Showing posts with label real-estate-news. Show all posts
Showing posts with label real-estate-news. Show all posts

ရွှေလင်ပန်းအိမ်ရာစီမံကိန်း တိုင်းဒေသကြီး အစိုးရ တိုက်ရိုက်ရောင်းမည်

ရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ အိမ်ယာများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လှိုင်သာယာမြို့နယ်တွင် တည်ဆောက်နေသည့် ရွှေလင် ပန်း အိမ်ရာစီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အ တွင်းရေးမှူးဒေါက်တာသန်း အောင်က ပြောသည်။

ယင်းအိမ်ရာအတွက် လျှောက်လွှာများ စတင်လက်ခံပြီးသည် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ လွှဲပြောင်းပေးကာ မဲဖောက် ရောင်းချပေးခြင်း အစီအစဉ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူအများ စိတ်ဝင်စားနေ သည့် အခန်းပေါင်း ၆၀၀ ကျော် ပါဝင်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချမည့် အဆိုပါ အိမ်ရာစီမံကိန်းကို အငြိမ်းစား အစိုးရ၀န်ထမ်းများနှင့် ၀င်ငွေနိမ့်ပြည်သူများအား တိုက်ရိုက်ရောင်းချမည်ဖြစ်သည်။

အိမ်ရာစီမံကိန်းကို လျှောက်လွှာဖြင့် မကြာမီ လျှောက်ထားခွင့်ရရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက စီစဉ်လျက်ရှိသည်။

ပထမအရစ်တွင် အခန်းတစ်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်း ပေးချေရမည်ဖြစ်ပြီး တစ်လလျှင် အနည်းဆုံးသုံးသောင်းကျော်မှ ခြောက်သောင်းကျော် ပေးသွင်းရမည့် အိမ်ရာစီမံကိန်းကို ၀င်ငွေနည်းပြည်သူအများစုက စိတ်ဝင်စားလျက်ရှိသည်။

ယင်းအခန်းများ မဲဖောက် မည့် အစီအစဉ်မှာ ပြီးခဲ့သည့် လ များက ပြုလုပ်ခဲ့သည့် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း များတွင် မဲဖောက်သည့်ပုံစံ အ တိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတည်နေရာအနီးရှိ Myanmar Events Parks ခန်းမ၌ ကျင်းပ သွားရန် စီစဉ်လျက်ရှိသည်။

7Day Daily

အပြည့်အစုံသို့ »

အိမ်ခြံမြေ အခွန်နှုန်းထားသစ်ကြောင့် အခွန်ဆောင်သူ (၂) ဆခန့် မြင့်တက်လာ


ရန်ကုန်

စိုးစည်သူ
အိမ်ခြံမြေ အခွန်နှုန်းထားသစ်ကြောင့် အခွန်ဆောင်သူ နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။  ယခင်က သတ်မှတ်ထားသော အိမ်ခြံမြေ အခွန်နှုန်းဖြင့် အခွန်ဆောင် သူဦးရေမှာ တစ်လလျှင် တစ်ရာကျော်သာ ရှိသော်လည်း ၂၀၁၃ ခုနှစ် မကုန်မီ ပြဋ္ဌာန်းလိုက်သော ဥပဒေသစ်ကြောင့် တစ်လ လျှင် အခွန်ဆောင်သူ နှစ်ရာကျော် ရှိလာကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ သိရသည်။ ဒီနှစ်ထဲမှာ အခွန်ဆောင်တဲ့ သူတွေ များလာပေမယ့် အခွန်ရှောင်တဲ့ သူက အများကြီး ရှိနေသေးတယ်။ ဒါကြောင့် အခွန်ရှောင်ရှားမှု မဖြစ်ဖို့ အတွက် ကွင်းဆင်း စစ်ဆေးသွားမယ်  ဟု ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော် က ပြောသည်။

လက်ရှိ ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများမှာ ကျပ်သိန်း (၅၀၀) အောက်တန်ဖိုးရှိသော အိမ်မြေ ရောင်းဝယ်လျှင် အခွန် (၃)ရာခိုင်နှုန်း၊ ကျပ်သိန်း (၅၀၀) မှ၊ (၁၅၀၀) တန်ဖိုးရှိသော အိမ်ခြံမြေ ရောင်းဝယ်လျှင် အခွန် (၁၀) ရာခိုင်နှုန်း၊  ကျပ်သိန်း (၃၀၀၀) အထက် အိမ်ခြံမြေ ရောင်းဝယ်လျှင် အခွန်ငွေ (၃၀)  ရာခိုင်နှုန်း စသည်ဖြင့် အဆင့်ဆင့် ကောက်ခံနေကြောင်း သိရသည်။

အခွန်ဆောင်တယ်ဆိုတာ အသိစိတ်နဲ့လည်း ဆိုင်တယ်။ ဒါပေမဲ့ ဈေးနည်းတဲ့ ရောင်းဝယ်မှုတွေ ကျတော့ အခွန် မဆောင်ချင် ကြတော့ဘူး။ အခု အခွန်နှုန်းကတော့ သင့်တင့်မျှတတဲ့ နှုန်းထား တစ်ခုပါ ဟု အိမ်ခြံမြေ အကျိုးဆောင်အသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။ ယခင် သတ်မှတ်ခဲ့သော အိမ်ခြံမြေ အခွန်နှုန်းထားသည် ၀ယ်ယူသူတိုင်းက ၀င်ငွေခွန် (၃၀) ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် (၇) ရာခိုင်နှုန်း၊  စုစုပေါင်း (၃၇) ရာခိုင်နှုန်း ပေးဆောင်ရ သောကြောင့် အခွန်တိမ်းရှောင်မှု များစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် အတွင်း အခွန်ရှောင်ရှားမှု မရှိစေရန် လိုက်လံ စစ်ဆေးလျက်ရှိပြီး တွေ့ရှိခဲ့ပါက အခွန် မထမ်းဆောင်သူမှာ အခွန် မဆောင်သည့် နှစ် မှ စတင်ကာ ပြန်လည် ပေးဆောင်ရမည် ဖြစ်က ဒဏ်ကြေးကိုလည်း ထပ်မံ ကောက်ခံ သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

messenger news journal

အပြည့်အစုံသို့ »

ပုံစံပြောင်းကာ ဈေးတက်လာသည့် တရုတ်တန်း အိမ်ခြံမြေဈေးကွက်


ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ပြီး အိမ်ငှားဈေးနှုန်းများ သိသာစွာမြင့်တက်လာသော ရန်ကုန်မြို့ တရုတ်တန်းဈေးနေရာမှ ညနေခင်းမြင်ကွင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ဇာနည်ဖြိုးပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ပြီး အိမ်ငှားဈေးနှုန်းများ သိသာစွာမြင့်တက်လာသော ရန်ကုန်မြို့ တရုတ်တန်းဈေးနေရာမှ ညနေခင်းမြင်ကွင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ – ဇာနည်ဖြိုး

ညဥ့်နက်အချိန်အထိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ နှင့်
နိုင်ငံခြားသားများ အထူးစိတ်ဝင်စားသည့် ပစ္စည်းများရောင်းချသည့် ဆိုင်များနှင့် စည်ကား လျက်
ရှိသော တရုတ်တန်းဟု လူသိများသည့် ရန်ကုန်မြို့ လသာမြို့နယ်အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်း
များမှာ ပြီးခဲ့သည့်လအနည်းငယ် အတွင်း သိသာစွာ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုး
ဆောင်များက ပြောသည်။

ဆူးလေဘုရားအနောက်တောင်ဘက်တွင်တည်ရှိပြီး ၁၈ လမ်းမှ ၂၄ အထိ မဟာဗန္ဓုလလမ်း
တစ်လျှောက်တည်ရှိသည့် တရုတ်တန်းဈေးမှာ ရန်ကုန်မြို့နေလူထု အကြိုက်တွေ့သည့်နေရာ
တစ်ခုအဖြစ် တည်ရှိခဲ့ရာမှ နောက်ပိုင်းတွင် နိုင်ငံခြားသားဧည့်သည်များနှင့် ပြည်ပမှ လာရောက်
အလုပ်လုပ်ကိုင်သော လုပ်ငန်းရှင်များ ကျင်လည်ရာနေရာတစ်ခုဖြစ်လာပြီး စီးပွားရေးလုပ်ငန်းများ
အတွက်ပါ အချက်အချာကျခြင်းကြောင့် ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခု အဖြစ် ပိုမိုပေါ်လွင်
လာခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တရုတ်လူမျိုးစုများနေထိုင်ရာနေရာအဖြစ် တည်ရှိခဲ့ သည့်
အဆိုပါနေရာမှာ ၁၈၂၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီး Gangdong Guanyin တရုတ် ဘုရား
ကျောင်းတည်ရှိရာ နေရာလည်းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တရုတ်တန်းဟု အစွဲပြုခေါ်ဝေါ်ခဲ့ကြောင်း
လသာမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

“ဘုရားကျောင်းက မီးလောင်သွားပြီးတော့ ၁၈၇၂ ခုနှစ် ဗြိတိသျှကိုလိုနီလက်ထက်မှာ ပြန်လည်
ပြုပြင်ခဲ့တာ။ တရုတ်တန်းက အရင် အစောပိုင်းနှစ်တွေကပုံစံနဲ့တော့ အရမ်းကိုကွာခြားသွားပြီ။
ညဘက်ဆိုရင် ညလုံးပေါက်ဖွင့် တဲ့ အဖျော်ယမကာဆိုင်တွေက နိုင်ငံခြားသား တွေနဲ့ ပြည်တွင်း
ကလူတွေ အကြိုက်တွေ့နေတဲ့ နေရာတစ်နေရာဖြစ်လာတယ်” ဟု ၎င်းကပြော သည်။

“တရုတ်တန်းက နိုင်ငံခြားသားတွေ စိတ်ဝင် စားတဲ့နေရာတစ်ခုဖြစ်လာတယ်။ အခုနောက် ပိုင်းမှာ
ပိုပြီးစိတ်ဝင်စားလာကြတယ်” ဟု မြန်မာ နိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ဗဟို အမှုဆောင်
ဦးမောင်အေးကပြောသည်။ “ဒီနေရာမှာက တရုတ်လူမျိုးအများစုနေထိုင် တယ်။ ဒါပေမဲ့ အခု
တော့ နိုင်ငံခြားသား အများစု ငှားရမ်းနေထိုင်ကြတာကို တွေ့ရ တယ်။ဘာဖြစ်လို့လဲဆိုတော့
သူတို့က အိမ်ဝယ်ပြီးနေလို့မရသေးလို့ပဲ” ဟု ၎င်းကပြောသည်။

“အခုဆိုရင် အိမ်ဆယ်လုံးလောက်မှာ နိုင်ငံ ခြားသားတွေနေတာက သုံးအိမ်လောက်ရှိတယ်။ ပတ်ဝန်းကျင်ကလည်း ပြောင်းလဲလာပြီးတော့ နိုင်ငံခြားသားတွေလည်း ဒီနေရာကိုပိုကြိုက်လာ
တယ်” ဟု ဦးမောင်အေးကပြောသည်။

တရုတ်တန်းရှိ တိုက်ခန်းအငှားဈေးကွက် မှာ ဈေးနှုန်းများ တဖြည်းဖြည်းတက်လာပြီး လမ်းမတန်း
ရှိတိုက်ခန်းတစ်ခန်းလျှင် ကျပ် သိန်း ၃၀ နီးပါးအထိရှိလာပြီး ထိုသို့ အမြင့်ဘက်သို့ သာ ဦးတည်
နေသည့်အတွက် အရောင်းဈေး ကွက်မှာ အေးနေကြောင်း ၎င်းကပြောသည်။

“ဒီနေရာမှာ စီးပွားရေးက အရမ်းကောင်းလာ တယ်။ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေ နဲ့
ဟိုတယ်တွေလည်း အရမ်းကို အလုပ်ဖြစ် တယ်” ဟု ဏ့သနညငထ အိမ်ခြံမြေအကျိုးဆောင်မှ
ကိုထွန်းထွန်းကပြောသည်။

တရုတ်တန်းနေရာသည် စားသောက်ဆိုင် များ၊ ရွှေဆိုင်များ၊ တရုတ်အစားအသောက်များ စုံလင်
စွာရှိခြင်းက ၎င်းနေရာကို လူကြိုက်များ ကာ အများအားဖြင့် လူစည်ကားရာနေရာတစ်ခု အဖြစ်
တည်ရှိလျက်ရှိသည်။ “နိုင်ငံခြားသားတွေ ရောက်လာတာကိုတော့ ကြိုဆိုပါတယ်။ ဒီနေရာက
မြို့လယ်ကောင်နဲ့နီး တော့ လူကြိုက်များတာပေါ့။ နိုင်ငံခြားသားတွေဝင်လာတာနဲ့ပတ်သက်ပြီး
တော့ ဘာမှပြောစရာမရှိဘူး။ ဘန်ကောက်မှာလည်း ဒီလိုပါပဲ” ဟု လသာမြို့နယ်နေ
ကိုလင်းဘိုဘိုကပြောသည်။

“နိုင်ငံတိုးတက်လာတာနဲ့အမျှ နိုင်ငံခြားသား တွေကတော့ ပိုပြီးဝင်လာမှာပဲလို့” ၎င်းက
ပြောသည်။

တရုတ်တန်းသည် စီးပွားရေးကောင်းသည့်နေရာတစ်ခုဖြစ်သည့်အတွက် ဒေသခံများ၏ စီးပွားရေး
ဖြစ်သည့် စားသောက်ဆိုင်၊ ဈေးဆိုင် များ စသည့်စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှုများ ၀င်ရောက်လာမည် ကို စိုးရိမ်မိကြောင်း ၎င်းကပြောသည်။

“နိုင်ငံခြားသားတွေက အဲဒီနေရာက စီးပွားရေးလုပ်ငန်းတွေကို ၀င်ရောက်လုပ်ကိုင် လာမှာကို
တော့မလိုလားဘူး။ အဲဒါဆိုရင် ဒေသခံတွေ နစ်နာမှာ”ဟု ကိုလင်းဘိုဘိုက ပြောသည်။

တရုတ်တန်းကို ယခုကဲ့သို့ လူစည်ကားပြီး နာမည်ကြီးသည့်နေရာတစ်ခုအဖြစ် တည်ရှိစေချင်ပြီး
မြို့ပြအမွေအနှစ်ဆိုင်ရာ ထိန်းသိမ်း သည့်နေရာတစ်ခုအဖြစ်လည်း တည်ရှိစေချင် သည်ဟု ၎င်း
ကပြောသည်။

Myanmar Times

အပြည့်အစုံသို့ »

ဝါဝင်တော့မည် ဖြစ်၍ အိမ်ငှားခများ ဈေးတက်


ဝါဝင်ခါ နီးလာခြင်းကြောင့် အိမ်ငှားခဈေးနှုန်း များ ထက်ဝက် နီးပါး ဈေးနှုန်းမြင့် တက် သွားသည်ဟု အိမ်ငှားဈေးကွက် မှ သိရသည်။

”ဝါဝင် မိုးကျတော့မယ် ဆိုတော့ အိမ်ပြင်ဆင် သင့်တာတွေ ပြင်ဖို့ အတွက် ဈေး ပိုတောင်းတာပါ။ ဘယ်လောက်နှုန်းထား တက်လဲ ဆိုတာ ကတော့ လက် ရှိ ဈေးကွက် ငှားရမ်းမှု ကို တွက်ချက်ပြီးတော့ တက်ဖြစ်တာပါ”ဟု ပုဇွန်တောင် မြို့နယ်မှ အိမ်ငှား စားသူ ဒေါ်အုံးမြင့်က ပြောသည်။

အဆိုပါ ဈေးနှုန်းမြင့်တက် လာခြင်းသည် ယခု လဆန်းမှ စတင်ဖြစ်ပေါ် လာခြင်းဖြစ်ပြီး သစ်သား အိမ်၊ တိုက်ခန်း ငှားရမ်းမှု အားလုံး ဈေး တက် ခဲ့ခြင်း ဖြစ်သည်ဟု အိမ်ပွဲစား များထံမှ သိရသည်။

အိမ်ငှားရမ်းခ ဈေးနှုန်း မြင့်တက်မှုတွင် အိမ်ခြံ မြေ အကျိုးဆောင် ပွဲစား တချို့ကြောင့် ဈေးတက်မှု များလည်းရှိနေပြီး အမြင့်ဆုံး ကာလသည် ဝါဝင်၊ ဝါထွက် အချိန် များဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ အိမ်ငှားသူ ကိုဇော်မင်းက ပြောသည်။

”ဒီလို အချိန်ရောက်ပြီ ဆိုရင် နှစ်စဉ် ဒီအတိုင်း ပဲ ဖြစ်နေကျ။ ကိုယ်ပိုင် အိမ် မရှိလို့သာ ငှားနေရတာ ပါ။ ဈေးတက်ရင်လည်း မတရား တက်တယ်။ မငှား လို့မရမယ့် အနေ အထား ဖြစ်နေတော့ လုပ်နေကြ တာပါ”ဟု ၄င်းက ပြော သည်။

အိမ်ပွဲစား များမှာလည်း ပွဲစားခ ရရှိရေး အ တွက် လက်ရှိ အိမ်ငှားခထက် ပိုရမည်ဆိုသည့် မက် လုံးများအား အိမ်ရှင်အား ပြောဆိုမှုများ ပြု လုပ် ခြင်းကြောင့် အိမ် ငှားရမ်းခဈေးနှုန်း မြင့်တက်နေ ခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

”ဝါဝင်ရင် ငှက်တောင် အသိုက် မပြောင်းဘူး ဆိုတဲ့ မြန်မာ လူမျိုးတွေရဲ့ ထုံး တမ်း အစဉ် အလာကို အသုံးချပြီးတော့ အခုလိုမျိုး အိမ်ဈေးတွေ အဆ မတန်မြင့်တက်နေ တာပါ” ဟု အိမ်ပွဲစား လုပ်ကိုင်ဖူး ခဲ့သူ ဗိုလ်တထောင် မြို့နယ်မှ ဒေါ်ခင်စန်းက ပြော သည်။

လက်တလော အိမ်ငှားရမ်းခ ဈေးနှုန်း မြင့် တက်နေသည့် မြို့နယ်များမှာ တာမွေ၊ ဒေါပုံ၊ မင်္ဂလာ တောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် မြို့ နယ်များ ဖြစ်ကြောင်း၊ အခြား မြို့နယ်များမှာလည်း တဖြည်းဖြည်း ဈေးမြင့် တက်မှု ရှိလာကြောင်း ပွဲစား ဈေးကွက်မှ သိရသည်။

ဈေးတက်မှုနှုန်းထား များမှာ တိုက်ခန်း ၄ လွှာ တစ်သိန်းမှ တစ်သိန်း ငါးသောင်း၊ မြေညီထပ် နှစ်သိန်းခွဲမှ လေးသိန်း၊ လမ်းသွယ်ဈေးနှုန်း ဖြစ်ပြီး လမ်းမတန်း ဖြစ်ပါက အခန်း အကျယ် အပေါ် မူတည်၍ ကျပ် ငါးသိန်းမှ ကျပ် ရှစ်သိန်း အထိ ရှိကြောင်း၊ သစ်သားအိမ်များ အနေဖြင့် ကျပ် ခုနစ်သောင်းမှ ကျပ် တစ်သိန်းနှစ်သောင်း အ ထိ ဈေးမြင့် တက်ခဲ့ ကြောင်း အထက်ဖော်ပြပါ မြို့နယ် များမှ စုံစမ်းသိရ သည်။

Popular Myanmar News Journal

အပြည့်အစုံသို့ »

အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလွယ်ဟုဆို


အစိုးရပါဝင်ခြင်းမရှိပါက ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတသည့် အခြေအနေ ဖန်တီးပေးနိုင်မည်မဟုတ်ဘဲ တန်ဖိုးနည်းအိမ်ရာများ ရောင်းချပြီး နောက်ပိုင်း ဈေးမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မည်မဟုတ်ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဦးကိုကိုထွေးက မဇ်္ဈိမကို ပြောသည်။

မေလ ၃၁ ရက်က ကျင်းပသော တော်ဝင်မိသားစု၏ အလက(၄)စမ်းချောင်း ကျောင်းဆောင်သစ် ပေးအပ် လှူဒါန်းပွဲတွင် တွေ့ဆုံစဉ် မုဒိတာတန်ဖိုးနည်းအိမ်ရာ (၃) စီမံကိန်းဆောက်လုပ်မှုနှင့် စပ်လျဉ်း၍ မဇ်္ဈိမ၏ မေးမြန်းမှုကို ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

ဦးကိုကိုထွေးက “မုဒိတာအိမ်ရာ(၁) နဲ့ (၂)က အခန်းတွေ ရောင်းတာ ကုန်သလောက်ဖြစ်သွားပြီ။ မုဒိတာ အိမ်ရာ(၃)ကို ဆက်လုပ်ဖို့ စီစဉ်ထားတယ်။ အခုထိ မုဒိတာ (၃) အတွက် မြေနေရာက အခက်အခဲ ရှိနေတယ်။ ဈေးတက်လာတဲ့ကိစ္စက ရောင်းနိုင်တဲ့အခန်းက နည်းပြီး ၀ယ်မယ့်သူ များနေတယ်။ ဒါကို လိုအပ်တဲ့ ပမာဏအတိုင်း အခန်းများများ ရောင်းနိုင်ဖို့ အစိုးရက ပါဝင်ဖို့ လိုတယ်”ဟု ပြောသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာ အများစုသည် စတင်ရောင်းချစဉ်ကပင် ကျပ်သိန်း ရာကျော်နေခြင်းဖြစ်ရာ အခြေခံလူတန်းစားများ ၀ယ်ယူနိုင်ရန် လက်လှမ်းမမီဘဲ ဖြစ်နေပြီး အခြေခံလူတန်းစားများအားလုံး ၀ယ်ယူနိုင်ရန်အတွက်ဆိုပါက သီးခြားစီမံကိန်းများဖြင့် တည်ဆောက်နိုင်ရန် လိုအပ်မည်ဟု ၎င်းက ဆက်ပြောသည်။

ဦးကိုကိုထွေးကပင် “အခြေခံလူတန်းစားတွေ အားလုံးအတွက် ကျပ်သိန်း လေးငါးဆယ်လောက်နဲ့ နေဖို့ အဆင်ပြေတယ်ဆိုတဲ့ အိမ်ရာကုန်ကျစရိတ်ကို တွက်ပြီး ဒီဇိုင်းဆွဲထားတာ ရှိတယ်။ အစိုးရအနေနဲ့တကယ်တမ်း အခြေခံလူတန်းစားအသီးသီးကို တိုက်ခန်းနဲ့နေစေချင်တယ်ဆိုရင် ဖြစ်လာမှာပဲလေ ”ဟု ပြောသည်။

မုဒိတာအိမ်ရာ(၁)နှင့်(၂)တို့၏ အခန်းများ စတင်ရောင်းချစဉ်က အခန်း တစ်ခန်လျှင် ကျပ်သိန်း ၁၅၀ မှ ကျပ် ၁၆၅ သိန်း ၀န်းကျင်ဈေးများဖြင့် ရောင်းချခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် မြေညီထပ်အခန်း ဈေးသည် ကျပ်သိန်း ၇၀၀ ကျော် ၀န်းကျင် ပေါက်ဈေးရှိလာသည်ဟု ဆိုသည်။

စီးပွားရေးပညာရှင် ဦးလှမောင် က “တရုတ်က မြန်မာနိုင်ငံထက် လူဦးရေ အများကြီး ပိုပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားတွေ အားလုံးနီးပါး တိုက်ခန်း ပိုင်ဆိုင်နိုင်အောင် အစိုးရက စနစ်တကျ လုပ်ပေးနိုင်ခဲ့တယ်။ မြန်မာမှာလည်း အစိုးရအနေနဲ့ တကယ်တမ်းလုပ်ရင် ဖြစ်ပါတယ်။ လယ်ယာတွေနဲ့ ကင်းတဲ့ မြေလွတ်တွေ အများကြီးကို အိမ်ရာစီမံကိန်းတွေဖြစ်အောင် လုပ်ပေးရင် ဖြစ်နိုင်တာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ မုဒိတာအိမ်ရာ(၁) နှင့် (၂) ၊ ဗိုလ်ဗထူးအိမ်ရာနှင့် အခြားသော ဆောက်လုပ်ရောင်းချပြီး တန်ဖိုးနည်း အိမ်ရာများအားလုံး၏ အခန်းအရေအတွက် စုစုပေါင်းမှာ နှစ်သောင်းပင် မပြည့်ခြင်းမရှိသေးရာ ရန်ကုန်မြို့နေ လူဦးရေနှင့်နှိုင်းယှဉ်လျှင် များစွာ လိုအပ်နေသေးသည်။

အခြားတစ်ဖက်တွင်လည်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရတို့က ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။

ရန်ကုန်နှင့် မန္တလးမြို့တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ လုပ်ဆောင်နေသည့်အပြင် အခြားပြည်နယ်နှင့် တိုင်းတို့ရှိမြို့ကြီးများတွင်ပါ အိမ်ရာစီမံကိန်းများ လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထင်လင်းအောင်| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်
Mizzima Burmese

အပြည့်အစုံသို့ »

ရွှေလင်ပန်းအိမ်ရာရှိ အခန်းပေါင်း (၇၀၀) ကျော် လာမည့် လတွင် စတင်ရောင်းမည်


ရန်ကုန်

စိုးစည်သူ

လှိုင်သာယာ မြို့နယ် အတွင်းရှိ ရွှေလင်ပန်း တန်ဖိုးမျှတ အိမ်ရာမှ အခန်းပေါင်း (၇၀၀) ကျော်အား ဇွန်လ ဆန်းတွင် ၀ယ်ယူခွင့် လျှောက် လွှာများ ပထမအကြိမ် စတင် ရောင်းချ ပေးမည်ဖြစ်သည်။

အဆိုပါ အိမ်ရာအား လျှောက်ထားရာတွင် ၀င်ငွေနည်းသော နိုင်ငံ့ဝန်ထမ်း၊ အစိုးရ ပင်စင်စား၊ ကုမ္ပဏီ ၀န်ထမ်းနှင့် အမှန်တကယ် အိမ် ပိုင် မရှိသေးသူများ ကိုသာ လျှောက်ထား ခွင့်ပြုမည် ဖြစ်ကြောင်း မြို့ ရွာ နှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ ရွှေလင်ပန်း အိမ်ရာကို ရောင်းချ လို့ ပြီးသွားတာနဲ့ ကျန်စစ်သားအိမ်ရာက အခန်းတွေကို ဆက်ပြီး ရောင်းချပေးသွားမှာပါ။အခန်း ဈေးနှုန်းကလည်း ၀င်ငွေနည်းတဲ့ဝန်ထမ်းတွေ လက်လှမ်း မီတဲ့ ဈေးနှုန်းတစ်ခုပါ ဟု မြို့ ရွာ နှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

ယင်းအိမ်ရာရှိ ရောင်းချမည့် အခန်းများ၏ ဈေးနှုန်းမှာ Steel Construction  အခန်း မှာ မြေညီထပ်တွင် ကျပ်သိန်း (၁၂၀)၊ ပထမ ထပ် (၁၁၅) သိန်း၊ ဒုတိယထပ် (၁၁၃) သိန်း နှင့် တတိယထပ် (၁၁၀) သိန်းဖြစ်ပြီး၊ RC  အခန်းဈေးနှုန်းမှာ မြေညီထပ် (၁၂၅) သိန်း၊ ပထမ (၁၂၂)သိန်း၊ ဒုတိယ (၁၁၉)သိန်းနှင့် တတိယ ထပ် (၁၁၆) သိန်းတို့ဖြစ်ကြောင်း သိရသည်။

ဒီဈေးနှုန်းက အခြေခံ ၀န်ထမ်းတွေပါ လက်လှမ်းမီနိုင်တဲ့ ဈေးတစ်ခုပါ။ ဒါပေမဲ့ တကယ် လိုအပ်လို့ မဟုတ်ဘဲ စီးပွားရေးလုပ် စားမယ့် သူတွေ ကိုတော့ စိစစ်ပေးသင့်တယ် ဟု Lion Myanmar  ကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးဖြစ်သူ မသူဇာက ပြောသည်။

ရွှေလင်ဗန်းအိမ်ရာတွင် အခန်းပေါင်း နှစ်ထောင်ကျော်ရှိကာ၊ ယင်းအခန်းများကို ယခုနှစ်အတွင်း အပြီးသတ် ရောင်းချပေးသွား မည်ဖြစ်သည်။ ရောင်းချရာတွင် အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးမည်ဖြစ်၍ ပထမအရစ် ပေးသွင်းပါက တန်ဖိုး၏ (၃၀) ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အိမ်ရာ စီမံကိန်း (၁) တွင် ခြောက်ခန်းတွဲလေးထပ် (၃၂) လုံး ပါဝင်ပြီး ကြမ်းခင်း ဧရိယာ (၄၆၈) မီတာ ရှိသည့်အပြင် သံဖရိန်များဖြင့် ဆောက်လုပ်ထားကြောင်း သိရသည်။ RC စနစ်ဖြင့် တည်ဆောက်ထား သော အခန်း၏ ကြမ်းခင်း ဧရိယာမှာ ၅၄၀ မီတာ ကျယ်ဝန်းကြောင်း သိရသည်။ ထို့ပြင် လက်ရှိ ဆောက်လုပ်နေသည် ကျန်စစ်သားအိမ်ရာ၊ ဧရာဝဏ်အိမ်ရာနှင့် ရတနာအိမ်ရာ စီမံကိန်းများရှိ အခန်းများကို လည်း မကြာမီ ရောင်းချပေး သွားမည်ဖြစ်ပြီး၊ အဆိုပါ အိမ်ရာတစ်ခုတွင် အခန်းပေါင်း နှစ် ထောင်ကျော် ပါဝင်ကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

the messenger

အပြည့်အစုံသို့ »

လှိုင်သာယာ- ဟင်္သာတ ရထားလမ်းပိုင်း သိမ်းဆည်းမြေ လျော်ကြေး ၄ ဘီလီယံ ပေးမည်


ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ ရထားလမ်းဖောက်လုပ်စဉ်က သိမ်းယူထားခဲ့တဲ့ လယ်မြေ၊ နှစ်ရှည်သီးနှံ၊ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး လျော်ကြေး ပမာဏ ကျပ်ငွေ ၄ ဘီလီယံဖိုးနီးပါး ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ လှိုင်သာယာ – ဟင်္သာတ ရထားလမ်းပိုင်းဖွင့်ပွဲမှာ ပြည်ထောင်စုဝန်ကြီးက သတင်းထောက်တွေကို အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီ ရထားလမ်း စီမံကိန်းအတွက် ရထားလမ်း ဖြတ်သန်းသွားတဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူနဲ့ ညောင်တုန်းမြို့တွေက မြေဧက စုစုပေါင်း ၁၅၀၀ လောက်ရှိပါတယ်။

မိုင်ပေါင်း ၉၀ ကျော် ရှည်လျားတဲ့ ဒီ ရထားလမ်း ဖောက်စဉ်အခါက လျော်ကြေး ကျပ် သိန်း ၁၅၀၀ နီးပါး ပေးထားပြီ ဖြစ်ပြီး ကျန်တဲ့ လျော်ကြေးတွေကိုလည်း ဆက်ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

တပ်ပိုင်မြေပေါ်တွင် ဆောက်လုပ်နေသော Golden City ကွန်ဒိုသည် ၀ယ်ယူသူများကို မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက်ပေးထားနိုင်ခြင်းမရှိဟု စားသုံးသူကာကွယ်ရေးအသင်း ရှင်းလင်း

ရန်ကင်းလမ်းမပေါ်ရှိ တပ်မတော်ပိုင်မြေကွက်လပ်တွင် တည်ဆောက်နေသည့် Golden City ကွန်ဒိုအား တွေ့ရစဉ် (ဓာတ်ပုံ - ရန်မျိုးအောင်)

လက်ရှိအချိန်တွင် စင်ကာပူရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝင်ရောက်လာသော Golden City သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး BOT စနစ်ဖြင့် ဆောက်လုပ်နေသော ကွန်ဒိုတိုက်ခန်းများဖြစ်ပြီး တပ်ပိုင်မြေကို ငှားရမ်း သုံးစွဲထားခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသည့်အတွက် မြေကြီးအား ငှားရမ်းဆောက်လုပ်သော အဆောက်အအုံများနှင့်ပတ်သက်ပါက ကုမ္ပဏီအနေဖြင့် စားသုံးသူအပေါ်တွင် ရှင်းရှင်းလင်းလင်း အသိပေးရန်လိုအပ်ကြောင်း ရန်ကုန်မြို့ My Garden စားသောက်ဆိုင်တွင် မေ ၂၈ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

“ရန်ကင်းလမ်းမပေါ်ရှိ တပ်မတော်ပိုင် မြေကွက်လပ်ကို ငှားရမ်းပြီး BOT စနစ်နဲ့ Golden City က ကွန်ဒို ဆောက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ ဒီတိုက်ခန်းတွေကို ဝယ်ယူရင် အာမခံချက်ရှိမရှိဘူးဆိုတာကိုတော့ ရှင်းလင်းပြောပြနိုင်ခြင်း မရှိပါဘူး။
ဒါကြောင့်မို့လို့ ဝယ်ယူတဲ့သူတွေက အမြဲတမ်းဆိုသလို ကျွန်တော်တို့ စားသုံးသူကာကွယ်ရေးအသင်းကို ဆက်သွယ်ပြီး မေးမြန်းလာကြပါတယ်။ အမှန်တော့ BOT ဆိုတာက ငှားရမ်းထားတဲ့ သက်တမ်းပြည့်ရင် ပြန်ပေးရမှာပါ။ အဲဒီတော့ စားသုံးသူက ဒီတိုက်ခန်းတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်နဲ့ပဲ ပြောရမလား၊ အစိုးရနဲ့ပဲ ပြောရမလားဆိုတာ ဘာမှ တိတိကျကျမသိရဘူး။ အမှန်တော့ လူနေတိုက်ခန်းဆိုတာက ဟိုတယ်တို့ Shopping Center တို့နဲ့ မတူပါဘူး။ လူနေတိုက်ခန်းဆိုတာက သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့်ရှိမှပဲ ကောင်းမှာပါ။ ဆောက်တဲ့ကုမ္ပဏီက ပြည်သူကို မှန်ကန်တဲ့ မက်ဆေ့ကို ပေးရမှာပါ”ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း၊ ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့သည်။

အစဉ်အလာအားဖြင့် မြန်မာနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းရှိ လုပ်ငန်းရှင်များကသာ ဆောက်လုပ်လေ့ရှိပြီး ယခုဆောက်လုပ်နေသည့် ကွန်ဒိုမှာ BOT စနစ်ဖြင့် ပထမဦးဆုံး ဆောက်လုပ်နေသောကွန်ဒို ဖြစ်ကြောင်းသိရသည်။

“ပြည်တွင်းမှာ အဆောက်အအုံ ဆောက်ချင်တယ်ဆိုရင်တောင် ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလားဆိုတာ စုံစမ်းဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားက မြေပိုင်ခွင့်မရှိတော့ ငှားရမ်းပြီး ဆောက်လုပ်တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် မြေ နဲ့ပတ်သက်ပြီးတော့ ခိုင်မာဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

Golden City သည် စင်ကာပူနိုင်ငံတွင် မကြာသေးခင်ကမှ မှတ်ပုံတင်ထားသော တရုတ်နိုင်ငံ စီချွမ်လုပ်ငန်းရှင်များနှင့် မြန်မာပြည်မှ လုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

“BOT သက်တမ်းကာလအတွင်းမှာ သဘာဝဘေးတစ်ခုခုကြောင့် ဒီအဆောက်အအုံက ပျက်စီးယိုယွင်းခဲ့ရင် ဒါကို ဘယ်သူက တာဝန်ယူပြန်တည်ဆောက်မှာလဲ။ ဟိုတယ်တွေကို Rental အနေနဲ့ငှားတာ ဘာပြဿနာ မှမရှိပေမယ့် လူနေအိမ်တွေမှာတော့ ပြဿနာရှိလာနိုင်တယ်။ ဒါကြောင့် ခုကတည်းက Customer ကို Clear Message ပေးရမယ်”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်လာသည့်အတွက် မြေကို BOT စနစ်ဖြင့် ငှားရမ်းမှုမှာ ခေတ်စားလာကြောင်း၊ အချို့နှစ် ၃ဝ၊ အချို့နှစ် ၅ဝ၊ အချို့နှစ် ၇ဝ အထိရရှိပြီး သတ်မှတ်ထားသည့် သက်တမ်းကုန်ဆုံးသွားပါက အဆိုပါ အဆောက်အအုံများအား အစိုးရအားပြန်လည် အပ်နှံသွားရမည်ဖြစ်ကြောင်း သိရသည်။

“တစ်ဖက်ကကုမ္ပဏီကလည်း ဒီမြေဟာ ဘိုးဘွားပိုင်လား၊ ဂရန်မြေလား BOT လားဆိုတာ ရှင်းရှင်းလင်းလင်းပြောရမှာပါ။ လုံလောက်တဲ့ သတင်းအချက်အလက်မပေးဘဲနဲ့ ထိန်ချန်ထားတယ်ဆိုရင် Consumer Right နဲ့ငြိပါတယ်။ ကျွန်တော်တို့ ကြော်ငြာတွေထဲ မှာကြည့်တော့ ဒါနဲ့ပတ်သက်ပြီးတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ BOT စနစ်နဲ့ဆိုရင်တော့ သူတို့ငှားတဲ့စာချုပ်ထဲမှာကို တိုက်ခန်းကို အပြတ်ရောင်းခွင့် မရှိဘူးဆိုတာ စာချုပ်တွေမှာ တွေ့ရပါတယ်။ ဒါကြောင့် ဂရန်၊ ဘိုးဘွားပိုင်ဆိုရင် ဝယ်လို့ရတယ်။ နောက်တစ်ခုက ပါမစ်ကျပြီလား။ နောက်တစ်ခုက မြေငှားခ၊ မြေငှားခက တချို့မြေတွေဆိုရင် တစ်ဧကကို တစ်နှစ်ကို ဒေါ်လာနှစ်သန်း ပေးရပါတယ်။ အစိုးရကို ။ အဲဒါလည်း မှန်မှန်ပေးမှ။ ပျက်ကွက်တာနဲ့ တပ်မတော်ဆိုလည်း တပ်မတော်၊ နိုင်ငံတော်ဆိုလည်း နိုင်ငံတော်က ပြန်သိမ်းမှာပဲ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကွန်ဒိုဥပဒေနှင့် ပတ်သက်၍ ရေးဆွဲနေဆဲဖြစ်ကြောင်းနှင့် အဆိုပါဥပဒေ ထွက်ပေါ်လာပါက နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ရရှိမည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း မည်သည့်ပြဌာန်းချက်များ ပါရှိမည်ကို မသိရှိရသေးကြောင်း၊ အမှန်တကယ် နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ရှိ မရှိစသည်တို့ကိုလည်း မသိရှိရသေးကြောင်း သိရှိရသည်။

“ကျွန်မ Golden City မှာ တိုက်ခန်းဝယ်ဖို့ သွားစုံစမ်းတဲ့ Customer တစ်ယောက်ပါ။ ကျွန်မသွားတဲ့အခါမှာတော့ အခန်းက သိန်း ၄၅ဝဝ အခန်းပဲ ကျန်ပါတော့တယ်။ ဘယ်လိုဝယ်ရမလဲဆိုတာ စုံစမ်းလိုက်တော့ အရင်ဆုံး အရစ်ကျ ၂ဝ ရာခိုင်နှုန်း ပေးသွင်း ထားရမှာဖြစ်ပြီးတော့ ကျန်တာကို နောက်ထပ်နှစ် နှစ်အတွင်း ပေးရမယ်လို့ သိရပါတယ်။ ဒါက ကျွန်မတို့ရဲ့ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံထားတဲ့အတွက်ကြောင့် အာမခံချက်တစ်ခုတော့ ရှိချင်ပါတယ်။ ဒါကြောင့် မေးတဲ့အခါ သူတို့က BOT စနစ် ဆောက်တယ်။ နှစ် ၇ဝ ငှားရမ်းထားတယ်လို့ ပြောပါတယ်။ အာမခံချက် ဘာပေးနိုင်လဲပြောတော့ ခုချိန်မှာတော့ နိုင်ငံရေးတွေ အပြောင်းအလဲဖြစ်နေပါပြီ။ အဲဒီအပြောင်းအလဲ ဖြစ်နေတဲ့အပေါ် မူတည်ပြီးတော့ နောက်ပိုင်းမှာ ထပ်တိုးထပ်တိုးသွားဖို့ ရှိတယ်လို့တော့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ မခိုင်မာဘူးဆိုရင် နောက်ပိုင်းမှာ ကျွန်မတို့က အစိုးရနဲ့ စကားပြောရတော့မယ်” ဟု Golden City တိုက်ခန်းအား ဝယ်ယူရန် စုံစမ်းခဲ့သော Customer တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Eleven Media Group

အပြည့်အစုံသို့ »

သုံးနှစ်အတွင်း စက်မှုဇုန်မြေ ဈေးနှုန်း ငါးဆခန့် မြင့်တက်လာ


ရန်ကုန်တိုင်းဒေသကြီးတွင် သုံးနှစ်အတွင်း စက်မှုဇုန်မြေဈေးနှုန်း ငါးဆခန့် မြင့်တက်လျက်ရှိသည်။၂၀၁၁ ခုနှစ်တစ်ဧက ကျပ်သိန်း တစ်ထောင်ခန့် သာရှိ သော်လည်း ယခု ၂၀၁၄ ခုနှစ်တွင် တစ်ဧက ကျပ်သိန်းငါးထောင်ခန့် မြင့်တက်လာကြောင်း လှိုင်သာယာ စက်မှုဇုန်စီမံ ခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် ကပြောသည်။ အစိုးရကို ဈေးကစားတဲ့သူတွေကို ထိန်းချုပ်ပေးဖို့ တင်ပြတာလည်း ထူးခြားမှုမရှိဘူး ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးလွင် က The Messenge သတင်းစာသို့ ပြောသည်။ အခုဆို မြေ၀ယ်ပြီးလုပ်မယ့် လုပ်ငန်းရှင်က မရှိသလောက်ပဲ၊ အငှားနဲ့ပဲ လုပ်ကိုင် နေကျတော့ တယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတွေက မြေဈေးနှုန်းကြောင့် အခက်အခဲ တွေဖြစ်နေတယ် ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က The Mess - enger သတင်းစာသို့ ပြောသည်။
စက်မှုဇုန်မြေဈေးနှုန်း မြင့်တက်လာခြင်းမှာ စီးပွားရေးသမားများ၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များမှ ဈေးကစားမှုများကြောင့် တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာပြီး၊ ယင်းကဲ့သို့ မြင့်တက်မှုကြောင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များမှာ လက်တွန့် နေလျက်ရှိကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တောင်ဒဂုံစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။ထိုသို့ မြေဈေးများ အဆမတန်မြင့်တက်နေပါက ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာမည့် အပြင် ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးပြီး၊ နိုင်ငံတော်ရရှိမည့် အခွန်အခများမှာ နစ်နာလာမည်ဖြစ်ကြောင်း ဦးအေးလွင်က ဆက်ပြောသည်။
နိုင်ငံတော် အစိုးရမှ ၂၀၀၀ ပြည့်နှစ်တွင် စက်မှုလုပ်ငန်းရှင်များအား တစ်ဧကလျှင် (၄၅) သိန်းမှ သိန်း (၉၀) ဖြင့် ရောင်းချပေးပြီး၊ ယခုအခါ တစ်ဧကလျှင် သိန်း(၄၅၀၀) မှ သိန်း (၅၀၀၀) ကျော်ထိရှိနေပြီ ဖြစ်သည်။လက်ရှိ လှိုင်သာယာစက်မှုဇုန်အနီး တစ်ဝိုက်တွင် တစ်ဧကလျှင် အနည်းဆုံး ကျပ်သိန်း(၂၅၀၀) မှ ကျပ်သိန်း(၅၀၀၀) ကျော် ထိရှိပြီး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန် အနီးတစ်ဝိုက်တွင် တစ်ဧကလျှင် ကျပ်သိန်း(၂၀၀၀) မှ အများဆုံး ကျပ်သိန်း(၄၀၀၀) ခန့် ထိရှိသည်။

Messenger News Journal

အပြည့်အစုံသို့ »

အိမ်ခြံမြေ တစ်ကြိမ်ထက် ပိုမိုဝယ်ယူမှုတိုင်း သတ်မှတ်အခွန် ၃၀ ရာခိုင်နှုန်းဖြင့် ပေးဆောင်ရမည်


အိမ်ခြံမြေ တစ်ကြိမ်ထက် ပိုမိုဝယ်ယူမှု အကြိမ်တိုင်းတွင် သက်သာခွင့်များရရှိတော့မည်မဟုတ်ဘဲ သတ်မှတ်အခွန် ၃၀ ရာခိုင်နှုန်းဖြင့်သာ ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ၀င်ငွေခွန်ဥပဒေပါ ခံစားခွင့်များကို တစ်ကြိမ်ထက်ပိုမို ရယူခြင်းမရှိစေရန် အိမ်ခြံမြေ၀ယ်ယူမှုကို စိစစ်မည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လဆန်းပိုင်း၌ စတင်ဆောင်ရွက်မည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အိမ်ခြံမြေ၀ယ်ယူရာတွင် ဥပဒေပါ ခံစားခွင့်များကို ကျော်လွန်ရယူခြင်း မရှိစေရန် အိမ်ခြံမြေ၀ယ်ယူမှုများကို စိစစ်နိုင်မည့် ဆော့ဝဲပရိုဂရမ်ရေးဆွဲလျက်ရှိပြီး မေလကုန်ပိုင်းတွင် ပြီးစီးမည်ဟု ၎င်းက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက “ ဥပဒေပါခံစားခွင့်တွေကို အိမ်ခြံမြေ၀ယ်ယူသူ အနေနဲ့ တစ်ကြိမ်သာခံစားခွင့်ရမယ်။ ဒီနေ့မှာ မြေကွက်တစ်ကွက်ဝယ်ပြီး နောက်နေ့မှာ တစ်ကွက်သွား ၀ယ်ရင်ခံစားခွင့်နဲ့ အကျုံးမ၀င်တော့ဘူး။ ဒါကို စိစစ်လို့ရအောင် ပရိုဂရမ်တစ်ခုရေးဆွဲထားတယ်။ ဇွန်လ ဆန်းကစပြီးလည်ပတ်ဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါအစီအစဉ်သည် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာအကျုံးဝင်မည်ဖြစ်သည့်အတွက် အိမ်ခြံ မြေ ၀ယ်ယူမှုကို စိစစ်မည့် ပရိုဂရမ်ရေးဆွဲပြီးချိန်တွင် ဧပြီလမှစတင်ကာ အိမ်ခြံမြေ၀ယ်ယူထားမှုများကို စာရင်းသွင်းသတ်မှတ်သွားမည်ဖြစ်ပြီး စည်းကြပ်မှုမှကင်းလွတ်နေသော ၀င်ငွေဖြင့် အိမ်ခြံမြေ၀ယ်ယူသူ သည် တစ်ကြိမ်သာ ဥပဒေပါခံစားခွင့်အားရရှိမည်ဖြစ်ကာ နောက်ထပ်တစ်ကြိမ်ဝယ် ယူပါကခံစားခွင့် အကျုံးဝင်တော့မည် မဟုတ်သည့်အတွက် တစ်ကြိမ်ထက်ပိုမို ၀ယ်ယူထားခြင်းရှိ/မရှိ ကိုစိစစ်သွားမည်ဟု ၎င်းက ဆက်လက် ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက “ မြေကွက်တစ်ကွက်ကို မိမိနေထိုင်ဖို့ ၀ယ်မယ့်သူ ဟာ ၀ယ်လိုက်ရောင်းလိုက်မလုပ်ပါဘူး။ စည်းကြပ်မှုကင်းလွတ်နေတဲ့ ၀င်ငွေနဲ့ နောက်တစ်ခါထပ်ဝယ် မယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းနဲ့ပဲ အခွန်ထမ်းရမှာဖြစ်တယ်” ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်သည့် ၀င်ငွေခွန်ဥပဒေအရ စည်းကြပ်မှုမှ ကင်းလွတ်နေသောဝင်ငွေ (ယခင် ၀င်ငွေရ လမ်းမဖော်ပြနိုင်သည့် ၀င်ငွေဟုခေါ်ဝေါ်သည် ) များကို တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိ ကို အခွန်သုံးရာခိုင်နှုန်း၊ ကျပ် သိန်း ၅၀၀မှ ကျပ်သိန်း ၁,၅၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁,၅၀၀ မှ ကျပ်သိန်း ၃,၀၀၀ အထိအခွန် ၂၀ ရာခိုင်နှုန်းအထိ သက်သာခွင့်ပေးထားပြီး ကျပ်သိန်း ၃၀၀၀ အထက်ကို အခွန် ၃၀ ရာခိုင်နှုန်းအထိပေးဆောင်ရန် အတည်ပြုထားသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း၏ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က “ တစ်ကြိမ်ပဲဝယ်ခွင့် ရှိတော့ နှစ်ကြိမ်ဝယ်လို့မရဘူးလေ။ အိမ်ခြံမြေ၀ယ်ရောင်းကြတဲ့အပေါ်မှာတော့ သက်ရောက်မှုတော့ ရှိမှာမဟုတ်ပါဘူး” ဟု ပြောသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် စတင်မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တိုင်းအချင်း ချင်းချိတ်ဆက်ကာ ၀ယ်ယူမှုများကိုစိစစ်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိသည်။

Mizzima Burmese

အပြည့်အစုံသို့ »

တိုက်ခန်း အရောင်း အငှား ဈေးမြင့်




ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရန်ကုန်မြို့လယ်နှင့်နီး ကပ်သည့် မြို့နယ်များ၏ တိုက် ခန်းဈေးနှုန်းများမှာ မေလဆန်းက စတင်ပြီး ဈေးမြင့်လာကြောင်း အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရှိရသည်။

တန်ဖိုးနည်းနှင့်တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ အကောင် အထည်ဖော်နေသည့်မြို့နယ်များ အပါအဝင် မြို့တွင်းပိုင်းနှင့်နီးကပ် သည့်တိုက်ခန်းများ၏ အရောင်း ရောအငှားဈေးနှုန်းများပါမြင့်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

‘‘သင်္ဃန်းကျွန်းနားကတိုက် ခန်းတွေ ဒီနှစ်ထဲမှာဆိုဈေးတော် တော်တက်သွားတယ်။ အရင်မြို့ တွင်းပိုင်းမှာ ငှားနေသူတွေက ဈေးကြီးလို့ ဒီလိုမြို့နယ်တွေကိုလာပြီးနေတာ။ အခုဒီမြို့နယ်တွေ ကပါ ဈေးလိုက်တက်နေတာ’’ ဟု ရွှေ့ပြောင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ကပြောသည်။

‘‘တိုက်ခန်းငှားခက အရင် ကိုးသောင်း၊ အခုတစ်သိန်းနှစ် သောင်းတိုးတောင်းနေလို့ မနေ နိုင်တော့ဘူး’’ဟုသင်္ဃန်းကျွန်းမြို့ နယ်တွင်နေထိုင်သူ ပန်းချီဆရာ ဆွေဝင်းနိုင်ကပြောပြသည်။

အထူးသဖြင့် ရန်ကုန်မြို့ တွင်းပိုင်းအပါအဝင် စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် မြို့နယ်များနှင့် နီးစပ်သည့် လှိုင်၊ မရမ်းကုန်း၊  အင်းစိန်မြို့နယ် တို့၏  တိုက်ခန်း  အငှားဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောကြားသည်။

အဓိကအားဖြင့် အချက် အချာနေရာများနှင့်နီးစပ်သည့် လမ်းမကြီးတန်းများတွင် စီးပွား ရေးအရဈေးဆိုင်ခန်းများဖွင့်လှစ် သူများသည်လည်း ငှားရမ်းခနှုန်း များမြင့်မားလာသဖြင့် ရေရှည် တွင်ရပ်တည်ရန်ခက်ခဲလာပြီဖြစ် သည်။

‘‘ကိုယ်က မပေးနိုင်လည်း သူများက ကိုယ်မပေးနိုင်တဲ့ဈေး ပေးငှားတော့ ပြောင်းပေးရမှာ ပေါ့’’ဟု စမ်းချောင်းမြို့နယ်မှ ဗီဒီ ယိုအခွေအငှားဆိုင်ပိုင်ရှင် မမျိုး ကပြောပြသည်။

အိမ်ငှားရမ်းခများမှာ ရန်ကုန်တွင် တစ်နှစ်လျှင် ကျပ်ငါးသောင်းမှတစ်သိန်းကြား မြို့ နယ်ပေါ်မူတည်၍ မြင့်တက်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများမှသိရသည်။

မိုးညို
7day daily

အပြည့်အစုံသို့ »

ဗိုလ်ဗထူးအိမ်ရာ မဲမပေါက်သူများကို ဗိုလ်မင်းရောင် အိမ်ရာတွင် မဲနှိုက်ခွင့်ပြုမည်.



ဗိုလ်ဗထူးအိမ်ရာ မဲမပေါက်သူများကို ဗိုလ်မင်းရောင် အိမ်ရာတွင် မဲနှိုက်ခွင့်ပြုမည်
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတွင် မဲမပေါက်သူများအား ဗိုလ်မင်းရောင် အိမ်ရာတွင် ဆက်လက်၍ မဲနှိုက် ခွင့်ပြုမည် ဖြစ်သည်။ ယင်းသို့ မဲနှိုက်ရာတွင် ဗိုလ်ဗထူးအိမ်ရာ အတွက် လျောက်လွှာ တင်ထားသူတိုင်းသည် ဗိုလ်မင်းရောင် အိမ်ရာ ရောင်းချသည့် အခါ ထပ်မံ စာရွက် စာတမ်းများ တင်ပြရန် မလိုအပ်တော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။ ပထမ အခေါက်နှိုက်လို့ မဲမပေါက်လို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ကျန်တဲ့ အိမ်ရာ တွေရောင်းတဲ့ အခါ မဲဆက်နှိုက်ခွင့်ပြုသွားမယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန အဆောက်အအုံ မှ ACE ဦးနေ၀င်း က ပြောသည်။ လက်ရှိတွင် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းရှိ အခန်းပေါင်း (၄၄၈) ခန်းကို မဲနှိုက် ရောင်းချ ပေးခဲ့ပြီး မဲပေါက်သူများ အနေဖြင့် မေလကုန်ပိုင်းတွင် တိုက်ခန်းတန်ဖိုး၏ (၃၈) ရာခိုင်နှုန်းကို လာရောက်ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးမျှတ အိမ်ရာများ၏ တန်ဖိုးမှာ အခန်း တစ်ခန်းလျှင် အနည်းဆုံးကျပ် (၂၅၅) သိန်းမှ အများဆုံးကျပ် (၃၄၇) သိန်း ထိရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အဆိုပါ အိမ်ရာအား ၀ယ်ယူရန် လျှောက်ထားသူမှာ လေးသောင်းကျော်ရှိပြီး၊ လျှောက်ထားသူများတွင် လုပ်သက်နှစ် နှစ်ဆယ်ခန့်ရှိသည့် အစိုးရ၀န်ထမ်းများနှင့် ကုမ္ပဏီ ၀န်ထမ်းများ ပါဝင် ကြောင်းသိရသည်။ ဒီလို အခွင့်အရေး ပေးတာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လျှောက်တဲ့ သူကများတော့ မဲပေါက်ဖို့မလွယ်ဘူး။ အိမ်ရာစီမံကိန်း များများ ဖော်ထုတ်ပေးရင်တော့ တစ်မျိုးပေါ့ ဟု တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားသူ ကုမ္ပဏီ ၀န်ထမ်း အမျိုးသမီးတစ်ဦး က ပြောသည်။

လက်ရှိရန်ကုန်မြို့တော်တွင် တစ်နှစ်လျှင် လူဦးရေ နှစ်သောင်းခွဲကျော် တိုးတက် နေသော်လည်း အိမ်ရာဖန်တီးပေးနိုင်မှုမှာ (၇၂၀၀) ခန့် သာရှိသေး၍ ယခုအခါ အိမ်ရာစီမံကိန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။ မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်နေသည့် ကျန်စစ်မင်း အိမ်ရာ၊ ရွှေလင်ပန်းအိမ်ရာ၊ ဧရာဝဏ် အိမ်ရာနှင့် ရတနာ အိမ်ရာ စီမံကိန်းများတွင်လည်း အခန်းတစ်ခန်း လျှင် ကျပ်သိန်းနှစ်ရာဖြင့် ယခုနှစ် အတွင်း ရောင်းချနိုင်ရန် စီစဉ် လျှက်ရှိသည်။



messenger news journal

အပြည့်အစုံသို့ »

ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်း ဝယ်ယူခွင့် အစိုးရဝန်ထမ်း ၁၆၀ ကျော်ရရှိ


ရန်ကုန်၊ မေ ၂၁

အရစ်ကျစနစ်၊ ချေးငွေစနစ်ဖြင့် ရောင်းချမည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာ တိုက်ခန်းများ ဝယ်ယူခွင့်ကို မေလ တတိယပတ်တွင် မဲနှိုက်ပြီး ဝယ်ယူခွင့်ပေးရာ အစိုးရဝန်ထမ်း ၁၆၀ ကျော် ဝယ်ယူခွင့် ရရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းအတွက် တိုက်ခန်းပေါင်း ၄၀၀ ကို မေလ တတိယပတ်တွင် ဝယ်ယူခွင့် လျှောက်ထားသူ ငါးထောင်ကျော်ထဲမှ မဲနှိုက်ကာ ဝယ်ယူခွင့်ပြုခဲ့ကြောင်း၊ ဝယ်ယူခွင့် ရရှိသူများအနက် အစိုးရဝန်ထမ်း ၁၆၂ ဦးက ဝယ်ယူခွင့် ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတွင် အကျယ်အဝန်းအလိုက် U 600 တိုက်ခန်းများနှင့် U 900 တိုက်ခန်းများဟု အမျိုးအစား ခွဲခြားထားကာ U 600 တွင် ၆၁၄ စတုရန်းပေ အကျယ်အဝန်း ရှိသည့် Type A ၃၃၀ ခန်း၊ အကျယ်အဝန်း ၅၆၅ စတုရန်းပေ ကျယ်ဝန်းသည့် Type B ၂၂ ခန်းနှင့် U 900 အမျိုးအစားတွင် ၉၂၇ စတုရန်းပေ အကျယ်အဝန်း ရှိသည့် Type A ၉၀ ခန်းနှင့် ၈၇၇ စတုရန်းပေ အကျယ်အဝန်း ရှိသည့် Type B ၆ ခန်းတို့ကို ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ်- ၄၈ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ မြေဧက ၁၁၄ ဧကပေါ်တွင် Myanmar V-Pile ကုမ္ပဏီက ဆောက်လုပ်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို တည်ဆောက်လျက် ရှိပြီး တစ်ခန်းလျှင် ကျပ် ၂၃၇ သိန်းမှ ၃၂၉ သိန်းအကြား ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ထုတ်ပြန်ထားသည်။

The Voice Weekly

အပြည့်အစုံသို့ »

အစိုးရ၏ ဥပဒေအားနည်းချက်များ၊ ငွေရှင်များ၏ ဥပဒေ တလွဲသုံးမှုများကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်သို့ ငွေမည်းများစီးဝင်ရန် အခွင့်သာနေပြီး ဈေးကျဆင်းရန် မလွယ်


မြန်မာနိုင်ငံတွင် အိမ်ခြံမြေဆိုင်ရာ အားနည်းချက်များ၊ ငွေရှင်များ၏ ဥပဒေ တလွဲသုံးမှုများကြောင့် အိမ်ခြံမြေဈေးကွက်သို့ ငွေမည်းများစီးဝင်ရန် အခွင့်သာနေပြီး ဈေးများကျဆင်းရန် မလွယ်ကူကြောင်း စီးပွားရေးနှင့် ဥပဒေပညာရှင်အချို့ သုံးသပ်ပြောကြားသည်။

အိမ်ခြံမြေများကို ၀ယ်ယူရာတွင် ၀င်ငွေရလမ်း မပြနိုင်သော ငွေများဖြင့် အခွန်ရာခိုင်နှုန်း ၃၀ ဆောင်ကာ အိမ်ခြံမြေပိုင်ဆိုင်ခွင့်၊ ၀ယ်ယူခွင့် ရှိနေခြင်းကြောင့် အဆိုပါဈေးကွက် အတွင်းသို့ ငွေမည်းများ စီးဝင်ရန် အခွင့်သာနေခြင်းဖြစ်သည်။

“တကယ်တမ်း ၀င်ငွေရှိရိုးမှန်ရင် ၀င်ငွေခွန် ဆောင်ရပါတယ်။ ကိုယ်လုပ်ငန်းလုပ်လို့ အမြတ်ငွေရရှိရင် အမြတ်ငွေ ဆောင်ရပါတယ်။ ဒါမှ နိုင်ငံတော်အကျိုးကို ထမ်းဆောင်ပြီးသား ဖြစ်မှာပါ။ ၀င်ငွေရလမ်း မပြနိုင်တဲ့ ဘယ်လုပ်ငန်းတွေ၊ လုပ်လို့ရလာမှန်းမသိတဲ့ ငွေတွေဟာ ငွေမည်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါတွေဟာ အစိုးရက ထိန်းချုပ်ရမယ့်ငွေတွေ ဖြစ်တယ်” ဟု Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားသည်။

ထို့ပြင် ထိုသို့ဝင်ငွေရလမ်း မပြနိုင်သည့် ငွေများဖြင့် အိမ်ခြံမြေများ ၀ယ်ယူခွင့်ပြုထားခြင်းသည် ပြည်သူများ၏ တရားဝင် အိုးအိမ်ပိုင်ဆိုင်ခွင့်အပေါ် မမျှတအောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလို ၀င်ငွေရလမ်းမပြနိုင်ဘဲ ၀ယ်ယူခွင့်ပေးထားတာကို ခွင့်ပြုမယ်ဆိုရင်တောင် အခွန်ကို နှစ်ရာ ရာခိုင်နှုန်းအထိ တိုးပြီးကောက်တာ ပိုကောင်းမယ်လို့ ထင်တယ်” ဟု ၎င်းကသုံးသပ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ အစိုးရသစ် တက်ချိန်မှစ၍ ဈေးကျဆင်းသည် မရှိဘဲ ဆက်တိုက်တက်လာခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ ငွေမည်းကို ငွေဖြူလုပ်ချင်သူတွေက အိမ်ခြံမြေဈေးကွက်ထဲကို ၀င်နေတယ်လို့ ပြောနိုင်ပါတယ်။ အခွန်တိုးကောက်တာ လျှော့ကောက်တာကတော့ အိမ်ခြံမြေဈေးကွက်ကို မကျဆင်းစေနိုင်ပါဘူး။ အကြောင်းကတော့ မြန်မာ့အိမ်ခြံမြေဈေးကွက်က တကယ့်ဝယ်လိုအား ရောင်းလိုအားပေါ် မူတည်ပြီး ဖြစ်လာတာ မဟုတ်ပါဘူး။ ငွေရှင်တွေက အိမ်ခြံမြေကို လက်ထဲမှာကိုင်ထားပြီး မဖြစ်နိုင်တဲ့ဈေးကို တင်ထားတာလဲ ပါတယ်” ဟု စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောကြားသည်။

ထိုသို့ ငွေမည်းမှ ငွေဖြူပြောင်းလဲလိုသူများက ၀င်ရောက်လာခြင်းသာ မကဘဲ အစိုးရ၏ ဥပဒေအချို့ကိုလည်း တလွဲသုံးနေခြင်းကြောင့် မြေဈေးများတက်နေရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“နောက်ပြီး အစိုးရရဲ့ မြေယာစီမံခန့်ခွဲမှု ဥပဒေကို တလွဲသုံးတာလဲ ပါတယ်။ လယ်မြေတွေ၊ ဥယျာဉ်ခြံမြေတွေကို တခြားနည်းနဲ့ သုံးနေတာကို ခွင့်ပြုနေတာတွေလည်း ပါတယ်။ ဥယျာဉ်ခြံမြေတွေဆိုတာ အသုံးမပြုတော့ဘဲ စွန့်ပစ်သွားတာကြာပြီး အခွန်လည်း မရတော့သလို လူတွေက ၀င်ရောက်နေထိုင်တာ ကြာနေတော့မှ အစိုးရက လ/န ချပေးရတာ ဖြစ်တယ်။ အခုက အာဏာပိုင်တွေနဲ့ပေါင်းပြီး လယ်မြေတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး အခြားနည်းနဲ့ အသုံးပြုဖို့ ဈေးပြန်တင်ရောင်းတာတွေ လုပ်နေတော့ ဈေးက တရိပ်ရိပ်တက်လာတယ်။ နောက်တစ်ခုက အစိုးရ စီမံကိန်းလုပ်မယ်ဆိုပြီး မြေဈေးကို သက်သက်သာသာနဲ့ ချပေးလိုက်တယ်။ ငွေရှင်တွေက စီမံကိန်း အနည်းအကျဉ်းလောက်ပဲလုပ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းတယ်။ ဒီတော့ မြေယာစီမံခန့်ခွဲမှု ဥပဒေကို သေချာကိုင်တွယ်ဖို့ လိုတယ်။ ဥပဒေနဲ့မညီရင် ဥပဒေအရ ပြန်သိမ်းလို့ ရတာကိုလဲ သိဖို့လိုတယ်” ဟု ဦးတင်သန်းဦးက ဆက်လက်သုံးသပ်သည်။

မြန်မာနိုင်ငံ၏ တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေပုဒ်မ ၅ (က)တွင် ပြစ်မှုများအနက်မှ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့် ပစ္စည်းများကို တရားဝင်အသွင်ဖြင့် ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုသည့် ပြစ်မှုများသည် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေနှင့် သက်ဆိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ အထက်ပါဥပဒေကို ချိုးဖောက်၍ ပြစ်မှုထင်ရှား စီရင်ခံရပါက ပြစ်မှုအမျိုးအစားအလိုက် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခံရနိုင်သည်။

Eleven Media Group

အပြည့်အစုံသို့ »

မြန်မာ့အိမ်ခြံမြေကဏ္ဍမှ တစ်နှစ်လျှင် အခွန်ငွေစုစုပေါင်း ကျပ် ဘီလျံ ၁၀၀ သာ ရရှိသည်ဟု ဆို

ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍမှ အခွန်ငွေစုစုပေါင်း တစ်နှစ်လျှင် ကျပ်ဘီလျံ ၁ဝဝ သာ ရရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “အိမ်ခြံမြေကရတာက တံဆိပ်ခေါင်းခွန်ရယ်၊ ဝင်ငွေခွန်ရယ်ပေါ့။ အဲဒါနှစ်ခု ပေါင်းလိုက်ရင်တော့ တစ်နှစ်ကို ဘီလျံ ၁ဝဝ လောက်တော့ ရှိတယ်”ဟု မေ ၁၇ ရက်က မြန်မာ့အာမခံလုပ်ငန်းရုံးတွင် ပြောကြားခဲ့သည်။

အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုနှုန်းထားမှာ နည်းနေသေးသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိတွင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုကို ပိုမိုစိစစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“အခုဘာလုပ်နေရသလဲဆိုရင် ဈေးနှုန်းအတိအကျလည်း မသိဘူး။ မြေအရောင်းအဝယ်ပဲဖြစ်ဖြစ်၊ ခြံအရောင်းအဝယ်နဲ့ပဲဖြစ်ဖြစ်ပေါ့။ ရပ်ကွက်စာချုပ်အလိုက် လုပ်နေကြတာများတယ်။ ဒါပေမဲ့ အခုလည်း ဘာလုပ်နေလဲဆိုရင် ရဲတပ်ဖွဲ့အပါအဝင် ရပ်ကျေး၊ ထွေအုပ်၊ မြို့နယ်အခွန်ရုံးတွေရယ်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေပေါင်းပြီး စိစစ်ဖို့လုပ်နေပါပြီ” ဟု ဦးမျိုးထွဋ်က ဆက်လက်ပြောကြားခဲ့သည်။

ယင်းအပြင် အခွန်နှုန်းဥပဒေများကို တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် အိမ်ခြံမြေ အခွန်ကောက်ခံမှုများကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစိစစ် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်တွင်းအခွန်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ တိုက်ခန်း၊ စက်မှုဇုန်မြေကွက် ငှားရမ်း၊ ရောင်းချမှုများတွင် လူနည်းစုကသာ ချုပ်ကိုင်ထားကြပြီး နှစ်စဉ် ငှားရမ်းခ၊ ရောင်းချနှုန်းများကို အဆမတန် တိုးမြင့်တောင်းခံနေပြီး ကျပ်ဘီလျံပေါင်းများစွာ ရရှိနေကာ ငှားရမ်း၊ ဝယ်ယူနေထိုင်ကြသူများမှာ နှစ်စဉ်ပိုမို စိုက်ထုတ်နေကြရသည်။

သို့သော်လည်း ငှားရမ်း ရောင်းချမှုများမှ ရရှိသည့် ဝင်ငွေအပေါ် အခွန် လာရောက်ပေးဆောင်သူမှာ လွန်စွာနည်းပါးလျက် ရှိနေပြီး မဖြစ်မနေ ဥပဒေအရ မြှုပ်နှံသူများမှ တံဆိပ်ခေါင်းဖြင့် စာချုပ်ချုပ်ဆိုရသည့်အပေါ်တွင်သာ အနည်းအကျဉ်းရရှိခြင်းဖြစ်ရာ နိုင်ငံတော်အနေဖြင့် အခွန်များစွာ နစ်နာလျက်ရှိသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “ရပ်ကွက်ထဲမှာပဲ အိမ်ငှားငှား၊ ရောင်းပဲ ရောင်းရောင်း နောက်ဆိုရင် ရပ်ကျေးကလူတွေ သိဖို့လုပ်နေတယ်။ အဲဒီအတွက်လည်း တိုင်းနဲ့ပြည်နယ် အစိုးရကိုလည်း ရရှိတဲ့ ဝင်ငွေခွန်ကို အချိုးကျပေးဖို့အတွက်လည်း စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

Eleven Media Group 

အပြည့်အစုံသို့ »

အိမ်ခြံမြေရောင်းဝယ်ခွန် ရာဖြတ် စံနှုန်းသစ် စောင့်ကြည့်


အိမ်ခြံမြေရောင်းဝယ်ခွန်ကို လျှော့ထားပေမယ့် ၁ ပေပတ်လည် ရာဖြတ် စံနှုန်းသစ်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာ အိမ်ခြံမြေ ရောင်းဝယ်သူတွေက စောင့်ကြည့်နေကြပါတယ်။

ရန်ကုန်နဲ့မန္တလေးမှာ တန်ဖိုးနည်း အိမ်ခြံမြေတွေပဲ အရောင်းအ၀ယ်ဖြစ်နေပေမယ့် ပုံမှန်ထက် ဈေးကွက်အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

၁ ပေပတ်လည် ရာဖြတ် စံနှုန်းသစ်ထွက်မလာသေးတာကြောင့် အရင်ကထက် အရောင်းအ၀ယ် တ၀က်လောက်ပဲ ဖြစ်တော့တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးစိုင်းခွန်နောင်က ပြောပါတယ်။

ပြီးတော့ အခွန်နှုန်းထားနဲ့ ရာဖြတ်တန်ဖိုးသတ်မှတ်ချက်တွေဟာ လူအများလက်လှမ်းမီနိုင်တဲ့ အခြေအနေမှာရှိမှ အခွန်ကို မှန်မှန်ကန်ကန် ဆောင်ကြမယ်လို့ မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးသန်းဦးက ပြောပါတယ်။

မန္တလေးမှာလည်း သိန်းရာဂဏန်းကနေ ထောင်ဂဏန်းတန်ဖိုးရှိတဲ့ မြေကွက်တွေပဲ အရောင်းအ၀ယ်သွက်နေတယ်လို့ မန္တလေးက အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောပါတယ်။

ရန်ကုန်မှာ တိုက်ခန်း၊ လုံးချင်းနဲ့ မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်နေပြီး မန္တလေးမှာတော့ မြေကွက်တွေပဲ ပိုပြီး အရောင်းအ၀ယ်ဖြစ်နေပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

DVB Burmese

အပြည့်အစုံသို့ »

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားနှင့် အများပြည်သူ ၅၀၄၀ အတွက် လျှောက်ထားသူများရှေ့တွင် မဲနှိုက်ပေးမည်

လက်ရှိဗိုလ်ဗထူးတ န်ဖိုးမျှတအိမ်ရာ ဆောက်လုပ်နေမှုအား တွေ့ရစဉ်

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် အသင်းအဖွဲ့၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ၊ အများပြည်သူ စုစုပေါင်း ၅၀၄၀ တို့အတွက် မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဒဂုံမြို့နယ် ရှင်စောပုလမ်း Myanmar Even Park ရှိ MRTV-4 ရိုက်ကူးရေးခန်းမတွင် မဲနှိုက်ရွေးချယ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။

ယင်းနေ့များတွင် နံနက် ၈ နာရီမှ စ တင်၍ လျှောက်ထားသူ ကာယကံရှင်များရှေ့တွင် မဲနှိုက်ပေးမည် ဖြစ်သောကြောင့် လာရောက်ကြည့်ရှုနိုင်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက်ရှိရာ ယင်းအိမ်ရာ ၀ယ်ယူခွင့် လျှောက်လွှာများကို ယခုနှစ်ဆန်း ပိုင်းတွင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၄၀၀ ကျော်သာ ရောင်းချပေးမည် ဖြစ်သော်လည်း လျှောက်ထားသူ ၁၃၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ယင်းအထဲမှ လုပ်သက်နှစ် ၂၀ ကျော် ရှိ အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အများပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ စသည်ဖြင့် ခွဲခြားကာ မဲနှိုက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၅ ရက်နှင့် ၆ ရက်တို့တွင် ဗိုလ်ဗထူးတိုက်ခန်းများကို မဲနှိုက်ပြီး မဲပေါက်ခဲ့သည့် ဌာနဆိုင်ရာ ၀န်ထမ်းများစာရင်းကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

Eleven Media group

အပြည့်အစုံသို့ »

မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ခွင့်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား မကြာမီ တင်ဒါခေါ်မည်

မြေနီကုန်းလမ်းဆုံအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)

မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ခွင့်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား မကြာမီတင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခုံးကျော်တံတား  တည်ဆောက်ခြင်းလုပ်ငန်းကို  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းတစ်ခုအနေဖြင့် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တည်ဆောက်နိုင်ရန်အတွက် မြေနီကုန်းလမ်းဆုံတွင် ယာဉ်သွားလာမှုဆိုင်ရာ အကြိုစစ်တမ်းများကောက်ယူခြင်း၊ လေ့လာမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မြေနီကုန်း ခုံးကျော်တံတားကို အခုဘဏ္ဍာနှစ်မှာ စဆောက်မှာပါ။ အဲဒီအတွက် ဘဏ္ဍာငွေကိုလည်း ထည့်သွင်းတောင်းခံထားပါတယ်။ မကြာမီ ဆောက်လုပ်မယ့် ကုမ္ပဏီကို  တင်ဒါခေါ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြေနီကုန်း ခုံးကျော်တံတားစီမံကိန်းအတွက် ကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ အသုံးပြုမည်ဖြစ်ပြီး လှည်းတန်းခုံးကျော်တံတားအတွက် ၁၄ ဒသမ ၄၈၇ ဘီလျံ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအတွက် ၁၃ ဒသမ ၃၈ဝ ဘီလျံ နှင့် ဘုရင့်နောင် ခုံးကျော်တံတားနှစ်စင်း(ဘုရင့်နောင်လမ်းနှင့် သမိုင်းဘူတာရုံလမ်းပေါ်တို့တွင် တစ်စင်းစီ)အတွက် ၂၁ ဒသမ ၇၄၇ ဘီလျံ တို့ကို သုံးစွဲခဲ့ကြောင်း  သိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ကုစားနိုင်ရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးလမ်းဆုံများဖြစ်သည့် လှည်တန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန်စီစဉ်ခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများကို တာဝန်ပေး ဆောက်လုပ်စေခဲ့ကြောင်း၊ လှည်းတန်းခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီက တာဝန်ယူ၍ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂ဝ၁၃ ဧပြီ ၁ဝ ရက် တွင် စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ဘုရင့်နောင်ခုံးကျော်တံတား နှစ်စင်းကို FMIကုမ္ပဏီ က ၂ဝ၁၂ ခုနှစ် ဇွန်လတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင် အသုံးပြုခွင့်ပေးခဲ့ပြီး ရွှေဂုံတိုင်ခုံးကျော်တံတားကိုလည်း Capital Development ကုမ္ပဏီက ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ဒီဇင်ဘာလတွင် စတင်အသုံးပြုခွင့် ပေးခဲ့သည်။

မြေနီကုန်း ခုံးကျော်တံတားကို မည်သည့်အချိန်အတိုင်းအတာအတွင်း အပြီးဆောက်လုပ်မည်ဆိုသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကျော်ထင်
eleven media group

အပြည့်အစုံသို့ »

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းဝယ်ယူခွင့် လျောက်ထားသူများအား မဲနှိုက်ပေးမည်


ရန်ကုန်-မေ (၉)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၈)ရပ်ကွက် ဗိုလ်ဗထူးလမ်းရှိ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား ဝယ်ယူခွင့်လျှောက်ထားလာသည့် အသင်းအဖွဲ့များ၊ အများပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ စုစုပေါင်း (၅၀၄၀)ဦးအား ဒဂုံမြို့နယ် ရှင်စောပုလမ်း M...yanmar Even Park ရှိ MRTV-4 ရိုက်ကူးရေးခန်းမ၌ မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နံနက် ၈ နာရီမှစတင်၍ မဲနှိုက်ပေးမည်ဖြစ်သဖြင့် လျှောက်ထားသူ ကာယကံရှင်များမှ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုနှိုင်ကြောင်း သိရသည်။

ဧပြီ ၅ ရက်နှင့် ၆ ရက်တို့တွင် တိုက်ခန်းမဲပေါက်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများစာရင်းနှင့် မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တိုက်ခန်းမဲပေါက်သူများစာရင်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန် ကြေညာပေးမည်ဖြစ်ပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ရောင်းချ ပေးမည်ဖြစ်သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

တန်ဖိုး အလယ် အလတ်ပိုင်းတွေ ပိုသွက်လက်နိုင်တဲ့ အိမ်ခြံမြေဈေးကွက်


မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လာမယ့် ကာလတွေမှာ တန်ဖိုးအမြင့်ထက် ကျပ်သိန်း ၁၀၀၀ ပတ်လည် တန်ဖိုးအလယ်အလတ်ပိုင်း အိမ်မြေအပိုင်းတွေမှာ အရောင်းအဝယ်ပို သွက်နိုင်ကြောင်း
  သုံးသပ်ကြပါတယ်။ အိမ်ခြံမြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အရောင်းအဝယ်ပါးလို့ စိတ်ပျက် လက်ပျက် ဖြစ်နေခဲ့ကြရတာ အချိန်နှစ်နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဈေးကွက်မှာ ဝယ်ယူရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အတိုင်းအတာ တစ်ခုအထိ ထိရောက်နိုင်မယ့်အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတာကြောင့် ဈေးကွက်ဟာ ပြန်လှုပ်ရိပ်ပြလာခဲ့တာပဲ
 ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ ဆိုခဲ့သလိုပဲ “အတိုင်းအတာတစ်ခု” အထိသာဖြစ်ပြီး အရှိန်အဟုန်နဲ့ အလုပ်ဖြစ်ဖို့ကတော့ အပြည့်အဝ မမျှော်လင့်နိုင်သေးကြောင်း အိမ်-မြေ အကျိုးဆောင်တွေက ပြောကြပါတယ်။

အိမ်-မြေ ဈေးကွက် ငြိမ်သက်ခဲ့ရတာဟာ မြေဈေးကစားမှုတွေရဲ့ဂယက်အဖြစ် ဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရောင်းခွန်ဝယ်ခွန်နှုန်းထားတွေ တိုးခဲ့တာကြောင့် ဝယ်ရောင်းတွေရော၊ နေဖို့ ဝယ်ချင်သူတွေပ အလုပ်လုပ်ဖို့ လက်တွန့်ကုန်ကြတာကြောင့် ဖြစ်ပါတယ်။ အဲဒါတွေ နောက်ပိုင်းမှာ အိမ်-မြေ ရောင်းဝယ်ကြရာမှာ ကျင့်သုံးဖို့ နေရာအလိုက် အိမ်- မြေ တန်ဖိုး စံနှုန်းတွေ သတ်မှတ်တဲ့ ကိစ္စရပ်တွေကလည်း အိမ်-မြေ ဈေးကွက်မှာ လှုပ်ရှားနေသူတွေကို အလုပ်လုပ်ဖို့ထက် ဈေးကွက် ဘာဆက်ဖြစ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြဖို့ ပိုစိတ်အားသန်စေခဲ့ပါတယ်။

 အခုနောက်ဆုံး အပြောင်းအလဲအဖြစ် အိမ်-မြေ ရောင်းဝယ်ရာမှာ ပေးဆောင်ရတာ များပြားတယ်လို့ သုံးသပ်နေကြတဲ့ အခွန် ၃၀ ရာခိုင် နှုန်းကို ပြန်လည်လျှော့ချပေးလိုက်တာမှာ အရောင်းအဝယ် လုပ်မယ့်သူတွေကို အတိုင်းအတာတစ်ခုအထိ လှုပ်ရှားလာစေနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ အခွန်လျှော့ချပေးရာမှာ အိမ်-မြေ တန်ဖိုးအဆင့်အလိုက် ရာခိုင်နှုန်း ခွဲခြား သတ်မှတ်လျှော့ချထားတာကြောင့် တန်ဖိုးအမြင့်တွေထက် အလယ်အလတ်နှုန်းထားတွေသာ အရောင်းအဝယ် ပိုသွက်လိမ့်မယ်လို့ ခန့်မှန်းကြတာပဲဖြစ်ပါတယ်။ အခွန်နှုန်းထားကို ပြောင်းလဲလိုက်တာမှာ အိမ်-ခြံ-မြေ တန်ဖိုး ကျပ်သိန်း ၅၀၀ အောက်ကို သုံးရာခိုင်နှုန်း ကျပ်သိန်း ၅၀၀ မှ ၁၅၀၀ အထိကို ၁၀ ရာခိုင်နှုန်း ကျပ်သိန်း ၁၅၀၀ မှ ၃၀၀၀ ကြားကို ၂၀ ရာခိုင်နှုန်း ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခွန်ဆောင်ဖို့ ရာခိုင်နှုန်းနည်းမယ့် ကျပ်သိန်း ၁၀၀၀ ပတ်လည်တွေကို ဝယ်ရောင်းတွေ ပိုမျက်စိကျနိုင်တာကြောင် ဒီအပိုင်းတွေ ပိုအလုပ်ဖြစ်နိုင်မယ်လို့ သုံးကြတာပါ။

ဒါ့ပြင် အခုအခွန်လျှော့ထားတဲ့ စနစ်ဟာ ဝင်ငွေရလမ်းမဖော်ပြနိုင်သူတွေအတွက်လည်း ဝယ်၊ ရောင်း အဖြစ်ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းဖြစ်ပြီးအိမ်မြေဈေးကွက် ကောင်းကောင်း ပြန်လည်ပတ်နိုင်မလား၊
 ဈေးနှုန်းတန်းတွေ အပြောင်းအလဲဖြစ်တဲ့အထိ ရိုက်ခတ်မှုရှိနိုင်မလား၊ ဘယ်အတိုင်းအတာအထိ ပြောင်းလဲမှုဖြစ်ဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Yatanarpon

အပြည့်အစုံသို့ »