Showing posts with label sport-news. Show all posts
Showing posts with label sport-news. Show all posts

ကြည်လင်းအမှု တရားရုံးတွင်သာ ရုပ်သိမ်းနိုင်


ရန်ကုန်ယူနိုက်တက်အ သင်းမှ လက်ရွေးစင် ဘောလုံး သမားကြည်လင်းကို တိုင်ကြား ထားသည့်အမှုမှာ တရားရုံးတွင် သာ အမှုကျေအေးရုပ်သိမ်းနိုင် ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမားကြည်လင်းကို ၎င်း၏ ဇနီး၏အုပ်ထိန်းသူများက နားလည် မှုလွဲကာ လက်ထပ်ပွဲမတိုင်မီ သုံး ရက်အလို  ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၆၆ အရ  အရွယ်မရောက်သေးသူအား ခိုး ယူလက်ထပ်ခြင်းဖြင့် အမှုဖွင့်တိုင် ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဇွန်လ ၁၉ ရက် ညနေ ၄ နာရီခွဲ ၌ ဘောလုံးသမား ကြည်လင်းမှာ ၎င်း၏ချစ်သူအဆိုပါ မိန်းကလေးနှင့် နှစ်ဖက်မိဘရှေ့တွင် တရားဝင်  ထိမ်းမြားလက်ထပ်ယူခဲ့သည်။

‘‘ကိုကြည်လင်း ဖွင့်ခံရတဲ့အ မှုက စခန်းမှာ အမှုပိတ်လို့ မရ ဘူး။ တရားရုံးရောက်မှ နှစ်ဖက် ကျေအေးလို့ရမှာ ကျွန်တော်တို့ ကတော့ တရားရုံးတင်ရမှာ’’ ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

‘‘ရဲစခန်းမှာ ဖွင့်တဲ့ အမှုအား လုံး စခန်းမှာ ပိတ်လို့မရဘူး။ တရားရုံးမှာပဲ ကျေအေးရင် ကျေ အေး၊ ပိတ်ချင်ရင် ပိတ်သိမ်းလို့ ရမယ်’’ ဟု အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြော ကြားသည်။

ဇွန်လ ၇ ရက်တွင် ကမာရွတ် မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခု သို့ ၎င်း၏ချစ်သူ မိန်းကလေးကို ခေါ်ဆောင်သွားခဲ့ရာမှ အုပ်ထိန်း သူများက နားလည်မှု လွဲမှားပြီး အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

7day

အပြည့်အစုံသို့ »

အင်္ဂလန်ကို ကယ်တင်ပြီး ဘုရင်မကြီးထံမှ အနမ်းရယူလိုဟု ဘာလိုတယ်လီဆို


(သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် ဘာလိုတယ်လီ (Photo: AFP))

အီတလီတိုက်စစ်မှူး ဘာလိုတယ်လီက အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားအုပ်စုမှတက်ရေး မျှော်လင့်ချက်မကုန်ဆုံးစေရန် ကော်စတာရီကာကို အနိုင်ကစားပြီး ကယ်တင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းအတွက် ဗြိတိန်ဘုရင်မကြီးထံမှ အနမ်းရယူလိုကြောင်းပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စုပွဲ (၂)ပွဲကစား အမှတ်မရသေးရာ ယနေ့ည(၁၀း၃၀)တွင်ကစားရမည့် အီတလီ-ကော်စတာရီကာပွဲတွင် ကော်စတာရီကာအသင်း အနိမ့်ဆုံး(၁)မှတ်ရခဲ့ပါက အုပ်စုအဆင့်မှအလိုအလျောက်ထွက်ရမည်ဖြစ်ပြီး၊ ကော်စတာရီကာရှုံးနိမ့်ခဲ့ပါက အုပ်စုနောက်ဆုံးပွဲအထိ အုပ်စုမှတက်ရေးမျှော်လင့်ချက်ဆက်ရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ ဘာလိုတယ်လီက ပရိသတ်(၂ .၃၆)သန်းကျော်ရှိသည့် သူ၏တရားဝင် Twitter စာမျက်နှာတွင် “ကျွန်တော်တို့ ကော်စတာရီကာကို အနိုင်ရခဲ့မယ်ဆိုရင် ဗြိတိန်ဘုရင်မကြီးဆီက အနမ်းတစ်ပွင့်ရယူလိုပါတယ်။ ကျွန်တော့် ပါးပြင်ပေါ်မှာပေါ့” ဟု အရွှန်းဖောက်ရေးသားခဲ့ခြင်းဖြစ်သည်။

ဘာလိုတယ်လီသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်စီးတီးတွင် (၂)နှစ်ခွဲကြာကစားခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် အင်္ဂလန်ကို အီတလီအနိုင်ရခဲ့စဉ်ကလည်း အီတလီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။

Eleven Media Group

အပြည့်အစုံသို့ »

ရော်ဘင်၏ ကမ္ဘာ့မြန်နှုန်းစံချိန်ကို ခရိုအေးရှား နောက်ခံလူဆာနာကျော်ဖြတ်ခဲ့


(ကင်မရွန်းကို အနိုင်ရသည့်ပွဲအပြီးတွင် ပရိတ်သတ်ကို နှုတ်ဆက်နေသည့် ခရိုအေးရှားအသင်းခေါင်းဆောင် နောက်ခံလူ ဆာနာ( Photo: AFP))

ခရိုအေးရှားညာအစွန်နောက်ခံလူဆာနာ(၃၂ နှစ်)သည် ဘောလုံးသမားများထဲတွင် မြန်နှုန်းအမြင့်ဆုံးအဖြစ်စံချိန်တင်ထားသည့် ဟော်လန် ကွင်းလယ်လူ ရော်ဘင်၏စံချိန်ကို ကျော်ဖြတ်ခဲ့ကြောင်း ဗြိတိန်ထုတ် DailyMail သတင်း စာက ဖီဖာ၏ပွဲမှတ်တမ်းကို ကိုးကားကာ ဖော်ပြခဲ့သည်။

ခရိုအေးရှားနောက်ခံလူဆာနာသည် ကင်မရွန်းအား (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် တစ်နာရီလျှင် (၂၀ .၅)မိုင်နှုန်းပြေးနိုင်ခဲ့ကြောင်း ဖီဖာ၏ပွဲမှတ်တမ်းတွင်ဖော်ပြခဲ့ရာ လက်ရှိစံချိန်ရှင်ရော်ဘင်၏ တစ်နာရီလျှင်(၁၉ .၃)မိုင်ပြေးနှုန်းကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု DailyMail သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် ဖီဖာမှတရားဝင်အသိအမှတ်ပြုထားသည့် အမြန်ဆုံးကစားသမားအဖြစ် ရော်ဘင်သာဆက်လက်ရှိနေသေးပြီး ဆာနာကို အမြန်ဆုံးကစားသမားအဖြစ် DailyMail သတင်းစာမှဖော်ပြခဲ့ခြင်းဖြစ်သည်။

Eleven Media Group

အပြည့်အစုံသို့ »

အင်္ဂလန်ကို အဆုံးစွန် လက်စားချေရန် ရည်မှန်းချက် ပြည့်မြောက်ခဲ့ကြောင်း ဆွာရက်ဇ်ပြောကြား



ကမ္ဘာ့ဖလားတွင် အင်္ဂလန်ကို နှစ်ဂိုးသွင်းကာ ဥရုဂွေးအသင်း အနိုင်ရအောင် ကူညီပေးခဲ့ပြီးနောက် လူးဝစ်ဆွာရက်ဇ်က အဆုံးစွန်သော လက်စားချေမှုအတွက် မိမိအိပ်မက် အမှန်တကယ် အသက်ဝင် ဖြစ်မြောက်လာပြီဟု ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ကမ္ဘာ့ဖလား အကြိုတွင် ဒဏ်ရာခွဲစိတ်မှုတစ်ရပ် ခံယူခဲ့ရသဖြင့် အနားယူနေခဲ့ရပြီး ကော်စတာရီကာကို အရေးနိမ့်သည့် အုပ်စုအဖွင့် ပွဲစဉ်တွင်လည်း မပါဝင်နိုင်ခဲ့ချေ။ အင်္ဂလန်နှင့်ပွဲတွင် ၎င်းစတင် ပါဝင်လာပြီး ကိုယ်တိုင် ဂိုးများသွင်းကာ ဥရုဂွေးကို (၂-၁)ဖြင့် အနိုင်ရစေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အင်္ဂလန်သည် ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာရရန် အခြေအနေ အလွန်များသွားပြီဖြစ်ပြီး ဥရုဂွေးကမူ ရှုံးထွက်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်များ တစ်ကျော့ပြန် ရှင်သန်လာခဲ့သည်။

ဆွာရက်ဇ်သည် အင်္ဂလန်ကလပ် လီဗာပူးလ်တွင် ကစားနေစဉ်က ၎င်း၏ အပြုအမူပိုင်းအတွက် အင်္ဂလန် မီဒီယာများ၏ ပြင်းထန်သော ထိုးနှက် ဝေဖန်မှုများကို ကြုံခဲ့ရသူ ဖြစ်သည်။ အဆိုပါ နာကျင်စရာ အတွေ့အကြုံများကို ယခုအခါ အဆုံးစွန် တုံ့ပြန် ပေးဆပ်လိုက်ပြီဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

“ဒါမျိုးကို ကျွန်တော် အိပ်မက်နေခဲ့တာ။ ကျွန်တော် ဒီလိုအခိုက်အတန့်မှာ အရမ်းပျော်ရွှင်နေမိတယ်။ ကျွန်တော် ထိခိုက်နာကျင်ခဲ့ရသမျှ အားလုံးအတွက်၊ ကျွန်တော့်ကို ဝေဖန်ရှုတ်ချခဲ့သမျှ အားလုံးအတွက် ကျွန်တော်ခုလို ပြန်တုံ့ပြန်နိုင်ခဲ့တာကို သိပ်ပျော်တယ်”ဟု ဆွာရက်ဇ်က ဆိုသည်။

၎င်းက “ဒီပွဲမတိုင်ခင်မှာ အင်္ဂလန်က လူတော်တော်များများဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတချို့က ကျွန်တော့် အပြုအမူတွေကို ပြန်ပြောပြီး လှောင်ပြောင် ရယ်သွမ်းသွေးခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ တကယ့် အချိန်ကောင်းပါပဲ။ အခုချိန်မှာ အဲဒီလူတွေစိတ်ထဲ ဘယ်လိုတွေးနေမလဲ ဆိုတာကို ကျွန်တော် သွားကြည့်ချင်လိုက်တာ”ဟုလည်း ပြောကြားခဲ့သည်။

ဆွာရက်ဇ်က “ကျွန်တော် ကစားဖူးသမျှ ဒီပွဲဟာ အကောင်းဆုံး အမှတ်တရ ပွဲတစ်ပွဲပါပဲ။ ကျွန်တော့်အတွက် အံ့မခန်း အတွေ့အကြုံမျိုးနဲ့ အခိုက်အတန့် တစ်ခုလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကဆို ဒီအခြေအနေမျိုးကို ကျွန်တော် စိတ်ကူးမျှော်လင့်နိုင်ခဲ့မှာ မဟုတ်ဘူး”ဟုလည်း ဝန်ခံခဲ့သည်။

ဆွာရက်ဇ်က ပွဲအပြီးတွင် ၎င်းသည် အင်္ဂလန် အသင်းမှ လီဗာပူးလ် အသင်းဖော် စတီဗင် ဂျရတ်ကို အားပေးခဲ့ကြောင်းလည်း ဆိုသည်။
“ကျွန်တော် စတီဗင်ဂျရတ်ကို ရှေ့ဆက် အားတင်းထားဖို့ ပြောခဲ့ပါတယ်။ သူဟာ ကျွန်တော် တွဲကစားဖူးသမျှ အကောင်းဆုံး ဘောလုံးသမားလည်း ဖြစ်ပါတယ်။ အခုချိန်ကတော့ သူ့အတွက် ကံမကောင်းဘူးပေါ့။ သူအရမ်းထိခိုက် နာကျင်နေတာကို မြင်ရတော့ ကျွန်တော် မပျော်ပါဘူး။ ရှေ့ဆက် ကြိုးစားဖို့ သူ့ကိုကျွန်တော် ပြောခဲ့ပါတယ်။ ဒီပွဲကို မေ့လိုက်ဖို့နဲ့ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်တယ် ဆိုတာကိုလည်း ကျွန်တော် ပြောခဲ့ပါသေးတယ်”ဟု ဆွာရက်ဇ်က ပြောကြားသွားသည်။

7daydaily

အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားတွင် ပွဲမတိုင်မီ မေထုန်မှုပြု ခြင်းနှင့်ပတ်သက်၍ အသင်းအချို့၏ ရူးနှမ်းသော စည်ကမ်းများ


မေထုန်မှုဟာ အားကစားသမားတွေကို ထိခိုက်မှုမရှိစေဘဲ အကူအညီဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပေမယ့် စိုးရိမ်ကြီးတတ်တဲ့ ဘောလုံးနည်းပြတွေကတော့ သဘောမတူကြပါဘူး။ ကစားသမားတွေအနေနဲ့ ပရိသတ်စိတ်ဝင်စားမှုအရှိဆုံး ကမ္ဘာ့ဖလားလိုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာ ခန္ဓာကိုယ်ကို ဘယ်လိုပြောင်းလဲမှုမျိုးမှ မဖြစ်စေဖို့လို ပါတယ်။ ဒါကြောင့်ပဲ ကျွမ်းကျင်သူတွေက ပွဲမကစားခင်မေထုန်မှုပြုတဲ့အခါ ကစားသမားတွေရဲ့ ပွဲချိန်တွင်းစွမ်းဆောင် ရည်ကိုထိခိုက် စေတယ်လို့ ယူဆကြတာဖြစ်နိုင်ပြီး ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအတော်များများက ကစားသမားတွေ ကို ပိတ်ပင်ထားပါတယ်။

"ဘရာဇီးမှာ မေထုန်မှုပြုဖို့ ခွင့်မပြုပါဘူး။ ကစားသမားတွေအနေနဲ့ တစ်ခြားနည်းလမ်းရှာရပါမယ်။ သူတို့ဆန္ဒရှိ ရင်တော့ တစ်ကိုယ်ရေအာသာဖြေဖျောက်တာမျိုး လုပ်နိုင်ပါတယ်။ တစ်ခြားနည်းပြတွေ ဘယ်လိုအမိန့်ထုတ်ထားလဲ ကျွန်တော်စိတ်မ၀င်စားပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတာပါ။ အပျော်ခရီးထွက်လာတာ မဟုတ်ပါဘူး" လို့ ဘော့စနီးယား နည်းပြ ဆူဆစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီကိစ္စကို ခွင့်ပြုထားတဲ့ အသင်းတွေကတော့ ဂျာမနီ၊ စပိန်၊ အမေရိကန်၊ သြစတြေးလျ၊ အီတလီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဥရုဂွေးနဲ့ အင်္ဂလန်အသင်းတို့ ဖြစ်ကြပါတယ်။ အဲဒီအသင်းတွေဟာ ကစားသမားတွေ ကို လွတ်လပ်စွာနေထိုင်ခွင့်ပြုထားပါတယ်။ ပိတ်ပင်ထားတဲ့ အသင်းတွေကတော့ ရုရှ၊ ဘော့စနီးယား၊ချီလီနဲ့ မက္ကဆီကို အသင်းတွေပါ။ ခွင့်တော့ပြုတယ်၊ ဒါပေမဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဆိုတဲ့ အသင်းတွေလည်းရှိပါသေးတယ်။ အဲဒီအသင်း တွေကတော့ ပြင်သစ်အသင်း (ညလုံးပေါက် ဆက်ဆံတာကို ပိတ်ပင်)၊ ဘရာဇီး (အားကုန်စေမယ့်ပြောင်းပြန်ဆက်ဆံနည်း ကို ပိတ်ပင်)၊ ကော်စတာရီကာ (ရှုံးထွက်အဆင့်ရောက်မှသာ ခွင့်ပြုမည်)၊ နိုင်ဂျီးရီးယား ( ဇနီးမဟုတ်ပါက ရည်းစားနှင့်ပင် ခွင့်မပြု) အသင်းတွေပဲဖြစ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် လုံးဝ ပိတ်ပင်ထားတာလောက်တော့ မဆိုးသေးဘူးလို့ အဲဒီ အသင်းတွေက ကစားသမားတွေ တွေးကောင်းတွေးနိုင်သလို၊ လွတ်လွတ်လပ်လပ် လွှတ်ပေးထားတဲ့ အသင်းတွေကို လည်း အားကျချင် အားကျနေပါလိမ့်မယ်။ ကျန်တဲ့အသင်းပြိုင်ပွဲဝင်အသင်းတွေကတော့ ဘယ်လိုစည်းကမ်းထုတ်ထား တယ် မသိပါဘူး။

တစ်ချို့စည်းကမ်းတွေက အပိုတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။ ပွဲမကစားခင် မေထုန်မှုပြုတာနဲ့ ပတ်သက်ပြီး အဓိက စိုးရိမ်တာ နှစ်ချက်ရှိပါတယ်။ ကစားသမားအနေနဲ့ ပင်ပန်းနွမ်းနယ်ပြီး အားကုန်တာ သို့မဟုတ် သူ့ရဲ့ ကာယစိုက်ထုတ်မှုပိုင်းကို ထိခိုက်စေတာ ဆိုတဲ့ အချက်တွေပါ။ လေ့လာတွေ့ရှိချက်တွေကတော့ အဲဒါတွေဟာ ရှေးတုန်းက ယုံတမ်းစကားတွေသာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ နည်းပြများစွာနဲ့ အားကစားသမားတွေကတော့ လိင်ကိစ္စကိုရှောင်ကျဉ်ရင် စိတ်ဓါတ်တက်ကြွတယ်လို့ ယုံကြည်ကြပါတယ်။

ဒီယုံကြည်မှုဟာ ရှေးဟောင်း ဂရိလူမျိုး တွေကနေ ဆင်းသက်လာခဲ့တာပါ။ သူတို့အနေနဲ့ လိင်ကိစ္စရှောင်ကျဉ်ရင် အားအင်ကုန်ခမ်းမှု မရှိဘူးလို့ ယူဆခဲ့ကြတာပါ။ ဒီသီအိုရီကို မိုဟာမက်အလီလို လက်ဝှေ့သမားမျိုးတောင် ကိုင်စွဲခဲ့ပါတယ်။ သူဟာ ထိုးသတ်မယ့် လက်ဝှေ့ပွဲမတိုင်မီ ရက်သတ္တ ခြောက်ပတ်ကတည်းက မေထုန်မှုကို ရှောင်ကျဉ်ခဲ့ပါတယ်။ လက်ဝှေ့တစ်ပွဲစာအတွက်လုံလောက်တဲ့ ခွန်အား တွေ ဆုံးရှုံးသွား၊ တစ်နည်း တက်စ်တိုစတီရုန်းတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်လို့ပါ။

ဒါပေမဲ့ ဒီသီအိုရီနဲ့ ဆန့်ကျင်ဘက် အယူအဆကသာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ လေ့လာတွေ့ရှိ ချက်တွေအရ တက်စ်တိုစတီရုန်းပမာဏဟာ မေထုန်မှုပြုပြီးနောက် ပိုတိုးပွားလာတတ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ "သုံးလလောက် မေထုန်မှုမပြုဘဲနေတာက အားကစားသမားအားလုံးနဲ့ သင့်တော်တယ်လို့ ဘုံယူဆလို့မရပါဘူး။ တက်စ်တိုစတီရုန်းဟာ ကလေးအဆင့်လောက်နီးပါးထိကို ကျဆင်းသွားလို့ပါပဲ" လို့ အီတလီ အယ်လ်အကွီလာ တက္ကသိုလ်က 'မေထုန်ကိစ္စက အားကစားသမားတွေအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ' ဆိုတာကို လေ့လာနေတဲ့ အီမန်နျူရယ်လီက National Geographic သို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါဆိုရင် ဒီတွေ့ရှိချက်က လက်ဝှေ့သမားတွေ အတွက် အသုံးဝင်နိုင်ပါမလားတော့ မပြောတတ်ပါဘူး။ လေ့လာတွေ့ရှိချက်တွေကတော့ မေထုန်မှုပြုတာက ခန္ဓာကိုယ်ထဲကို တက်စ်တိုစတီရုန်းပိုမိုထုတ်လွှတ်နိုင်တာကြောင့် စွမ်းဆောင်ရည်ကို တိုးပွားစေတယ်လို့ ဖော်ပြနေပါတယ်။

ပြီးတော့ မေထုန်ပြုလို့ အားကစားသမားတွေကို မောပန်းမှု ခံစားစေမှာမဟုတ်ပါဘူး။ တစ်ကြိမ်အတွက် ကယ်လို ရီ လောင်ကျွမ်းမှုက ၂၅ မှ ၅၀ ကယ်လိုရီပဲ ရှိလို့ပါ။ ဒါက လေယာဉ်ပေါ်တက်တဲ့လှေကားကို နှစ်ကြိမ်တက်စာလောက်နဲ့ပဲ ညီမျှတဲ့ ပမာဏလည်းဖြစ်ပါတယ်။ သန်စွမ်းတဲ့ အားကစားသမားတစ်ယောက်အတွက် ဘာမှ ထိခိုက်မှုမရှိနိုင်ပါဘူး။ ပြိုင်ပွဲ မတိုင်မီညမှာ မေထုန်မှုပြုတာက ခွန်အားနဲ့သက်လုံပိုင်းကို လျော့ကျစေမှာ မဟုတ်ဘူးလို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ မေထုန်မှီဝဲခြင်းက ဘောလုံးသမားတွေရဲ့ ကာယစွမ်းဆောင်ရည်ပိုင်းကိုကျဆင်းစေသလားဆိုတာ စမ်းသပ်ရခက်ပေမယ့် ကျွမ်းကျင်သူတွေကတော့ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးဖြစ်စေတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

"အကယ်၍ ကစားသမားတစ်ယောက်ဟာ ပြိုင်ပွဲအတွက် စိတ်ပူနေမယ်၊ တစ်ညလုံး မအိပ်နိုင်ဖြစ်နေမယ်ဆိုရင် မေထုန်မှီဝဲလိုက်ခြင်းဖြင့် သောကတွေကို လျော့ကျကောင်း လျော့ကျသွားစေနိုင်မှာပါ" လို့ အားကစားဆေးပညာဆိုင်ရာ အထူးကျွမ်းကျင်သူ အီရန်ရှရီယာက ရေးသားခဲ့ပါတယ်။ 'လိင်နှင့်အားကစားအပေါ် လေ့လာချက် ၃၁ မျိုးကို ပြန်လည်သုံး သပ်မှု ၂၀၀၀' ဆိုတဲ့အကြောင်းအရာမှာ 'ပြိုင်ပွဲမတိုင်မီညမှာ မေထုန်မှီဝဲခြင်းက ပြိုင်ပွဲတွင်း စွမ်းဆောင်ရည်ကို လျော့ကျစေသလား' ခေါင်းစဉ်နဲ့ရေးသားထားတာဖြစ်ပြီး အားကစားဆေးပညာဆိုင်ရာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ကျွမ်းကျင်သူတစ်ချို့ကဆိုရင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့တဲ့အသင်းတွေဟာ မေထုန်ကိစ္စက ကောင်းကျိုး ဖြစ်စေတယ်ဆိုတာကို သက်သေပြခဲ့ကြတယ်လို့တောင် ပြောဆိုကြပါသေးတယ်။ "၁၉၇၈ အာဂျင်တီးနား ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန်အသင်းက ဥပမာပြနေပါတယ်။ ကစားသမားအချို့ဟာ ဇနီးသည်နဲ့အတူ အိပ်ခွင့် ရတယ်။ ပြီးတော့ သူတို့ ပြိုင်ပွဲမှာ ဒုတိယရတယ်။ လိင်ကိစ္စက အဆုံးအဖြတ်ပေးသွားတာလို့ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ အကူအညီဖြစ်စေတယ်လို့ ပြောချင်တာပါ။ ပီလီကတောင် ပွဲမတိုင်မီဘယ်တုန်းကမှသူဇနီးနှဲ့ မေထုန်မှုကို ရှောင်ရှားတာမျိုး မရှိဘူးလို့ ပြောခဲ့ပါသေးတယ်။ ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းကတော့ မေထုန်မှုပြုခြင်းက ဖိအားလျော့စေတာ တကယ့် အမှန်တရားဖြစ်တယ်ဆိုတာကိုပါ" လို့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးနည်းပညာတက္ကသိုလ် အားကစားဌာန အထွေထွေညှိနှိုင်းရေးမှူး ဟွမ်ကားလို့စ် မက်ဒီနာက CNN သို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပြိုင်ပွဲမတိုင်မီ မေထုန်မှုပြုခြင်းက အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုရှိစေသလား ဆိုတာဟာ တစ်ဦးချင်းအပေါ်မှာသာ မူတည်နေပါတော့တယ်။ တစ်ချို့က ဒါကို စိတ်ပင်ပန်းမှုလျှော့ချဖို့ ရှာဖွေကြသလို တစ်ချို့ကတော့ စိတ်ပျံ့လွင့်အောင် ( အထူးသဖြင့် ညလုံးပေါက်ဆိုလျှင် ဖြစ်တတ်) ပြုမူတတ်ပါတယ်။ မြန်မာစကားပုံအရ ဆိုရင် တန်ဆေး၊ လွန်ဘေးလို့ ဆိုရမယ်ထင်ပါတယ်။ အားကစားဆေးပညာဆိုင်ရာ အထူးကျွမ်းကျင်သူ အီရန်ရှရီယာ က "ယေဘုယျအားဖြင့်တော့ အားကစားသမားတွေအနေနဲ့ လုံလောက်တဲ့ကြိုးစားမှုနဲ့ လက်တွေ့လေ့ကျင့်မှု တွေမလုပ်ရသေး ဘူးဆိုရင် အရေးကြီးတဲ့ပြိုင်ပွဲမတိုင်မီ ဘာမှမလုပ်တာ အကောင်းဆုံးပါပဲ" လို့ အဆုံးသတ်ပြောကြားခဲ့ကြောင်းပါ။

(တိုင်းမ်သတင်းစာမှ ဆောင်းပါးရှင် Eliana Dockterman ၏ World Cup: The Crazy Rules Some Teams Have About Pre-Game Sex ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

Mizzima Sport News

အပြည့်အစုံသို့ »

စန်းပွင့်သွားတဲ့ မက္ကဆီကို ဂိုးသမား


ဘရာဇီးနဲ့ မက္ကဆီကိုတို့ ကစားခဲ့တဲ့အုပ်စုဒုတိယပွဲစဉ်မှာ မထင်မှတ်ထားလောက်အောင် လက်စွမ်းပြသပြီး သရေတစ်မှတ်ရ အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မက္ကဆီကိုအသင်းဂိုးသမားအိုချိုအာကတော့ အဲဒီပွဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့သလို မက္ကဆီကိုပရိ သတ်တွေအတွက်လည်း သူရဲကောင်းဖြစ်ခဲ့ပါတယ်။
ဘရာဇီးကစားသမားတွေရဲ့ အပိုင်အခွင့်အရေးတော်တော်များများကို အံ့သြမင်သက်ဖွယ်ကောင်းလောက်အောင် ကာကွယ်နိုင်ခဲ့တာကြောင့် အိုချိုအာရဲ့သတင်းတွေက လူမှုစာမျက်နှာတွေပေါ်မှာ အချိန်အတော်ကြာနေရာယူနေခဲ့ပါတယ်။ သူ့မှာ လက်ငါးချောင်းထက်မက ခြောက် ချောင်းပါဝင်နေတယ်လို့ ပြောဆိုဖြန့်ဝေနေမှုတွေကြောင့် သူကိုယ်တိုင်က အဲဒါတွေဟာ ကောလာဟလတွေသာဖြစ်တယ်လို့ ရှင်းလင်းခဲ့ရပါ တယ်။
အခုနောက်ဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Instagram မှာ ပျံ့နှံ့လာတဲ့ သတင်းကတော့ အိုချိုအာအတွက် ကျေနပ်စရာသတင်း လို့ ဆိုရမှာပါ။ အဲဒီသတင်းကတော့ မက္ကဆီကိုနိုင်ငံရဲ့အထင်ရှားအကျော်ကြားဆုံး အမျိုးသမီးအဆိုတော်လို့ သတ်မှတ်ခံထားရတဲ့ ပေါ့ပ်အဆို တော်တာလီယာက သူမရဲ့ Instagram စာမျက်နှာပေါ်ကနေ သူမရဲ့ပုံနဲ့ အိုချိုအာပုံကို အတူတွဲပြီး “ကျွန်မကို လက်ထပ်ပါ”လို့ ရေးသားခဲ့တာ ပါ။ တာလီယာဟာ သူမရဲ့လှပတဲ့ ရုပ်ရည်ကြောင့် မက္ကဆီကိုမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်ပြီး လက်တင်ပေါ့ပ်ဘုရင်မ လို့တောင် သတ် မှတ်ခံထားရသူလည်းဖြစ်ပါတယ်။
Ref:101greatgoals

Mizzima Sport News

အပြည့်အစုံသို့ »

ဥရုဂွေးကို ရှုံးတဲ့ အင်္ဂလန် အခြေမလှ


 ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို မနေ့ ကြာသပတေးနေ့က ဆက်လက် ယှဉ်ပြိုင်ကြတာမှာ ကိုလံဘီယာနိုင်ငံက Ivory Coast နိုင်ငံ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် နောက်တဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ဖို့ အလားအလာ ကောင်းသွားပြီ ဖြစ်ပါတယ်။

Brasilia မြို့မှာ ကျင်းပတဲ့ အုပ်စု C ပွဲစဉ်တွေမှာ ကိုလံဘီယာအသင်းက အနိုင်ရလိုက်တဲ့အတွက် ၆ မှတ်နဲ့ အုပ်စု ပထမနေရာကို ရောက်ရှိသွားပြီး Ivory Coast အသင်းကတော့ ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ တစ်ပွဲစီ ရှုံးထားတဲ့ အုပ်စု C က ကျန်နှစ်သင်းဖြစ်တဲ့ ဂျပန်နဲ့ ဂရိအသင်းတို့ကစားကြရာမှာ ပထမပိုင်း ပြီးခါနီးမှာ ဂရိအသင်းက တယောက် ထုတ်ပစ်ခံလိုက်ရပေမယ့်လည်း တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်သေးပဲ ဖြစ်သွားခဲ့ပါတယ်။

ကြာသပတေးနေ့က ကစားတဲ့ အုပ်စု D ပွဲစဉ်မှာတော့ ဥရုဂွေးအသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ဖို့ မျှော်လင့်ချက် အနည်းငယ် ရှိသွားခဲ့ပါတယ်။ အင်္ဂလန်ရော ဥရုဂွေးပါ ပထမပွဲစဉ်တွေမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတာကြောင့် အင်္ဂလန် အသင်းအနေနဲ့ ရှုံးထွက်ပွဲစဉ်တွေကို တက်နိုင်ဖို့ အလားအလာ အတော်နည်းသွားပြီ ဖြစ်ပါတယ်။

Costa Rica နဲ့ ကစားတဲ့ ဥရုဂွေး အသင်းရဲ့ ပထမ ပွဲစဉ်မှာ ဒဏ်ရာရနေ တာကြောင့် မကစားနိုင်ခဲ့တဲ့ Luis Suarez က ကြာသပတေးနေ့က ကစားတဲ့ အင်္ဂလန်နဲ့ ပွဲစဉ်မှာ ဥရုဂွေး အသင်းအတွက် ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း အနေနဲ့ အခုနှစ်မှာ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို မတက်နိုင်ခဲ့ရင် ဒါဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပထမအဆင့် အုပ်စုပတ်လည်ပွဲတွေမှာ နှုတ်ထွက်သွားရတာ ဖြစ်မှာပါ။

voa burmese

အပြည့်အစုံသို့ »

ကင်မရွန်း ကံကောင်း၍သာ (၄)ဂိုးပြတ်မျှဖြင့် ရှုံးနိမ့်ခဲ့ခြင်းဟု ခရိုအေးရှား နည်းပြ ကြွေးကြော်


မိမိတို့ အသင်းကို (၄)ဂိုးပြတ်မျှဖြင့် ရှုံးနိမ့်ခြင်းမှာ ကင်မရွန်း ကံကောင်း၍ဖြစ်ကြောင်း ခရိုအေးရှားနည်းပြ နီကိုကိုဗက်က ကြွေးကြော်ခဲ့သည်။ တစ်ယောက်လျော့ အနေအထားဖြင့် ကစားခဲ့ရသည့် ကင်မရွန်းသည် ခရိုအေးရှားကို မည်သို့မျှ မယှဉ်နိုင်တော့ဘဲ မာရီယိုမန်ဇူကစ်၏ နှစ်ဂိုးနှင့် အိုင်ဗန်ပါရီဆစ်၊ အိုင်ဗီကာအိုလစ်တို့၏ ဂိုးများကြောင့် (၄-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ကင်မရွန်းသည် (၁-၀)ဖြင့် ရှုံးနိမ့်နေစဉ် ပွဲချိန်မိနစ်(၄၀)တွင် ကွင်းလယ်လူ အဲလက်စ်ဆောင်း အနီထိခဲ့ပြီးနောက် ဒုတိယပိုင်း တစ်လျှောက်လုံး (၁၀)ယောက်ကျန်ဖြင့် ကစားရပြီး နောက်ထပ် (၃)ဂိုးဆက်တိုက် ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။

ကိုဗက်က “ကျွန်တော်တို့ဟာ ပွဲအစ (၅)မိနစ်နဲ့ (၁၀)မိနစ် အတွင်းလောက်မှာတော့ ပုံစံကောင်း မရခဲ့ဘူး။ ကင်မရွန်းက အခွင့်အလမ်းတချို့ ဖန်တီးပြီး ဖိအားပေးနိုင်ခဲ့တယ်”ဟု ဆိုသည်။ ၎င်းက “ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသင်းက စည်းချက်ပြန်မိလာတယ်။ အိုလစ်က စောစောစီးစီး ဂိုးသွင်းလိုက်တော့ ပွဲက ကျွန်တော်တို့အတွက် ဖြစ်သွားပြီ။ တကယ်ဆို ဒီထက်ကို ဂိုးတွေပိုရသင့်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ကိုဗက်က “ကစားသမားတွေကို ဂုဏ်ပြုချီးကျူးရပါမယ်။ သူတို့ဟာ ခက်ခဲတဲ့ အခြေအနေတွေကနေ အနိုင်ရလဒ်ကို ဆောင်ယူပေးခဲ့တာပါ”ဟုလည်း ပြောကြားခဲ့သည်။

ခရိုအေးရှားသည် မက္ကဆီကို အသင်းနှင့် အုပ်စုအပိတ် ပွဲစဉ်တွင် အနိုင်ရခဲ့ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယင်းပွဲတွင် မဖြစ်မနေ (၃)မှတ် ရရန်မူ လိုအပ်နေသည်။ “မက္ကဆီကိုနဲ့ ပွဲကတော့ ကျွန်တော်တို့အတွက် ဗိုလ်လုပွဲလို ဖြစ်နေလိမ့်မယ်။ လောလောဆယ်တော့ အသင်းကို ခဏအနားပေးထားပါမယ်။ ရှေ့မှာ အရမ်းအားကောင်းတဲ့ ပြိုင်ဘက်က စောင့်ကြိုနေပြီလေ။ မက္ကဆီကိုအား အသင်းကောင်း တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ခရိုအေးရှား ဖြစ်ပါတယ်”ဟု ကိုဗက်က ပြောကြားသွားသည်။

Planet Myanmar Network

အပြည့်အစုံသို့ »

ပေါ်တူဂီအသင်းအတွက် ဒဏ်ရာရနေရင်းနဲ့ ကမ္ဘာ့ ဖလားပွဲ ဆက်ကစားမယ်ဆိုရင် ရော်နယ်ဒို ကစားသမားဘ၀ကပါ စောစောစီးစီး အနားယူရနိုင်


ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆရာဝန်ရဲ့ အကြံပေးချက်ကို နားမထောင်ဘဲ လာမယ့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် အမေရိကန်နဲ့ ပွဲမှာ ၀င်ကစားဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ လေ့ကျင့်ရေးမှာ ဆိုးရွားတဲ့ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် ရော်နယ်ဒိုဟာ ဘရာဇီးကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက်လုံး ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဆေးဝန်ထမ်းတွေက ပြောကြားခဲ့ပါသေးတယ်။

ဒါပေမယ့် ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ဂျာမနီကို ဂိုးပြတ်ရှုံးနိမ်ခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါပွဲစဉ်ကို နာကျင်မှုပျောက်တဲ့ဆေးတွေ ထိုးသွင်းပြီး ၀င်ကစားခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ရော်နယ်ဒိုရဲ့ ပင်တိုင်ဆရာဝန် က တကယ်လို့ လာမယ့်ပွဲစဉ်တွေမှာ ၀င်ကစားဖို့ လုပ်ခဲ့မယ်ဆိုရင် နောက်ထပ် ဘောလုံးမကစားရဖို့ အထိ ဖြစ်လာနိုင်ကြောင်း ရော်နယ်ဒိုက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ခွဲစိတ်ဆရာဝန် Jose Carlos Noronha က ကမ္ဘာ့ဖလားပွဲစဉ်မှာ ရော်နယ်ဒိုသာ ၀င်ကစားခဲ့မယ်ဆိုရင် သူ့ ရဲ့ ကြွက်သားတစ်သျှူးတွေ ပြန်မကောင်းလာနိုင်တော့တဲ့ အထိ ထိခိုက်စေနိုင်တယ်လို့ သတိပေးထားခဲ့တာပါ။

ဒါပေမယ့် သတင်းရင်းမြစ်တစ်ခုရဲ့ စပိန်သတင်းစာကို ပြောပြချက်အရ ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ မှာ အမေရိကန်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ်တိကျတဲ့သတင်းတွေမကြာမီ ထပ်သိရဖို့ ရှိပါတယ်။ ဆရာဝန်တွေကတော့  အသက် ၂၈ နှစ်အရွယ် ကြယ်ပွင့်ကို အနားယူအောင် ဖျောင်းဖျရဖို့ ရှိနေပါတယ်။

Ref: Metro.co.uk
Trend Myanmar

အပြည့်အစုံသို့ »

ဘရာဇီးတိုက်စစ်မှူး Neymar က Nike မှ ထုတ်လုပ်တဲ့ ရွှေဖိနပ်ဖြင့် ဘောလုံး ကန်သွားမည်




ထူးခြားတဲ့အောင်မြင်မှု ရရှိစေရန်အတွက် ဘရာဇီးတိုက်စစ်မှူး Neymar က Nike မှ ထုတ်လုပ်တဲ့ ရွှေဖိနပ်ဖြင့် ဘောလုံး ကန်သွားမည်ဟုဆိုပါသည်။

၁၆ အသင်း အရှုံးအထွက် ပွဲစဉ်ကို ရောက်ရှိပါက ဘရာဇီးအသင်းမှ တိုက်စစ်မှူး Neymar စီးနင်း ရန်အတွက် Nike မှ ရွှေဖိနပ်ကို ထုတ်လုပ် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါ်တူဂီ ဘာသာဖြင့် အဆိုပါ ဖိနပ်ကို Sonho Dourado ဟု ခေါ်ဆိုပြီး၊ ဘရာဇီး တိုက်စစ်မှူး Neyrmar အနေဖြင့် ခြောက်ခုမြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးနိုင်ရန် အကူအညီဖြစ်မည်ဟု ဘရာဇီး တစ်နိုင်ငံ လုံးက မျှော်လင့်လျက်ရှိကြောင်း သိရသည်။



MOI


အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြု ခြင်းကို ဖီဖာတားမြစ်


ဘရာဇီးလ် အကျော်အမော် နေမာ အပါအဝင် ထိပ်တန်း ဘောလုံး ကစားသမားအချို့ တပ်ဆင်အသုံးပြုကြသည့် Beats by Dr.Dre နားကြပ်များကို ကွင်းအတွင်း အသုံးမပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က တားမြစ်လိုက်သည်။



ယခုကဲ့သို့ Beats နားကြပ်များ အသုံးမပြုရန် တားမြစ်ခြင်းသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို Sony က စပွန်ဆာပေးထားသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။



ယခုကဲ့သို့ ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြုခွင့် တားမြစ်ခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် နွေရာသီက ပြုလုပ်ခဲ့သည့် London Olympics တွင် ကမ္ဘာ့ထိပ်တန်း အားကစားသမားများထံသို့ Beats က နားကြပ်ထောင်ပေါင်းများစွာ အခမဲ့ ပေးပို့ခဲ့သော်လည်း ပြိုင်ပွဲစပွန်ဆာမှာ Beats မဟုတ်သည့် အတွက် ကမ္ဘာ့အိုလံပစ်ကော်မတီက တားမြစ်ခဲ့ဖူးသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံး ကစားသမားကဲ့သို့ပင် အိုလံပစ် ကစားသမားများကို စပွန်ဆာပေးထားသည့် နားကြပ်များ တပ်ဆင် အသုံးပြုခြင်းကိုလည်း ထိုစဉ်က ပိတ်ပင်တားမြစ်ခဲ့သည်။



ပြီးခဲ့သည့်လက Apple သည် Beats ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် အဆိုပါ Beats အမှတ်တံဆိပ်ကို ဂီတနှင့် အားကစားလောကတွင် ရွေးချယ်စရာတစ်ခု ဖြစ်လာလိမ့်မည်ဟု Apple က ပြောကြားခဲ့သည်။



Ref: CNET

Internet Journal

အပြည့်အစုံသို့ »

မက်ဆီအား ဓာတ်ပုံရိုက်ယူရန်အတွက် အာဂျင်တီးနားလေ့ကျင့်ရေးကွင်း အတွင်းသို့ ခိုးဝင်ခဲ့သူဖမ်းဆီးခံခဲ့ရ


ဘရာဇီးလ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဘရာဇီးလ်ပရိသတ် ဒင်းနစ် (Photo:AFP)

အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး မက်ဆီအား ဓာတ်ပုံရိုက်ယူရန်အတွက် အာဂျင်တီးနားအသင်း၏လေ့ကျင့်ရေးကွင်းအတွင်းသို့ ခိုးဝင်ခဲ့သူတစ်ဦးအား ဘရာဇီးလ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်းသိရသည်။ ယင်းကဲ့သို့ ခိုးဝင်ခဲ့သူမှာ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်လူမျိုးတစ်ဦးဖြစ်သည့် ဒင်းနစ်ဆိုသူဖြစ်ပြီး ၎င်းမှာ America ကွင်းအတွင်း အာဂျင်တီးနားအသင်းသတင်းစာရှင်းလင်း ပွဲပြုလုပ်နေစဉ် ကွင်းအတွင်းသို့ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ဒင်းနစ်သည် ပြီးခဲ့သည့်တစ်ပတ်ကလည်း အာဂျင်တီးနားအသင်း၏လေ့ကျင့်ရေးကွင်းသို့ဝင်ရောက်ကာ မက်ဆီ၏ဖိနပ်အားသန့်ရှင်းရေးပြုလုပ်ခဲ့ပြီး မက်ဆီထံမှ တီရှပ်တစ်ထည်ရယူခဲ့ကြောင်းသိရသည်။

Eleven Media Group

အပြည့်အစုံသို့ »

တိုင်ချက်ဖွင့်ခံထားရခြင်းမှာ အုပ်ထိန်းသူများနှင့် နားလည်မှု လွဲခြင်းသာဖြစ်သည်ဟု ကြည်လင်း ရှင်းချက်ထုတ်


ရှင်းလင်းချက်အနည်းငယ် ရေးသားထားသော ကြည်လင်း၏ Facebook စာမျက်နှာ။

အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်ကို သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု တိုင်ချက်အဖွင့်ခံထားရသော ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းက ၎င်း၏ ပြဿနာမှာ အုပ်ထိန်းသူများနှင့် နားလည်မှု လွဲခြင်းသာဖြစ်ပြီး အဆိုပါ မိန်းကလေးနှင့်မိမိ၏ အခြေအနေမှာ ချစ်သူများ ဖြစ်ကြသည်ဟု ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် ရှင်းလင်းဖော်ပြသွားခဲ့သည်။
ကမာရွတ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံထားရသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကြည်လင်းက သူ၏ Facebook စာမျက်နှာတွင်
" ကျွန်တော်နဲ့သူနဲ့က ချစ်သူတွေပါ။ အခု ဖြစ်နေတဲ့ ကိစ္စတွေဟာ အုပ်ထိန်းသူတွေနဲ့ နားလည်မှု လွဲလို့ ဖြစ်နေရတာပါ။ လောလောဆယ် ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်…" ဟု ရေးသားဖော်ပြထားခဲ့သည်။

Mizzima Sport News

အပြည့်အစုံသို့ »

ချီလီကို ရှုံးနိမ့်ပြီး ချန်ပီယံ ကာကွယ်ခွင့်ကို လက်လွှတ်လိုက်ရသည့် စပိန်


လက်ရှိ ကမ္ဘာ့ချန်ပီယံ စပိန်အသင်းသည် အုပ်စုမှ လွတ်မြောက်ရေး အတွက် အရေးကြီးသည့် ချီလီအသင်းနှင့် ဒုတိယမြောက် အုပ်စုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ယင်းတို့၏ ချန်ပီယံသရဖူကို ကာကွယ်ရေး လက်လျော့ လိုက်ရပြီ ဖြစ်ပြီး အုပ်စုအဆင့်မှာပင် အိမ်ပြန်ရတော့မည်မှာ သေချာသွား ခဲ့ပြီ ဖြစ်သည်။ ချီလီမှာမူ ယခုပွဲ အနိုင်ရခဲ့ သောကြောင့် နှစ်ပွဲဆက် အနိုင်ဖြင့် အုပ်စုမှ လွတ်မြောက်ရန် သေချာ သွားခဲ့ပြီ ဖြစ်သည်။ အုပ်စု (ခ)တွင် ဟော်လန် အသင်းနှင့် ချီလီတို့မှာ အုပ်စုမှ လွတ်မြောက် သွားပြီ ဖြစ်ရာ ထိုနှစ်သင်း တွေ့ဆုံမည့် အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အုပ်စု ပထမနေရာ အတွက်သာ အရေးပါ တော့မည် ဖြစ်သည်။

နောက်တစ်ဆင့် တက်ရောက်ရေး အရေးကြီးသည့် ပွဲစဉ်ဖြစ်သောကြောင့် နှစ်သင်းစလုံး အာရုံစိုက် ကစားခဲ့ပြီး အဓိက ကစားသမားများကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ စပိန်အသင်းတွင် အဖွင့်ပွဲ၌ အမှားအယွင်း များခဲ့သည့် ပီကေးကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်မှ မာတီနက်ဇ်နှင့် အစားထိုးခဲ့သည်။ ထို့အပြင် အဓိက ကွင်းလယ်ဗိုလ်ချုပ် ဖြစ်သည့် ဇာဗီကိုလည်း ပွဲထွက်ခွင့် မပေးခဲ့ဘဲ ဇာဗီ ကစားသည့် နေရာကို အင်နီယက်စတာက ၀င်ကစားကာ အင်နီယက်စတာ နေရာတွင် ပီဒရိုကို ထည့်သွင်းခဲ့သည်။ တိုက်စစ်ပိုင်းတွင်မူ ဒီယေဂို ကော်စတာပင် ပါဝင်လာခဲ့သည်။ ချီလီတွင်လည်း ဘာစီလိုနာ တိုက်စစ် ကစားသမား ဆန်းချက်ဇ်က တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ဗားဂတ်စ်၊ ဗီဒယ်၊ မီဒယ်၊ အစ္စလာ စသည့် ကစားသမားများ ပါဝင်လာခဲ့သည်။

စပိန်အသင်း အနေဖြင့် ကစားနေကြ ပုံစံအတိုင်း ကွင်းလယ်ပိုင်း အသာစီး ရယူကာ ချီလီ ဂိုးဧရိယာ ထိပ်တွင် စိတ်ကြိုက် မောင်းကစားရန် ကြိုးပမ်းခဲ့သော်လည်း ချီလီအသင်းက အခွင့်အရေး မပေးခဲ့ဘဲ တားဆီးနိုင်ခဲ့သည်။ ချီလီ နောက်ခံလူများ အနေဖြင့် ဂိုးဧရိယာ ထိပ်မှနေကာ စပိန်ကစားသမားများကို အ၀င်အထွက် မြန်မြန်ဖြင့် နှစ်ဆင့် သုံးဆင့် ဖျက်ထုတ်တားဆီး ခဲ့ခြင်း ဖြစ်ရာ စပိန်မှာ အခွင့်အရေး ဖန်တီးရန်ပင် ခက်နေခဲ့သည်။ ထို့အပြင် အဓိက တိုက်စစ် ကစားသမား အဖြစ် ပွဲထွက်လာခဲ့သည့် ဒီယေဂို ကော်စတာမှာလည်း အသင်းနှင့် တွဲဖက် မမိခဲ့ဘဲ ညာတောင်ပံတွင် အားကိုးတကြီး ပွဲထုတ်ခဲ့သည့် ပီဒရိုမှာလည်း ချီလီနောက်ခံလူ မေနာကို မကျော်နိုင်ခဲ့ပေ။ စပိန်သည် ယခုပွဲတွင် အထူးသဖြင့် ချီလီ၏ တန်ပြန်တိုက်စစ်များကို ကွင်းလယ် ကတည်းက ဖြတ်တောက်နိုင်ခြင်း မရှိဘဲ ဂိုးဧရိယာ အတွင်း ရောက်မှသာ အသည်းအသန် ရှင်းထုတ်ခဲ့ရသည်။ ခံစစ် ကစားရာတွင်လည်း စပိန်ခံစစ်သမား များသည် လူများပြီး ပွဲမစည် ခဲ့ပေ။

ပွဲအစမှာပင် ချီလီတိုက်စစ်ကို တားဆီးရာမှ အလွန်ဆို၏ ဖျက်ထုတ်မှု ဂိုးဝင်မလို ဖြစ်သွားခဲ့ သေးသည်။ ထို့နောက်တွင်မူ စပိန်တို့ တည်ငြိမ်သွားခဲ့ပြီး ချီလီကွင်းလယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းလာခဲ့သည်။ ချီလီကမူ ဗီဒယ်၊ ဆန်းချက်ဇ်၊ ဗားဂတ်စ် စသည့် ကစားသမားများ၏ တိုးအားနှင့် စပိန်ခံစစ်ကြောင်းကို တန်ပြန် ဖိအားပေးခဲ့သည်။ အဖွင့်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ထားခဲ့သောကြောင့် အုပ်စုမှ တက်ရန် အတွက် အနိုင်ရလဒ်ကို မဖြစ်မနေ လိုအပ်နေသည့် စပိန်အနေဖြင့် ချီလီကို တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေးများလည်း ရခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် အလွန်ဆို ချီလီဂိုးသမား ဘရာဗိုနှင့် တစ်ဦးခြင်း အနီးကပ် ကန်သွင်းခွင့် ရခဲ့သော်လည်း အလွန်ဆို၏ ကန်ချက်မှာ ဂိုးသမား၏ လက်ကိုသာ ထိခဲ့သောကြောင့် စပိန်တို့ ဦးဆောင်ဂိုး ရနိုင်သည့် အခွင့်အရေး တစ်ရပ်ကို လက်လွှတ်ခဲ့ရသည်။ ပွဲချိန် ၁၉ မိနစ်တွင်မူ ဖိကစားနေသည့် စပိန်တို့ အမှတ်မထင် ချီလီကို ဦးဆောင်ခွင့် ပေးလိုက်ရသည်။ ထိုဂိုးကို တန်ပြန်တိုက်စစ်မှ တဆင့် အာရန်ဂီဇ်၏ ဖန်တီးမှုကို ချီလီတိုက်စစ်မှူး ဗားဂတ်စ်က စပိန်ဂိုးသမား ကာဆီးလက်စ်အား ခြေယောင်ပြကာ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ အမှတ်မထင် ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ချေပဂိုး ပြန်လည် သွင်းယူနိုင်ရေး အတွက် ကြိုးပမ်းလာခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် ဆေးဗားပေးသည်မှ ဒီယေဂို ကော်စတာ ပြေးဝင်ပိတ်သွင်း သော်လည်း ဂိုးဘေးသို့ ကပ်ထွက် သွားခဲ့သည်။ စပိန်အသင်း အနေဖြင့် ဘောလုံးပိုင်ဆိုင်မှုတွင် အသာစီး ရခဲ့သော်လည်း ချီလီခံစစ်ကြောင်းကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ ပထမပိုင်း ပြီးဆုံးရန် မိနစ်ပိုင်းမျှ အလိုတွင် စပိန်ဂိုးဧရိယာ အပြင်ဘက်၌ ချီလီတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ အဆိုပါ ပြစ်ဒဏ်ဘောကို အလက်ဆစ်ဆန်းချက်ဇ် ကန်သွင်းရာ ကာဆီးလက် ပုတ်ထုတ်နိုင်ခဲ့ သော်လည်း ပြန်ကျလာသည့် ဘောလုံးကို ကွင်းလယ်လူ အာရန်ဂီဇ်က ကန်သွင်းနိုင်ခဲ့ သောကြောင့် ပထမပိုင်း အပြီးတွင် ချီလီက စပိန်ကို ၂-၀ ဂိုးဖြင့် ဦးဆောင်ထား နိုင်ခဲ့သည်။

စပိန်နည်းပြချုပ် ဒဲလ်ဘော့စကေးသည် ဒုတိယပိုင်းတွင် ပထမပိုင်းမှ အရှုံးကို ပြန်လည် ချေပနိုင်ရန် အတွက် တိုက်စစ်မြှင့်တင် လာခဲ့ပြီး ကွင်းလယ်လူ အလွန်ဆို နေရာတွင် အက်သလက်တီကို လူငယ် ကိုကီကို ထည့်သွင်းခဲ့သည်။ ပွဲချိန် ၅၂ မိနစ်တွင် စပိန်အသင်း အတွက် အကောင်းဆုံး အခွင့်အရေး အဖြစ် ဒီယေဂို ကော်စတာ၏ နောက်ပြန် ကန်ချက်မှ ဘတ်စကွက်ဇ် လွတ်လွတ်ကျွတ်ကျွတ် ပိတ်ခွင့်ရခဲ့သော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည့် အတွက် စပိန်တို့ ချေပဂိုး တစ်ဂိုး နစ်နာခဲ့ရသည်။ နောက်ပိုင်းတွင် စပိန်က တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်သည့် အနေဖြင့် ဒီယေဂိုကော်စတာနှင့် ပီဒရို တို့၏ နေရာတွင် တောရက်စ်နှင့် ကာဇိုလာတို့ကို လူစားလဲ ခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ဧရိယာ အစပ်မှ ကာဇိုလာ၏ ကန်ချက် ကောင်းသော်လည်း ဂိုးသမား ကာကွယ်ခဲ့သည်။ ပွဲချိန် ၈၃ မိနစ်တွင် အင်နီယက်စတာ ဧရိယာ အပြင်မှ ကန်သွင်းချက်ကိုလည်း ချီလီဂိုးသမားက လက်စွမ်းပြ ကာကွယ်ခဲ့ပြန်သည်။ ပွဲချိန် ၈၇ မိနစ်တွင် စပိန်တို့ ချီလီဂိုဧရိယာ အပြင်ဘက်မှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သော်လည်း ကာဇိုလာ၏ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့သည်။ သာမာန် ပွဲချိန် မိနစ် ၉၀ ပြည့်ချိန်တွင် ကွင်းလယ်ဒိုင်က နာကျင်အချိန်ပို ၆ မိနစ် ပေးခဲ့သည်။ စပိန်တို့ တရစပ် တိုက်စစ်ဆင်နေပြီး ပွဲချိန် ၉၁ မိနစ်တွင် ရာမို့စ်၏ အနီးကပ် ပိတ်သွင်းမှုမှာ နောက်ခံလူများကိုသာ ထိခဲ့သောကြောင့် စပိန်တို့ ဂိုးထပ် မရတော့ဘဲ ပွဲအပြီးတွင် ချီလီကို ရှုံးနိမ့်ကာ ယင်းတို့၏ ချန်ပီယံ ကာကွယ်ခွင့်ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

Mizzima Sport News

အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားရောဂါက နာဆာ အာကာသယာဉ်မှူး တွေကိုပါ စွဲကပ်နေ


နာဆာ ရဲ့ အာကာသယာဉ်မှူးတွေ ဖြစ်တဲ့ Reid Wiseman၊ Steve Swanson နဲ့ ဥရောပအာကာသအေဂျင်စီ က  ဂျာမနီနိုင်ငံသား အာကာသယာဉ်မှူး Alexander Gerst တို့ ဟာ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကို အာကာသကနေ တိုက်ရိုက်ကြည့်နေကြပါတယ်။ အပြည်ပြည်ဆိုင်ရာအာကာသစခန်းအတွင်းမှာ တပ်ဆင်ထားတဲ့ ဒေတာဖမ်းစက်ကနေ တိုက်ရိုက်ကြည့်ရှုနေကြကြောင်း နာဆာက တရားဝင်ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့ဖလားပွဲဝင် အသင်းတွေ၊ကစားသမားတွေနဲ့  ပွဲကြည့်ပရိတ်သတ်တွေအတွက် ဆုမွန်ကောင်းတောင်း ပေးထားတဲ့ စကားနဲ့ အတူ ISS (International Space Station) က ၀န်ထမ်းတွေအာကာသစခန်းအတွင်းမှာ ဆွဲငင်အားအကန့်  အသတ်နဲ့  ဘောလုံးကစားနေကြတဲ့ ဗီဒီယိုဖိုင်ကိုလည်း နာဆာက မကြာသေးမီက ထုတ်ပြန်ခဲ့ပါသေးတယ်။

နာဆာအာကာသယာဉ်မှူးတွေရဲ့ မိခင်နိုင်ငံ အမေရိကန်အသင်းနဲ့ ဥရောပအာကာသအေဂျင်စီက ဂျာမနီ အာကာသယာဉ်မှူးရဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ ဟာ ဂျွန်လ ၂၆ ရက်နေ့ မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

ကမ္ဘာ့အမြန်ဆုံး ဘောလုံးသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည့် ရော်ဘင်


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အသိအမှတ်ပြုထားသည့် စံနှုန်းများအရ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး ပြေးလွှားနိုင်သည့် ဘောလုံးသမားအဖြစ် အာဂျန်ရော်ဘင်က စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် စပိန်ကို (၅-၁)ဖြင့် အနိုင်ရခဲ့ရာတွင် နယ်သာလန်၏ တောင်ပံတိုက်စစ် ကစားသမားသည် ဘောလုံးဟို တဟုန်ထိုး ဆွဲပြေးသယ်ယူသွားပြီး အသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့သည်။

ရော်ဘင်သည် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို နောက်ချန်ထားနိုင်အောင် အားထုတ်ပြေးလွှားသွားပြီး ထိုအချိန်တွင် ၎င်း၏ ရွေ့လျားနှုန်းသည် တစ်နာရီလျှင် (၃၇)ကီလိုမီတာနှုန်းထိ ရှိသည်။ ယင်းသည် ဘောလုံးသမား တစ်ဦးအတွက် အမြန်ဆုံး စံချိန်လည်း ဖြစ်လာခဲ့သည်။

ယခင်က အာဆင်နယ်နှင့် အင်္ဂလန်လက်ရွေးစင် ကစားသမား သီအိုဝဲလ်ကော့က တစ်နာရီ (၃၅.၇)ကီလိုမီတာ ပြေးနှုန်းဖြင့် FIFA၏ ကမ္ဘာ့အမြန်ဆုံး ဘောလုံးသမား စံချိန်ကို ပိုင်ဆိုင်ထားသော်လည်း အသက်(၃၀)အရွယ် ရော်ဘင်က ဖြတ်ကျော်သွားခြင်း ဖြစ်သည်။ ၎င်း၏ ပြေးနှုန်းသည် လျှပ်စီးလူသားဟု တင်စားခံရလေ့ရှိသည့် ကမ္ဘာ့ချန်ပီယံ တောင်အာဖရိက တာတိုအပြေးသမား အူစိန်ဘော့တ်၏ စံချိန်အောက် တစ်နာရီလျှင် (၇)ကီလိုမီတာမျှသာ လျော့နည်းသည်။

FIFA အသိအမှတ်ပြု စံနှုန်းများအရ ဘောလုံးပွဲတစ်ပွဲတွင် အမြန်ဆုံး ပြေးလွှားနိုင်ခဲ့သည့် ထိပ်တန်းကစားသမားများနှင့် ၎င်းတို့၏ စံချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အာဂျန်ရော်ဘင် … တစ်နာရီ (၃၇)ကီလိုမီတာနှုန်း
၂။ သီအိုဝဲလ်ကော့ … တစ်နာရီ (၃၅.၇)ကီလိုမီတာနှုန်း
၃။ အန်တိုနီယိုဗလန်စီယာ … တစ်နာရီ (၃၅.၂)ကီလိုမီတာနှုန်း
၎။ ဂါရတ်သ်ဘေးလ် … တစ်နာရီ (၃၄.၇)ကီလိုမီတာနှုန်း
၅။ အေရွန်လင်နွန် … တစ်နာရီ (၃၃.၈)ကီလိုမီတာနှုန်း
၆။ ခရစ္စတီယာနိုရော်နယ်လ်ဒို … တစ်နာရီ (၃၃.၆)ကီလိုမီတာနှုန်း
၇။ လီယွန်နယ်မက်ဆီ … တစ်နာရီ (၃၂.၅)ကီလိုမီတာနှုန်း
၈။ ဝိန်းရွန်နေး … တစ်နာရီ (၃၂.၁)ကီလိုမီတာနှုန်း

_Ref; Dailymail
7day daily

အပြည့်အစုံသို့ »

မိန်းကလေးကိစ္စဖြင့် အမှုဖွင့်ခံရသည့် လက်ရွေးစင်ကစားသမားကြည်လင်း



ရန်ကုန်- ရန်ကုန်ယူနိုက်တက်ဘောလုံးကစားသမားကြည်လင်းသည် အသက်
မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကိုခိုးယူပေါင်းသင်းမှုစွပ်စွဲချက်ဖြင့်
ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သတင်းရရှိသည်။

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကွင်းလယ်ကစားသမားကြည်လင်းသည် ဇွန်လ ၇ ရက်တွင် အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းအမှုတွင် အမှုဖွင့်ခံထားရသူမှာ သာမန်လူတစ်ဦးမဟုတ်ဘဲ နိုင်ငံ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သောကြောင့် တရားလိုဘက်မှတိုင်ကြားချက် ဖြစ်စဉ်ကို ကမာရွတ်မြို့နယ်ရဲစခန်းက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ အဆိုပါမိန်းကလေးငယ်သည် ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ အလှပြင်သင်တန်းတက်ရောက်နေသူတစ်ဦးလည်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တရားလိုဘက်ကတော့ စွပ်စဲတိုင်တန်းထားတဲ့သဘောပဲရှိသေးတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းကို မစစ်ရသေးတော့ ပြောလို့မရဘူး။ ဟိုဘက်ကို လည်း စစ်ဆေးပြီးမှမေးတဲ့ မေးခွန်းတွေကိုဖြေလို့ရမယ်။ မပြောနိုင်သေးဘူး။ စွပ်စွဲခံထားရတုန်းဆိုတော့ နောက်လုပ်ထုံးလုပ်နည်းအရ ဝန်ကြီးဌာနနဲ့ အသင်းကိုတော့ အကြောင်းကြားထားပြီးပြီ။ ဖြစ်တုန်းက အလိုတူလား၊ မတူလားဆိုတာ စစ်ဆေးရဦးမှာ’’ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်မျိုးမင်းအောင်က ပြောသည်။

‘‘အခုလက်ရှိတော့ ကြည်လင်းက အသင်းမှာပဲရှိနေသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမသိသေးဘူး’’ဟု ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကြည်လင်းထံသို့ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။ ယင်းအမှုကို ကမာရွတ်မြို့ နယ် ရဲစခန်းတွင်ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ အရ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းမှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထားကြောင်း သတင်းရရှိသည်။

ကြည်လင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာကြောင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲကို တစ်ပွဲမှဝင်ရောက်ကစား နိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပြီး အနားယူခဲ့ရသည်။

7Day News Daily

အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးပြည်သူတွေ မုန်းတီးနေကြခြင်း အကြောင်းတရားများနောက်ကွယ်…


ဝေဘုန်းလူ
ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ၊ ဆင်းရဲချမ်းသာ မညီမျှမှုတွေ၊ အားကစားကွင်းအချို့ အဆင်သင့်မဖြစ် သေးမှုတွေကြားက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဘရာဇီးနိုင်ငံက လက်ခံကျင်းပနေပြီဖြစ်ပါတယ်။


အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားပွဲစဉ်များကြည့်ရန် မအိပ်ဘဲနေသည့် တရုတ်ဘောလုံးပရိသတ်တစ်ဦး အိပ်ရေးပျက်သေဆုံး


အောင်သုတ
တရုတ်နိုင်ငံမှ ဘောလုံးပရိသတ်တစ်ဦးသည် ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့်
ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုရန်အတွက် မအိပ်ပဲ
စောင့်ဆိုင်းနေခဲ့ရာ အိပ်ရေးပျက်သည့်အတွက် အသက်ဆုံးရှုံးခဲ့ရသည်ဟု
ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အသက် ၂၅ နှစ်အရွယ် ယင်းဘောလုံးပရိသတ်ကို သောကြာနေ့က ကစားခဲ့သော
စပိန်နှင့်ဟော်လန်အသင်းတို့၏ ပွဲစဉ်အပြီးတစ်နာရီခန့် အ ကြာတွင်
ရှန်ဟိုင်းပြည်နယ်အနီးရှိ Suzhou မြို့ရှိ ၎င်း၏နေအိမ်၌ တီဗီရှေ့တွင်
သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းပွဲစဉ်ကစားခဲ့သော ဘရာဇီးနိုင်ငံ၊
ဆယ်လ်ဗေးဒိုးမြို့၏ စံတော်ချိန်မှာ ရှန်ဟိုင်းထက် ၁၁ နာရီနောက်ကျပြီး
ဘောလုံးပွဲပြီးဆုံးချိန်မှာ တရုတ်နိုင်ငံတွင် နံနက် ၅ နာ
ရီခန့်ရှိအချိန်ဖြစ်ရာ ယင်းပရိသတ်အနေဖြင့် ဘောလုံးပွဲကြည့်ရှုရန် တစ်ညလုံး
မအိပ်ပဲစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သေဆုံးမှုကို စစ် ဆေးခဲ့သည့်
ဆရာဝန်ကလည်း ယင်းသေဆုံးမှုမှာ အိပ်ချိန်မလုံလောက်ခြင်းကြောင့်ဟု
ကောက်ချက်ချခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် တရုတ်နိုင်ငံရှိ ဘောလုံးပရိသတ်များအနေဖြင့်
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အိပ်ချိန်များကို ဂရုစိုက်ကြရန်နှင့် လုံ
လောက်သည့် အိပ်ချိန်မရှိပါက အန္တရာယ်ရှိနိုင်ကြောင်း
ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူများက သတိပေးထားသည်။ ယူရို ၂၀၁၂
ပြိုင်ပွဲအတွင်း ကလည်း တရုတ်ဘောလုံးပရိသတ်တစ်ဦးမှာ ဘောလုံးပွဲစဉ်များကို
ကြည့်ရှုရန် ၁၁ ညဆက်တိုက်မအိပ်ခဲ့သည့်အတွက် သေဆုံးခဲ့ရသည်။

ရည်ညွှန်း - Daily Mail
Mizzima Burmese

အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားပွဲတွင် ချီလီအသင်းအနိုင်ရ၍ ကတိအတိုင်း ယောင်္ကျားတစ်ယောက်နှင့် ညအိပ်ခဲ့ရသည့် ပွန်းစတား


အရွယ်ရောက်ပြီးသူများသာကြည့်ရှုခွင့်ပြုတဲ့ဇာတ်ကား သရုပ်ဆောင် ချီလီပွန်းစတား မာလန်ဒေါလ် ဟာ ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံအသင်းအနိုင်ရခဲ့တဲ့ အတွက် သူပေးထားတဲ့ ကတိအတိုင်း အောင်ပွဲခံခဲ့ပါတယ်။
သြစတြေးလျနဲ့ ကစားရတဲ့ အဲဒီပွဲမတိုင်မီမှာ မာလန်က အကယ်၍ ချီလီအသင်းအနိုင်ရရင် အမျိုးသား တစ်ဦးနဲ့ ရှစ်နာရီကြာ အတူအိပ်ပြီး အောင်ပွဲခံမယ်လို့ တွစ်တာမှာ သူ့ရဲ့ သူငယ်ချင်းတွေကို ကတိပေးခဲ့ပါတယ်။ တကယ်တမ်းပွဲကစားတဲ့အခါ ချီလီအသင်းက သြစတြေးလျကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာကြောင့် မာလန်တစ် ယောက် သူ့ကတိကို အကောင်းအထည်ဖော်ဖို့ လုပ်ရပါတော့တယ်။
အဲဒါကတော့ တွစ်တာကတစ်ဆင့် သူ့ရဲ့ ဖုန်းနံပါတ်ကို သူငယ်ချင်းတွေကို အသိပေးခဲ့တာပါ။ သူ့ဆီ လာတဲ့ ဖုန်းတွေထဲကမှ ကျဘမ်းကိုင်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူအိပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီနောက် မာလန်ဟာ သူကိုင်လိုက်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူ အောင်ပွဲခံမှု စတင်ပါတော့တယ်။ သူ့ကတိပေးထားတဲ့ ရှစ်နာရီထက်ကို စေတနာတွေပိုခဲ့ပြီး ၁၂ နာရီ ကြာအောင် မနားတမ်း အိပ်စက်ခဲ့တယ်လို့ မာလန်က တွစ်တာ မှာ ဇာတ်ကြောင်းပြန်ရေးသားခဲ့ပါတယ်။

ရည်ညွှန်း 101greatgoals
Mizzima Sport News

အပြည့်အစုံသို့ »