမ်းအင် လိုအပ်ချက်အရ မသုံးမဖြစ်သုံးကောင်းသုံးလာနိုင်ရပါ တယ်။


ဒီလိုအခြေအနေမျိုးကြုံကြိုက် ရင် အောင်အောင်မြင်မြင်နဲ့ဆောင် ရွက်နိုင်အောင် မျိုးဆက်သစ်လူငယ် တွေ ကို ခေတ်မီနည်း ပညာတွေ ရရှိဖို့ မျိုးဆက်သစ် လူ့စွမ်း အား အရင်းအမြစ် တွေ၊ ပညာရှင်တွေစဉ်ဆက်မပြတ် လေ့ကျင့်ပြုစု ပျိုးထောင် သွား ဖို့လို အပ်ပါတယ်။

 လိုအပ်တာတွေကို နိုင်ငံတော်က ယခုထက်ပံ့ ပိုးကူ ညီ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်'' ဟု အဆိုအပေါ်ထောက်ခံဆွေးနွေး ခဲ့သည်။


Democracy today Daily Newspaper

အပြည့်အစုံသို့ »

ဒေါ်ခင်ဝိုင်းကြည် ဘယ်လို ခြိမ်းခြောက်ခံနေရလဲ


လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေးကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”

PR စနစ် အဆိုတင်တဲ့ အချိန်က ပြည်နယ်တွေမှာ မကျင့်သုံးဘဲ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့ တင်ပြခဲ့ပေမယ့် တိုင်းရင်းသားပါတီ အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ နားမလည်နိုင်ဘူးလို့ သူကဆိုပါတယ်။ ညီနောင်တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက PR စနစ်ကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။ တိုင်းရင်းသား ပြည်နယ်တချို့မှာတော့ ဆန္ဒပြကန့်ကွက်မယ်လို့ ကြေညာထားပါတယ်။

The Voice

အပြည့်အစုံသို့ »

အင်န်အယ်လ်ဒီ ရပ်ကျေးဒု-ဥက္ကဋ္ဌ အသတ်ခံရမှု အစိုးရအဖွဲ့ အကြောင်းမပြန်သေး


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊  မိုင်းကျဉ်းကျေးရွာရှိ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဒု-ဥက္ကဋ္ဌ ဦစိုင်းစံထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့ရုံးသို့ ဇွန်လ ၁၁ ရက်က စာတင်ခဲ့သော်လည်း အကြောင်းပြန်မှုမရှိဘဲ ကျူးလွန်သူကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဟု ဟိုပုန်းမြို့နယ်၊ အင်န်အယ်လ်ဒီအမှုဆောင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ပြောသည်။

“ဒေသခံတွေ အသက်အန္တရာယ် လုံခြုံရေးအတွက် တရားခံကို အမြန်ဆုံးဖမ်းမိဖို့ လိုအပ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးကို သွားတွေ့ပြီး စုံစမ်းမေးမြန်းပါဦးမယ်”ဟု ၎င်းက ဆိုသည်။

ဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက်၊ ည ၁၂ နာရီဝန်းကျင်တွင် လူနှစ်ဦးမှလာရောက် ခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၅ ရက်၊ နံနက် ပိုင်းတွင် အိမ်နှင့် သုံးမိုင်ခန့်အကွာ လယ်ကွင်းပြင်၌ ဦးခေါင်းနောက်စေ့တွင် သေနတ် ဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည်မှာ နှစ်ပတ်ကျော် ကြာနေပြီဖြစ်သော်လည်း ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဟိုပုန်းရဲစခန်းမှလည်း စိတ်ရှည်ရှည်ထားရန် နှင့် သဲလွန်စရနေပြီဟုသာ အကြောင်းပြန်ထားသည်ဟု ဦးတင်မောင်တိုးက ဆိုသည်။

ဟိုပုန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက “ကျူးလွန်သူကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေပါတယ်၊ တိုးတက်မှုအချို့ ရှိနေပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ ပြောလို့ မရသေးပါဘူး”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသည် RCSS ၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ ခလရ ၂၄၉ တပ်ဧရိယာနှင့် သုံးမိုင်ခန့်အကွာ၊ ပအိုဝ်းပြည်သူ့စစ် (KNO)) နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု မိုင်းကျဉ်းဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးစိုင်းနိုင်ဦးက ဆိုသည်။

အဆိုပါအမှုကို ဟိုပုန်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ဇွန်လ ၅ ရက်က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima News Daily


အပြည့်အစုံသို့ »

ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့များ ဖွဲ့စည်းထား ထိုက်သင့်သော အချိန်တွင် သတင်း ထုတ်ပြန်ပေးမည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော


ပြည်ထဲရေးဒုတိယ  ရဲမှူး ချုပ်ကျော်ကျော်ထွန်း ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းနေစဉ်။ ဓာတ်ပုံ – MNA

သာသနာ ရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်အ မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသ တင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့ စည်းထားပြီး၊ ထိုက်သင့် သော အချိန် တွင် သတင်းထုတ်ပြန်ပေးသွား မည်  ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ န ဒုတိယဝန်ကြီးရဲမှူးချုပ်ကျော် ကျော်ထွန်းမှ ပြောသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ် တော်ဒသမပုံမှန်အစည်းအဝေး(၁၇) ရက်မြောက်နေ့အစီအစဉ်ခေတ္တနား ချိန်တွင် သတင်းထောက် များမေးမြန်း ရာ ယင်းသို့ ပြော ကြား ခဲ့ခြင်းဖြစ် သည်။  ဒုတိယဝန်ကြီးမှ ”ဦးဆန်းဆင့်  ကိစ္စနဲ့ပတ်သက် လို့ကတော့ လော လောဆယ်ဘာကိစ္စနဲ့မှ ထုတ်ဖော် ပြောကြားလို့မ ရသေး ပါဘူး” ဟု သတင်း ထောက်များအား ပြောကြား ခဲ့သည်။

ဆက်လက်ပြီး သတင်းထောက် များမှ ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ဆက်လက်အရေးယူ သွားမည်၊ မည်သို့ဆောင်ရွက် သွားရန် အစီအ စဉ်ရှိသည်ကို မေးမြန်ခဲ့ ရာ တွင်လည်း ဒုတိယဝန်ကြီးမှ မိမိအနေဖြင့် ယခု အချိန်တွင် ထုတ်ဖော်ပြောကြားခွင့် မရှိသေးကြောင်း ပြောကြားသွားသ ဖြင့် သတင်းထောက်မှ မည်သည့် အ ချိန် အခါတွင် ထုတ်ဖော်ပြောကြား ရန်ရှိသလဲ ဟုမေးမြန်ရာ ”ဦးဆန်းဆင့် နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းတာ ရှိပါတယ်၊ သူတို့ ထိုက် သင့်တဲ့ အချိန် ရောက်ရင် ထုတ်ပြန်မှာပါ၊ ဦးရဲထွဋ် တို့လဲ ပါပါတယ်၊ ရဲချုပ်တို့လဲ ပါပါ တယ်၊ သူတို့ဖွဲစည်းထားတဲ့ အဖွဲ့အ စည်းရှိပါတယ်၊ သူတို့ အချိန်တန် ရင် ထုတ်ပြန် ပေးမှာပါ၊ ဟိုတစ်နေ့က လဲ ဦးရဲထွဋ်လဲ ဖြေသင့် သလောက် တော့ ဖြေပြီးပြီ ပဲ”ဟု ပြောကြားခဲ့ သည်။

M P
[--Democracy today Daily Newspaper--]

အပြည့်အစုံသို့ »

ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိ မည်သည့်နေရာတွင် ထားသည်ကိုပင် မိသားစု သိခွင့်မရ


ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်း ခံထားရသူ သာသနာရေးဝန်ကြီးဟောင်း  ဦးဆန်းဆင့်နှင့်အတူ ဖမ်းဆီး စစ်ဆေးခံနေ ရသည့် ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင် သူမင်းကို မည်သည့်နေရာ၌ ထိန်းသိမ်းထား သည်ကိုပင် မိသားစုများ သိခွင့်မရသေးဟု ကာယကံရှင်တို့က မဇ္ဈိမကို အတည်ပြုသည်။

“ကြာသပတေးနေ့က အလုပ်သွားချိန်က စပြီး အခုထိ ဆက်သွယ်လို့လည်း မရဘူး။ ဖမ်းထားတယ်ပဲ နောက်ပိုင်းကြားတယ်။ ဘယ်မှာရောက်နေတယ်ဆိုတာလည်း မသိရဘူး။ စိတ်လည်းပူနေရတယ်။ အိမ်ကိုလာပြီးတော့ စစ်တယ်။ ရုံးကို ၀င်စစ်တဲ့နေ့မှာ၊ အန်တီ (ဦးဆန်းဆင့်၏ဇနီး)ကိုတော့ နေအိမ်အကျယ်ချုပ်ထားတယ်လို့ ကြားတယ်။ ဘယ်မှာ ထားမှန်းမသိတော့ စိတ်ပူနေရတာပေါ့”ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကမူ တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်အား ယခုလို ဖမ်းဆီးထိန်းသိမ်းခံရမှုမှာ မမှန်မကန်စွပ်စွဲခံရခြင်းဟု ယုံကြည်နေကြသည်။

“ပြည်သူအတွက် တကယ်အလုပ်လုပ်တဲ့ ပုဂ်္ဂိုလ်၊ ပါတီစွဲ ပုဂိ္ဂုလ်စွဲမရှိတဲ့ လူတစ်ယောက်၊ ပြည်သူလူထု အားကိုးယုံကြည်တဲ့ သူတစ်ယောက်ကို ဒီပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့အပေါ်မှာ အံ့သြမိတယ်။ ပြည်သူအကျိုးကို သယ်ပိုးနိုင်တဲ့ အစိုးရအဖွဲ့ဝင်တစ်ယောက် မရှိတာ စိတ်မကောင်းဖြစ်မိတယ်။ မမှန်မကန် စွပ်စွဲခံရတယ်လို့ ယုံကြည်လို့ စိတ်မကောင်းဖြစ်မိတယ်”ဟု ရေကြည်မြို့နယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။

ပုသိမ်မြို့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးကလည်း “ဆက်သွယ်ရေးဝန်ကြီးတုန်းက အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ငွေကြေးအများကြီးလည်း မဟုတ်ဘဲ အခုလို လုပ်ဆောင်ခံရတာ မတရားဘူးလို့ မြင်တယ့်။ ဦးဆန်းဆင့်အပေါ်မှာ ဒီလိုလုပ်ဆောင်တာ ရိုးသားမှု မရှိဘူးလို့ မြင်တယ်။ အစိုးရအဖွဲ့က အခုထိ တိကျတဲ့ သတင်းထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးဘူး”ဟု ပြောဆိုခဲ့သည်။

“မဖြစ်နိုင်လောက်တဲ့ အဖြစ်အပျက် တစ်ခုလို့ မြင်တယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူနဲ့အတူတူ တွဲလုပ်ဖူးတော့ သူ့စိတ်သူလုပ်ကိုင်ပုံတွေကို သိနေတယ်။ သူက ကြီးမားတဲ့ပြဿနာရှိလောက်အောင် လုပ်ဆောင်မယ့်သူမျိုး မဟုတ်ဘူး။ ကျွန်တော် ယုံကြည်တယ်။ ဦးဆန်းဆင့်ဟာ ဒီလိုလုပ်မယ့်သူ တစ်ယောက် မဟုတ်ဘူးလို့ ယုံကြည်ထားတယ်”ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

ဇွန်လ ၁၉ ရက်တွင် ဦးဆန်းဆင့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၄၀၉/၁၀၉ ယုံကြည်အပ်နှံရေး အလွဲသုံးစားမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလွင်က တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။ စစ်ဆေးခံရသူများထဲတွင် ဦးဆန်းဆင့်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိအပါအ၀င် စုစုပေါင်း ကိုးဦးအထိရှိသည်ဟု မိသားစုဝင်အချို့က ပြောသည်။

ဦးဆန်းဆင့်၏ မိသားစုဝင်များကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိထားသည်ကိုလည်း ၎င်းတို့နှင့် နီးစပ်သော မိသားစုဝင်အချို့က အတည်ပြုသည်။ ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးတာဝန် မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အများပြည်သူ၏ နှစ်သက်မှုကို ခံယူနိုင်ခဲ့သည်။ ယင်းသို့ ဖမ်းဆီးခံရမှုကို ဧရာဝတီတိုင်းမှ ပြည်သူအချို့က ကန့်ကွက်ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေသည်။

ပုဒ်မ ၄၀၉/၁၀၉ သည် ပြည်သူ့ ၀န်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ပြစ်မှု မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားသည်ကို စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။

Mizzima News Daily

အပြည့်အစုံသို့ »

အမိန့်ချရန် တောင်းဆိုသည့် ကိုထင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ခြောက်လချ



ကျော်စွာဝင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့မှ ကိုထင်ကျော်အား ဇွန်၂၃ ရက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တောင်ဥက္ကလာ တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လချမှတ်လိုက်သည်။

ပြီးခဲ့သည့် မေ ၅ ရက်က တောင်ဥက္ကလာပမြို့နယ်တွင် (၁၁) ကြိမ်မြောက်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်းနှင့် ပြည်သူသည်သာ သခင်ဖြစ်ကြောင်း ကြေညာချက်ပါ စာရွက်များဖြန့်ဝေ ဆန္ဒပြဟောပြောစဉ် တောင်ဥက္ကလာပရဲစခန်းက ဖမ်းဆီးကာ ၅ဝ၅ (ခ)ဖြင့် ကိုထင်ကျော်ကိုအမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

“ဇွန် ၂၃ ရက်မှာ ရုံးချန်း ၇ ချိန်းပြည့်တယ်။ ဒီနေ့အမိန့်ချမယ်လို့ တရားသူကြီးက ပြောပြီးတော့ ဒီနေ့ကျတော့ အမိန့်မချဘူးဆိုပြီး ထပ်ပြောလို့ အမိန့်မချရင် လုံးဝဆန့်ကျင်တယ်။ လုံးဝကို ထောင်ထဲက မထွက်ဘူး။ ဒီနေ့ချမယ်ဆို ချရမယ်လို့ ကိုထင်ကျော်ကပြောမှ တရားသူကြီးကိုယ်တိုင် စီရင်ချက်ရေးပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်” ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ဝင် ဒေါ်စိန်ထွေးက မဇ္ဈိမကို ပြောသည်။

အမိန့်ချမည့်ဇွန် ၂၃ တွင် တောင်ဥက္ကလာတရားရုံးရှေ့တွင် မတရားမြေအသိမ်းခံ ပြည်သူများ၊ ကိုထင်ကျော်ကိစ္စ လိုက်ပါဆောင်ရွက်နေသူများက နိုင်ငံရေးအကျဉ်သားများ နှင့် ကိုထင်ကျော်ကို ခြွင်းချက်မရှိလွတ်ပေးရန် ဟစ်ကြွေးတောင်းဆိုခဲ့ကြကြောင်း၊ ယင်းသို့တောင်းဆိုသူများထဲမှကို နောင်နောင်ဆိုသူကို တောင်ဥက္ကလာရဲစခန်း တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ၎င်းကဆိုသည်။

ထိုသို့ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်သူများက ကိုနောင်နောင်အား လွှတ်ပေးရန် ဝိုင်းဝန်းတောင်းဆိုခဲ့သဖြင့် လွှတ်ပေးခဲ့ပြီး မည်သည့်အချိန်တွင်ပြန်လည် ဖမ်းဆီးမည်ကိုမူ မသိရှိရပေ။

Mizzima Burmese

အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းသူများ အမြင်ရှင်းစေရန်


ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ ပိုစ့်အောက်မှာ မဖြစ်သင့်ဘူးလို့ ရေးထားတဲ့သူတွေရဲ့ ကွန်မက်တော်တော်များများမှာ သူမဟာ ဗုဒ္ဓဘာသာကို စော်ကားလို့၊ ဘာသာခြားအရေးပေးလို့ စတဲ့ အကြောင်းအရာကို အခြေခံပြီး ပြောတာများတယ်။ ဒါဆို သူမဟာ တကယ်ဘဲ အဲလိုဖြစ်နေလား…. တကယ်ဘဲ ဗုဒ္ဓဘာသာရဲ့ ရန်သူလား…. ကိုယ့်လူမျိုးကို အရေးမပေးဘူးတဲ့လား…. ဆိုတဲ့ မေးခွန်းတွေအတွက် တချက်စဉ်းစားကြည့်လိုက်ရအောင်ဗျာ….

ဒေါ်စုကို ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ စွပ်စွဲတာ မသီတာထွေးကနေ အစပြုတဲ့ ရခိုင်အရေးအခင်းမှာ ဒေါ်စုရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြောဆိုတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။ ဟုတ်ပြီ…. အဲ့ဒီအချိန်ကာလကို တစ်ချက် ကြည့်ရအောင်။

ထိုအချိန်က ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်နဲ့ ပြသနာဖြစ်ပွားချိန်၊ အိမ်တွေ မီးရှို့ လူတွေသတ်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ချိန်၊ ပြည်သူတွေက ဒီပြသနာအပေါ် ဒေါသထွက်ပြီး ရန်မီး အစပျိုးတော့မယ့်အချိန်၊ မသမာသူတစ်စုရဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လမ်းကြောင်းလွဲ လှုံဆော်နေချိန်၊ သမ္မတလုပ်သူ ဦးသိန်းစိန်က သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုကို မစိုးရိမ်ရန် ပြောဆို နှစ်သိမ့်မှု လုံးဝ မလုပ်ဘဲ ပစ်ထားချိန်.. အဲ့လို အချိန်မှာ အဲဒီအတိုင်းဘဲ ရှေ့ဆက်သွားရင် ရခိုင်မီးစဟာ တတိုင်းပြည်လုံးပျံ့နှံ့ပြီး စစ်ဘေး ကပ်ဘေး ကျရောက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

အဲ့ဒီအချိန်ကျရင် နောက်ကြောင်းပြန်လှည့်ချင်သူ တစ်စုက တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ မလွဲမရှောင်သာ စစ်အာဏာပြန်သိမ်းလိုက်ရပါတယ်ဆိုပြီး ဖြစ်လာမယ်။ အဲ့လိုမျိုးဆို ခင်ဗျားတို့ ကျွန်တော်တို့ ခုချိန်မှာ ဒီမိုကရေစီဆိုတဲ့ အရသာ လုံးလုံးခံစားရမှာမဟုတ်ဘဲ အရင်လို အာဏာရှင်လက်အောက်မှာဘဲ ပေးတာယူ ကျွေးတာစားဘဝနဲ့ နေနေရမှာ မလွဲပါဘူး။ ဒါတွေကို ကြိုမြင်တဲ့ ဒေါ်စုက ပြသနာပိုမကြီးလာခင်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝင်တားဖို့ သူလုပ်ရတော့မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမ ဘယ်လိုလုပ်သွားလဲ ကြည့်ကြပါ။

ရန်ကုန်မှာရှိတဲ့ မွတ်ဆလင်တွေဖက်ကို သွားနှစ်သိမ့်တယ်၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတယ်။ အဲ့လို ပြောအပြီးမှာ ဘာဖြစ်သွားလဲ…. ဒေါ်စုကို ထောက်ခံတဲ့ သူတွေထဲက ဒေါ်စု ဘာဖြစ်လို့ တခြားဖက်ပါရတာလဲ၊ ဒေါ်စုကို ငါတို့ဖက်က ထင်ထားတာ ခုဘယ်လိုဖြစ်တာလဲဆိုပြီး တွေဝေကုန်တယ်။ တချိန်လုံး ချမယ် ဆော်မယ် တကဲကဲဖြစ်နေတဲ့သူတွေ ဒေါ်စုစကားအပြီးမှာ ဒီဖြစ်စဉ်ကို ပြန်စဉ်းစားသုံးသပ်လာကြတယ်။ ဒီလိုနည်းနဲ့ ဒေါ်စုဟာ ပြည်သူတွေရဲ့ အမျက်ဒေါသကို လူမျိုးရေး အဓိကရုန်းဆီ ဦးမတည်စေဘဲ သူ့အပေါ်ဘဲကျရောက်ပါစေတော့ဆိုပြီး လမ်းလွဲလိုက်တာဘဲ ဖြစ်တယ်။ ဂျောက်ထဲ ကျဖို့ လိမ့်နေတဲ့ကားကို ရှေ့ကနေ ဝင်ခံလိုက်တဲ့ သဘောပေါ့။

ဒေါ်စု မွတ်ဆလင်တွေကို သွားနှစ်သိမ့်တာတွေ၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတာတွေဟာ ဘာအဓိပ္ပါယ်လဲ…..
ဒါတွေက ရခိုင် ကိစ္စမကျေနပ်လို့ နီးစပ်ရာမဆိုင်တဲ့ မွတ်ဆလင်တွေကို လူထုပြသနာရှာမှာစိုးလို့ ဖြေရှင်းလိုက်တဲ့ သဘောပါဘဲ။ လူထုဒေါသကနေ အဓိကရုန်းဖက်မရောက်အောင် လမ်းကြောင်းလွဲလိုက်တဲ့သဘောပါ။ ဒီလိုလုပ်လို့ သူမအပေါ် ထောက်ခံမှု ကျဆင်းကုန်မယ် ပြည်သူတွေ အမြင်စောင်းကုန်မယ်ဆိုတာ ဒေါ်စုအနေနဲ့ သိမှာပါ။ ဒါပေမယ့် ရွေးစရာလမ်းမရှိတော့ တိုင်းပြည် ပဋိပက္ခဖြစ်မှာ၊ စစ်အာဏာရှင်လက်ထဲ ထပ်ပြီးကျရောက်သွားမှာကို စိုးရိမ်ပြီး ပြည်သူတွေ အပြစ်တင်ခံ၊ အတိုက်ခိုက်ခံပြီးတော့ကို မှန်ရာ ပြောခဲ့ဆိုခဲ့တာပါ။ ဒီလို ဒေါ်စု လမ်းကြောင်းလွဲတောင်မှ နောက်ဆက်တွဲ မိထ္ထီလာ၊ လားရှိုး အစရှိတဲ့ မြို့တွေမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာပါသေးတယ်။ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း နောက်ကြောင်းပြန်ချင်တဲ့ လူတစ်စုရဲ့ စနက်ပါတယ်ဆိုတာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။

နောက် ဒေါ်စု ဘာပြောသွားလဲ….. တရားဥပဒေ စိုးမိုးမှုရှိရမယ်လို့ ပြောသွားတယ်။ ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောဘဲ အပြစ်ရှိရင် ရှိတဲ့ ဘင်္ဂလားဘဲ ဖြစ်ဖြစ် ရခိုင်ဘဲ ဖြစ်ဖြစ် ဥပဒေနဲ့ တိတိကျကျ အရေးယူဖို့ တိုက်တွန်းတာ။ ဒါဟာ ပြသနာရဲ့ တကယ့် main point ပါဘဲ။ အဲလိုမဟုတ်ဘဲ ဘက်တစ်ဘက်ကို နင်းပြီးဖြေရှင်းရင် မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ အဓိကရုန်းဖက်ကို ဦးတည်သွားစေနိုင်ပါတယ်။ အဲလိုဖြစ်လို့ နစ်နာရင် တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာမှာဖြစ်ပြီး အာဏာရှင်ဟောင်းတွေအတွက်တော့ စားပေါက်ရသွားမှာဘဲဖြစ်ပါတယ်။

နောက် အများစွပ်စွဲနေကြတဲ့ ဒေါ်စုက ဟိုဖက်ကိုလိုက်တယ်ဆိုတဲ့ ကိစ္စကို မမှန်ကြောင်း သူမ ဖြေရှင်းသွားတယ်။ “ကျွန်မ ရိုဟင်ဂျာကို မသိဘူး” ဆိုတဲ့ နိုင်ငံခြား အင်တာဗျူးမှာပါတဲ့ သူမရဲ့ ပါးနပ်တဲ့ အဖြေဟာ သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ရခိုင်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရိုဟင်ဂျာလို့ မသတ်မှတ်ဘူးဆိုပြီး အတိအလင်းပြောသွားတာပါ။ အင်မတန် ရှင်းလွန်းအားကြီးပါတယ်။

နောက်တချက်ရှိတာ ဒေါ်စုဟာ ဗုဒ္ဓဘာသာအတွက် အန္တရယ်ဆိုရင် ဘာလို့ သီတဂူဆရာတော်လို ကမ္ဘာ့သာသနာပြု ဆရာတော်တွေ၊ အရှင်ဆန္ဒာဓိကလို အများကြည်ညိုရတဲ့ ဆရာတော်တွေ၊ ဒယ်အိုးဆရာတော်လို အမှန်ကို အမှန်အတိုင်းဟောရဲတဲ့ ဆရာတော်တွေက ဘာလို့ဒေါ်စုဘက်မှာ ရပ်တည်နေရတာလဲ။ ဒေါ်စု သမ္မတဖြစ်ရင် ကုလားတိုင်းပြည်ဖြစ်မယ်ဆိုရင် ဒီဆရာတော်တွေက ဘာလို့ ဒေါ်စုဘက်မှာ ရှိနေတာလဲ။ ဒါတချက်စဉ်းစားစရာပါ။ နောက်ပြီး ဒေါ်စုဟာ ဘာသာတရား ကိုင်းရှိုင်းသလို သူမကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆိုတာ ဒီလိုမျိုးဆိုပြီး ဂုဏ်တက်ရတာဘဲရှိပါတယ်။ ဒေါ်စုကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ နာမည်ပျက်တာ မရှိဖူးပါဘူး။ သူမဟာ သံဃာတော်တွေကို မရိုက်ဘူး၊ ဝရမ်းပြေးအဖြစ် မဖမ်းဘူး၊ သေနတ်နဲ့ ပစ်ဖို့ အမိန့်မပေးဘူး၊ မီးလောင်ဗုံးတွေနဲ့ မပစ်ဘူး၊ ကျောင်းတွေ မသိမ်းဘူး၊ သိမ်တွေ မဖျက်ဘူး။ ဒီလိုမျိုးတောင်မှ သာသနာဖျက်မယ့်သူ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်သူလို့စွပ်စွဲရင် ယုတ်တိရှိရဲ့လား…. သေချာစဉ်းစားကြည့်ရင် အဖြေ အရှင်းသားတွေ့ရမှာပါ။

ဒါမှ သဘောမပေါက်ဘူးဆိုရင် ဒေါ်စုရဲ့ သမိုင်းကို ပြန်ကြည့်ပါ။ လင်ယောင်္ကျား အင်္ဂလန်မှာ ရောဂါအခြေအနေဆိုးရွားပြီး ဆုံးခါနီးအချိန်တောင် မပြန်ဘဲနေတာ၊ ဖတဆိုး သား ၂ ယောက်ကို ပြန်မကြည့်အားဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတာ၊ အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ ဒီပဲယင်းလို အရေးအခင်းမျိုးကြုံလည်း နောက်မဆုတ်ဘဲ ဒီမိုကရေစီရရေး မမှိတ်မသုံကြိုးစားတာ၊ နေအိမ်အကျယ်ချုပ်ခံရလည်း ဘယ်တော့မှ အလျော့မပေးတာစတဲ့ သမိုင်းတွေကို ဖြတ်သန်းလာခဲ့တာ ဘယ်သူ့အတွက်လဲ။ မြန်မာပြည်သူတွေ အတွက်လား တိုင်းတပါးသားတွေ အတွက်လား။ ပြောမှာပေါ့ အာဏာရချင်လို့၊ ငွေမက်လို့၊ တိုင်းပြည်ရဲ့ အကြီးဆုံးနေရာမှာနေပြီး စိတ်တိုင်းကျ ချယ်လှယ်ချင်လို့ဆိုပြီး။

ဒါဆို အဲ့ဒီ စွပ်စွဲချက်တွေ မှန်မမှန် တချက်ကြည့်ရအောင်။ သူမသာ တကယ် ငွေမက်ရင် မြန်မာပြည်က ထွက်ပြီး ကြိုက်တဲ့ နိုင်ငံကြီးမှာ သွားနေလို့ရတာပေါ့။ နိုင်ငံတိုင်းကလည်း သူမလို သြဇာတိက္ခမ ကြီးတဲ့ ခေါင်းဆောင်မျိုးကို ကြိုဆိုပြီးသားဘဲ။ ငွေလိုချင်လား ပေးမှာဘဲ၊ အိမ်လိုချင်လား ပေးမှာဘဲ၊ ရာထူးလိုချင်လား လိုလိုလားလားနဲ့ကို ပေးအုံးမှာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အတိအကျ နားလည်လို့ပါဘဲ။ ဒါဆို သူမ ဘာလို့ ဒီနိုင်ငံမှာ အနစ်နာခံနေတာလဲ။ ဇိမ်နဲ့နေ ဇိမ်နဲ့သွားလို့ရတဲ့ အခြေအနေမျိုးကို စိတ်မဝင်စားဘဲ ပြည်သူတွေနဲ့ ဒီမိုကရေစီရရေး ဘာလို့ ရုန်းကန်နေရတာလဲ။

ဒါကရှင်းနေပါပြီ။ သူမ ရာထူးကို မက်တာမဟုတ်ဘူး၊ ငွေကိုလည်း မက်တာမဟုတ်ဘူး။ သူမမက်တာ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပြည်သူပြည်သားအားလုံး တပ်မတော်ပါ မကျန် စည်းစည်းလုံးလုံး နေထိုင်ခွင့်ရတာကို မက်မောတာ။ ဒါကလည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါဘဲ။ ဒေါ်စု ငယ်ငယ်လေးကတည်းက ဗိုလ်ချုပ်ဆုံးသွားလို့ ဖခင်နဲ့ သိပ်မနေလိုက်ရပေမယ့် ဖခင်ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ရေးအိပ်မက်ကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရင်း ကျေးဇူးဆပ်နေတာပါဘဲ။ ဒီလောက်ဆိုရင် ဒေါ်စုအပေါ် တော်တော်လေး အမြင်ရှင်းလောက်ပြီ ထင်ပါတယ်။ မှိုင်းတိုက်ခံထားရတဲ့ သူတွေ၊ အထင်လွဲနေတဲ့ သူတွေလည်း ဒေါ်စုအပေါ် အမြင်မှန် ပြန်ရပါတော့ဗျာ။ ၂၀၁၅ ဆိုတဲ့ ခရီးကြမ်းအတွက် တကွဲတပြားဖြစ်မနေဘဲ စုစည်းမှုဖြင့် အာဏာရှင်ဆန်တဲ့ ခြေဥကို ပြင်ဆင်ပြီး ဒီမိုကရေစီ တိုင်းပြည်သစ်ဆီ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင် ဒီစာကို ဒီမှာဘဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။

Credit: Ryo Miyaichan

အပြည့်အစုံသို့ »

၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိ


ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေ အရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထား သူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာ နမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ မြန်မာနိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စည်းကမ်းချက်များ နှင့် ကိုက်ညီသူများ၏ လျှောက် လွှာများကို လက်ခံထားပြီး အဆို ပါလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်က အ ဆင့်ဆင့် စိစစ်ဆုံးဖြတ်သွားမည် ဟု သတင်းရရှိသည်။

ဗဟိုအဆင့်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န် ကြီးတို့က ဦးဆောင်ပြီး အခြား ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အကဲဖြတ်မည် ဟု သတင်းရရှိသည်။

လက်ရှိ အခြေအနေအရ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ်တစ်မြို့နယ်တည်းတွင်သာ စတင်ခြင်းဖြစ်ပြီး အခြား မြို့နယ်များတွင် လုပ်ဆောင်ရန် ရှိ၊ မရှိ မပြောနိုင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကရိုဟင်ဂျာလူမျိုး အမည်ထည့်သွင်းမှ ကောက်ယူခံမည်ဟု တောင်းဆိုခြင်းကြောင့် ၎င်းတို့နေထိုင်သည့် နေ ရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ချေ။

ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့အတွင်းရှိ လူ ဦးရေစာရင်း ကောက်ယူရေး လုပ် ငန်း (ဆွဲတင်စစ်)ကို အကောင်အ ထည်ဖော်ခဲ့သော်လည်း ဘင်္ဂါလီ လူမျိုးများအကြမ်းဖက်ကန့်ကွက် မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ သည်။

7Day News Daily

အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွခ်ကိစ္စနှင့်ပတ်သက်၍ ဦးရဲထွဋ်လူချင်းတွေ့ဆုံ တောင်းပန်


သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ၎င်း၏ဇနီးသည်မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် ဓါတ်ပုံပညာဖြင့် ပြုပြင်ထားသော ပုံတပုံ ဖေ့စ်ဘွခ်ပေါ်၌ ရှယ်ခဲ့ခြင်းကို ပြည်ထောင်စုလွှတ်တော်၌ တွေ့ဆုံစဉ် ကာယကံမြောက် တောင်းပန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ "ကိစ္စမရှိပါဘူး" ဟုတုံ့ပြန်ကြောင်း ဦးရဲထွဋ်က သူ၏ဖေ့စ်ဘွခ်တွင် ရေးသားထားသည်။

ယင်းအပေါ် အချို့က ကာယကံရှင်ဖြစ်သော ဦးရဲထွဋ်၏ဇနီး တောင်းပန်သင့်သည်ဟု မှတ်ချက်ပြုကြသည်။

ဓါတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွခ်


News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

အပြည့်အစုံသို့ »