Showing posts with label rape. Show all posts
Showing posts with label rape. Show all posts

၃ နှစ်အရွယ်မိန်းကလေးအား မုဒိမ်းကျင့်ခဲ့ကြောင်း သံသယရှိနေသည့် သက်ကြားအိုကို မှတ်လောက်သားလောက် ဖြစ်စေရန် ငယ်ပါဖြတ်အပြစ်ပေး


နေရာဒေသတစ်ခုတွင် ရာဇ၀တ်မှု မကြာခဏ ဖြစ်ပွားနေခြင်း သည် ယင်းဒေသ၏ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေခြင်းကို ဖော်ပြ နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရာဇ၀တ်မှုများ လျော့ကျသွားစေလို လျှင် ရာဇ၀တ်ကောင်များ မှတ် လောက်သားလောက်ဖြစ်စေမည့် တင်းကျပ်ပြင်းထန်သော ပြစ်ဒဏ် များ မဖြစ်မနေ ပြဋ္ဌားန်ချမှတ် ရ မည်ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးအတွက် အထိုက်တန်ဆုံး ပြစ်ဒဏ်ချမှတ်ရန် ကမ်္ဘာအရပ်ရပ်၌ လူထုဆန်္ဒခံယူပွဲ ကျင်းပခြင်းမျိုး မရှိသေးသော်လည်း ဘရာဇီးလ်နိုင် ငံ၊ ဆော်ပေါ်လိုမြို့၊ ဆာဗာရင်းနီး ယားကျေးရွာတွင်မူ ကျေးရွာဥပဒေ ထိန်းသိမ်းရေးအဖွဲ့က သံသယရှိ မုဒိမ်းကောင်အား နှောင်းလူများ မုဒိမ်းမှုရှောင်ရှားစေရန် ရည်ရွယ် ချက်ဖြင့် ပြင်းပြင်းထန်ထန် အပြစ် ပေးခဲ့သည်။
ကျေးရွာမှ မြေးအရွယ် မျှရှိသည် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့် ခဲ့ကြောင်းသံသယရှိသဖြင့်သက်ကြား အို ဖရန်ဆစ်္စကိုဒီဆူဇာဒီ ကက်စ် ထရို ၆၆နှစ်၏ငယ်ပါကို ပိုင်းဖြတ် လိုက်ကြခြင်းဖြစ်ပြီး ထိုပြစ်ဒဏ် ကြောင့်ဆာဗင်းရင်းနီးယားကျေးရွာ တွင်နောက်နောင်မုဒိမ်းမှုပပျောက် သွားတော့ဖွယ်ရှိကြောင်း ဒေသခံ များကသုံးသပ်နေကြသည်။ ငယ် ပါအဖြတ်ခံခဲ့ရရုံမက လက်ချောင်း ၃ ချောင်းလည်း ပိုင်းဖြတ်ခံခဲ့ရ သေးသည်။ ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိသွားသည့် ကက်စ်ထရိုကို အနီးအနား ဘာရက်စ်တိုးစ်မြို့Santa Casade Misericordia ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ကြ ရာ ငယ်ပါအား ပြန်ဆက်ပေးရန် ကြိုးစားခဲ့ကြသော်လည်း မအောင် မြင်ခဲ့ချေ။ ထို့ပြင် လက်ချောင်း များကိုလည်း ပြန်ဆက်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် အသက်ကြီးမှ ရာဂ စိတ်ထကြွသောင်းကျန်းခဲ့သော ကက်စ်ထရိုအတွက်လူညွန့်တုံးကိန်း ဆိုက်စေခဲ့သည်။

ကက်စ်ထရိုသည် ကျေးရွာရှိ ၎င်းင်းအလုပ်လုပ်နေသည့် မွေးမြူရေးခြံတွင် အရွယ်မရောက် သေးသူ မိန်းကလေးတစ်ဦးကို မေ လ ၇ ရက်နေ့က သားမယားပြု ကျင့်ခဲ့ကြောင်း၊ ထိုနေ့ည နေအိမ် သို့ပြန်လာသည့် သမီးငယ်၏ ခန်္ဓာ ကိုယ်တွင်း မသင်္ကာစရာလက်္ခဏာ များ တွေ့ရှိခဲ့ပြီးနောက် မိခင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ကက်စ်ထရို၏ငယ်ပါကို မည်သူ တို့ ဖြတ်ခဲ့ကြကြောင်း မသိရသေး ချေ။ထိုသို့တိုက်ခိုက်ခံရစဉ် ကက်စ် ထရိုမှာ သတိရှိနေခဲ့သည်ဟု ရဲချုပ် မာဆယ်လိုပူပိုကပြောကြားခဲ့သည်။ မုဒိမ်းကျင့်ခံခဲ့ရသူ မိန်းကလေး၏ ဆေးစစ်မှုရလဒ်များကို မထုတ်ပြန် သေးသော်လည်း မုဒိမ်းကျင့်ခံခဲ့ရ ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကယုံကြည် နေသည်။


Credit: First Weekly News Journal

အပြည့်အစုံသို့ »

အိန္ဒိယတွင် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသည့် ညီအစ်မ ၂ ဦး ဆွဲကြိုးချ


အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥသာပရာဒေ့ရှ်ပြည်နယ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရသူ ၀မ်းကွဲညီအမ ၂ ဦး ဆွဲကြိုးချ အဆုံးစီရင်ခဲ့ကြတယ်လို့ ဒေသခံရဲဌာနက ဆိုပါတယ်။

ညီအမ ၂ ဦးဟာ အသက် ၁၄ နှစ်နဲ့ အသက် ၁၅ အရွယ် ဖြစ်ကြပြီး အိန္ဒိယ ဇာတ်နိမ့်မိသားစုက ဖြစ်ပါတယ်။

မိန်းကလေး ၂ ဦးကို လူ ၅ ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ကြပြီး ၂ ဦးဟာ ရဲသားတွေ ဖြစ်တယ်လို့ ဒေသခံရဲအရာရှိက ပြောပြီး တရားခံတချို့ကို ဖမ်းဆီးရမိထားပြီးလို့လည်း ပြောဆိုပါတယ်။

ဆေးစစ်ချက်အရ မိန်းကလေး ၂ ဦးဟာ အဓမ္မပြုခံခဲ့ကြရပြီးနောက် ဆွဲကြိုးချမှုကြောင့် သေဆုံးရတယ်လို့လည်း ရဲအရာရှိက အတည်ပြုပြောဆိုပါတယ်။ တာဝန်ပျက်ကွက်ခဲ့တဲ့ ရဲဝန်ထမ်း ၃ ဦးကိုလည်း တာဝန်မှ ရပ်ဆိုင်းခဲ့ကြပါသေးတယ်။

အိန္ဒိယမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဟာ အိန္ဒိယနိုင်ငံတ၀ှန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အိန္ဒိယဇာတ်နိမ့်တွေနဲ့ ဆင်းရဲသူတွေကြားများမှာ ပိုမို ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ တိုင်ကြားမှုတွေလည်း နှစ်စဉ် ၄ ဆတိုးနေတယ်လို့လည်း အိန္ဒိယ အမျိုးသမီးအခွင့်အရေး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

အဓမ္မပြုကျင့်ခံသူတွေကို အမှုတိုင်ကြားမှုတွေ မလုပ်ဖို့၊ ရဲတွေကိုယ်တိုင်က ဟန့်တားကြပြီး တရားခံနဲ့ တရားလို ပြေလည်မှုရယူဖို့ကိုပဲ တိုက်တွန်းကြတယ်လို့ ဆိုပါတယ်။

အခုလို အဓမ္မပြုကျင့်မှုမျိုးတွေကို အိန္ဒိယရဲဌာနတွေက အရေးယူဆောင်ရွက်တာမျိုး မရှိသလောက်ပါ။

dvb burmese

အပြည့်အစုံသို့ »

အရွယ်မရောက်ကလေးများ အဓမ္မကျင့်မှုပိုမိုသောင်းကျန်းလာ


နွားထိုးကြီးအမှတ် ၂ ရပ်ကွက် ထိန်ကန်အနီးတွင် အရွယ်မရောက် သေးသော ၇ နှစ်သမီးကိုအိမ် ထောင်သည်ကမုဒိမ်းကျင့်မှုတစ်မှု ဧပြီ ၂၉ ရက်နေ့လယ်ပိုင်းကနွားထိုး ကြီးမြို့မရဲစခန်းအပိုင်၌ဖြစ်ပွား သည်။ အလားတူအမှတ် (စ) ရပ် ကွက်၊ ကန်နက်တွင်းကျောင်းဝန်း တွင်လည်း ၇ နှစ်သမီးကို အိမ် ထောင်သည်ကမုဒိမ်းကျင့်မှုမကြာ မီကဖြစ်ပွားခဲ့သေးသည်၊ပဒေါင်း ရွာ၌လည်း ၆ နှစ်သမီး၊ ဟင်းသွား ပေးရာမှမုဒိမ်းမှုဖြစ်ခဲ့သေးသည်။ နွားထိုးကြီးတွင် အရွယ်မ ရောက်သေးသော ကလေးများကို အဓမ္မမုဒိမ်းကျင့်မှု၊ကိုယ်ထိလက် ရောက်စော်ကားမှုများမှာနယ်ရော မြို့ပါဖြစ်ပွားနေသော်လည်း ရုံး ရောက်မှုမရှိဘဲအောက်ခြေတွင် ညှိနှိုင်းမှုဖြင့်ကြေအေးနေကြ ကြောင်း နွားထိုးကြီးမြို့ခံတို့က မီဒီယာကိုပြောပြကြသည်။ ရဲစခန်းများမရောက်ဘဲရပ်ရွာ ၌ ညှိနှိုင်းမှုနှင့် ပြေအေးနေမှု ကြောင့် အရွယ်မရောက်ကလေး များမုဒိမ်းကျင့်မှုမှာပိုမိုသောင်း ကျန်းလာနေ၍ကလေးမိဘရှင်များ က လူကြီးကလေးများနှင့်မကစား ရန်တားမြစ်နေရသည်ဆို၏။ ဌေးမြင့်မောင်

Hot News Journal

အပြည့်အစုံသို့ »

အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်


         ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး  အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ်  ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။

          ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊   ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း   ဖြစ်သူ ဦး...... (၃၆) နှစ်  နှင့်  သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏  ခန္ဓာကိုယ်  အနေအ ထား  ပျက် ယွင်းနေသဖြင့် မေးမြန်းရာ လွန်ခဲ့ သော သုံးလခန့် က မ.......(၁၄) နှစ်အား ပထွေးဖြစ်သူ ဦး.........(၃၆) နှစ်က အလိုမတူ ဘဲ  သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည် ဟု ပြော ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဩရုံး၏ ပထမသတင်းပေးချက်များအရ သိရသည်။ ကျူးလွန်သူ ဦး..... ....(၃၆) နှစ်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ စစ်ဆေးမေးမြန်း နေပါတယ်”” ဟု လှော်ကားနယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Messenger  သတင်းစာသို့ ပြောသည်။

          ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦး........ (၃၆) နှစ်အား အရေးယူ  ပေးရန် ဒေါ်......... (၄၂) နှစ်၏ တရား လိုပြုတိုင်တန်းမှုအား လှော်ကားနယ်မြေ ရဲစခန်း (ပ) ၉၆/၁၄၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး၊ စခန်းမှူး ရဲအုပ် လှမြင့်မှ စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

The Messenger News

အပြည့်အစုံသို့ »

မြေးအရင်းကို အဓမ္မကျင့်လို့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်ပြီ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော ၁၂ နှစ်  အရွယ်သမီးငယ်လေးကို အဓမ္မပြု  ကျင့်သတ်ဖြတ်ခံရမှုသည်ကသာ မြို့နယ်၌ လူထုစိတ်ဝင်စားမှုရှိသော  အမှုတစ်မှုဖြစ်ခဲ့သည်။ ထိုအမှုတွင်  သံသယရှိသူများကို ခေါ်ယူစစ် ဆေးခဲ့ပြီးနောက် ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အောင်မြင့် နှင့် တပ်ဖွဲ့ဝင်များ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ တရားခံဟု ယူဆရသူဦးမြဒေါင်း (၅၇) နှစ်ကို ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းအမှုသည် အစပိုင်း၌ အနည်းငယ်ရှုပ်ထွေးမှုရှိနေခဲ့ပြီး ဦးမြဒေါင်းသည်ကသာရဲတပ်ဖွဲ့ စခန်းတွင် စစ်ဆေးစဉ်၎င်းကျူးလွန် ခဲ့ကြောင်း ထွက်ဆိုခဲ့သော်လည်း တရားရုံးသို့ရောက်သော် ငြင်းဆန် ထွက်ဆိုခဲ့သည်။ အမှု၏ ကနဦး  သတင်းများအရ သေဆုံးသူ ကလေးငယ်၏အလောင်းကို လက်နှစ်ဖက်ရင်ဘတ်တွင်ကပ် လျက် မှောက်ခုံအနေအထားဖြင့် ထားရှိခဲ့ကာကျူးလွန်သူကအမှုမှန်  မပေါ်ပေါက်စေရန် ဂမီ်္ဘရနည်းဖြင့် ပြုလုပ်ထားရှိခဲ့ခြင်း။ အမှုတွဲဖိုင်ကို  ခွေးနက်ကြီးတစ်ကောင်မှ ကိုက်ဆွဲ  ထွက်ပြေးသွားခဲ့ခြင်း စသည့်သတင်း  များ ထွက်ပေါ်လာခဲ့ရာလူထုမှ ပိုမိုစိတ်ဝင်စားလာခဲ့ကြသည်။ စွပ်စွဲခံရသူဦးမြဒေါင်း၏အမျိုးသမီး  ဖြစ်သူသေဆုံးသူ၏အဘွားဖြစ်သူ  မှလည်း ၎င်း၏ယောကျာ်းမှာ မတရားဖမ်းဆီးခြင်းခံရပါသည်ဟု ဆိုကာသတင်းစာရှင်းလင်းပွဲပြုလုပ်   ခဲ့သေးသည်။ ၂ နှစ် နီးပါးမျှကြာ  မြင့်အောင်စစ်ဆေးခဲ့ရသော ထိုအမှုသည်ကသာမြို့နယ်ရဲတပ် ဖွဲ့ဝင်များ၏ကြိုးပမ်းမှု၊ ကသာခရိုင် တရားသူကြီး၏ဆုံးဖြတ်ချက်တို့ဖြင့်  ၂၀၁၄ ခုနှစ် မေလ ၂၃ ရက်နေ့ တွင် ဦးမြဒေါင်းကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်ကာအဆုံးသတ် သွားပြီဖြစ်သည်။
အဆိုပါအမှုကို အကျဉ်းချုပ် ဖော်ပြရသော် ကသာမြို့နယ်ရဲတပ်  ဖွဲ့၊ အင်းရွာရဲစခန်းအပိုင်အင်းရွာ လမ်းခွဲ၌ ၆.၇.၂၀၁၂ ရက်နေ့ (၁၇း၀၀)နာရီအချိန်တွင် တရားလို ဦးငြိမ်း၏ ဇနီးဒေါ်ကြိုင်မှ သမီး ဖြစ်သူကိုအင်းရွာလမ်းခွဲသို့ဈေး ၀ယ်ခိုင်းလိုက်ရာပြန်မလာပဲပျောက် ဆုံးနေသဖြင့် ရှာဖွေကြရာ အင်းရွာလမ်းခွဲအနီးရှိဦးသန်းဇော်  ၏ကြံခင်းအနီးတွင် သေဆုံးနေ သည်ကိုတွေ့ရှိရသည်။ သို့ဖြင့် အင်းရွာရဲစခန်းသို့ (၇.၇.၂၀၁၄)  ရက်နေ့ (၀၁း၀၀)နာရီအချိန်တိုင်တန်း ခဲ့သည်။ အင်းရွာရဲစခန်းမှူး လ- ၁၃၄၇၃၇ ရဲအုပ်မြတ်စိုးမှ အမှုစစ်  အဖြစ်လက်ခံစစ်ဆေးခဲ့သော အမှု ဖြစ်သည်။ ရဲတပ်ဖွဲ့မှ ဦးမြဒေါင်း  ကို ဖမ်းဆီးပြီး အမှုခိုင်မာစွာ တည်ဆောက်၍ (၁၀.၈.၁၀၁၂) ရက်နေ့၌ စွဲချက်အမှတ် ၈၇/ ၂၀၁၂ ဖြင့် တရားစွဲဆိုတင်ပိုခဲ့ရာ  ကသာခရိုင်တရားရုံးမှ ရာကြီး ၅၉/၂၀၁၂ ဖြင့် (၁၀.၈.၂၀၁၂)  ရက်နေ့မှ စတင်ကြားနာစစ်ဆေးခဲ့ သည်။ ထိုအမှုကို ကသာခရိုင် တရားသူကြီးဦးသက်ထွန်းမှ တရား လို၊ သက်သေတရားခံစစ်ဆေး ချက်များအရ ပြစ်မှုပုဒ်မ ၃၀၂/ ၃၇၆ ကို ကြားနာစစ်ဆေးပြီး (၂၃.၅.၂၀၁၄) ရက်နေ့တွင် ဦးမြဒေါင်းကို ပြစ်မှု ၃၀၂ အရ ထောင်ဒဏ် (၂၀) နှစ်၊ ပြစ်မှု ၃၇၆ အရထောင်ဒဏ် (၂၀) နှစ်  သီးခြားစီကျခံစေရန်ပြစ်ဒဏ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။        

နိုင်ကြီး(ကသာ)
BY HOTNEWS

အပြည့်အစုံသို့ »

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးကို တပ်သားတစ်ဦး အဓမ္မပြုကျင့်ဟုဆို



ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာတွင်   ခေတ္တဝင်ရောက်တည်းခိုသည့်  နမ့်စလတ် အခြေစိုက် ခမရ (၅၆၇)တပ်မှ တပ်သားတစ်ဦးက ကျေးရွာအတွင်းရှိ အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ခမရ (၅၆၇)တပ် ရင်းမှ တပ်သားများမှာ ကွတ်ခိုင် မြို့နယ်အတွင်း စစ်ကြောင်းလှည့် လည်ရာမှ နမ့်ကွတ်ကျေးရွာတွင် ခေတ္တလာရောက်နားနေစဉ် ယခု ကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘တပ်သားတွေက အယောက် ၄၀ လောက်ရှိပါတယ်။ တစ်အိမ် မှာ ခုနစ်ဦးနှုန်းနဲ့ တည်းခိုသွားကြ တယ်။ အခင်းဖြစ်တာကိုလာတိုင် လို့ ကျွန်တော်က ကာယကံရှင် မိသားစုနဲ့ သူတို့ရဲ့ ဗိုလ်မှူးဆီခေါ် သွားပြီး တိုင်ကြားပေးလိုက်ပါ တယ်’’ဟု  နမ့်ကွတ်ကျေးရွာသူကြီး ဦးလတောင်ကပြောသည်။

ထိုသို့သွားရောက်တိုင်ကြား ချိန်တွင် ဗိုလ်မှူးက ရဲဘော်အား လုံးကို တန်းစီခိုင်းပြီး ပြစ်မှုကျူး လွန်သူကို ပြသခိုင်းရာတွင် အဆို ပါရဲဘော်က ငြင်းဆန်သဖြင့် ကာယကံရှင် မိသားစုက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ သို့ မေလ ၁၇ ရက်တွင် တိုင်ကြားခဲ့ကြောင်း  အမျိုး သမီးငယ်၏အဒေါ်ဖြစ်သူက ပြောသည်။

‘‘ကျွန်မတို့ ကချင်ယဉ်ကျေး မှုရုံးကိုလာရောက်တိုင်ကြားလို့ အသေးစိတ်စစ်ဆေးပြီးကွတ်ခိုင် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါ တယ်။ စစ်ဘက်က အရာရှိတွေက လည်း ပြစ်မှုကျူးလွန်တဲ့ ရဲဘော်ကိုဖမ်းဆီးထားပြီလို့  ပြောပါတယ်။ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို လုပ်ပေးမယ်လို့ ပြောပါတယ်ဟု ရှမ်းပြည်နယ်၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဒေါ်လုံး ရွယ်က ပြောသည်။

အခင်းဖြစ်ပွားချိန်မှာ မေလ ၁၆ ရက် ညနေ ၅ နာရီခန့်ကဖြစ် ပြီး အဓမ္မပြုကျင့်ခံရသည့် အမျိုး သမီးငယ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦးကို ၎င်း၏မိခင်ဖြစ်သူက အဘွားအိမ်သို့ အလုပ်ကိစ္စခိုင်းစေလိုက်ရာအပြန်တွင်  ရဲဘော်နှစ်ဦးက နောက်မှလိုက် လာပြီး ကလေးငယ်နှစ်ဦးကို ရဲဘော်တစ်ဦးက အိမ်ပြန်ပို့ပေးမည်ဟုဆိုကာခေါ်ဆောင်သွား၍ ကျန်ရဲဘော်က အမျိုးသမီးငယ်ကို နမ့်ကွတ်ကျေးရွာ၊ မူကြိုကျောင်းအိမ်သာနောက်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသမီးငယ်ကဖြေကြားသည်။

 အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ အသက် (၁၄)နှစ်သာရှိသေးသည်။ အဆို ပါကိစ္စအတွက် ပြစ်မှုကျူးလွန်သူကို ကွတ်ခိုင်မြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

   ကွတ်ခိုင်မြို့နယ်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာကလည်း ကွတ်ခိုင်၊  တာမိုးညဲသွားလမ်း နောင်ချိုကျေးရွာ၌  ကလေး လေးဦးမိခင်ကို  တပ်မတော်သား တစ်ဦးက အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ယနေ့ အချိန်ထိအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ကွတ်ခိုင်မြို့ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

ကံသာ
7day daily

အပြည့်အစုံသို့ »

ရေးမြို့နယ် NLD အဖွဲ့ဝင်တစ်ဦးနှင့် တူတော်စပ်သူကို အဓမ္မကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီး


မော်လမြိုင်၊ မေ ၂၁

မွန်ပြည် ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးရဲလွင်နှင့် ၎င်း၏ တူတော်စပ်သူကို အဓမ္မ ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း  မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ကျောင်းရွာ ကျေးရွာအုပ်စု ကန်လှကျေးရွာတွင် ရေးမြို့နယ် NLD နာယက ဦးရဲလွင်သည် တစ်ရွာတည်း နေထိုင်သူအသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မကြံစည်သည်ဟု တိုင်ကြားခံရသဖြင့် စစ်ဆေးလျက်ရှိစဉ် မုဒိမ်းကျင့် ကြံစည်သည်ဟု စွပ်စွဲခံရသူ၏ နေအိမ်တွင် မေလ ၁၆ ရက်နေ့ ည ၇ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာတွင်း ပဋိပက္ခမဖြစ်စေရေးအတွက် ထိန်းသိမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဦးရဲလွင်၏ တူတော်စပ်သူ ဦးအောင်မျိုးလွင်ထံမှ M-16 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ကတ်များနှင့် ဆက်သွယ်ရေး ကိရိယာများကို မေလ ၂၀ ရက်နေ့က သိမ်းဆီးရမိခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

အဓမ္မ ကြံစည်မှုဖြင့် တိုင်ကြားခံရသူကို ကျောင်းရွာရဲစခန်း၌ စစ်ဆေးလျက်ရှိစဉ် ဒေသခံ ကျေးရွာသားများ စခန်းရှေ့သို့ ရောက်ရှိလာပြီး ရန်ပြုခဲ့ခြင်းကြောင့် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ပြည်နယ်၊ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများ ကိုယ်တိုင် ဖြေရှင်းပေးခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောဆိုသည်။

ဦးအောင်မျိုးလွင်သည် ကျေးရွာအတွင်း သေနတ်တစ်လက် ကိုင်ဆောင် သွားလာလေ့ ရှိသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ယင်းအချိန်က ဖမ်းဆီးခြင်း မရှိဘဲ ဦးလေးတော်စပ်သူ အဓမ္မမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ သို့သော် ပြစ်မှုထင်ရှားပါက ပါတီစည်းကမ်းအရ ထုတ်ပယ်မည် ဖြစ်ကြောင်း ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။

ဒီကိစ္စတွေက ပါတီနဲ့တော့ မသက်ဆိုင်ဘူး၊ ပါတီဝင်တိုင်း ကောင်းတယ်လို့လည်း မဆိုလိုပါဘူး။ သူတို့တစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်တယ် 

ဟု ၎င်းကပြောဆိုသည်။

လက်ရှိအချိန်၌ အဓမ္မကြံစည်သည် ဟု စွပ်စွဲခံရသူကို ရေးမြို့နယ် ရဲစခန်းတွင် ပ- ၁/၂၀၁၄၊ ပစ်မှုဆိုင်ရရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်လည်းကောင်း၊ ဦးအောင်မျိုးလွင်ကို ပ- ၅၉/၂၀၁၄ လက်နက် အက်ဥပဒေ ၁၉(စ) ဖြင့် အမှုဖွင့်ထားသည့်အပြင် တားမြစ်ထားသည့် ဆက်သွယ်ရေး စက်များ တွေ့ရှိခဲ့ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေ (၆၇) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

Written by  The Voice Weekly

အပြည့်အစုံသို့ »

အသက် ၈၂ နှစ်ရှိသက်ကြားအိုနှင့် ၁၇ နှစ်အရွယ် မိန်းကလေးတို့ ၏ မုဒိမ်းမှု နောက်ဆက်တွဲပြဿနာ


မင်းဘူး၊ မေ ၁၆

အသက် ၈၂ နှစ်ရှိ သက်ကြားအိုက အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်ပြီး အမှု ဖွင့်အရေးယူသည့်အခါ ထောင်မချရန် အ ကြိမ်ကြိမ်တောင်းပန်သဖြင့် နစ်နာကြေး ၁ဝ သိန်းဖြင့် သဘောတူကျေနပ်ပြီး ငါးသိန်းကို ပထမပေးကာ ကျန်ငါးသိန်းကို မပေးဘဲ တ ရားခံက ခြိမ်းခြောက်ပြောဆိုသဖြင့် တရား လိုက ရဲစခန်းတွင် ပြန်လည်အမှုဖွင့် အရေး ယူရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားကြောင်းသိ ရသည်။

မင်းဘူးခရိုင် ဆောမြို့နယ်နေ ဒေါ်------၏သမီးဖြစ်သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေးသည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်က နေအိမ်တွင်းတစ်ဦး တည်းအိပ်ပျော်နေစဉ် တစ်ရပ်ကွက်တည်း နေ ဦးထန်းရှိန် အသက် ၈၂ နှစ်အရွယ်က အိမ်ပေါ်သို့ရောက်ရှိလာပြီး မိန်းကလေး မျက်နှာအား စောင်ဖြင့်အုပ်၍ သားမယား အဖြစ် ပြုကျင့်ခဲ့ပြီးနောက် ဦးထန်းရှိန်မှ ဓားဦးချွန်ကိုင်၍ ထိုမိန်းကလေးအား ခြိမ်း ခြောက်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မိခင် နှင့် ထိုမိန်းကလေးငယ်က ဆောရဲစခန်းသို့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် တိုင်တန်း ခဲ့သဖြင့် ဆောပြည်သူ့ ဆေးရုံတွင် မိန်းက လေးငယ်အား စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန် သူ ဦးထန်းရှိန်မှပြစ်မှုကျူးလွန်သည်ဟု ဝန်ခံ ခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကြောင့် ထောင်မ ချရန် အကြိမ်ကြိမ်တောင်းပန်သဖြင့် တရား လို ဒေါ်----------မှ ချင်းလူမျိုးအချင်း ချင်းဖြစ်ခြင်း၊ တစ်ရပ်ကွက်တည်း နေသူ ဖြစ် ခြင်းတို့ကြောင့် ရန်မများလိုသဖြင့် နစ်နာ ကြေး ကျပ် ၁ဝ သိန်းဖြင့် ညှိနှိုင်း၍ အမှုဖွင့် လှစ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက် တွင် ဦးထန်းရှိန်မှ ကျေးရွာလူကြီးများရှေ့ တွင် ငွေကျပ်ငါးသိန်းအား ပေးပြီး ကျန်ငွေ ငါးသိန်းအား တစ်လကြာလျှင် ပေးမည်ဟု ဝန်ခံကတိပြုခဲ့သော်လည်း ယနေ့အချိန်အ ထိ ကျန်ငွေ ငါးသိန်းအား မပေးသည့်အ ပြင် ဦးထန်းရှိန်မှ တရားလိုဒေါ်------- နှင့် မိန်းကလေးငယ်အား ခြိမ်းခြောက်ပြော ဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် ဦးထန်းရှိန်အား အရေးယူပေးရန် ယခုနှစ် မေ ၁၄ ရက် တွင် ဒေါ်-----မှ တိုင်တန်းခဲ့သဖြင့် ဆော မြို့နယ် ဆောမြို့မရဲစခန်းက (ပ)၃၂/ ၂ဝ၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
-------------------------------------------------------------------------


Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉
Yangon Media Group

အပြည့်အစုံသို့ »

ဗေဒင်ဆရာတဦးက ၁၄ နှစ်အရွယ် အမျိုးသမီးငယ်အား သားမယားပြုကျင့်


အသက် (၁၄) နှစ်အရွယ် ခူမီး(ချင်း) မိန်းကလေးငယ်တစ်ဦးအား အသက် ၅၂ အရွယ်
 ဗေဒင်ဆရာတစ်ဦး မှသား မယားပြု ကျင့်ခဲ့သည့် မှုခင်းတစ်ရပ် ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

  ဖြစ်စဉ်မှာ မေလ(၁၄) နံနက် ၁၀း၀၀ နာရီခန့်က ပလက်ဝမြို့ နယ်၊ ကြွေသောင်ကျေး ရွာနေ ဦးကျော်လှနေ အိမ်သို့ မေလ(၁၃)ရက်နေ့က ရောက်ရှိနေသော ကုလား လူမျိုး ဗေဒင်ဟောစားနေသူ အဘဦးဆွေမောင်သား ဦးလှထွန်း ( အသက် ၅၂ ဟိန္ဒူ ) သည် လူကြီးများ တောင်ယာသို့ သွားနေချိန် နေအိမ်တွင် ကျန်ရစ်ခဲ့သောသမီး အသက် ၁၄ နှစ်အရွယ် မနီနီ (နာမည်အရင်းမဟုတ်) အား အိပ်ဆေးတိုက်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းကြောင်းသိရှိရသည်။

၎င်းနေ့ နေ့လည် ၁၁နာရီခွဲခန့်တွင် အစ်မဖြစ်သူ တောင်ယာမှ အိမ်သို့ပြန်လာချိန် ငိုယိုနေသည့် ညီမကိုတွေ့ ကာ အကြောင်း စုံမေးမြန်းရာမှ ဦးလှထွန်း မှ သားမယား ပြုကျင့်ခံခဲ့ရသည်ကို သိရှိခဲ့သောကြောင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါ  ပလက်ဝမြို့ ရဲစခန်းသို့  ညနေ ၄း၃၀ နာရီတွင် တိုင် တန်းခဲ့ပြီးနောက် စခန်းမှူး ရဲအုပ်ဦးစိုးမိုးအောင် ဦးဆောင်သောအဖွဲ့ ၅ ဦးမှ တရားခံအားကြွေသောင်ရွာအထိ လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လတ်တလော ချင်းပြည်နယ်အတွင်း အမျိုးသမီးများအား သားမယားပြုကျင့်သည့် ပြဿနာများ မကြာခဏ ကြားနေရသောကြောင့် ထိရောက်စွာအရေးယူသင့်ကြောင်း လူမှုရေး လုပ်ငန်းလုပ်ဆောင်သူ ပလက်ဝမြို့မှ ကိုကျော်အောင်က ပြောသည်။

“ ပြစ်မှုကျုးလွန် သူတွေကို ထိထိရောက်ရောက် အပြစ်ပေးသင့်တယ်၊ ဖြစ်လိုက်ရင်လည်း အရွယ်မရောက်သေး တဲ့ကလေးတွေကိုပစ်မှတ်ထားပြီး ဖြစ်နေတာ။ တာဝန်ရှိတဲ့ သူတွေ အနေနဲ့လည်း အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ဘ၀လုံခြုံရေးအတွက် တရားခံ တွေကို ထိထိရောက် ရောက် အချိန်မီအရေးယူပေးဖို့အင်မတန်မှ အရေးကြီးပါတယ်” ဟု ပြောသည်။

 တရားခံဦးလှထွန်းအား ပလက်ဝရဲစခန်းတွင် ချုပ်နှောင်ထားပြီး၊ ပလက်ဝမြို့၊ ရဲစခန်းမှ (ပ) ၁၇/၁၄ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားလျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ(၂၁) ရက်နေ့က ဆမီးမြို့နယ်ခွဲ၊ အိုးဘိုရွာတွင် အရွယ် မရောက် သေးသော ခူမီး(ချင်း) အမျိုးသမီးငယ်(၂)ဦးအား သားမယားပြု ကျင့်ခဲ့သော်လည်း ပြစ်မှုကျုးလွန်သည့် ရခိုင်အမျိုး သား မောင် ဘိုချေနှင့် မောင်မင်းဌေးတို့အား ယနေ့အထိ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။


Credit :  shwemyanmarmediagroup

အပြည့်အစုံသို့ »

တစ်နေ့လျှင် အမျိုးသား ၇ ဦးအထိဝန်ဆောင်ပေးရသည့် နိုင်င်ငံခြားသူများကို ကယ်တင်ခဲ့


ဆင်းရဲလှသောဘ၀မှရုန်းထွက် လျှင် ကောင်းမွန်သောဘ၀ပိုင်ဆိုင်ရလိမ့်မည်ဟူသောစိတ်ကူးဖြင့် ဌာနေကို စွန့်ခွာခဲ့ကြသည်။
သို့သော် လက်တွေ့ဘ၀တွင် နိုင်ငံ ခြားသားအမျိုးသမီးဒါဇင်ပေါင်းများစွာသည် ဟိုတယ်အများအပြားတွင် ပြည့်တန်ဆာ အလုပ်လုပ်ရန် ချောက်တွန်းခံရကာ ကံဆိုးမိုးမှောင်ကျခဲ့ကြသည်။
အမျိုးသမီးများသည် တစ်နေ့လျှင် အမျိုးသား ၇ ဦးအထိ ၀န်ဆောင်မှုပေးရကာ စားဝတ်နေရေး အခြေအနေ မှာလည်း ဆိုးဝါးလှသည်ဟု နိုင်ငံတော် လောင်းကစားဆန့်ကျင်ရေးနှင့် လျှို့ဝှက်လူမှုအစီနီယာ လက်ထောက် ညွှန်ကြားရေးမှူး ဒါသွတ်အပ်ဒူလ်ဂျာလီဟက် ဆန်(Datuk Abdul Jalil Hassan)က ပြောပြသည်။
‘အမျိုးသမီးတွေကို ဟိုတယ်အခန်းတွေမှာ အပိတ်ခံ ရတယ်။ လူ ၂ ယောက်နေရမဲ့အခန်းမှာ အယောက် ၂၀ ထားတယ်’ဟု အရာရှိက ရှင်းပြသည်။
အမျိုးသမီးများသည် မွေ့ရာ ၃ ခုပေါ်တွင် ဘေးချင်းယှဉ်အိပ်ရပြီး၊ စားပွဲအ သေးလေး ၁ လုံးဖြင့် စားစရာနှင့် အချိုရည်များချထားပေးသည်။
မီးမှိန်မှိန်အနှိပ်ခန်းများသို့ဝန်ဆောင်မှုပေးရန် မသွားမီအမျိုးသမီးများ သည် မွေးပွ ၀က်ဝံရုပ်များနှင့် ခေါင်းအုံးပွပွများ အသုံးပြုကာ အိပ်စက်ရသည်။အနှိပ်ခန်းမျက်နှာစာတွင် စွဲမက်ဖွယ် အမျိုးသမီးများ၏ ဓါတ်ပုံများချိတ်ဆွဲထားသည်။ နှိပ်နယ်လျှင်အသုံးပြု နိုင်မည့်ခေါက်ကုတင်ငယ်များကိုဆိုင်ခန်းအတွင်းတွင် ရဲများက တွေ့ရှိခဲ့သည်။
မလေးရှားနိုင်ငံအတွင်းသို့ခေါ်ဆောင်လာသည့်လူကုန်ကူးသမားများ ကိုဝန်ဆောင်ခပေးရန် အမျိုးသမီးများ သည် ၁ နှစ်တိတိလိင်ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။
ယမန်နေ့သန်းခေါင်အချိန်တွင် ဘူကစ် အာမန်လူကုန်ကူးဆန့်ကျင်ရေးဌာနစိတ်(Bukit Aman’s Anti-Human Trafficking Unit)သည် နေရာ ၃ ခုသို့ရုတ်တရက်စစ်ဆေးရေးဝင်ခဲ့စဉ် အမျိုးသမီးများကို ကယ်ထုတ်နိုင်ခဲ့သည်။ကယ်ထုတ်နိုင်သောအမျိုးသမီးပေါင်း ၅၄ ဦးရှိပြီး၊ အသက် ၂၀ နှစ်နှင့် ၃၆ နှစ်ကြား အင်ဒိုနီးရှား ၄၂ ဦး၊ ဗီယက်နမ် ၈ ဦး၊ တရုတ် ၁ ဦးနှင့် အိန္ဒိယ ၃ ဦးတို့ဖြစ်သည်။
အချို့သည် လွန်ခဲ့သည့် ၄ လတွင် မလေး ရှားသို့ရောက်ခဲ့ကြပြီး၊ အချို့မှာ ရက်သတ္တပတ် ၁ ပတ်သာ ရှိသေးသည်ဟု အရာရှိက ရှင်းပြသည်။အမျိုးသမီးများကိုအင်တာဗျူးမေးမြန်းသည့်အခါ လိင်ပိုင်းဆိုင်ရာ အဓမ္မခိုင်းစေခံရသည်ဟု ထွက်ဆိုကြကြောင်း အရာရှိက ဖြည့်စွက်ပြောသည်။
အတွင်းတွင် အမှန်တစ်ကယ်လုပ်ကိုင်သည့် လုပ်ငန်းမသိရှိဘဲ ယင်းအဆောက်အအုံများတွင် လုပ်ပိုင်ခွင့်ချပေးသည့် သက်ဆိုင်ရာပြည်တွင်းဌာန များကို အရာရှိက ပြစ်တင်ရှုတ်ချသည်။အဆောက်အအုံများကို မီးသတ်နှင့်ကယ်ဆယ်ရေးဌာန တာဝန်ရှိသူများက စစ်ဆေးပြုပြင်ခဲ့ရာ အတွင်းတွင် ပုန်းလျှိုးအခန်းငယ်များမရှိကြောင်း အရာရှိက ထည့်သွင်းပြောခဲ့သည်။
The Star

အပြည့်အစုံသို့ »

သားမယား ပြုကျင့်နေစဉ် ခင်ပွန်းထင်မှတ် နေခဲ့ရာ၊ သားမယား ပြုကျင့်ပြီးမှ ခင်ပွန်း မဟုတတ်မှန်း သိရ

ဓာတ်ပုံ - အင်တာနက်

နေပြည်တော်၊ မေ ၁၁
၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ xxxxx ရွာနေ မxxxxx(၃၉)နှစ်သည် သား/သမီးများနှင့်အတူ နေအိမ်အပေါ်ထပ်၌ လည်းကောင်း၊ ခင်ပွန်း ကိုxxxxxမှာ သားဖြစ်သူ မောင်xxxxxနှင့်အတူ နေအိမ်အောက်ထပ်၌ လည်းကောင်း အသီးသီး အိပ်ပျော်နေကြစဉ် ၁၀-၅-၂၀၁၄ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်၌ နေအိမ်အပေါ်ထပ် ပြတင်းပေါက်ပိတ်သံကြားပြီး မxxxxx အိပ်နေသည့်အိပ်ယာအနီးသို့ လူတစ်ဦး ၀င်ရောက်လာခဲ့ကြောင်း၊ မxxxxxမှ ခင်ပွန်းဖြစ်သူ ကိုxxxxxထင်မှတ်၍ ဆက်အိပ်နေစဉ် အဆိုပါလူမှ မxxxxx၏ထမီအား အပေါ်သို့ဆွဲလှန်၍ ကာမစပ်ယှက်ပြီးထွက်သွားသဖြင့် မxxxxxမှ ပြတင်းပေါက် ဖွင့်ခဲ့ရန်ပြောဆိုရာ အဆိုပါလူမှာ ပြန်လှည့်လာပြီး မxxxxx၏ခင်ပွန်း ကိုxxxxxမဟုတ်ကြောင်းနှင့် ကြိုက်သလိုဆုံးဖြတ်ရန်ပြောဆိုမှသာ ခင်ပွန်း၏တူတော်စပ်သူ တစ်ရွာတည်းနေ ကျော်ထွန်းအောင်(၂၂)နှစ် ဖြစ်ကြောင်းသိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကျော်ထွန်းအောင်အား ပခုက္ကူမြို့မရဲစခန်း (ပ)၁၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ xxxxx ရွာနေ မxxxxx(၁၈)နှစ်သည် ရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာရှိ နှမ်းခင်းအတွင်း တစ်ဦးတည်း နွားစာရိတ်နေစဉ် တစ်ရွာတည်းနေ မင်းမင်းထွန်း(၂၈)နှစ် ရောက်ရှိ လာပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် နေအိမ်သို့ပြန်လာကာ မိခင်ဖြစ်သူအားပြောပြပြီး အရေးယူပေးရန်တိုင်တန်းခဲ့ရာ မင်းမင်းထွန်းအား လက်မှတ်ကုန်းနယ်မြေရဲစခန်း(ပ)၂၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပြည့်အစုံသို့ »

၁၁နှစ်အရွယ်အိမ်နီးချင်း မိန်းကလေးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ၁၄နှစ်သား


မြောက်ကယ်လိုရိုင်းနား မှာတော့ ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခု ယမန်နှစ်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၁၁နှစ်အရွယ် မိန်းကလေးငယ်ကို သူမရဲ့ အိပ်ယာထဲမှာ အဓမ္မပြုကျင့်ခဲ့ပြီး နိုင်ထက်စီးနင်း ပြုခဲ့ပါတယ်။

McKenzie Mae Sessoms လို့ အမည်ရတဲ့ ငါးတန်းကျောင်းသူလေးကို သူမရဲ့အိပ်ယာမှာ ခေါင်းအုံးနဲ့ ဖိသတ်ခံထားရတာကို ယမန်နှစ် စက်တင်ဘာလ ၆ရက်နေ့ မနက်မှာ တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေး တစ်ဦးကို မုဒိမ်းမှုနဲ့ လူသတ်မှုတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ကြေငြာခဲ့ပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မိသားစုတွေနဲ့ အိမ်နီးချင်းတွေကတော့ သူဟာ Antonio Trey Jones ဖြစ်ပြီး အခုဆိုရင် အသက် ၁၅နှစ်ပြည့်တော့မယ့်သူ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။


အဆိုပါ ကျူးလွန်မှု ဖြစ်ခဲ့စဉ်က Jones ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ဘိုးအေ ဖြစ်သူ Howard Jones နဲ့အတူ အသတ်ခံရတဲ့ မိန်းကလေးရဲ့ အိမ်နားမှာရှိတဲ့ အိမ်တစ်အိမ်မှာ အတူနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ကောင်လေးရဲ့ ဘိုးအေ ဖြစ်သူကတော့ အကယ်၍ ဒီပြစ်မှုကို သူကျူးလွန်ခဲ့တယ်ဆိုရင် အခုလို သူ့ကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်ကတော့ ဒါပဲပြောနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရဲမှတ်တမ်းများအရ မိန်းကလေးငယ်ကို ခေါင်းအုံးနဲ့ဖိထားပြီး အဲဒီအတွက်ကြောင့် အသက်ရှူရပ်သွားတာဖြစ်ကြောင်း မှတ်တမ်းမှာရေးသားထားပါတယ်။ ဒါ့အပြင် သူမရဲ့ အတွင်းခံဘောင်းဘီဟာလည်း အောက်ကို လျောကျနေပြီး သူမကိုတော့ စောင်နဲ့ အုပ်ထားတယ်လို့  ရဲမှတ်တမ်းများ အရ သိရပါတယ်။

သူမအသတ်ခံရပြီး နောက်တစ်နေ့မနက်မှာတော့ ကျောင်းသွားဖို့အတွက် သူမရဲ့ ဖခင်က လာနှိုးတဲ့အခါမှ သူမသေဆုံးနေကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။  သူမတို့နေအိမ်မှာတော့ သူမအဖေ၊ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သူမရဲ့အစ်ကို နဲ့ သူမတို့ သုံးဦးသာ နေထိုင်ကြောင်း သိရပါတယ်။ သူမရဲ့ အကိုဖြစ်သူဟာလည်း အဲဒီနေ့မနက်မှ မိသားစုအိမ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲကနေ ပြန်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Jones ဆိုတဲ့ ကောင်လေးကိုတော့ မိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ကျန်နေခဲ့တဲ့ DNA နဲ့ တိုက်စစ်ပြီး ရလာတဲ့ အဖြေများအရ ပြစ်မှုကျူးလွန်သူ ဖြစ်ကြောင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ် မတိုင်ခင်က ကောင်လေးကို မိန်းကလေးရဲ့အိမ်ကို ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့ဖူးတယ် လို့ ပြောပါတယ်။ အကြောင်းကတော့ သူဟာ မိန်းကလေးကို ရုတ်ရင်းကြမ်းကြုတ်တဲ့ သဘောပါတဲ့ ထင်မြင်ချက်တွေ ပေးတဲ့အတွက်လို့ မိန်းကလေးရဲ့ မိသားစုကပြောပါတယ်။

ဒါပေမယ့်လည်း Jones မိသားစုရဲ့ အသိမိတ်ဆွေတွေကတော့ ကောင်လေးဟာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူ တစ်ဦးဖြစ်ပြီး အာရုံကြောဆိုင်ရာ ရောဂါခံစားနေရတဲ့အတွက် ဒီလို ဖြစ်ရပ်မျိုး ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ သူဟာ အခြားကလေးနဲ့ မတူဘဲ ခွဲခြားထားပြီး ပညာသင်ကြားနေရသူ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ကောင်လေးရဲ့ အဘိုးကတော့ Jones ဟာ သူ့မိခင်နဲ့ အတူနေထိုင်ဖို့ သူ့ဆီကနေ ပြောင်းသွားခဲ့ဖူးကြောင်း ပြောပါတယ်။ ပတ်ဝန်းကျင်မှ သူတွေကတော့ ကောင်လေးဟာ ချစ်စရာကောင်းပြီး ဒီလို အပြုအမှုမျိုးကို ကျူးလွန်မယ့်သူ မဖြစ်နိုင်ကြောင်းနဲ့ ရဲများက မှားယွင်းနေတာ ဖြစ်နိုင်ကြောင်း ထင်မြင်ယူဆချက်တွေ ကွဲလွဲနေကြပါတယ်။

မိန်းကလေးရဲ့ မိဘများကတော့ သူတို့လည်း ကောင်လေးဟာ ယခုလို ပြုလုပ်လိမ့်မယ်လို့ မထင်ထားကြောင်းနဲ့ သူတို့ရဲ့ သမီးကို ယခုလို သူတို့နဲ့ အဝေးဆုံးခွဲသွားလိမ့်မယ်သူ လို့ မယုံကြည်ကြောင်း ပြောပြပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယခုလို ပြစ်မှု ကျူးလွန်ခဲ့တဲ့ ကောင်လေးကို ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက် တာဝန်ရှိသူများနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ကောင်လေးကိုတော့ ဘယ်လို အပြစ်ဒဏ်ချမှတ်မယ် ဆိုတာ မသိရသေးပါဘူး။

World-Myanmar News
ref: dailymail.co.uk

အပြည့်အစုံသို့ »

ကားမှတ်တိုင်တွင် အိပ်နေသူကိုသားမယားပြုကျင့်ရန်ကြံစည်သူ ၀ိုင်းဝန်းဖမ်းဆီး


ကားမှတ်တိုင်နောက်တွင်ခြင်ထောင် ထောင်အိပ်နေသူကိုသားမယားအဖြစ် ပြုကျင့်ရန်ကြံစည်သူအား ၀ိုင်းဝန်းဖမ်းဆီးမှု မေ၅ရက် နံနက်၁နာရီ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နေ(၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးကသက်ဆိုင်ရာ
သို့တိုင်ကြားခဲ့ရာတွင် မိမိနှင့် (၁၂) နှစ်အရွယ် တူမတို့ လသာမြို့နယ် ဗိုလ်ချုပ်လမ်းကားမှတ်တိုင်
နောက်တွင် ခြင်ထောင်ထောင်၍အိပ်နေစဉ် အမည်မသိ လူငယ်တစ်ဦးခြင်ထောင်ထဲသို့ရောက်ရှိလာပြီး တူမဖြစ်သူအား သားမယားပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီ
တောင်းဖမ်းဆီးခဲ့သည်။

အဆိုပါလူငယ် မှာ လှိုင်သာယာမြို့နယ်နေ ဇော်မင်းကို (၂၆) နှစ်ဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လသာမြို့မ ရဲစခန်းမှ (ပ)၁၂၅/၂၀၁၄၊ ပြစ်မပုဒ်မ- ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အပြည့်အစုံသို့ »

ရာဂပူးသည့် လူငယ် ဥာဏ်ရည်မမီသည့် ဆယ်နှစ်အရွယ် ဝမ်းကွဲ ညီမကို အဓမ္မကျင့်



(ရန်ကုန်၊ မေ ၆)

ဥာဏ်ရည် မမီသည့် ၁ဝ နှစ်အရွယ် မိန်းကလေး အား တစ်ခြံထဲနေ အစ်ကိုနှစ် ဝမ်းကွဲတော်သူ ဆယ်တန်းကျောင်းသား က အဓမ္မ ပြုကျင့်မှု တစ်ခု မင်္ဂလာဒုံတွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းမှ သိရသည်။

သမီးဖြစ်သူအား မိခင်ဖြစ်သူမှ တစ်ခြံထဲရှိ မောင်....၏ ဆိုင်တွင် အအေး ဝယ်ခိုင်းရာ ပြန်မလာသဖြင့် မိခင်ဖြစ်သူ သွားရောက် ကြည့်ရှုရာ သမီးဖြစ်သူ ၏ဖိနပ်အား အိမ်အပေါ် တက်သည့် လှေကားအောက်တွင် တွေ့ ရသည်။ ထို့ကြောင့် သွားရောက် ကြည့်ရှု ရာ သမီးဖြစ်သူအား တူဝမ်းကွဲတော်စပ် သူမောင် ....က အဓမ္မမပြုကျင့်နေ သည်ကိုတွေ့ခဲ့ကြောင်း ကလေး၏ မိခင် ဖြစ်သူထံမှ သိရသည်။

''အစ်မက ကလေးဖိနပ်တွေ့လို့ အငယ်မရေဆိုပြီး အိမ်ပေါ်တက်ကြည့်တာ။ သူ့ကို ရဲလက် အပ်မယ်လို့ပြောပြီး အစ်မက ပြန်ခေါ် လာတာပါ''ဟု ကလေး မိခင်ဖြစ်သူက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ အထက်တန်းရှေ့နေ ဒေါ်ဝင်းမာလာ က ''ဥပဒေက ဥပဒေ အတိုင်းပဲကောင်း ပါတယ်။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုရင်ပေါ့''ဟု ပြောသည်။

အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံရဲ စခန်းမှ မောင် .... အား ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထား ပြီး လက်ရှိတွင် ကလေးသူငယ် ဥပဒေ အရ မိဘ လက်အပ်ထားကြောင်း အမှု စစ်ဦးခင်သိန်းထံမှ သိရသည်။

''ကလေးကငယ်သေးတော့ ကလေး သူငယ် ဥပဒေအရ မိဘလက်ထဲ အပ် ထားပါတယ်''ဟု အမှုစစ်ဦးခင်သိန်းထံ က ပြောသည်။

လက်ရှိတွင် အမှုကို ဓာတု ဗေဒဌာနသို့ တင်ထားပြီး ပြန် ကြားစာ ရလျှင် တရားရုံးသို့ ဆက် လက်တိုင်ကြား သွားမည်ဖြစ်ကြောင်း အမှုစစ်ဦးခင်သိန်း ထံမှ သိရသည်။

ဇေဝေယံ

Popular Myanmar News Journal

အပြည့်အစုံသို့ »

၂ နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့် သတ်ဖြတ်သူအား ဩစတြေးလျ ရဲတပ်ဖွဲ့ဖမ်းဆီး


ဩစတြေးလျနိုင်ငံတွင် ၂ နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း သိရသည်။


အသက် ၂၃ နှစ်အရွယ် အမျိုးသား ကို ဆစ်ဒနီမြောက်ပိုင်း၊ ကော့ဖ်ဟာ ဘားစ်အရပ်တွင် ဖမ်းဆီးကာ သောကြာနေ့တွင် လူသတ်မှု၊ မုဒိမ်းမှုများဖြင့် စွဲချက်တင်ခဲ့ကြောင်း ရဲများက ဆိုသည်။ မိန်းကလေးငယ်၏ ပထွေးတော်စပ်သူသည် မိန်းကလေး၏ မိခင်မရှိချိန်၌
မိနစ် ၂၀ ကြာမျှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၂၀ ရက်နေ့က ဖြစ်ရပ်ကြောင့် မိန်းက လေးသည် ဆေးရုံသို့ တင်ပို့ခံရသော် လည်း နောက်ပိုင်းတွင် ကိုယ်တွင်းဒဏ်ရာများဖြင့် အသက်ဆုံးရှုံးသွားရှာသည်။

ရဲတပ်ဖွဲ့သည် ကြာသပတေးနေ့တွင်မူ မိန်းကလေး၏ ပထွေးအား ဖမ်းဆီးခဲ့ သည်။ ၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲ မှုဖြင့်လည်း သီးခြားစွဲချက်တင်ခြင်း ခံခဲ့ရသည်။ စုံထောက်အရာရှိ ဒါရန်ဂျာမီ ဆန်က “ကလေးမလေးရဲ့ အစာအိမ်ထိ ထိုးနှက်ချက် တော်တော်များများ ခံထားရတယ်။ အဲဒီမှာတင်အတွင်းပိုင်းဒဏ်ရာတွေ အများကြီးရသွားပြီး သူကွယ်လွန် သွားရှာတာပါ။ သူ့အခြေအနေက မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားသွားခဲ့တယ်။ ဧပြီလ ၂၁ ရက်နေ့မှာ ကလေးမလေး ကွယ်လွန်ခဲ့ပါတယ်” ဟု တရားရုံးတွင် ထွက် ဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ကလေးမလေး ၏ မိခင်သည် နေအိမ်အပြင်ဘက်သို့ အချိန်တိုလေးမျှ ထွက်ခွာသွားစဉ် ယခု တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဟုသိရသည်။ ပထွေးဖြစ်သူအနေဖြင့် ယခုသီတင်းပတ် ကုန်တွင် စွဲချက်တင်မှုနှင့် စတင်ရင်ဆိုင် ရမည်ဖြစ်သည်။

Planet

အပြည့်အစုံသို့ »

အသက်(၇၀)ကျော် အဘဖြစ်သူက အသက်(၁၅)နှစ်အရွယ် မြေးမလေးကို သားမယားအဖြစ် အဓမ္မပြုကျင့်


သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟူးနောင်ကျေးရွာတွင် ဧပြီလ ၃၀ ရက်နေ့က အသက်(၇၀)ကျော် အဘိုးဖြစ်သူက အသက်(၁၅)နှစ်အရွယ် မြေးမလေးကို သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့သည့် ဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဌာနစိတ်မှ သိရသည်။

“ လွန်ခဲ့တဲ့ ခြောက်လကတည်းက အဘဖြစ်သူက သူ့မြေးမလေးကို သားမယားအဖြစ်အကြိမ်ကြိမ် အခါခါ ပြုကျင့်ခဲ့တာဖြစ်ပါတယ်..။ အခုဆိုရင် ကောင်းမလေးက ကိုယ်ဝန် လေးလရရှိနေပါပြီ…” ဟု ဟုမ္မလင်းမြို့မ ရဲစခန်းရှိ အမှုစစ်ရဲအရာရှိတစ်ဦးမှ ပြောပြသည်။
အဆိုပါ ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇွန်လခန့်က အသက်(၇၁)နှစ်အရွယ် ဦး …ဆိုသူ သည် သူ၏မြေးတော်စပ်သူ အသက်(၁၅)နှစ်အရွယ် မ….ဆိုသူအား ဟူးနောင်ကျေးရွာနှင့်(၂)မိုင်ခန့်အကွာ ရှိ တောတွင်းတစ်နေရာသို့ တောင်ကောင်ဖမ်းရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်းနေရာ တွင် အဘဖြစ်သူက သူ၏မြေမလေးကို သားမယားအဖြစ် စတင်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် နေအိမ်၌တွင်လည်း အဘဖြစ်သူက သူ၏ဇနီးဖြစ်သူမရှိခိုက်အချိန်များတွင် အဆိုပါ မြေးမလေး အား အကြိမ်ကြိမ်အခါခါ သားမယားအဖြစ်ပြုကျင့်နေထိုင်ခဲ့ရာ ယခုနှစ် သင်္ကြန်ကာလအတွင်း ဧပြီ ၁၅ ရက်နေ့ကလည်း ပြုကျင့်ခဲ့သေးသည်။ ထို့ကြောင့် မြေးမလေးဖြစ်သူမှာ ကိုယ်ဝန်လေးခန့်ရရှိခဲ့ပြီး ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ အမှုအား ဟုမ္မလင်းမြို့မရဲစခန်းက(ပ)၅၉/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရအမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆက်စပ်



ကိုတိုး ချင်းတွင်း

အပြည့်အစုံသို့ »

ရထားစီးခရီးသည်အမျိုးသမီးကို ရထားဝန်ထမ်းမှ သားမယားအဖြစ်အဓမ်္မပြုကျင့်


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ ဧပြီလ ၁၇ ရက် နေ့ညပိုင်းက မီးရထားဝန်ထမ်းတစ်ဦးမှ မြန်အောင်မြို့နယ်၊ ရိုးဖျား ကျေးရွာမှ ကြံခင်းမှ ဟင်္သာတသို့ထွက်လာသော လော်ကယ်ရထား ဖြင့် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဟင်္သာတရထားရဲစခန်းသို့ လာရောက်တိုင်ကြားထားကြောင်း အဆိုပါစခန်းမှစုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ တရားလိုအဖြစ်တိုင်ကြားသူ အမျိုးသမီးသည် ဟင်္သာတမြို့ မြ၀တီရပ်ကွက်အတွင်းရှိ ဆွေမျိုးများထံသို့ အလည် အပတ်သွားရောက်ရန် ကြံခင်းမှ ဟင်္သာတဘက်သို့ ထွက်လာသော လော်ကယ်ရထားဖြင့် စီးနင်းလိုက်ပါခဲ့ပြီး ရထားဆိုက်ပြီး ည ၈း၁၀ နာရီအချိန်တွင် ဘူတာသံလမ်းဘေးတွင် ဆိုက်ကားထိုင်စောင့်နေစဉ် မီးရထားဝန်ထမ်းတစ်ဦးမှဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွား၍ မိမိအား သားမယားအဖြင့် အဓမ်္မပြုကျင်ခဲ့သည်ဆို၍ ဧပြီလ ၁၈ ရက်နေ့တွင် လာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတရထားရဲစခန်းမှ သိရ သည်။

“တရားလို အမျိုးသမီးက မြ၀တီရပ်ကွက်က အမျိုးတွေ အိမ်ကိုသွားဖို့အတွက် ဆိုက်ကားစောင့်နေစဉ်မှ မီးရထားဂိတ်စောင့် ၀န်ထမ်းတစ်ဦးကနေပြီး ဆိုင်ကယ်နဲ့လာခေါ်တယ်။ မီးရထားလမ်းခွဲ ရုံတွင်သားမယားအဖြစ်
ပြုကျင့်ခဲ့တယ်ဆိုပြီး လာရောက်တိုင်ကြားခဲ့ ပါတယ်”ဟု ရထားရဲစခန်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိကာလတွင် အပိုင်ရဲစခန်းမှ (ပ) ၄/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း အမှုမှန်ပေါ်ပေါက်ရေးနှင့် အမှုခိုင်မာအောင်တည်ဆောက်ပြီး တရားစွဲတင်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲအရာရှိ တစ်ဦး၏ ပြောပြချက်အရသိရသည်။

24-4-2014 နေ့ထုတ် The First Weekly News Journal မှ

အပြည့်အစုံသို့ »

အရွယ် မရောက် သေးသော သမီးဖြစ်သူ ကိုမုဒိမ်းမှု ကျုးလွန် သဖြင့် ဖခင် ဖြစ်သူ ထောင်၁၀နှစ် ကျ


အခင်းကို အမေရိကန်နိုင်ငံ၊ ဖို့ဝန်းမြို့၊ အင်ဒီယားနားပြည်နယ် စက်တင်ဘာလ ၂၀၁၃ ခုနှစ် တွင် မြန်မာမိသားစုတစ်ခုမှဖြစ်ပွားခဲ့သည်။ အသက် ၅၅နှစ် အရွယ် ရှိ ဖခင်ဖြစ်သူ ထားကြူ ဆိုသူမှာ သမီးဖြစ်သူကို မုဒိမ်းမှုကျုးလွန်ခဲ့သလို အရွယ်မရောက်သေးသောသူအားလိင်ဆက်ဆံသဖြင့် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခြင်းခံရသည်။

ဆက်စပ်သတင်း - ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်

တရားရုံးတွင်ကြားနားနေစဉ် သမီးဖြစ်သူမှာ သူမ၏အဖေကိုခွင့်လွှတ်သည်ဟုပြောကြားခဲ့ပြီး၊ ဖခင်အနေဖြင့်ချစ်နေဆဲဖြစ်သည်ဟုလည်းဆိုသည်။ဒါပေမဲ့လည်း သူ၏လုပ်ရပ်ရဲ့အတွက်နောင်တရနေမည်ကိုလည်းမျှော်လင့်နေပါသည်ဟုဆိုပြန်သည်။ ပြစ်မှုကျုးလွန်သူ ထားကြူမှာ တော့သမီးဖြစ်သူကို သူ၏မိန်းမနှင့်မှားယွင်းစွာကျုးလွန်ခဲ့ သည်ဟုထွက် ဆိုသည်။ တရားရုံးအထောက်အထားများအရ ပြစ်မှုကိုသိသားထင်ရှားစွာ ကျုးလွန်ခဲ့သည်ဟုခုံသမာဓိအဖွဲ့ ကဆုံးဖြတ်ချခဲ့သည်။

Ref: Journal Gazette
world myanmar

အပြည့်အစုံသို့ »

သူငယ်ချင်းနှင့်အတူကျူးလွန်ခဲ့သော မုဒိန်းမှုကို လိဒ်လူငယ်ကစားသမားက ဗွီဒီယိုရိုက်၍ပင် မှတ်တမ်းတင်ခဲ့ဟုဆို


ဝေဘုန်းလူ

ဟိုတယ်တစ်ခုတွင်သူငယ်ချင်းနှင့်အတူ မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံထားရသည့် လိဒ်အသင်းလူငယ်ကစားသမား ဆိုင်မွန်လန်နစ်ဟမ်သည် ယင်းကျူးလွန်မှုအား ဖုန်းကင်မရာဖြင့် ဗွီဒီယိုရိုက်၍ပင်မှတ်တမ်းတင်ခဲ့ကြောင်း အမှုကိုစစ်ဆေးနေသည့်တရားရုံးမှ တရားသူကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဆိုင်မွန်သည် အဆိုပါပြစ်မှုကို သူငယ်ချင်းဖြစ်သူ နသန်ကမ်းဘဲလ်နှင့်အတူ ၂၀၁၂ သြဂုတ်လက လိဒ်မြို့ရှိ အီတက်ဟိုတယ်တွင်ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခြင်းခံထားရသူဖြစ်သည်။

တရားလို အမျိုးသမီးမှာ နံနက်ပိုင်းအိပ်ယာနိုးလာချိန်တွင် သူမမည်သည့်နေရာသို့ မည်သို့မည်ပုံရောက်ရှိနေကြောင်း မစဉ်းစားတတ်ခဲ့ဘဲ အ၀တ်မဲ့အနေအထားဖြင့်နိုးထလာခဲ့ခြင်းဖြစ်ကြောင်း တရားလိုရှေ့နေက တရားရုံးတွင်ထွက်ဆိုထားသည်။

ကမ်းဘဲလ်၏မိုဘိုင်းဖုန်းမှ ဗွီဒီယိုဖိုင်တွင်ပါရှိသော ယင်းအမျိုးသမီးမှာ အိပ်ယာနိုးလာချိန်တွင်သူမ၏ လက်ကိုင်ဖုန်းနှင့်အတူ ပိုက်ဆံများပါပျောက်ဆုံးနေ၍ ရဲထံအကြောင်းကြားခဲ့သည်။ တရားလိုဘက်မှရှေ့နေ အင်ဒရူးဟာဆလန်က “ နသန်ကမ်းဘဲလ်နဲ့ဆိုင်မွန်တို့ဟာ ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တရားခံတွေဘယ်လို ပြစ်မှုကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းကဆက် လက်၍ တရားခံနှစ်ဦးမှာ အမျိုးသမီးကို ဖုန်းဖြင့်ဗွီဒီယိုရိုက်ကူးရာတွင် ၎င်းတို့ပါမပါစေရန်အတွက် ရှောင်ရှားကြရင်း ကျယ်လောင်စွာရယ်မောခဲ့သည်ကို ဗွီဒီယိုဖိုင်တွင်ပါရှိကြောင်းပြောကြားခဲ့သည်။ ဆိုင်မွန်နှင့် အသက် ၂၄ နှစ်အရွယ်ရှိ ကမ်းဘဲလ်တို့မှာ ပြဿနာဖြစ်ပွားသည့်ညမှ အရက်ဘားတစ်ခုတွင် ပထမဆုံးဆုံတွေ့ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း အင်ဒရူးက ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်ခံရသည့် အမျိုးသမီးမှာ ဆိုင်မွန်နှင့်သိကျွမ်းသူ ဖြစ်ပြီး ဆိုင်မွန်တို့နှင့်အရက်အတူသောက်ကာ အမူးလွန်နေပြီးနောက် ဟိုတယ်သို့သွားရန် သဘောတူညီခဲ့ ကြောင်း၊ သူငယ်ချင်းများကပင် အမူးလွန်နေသော သူမအတွက် စိုးရိမ်ပူပန်ခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက် ပြစ်မှုကျူးလွန်သည်ဟု နှစ်ဦးစလုံးက၀န်ခံခဲ့ကြသော်လည်း အမျိုးသမီးဘက်မှအလိုတူခဲ့၍ဖြစ်ကြောင်း ထွက်ဆို ခဲ့ကြသည်။ သို့သော်လည်း တရားလိုဘက်မှမူ အမူးလွန်၍အသိစိတ်ပျော်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သကဲ့သို့ ဆိုင်မွန်ကလည်း နောက်ပိုင်းတွင် အမျိုးသမီးက ငြင်းဆန်ခဲ့သည်ဟု ၀န်ခံခဲ့သည်။ ဆိုင်မွန်နှင့် ကမ်းဘဲလ်တို့ဒ၏ အမှုမှာ ၂ နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima Burmese

အပြည့်အစုံသို့ »

အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်




မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်း ဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ သင်တန်းကျောင်း ပလက်ဖောင်းတွင် ညစ်နွမ်း ပေကျံနေသော အဆိုပါ ကလေးငယ်အား တွေ့ရ သဖြင့် ရေချိုး ပေးရန် သင်တန်းကျောင်း ဆရာမများက အ၀တ်အစား ချွတ်ပေးစဉ် သွေးများ ပေကျံနေသော အဓမ္မ ပြုကျင့် ခံရသည့် အမှတ်အသားများ တွေ့ရသဖြင့် မေးမြန်းရာ လက်ဟန်ပြ သင်္ကေတဖြင့် ၄င်းအား အဓမ္မ ပြုကျင့်ခဲ့သူဖြစ် ကြောင်း ပြောဆိုခဲ့သည်ဟု မှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်၏ ပြောကြား ချက်အရ အဓမ္မပြုကျင့်သူသည် ................. လိုင်းခန်း အနောက်ဘက် သစ်ပင်အောက်တွင် ယာယီ တဲထိုး၍ နေထိုင်သူ တစ်ဦးဖြစ်ပြီး၊ အဆိုပါ သစ်ပင်အောက်တွင် ပင် တွန်းလှဲကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ ဦးခေါင်း ၀ဲဘက် ဂျိုစောင်းတွင် ပွန်းပဲ့ ဒဏ်ရာများ လည်း ရရှိခဲ့ကြောင်း လက်ဟန်ပြ သင်္ကေတ ဖြင့် ပြောဆို ခဲ့ကြောင်း သိရသည်။

အခြားဆက်စပ်သတင်း



““ကလေးကတော့ ကျန်းမာရေး အခြေအနေ သက်သာပါတယ်။ ဆေးစစ်ချက် လည်း ယူထား တာလည်း ရှိပါတယ်။ ဥပဒေ အတိုင်း စစ်ဆေးပြီးတော့ ဆက်လက် ဆောင်ရွက်မှာပါ”” ဟု မန္တလေးမြို့၊ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲမှူး ထိုက်လင်းစိုးက ပြောသည်။

အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံကို အ၀တ်အစား သက်သေများနှင့် အတူ ဖမ်းဆီး ထားပြီး (ပ)၂၂၃/၂၀၁၄ ပြစ်မှု ပုဒ်မ (၃၇၆) ဖြင့် အရေးယူရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှသိရ သည်။

The Messenger

အပြည့်အစုံသို့ »