Showing posts with label story. Show all posts
Showing posts with label story. Show all posts

နော်ဝေးအိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်



မိန်းကလေးတိုင်းက စင်ဒရဲလားဖြစ်ချင်တဲ့ အိပ်မက်မျိုးကို မက်ဖူးကြမယ်ထင်ပါရဲ့။

မွဲပြာခြောက်သွေ့တဲ့ဘဝမှာ ချောမောလှပတဲ့မင်းသားတစ်ပါး ကိုယ့်အနားလျှောက်လာပြီး လက်လက်ထနေတဲ့ဖိနပ်တစ်ရံ ကမ်းပေးလိုက်ချိန် မှော်ဆရာရဲ့ကျိန်စာသင့်နေတဲ့ဘဝက ချက်ချင်းပဲ လင်းလက်လာခဲ့သလိုမျိုး….

အဲဒီလို စင်ဒရဲလားဖြစ်ချင်တဲ့မိန်းကလေးက လှပတဲ့ရုပ်ရည်၊ ကောင်းမွန်တဲ့စရိုက်လက္ခဏာရှိရတယ်၊ အရေးအကြီးဆုံးက ရှေးဘဝမှာ ဘာအကုသိုလ်မှမလုပ်ခဲ့ဘဲ ဒီဘဝမှာ ဖြူစင်တဲ့ပုလဲလေးတစ်လုံးလို မင်းသားရဲ့ရှာဖွေတွေ့ရှိမှုကို စောင့်ဆိုင်းနေရတယ်။

ဒါပေမယ့် ဒါတွေအားလုံးက နော်ဝေးအမျိုးသမီး Mette-Marit မှာ မရှိခဲ့တဲ့အရာတွေပါ။ Mette-Marit က ပြဿနာမိန်းကလေးတစ်ယောက်၊ Party ကြိုက်တဲ့ မိန်းကလေးတစ်ယောက်၊ အိမ်ထောင်မရှိတဲ့ ကလေးအမေတစ်ဦးဖြစ်တယ်။ သူ့ကလေးရဲ့ဖခင် (သူနဲ့မင်္ဂလာမဆောင်ဘဲ အတူနေသူ)က မကြာခဏ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရသူဖြစ်တယ်။ ဒီအချက်တွေအားလုံးက သူရဲ့စင်ဒရဲလားအိပ်မက်ကို ဖြိုဖျက်ပစ်နိုင်လောက်တဲ့ အချက်တွေဖြစ်တယ်။ အိမ်ရှေ့မင်းသားရဲ့ခြေလှမ်းကို ရပ်တန့်ပစ်နိုင်တဲ့ အချက်တွေဖြစ်တယ်။

ဒီအမျိုးသမီး Mette-Marit ရဲ့ဘဝက မွဲပြာခြောက်သွေ့လွန်းလို့ မည်းတောင်မည်းနေခဲ့ပါပြီ။

ရှေးဘဝကံက အခုဘဝကို ပြည့်စုံလှပစေသလား။ ဒါကို Mette-Maritမယုံခဲ့သလို နော်ဝေးအိမ်ရှေ့မင်းသား Haakonလည်း မယုံခဲ့ဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် သူတို့ထပ်တွေ့ဆုံချိန်မှာ သူတို့ရဲ့အကြည့်က တစ်ယောက်နားတစ်ယောက်မခွာခဲ့ဘူးဆိုတာကို သူတို့သိလိုက်တယ်။ သူတို့လိုချင်တာက အချစ်ပါ၊ အာဏာ၊ မျိုးရိုးနဲ့လုံးဝမဆိုင်တဲ့ အချစ်ကိုပါ။ ဒါကြောင့် သူတို့ဟာ တစ်သားတည်း နှစ်ယောက်အတူ ခိုင်ခိုင်မာမာ လက်တွဲခဲ့ကြတယ်။

သူတို့ဟာ မျိုးရိုး၊ နောက်ခံ ဘာတစ်ခုမှမတူခဲ့ကြတဲ့ လူနှစ်ဦးဖြစ်ပေမယ့် သူတို့အချင်းချင်း ချစ်ခဲ့ကြပါပြီ။ ဒါကြောင့်လည်း နော်ဝေးရဲ့သတင်းစာပေါ်မှာ “ဒီလိုမတူညီတဲ့ပေါင်းစပ်မှုက မင်္ဂလာဆောင်ပြီဆိုတာထက် လူကို ပိုထူးဆန်းအံ့သြစေပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Mette-Maritနဲ့ နော်ဝေးအိမ်ရှေ့မင်းသားHaakonတို့ရဲ့တွေ့ဆုံမှုက ရိုးရိုးလေးပါပဲ။

သာမန်စားသောက်ဆိုင်တစ်ခုမှာပါ။ မင်းသားHaakonချိန်းထားတဲ့မိတ်ဆွေ ရောက်မလာသေးပါဘူး။ ရွှေဝါရောင်ဆံနွှယ်နဲ့ အပြုံးချိုချို စားပွဲထိုးမလေးတစ်ဦးက ကော်ဖီပူပူတစ်ခွက်လာချပေးပြီး “ရှင့်ကို ကျွန်မတွေ့ဖူးတယ်”လို့ ဆိုပါတယ်။

မင်းသားHaakon ရယ်ပါတယ်။

စားပွဲထိုးမလေးက ဆက်ပြီး “လွန်ခဲ့တဲ့ ၃နှစ်က Kristiansand ဂီတပွဲတော်မှာ ကျွန်မနေထိုင်မကောင်းဖြစ်တော့ ရှင့်ကားနဲ့ အိမ်ပြန်ခဲ့တယ်….”

အော်.. သူကိုး… မင်းသားHaakon သတိရလာပါတယ်။ ဒီမိန်းကလေးကို သူမှတ်မိနေခဲ့ပါတယ်။ ဂုဏ်ရှိန်ထည်ဝါတဲ့ ဧည့်သည်တော်တွေကြားမှာ ဒီမိန်းကလေးက ရှန်ပိန်တွေပေးပို့လိုက် သုံးပြီးသားခွက်တွေကို သိမ်းလိုက်နဲ့ လူးလားခေါက်ပြန်နေခဲ့ပါတယ်။ သန့်စင်ခန်းသွားတဲ့ ကော်ရစ်တာမှာ မျက်နှာဖြူဖပ်ဖပ်ဖြစ်နေတဲ့ ဒီမိန်းကလေးကို သူတွေ့ခဲ့တယ်။ မိန်းကလေးကို သူထူပေးလိုက်တယ်။ နဖူးပေါ်မှာ ချွေးစေးတွေပြန်နေတဲ့ မိန်းကလေးကို လူကြီးမင်းဆန်ဆန် “ဘာဖြစ်တာလဲ”လို့ သူမေးလိုက်တယ်။ မိန်းကလေးက အားနာဟန်နဲ့ ခေါင်းမော့ပြီး “ရုတ်တရက် နေထိုင်မကောင်းဖြစ်လို့”လို့ ဖြေတယ်။

ဂီတပွဲကနေ သူလည်းခွာတော့မှာမို့ ကားဆရာကိုခေါ်ပြီး မိန်းကလေးကိုပါ တစ်ပါတည်းလိုက်ပို့ဖြစ်ခဲ့တယ်။

တစ်ခါပဲတွေ့ဆုံတဲ့တွေ့ဆုံမှုက ၃နှစ်ကျော်သွားခဲ့တယ်။

သူမျက်မှောင်ကြုတ်လိုက်တယ်။ မိန်းကလေးရဲ့နာမည်က Metteလို့ခေါ်တယ်ဆိုတာကို သွားသတိရလိုက်မိတယ်။

ကိုယ့်နာမည်ကို ခေါ်တဲ့အသံကြောင့် Mette ထအော်မိမတတ် ဝမ်းသာသွားခဲ့တယ်။

“ဘယ်လိုလုပ်ပြီး ကျွန်မနာမည်ကို မှတ်မိနေပါလိမ့်”

လွန်ခဲ့တဲ့ ၃နှစ်ညမှာ Mette အိမ်ပြန်ရောက်တာနဲ့ ကိုယ့်ကိုယ်ကိုနေထိုင်မကောင်းဖြစ်တာကို ခဏမေ့သွားပြီး သူ့ကိုအိမ်ပြန်ပို့သူဟာ အိမ်ရှေ့မင်းသားHaakon ဖြစ်ကြောင်း ဖခင်ကို ဝမ်းသာအားရပြောပြခဲ့တယ်။

ဖခင်က အနည်းငယ်ဖောင်းနေပြီဖြစ်တဲ့ သမီးရဲ့ဗိုက်ကိုကြည့်ပြီး သက်ပြင်းချခေါင်းခါပါတယ်။ မကြာခင် အိမ်ထောင်မရှိတဲ့ ကလေးအမေတစ်ဦးဖြစ်တော့မယ့် သမီးက ဘာကိုမှ စိုးရိမ်သောကရောက်မနေခဲ့ဘူး။ သူရဲ့အနာဂတ်လမ်း ဘယ်လိုဆက်လျှောက်မလဲ….

ဟုတ်ပါတယ်… အိမ်ရှေ့မင်းသားနဲ့ တစ်ကြိမ်သာဆုံခဲ့တဲ့ရေစက်က ဆိုးဝါးလှတဲ့ Metteရဲ့ဘဝကို ဘာတောက်ပြောင်မှုမှ မပေးခဲ့ပါဘူး။ အဲဒီကာလမှာပဲ သူဟာ Party Girl လုပ်ခဲ့တယ်။ မူးယစ်ဆေးစွဲနေတဲ့ ချစ်သူနဲ့ အတူနေခဲ့တယ်။ ကိုယ်ဝန်ရှိလာတော့ ချစ်သူစွန့်ပစ်တာကို ခံခဲ့ရတယ်။ သူဒီလောက် အားနည်းပျော့ညံ့နေတာတောင် စားပွဲထိုးလုပ်ပြီး ကလေးမွေးဖွားဖို့အတွက် ငွေရှာခဲ့တယ်။

ကြီးပြင်းခြင်းဆိုတာ ဗိုက်ထဲမှာ ကလေးရှိနေပြီဆိုတဲ့ အချိန်ကစတယ်ထင်ပါရဲ့…

၃နှစ်ကာလအတွင်းမှာ သား Matthew ကို သူကိုယ်တိုင်ထိန်းကျောင်း ကျွေးမွေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ Oslo တက္ကသိုလ်ကို တက်ရောက်ဖို့ သူစတင်ခဲ့တယ်။

နှစ်၊ လ၊ ရက်တွေရဲ့တိုက်စားမှုကို ခံခဲ့ပြီးတဲ့နောက်မှာ single motherဖြစ်တဲ့ Metteဟာ တစ်သားမွေး တစ်သွေးလှဆိုသလို ပိုဆွဲဆောင်နှစ်လိုဖွယ်ဖြစ်လာခဲ့တယ်။

အဲဒီညက အိမ်ရှေ့မင်းသားHaakonရဲ့ မိတ်ဆွေရောက်မလာခဲ့ဘူး။ Metteက Haakonကို အဖော်လုပ်ပြီး Kristiansand မြို့လေးရဲ့ စိတ်ဝင်စားစရာတွေကို ပြောဆိုခဲ့ပါတယ်။

စားသောက်ဆိုင်ကအပြန်မှာ နွေဦးရဲ့ပန်းတစ်ပွင့်လို လန်းဆန်းတဲ့မျက်နှာတစ်ခုက Haakonရဲ့ ခေါင်းထဲတဝဲဝဲ လည်နေခဲ့တော့တယ်။

နောက်တစ်နေ့မှာ စားသောက်ဆိုင်ရှေ့ Haakonရောက်လာခဲ့ပြီး Metteကို စောင့်ခဲ့တယ်။

“ခင်ဗျားနဲ့ ချိန်းတွေ့လို့ရမလား”လို့ က Haakonမေးတယ်။

“ရတယ်.. ဒါပေမယ့် ကိစ္စတချို့ကို ရှင်သိထားဖို့လိုတယ်”လို့ Mette ကဆိုတယ်။

အဲဒီနေ့က ကော်ဖီဆိုင်လေးတစ်ခုမှ Metteက Haakonကို သူ့ဘဝဇာတ်ကြောင်းတွေ ပြောပြနေခဲ့တယ်။ သူ ၁၁နှစ်အရွယ်မှာ မိဘတွေအိမ်ထောင်ကွဲတယ်။ ဘော်လီဘောကစားရတာကို သူနှစ်သက်တယ်၊ ကစားသမားဘဝကနေ နည်းပြဖြစ်တဲ့အထိ သူကစားခဲ့တယ်။ သူ တက္ကသိုလ်မတက်ခဲ့ဖူးဘူး။ Party Girl ဘဝနဲ့ နေ့ညပြောင်းပြန် သူရူးမိုက်ခဲ့ဖူးတယ်။ ဆေးသမားတစ်ယောက်နဲ့ အတူနေခဲ့ဖူးတယ်။ အိမ်ထောင်မကျဘဲ ကလေးတစ်ယောက် မွေးခဲ့တယ်…..

Haakonက Metteရဲ့ လက်ကိုဆွဲကိုင်ပြီး “ပြောသွားပြောလာလည်း အဲဒီ ပိုးထိုးတဲ့အကြောင်းတွေပဲလား”လို့ ပြောတယ်။

Metteရဲ့မျက်လုံးတွေ အရောင်မှိန်ကျသွားပြီး “ကျွန်မ ဘာတွေဖြစ်ပျက်ခဲ့ဖူးတယ်ဆိုတာကို ရှင်သိထားဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့ နစ်သထက်နစ်ပြီး ပြန်ရုန်းထွက်တဲ့အချိန်မှာ ရှင်ရော၊ ကျွန်မရော ပိုကြေကွဲထိခိုက်ကြလိမ့်မယ်”

အိမ်ရှေ့မင်းသား Haakonက ဒီသူ့မျက်စိရှေ့က မိန်းကလေးဟာ လှပရုံတင်မက အသိဉာဏ်လည်းရှိတယ်လို့ တွေးလိုက်တယ်။

“အရင်တုန်းက ခင်ဗျားဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်မမေးဘူး။ အနာဂတ်ကိုပဲ ခင်ဗျားနဲ့အတူ ကျွန်တော်လျှောက်လှမ်းချင်တယ်”

ဒါဟာ အကောင်းဆုံး မေတ္တာစကားတစ်ခွန်းပဲဖြစ်တယ်။ အဲဒီစကားကို Metteမျက်ရည်ဝိုင်းဝိုင်းလေးနဲ့ ရင်ထဲထည့်သိမ်းထားလိုက်တယ်။ တကယ်လို့ မင်းသားနဲ့သူတွေ့ဆုံချိန်မှာ သူသာ စက္ကူတစ်ရွက်လို ဖြူစင်နေခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ သူနောင်တမရခဲ့တော့ပါဘူး။

အတိတ်ကိုပြောင်းလဲလို့ မရနိုင်တော့ရင် အခုလက်ရှိကိုပဲ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ဖို့ ကြိုးစားရတော့မယ်။

ဆက်ပါဦးမယ်….
credit to : Nine Nine Sanay

အပြည့်အစုံသို့ »

နွားကျောင်းသားလေးရဲ့ ချစ်ခြင်း


ပုံပြင်လေး ကတော့ ဒီလိုပါ။ အလွန်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက် ရှိပါတယ်။ ထိုသူဌေးကြီးမှာ အလွန်မတန်မှ ချောမောလှပတဲ့ သမီးတော်လေး နှစ်ပါးရှိပါတယ်။ ထိုသမီးတော်လေး နှစ်ပါးဟာ မျက်ရေ ကျလိုက်တာနဲ့ ထိုမျက်ရေတွေနဲ့ အတူ ရွှေတွေ ပါလာပါတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာ သမီးတော်လေး တစ်ပါးဟာ ချမ်းသာတဲ့ သူဌေးသားလေးနဲ့ အိမ်ထောင်ပြုသွားပြီး နောက်သမီးတော်လေး တစ်ပါးကတော့ အလွန်ပင် ဆင်းရဲတဲ့ နွားကျောင်းသားလေးနဲ့ အိမ်ထောင်ပြုသွားပါတယ်။ ဒီလိုနဲ့ နှစ်တွေအတော်ကြာတော့ သူဌေးကြီးဟာ သမီးတော်လေး နှစ်ပါးကို တွေ့ချင်လွန်းတာနဲ့ ခေါ်ခိုင်းလိုက်ပါတယ်။

မကြာမီမှာပဲ သမီးတော်လေး နှစ်ယောက် လုံး သူဌေးကြီးထံ ရောက်ရှိလာ ပါတော့တယ်။ သူဌေးသားလေးနဲ့ လက်ထပ်လိုက်တဲ့ သမီးတော်လေးကတော့ ရွှေတွေ အပြည့်နဲ့ ချမ်းသာကြွယ်ဝနေ ပါတယ်။ ထိုအခါ သူဌေးကြီးက အံ့ကြစွာဖြင့် နွားကျောင်းသားလေးနဲ့ လက်ထပ်လိုက်တဲ့ သမီးလေးကို မေးပါတယ်။

" သမီးလေးရယ် မျက်ရေတစ်စက် ကျလိုက်တာနဲ့ ရွှေတွေပါလာတာ ခုဘာလို့ ဒီလောက်ဆင်းရဲနေရ တာလဲကွယ် "
ထိုအခါမှတော့ နွားကျောင်းသားလေးက ကျွန်တော် သူ ငိုတာကို မကြည့်ရက်လို့ပါ။ သူငိုမှ ကျွန်တော်တို့ ချမ်းသာမယ်ဆိုရင် နေပါစေ။ ကျွန်တော်သူ့ကို အမြဲတန်း ပြုံးပျော်ပြီးပဲ နေစေချင်တယ်။

yoyarlay

အပြည့်အစုံသို့ »

အင်ဂျင်နီယာ ပုံပြင်


တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်။
ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့်
နတ်ပြည် - ငရဲပြည် အမြန်လမ်းမကြီးကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…။

ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… ။

အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို

တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်…။

.တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…။

သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…။

သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… ။

အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… ။

သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… ။

သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…။

.အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… ။

သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… ။

နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ။

ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….။

အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… ။

သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…။

ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ။

ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…။

သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…။

ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…။
“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ်

ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”

ဟု တိုင်ကြားလိုက်လေသည်…..…။

ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….။

သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း

ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..။

နတ်မင်းကြီးရဲ့ အဖြေစကားကတော့….

“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး

စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်…

ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး….

ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက

အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်…

ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်…

ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို

ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့

နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”

ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..။

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်….။

ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……။

ဖိုးဇော်(၂၂-၂-၂၀၁၃)

အပြည့်အစုံသို့ »

ခေါင်းဆောင်ကောင်း



လွန်လေပြီးသော အခါက တိုင်းပြည်တစ်ပြည်မှာ အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်သတဲ့ ..
ဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေအပေါ် သားသမီးနဲ့မခြား ချစ်ခင်စောင့်ရှောက်တဲ့အတွက် ..
တိုင်းသူပြည်သားတွေကလည်း .. ဘုရင်ကြီးကို လေးစားချစ်ခင်ကြတယ် …
ဒီလိုနဲ့ .. တစ်နှစ်မှာတော့ မိုးလေ၀သအခြေအနေတွေပျက်စီးယိုယွင်းလာတဲ့အတွက် ..
ဘုရင်ကြီးရဲ့ တိုင်းပြည်မှာ .. ဆန်ရေစပါးရှားပါးပြတ်လပ်မှုနဲ့ကြုံတွေ့ရပါတော့တယ် …
အဲဒီအခါမှာမှာ ဘေးနားက တိုင်းပြည်တွေရဲ့ ရန်စောင်ခြင်းကိုလည်း ခံရပြီး တိုင်းပြည်အတွင်းမှာလည်း ..
ခိုးဆိုးလုယက်မှုတွေနဲ့ မငြိမ်မသက်ဖြစ်မှုအခြေအနေတွေဖြစ်ပေါ်လာပါတော့တယ် …

ဒီလိုနဲ့ ..
တစ်ညမှာ သူခိုးတစ်ယောက်ဟာ ဘုရင်ကြီးရဲ့ အိမ်ခန်းထဲ နန်းတော်အဆောင်ထဲကို ခိုးဝင်ပါတော့တယ် …
ဘုရင်ကြီးမအိပ်သေးမှန်းတွေ့တော့ သူခိုးဟာ … ဘုရင်ကြီးအိပ်ဆောင်အပေါ်ထပ်က သစ်သားတန်းပေါ် ပုန်းခိုနေသတဲ့ ..
ဘုရင်ကြီးက သူခိုး ကပ်နေမှန်းသတိထားမိပါတယ် .. သူတစ်ချက် ပြောလိုက်တာနဲ့ဘေးနားကအစောင့်တွေဝင်လာပြီး ..
သူခိုးကို သုတ်သင်ပစ်လိုက်ကြမှာပါ .. ဒါပေမယ့် ဥာဏ်ပညာကြီးတဲ့ဘုရင်ကြီးကအဲဒီလိုနည်းနဲ့မရှင်းပဲ ပထမဆုံး သူ့သားတော်လေးကိုခေါ်လိုက်ပါတယ်
“ သားရေ .. အဖေ့ဆီလာပါဦး ”
တစ်ဖက်အခန်းမှာ နေတဲ့သားဖြစ်သူက ဖခင်ဘုရင်ကြီးဆီရောက်လာပါတယ် ..
“ ချစ်သား …အဖေပြောတာနားထောင်ပါ ..
လူတစ်ယောက်အနေနဲ့ ဖြောင့်မှန်သော အလုပ်ကို လုပ်ရတယ် .. ခိုင်မာတဲ့ ယုံကြည်ချက်ကို လက်ကိုင်ထား၇တယ် ..
လူ့ဘ၀တလျှောက်လုံးမှာ ကောင်းတာတွေချည်းမလုပ်နိုင်တောင် မကောင်းတာတွေကိုနည်းနိုင်သမျှ နည်းအောင် ..
ကြံစည်အားထုတ်ရတယ် အဖေ့အမြင်ကတော့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေလုပ်နေတဲ့လူတိုင်းမှာ .. ဆိုးသွမ်းတဲ့စိတ်တွေရှိချင်မှရှိမှာပါ ..
တခါတလေ အခြေအနေအကြောင်းကြောင်းကြောင့်လုပ်နေရတာတွေလည်းရှိတတ်တယ် .. ”
ဘုရင်ကြီးက သူ့သားကိုပြောသလိုလိုနဲ့ ထုပ်တန်းပေါ်က သူခိုးကြားအောင်လို့ အသံကိုထပ်မြှင့်ပြီးပြောလိုက်တယ် …
“ ချစ်သား .. သေချာမှတ်ထားပါ လူတစ်ယောက်ဟာ သူ့စည်းစိမ်ဥစ္စာတွေ ပျက်စီးကုန်ဆုံးသွားခဲ့ရင်တောင် ..
သူ့ယုံကြည်ချက် နဲ့သူ့ရပ်တည်မှုအပေါ် ဘယ်တော့မှ သစ္စာမမဲ့ရဘူး မစွန့်လွှတ်ရဘူး ”

သားဖြစ်သူကိုပြောနေတဲ့ ဖခင်ဘုရင်ကြီးရဲ့ စကားတွေကိုကြားပြီးထုပ်တန်းပေါ်ကသူခိုးဟာ နောင်တကြီးစွာရနေခဲ့တယ် ..
ပြီါ်တော့သူ့ကိုယ်သူလည်းရှက်လာခဲ့တယ် .. ဒါကြောင့် သူခိုးဟာ ထုပ်တန်းပေါ်က ဆင်းပြီး ဘုရင်ကြီးရှေ့မှာ ဒူးထောက်ခစားလိုက်ပါတယ်
“ ကျွန်တော် .. အလွန်ပဲဝမ်းနည်းမိပါတယ် … ဒါပေမယ့် ကျွန်တော်လုပ်သမျှ စားနပ်ရိက္ခာ ပြတ်လပ်လွန်းအားကြီးလို့ ကြံမိကြံရာ ကြံစည်မိခြင်းသာဖြစ်ပါတယ် ”
ဘုရင်ကြီးဟာ သူခိုးကို ခွင့်လွှတ်ပေးခဲ့ပါတယ် …ပြီးတော့ အ၀တ်အစားနဲ့စားစရာအချို့ပေးပြီး ပြန်လွှတ်ပေးခဲ့တယ် …။

==================

အေဒီ ၂၅ -၂၂၀ တုန်းက အနောက်ဖက် ဟန်တိုင်းပြည်က Chen Shi လို့ခေါ်တဲ့ ဘုရင်ကြီးဖြစ်ပါတယ် ။ ဒီပုံပြင်လေးကပေးတဲ့ အတွေးတချို့ကတော့

- ခေါင်းဆောင်ကောင်းမည်သည် လမ်းမှားရောက်နေတဲ့ လက်အောက်ငယ်သားတွေကို လမ်းမှန်ရောင်အောင်ပြုပြင်ဆုံးမပေးနိုင်ရမယ်
- လူ့ဘ၀မှာ အဆိုးဆုံးအခြေအနေတွေနဲ့ကြုံတွေ့နေရတာတောင်မှ ကိုယ့်ယုံကြည်ချက် /ရိုးသားမှု သစ္စာတရားကို ဘယ်တော့မှ မဖျောက်ပစ်ရဘူး
- အမှန်တွေ အများကြီးမလုပ်နိုင်သေးတောင် အမှားတွေကိုနည်းသထက်နည်းအောင်လုပ်ရမယ်

သက်တန့်ချို

အပြည့်အစုံသို့ »

လီဆူဘိုးဘွားများ ကြုံခဲ့ရသည့် ကမ္ဘာအား ရေလွှမ်းမိုးခြင်း


သူသူထက်လွင်

ဆူလူမျိုးတို့သည် လူဦးရေနည်းပါးသော်လည်း ထူးခြားသော ရိုးရာပုံပြင်ဒဏ္ဍာရီများရှိကြောင်းသိရသည်။ အဆိုပါ ရိုးရာပုံပြင်များအနက်
လူသားမျိုးနွယ်စုများ ပျောက်ကွယ်သွားသည်အထိ ရေ လွှမ်းမိုးခဲ့သည့်ဖြစ်ရပ်များပါဝင်သော ''လီဆူဘိုးဘွားများ ကြုံခဲ့ရသည့် ကမ္ဘာအား ရေလွှမ်းမိုးခြင်း'' ပုံပြင်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ယင်းပုံပြင်ကိုသိရှိနိုင်ရန် လီဆူစာပေနှင့်ယဉ်ကျေးမှု အသင်းနာယက ဒေါက်တာယောရှုလယ်မယ်၏ လီဆူ လူမျိုးအကြောင်းစာအုပ်ကို လေ့လာဖော်ပြပေးပါမည်။

''လီဆူပုံပြင်တွေဖော်ပြပေးခြင်းအားဖြင့် အခုခေတ် ကလေးတွေအတွက်ပိုကောင်းမယ်။ အရင်ကကလေးတွေ မှာစာပေမရှိလို့ ပုံပြင်ကို နားထောင်ခဲ့ရပြီး အခုခေတ်မှာ စာပေတွေပေါ်လာပြီး ဒီပုံပြင်တွေကိုတွေ့သွားတော့ ဒါက တကယ်ပါလားဆိုပြီး သင်ယူစရာကောင်းသွားမယ်လို့ ထင်ပါတယ်''ဟု ရန်ကုန်လီဆူမိတ်သဟာယအဖွဲ့အတွင်း ရေးမှူး လီဆူလူမျိုးဦးကျဆာရဲ့(ခ) ကိုဂျေက ပြောသည်။

ရှေးအခါက ရွာလေးတစ်ရွာတွင် ဆင်းရဲနွမ်းပါးသော မောင်ရွာကျီနှင့် မယ်ရွာဆာမောင်နှမနှစ်ယောက် ရှိလေ သည်။

သူတို့နှစ်ဦးသည် တောင်ယာခုတ်၍ အသက်မွေးဝမ်း ကျောင်းပြုရပြီး တစ်နေ့သောအခါတွင် မနေ့က တောင် ယာခုတ်လှဲထားသော သစ်ပင်များသည် မခုတ်ထားသကဲ့ သို့ ပြန်ပေါက်နေသည်ကို ထူးဆန်းစွာ တွေ့မြင်ရသည်။ တောင်ယာကို ထပ်မံခုတ်ပြီး ပြန်သွားရာ နောက်နေ့တွင် လည်း နဂိုအတိုင်းပြန်ပေါက်နေသည်ကို ပြန်တွေ့ရလေ သည်။
မောင်နှမနှစ်ယောက်လည်း အဲဒီလိုထူးခြားဖြစ်စဉ် ကြောင့် နောက်တစ်နေ့ မနက်စောစောထပြီး ဒူးလေးကိုင် ကာ တောင်ယာခုတ်ထားသောနေရာကို သွားချောင်း ကြည့်ကြသည်။ ဒီလိုချောင်းကြည့်နေစဉ်မှာပဲ တောထဲမှ ကြောင်နှစ်ကောင်ထွက်လာကာ ခုတ်လဲထားသောသစ် ပင်များကို ပြန်ထောင်ကြသည်ကို တွေ့မြင်ရလေသည်။

ကြောင်နှစ်ကောင်ကို ဒူးလေးနဲ့ ပစ်ဖို့ရွယ်လိုက်တာ နဲ့ တောကြောင်နှစ်ကောင်က 'ငါတို့ကိုမပစ်ပါနှင့်၊ တောင် ယာမခုတ်နှင့်တော့ မကြာမီ ရေလွှမ်းမိုးတော့မည်။ ပုန်း အောင်းရန် လှေသာလုပ်၍မျိုးအဖြစ်သာ စုဆောင်းယူ ငင်၍ ပုန်းနေကြလေ့'ဟု ပြန်ပြောလေသည်။

နောက်ပိုင်းတွင် အမှန်ပင် မိုးကြီးသည် အဆက် မပြတ်ရွာချကာ ချောင်းရေ၊ မြစ်ရေများသည် ပြည့်လျှံ၍ ကမ္ဘာကြီးကို ရေလွှမ်းမိုးသွားခဲ့သည်။ ရေလွှမ်းမိုးခြင်းကြောင့် လူသားအားလုံးနီးပါး သေဆုံးသွားပြီး ရွာကျီ၊ ရွာဆာ မောင်နှမနှစ်ဦးသာ သစ်ခေါင်းလှေထဲ လုံခြုံစွာပုန်းအောင်း ခဲ့သဖြင့် သူတို့စီးသောလှေမှာ လီဆူ(အခေါ် မဂျူလော ဝါကျီ (ခ) မာလောဝါကျီ)မြန်မာလို ဧဝရက်တောင်ထိပ် တစ်ခုသို့ တင်ရစ်၍ ရေဘေးမှ လွတ်မြောက်ခဲ့သည်ဟု ယူဆကြသည်။

''ရေကြီးတော့ လွတ်မြောက်လာပုံကို ပြောတဲ့အခါ ကွဲပြားကြတယ်။ တချို့က သစ်တုံးကိုထွင်းထားတဲ့ဟာလို့ ပြောတယ်။ တချို့က ဘူးသီးခွံ၊ ကျောက်ဖရုံခွံထဲမှာနေလို့ အသက်ရှင်တယ်ပြောတယ်။ တချို့ကျတော့ ကျောက်ဂူ ထဲမှာပုန်းနေလို့ မောင်နှမနှစ်ယောက် အသက်ရှင်တယ်လို့ ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လီဆူဘိုးဘေး တွေက ရေလွှမ်းမိုးတာကို တကယ်ကြုံတွေ့ရတယ်ဆိုတာ ကို သိရပါတယ်''ဟု လီဆူလူမျိုး ဦးကျဆာရဲ့ (ခ) ကိုဂျေ က ဆက်လက်ပြောပြသည်။

ရေလွှမ်းမိုးပြီးနောက် ရေကျ၍ အခြားလူသားများရှိ မရှိ တစ်ယောက်လျှင်တစ်ဖက်ဆီသို့ လူရှာထွက်ခဲ့ကြ
ရာ လူသားများတစ်ယောက်မှမရှိတော့ကြောင်း သိ
ရသည်။ လူသားများ မကျန်ရစ်တော့တာ သေချာ
သောကြောင့် လူသားမျိုးနွယ် အဆက်ပြန့်ပွားရေး
အတွက် မောင်နှမနှစ်ယောက် အိမ်ထောင်ပြု
သင့်မသင့် သစ္စာပြုစမ်းသပ်ပြီးနောက် အိမ်
ထောင်ပြုကြသည်။

ထိုအခါ အသားအရောင်မတူသော သားသုံးယောက် မွေးဖွားခဲ့ပြီး အသားဖြူသောသားက အနောက်ဘက်ဆီ၊ အသားညိုသောသားက အရှေ့ဘက်ဆီ၊ အသားမည်း သောသားသည် တောင်ဘက်ဆီသို့ ထွက်ခွာသွားကြလေ သည်။

အသားညိုသောသားမှ မွေးဖွားလာသောသားများ ကိုးယောက်သည် မွန်ဂိုမျိုးနွယ်စုများဖြစ်လာကာ လီချော် ဖာမှမွေးလာသောသား လီချော်ဆူမှ လီဆူဟုခေါ်တွင်လာ ကြောင်းနှင့် အချို့သမိုင်းများတွင်မူ မောင်နှမနှစ်ယောက် မှ သားခုနစ်ယောက်၊ သမီးခုနစ်ယောက်မွေးပြီး ပထမ သားမှမွေးလာသောမျိုးနွယ်သည် ဟန်လူမျိုး၊ ဒုတိယသား မှမွေးသောသားမှာ ရီ့(င)မျိုးနွယ်ဖြစ်လာသည်။ တတိယ သားမှပေါက်ဖွားလာသောမျိုးနွယ်သည် တိဗက်လူမျိုးဖြစ် လာခဲ့ပြီး စတုတ္ထမှပေါက်ဖွားလာသောမျိုးနွယ်သည် လီ ဆူလူမျိုးများဖြစ်လာကြောင်း သိရသည်။

လီဆူလူမျိုးများသည် ကိုးကွယ်ယုံကြည်မှုတွင် နတ် စားသည့်ဓလေ့ရှိကြပြီး နောက်ပိုင်းတွင် ခရစ်ယာန်ဘာ သာ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ပိုမိုများပြားလာသည်။

''ပုံပြင်ကတော့ ပုံပြင်ပါပဲ။ ကျွန်တော်တို့ဘိုးဘေး တွေ လက်ထက်ကတည်းက ကြားဖူးလို့ တစ်ခါလက်ဆင့် ကမ်းခဲ့တာပါ။ ဒီပုံပြင်က ထူးခြားတာက ခရစ်ယာန်ကျမ်း စာထဲက မဟုတ်ဘူး။ ၁၉၅ဝပြည့်နှစ်မှ ပူတာအိုကို ခရစ် ယာန်သာသနာ ဝင်ရောက်လာတာပါ။ ပုံပြင်က ခရစ်ယာန် မတိုင်မီကတည်းက ကျွန်တော်တို့လီဆူတွေရဲ့ ရိုးရာပါ။ပုံပြင်နဲ့ကျမ်းစာတွေတူညီလို့ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်လာတာပါ''ဟု လီဆူစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဒေါက်တာယောရှုလယ်မယ်ကပြောသည်။

ရှေးလီဆူလူမျိုးများသည် နတ်စားသောအယူဝါဒ များရှိပြီး တောင်ပေါ်တွင် နေထိုင်မကောင်းသောအခါ နတ်ဆရာကိုပင့်ဖိတ်ပြီး ခြေလေးချောင်း (သို့မဟုတ်) ခြေ နှစ်ချောင်းရှိသည့် တိရစ္ဆာန်များကိုသတ်၍ နတ်တင်ခဲ့ သည်။ ယင်းကဲ့သို့ ပူတာအို၊ တောင်ပေါ်ဒေသများတွင် ဆေးကုသပေးမည့်သူများမရှိသောကြောင့် နတ်များကို အားကိုးကာ ကိုးကွယ်ရာမှ ယခုအခါ အဆိုပါအယူအဆ များ လျော့နည်းလာပြီဖြစ်ကြောင်း သိရသည်။

တောင်ယာလုပ်ငန်းများကို လုပ်ကိုင်အသက်မွေးခဲ့ သော လီဆူဘိုးဘွားများသည် ရှေးတစ်ချိန်က သစ်ပင် များလျော့နည်းလာပြီး ရာသီဥတုဖောက်ပြန်ကာ ကမ္ဘာ ကြီးတစ်ခုလုံး ရေဖုံးလွှမ်းကာ လူသားများပျောက်ကွယ် သွားသည်အထိ ကြုံတွေ့ခဲ့ရသည်။

သို့ဖြစ်၍ လီဆူလူမျိုးတို့ ရိုးရာပုံပြင်ထဲကအတိုင်း ကမ္ဘာကြီးရေမဖုံးလွှမ်းရအောင် သစ်ပင်များကို စည်းကမ်း မဲ့ခုတ်ခြင်း၊ စီးပွားဖြစ်ခုတ်ခြင်းများ လျှော့ချရန်နှင့် ရာသီ ဥတုကြောင့် လူသားများမပျောက်ကွယ်အောင် သဘာဝ ပတ်ဝန်းကျင်ကို တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ် ပါသည်။

ကျမ်းကိုး- ဒေါက်တာဦးယောရှုလယ်မယ်၊

လီဆူလူမျိုးအကြောင်း။
--------------------------------------------------------------------------

Yangon Times Journal
Yangon Media Group

အပြည့်အစုံသို့ »

ရခိုင် တိုင်း ရင်း သားတို့၏ ရိုးရာပုံပြင်


ရခိုင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများ တွင် နောက်ခံသမိုင်းပုံပြင်များရှိနေပါသည်။
မြောက်ဦးခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့သော ရခိုင်ငစွေအက၏နောက်ကွယ်တွင် ဖြစ်ရပ်မှန်သမိုင်းတစ်ခု ရှိခဲ့သည်။
ယနေ့အချိန်အခါတွင် ရခိုင်ငစွေအကမှာ တိမ်မြုပ် ပျောက်ကွယ်ခါနီးဖြစ်သည့်အတွက် ''မြောက်ဦးဘုရင်နှင့် ငစွေအက'' သမိုင်းပုံပြင်ကို လေ့လာဖော်ပြပေးမှာဖြစ်ပါ သည်။

''ငစွေအကက တော်တော်လေးရှားသွားပြီ။ မှတ်မှတ် ရရ ကျွန်မတို့ငယ်ငယ်တုန်းက ရွာမှာလာကပြတာတွေကို မြင်ဖူးတယ်။ အခု ကနိုင်တဲ့သူ တော်တော်လေးရှားနေပြီ'' ဟု အသက် ၂ဝကျော်အရွယ် ရခိုင်တိုင်းရင်းသူတစ်ဦးက ပြောပြသည်။

ရှေးရခိုင်ဘုရင် သီရိသုဓမ္မရာဇာသည် မြောက်ဦးထီး နန်းကို စိုးစံခဲ့ပြီး မြောက်ဦးမင်းဆက် ၂ဝမြောက် ဘုရင် တစ်ပါးဖြစ်ကာ ငယ်ရွယ်သောမိဖုရားတစ်ဦးကို ပိုင်ဆိုင် ထားသူတစ်ဦးလည်းဖြစ်သည်။ သူ၏မိဖုရား နတ်ရှင်မယ် မှာ ငယ်ရွယ်လှပပြီး မာန်မာနကြီးသူဖြစ်တဲ့အတွက် အို မင်းသော ဘုရင်မင်းမြတ်၏ အပြော၊ အမိန့်များမှာ သူ့ကို နှိမ်သည်ဟုထင်မှတ်ပြီး မခံမရပ်နိုင်ဖြစ်နေပါသည်။
အဲဒီအချိန်တွင် လောင်းကြက်မြို့ကို အပိုင်စားရသော လောင်းကြက်စား ငကုသလမှာ မင်းအဖြစ်ကိုလိုချင်သော ကြောင့် မိဖုရားနှင့်ပူးပေါင်း၍ ဘုရင်ကိုအနိုင်ယူရန်စီစဉ် လေသည်။

လောကီအတတ်ပညာများတွင် ''နံတူသတ်ရအနိုင် ရ''ဆိုသည့်အတိုင်း အင်္ဂါသားဖြစ်သော ဘုရင်သီရိသုဓမ္မာ ရာဇာကို သတ်လိုသောကြောင့် လောင်းကြက်စား ငကုသ မှာ နန်းတော်ထဲတွင် အင်္ဂါနံ ငါးစွေ(ငစွေ)အား ဖမ်းယူ သတ်ဖြတ်သည့်ဇာတ်လမ်းကိုတီထွင်၍ နန်းတွင်းတွင် တင် ဆက်ကပြလေသည်။ ငစွေ(ငါး)ကို နှိုက်ပုံ၊ ငစွေ အဖမ်းရ ခက်ပုံ၊ ငစွေက အမြီးတရမ်းရမ်း ခေါင်းတရမ်းရမ်းဖြစ်နေ ပုံ၊ ငစွေသားကို အလွန်မတန်စားပြီး ဝမ်းပျက်ရပုံတွေကို ဖွဲ့နွဲ့ပြီး ဘုရင့်အား ဖျော်ဖြေတင်ဆက်ခဲ့သည်။
အဆိုပါ လောင်းကြက်စား ငကုသလမှ စတင်တီထွင် ခဲ့သော ငစွေကခြင်းဓလေ့မှာ ယနေ့တိုင် ရခိုင်အမျိုးသား တို့၏ ယဉ်ကျေးမှုတစ်ရပ်အဖြစ် ရှင်သန်လာခြင်းဖြစ်သည်။
''လောင်းကြက်စားအမတ် ငကုသလက ဘုရင်ကို နာမ်နှိမ်တဲ့အနေနဲ့ အဲဒီအကကို စထွင်ခဲ့တယ်။ နောက် ပိုင်းမှာ တိုင်းပြည်မှာဖြစ်ပျက်နေတာကို အုပ်ချုပ်သူတွေ သိအောင် နန်းတွင်းမှာဖြစ်ပျက်နေတာကို ဘုရင်သိအောင် တင်ဆက်ကပြလာပါတယ်။ ဗမာလိုဆိုရင် ကွက်စိပ်ပေါ့။ ကွက်စိပ်နဲ့ မတူတာက ကွက်စိပ်က အသံနဲ့ပဲသရုပ်ဆောင် ရတာ။ ငစွေအကကတော့ လူတစ်ယောက်တည်းကပဲ ဘုရင် ဆို ဘုရင်၊ မိဖုရားဆို မိဖုရား လူကိုယ်တိုင်ပါ သရုပ်ဆောင် ပြရပါတယ်''ဟု ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်အေး အေးဇံက ပြောသည်။

လောင်း ကြက်စားငကုသလကို မိဖုရားက ချစ်ခင်စုံမက်သောကြောင့် ငကုသလနှင့် မိဖုရားနတ်ရှင်မယ်တို့ပူးပေါင်းပြီး ဘုရင်အား လုပ်ကြံ သတ်ဖြတ်လိုက်လေသည်။
သီရိသုဓမ္မာရာဇာဘုရင် နတ်ရွာစံပြီးနောက် သား တော် မင်းစနေမြောက်ဦးနန်းကို စိုးစံတော်မူသည်။ ဘုရင့်သားတော် မင်းစနေကိုလည်း နန်းသက် ၂ဝ ရက်မြောက်တွင် အဆိပ်ခတ်ကာသတ်ဖြတ်လိုက်ပြီး လောင်း ကြက်စား ငကုသလမှာ ဘုရင်နရပတိကြီးအမည်နဲ့ မြောက် ဦးထီးနန်းကို ခုနစ်နှစ်တိုင်တိုင် စိုးစံခဲ့သည်။

ဘုရင်နှင့် ဘုရင့်သားတော်ကို သတ်ဖြတ်ပြီးနောက်ပိုင်းမှာ မိဖုရားနတ်ရှင်မယ်ကိုပင် မိဖုရားမြှောက်ခဲ့သည်။ ငကုသလသည် နောင်အခါတွင် မိမိအား ဘုရင်ကဲ့သို့ပင် မိဖုရားက လုပ်ကြံမည်စိုး ရိမ်ပြီး မိဖုရားအရာမှချကာ နန်းတော်မှ နှင်ထုတ်လိုက် လေသည်။
''မိဖုရားကတော့ သူ့သားကိုသတ်မှာမဟုတ်လောက် ဘူး။ မင်းစနေကိုကျွေးမယ့်အစာထဲမှာ အဆိပ်ပါမယ်မှန်း မသိလို့ ဖြစ်သွားတာဖြစ်မယ်။ အဲဒီမိဖုရားက အခုထိ မကျွတ်သေးဘူးလို့ ပြောပါတယ်''ဟု ရခိုင်တိုင်းရင်းသူ တစ်ဦးကပြောသည်။

ဘုရင်အား လုပ်ကြံသတ်ဖြတ်လိုက်သောမိဖုရား သည် သူတစ်ပါးအားမကောင်းကြံသောစိတ်ကြောင့် သား တော်၏အသက် သေဆုံးရုံမျှမက ကိုယ်တိုင်လည်း မိဖုရား အရာမှချကာ နန်းတော်မှနှင်ထုတ်ခံသည်အထိ ပြစ်ဒဏ် ခံရခြင်းပင်ဖြစ်သည်။
လောင်းကြက်စားငကုသလ နောင်မြောက်ဦးဘုရင် နရပတိမင်းတီထွင်ခဲ့သော ငစွေအကမှာ တစ် ယောက်တည်း ကပြရသောအကဖြစ်သည်။ ကွက်စိပ်ကဲ့ သို့ အသံပေါ်မူတည်သည့် ဘုရင်ဖြစ်သည့်အခါ ဘုရင် အဝတ်၊ မိဖုရားဖြစ်သည့်အခါ မိဖုရားအဝတ်၊ သရဖူကို စက္ကူနဲ့ ပြုလုပ်တင်ဆက်လေ့ရှိပြီး ဓားကိုမူ အနီးနေအိမ်မှ ငှားယူလေ့ရှိသည်။
ဘုရင်လုပ်သည့်အခါ ရာဇပလ္လင်မှာ ဆန်ဖွပ်သည့် ဆုံထက်တက်ထိုင်ပြီး အမတ်ကြီးအဖြစ် သရုပ်ဆောင် သည့်အခါ ဆုံပေါ်မှဆင်း၍မြေကြီးပေါ်တွင် ဒူးထောက် ကာ လက်အုပ်ချီလျက် သရုပ်ဆောင်ရသည်။
ငစွေအကကို ကျေးလက်တောရွာများတွင် လယ် သမားများ တလင်းသိမ်းချိန်၊ ရွာသားများ အားလပ်ချိန် ကိုရွေးချယ်၍ ကပြကြသည်။

ယင်းအကကိုကပြသောသူတွင် လွယ်အိတ်တစ်လုံး နှင့် ထီးတစ်ချောင်းသာပါပြီး ကျေးရွာလူကြီးအိမ်တွင် တည်းခိုကာ ရွာသားများကိုစည်းရုံးလျက် ကပြရသည်။ပွဲကြည့်သူများက စေတနာရှိသလောက် အခကြေးငွေ အဖြစ် ဆန်တစ်ဘူးကျစီလှူဒါန်းကြကြောင်း သိရသည်။
''ကျွန်တော်ကတော့ ငစွေအကကို အသက်ရှစ်နှစ် ကိုးနှစ်လောက်က နောက်ဆုံးကြည့်ခဲ့ဖူးတယ်။ ငစွေက တဲ့သူက တော်တော်လေးတော်တယ်။ ဘုရင်လဲသူပဲ။ မိ ဖုရားလဲ သူပဲ။ တော်တော်လေးရယ်ရတယ်။ အခု အဲဒီ အကက ရှားနေပြီ''ဟု အသက် ၃၆နှစ်အရွယ် ရခိုင်တိုင်းရင်း သားတစ်ဦးက ပြောပြသည်။

ငစွေနှိုက်တာကိုကပြနိုင်ရန် လိုအပ်ချက် ၁ဝ ချက် ရှိပြီး ယင်းတို့မှာ မောင်းတစ်လုံး၊ ဝါးဖြင့်ရက်လုပ်ထားသော ရက်သဲ့တစ်ခု၊ ငါးထည့်ရန် ဝါးပလိုင်းတစ်လုံး၊ ဆန်ဖွပ် သည့်ဆုံတစ်လုံး၊ ဆန်ဖွပ်ရန် ကျည်ပွေ့တစ်ချောင်း၊ လှော် တက်တစ်ချောင်း၊ ဆန်တစ်ခွက်၊ ငှက်ပျောသီး၊ အုန်းသီး၊ ကွမ်းသီး၊ ဆေးလိပ်စုံကန်တော့ပွဲတစ်ပွဲ၊ ကပြရန်အသင့် အတင့်ကျယ်ဝန်းသော မြေတလင်းတစ်ခု၊ ဖျာကြမ်းတစ် ချပ်တို့လိုအပ်ကြောင်း သိရသည်။

ငစွေကပြသူသည် ငါးစွေနှိုက်ရန် သူငယ်ချင်းများနှင့် သွားပုံ၊ ငါးရှာရင်း လမ်းမှာ တိုင်းပြည်နိုင်ငံဖြစ်ပျက်ပုံများ၊ လက်ရှိ ရွာရဲ့ဒုက္ခများ၊ နန်းတွင်းဖြစ်နေသည့် ပြဿနာ များကို ရယ်စရာ၊ ဝမ်းနည်းစရာများကို ပေါ်လွင်အောင် သရုပ်ဆောင်ဟောပြောရသည်။ စကားပြောင်၊ စကား ပျက်များနဲ့ပြသသွားသဖြင့် လူများနှစ်ခြိုက်ကာ ယနေ့တိုင် အမျိုးသားယဉ်ကျေးမှုအဖြစ် ရှိနေဆဲဖြစ်သည်။
မြောက်ဦးခေတ်တွင် ငစွေဆရာဘာရဲ့ဘဟု ကျော် ကြားခဲ့သူမှာ မင်းပြားမြို့နယ် ဗူးပင်ရွာသားဖြစ်ကြောင်း သိရပြီး ယင်းငစွေဆရာ၏ငစွေနှိုက်အခြင်း(တေးသီချင်း) များမှာ ယခုအချိန်အထိ ခေတ်စားနေဆဲဖြစ်သည်။

ငစွေအကမှာ ခေတ်အဆက်ဆက် တောရွာများတွင် ခေတ်စားခဲ့ပြီး ယခုအခါငစွေကတတ်သူများရှားပါးလာ ကြောင်းသိရသည်။
သို့ဖြစ်၍ ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေး မှုအကတစ်ခုဖြစ်သော ငစွေအကသည် မူလအစမှာ ရည် ရွယ်ချက်မကောင်းသော်လည်း နောက်ပိုင်းတွင် နိုင်ငံအ တွင်းဖြစ်ပျက်နေသောဖြစ်ရပ်များကို ထင်ဟပ်စေသော ရိုးရာအကဖြစ်လာသောကြောင့် ရခိုင်ဘုရင်များပင် ကြည့် ရှုခဲ့ရသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်၍ ရေရှည်တည် တံ့ အောင်ထိန်းသိမ်းနိုင်ပါစေကြောင်း ရည်ရွယ်ရေးသား ဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

ကျမ်းကိုး-
ရခိုင်သမိုင်းပညာရှင် ဦးရွှေဇံ၊ ရခိုင်သမိုင်းအလင်းပြကျမ်း၊
မေကြီးရှင်၊ ငစွေခြင်း
(ငစွေနှိုက်သည့်အကြောင်းအခြင်းအရာ)ဆောင်းပါး

Yangon Media Group

အပြည့်အစုံသို့ »

စကားအသုံးအနှုန်းအရေးကြီးပုံ


တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ အိပ်မက်ဆန်းတစ်ခုမက်တယ်...

သူ့ရဲ့သွားတွေ အကုန် ကျွတ်ထွက်ကုန်တယ်လို့ အိပ်မက်မက်တယ်...
အိပ်မက် အတိတ်နိမိတ်ကောက်တတ်တဲ့ အမတ် ၂ယောက်ကို ခေါ်လာပြီး သူ့ အိပ်မက်အကြောင်းကို အတိတ်နိမိတ်ဖတ်ခိုင်းတယ်...

ပထမ အမတ်က

"အရှင်ဘုရင်ဟာ အရှင်ရဲ့ ဆွေမျိုး မိတ်ဆွေတွေ အားလုံး သေဆုံးပြီး မှ အရှင်နတ်ရွာစံပါလိမ့်မယ်... အဲဒီအချိန်မှာ ဆွေမျိုးတစ်ယောက်မှ ကျန်မှာ မဟုတ်ပါဘူး..."

ဘုရင်ဟာ ဒီစကားကို ကြားပြီး ဒေါသ ထွက်တော်မူသတဲ့... အဲဒီအမတ်ကို ကြိမ်ဒဏ် တစ်ရာ ရိုက်စေ ဆိုပြီး အပြစ်ပေးလိုက်တယ်...

ဒုတိယအမတ်ကတော့

"အရှင်ဘုရင် ဟာ အရှင်တို့ အမျိုးတော်တွေ ကြားမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ်..."

ဘုရင်ဟာ ဒီစကားကြားပြီး ပျော်ရွှင်ကာ ဆုတော်ငွေများ ချီးမြှင့်လိုက်လေ သတဲ့...

တူညီတဲ့ စကား... တူညီတဲ့ အဓိပ္ပာယ်... ပြောပုံဆိုပုံ တင်ပြပုံ မတူညီတာနဲ့ အကျိုး အာနိသင်ဟာ မတူညီတော့ပါဘူး...

Zane

အပြည့်အစုံသို့ »

ဆလုံသူရဲကောင်း ဗိုလ်လုံးနီ


သူသူထက်လွင်

ဆလုံလူမျိုးများတွင် စိတ်ဝင်စားဖွယ်ကောင်းသော ဖြစ်ရပ်မှန်သမိုင်းပုံပြင်၊ သမိုင်းတင်ထိုက်သော ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ အဆိုပါသမိုင်းပုံပြင်သည် ဆလုံလူမျိုးများဘဝတိုး တက်ရေးအတွက်လာဘ်မစားဘဲ အသက်ကိုစွန့်၍ မူးယစ် အန္တရာယ်ကိုဆန့်ကျင်ခဲ့သည့် ''လူမျိုးအတွက်အသက် စွန့်ခဲ့သော ဆလုံသူရဲကောင်းဗိုလ်လုံးနီ''၏ ဖြစ်ရပ်မှန်ကြိုး ပမ်းမှုပင်ဖြစ်ပါသည်။
''ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးမှာ ဆလုံ လူမျိုးများဘဝတိုးတက်ဖို့ ဆလုံလူမျိုးဖွံ့ဖြိုးရေးအဖွဲ့လေး လုပ်ထားပြီး အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ဆလုံတွေက အရက်သောက်တယ်။

မူးယစ်ဆေးဝါးလဲသုံး ကြတယ်''ဟု ဆလုံလူမျိုးများဖွံ့ဖြိုးရေးဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီး သစ်တောနှင့်သတ္တုဝန်ကြီး ဦးတင်စိုးက ပြောပြသည်။

ဆလုံလူမျိုးများသည် ရေကူး၊ ရေငုပ်ကျွမ်းကျင်ကြ ပြီးပင်လယ်ကြမ်းပြင်အောက် ၁၆လံအထိ ရေငုပ်ကိရိယာ မပါဘဲ ငုပ်နိုင်ကြောင်း၊ တစ်ခါငုပ်ရင် ၁၅မိနစ်၊ မိနစ် ၂ဝ အထိ ငုပ်နိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရေငုပ်ကျွမ်းကျင်သောကြောင့် ရေအောက် ရှိသယံဇာတများကို ရှာဖွေရောင်းဝယ်ခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုကြသည်။
ဆလုံလူမျိုးများသည် ရိုးသားသူများဖြစ်၍ မြန်မာ နိုင်ငံလွတ်လပ်ရေးမရခင် ကိုလိုနီခေတ်တွင် ပင်လယ်ရေ အောက်သယံဇာတများကို ဈေးပေါပေါဖြင့်ရယူလိုချင်သည့် ဗြိတိသျှများ၏လှည့်စားခြင်းကို ခံခဲ့ရသည်။
ရေအောက်မှာ အချိန်ကြာကြာရေငုပ်နိုင်စေရန်ဆို သည့် အကြောင်းပြချက်ဖြင့် ဆလုံများကို ဘိန်းအလကား ကျွေးခဲ့ရာနောက်ပိုင်းတွင် ဘိန်းရရှိရန်အတွက်မြန်မာ့ပင် လယ်အတွင်းရှိ ငှက်သိုက်၊ ငါးကြီးအံဖတ်၊ သစ်မွှေး၊ ပုလဲ စသည့် အဖိုးတန်ရတနာများစွာဖြင့် လဲလှယ်ကြရတော့ သည်။
ဆလုံလူမျိုးများသည် ဘိန်းစွဲသူဦးရေများပြားလာ ကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများချို့ယွင်းလာ ပြီး သက်စွန့်ဆံဖျားရှာဖွေထားသော သဘာဝပုလဲသည် ဘိန်းဖိုးတစ်ပတ်စာသာရရှိလေသည်။

ယင်းကဲ့သို့ ဆလုံလူမျိုးများ အခက်ကြုံနေချိန်တွင် ဆလုံအမျိုးသား လုံးနီဆိုသည့် လူငယ်လေးတစ်ဦးပေါ် လာသည်။ သူသည် ဘိန်းရဲ့ဆိုးကျိုးများကိုသိရှိပြီး ဘိန်း ကိုရှောင်ရန် ဆလုံအမျိုးသားများကိုစည်းရုံးသော်လည်း မအောင်မြင်ခဲ့ပေ။
ဗြိတိသျှများကိုလည်း ဘိန်းမရောင်းရန်ပြောသော် လည်းမရသဖြင့် လက်နက်ကိုင်ကာ ပုန်ကန်ဖို့ဆုံးဖြတ်လိုက် သည်။ မောင်လုံးနီမှ ဗိုလ်လုံးနီဖြစ်လာပြီး ဗိုလ်လုံးနီလက် အောက်သို့ ဆလုံအမျိုးသားများ အလုံးအရင်းဝင်ရောက် လာပြီး ဗြိတိသျှဘိန်းတင်သင်္ဘောများကို တိုက်ခိုက်ကြ သည်။

ဘိန်းတင်လာသော သင်္ဘောများကမ်းရိုးတန်းက မဖြတ်ဝံ့ဘဲ ဘိန်းခန်းများတွင် ဘိန်းပြတ်လပ်သွားသည်။
ကျွန်းပေါင်း ၈ဝဝ ရှိသော ကျွန်းစုများကို ကျွမ်းဝင် နေသည့် ဗိုလ်လုံးနီကိုဖမ်းဆီးရန် ခက်ခဲနေသဖြင့် ဗြိတိသျှ များက ရာထူးပေးပြီး စည်းရုံးသိမ်းသွင်းရာ ဗိုလ်လုံးနီက လက်မခံဘဲ ဘိန်းလုံးဝမရောင်းရန်တောင်းဆိုခဲ့သည်။

ဗိုလ်လုံးနီတပ်သားများသည် ရာသီဥတုကြမ်းတမ်းမှု၊ စားနပ်ရိက္ခာရှားပါးမှုများကြောင့် တဖြည်းဖြည်းလျော့နည်း လာချိန်တွင် ဗြိတိသျှအစိုးရက ဗိုလ်လုံးနီကို ဖမ်းဆီးရန် ဆုငွေကျပ် ၁ဝဝ ထုတ်လိုက်ရာ မကြာမီမှာပင် ဗိုလ်လုံးနီမှာ သူ့သဘောနဲ့သူ အဖမ်းခံလေသည်။
ဖမ်းဆီးရရှိသည့် ဆလုံသူရဲကောင်းဗိုလ်လုံးနီကို ပင် လယ်ကမ်းစပ်တစ်နေရာတွင် သေနတ်ဖြင့်ပစ်ပြီး အဆုံးစီ ရင်လိုက်သည်။ ဆလုံလူမျိုးအားလုံးအတွက် သူရဲကောင်း လုံးနီမှာ အသက်ကိုပင်စွန့်၍ ဘိန်းကိုဆန့်ကျင်ခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင်လည်း ဆလုံဒေသသည် မူး ယစ်ဆေးဝါးကင်းစင်ခြင်းမရှိသေးကြောင်း၊ ဆလုံမျိုးနွယ် များမှာ ကျန်းမာရေး၊ ပညာရေးနှင့်စီးပွားရေးများ တိုးတက် ရန်လိုအပ်နေသေးကြောင်းသိရသည်။

''မသမာသူတွေက သူတို့ကိုမူးယစ်ဆေးဝါးစွဲအောင် လုပ်ပြီး သူတို့ပစ္စည်းတွေနဲ့ လဲအောင်လုပ်ကြတယ်။ ဘိန်း စွဲတာကတော့ ရိုးရာလိုဖြစ်နေပြီ။ မူးယစ်ဆေးဝါးကင်းစင် အောင် ပညာပေးဟောပြောပွဲတွေလုပ်သင့်ပါတယ်။ သက် ဆိုင်တဲ့မြို့နယ်ဥက္ကဋ္ဌ၊ ရဲမှူးတွေ၊ နယ်လှည့်ဆေးကုသပေးတဲ့ အဖွဲ့တွေက လာဟောပြောကြတယ်။ လူမျိုးတစ်မျိုးကို မြှင့်တင်ဖို့ အချိန်ယူရမယ်။ အသိပညာပေးရမယ်''ဟု ဝန် ကြီးဦးတင်စိုးက သုံးသပ်သည်။

ရိုးသားသောဆလုံတိုင်းရင်းသားများကို မူးယစ်ဆေး ဝါး၏ ကျေးကျွန်အဖြစ် သွတ်သွင်းနေသူများအား နိုင်ငံ တော်မှ အရေးယူထိန်းသိမ်းပေးမှသာလျှင် ဆလုံမျိုးဆက် များပျောက်ပျက်သွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသခံကိုသန်းဆွေကလည်း ''ဆလုံ အမျိုးသားတွေက မူးယစ်ဆေးဝါးသုံးစွဲကြတယ်။ ရှေ့ဆက် ပြီး ဆလုံလူမျိုးတွေ မူးယစ်ဆေးဝါးမသုံးအောင်ဆိုရင် မူး ယစ်ဆေးစွဲအောင်ဖန်တီးနေသူတွေ၊ ရောင်းနေတဲ့သူတွေ ကို စာရင်းနဲ့တကွဖမ်းပြီး အရေးယူဖို့လိုပါတယ်။ ဆေးစွဲနေ သူတွေကိုဆေးဖြည်းဖြည်းချင်းဖြတ်ပေးဖို့လိုပါတယ်။ ဆလုံ နယ်မြေမှာနေတဲ့ ဗမာတွေကလဲ ဆလုံလူမျိုးတွေကို ဝိုင်း ဝန်းထိန်းသိမ်းပြီး ကူညီပေးဖို့လိုအပ်ပါတယ်''ဟုပြောသည်။

ဆလုံလူမျိုးများကို မော်ကင်းဟုခေါ်ပြီး ယခုအခါ ဆလုံလူမျိုးအများစုသည် နတ်ကိုးကွယ်ခြင်းမှ ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန်ဘာသာများ ယုံကြည်ကိုးကွယ်သူများဖြစ်လာ ကြောင်းနှင့် နိုင်ငံတော်မှ ဆလုံကျေးရွာများထူထောင်ပေး ထားသဖြင့် တနင်္သာရီတိုင်း မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်အတွင်းရှိ ကျွန်းစုကျွန်းတန်းများတွင် မှီတင်းနေထိုင် လျက်ရှိသည်။

''အစ်မတို့လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ဆလုံဒေသကို ကော့သောင်းကနေတစ်ဆင့် သွားတုန်းက ဆလုံတွေက အဝတ်အစား အပြည့်အစုံမဝတ်ထားဘူး။ အပေါ်ပိုင်းမှာ အင်္ကျီသိပ်မဝတ်ကြဘူး''ဟု တနင်္သာရီဒေသတွင်နေထိုင်ပြီး ဆလုံကျွန်းသို့ရောက်ဖူးသူ အမျိုးသမီးတစ်ဦးက ပြောပြ သည်။

ဆလုံလူမျိုးများသည် ၁၉၉၆၊ ၉၇ ခုနှစ်များတွင် ပြည့် စုံသော ဝတ်စားဆင်ယင်ခြင်းများမရှိဘဲ ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ အဝတ်အစားများဝတ်ဆင်လာကြကြောင်းနှင့် အစိုးရသစ်တက်ပြီး နောက်တနင်္သာရီတိုင်းဒေသကြီးနေ ဆလုံလူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ခြင်း၊ ဆလုံကျေးရွာများတွင် စာသင်ကျောင်းများဆောက် လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

''နိုင်ငံသားစိစစ်ရေးကတ်တွေကို အစိုးရသစ်တက် လာပြီး ပြုလုပ်ပေးခဲ့ပါတယ်။ ကျွန်းစုမှာဆိုရင် ၂ဝ၄ ခု၊ ကော့သောင်းခရိုင်မှာဆိုရင် ၆ဝဝ လောက်လုပ်ပေးထား ပါတယ်''ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ဆလုံလူမျိုးများ၏ လူဦး ရေ အနည်းငယ်သာကျန်ရှိနေသောကြောင့် ဆလုံလူမျိုး များဘဝတိုးတက်ရေးအတွက် မူးယစ်ကင်းစင်ရန်လိုအပ်ပြီး ကျန်းမာရေးကောင်းမွန်ကာ ပညာထူးချွန်သော ဆလုံစီး ပွားရေးလုပ်ငန်းရှင်များပေါ်ပေါက်လာစေရန် နိုင်ငံတော်မှ စောင့်ရှောက်ပံ့ပိုးပေးရန် လိုအပ်နေသည်။

သို့ဖြစ်၍ ပင်လယ်ပျော်ဆလုံမျိုးဆက်သစ်များသည် ကျဆုံးသွားသော ဆလုံသူရဲကောင်းဗိုလ်လုံးနီမျှော်လင့် ထားသလို နောင်တစ်ချိန်တွင်ဘိန်းသုံးစွဲမှုလုံးဝကင်းစင် ပြီး ပညာရေးအောင်မြင်မှုများနှင့်အတူ ကျန်းမာ၊ ချမ်းသာ သူ များဖြစ်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ခြင်းပင်ဖြစ် ပါသည်။

Yangon Times Journal | အတွဲ ၁၀ - အမှတ် ၁၇


အပြည့်အစုံသို့ »

ဂုတ်တက်စီးသော သရဲမ (တကယ့် ဖြစ်ရပ်မှန်)


ဒီအဖြစ်လေးဟာ တကယ် ဖြစ်ရပ်မှန်ပါ... သရဲဆိုတာ တကယ်မရှိဘူးလို့ ထင်ခဲ့မိတယ် ဒါပေမယ့် အခုတော့ ယုံလိုက်ပါပြီ တကယ်ရှိပါတယ် ပြောပြမယ်နော်
ရွာတစ်ရွာမှာပေါ့ ကိုကျော်တင့်ဆိုသူ ရှိပါတယ် အသားညိုညို အရပ်မြင့်မြင့်ပေါ့ ချမ်းသာသော တောသူဌေး တစ်ယောက်ပါ သူကို ရွာထဲမှ အမျိုးသမီးများ တော်တော်လေး သဘောကျသူပေါ့ ဒါပေမယ့် ကိုကျော်တင့်ဟာ မမေနိုး ကိုသာ ချစ်ခဲ့တယ် မမေနိုးက ရိုးရိုးလေးနေပြီး အသားဖြူဖြူ မျက်တောင်မွေးကောင်းကောင်း ရွာတွင် အေိချာဆုံးပါ အိမ်ပြင်ကိုလည်း မထွက်တတ်ဘူး အိမ်တွင်းအောင်း အလှပိုင်ရှင်ပါ ဆင်းရဲသူ မဟုတ် ပေမယ့် မချမ်းသာပါ သူတို့၂ယောက် ချစ်ကြိုက်ပြီး ခိန်းတွေ့ရာ အချိန်လွန်၍ ခိုးပြေးကြရသည် အရမ်းချစ်ကြသူတွေပါ အားလုံး သူတို့ကို ကြည့်ပြီး အားကျနေတယ် နောက်တော့ ကလေးရပါ တယ် သမီးလေးပါ နာမည်ကို သွန်းသွန်းသုသာ လို့ပေးကြတယ်
ဖြစ်ချင်တော့ သွေးနု သားနု အချိန်မှာပဲ ရွာထဲတွင် ငါးလောင်း ဆက်တိုက် သေကြတယ် နောက်ဆုံး သေတာက သူတို့အိမ်ဘေးက ကိုနိုင်မင်းပါ အစိမ်းသေလေ အသက် ၃၅လောက် ရှိတယ် အသတ်ခံရတာ ၇ရက်ခြား ၅ရက်ခြား သေကြတယ် ဒါကြောင့် ကြောက်လန့်နေချိန်မှာ သူလည်း သွေးလန့်တာနဲ့ ရောဂါ အခံနဲ့ ပေါင်းတော့ သေသွားတယ် ကလေးလေးက ၃လ သမီးလေးပါ ကျန်ခဲ့တယ် ဒီလိုနဲ့ ကိုကျော်တင့်ဟာ မိဘတွေနဲ့ အတူနေရင်း ကလေး ၃နှစ်ပြည့်တော့ နောက်မိန်းမ ယူလိုက်တယ် အပျိုလေးပါပဲ ဒီလိုနဲ့ ကိုကျော်တင့်ဟာ လယ်ရာတွေ များစွာပိုင်သူဆိုတော့ တောဓလေ့ ဆိုတာက မိုးရာသီမှာ လယ်ထဲမှာ ငါးတွေ ဖမ်းကြတယ် အခြောက်လုပ်ပြီး ၃ရာသီ စားကြရတယ် ဆယ်လို့ခေါ်မှာပေါ့ တညကို အိမ်ကနေ ၂ခေါက်သွားပြီး သယ်ရပါတယ် နောက်ထောင်ပြုတာ မကြာသေးတော့ သူ့ရဲ့ ဇနီး အသစ်လေးကို လယ်ထဲ မခေါ်ရက်ဘူး တစ်ယောက်တည်းသွားတယ်
တနေ့ ည၂နာရီထိုးလောက် လယ်ထဲကို သွားရတယ် အဖော်မပါဘူးပေါ့ ဓာတ်မီး တစ်လက် ငါးထည့်မဲ့ ပလိုင်းကြီး တစ်လုံးနဲ့ သွားပါတော့သည် သွားရသည်မှာ ရွာနဲ့ ၂မိုင်လောက် ဝေးပါတယ် သူသွားရတဲ့ လမ်းဘေးမှာ ၃ပေခန့်မှာ သစ်ပင်တပင် ရှိပါတယ် ညောင်ပင်အိုပါ အသွားတုံးက ဘာမှ မဖြစ်ပါဘူး အပြန်မှာ ငါးတွေနဲ့ ပြန်လာခဲ့တယ် သူ့က သစ်ပင်အောက် ရောက်လာတော့ သူ့ရဲ့ စိတ်ထဲ တမျိုးဖြစ်လာတယ်တဲ့ ကျက်သီးတွေထ လာတယ် ဒါပေမယ့် သူဟာ အားတင်းလိုက်တယ် အို့ ငါ အလာတုံးကတောင် ဖြတ်လာသေးတာပဲ ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး သီချင်းလေး ငြီးပြီး ဖြတ်လျှောက်လိုက်တော့ ၃လှမ်းလောက် လွန်လာတော သူ့ရဲ့ ဂုတ်မှာ လေးလာတယ် နောက် သိသိသာသာ လေးလာတယ် နောက်တော့ သူဟာ လေးဘက်ထောက် ကြီး ဖြစ်သွားတယ် သူလည်းအော်ပါတယ် သူအော်တဲ့ အသံဟာ နောက်ဆုံး အသံ မထွက်တော့ပါဘူး အော်လေ အသံက သေးသေးလေပါပဲတဲ့ သူဟာ ရုန်းကန်ပြီး ထွက်ပြေးလာခဲ့တယ် ရှေ့ကိုက် ၂၀၀လောက်မှာ သူလို ငါးဖမ်းတဲ့ လူတစ်ယောက် တွေ့တော့ ဟေ့ကောင် ဘာဖြစ်တာလည်း မေးလာတော့ သရဲ ဂုတ်တက်ခွလို့ ပြောလိုက်တယ် ထိုလူက အေးအေး ဂရုစိုက်သွားလို့ မှာလိုက်တယ် သူနဲနည်းနည်း လွန်တာနဲ့ ဘေးက တရှဲရှဲ နဲ့ လိုက်လာတယ် စပါးပင် အမြင့်ကလည်း တစ်ရပ်လောက် ရှိနေချိန်ပေါ့ သူသတ္တိတော်တော် ကောင်းပါတယ်
ဒီလိုနဲ့ အရွာအဝင်မှာ ကိုကျော်တင့်က ကဲ ငါရွာဝင်တော့မယ် နင်လည်း နေခဲ့လို့ ပြောတော့မှ ဘေးမှ သစ်ပင်ပေါ် ကြွက်တက်သလို အသံကြားပြီးနေခဲ့တယ်
စာရေးသူ အထင်က သူရဲ့ အရင်မိန်းလို့ ထင်တယ် နောက်မိန်းမ ယူတာ မကြိုက်လို့ ဖြစ်မယ် အဲ ဒီလို မကြာ မကြာ ဖြစ်လာတော့ သူ အခု ဘုန်းကြီး တစ်ပါးက ကုပေးနေရတယ် လည်းပင်းမှာ ကြိုးလေး တွေ့ရတယ် လိပ်ပြာ ကြိုးတဲ့.....
စာရေးသူလည်း သရဲ ရှိတယ်ဆိုတာ ယုံခဲ့ရပါပြီ သရင်းတို့ရယ်..........။ ။ ။

Credit by မင်း သွင်
ADMIN  Htut Htet

အပြည့်အစုံသို့ »

ကချင်တိုင်းရင်းသားတို့၏ ရိုးရာပုံပြင် - ဂျီနတ်မဒင်း


သူသူထက်လွင်

ကချင်တိုင်းရင်းသားများ၏ ကချင်ရိုး ရာပုံပြင်များအနက် နတ်များနှင့် ပတ်သက်သည့် ကချင်ကျေးလက်ပုံပြင်များမှာ စိတ်ဝင်စားဖွယ်ကောင်း
လှသည်။

'ဂျီနတ်မဒင်'ဆိုသည့် ကချင်ကျေးလက်ပုံပြင်လေးမှာ ထူးခြားလှပြီး ကချင်ဘာသာဖြင့် ဂျီနတ်မဒင်ဆိုသည်မှာ ဖောက် ဖျက်သူ (ကန့်သတ်ပိုင်းခြားထားသောသဘော)လို့ ဆိုလိုသည်။

အဆိုပါပုံပြင်လေးမှာ ဂျီနတ်(နတ်တွေအား လုံး)၊ မဒင် (ခြံစည်းရိုးခတ်ကန့်သတ်တာ)လို့ အဓိပ္ပာယ်ရပြီး လူနဲ့ နတ်တွေရဲ့ ပတ်သက်မှုကို နယ်နိမိတ်ပိုင်းခြား ကန့်သတ်ထားသောပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။

ရှေးကမ္ဘာကြီး စတင်ပေါ်ပေါက်လာချိန်တွင် လူ၊ နတ်နှင့် တိရစ္ဆာန်သတ္တဝါအားလုံးမှာ အတူ တကွနေထိုင်ကြပြီး ပြောဆိုသော ဘာသာစကား တူကာ နတ်များကို လူများက မြင်တွေ့နိုင်ကြသည်။
တစ်နေ့သောအခါတွင် နတ်သမီးအချော အလှ ကုမ္မာရီတစ်စုသည် ရေကန်တစ်ခုမှာ ရေချိုး ဆင်းနေချိန်တွင် လူသား ကာလသားလူပျိုတစ်စုက သွားရောက် ချောင်းမြောင်းကြည့်ရာ နတ်သမီး များက ရှက်ကြောက်ပြီး ရေနက်ပိုင်းသို့ ကူးပြေး ကြသည်။

ရေနက်ပိုင်းကိုပြေးသွားတဲ့ နတ်သမီးပျိုတစ်ပါး မှာ ရေနစ်သေဆုံးသွားသဖြင့် အဲဒီအကြောင်းကို နတ်သမီးများက မိဘများကို တိုင်ကြတဲ့အတွက် နတ်တွေက လူတွေကို မုန်းတီးလာကြသည်။

အဲဒီအချိန်ကစပြီး လူ၊ နတ်၊ တိရစ္ဆာန်တွေ တစ်စုတစ်စည်းတည်းနေထိုင်ကြရာမှ အုပ်စုကွဲပြီး သီးခြားစီ နေထိုင်လာကြကြောင်း သိရသည်။

နတ်တွေက ဦးရေနည်းပါးပြီး လူတွေထက် မြန်တဲ့အတွက် အလွန်မြင့်တဲ့ တောင်ထိပ်တွေ၊ သစ်ပင်အမြင့်ကြီးတွေကို ဦးအောင် ရယူပိုင်ဆိုင် ကြပြီး လူတွေကတော့ နတ်တွေမလိုချင်တဲ့နေရာ တွေမှာပဲ နေထိုင်ကြရသည်။ လူနဲ့နတ် ကွဲပြား သွားတဲ့နောက် အပျင်းထူတဲ့နတ်တွေက လူတွေရဲ့ တောင်ယာခင်းတွေက သီးနှံတွေကို ခိုးစားကြပြီး ကျွဲ၊ နွားတွေကို ဆက်သခိုင်းတဲ့အပြင် လူတွေကို နိုင်သလောက်ညှဉ်းဆဲတဲ့ နတ်ဆိုးတွေဖြစ်လာကြ သည်။

လူတွေက မခံမရပ်နိုင်လို့ နတ်မင်းကြီးကို တိုင်ကြားထားသလို နတ်တွေရဲ့ဘေးရန်က ရှောင် ရှားနိုင်ရန် နည်းလမ်းရှာနေသလို နတ်တွေကလည်း နတ်သမီးသေတာကို အကြောင်းပြပြီး လူတွေကို မုန်းတီးကာ တိုးပြီး စော်ကားလာကြသည်။
နတ်တွေကိုတိုက်ခိုက်ဖို့ နတ်တွေဖြတ်ပြီးသွား မည့် တံတားရဲ့ထုပ်တွေကို အမှတ်တမဲ့ဖြတ်ထား လိုက်တဲ့အတွက် တံတားကျိုးကျပြီး နတ်တွေရေနစ် သေဆုံးကုန်သည်။

သေဆုံးသွားတဲ့ နတ်မိသားစုဝင်များကလည်း ပိုမိုနာကြည်းကာ လူတွေကို တွေ့ရာနေရာတွင် ခုတ်ထစ်သတ်ဖြတ်ရန် စစ်ကြေညာလိုက်ပြီး လူတွေ တောင်ယာသွားတိုင်း လမ်းကနေဖြတ်ပြီး သတ်ဖြတ် ရာ လူတော်တော်များများ သေဆုံးပြန်သည်။

နတ်တွေက စစ်ကြေညာလိုက်တယ်ဆိုကတည်း က နယ်တကာမှာရှိတဲ့လူတွေက တွေ့ရာနတ်ကို သတ်ဖြတ်ပစ်ရာ နတ်တွေလည်း ချောက်ကမ်းပါး သစ်ပင်အိုတွေကို ဟော်နန်းအဖြစ် ခိုကပ်ပုန်းအောင်း နေထိုင်ကြရသည်။ လူနတ်စစ်ပွဲက မပြီးဆုံးဘဲ တစ်ဦးကို တစ်ဦး သတ်ဖြတ်နေတဲ့အချိန်မှာပဲ လူ တွေဘက်က ကူညီမယ့် သတ္တဝါတစ်မျိုး ပေါ်လာ သည်။ အဲဒီသတ္တဝါမှာ ကချင်ဘာသာဖြင့် အန်ဂူး ဆကော်ြ-ွကှ့ေုတေ ၊ မြန်မာလို ပိုးနသန် ကောင် ပေါ်လာသည်။

ပိုးနသန်ကောင်သည် နတ်တွေကိုမုန်းတီးပြီး လူတွေကိုချစ်ခင်တဲ့အတွက် နတ်တွေက လူတွေကို သတ်ဖို့ လိုက်ရှာတဲ့အခါ နေရာပြောခိုင်းတိုင်း လူ တွေရှိတဲ့အရပ်ကို သိချင်လျှင် ပိုးနသန်ကောင်က သူ့ရဲ့ခြေထောက်တွေကို ရေတွက်ပေးမှပြောမည်လို့ ပြောသည်။ ခြေထောက်တွေအများကြီးရှိတဲ့ ပိုး နသန်ကောင်ရဲ့ ခြေထောက်အရေအတွက်ကို နတ် တွေက ဝိုင်းဝန်းရေတွက်ပေမယ့် ပိုးနသန်ကောင်က လှုပ်လှုပ်ရွရွလုပ်လိုက်တာနဲ့ အစကနေပြန်ရေရပြီးလူတွေရှိတဲ့အရပ်ကို မသိနိုင်ဘဲဖြစ်နေကြသည်။
လူတွေက နတ်တွေရှိတဲ့နေရာကိုမေးတဲ့အခါမှာတော့ ပိုးနသန်ကောင်က အမှန်အတိုင်းပြော သဖြင့် နတ်တွေ အစုလိုက်အပြုံလိုက် သေဆုံးလေ့ ရှိရာ နောက်ပိုင်းတွင် နတ်တွေက ပိုးနသန်ကောင် ကို ကြောက်လာကြသည်။
လူနတ်စစ်ပွဲ ပြင်းထန်လာပြီး လူတွေကလည်း နတ်တွေက လူတွေကိုဖမ်းစားခြင်း၊ ကောက်ပဲသီးနှံ တွေ ခိုးစားခြင်းကို မကျေနပ်နိုင်သလို နတ်တွေ ကလည်း သူတို့ကို လူတွေက ဆက်ပြီးမသတ်ကြဖို့ စတဲ့အချက်တွေကို သိကြားမင်းထံပေးပို့ရာ သိကြား မင်းက ယင်းအချက်တွေကို လူပုဂ္ဂိုလ်များထံ လာ ရောက်တောင်းဆိုသော်လည်း လူတွေက သိကြား မင်းကို ဆရာလာမလုပ်နဲ့ နတ်တွေကို အသေသတ် ပစ်မယ်ဆိုပြီး ကြုံးဝါးနေသဖြင့် သိကြားမင်းလည်း လက်လျှော့ပြီး ပြန်သွားရသည်။

အချို့ အားနည်းတဲ့နတ်တွေက သူတို့အသက် သေဆုံးမှာစိုးတဲ့အတွက် လူတွေဆီမှာ ကျွန်ခံပြီး နေထိုင်ကြရတာမျိုးရှိလာပြီး လူ
တွေက နေမကောင်းဖြစ်တိုင်း၊ မတော်တဆ ကိုယ့် ဘာသာကိုယ် ထိခိုက်ဒဏ်ရာရတိုင်း နတ်တွေလုပ် တယ်ထင်ကာ အိမ်မှာ ကျွန်လာခံတဲ့နတ်တွေကို နှိပ်စက်ကြပြန်သည်။
ယင်းကဲ့သို့ အဖြစ်အပျက်များကြောင့် နတ် ဦးရေတွေ လျော့ကျလာပြီး နတ်လောကမပြုန်းတီး၊ နတ်မျိုးမပြုတ်အောင် သိကြားမင်းက သူ့ရဲ့ကိုယ်ပိုင် တန်ခိုးသုံးကာ လူ၊ နတ်တွေရဲ့ လေးစားမှုကို ရရှိ အောင် ဆုံးဖြတ်ပေးလိုက်သည်။

လူတွေရဲ့မျက်ဆန်ကို နောက်ပြန်လှန်ပြီး နတ် တွေကို မမြင်နိုင်အောင် ကန့်သတ်ပိုင်းခြားလိုက်ပြီး နတ်တွေရဲ့မျက်စိကတော့ တန်ခိုးရှိတဲ့မျက်စိအဖြစ် အဝေးဆုံးအရပ်တွေ၊ စိတ်ကူးလိုက်တိုင်း သိနိုင် အောင်၊ ဖုံးကွယ်ထားတာတွေမြင်နိုင်အောင် ဖန် ဆင်းပေးလိုက်ရာ လူတွေကိုမြင်နိုင်ပြီး လူတွေကို ရှောင်တိမ်းနိုင်ကြသည်။
သိကြားမင်းက ပိုးနသန်ကောင်ကို လူတွေကို နတ်တွေရဲ့ရန်က ကာကွယ်ပေးမယ့်သတ္တဝါအဖြစ် ဖန်တီးပေးလိုက်သေးသည်။ လူတွေကိုကူညီပေးခဲ့ သည့် ပိုးနသန်ကောင်ကို နတ်တွေက နှိပ်စက်သတ် ဖြတ်ခြင်း မပြုနိုင်အောင် နတ်တွေမခံနိုင်တဲ့ အနံ့ တစ်မျိုးကိုပေးထားပြီး ပိုးနသန်ကောင်ရဲ့အနံ့ကြောင့် နတ်တွေ အနားမကပ်နိုင် ရန်မရှာနိုင်တော့ကြောင်း သိရသည်။

အဲဒီအချိန်ကစပြီး လူနဲ့နတ် တစ်ဦးအပေါ် တစ်ဦး လေးစားနေထိုင်ဖို့ မှာကြားခဲ့ပြီး ဒီလိုနဲ့ လူနဲ့ နတ်ကို ကန့်သတ်ပိုင်းခြားလိုက်တာကို ဂျီနတ်မဒင် လို့ ခေါ်ကာ ကချင်ကျေးလက်တောရွာများတွင် မလုပ်သင့်သည်ကိုလုပ်ကိုင်ပါက စည်းဖောက်သူ၊ ဂျီနတ်မဒင်(ဖောက်ဖျက်သူ)လို့ လူ့အသိုင်းအဝိုင်းက ရှုတ်ချကဲ့ရဲ့တတ်ကြောင်း သိရသည်။
ကချင်လူမျိုးများသည် မြန်မာနိုင်ငံမြောက်ဘက် ပိုင်းတွင် နေထိုင်ကြပြီး ကချင်မျိုးနွယ်စုပေါင်း ၁၂ မျိုးရှိကြောင်းနှင့် ရှေးယခင်က နတ်ကိုးကွယ်သော အယူအဆများရှိပြီး ယခုအခါ ဗုဒ္ဓဘာသာနှင့် ခရစ် ယာန်ဘာသာကို ကိုးကွယ်သူများ ပိုမိုများပြားလာ ကြောင်း တိုင်းရင်းသားကျေးရွာမှသိရသည်။
သို့ဖြစ်၍ကချင်လူမျိုးတို့၏ ဂျီနတ်မဒင်ကျေး လက်ပုံပြင်သည် သေးငယ်သောရန်ငြိုးတစ်ခုကို သင်ပုန်းမချေနိုင်သောကြောင့် နောက်ထပ် လူသား၊ နတ်ပေါင်းများစွာ ပျက်စီးစေနိုင်ကြောင်းနှင့် တိုင်း ရင်းသားအချင်းချင်းလည်း ရန်မီးရန်စကို သင်ပုန်း ချေကာ နောင်တတ ရားကင်းဝေးပါစေရန် ရည်ရွယ်လျက်ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

ကျမ်းကိုး- လူထုဦးလှ၊
ကချင်ရိုးရာပုံပြင်၊ ဒုတိယတွဲ။
---------------------------------------------------------------------------
Yangon Times Journal | အတွဲ ၁၀ ၊ အမှတ် ၁၆


အပြည့်အစုံသို့ »

ဆားတစ်ဆုပ်ဥပမာ



တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်.

သူဆီကို တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့
စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်း ပူဆွေးပြီးငိုကြွေးနေတဲ့ လူငယ်တစ်ယောက်
ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.
ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.
ပြီးတော့ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့
ပြန်ဖြေပါတယ်..

ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး
သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.
မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့
ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.

ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ဆားတစ်ဆုပ်ကို ရေကန်ထဲ
ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့
ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.
ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့
မေးလိုက်ပါတယ်.

ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.

“စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ

“ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်..

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ

“ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.
ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့
ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်..
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ်လို့ မင်းထင်လိမ့်မယ်.
ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင်
အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့…”
“ ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း
ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.
ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.

ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို
လျှော့ပါးသက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်.

“Stop being a glass. Become a lake.” တဲ့။

ငါတို့လဲ ဘ၀မှာ ကြုံလာတဲ့ ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူဘဲ
ရေကန်ကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားသင့်လှတယ် မဟုတ်ပါလား………

MWD

အပြည့်အစုံသို့ »

တစ်ဖက်သားကို အရမ်းအထင်မသေးနဲ့



အဲဒီခေတ်တုန်းက ငွေက တန်ဖိုးရှိသည်။
သီးစုံရေခဲမုန့် တစ်ခွက်ပင် သိပ်ဈေးမကြီးသည့်ကာလ။
၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက် ဟိုတယ်ကြီးတစ်ခု၏ စားသောက်ခန်းထဲ ၀င်ကာ စားပွဲတစ်လုံးမှာထိုင်သည်။ စားပွဲထိုး အမျိုးသမီးက သူ့ရှေ့ရောက်လာကာ ရေတစ်ခွက်ချပေးပြီး ဘာမှာမလဲ စောင့်ဆိုင်းနေသည်။
‘သီးစုံရေခဲမုန့်တစ်ခွက် ဘယ်လောက်လဲခင်ဗျ’
‘50 Cent (တစ်ဒေါ်လာရဲ့ တစ်ဝက်) ပါ’ စားပွဲထိုးက ဖြေသည်။
ကောင်လေးက သူ့အိတ်ထဲမှ အကြွေစေ့တွေ ထုတ်ကာ ရေတွက်သည်။ ပြီးတော့ ‘ရိုးရိုး ရေခဲမုန့်တစ်ခွက် ဆိုရင်ကောဗျာ’ ဟုမေးသည်။
ဧည့်သည်တွေက များနေသော စားပွဲထိုး အမျိုးသမီးက သိပ်စိတ်မရှည်ချင်။
‘၃၅ ဆင့်’ ဟု တိုတိုပြတ်ပြတ် ဖြေသည်။
ကောင်လေးက သူ့ပိုက်ဆံတွေကို ရေတွက်ပြီးနောက် ‘ရိုးရိုး Ice-Cream တစ်ခွက်ပဲ ပေးပါ ခင်ဗျာ’ ဟုဆိုသည်။ စားပွဲထိုးလေးက Ice-Cream ယူလာပေးသည်။ ဘီလ်စာရွက်ကိုပါ စားပွဲပေါ်တင်ပေးပြီး လှည့်ထွက်သွားသည်။
ကောင်လေးက ရေခဲမုန့်ကိုစား၊ ကောင်တာမှာ ငွေရှင်းပြီးနောက် အိမ်ပြန်သွားတော့သည်။
စားပွဲထိုး အမျိုးသမီးလေးက ကောင်လေးထိုင်ခဲ့သည့် စားပွဲဆီပြန်လာပြီး ခုံသုတ်သည့်အခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည်။ ကောင်လေးစားသွားသည့် Ice-Cream ခွက် ဘေးတွင် ၁၅ ဆင့် အကြွေပိုက်ဆံကို ထားခဲ့သည်။
သူမအတွက် Tips ပေးထားခဲ့ခြင်းပင်။ အနောက်နိုင်ငံတွေမှာက စားသောက်ဆိုင်တွေထိုင်တဲ့အခါ စားပွဲထိုးတွေကို Tip Money ပေးလေ့ ရှိသည်။
(The Best of Bits & Pieces စာအုပ်မှ စာတစ်ပုဒ်အား မှီငြမ်းပါသည်။)

myanmar consumer

အပြည့်အစုံသို့ »

ရိုးသားသူကို ရွေးချယ်ပါ



       ရှေးတုန်းက ဗာရာဏသီပြည်မှာ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးရှိခဲ့ပါတယ်။ သူ့မှာ အရမ်းချောမောလှပတဲ့ သမီးတစ်ယောက်လည်းရှိတယ်။ သမီးလေး အရွယ်ရောက်တော့ မိဘ၀တ္တရားအတိုင်း သင့်တော်မည့်သူနဲ့ ထိမ်းမြှားပေးရမှာပေါ့။ သူ့ဆီမှာ ကျောင်းလာတတ်တဲ့ ကျောင်းသားတွေက
လည်း မြို့အသီးသီးက ဒိတ်ဒိတ်ကြဲသူဌေးသားတွေချည်းပဲ။ ကျောင်းသား တိုင်းကလည်း ပါမောက္ခကြီးသမီးကို စိတ်ဝင်စားကြတယ်။ ဒီတော့ ဆရာကြီးက ကျောင်းသားအားလုံးကို ခေါ်ပြီး ပြောတယ်။ "ကဲ တပည့်တို့၊ ငါ့သမီးကို ဘယ်သူ ယူချင်ကြသလဲ"။ ကျောင်းသားအသီးသီးဟာ သူယူမယ်၊ ငါယူမယ်နဲ့ ဆူညံ့နေပါတော့တယ်။ "ကဲ တပည့်တို့ သမီးကို လက်ထပ်ချင်ရင် အိမ်ပြန်ပြီး မိဘတွေမသိအောင် တန်ဖိုးရှိတဲ့ ရတနာတွေ ယူခဲ့ကြ"။ "ဟုတ်ကဲ့ ဆရာကြီး"။ အားလုံးအိမ်ပြန်ကြပါတယ်။ အသီးသီး မိဘတွေမသိအောင် တန်ဖိုးကြီးတဲ့ ရတနာတွေ ယူလာပြီး ပေးကြတယ်။

       ဒါပေမယ့် ကျောင်းသားတစ်ယောက်ကတော့ မျက်နှာမှိုင်မှိုင်နဲ့ ဆရာကြီးကို ပြောပါတယ်။ "ဆရာကြီး ကျွန်တော် ဆရာကြီး သမီးကို စတွေ့တွေ့ချင်းကို အချစ်စစ်အချစ်မှန်နဲ့ မြတ်နိုးပါတယ်။ ကျွန်တော့်မိဘတွေကလည်း ချမ်းသာပါတယ်။ ဒါပေမယ့် ဆရာ ကြီးရယ် တန်ဖိုးရှိတဲ့ ပစ္စည်းကို မိဘတွေမသိအောင် ယူလာမှ ဆရာကြီးသမီးကို ရမယ်ဆိုရင်တော့ ကျွန်တော် ဆရာကြီးသမီးကို အဆုံးရှုံးခံလိုက်ပါတော့မယ်။ အဖေအမေမသိအောင် ပစ္စည်းကိုတော့ မခိုးနိုင်ပါဘူး။ သူများနဲ့ပဲ ပေးစား လိုက်ပါတော့"။ "အေးကွာ ဒီလိုဆိုတော့လည်း ဘယ်တက်နိုင်မလဲ"။ ဒါနဲ့ ကျောင်းသားအားလုံးရော ချစ်သမီးကိုပါခေါ်ပြီး ကြေငြာ ပါတယ်။ "ကဲ အားလုံးနားထောင်၊ ငါ့သမီးကို ဘယ်သူနဲ့ ထိုက်တန်သလဲဆိုတာ ပြောမယ်"။ ကျောင်းသားအားလုံး ရင်ခုန်စွာနဲ့ နားစွင့်နေပါတယ်။ "တပည့်တို့ ငါ့သမီးကို ဘာရတနာမှယူမလာတဲ့ ဒီနောက်ဆုံးကျောင်းသားနဲ့ပဲ လက်ထပ်ပေးမယ်"။ အားလုံး ဟာခနဲ ဖြစ်ကုန်ပါတယ်။ ဆရာကြီးက ဆက်ပြောတယ်။ "တပည့်တို့ တကယ်တော့ မင်းတို့ရဲ့ ရိုးသားမှုကို စမ်းလိုက်တာပါ။ ငါလိုချင်တာ ရတနာပစ္စည်းမဟုတ်ဘူး။ တကယ်လိုချင်တာက ရိုးသားမှုပါ။ ရတနာဆိုတာက ငါ့မှာ ဆယ်သက်စားမကုန်ုအောင် ရှိတယ်။ မင်းတို့ ဘယ်လောက်ချမ်းသာချမ်းသာ ရိုးသားမှုမရှိရင် ငါ့သမီး တစ်သက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူး။ ဒါကြောင့် အခု ငါ့သမီးကို ရိုးသားတဲ့ ကျောင်းသားနဲ့ပဲ ပေးစားပါတယ်"။

       ထို့နောက် သမီးချောလေးနဲ့ ရိုးသားတဲ့ ကျောင်းသားကို ကိုယ်တိုင် လက်ထပ်ပေးလိုက်ပါတယ်။ သမီးချောနဲ့ ရိုးသား တဲ့ ကျောင်းသားလည်း တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းသွားပါတော့တယ်။

        ဒါကြောင့် ကြင်ဖော် (သို့မဟုတ်) ကြင်ရာရွေးချယ်ရာမှာ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးက ရိုးသားမှုပါ။ ရိုးသားသူဟာ အကျင့်စာရိတ္တကောင်းတယ်။ သစ္စာရှိတယ်။ နားလည်မှုရှိတယ်။ ပျော်ရွှင်မူကို ပေးနိုင်ပါတယ်။ တစ်ခုရှိတာက ရိုးသားသူကို ရပေမယ့် ကိုယ်ကိုယ်တိုင်က မရိုးသားဘူး၊ သစ္စာမရှိဘူး၊ အကျင့်ပျက်ရင်လည်း သာယာတဲ့အိမ်ထောင်ရေး ဖြစ်မလာနိုင်ပါ ဘူး။ နှစ်ဦးနှစ်ဖက်လုံး ရိုးသားမှ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်မှာပါ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

ရင် နင့် ဖွယ် ရာ့ မေ့ မေ တ္တာ


ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။

ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။

ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ကြိုးစားပါတယ်..။

သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။

သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။

ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"

ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကိုဖယ်ရှားကြပါတယ်..။

သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။

အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။

ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။

ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"

ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။
သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။

credit : original writter

အပြည့်အစုံသို့ »

သူကြွယ်ကြီးနဲ့ မယားလေးယောက်


တစ်ခါတော့ အဖိုးအိုတစ်ဦးက သူ့မြေးတစ်ယောက်ကို ပုံပြင်တစ်ခုပြောပြပါသတဲ့။
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။
၎ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ၀တ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ်။သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။
၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။ အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလဲ တစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့ပါသွားမှာကို အရမ်းစိုးရိမ်တယ်။
၂ ယောက်မြောက်မိန်းမကိုလဲ အလွန်ချစ်တယ်။သူက အတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ်။
ပထမမိန်းမကိုတော့ သူသိပ်ကြည့်မရဘူး။ သူနဲ့အတူတူသွားလာနေတာကလွဲလို့ သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။ သူ့မိန်းမကတော့ သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့် သူကတော့ သိပ်ဂရုမစိုက်ဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီးမှာ ရောဂါတစ်ခုရပါလေရော။ ဆရာဝန်ကလဲ မကြာခင်သေတော့မယ်လို့ပြောလိုက်တယ်။သူဌေးကြီး အိပ်ရာပေါ်လဲပြီ။ သူ့မိန်းမလေးယောက်က သူ့ကို ၀ိုင်းပြုစုကြတယ်။အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။
” ငါသေရင် တမလွန်မှာ တစ်ယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ မင်းငါနဲ့ တမလွန်ကိုလိုက်ခဲ့မလား ” လို့မေးလိုက်တယ်။
သူ့မိန်းမက သူ့နားကထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။
ဒါနဲ့ သုံးယောက်မြောက်မိန်းမကို မေးပြန်တယ်။” မရဘူး ငါ့ဘ၀က ဒီအချိန်မှာ ပျော်စရာကောင်းနေပြီ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်ဆီ လိုက်သွားမှာပဲ ” လို့ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။
နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။” စိတ်မကောင်းပါဘူး ငါနင်နဲ့အတူလိုက်မသေနိင်ဘူး ငါနင့်ကိုတော့ အုတ်ဂူအထိလိုက်ပို့ပါ့မယ်” သူဌေးကြီး လုံးဝစိတ်ထိခိုက်သွားတယ် ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။
ပထမ မိန်းမကတော့ ” ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်” လို့ဖြေလိုက်တယ်။
သူဌေးကြီးလဲ ပထမမိန်းမကို ၀မ်းသာအားရပွေ့ဖက်လိုက်တယ်။
ပုံပြင်လေးပြီးသွားတဲ့အခါ အဖိုးအိုက သူ့မြေးကို ရှင်းပြတယ်”
” ငါ့မြေး ဒီပုံပြင်ထဲက လေးယောက်မြောက်မိန်းမဆိုတာ တခြားမဟုတ်ဘူး ငါတို့ရဲ့ ခန္ဓာကိုယ်ပဲ။ငါတို့ဟာ ကိုယ့်ခန္ဓာကို အလှအပတွေဆင်၊မဖျားနာအောင် ဂရုစိုက်တာတောင်မှ သေရင်ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး
တတိယ မိန်းမကတော့ စီးပွားဥစ္စာကိုရည်ညွန်းတယ်။ ငါတို့ဘယ်လောက်ရှာခဲ့ရှာခဲ့ ငါတို့သေရင် ကိုယ့်သားသမီး၊အခြားလူတွေဆီပါသွားမယ်။ ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး။
ဒုတိယမိန်းမကတော့ ငါတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ငါတို့ကိုအရာအားလုံးမှာ ကူညီပေမယ့် ငါတို့သေတဲ့အခါ လိုက်ပဲပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာမဟုတ်ဘူး။
ပထမမိန်းမကတော့ ငါတို့ရဲ့ ၀ိညာဉ် တစ်နည်းအားဖြင့်ပြောရရင် နာမ်ပဲ။ ငါတို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ငါတို့နဲ့အတူတူ သံသရာတစ်လျှောက်လုံး လိုက်ပါလာလိမ့်မယ်။ ”
မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်

အပြည့်အစုံသို့ »

သဘာဝကို လွန်ဆန်ဖို့ မကြိုးစားပါနဲ့



တစ်နေ့မှာ အဘိုးအို တစ်ယောက်ဟာ ရေနစ်နေသော ကင်းမြီးကောက် တစ်ကောင်ကို တွေ့ခဲ့တယ်။ ထိုအခါ သူဟာ ကယ်ဖို့ ဆုံ့းဖြတ် လိုက်ပါတယ်။ အဘိုးအိုဟာ ကင်းမြီးကောက်၏ လက်ကို ကိုင်လိုက်တဲ့ အခါ ကင်းမြီးကောက်က အဘိုးအိုအား ကိုက်လိုက်ပါတယ်။

ထိုအခါ အဘိုးအိုဟာ လက်ကို ခါရမ်းလိုက်တယ်။ ကင်းမြီးကောက်ကို မကယ်နိုင်တဲ့ အပြင် လက်လည်း အရမ်းနာကျင် သွားတယ်။ အဘိုးအို ကယ်မြီးကောက်ကို ကယ်တင်နေတာကို ဘေးနားကနေ ကောင်လေး တစ်ယောက်က ရပ်ကြည့် နေပါတယ်။

ထိုအခါ ကောင်လေးက အဘိုးအိုကို အခုလိုပြောတယ်...

" အဘိုး ကင်းမြီးကောက်က အဆိပ်ရှိတယ် ဘာကြောင့် ကယ်ရတာလည်း "

" ကင်းမြီးကောက်ဆိုတာ ကတော့ ကိုက်တတ်တဲ့ သတ္တဝါမို့လို့ ကိုက်မှာပဲ "

ကောင်လေး နားမလည် ဖြစ်သွားတယ်။ ထိုအချိန်မှာပဲ အဘိုးအိုဟာ ဘေးနားမှာ ရှိတဲ့ သစ်ရွက် တစ်ရွက်ကို အသုံးပြုပြီး ကင်းမြီးကောက်ကို ကယ်လိုက်တယ် ဆိုပါတော့။

ထိုအခါ ကင်မြီးကောက်လည်း မြေပေါ်သို့ရောက်ရှိ သွားပြီး အသက်ဘေးမှ လွတ်မြောက် သွားပါတယ်။

အဘိုးအိုက ကောင်းလေးကို နောက်ထပ် စကားတစ်ခွန်း ထပ်ပြီးပြော လိုက်ပါတယ်..

လောကမှာ သဘာဝတရားဆိုတာ ပြောင်းလဲလို့ မရတဲ့ အရာပဲ။ ပြောင်းလဲရမှာက လူတွေရဲ့စိတ်။

ကင်းမြီးကောက်ကတော့ ကိုက်တတ်တဲ့ သတ္တဝါ မိုလို့ ကိုက်မှာပဲ။

ကျော်လင်းနိုင် (ရိုးရာလေး)



အပြည့်အစုံသို့ »

ချင်း တိုင်း ရင်း သား တို့ ၏ ရိုး ရာ ပုံ ပြင် - လိမ်ပြောမိ၍ နှုတ်သီးကွေးလိမ်သွားရသော ငှက်ညိုယောင်ခါ


သူသူထက်လွင်

Yangon Times Journal အတွဲ (၁၀) အမှတ် (၁၄)

ချင်းတိုင်းရင်းသားတို့တွင် တရားစီရင်ရေးနှင့်သက်ဆိုင်
သော ရိုးရာဓလေ့ပုံပြင် များစွာရှိပါသည်။ အဆိုပါပုံပြင်များ စွာအနက် ''လိမ်၍ ထွက်ဆိုမိသော ကြောင့် နှုတ်သီးကွေးလိမ်သွားရသော ငှက်ညိုယောင်ခါ'' ဆိုသည့်ပုံပြင်လေး မှာ ထူးခြားလှသည်။

ယင်းပုံပြင်လေးမှာ ချင်းစာရေး ဆရာကိုနိုင်း (ချင်းတောင်)ရေးသား ထားသော ခါမောင်ကွေနှင့် ခါမျောင် ဒါ (နှုတ်သီးကွေးနှင့်နှုတ်သီးကောက်) ပုံပြင်လေးဖြစ်ပါသည်။

ရှေးအခါက ချင်းပြည်နယ်တောင် တန်းနယ်မှာ ကျေးရွာလေးတစ်ရွာရှိ သည်။ အဲဒီကျေးရွာလေးနာမည်က ပီယိုးနမ်ရွာလို့ခေါ်ပြီး ရွာအနီးမှာရှိ တဲ့ ညောင်ပင်ဖြူကြီးမှာ ငှက်မျိုးစုံနေ ထိုင်ကြသည်။

ငှက်အားလုံးကို တစ်ကိုယ်လုံး အမွေးတွေဆွတ်ဆွတ်ဖြူနေတဲ့ ငှက် ဖြူမင်းဆီးပီက အုပ်ချုပ်ပြီး ငှက်မင်း မှာ အမှုတော်ထမ်းငှက်ငယ်လေးကောင် ရှိပါသည်။ သူတို့တွေကတော့ အနီ ရောင်ငှက်ငယ်လေးခါရှင်း၊ အပြာ ရောင်ငှက်လေးခါကင်း၊ အဝါရောင် ငှက်လေးယောင်အာနဲ့အညိုရောင်ငှက်လေးယောင်ခါတို့ဖြစ်ပါသည်။

ငှက်တွေအားလုံးက သူတို့သ ဘာဝအတိုင်း တေးသံရှင်အဆိုတော် လေးတွေဖြစ်ပြီး သီချင်းသီဆိုလေ့ရှိ သည်။ တစ်နေ့ မိုးမလင်းမီအချိန်အ ခါမဟုတ်ဘဲ ငှက်နီခါရှင်းက အသံ လေးစာစာနဲ့ တေးသီချင်းလေးကို သီ ဆိုပါတော့သည်။ သူဆိုတဲ့သီချင်းလေး က ''အအိပ်ကြီးသူ၊ အပျင်းထူ၊ ဖြူ ဖြူဖွေးဖွေးရှိတယ်လေး။ အစားကြီး သူ၊ အပျင်းထူ၊ ဖြူဖြူဖွေးဖွေးရှိတယ် လေး၊ ရည်းလေလေ့၊ ရည်းလေလေး'' လို့ဆိုသည်။

သီချင်းသံကြားတာနဲ့ အထောက် တော်ဖြစ်တဲ့ ငှက်ပြာခါကင်းက ငှက် နီခါရှင်းကိုဘာမှမမေးတော့ဘဲ ငှက် ဖြူဆီးပီထံ သတင်းသွားပို့တော့သည်။
''ဘုရင်ကြီးငှက်နီခါရှင်းက မိုး မသောက်မီ စောစောစီးစီး ဘုရင်ကြီး ကိုစောင်းချိတ်ပြီး သီချင်းဆိုနေပါ တယ်။ အဲလိုပြုလုပ်တာဟာ မလျော် တဲ့အတွက် နောင်ဒီလိုမလုပ်ဖို့ တား မြစ်ပေးဖို့ လျှောက်တင်ခြင်းဖြစ်ပါ တယ်''လို့ လျှောက်ထားလိုက်သည်။

ဘုရင်ကြီးကလည်း ခါရှင်ငှက် ငယ်က ဘယ်လိုသီဆိုသလဲလို့ မေး လိုက်ရာ ''အအိပ်ကြီးသူ၊ အပျင်းထူ၊ ဖြူဖြူဖွေးဖွေးရှိတယ်လေး''အစချီတဲ့ သီချင်းဆိုကြောင်းပြောလိုက်ရာ တစ် ကိုယ်လုံးအမွေးဖြူတွေရှိတဲ့ သူ့ကို စောင်းမြောင်းဆိုတယ်ထင်ပြီး ဒေါသ ထောင်းခနဲထွက်သွားပြီး ခါရှင်းငှက် ကို ခေါ်ယူစစ်ဆေးလေသည်။

''မောင်မင်းခါရှင်း ဒီနေ့မနက် မိုးမလင်းမီက ဘယ်လိုသီချင်းသီဆို သလဲ''လို့မေးရာ ငှက်နီခါရှင်းကလည်း သူသီဆိုတဲ့စာသားကို ရဲရဲဝံ့ဝံ့နဲ့လျှောက် တင်လိုက်သည်။

''ကိုယ်တော်မြတ်မြှောက်စား ချီးမြှင့်ထားသဖြင့် ဆောင်းတွင်းကာ လမှာ ကိုယ်တော်မြတ်ရဲ့ နှမတော် ငှက်ဖြူမလေးနဲ့လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ ခုနွေဦးမှာ ငှက်ဖြူမက အ မွေးဆွတ်ဆွတ်ဖြူတဲ့ ငှက်သားငယ် ဖြူလေးကို ဖွားမြင်ကြောင်းပါ။ သား ငယ်လေးအိပ်မပျော်တဲ့အခါ တေးဆို ချော့သိပ်ရပါတယ်ဘုရား''လို့ ပြော လိုက်တော့မှ ငှက်ဖြူဘုရင်ကြီးသဘော ပေါက်သွားသည်။ ဘုရင်ဖြစ်နေတော့ ရာဇမာန်နဲ့လျှော့ပေါ့အပြစ်ပေးတဲ့ အနေနဲ့ အသက်ချမ်းသာပေးပြီး မော ဒဏ်ခတ်လိုက်သည်။

''မောင်မင်းစကားမှန်ပေမယ့် အများအမြင်မှာ ငါ ငှက်ဖြူဘုရင်ကို စောင်းချိတ်ဆိုတယ်လို့ မြင်စေတဲ့အ တွက် အသက်ချမ်းသာပေးပြီး သစ် ပင်ကို ဆင်သစ်တုံးကိုက်ချီကာ အပတ် တစ်သောင်းပတ်ရမယ့် မောဒဏ်ခတ် လိုက်တယ်''လို့ ဘုရင်ကပြောသည်။

ငှက်နီခါရှင်း အဲဒီလိုမောဒဏ် ခံနေရတာကို ငှက်ပြာနဲ့ အခြားငှက် ငယ်တွေက လှောင်ပြောင်ကြသည်။ ခါရှင်းလည်း ငှက်ပြာခါကင်းကြောင့် ဖြစ်ရတယ်ဆိုပြီး လက်စားချေဖို့ အမြဲ ကြံစည်နေသည်။

ငှက်ဖြူဘုရင်နဲ့ ငှက်ဝါယောင် အာမရှိခိုက် သူ့သီးနှံတွေကို ငှက်နီ ခါရှင်းကခိုးယူပြီး ငှက်ညိုယောင်ခါ ကို လိမ်လည်ထွက်ဆိုဖို့စည်းရုံးသည်။ ငှက်ညိုယောင်ခါက လည်းခါရှင်း ငှက်ပေးမယ့် ညောင်သီးတွေကိုလို ချင်နေသည်။

''ခင်ဗျားရဲ့ရင့်မည့်ချိုမွှေးနေတဲ့ အရှေ့ကိုင်းက ညောင်သီးတွေကိုတော့ စားချင်ပါရဲ့ဗျာ။ ဒါပေမဲ့ တကယ်တပ် အပ်မမြင်ဘဲနဲ့ မြင်ပါတယ်လို့မထွက် ဆိုဝံ့ဘူးဗျာ''လို့ ငှက်ညိုက ပြောပေ မယ့် ရိက္ခာရှားပါးနေတဲ့ငှက်ညို ယောင် ခါက နောက်ဆုံးမှာ ငှက်နီပေးမယ့် နှစ်ရာသီစာညောင်သီးတွေကိုလိုချင် တဲ့အတွက် လိမ်လည်ထွက်ဆိုပေး ဖို့ သဘောတူလိုက်သည်။

ငှက်ဖြူဘုရင်ဆီးပီပြန်ရောက်လာတဲ့အခါ ငှက်ဝါယောင်အာရဲ့သီး နှံတွေ ပျောက်နေတာသိရပြီး ငှက် ညို ယောင်ခါရဲ့ထွက်ဆိုချက်နဲ့ ငှက် ပြာခါကင်းခိုးယူတယ်လို့ယူဆပြီး ဖမ်း ဆီးချုပ်နှောင်စေသည်။ ငှက်ပြာခါ ကင်းက အရှုံးမပေးဘဲ ဘုရင်ကြီးထံ တွင်အယူခံလျှောက်တင်ကာ မလိမ် မညာတတ်သော ငှက်သူငယ်လေး များကို ခေါ်ယူမေးမြန်းခိုင်းသည်။

''တရားသူကြီးဘုရင်မင်းမြတ်ကြီး ခင်ဗျား။ အရွယ်ရောက်ကြီးပြင်းသူ များသည် လိမ်လည်တတ်ကြသော ကြောင့် ငှက်သူငယ်(ကလေးငယ်)များ ကို ခေါ်ယူစစ်ဆေးမေးမြန်းပေးဖို့အ ယူခံဝင်ပါတယ်။ ငှက်သူငယ်တွေကို စေ့စုံစွာနဲ့ကြားနာစစ်ဆေးပေးဖို့ တောင်း ဆိုပါတယ်''လို့ငှက်ပြာကပြောသည်။
အဲဒီတော့မှ ဘုရင်က ငှက်သူ ငယ်တွေအားလုံးနဲ့ မျက်မြင်သက်သေ ငှက်ညိုယောင်ခါကိုခေါ်ယူပြီး အမှုကို ထပ်မံစစ်ဆေးသည်။

''မျက်မြင်သက်သေ ယောင်ခါ ရေငှက်ပြာကသီးနှံ ခိုးယူတယ်ဆိုတာ မနက်လား၊ နေ့လယ်လား၊ ညလား ပြောပါဦး''လို့ဆိုလိုက်ရာ ငှက်ညိုယောင် ခါကမသိသဖြင့် ရမ်းပြီးတော့ ညအ ခါမှာခိုးယူပါတယ်လို့ ဖြေလိုက်သည်။ အဲဒီတော့ ငှက်ပြာခါကင်းရဲ့သီချင်း ဆိုသံကို ငှက်သူငယ်လေးတွေက ည အချိန်မှာကြားနေရသောကြောင့် သွားရောက်ခိုးယူရန်မဖြစ်နိုင်ကြောင်း ပေါ်လာသည်။

''ဥပဒေပညာတတ်တိုင်းက စိတ် ကောင်းစေတနာကောင်းရှိဖို့လိုအပ် ပါတယ်။ စိတ်ရင်းခံကောင်းတဲ့တရား သူကြီးသာလျှင် ပြည်သူ့တရားသူကြီး ဖြစ်နိုင်ပါတယ်။ တရားဥပဒေက တ ရားသူကြီးတွေကိုမစိုးမိုးဘူး။ ရှေ့နေ တွေကိုမစိုးမိုးဘူးဖြစ်နေတယ်။ အမှန် တော့ တရားဥပဒေက ပြည်သူတွေ အပေါ်မှာထက် တရားသူကြီးတွေ၊ ရှေ့နေတွေအပေါ်မှာစိုးမိုးရမယ်။ တ ရားသူကြီးတွေ မတရားဆုံးဖြတ်ရင် ဘယ်သူကတရားစွဲမှာလဲ။ ဘယ်လိုဆုံး ဖြတ်ကြမလဲ။ အဓိကကတော့ ဥပဒေ ကိုကိုင်ဆွဲပြီး အလုပ်လုပ်ကိုင်ကြတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေက လာဘ် မစားဖို့အရေးကြီးပါတယ်''ဟု ချင်း အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇို ဇမ်က ပြောသည်။

ရှေ့ဆက်ပြီး ဘုရင်ကြီးက ''ယောင် ခါရိက္ခာဂိုဒေါင်မှာ သီးနှံ၊ စပါး၊ ပျား ရည်တွေသိုလှောင်ထားတယ်။ ဘယ် ဟာကို အရင်ခိုးယူသွားတာမြင်လိုက် လဲ''လို့ မေးမြန်းပြန်သည်။

မျက်မြင်သက်သေအတုအ ယောင် ဖြစ်တဲ့ ငှက်ညို ယောင်ခါက ရမ်း သန်း၍ ''ပျားရည်တွေကို အရင်ခိုး ယူတာပါ''လို့ဖြေလိုက်ရာ ဘုရင်က ငှက်ဝါမင်း ပျားရည်တွေ အကုန်ပျောက် သွားသလား မေးသည်။

အခိုးခံရတဲ့ ငှက်ဝါယောင်အာ ကလည်း ''ကျွန်တော်မျိုးရဲ့ပျားရည် တွေ တစ်စက်မှမပျောက်ပါဘူး''လို့ ပြောလိုက်ရာ အမှုမှန်မှာ ထင်ထင်ရှား ရှားပေါ်လာပြီး ငှက်ပြာခါကင်း မခိုး ကြောင်း၊ ငှက်ညိုယောင်ခါ မမှန်သက် သေထွက်ဆိုကြောင်း သိသွားသည်။

ထပ်မံစစ်ဆေးလိုက်တဲ့အခါမှာ တော့ ငှက်နီခါရှင်းရဲ့အကောက်ကြံ မှုကိုသိရှိရကာ မမှန်ထွက်ဆိုသော ငှက်ညိုယောင်ခါနဲ့ ခါရှင်းကို ကျော ချင်းကပ်ပြီး ညောင်ကြိုးရှည်နဲ့အထပ် ထပ်ရစ်ချည်ကာအပြစ်ပေးထားသည်။
ထိရောက်တဲ့အပြစ်အဖြစ် သူ များအကျိုးထိခိုက်အောင် လိမ်ညာ ခိုင်းတဲ့ ငှက်နီခါရှင်းရဲ့နှုတ်ခမ်းကို လိမ်ကောက်ပြီး အောက်ကိုစိုက်ထား လိုက်ကာ မမှန်မကန်သက်သေထွက် ဆိုတဲ့ ငှက်ညိုယောင်ခါရဲ့နှုတ်သီးကို တော့ ဆွဲဆန့်လိမ်ကွေးကာ မိုးပေါ် သို့ထောင်ထားလိုက်ပြီး နောက် သစ် ခေါင်းအကျဉ်းထောင်ထဲမှာ ထည့်ထား လိုက်တော့သည်။

ထိုနေ့ထိုအချိန်မှစ၍ ယင်းငှက် ကလေးနှစ်ကောင်သည် တစ်ကောင် က နှုတ်သီးအောက်ဆိုက်ကောက်နေ ပြီး တစ်ကောင်က တွန့်လိမ်ကာ မိုး ပေါ်ထောင်နေကြပြီး သစ်ခေါင်းအောင်း ငှက်လေးတွေဖြစ်သွားကြသည်။
ဒီပုံပြင်လေးထဲမှာ သတင်းပေးမှားလို့ မတရားခံလိုက်ရတဲ့အတွက် ပြန်လည်အကောက် ကြံတာမျိုးတွေဖြစ်နိုင်ကြောင်း၊ ရိက္ခာနည်းပါး သောကြောင့် မမှန်မကန်သက်သေလိုက်တတ် သော သဘောတွေကိုတွေ့မြင်ရပြီး တရားစီ ရင်ရာတွင်မျှတပြီး ဘက်မလိုက်ဖို့လိုအပ်ကြောင်း သိရသည်။

ယနေ့အချိန်အခါမှာတော့ ခိုးမှု၊ လိမ်မှု၊ သတ်မှုများအတွက် ဥပဒေများပြဋ္ဌာန်းထားပြီး အပြစ်သားများအား အကျဉ်းချခြင်း၊ တစ်ကျွန်း နဲ့သေဒဏ်များချမှတ်ကြသည်။

''ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိတယ်။ ငွေရှိတဲ့သူက အမှုနိုင်နေတယ်။ ဆင်းရဲသား တွေက ခံရတဲ့ဘက်ချည်းဖြစ်နေတယ်။ အဲဒါ တွေမဖြစ်ဖို့ လိုအပ်ပါတယ်။ ငွေပေးလိုက်လို့ ဘက်လိုက်ပြီး ဆုံးဖြတ်ချက်ချနေတာမျိုး မဖြစ် သင့်ပါဘူး''ဟု ကုမ္ပဏီဝန်ထမ်း ဦးရဲကပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်၍ ချင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်ကလည်း ''လာဘ်များ များပေးနိုင်မှ ပိုက်ဆံများများပေးနိုင်မှ အမှု နိုင်မယ်ဆိုတာတွေဖြစ်နေတယ်။ တရားသူ ကြီး၊ ရှေ့နေတွေက အမှုကိုမြန်မြန်ပြီးဖို့အရေး ထက် အမှုမပြီးအောင် အချိန်ဆွဲပြီးလုပ်စား တာမျိုးရှိနေပါတယ်။ အုပ်ချုပ်တဲ့လူတန်းစား တွေက ဥပဒေကိုခြိမ်းခြောက်တဲ့လက်နက်အ ဖြစ်အသုံးပြုကြတာမျိုး မဖြစ်သင့်ပါဘူး။ ဥပဒေ ဆိုတာ ပြည်သူကိုထောက်ပံ့ဖို့လား။ ခြိမ်းခြောက် ဖို့လား။ တကယ်တမ်းတော့ ပြည်သူကိုအကျိုး ပြုဖို့ဖြစ်သင့် တယ်''ဟု ထပ်မံသုံးသပ်သည်။

သို့ဖြစ်၍ ချင်းတိုင်းရင်းသားတို့၏ပုံပြင် လေးသည် မှန်ကန်စွာတရားဆုံးဖြတ်နိုင်ရေး ကို မီးမောင်းထိုးပြသထားကြောင်းနှင့် တရား စီရင်ရေးတွင် ကျောသားရင်သားမခွဲခြားဘဲ တိုင်းရင်းသားအားလုံးကို တန်းတူထားကာ အထင်လွဲဆုံးဖြတ်ခြင်း၊ ဘက်လိုက်ဆုံးဖြတ် ခြင်းများမရှိဘဲ ဆုံးဖြတ်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား ဖော်ပြလိုက်ခြင်း ပင်ဖြစ်ပါသည်။

Yangon Media Group

အပြည့်အစုံသို့ »

တံငါသည် မြေးအဖိုးနှင့် နတ်မနိုင် ကွက်သစ်


(၁)

သည်တလောတွင် မြေးအဖိုးနှစ်ယောက် အလုပ်မရှိ။ အိပ်လိုက် စားလိုက် လည်လိုက်နှင့်ပင် ဇိမ်ကျနေလေသည်။ ကြာလာတော့ အဖွားဖြစ်သူ မိကျင်လှိုင်မှာ အမြင်ကတ်လာပြီ ဖြစ်သည်ကို မြေးအဖိုးနှစ်ယောက် မတိုင်ပင်ဘဲနှင့်ပင် အတတ်သိနေသည်။ မဖြစ် … သည်အတိုင်းနေလို့ မဖြစ်။ တော်ကြာ ထမင်းပင် ချက်မကျွေးပဲ နေလိမ့်မည်။ သို့နှင့် …

အဖိုးဖြစ်သူမှာ သူ့အလုပ်ကိစ္စရှိသည်ဟုဆိုပြီး လှော်တက်တစ်ချောင်းဆွဲကာ လှေဆိပ်သို့ ဆင်းသွားသည်။ ကျနော်လည်း ဘယ်သွားရမှန်းမသိဖြစ်နေစဉ် လူဆိုးသူငယ်ချင်းများဖြစ်သော မောင်ပျော့ (လေးကွပစ်ရာတွင် အထူးဂုဏ်ထူးယူထားသူ)၊ ခါးတို (ခါတိုပြီး ပုကွကွဖြစ်နေလို့)၊ ပူးနောင်းဂျိန် (သူ့အိမ်၌ သူစိတ်ဆိုးရာတွင် နတ်ကနား ကသကဲ့သို့ မျောက်လို ခုန်တတ်၍)၊ သဲမောင် (ညီဖြစ်သူ) တို့ ခြံဝင်းထဲ ရောက်လာကြသည်။

မောင်ပျော့မှ “ဟေး … ငအောင် … နတ်ကပွဲ မသွားဘူးလားဟ … ဟိုမှာ စနေလောက်ပြီ”

သြော် … ဟုတ်ပါ့ … တစ်နှစ်မှ မသွားဖြစ်ခဲ့သည့် နတ်ကပွဲစသည်မှာ ဒီနေ့ပဲကိုး။

“သြော် … အေးအေး … ငါမေ့နေလို့ကွ … သွားမယ် အခုပဲသွားမယ်”

စကားပြောမဆုံးသေးခင်ပင် ရွာထိပ်မှ နတ်ဆိုင်းသံများ စတင်နေပြီဖြစ်လေသည်။ ထို့နှင့် လွယ်အိတ်ကို ပြေးလွယ်၍ုကုန်းကြောင်းဖြင့် အသော့နှင်ကြတော့သည်။

(၂)

နတ်ကရာ ခြံဝင်းသည်ကား ကျယ်ဝန်းလှသော်လည်း သက်တမ်း ၂၀၀ ကျော်ရှိနေပြီဖြစ်သော ညောင်ပင်ကြီး လေးပင်ကြောင့် အနည်းငယ်ကျဉ်းသည်ဟု ထင်ရသည်။ ရာသီဥတု ပူသော်လည်း ညောင်ပင်ကြီးများ၏ အရိပ်ကောင်းမှုကြောင့် အတော်ပင် အေးစိမ့်သည်။ ယခု ထိုညောင်ပင်ကြီးများ ရှိမရှိ မသိတော့ … နတ်မနိုင်သားများ၏ လက်ချက်ကို နတ်မနိုင်သားတို့သာ သိသည်မဟုတ်ပါလော။

ပရိတ်သတ်နှင့် နတ်ကတော်များအပါဝင် လူပေါင်း ၄၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ နတ်ဆိုင်းဝိုင်းတီးနေကြသည့် ဦးပေတိုးတို့၏ လက်သံကလည်း ကြောက်ခမန်းလိလိပင်။ အရက်မူးမူးနှင့် တီးနေသည်လားတော့ မပြောတတ်။ ဗြောသံ ဗုံသံ ဒိုးပတ်သံတိုသည့်ကား အချင်းချင်း စကားကပ်ပြောလျှင်ပင် မကြားတစ်ချက် ကြားတစ်ချက်နှင့်။

ကျနော်တို့ တစ်အုပ်စုလုံး မလှမ်းမကမ်းတွင် ရှိနေသော ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ကွန်းအောက်၌ ကုန်းကွ၍ဝင်သွားကာ ထိုင်၍နေရာယူလိုက်ကြသည်။ တော်ကြာ နေရာများရှိတော့မည်မဟုတ်။ ရွာမှ နတ်ကတော်များ ဖြစ်ကြသည့် အဖွားမရှမ်း၊ ဒေါ်ပြုံးချို၊ ဒေါ်သန်းစိန်၊ ဦးတောကြီးနှင့် အခြားနှစ်ယောက်မှာ လှုပ်စိ လှုပ်စိ ဖြစ်နေပြီကို တွေ့လိုက်ရသည်။

ထိုအခြားနှစ်ယောက်မှာ မြို့မှလာသည်ဟု ပြောသော်လည်း ယောက်ျားဖြစ်ပါလျှက် မိန်းမထမီတွေ ဝတ်ပြီး ဘာတွေလူးထားမှန်းမသိ။ ကျနော်တွေ့ဖူးသည့် မြို့သားများမှာ အသားဖြူ ရုပ်ချောသော်လည်း ယခုနှစ်ယောက်ကား သူတို့ရုပ်ကိုကြည့်၍ ထမင်းစားမဝင်မှာ သေချာသည်။ သူတို့၏မျက်ခွက်ကို ဒူးရင်းသီးနှင့် ပစ်ပေါက်ချင်စိတ် ပေါက်သွားသည်။ ထားလိုက်ပါတော့ … အဓိကကား နတ်ကသည်ကို ကြည့်ဖို့ပင်။

နတ်ကတော်များကား ဘယ်နေရာ ဘယ်ဒေသေတွင် နေသည်မသိသော နတ်များကို ဦးတိုက်နေကြလေပြီ။

(၃)

ပထမပိုင်းတွင် အမျိုးအမည် မှတ်ဖို့ပင် ခက်ရလောက်အောင် များပြားလှသော နတ်များနှင့် နတ်ကတော်များ နတ်ဝင်လိုက် နတ်ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ အရက်ပိုမူးလေ လက်သံပိုပြောင်သည့် ဦးပေတိုး၏ ပတ်မတီးသံလည်း နားကွဲမတတ်။ ကျနော်တို့အုပ်စုကား စိတ်ဝင်စားစွာဖြင့် မျက်တောင်မခတ် ကြည့်နေမိကြသည်။ ဘေးမှ သူငယ်ချင်းဖြစ်သူ ပူးနောင်းဂျိန် ကား သူစိတ်ဝင်စားသည့် လိုင်းမို့လား မပြောတတ်။ နှပ်ချေးများ တွဲလောင်းကျနေသည်ကိုပင် သတိထားမိပုံမရ။

တစ်ခါတရံ ပရိတ်သတ်များထံသို့ နတ်ကတော်များထဲသို့ ပူးဝင်နေသည့် နတ်များကား အုန်းသီး ထန်းညက်များ၊ မုန့်များနှင့် အသီးအနှံမျိုးစုံတို့အား စွန့်ကြဲပေးသနား တတ်ကြသေးသည်။ သို့သော် ကျနော့်စိတ်ထဲ၌ကား သူတို့စားမကောင်း၍သာ စွန့်ကြဲပေးသည်ဟု ထင်လေသည်။ ကြည့်လေ့ … ကျနော်တို့ အုပ်စုရှေ့သို့ ကျရောက်လာသော စွန့်ကြဲခဲ့သည့်မုန့်များမှာ တစ်ခုမှ အရသာမရှိ။ မုန့်လက်ကောက်တဲ့ … စားရသည်မှာ ဖွယ်တယ်တယ်နှင့်။ အရှေ့တွင် ကျလာသည် မုန့်များအား လုစားရသည်မှာ ပျော်စရာတော့ အကောင်းသား။ တစ်ခါတရံတွင်လည်း စား၍ကောင်းသည့် မုန့်များလည်း ကျရောက်လာတတ်သည်။ ထိုအခါတွင်တော့ အချင်းချင်း (ဒါမှမဟုတ်) ကျနော်တို့အရွယ် အခြားရွာမှ လမ်းသရဲများနှင့် နပမ်းသတ်ကြပြီသာမှတ်။

(၄)

ညနေ သုံးနာရီကျော်ခန့် ရှိနေလေပြီ … အသေးအဖွဲနတ်များ ကုန်သွားပြီဖြစ်၍ နာမည်ကြီးနတ်များ ထွက်ကကြတော့မည်။ ထိုအချိန်တွင် နတ်ကတော် အချို့လည်း မူးနေလေပြီ။ နတ်သောက်သည်က နည်းနည်း။ သူတို့သောက်သည်က များသည်ကိုး … မူးပေမပေါ့။

ဟော … ရောက်ချလာပါပြီ။ ဦးမင်းကျော်တဲ့ … ကျနော့်အဖိုးက အလွန်အရက်ကြိုက်သည့် နတ်ဟု ပြောပြဖူးသည်။ ပြီးတော့ ကြက်တိုက်တာလဲ ဝါသနာ ခေသူမဟုတ်တဲ့။ အင်း … ဒါလဲ ဖြစ်နိုင်တာပဲ နတ်ကတော့ မမြင်ရလို့ မသိဘူး။ နတ်ကတော် ဦးတောကြီးကား အရက် ထန်းရည် အလွန်ကြိုက်သလို ကြက် ခဏခဏတိုက်ပြီး ရန်ဖြစ်သဖြင့် သူကြီးထိပ်တုံးနှင့် ခဏခဏ ညားခဲ့သည်မှာ အကြိမ်ပေါင်းမနည်း။

ဦးမင်းကျော်ဆိုသော နတ်ကား စတိုင်လ်ကြီးနှင့် ခါးထောက်၍ ပဲကများနေသေးသည်။ လက်တစ်ဖက်ထဲတွင်တော့ ကျနော်တို့ရွာက ချက်အရက်မဟုတ်သည်မှာ သေချာသည်။ အရောင်မှာ နီညိုရောင်ဖြစ်ပြီး ပုလင်းမှာ ကျနော်တစ်ခါမှ မတွေ့ဖူးပါ။ အဖိုးကို စစ်သားတစ်ယောက် လက်ဆောင် ပေးခဲ့ဖူးသည်နှင့် အနည်းငယ်ဆင်သည်။

အရက်သောက်လိုက် ကြက်ကြော်ဝါးလိုက် အရှေ့ရွာမှ ကရင်အဖွားအို လိပ်ပေးသည့် ဆေးပေါ့လိပ်ကို မယူ … ခေါင်းခါ၍ ငြင်းသည်။ စီးကရက်မှ ရမယ်တဲ့။ တောက် ! … အလွန်ကြီးကျယ်တဲ့နတ်။ တောရွာ ဇနပုပ်ကိုမှလာပြီး စီးကရက်တောင်းရတယ်လို့။ မတတ်နိုင် … နတ်ကတော်များ ကြံဖန်ရှာ၍ ဆက်သရသည်။ ထိုအခါကျမှပင် အမျက်တော် ပြေတော့သည်။ အတန်ကြာသော် စားလိုက် သောက်လိုက်နှင့် ရေချိန်ကိုက်သွားသည်လား မပြောတတ်။ ပြန်ကြွချင်ပြီဟုဆိုကာ ဘာမပြော ညာမပြောနှင့် ထွက်သွားတော့သည်။ နတ်ကတော် ဦးတောကြီးကား အရုပ်ကြိုးပြတ် လဲကျန်ခဲ့သည်။

တစ်ဖက်သို့ လှည့်ကြည့်သော် မနှဲလေးဆိုသော နတ်ကား ဘယ်အချိန်က ဝင်လာသည်မသိ … တုန်တုန် တုန်တုန်နှင့် နတ်ကတော် အဖွားမရှမ်းနှင့် ခေါင်းချင်းကပ်၍ စကားပြောနေသည်ကို တွေ့ရသည်။ ကြည့်ရသည်မှာ အဖွားမရှမ်းအား ဘာတွေချွဲနေသည်မသိ။ ထိုနတ်သည်ကား အလွန်ချွဲတတ်ပြီး စကားပြောလျှင် ညုတုတုနိုင်လှသည်ဟု နတ်ကတော် အဖွားမရှမ်း ပြောပြဖူးသည်။

ခဏကြာသော် ဆဲသံဆိုသံကြား၍ တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ ဒေါ်သန်းစိန် နတ်ဝင်၍ ကြမ်းနေလေပြီ။ အဆဲကြမ်းသည့်နတ်မှာ ဘာနတ်လဲမသိ။ တစ်ဖွဲ့လုံး စိတ်ဝင်စားသွားမိသည်။ အိုး … အမေဂျမ်းဆိုတဲ့ နတ်ဖြစ်ရမည်။

“မိဂျမ်းတဲ့ဟေ့ … တစ်ဂျမ်းထဲရှိသည် … ငါ့ကိုဘာမှတ်နေလို့လဲ … မအေ ! + @ _ # ) $ ( % * ^ & ” ဟု အဖွားမိကျင်လှိုင်ပင် မတတ်သည့် အဆဲနည်းပညာများကို ပါးစပ်သေနတ်မှ တရစပ် ပစ်လွှတ်လေတော့သည်။ အချို့ကလေးများနှင့် လူကြီးများကာ ကြောက်သွားပြီး နောက်သို့ရှဲသွားကြသည်။

အလွန်အဆဲကြမ်းသည့်အပြင် အနေအထိုင်ပါ ကြမ်းလှရာ နတ်ကတော် ဒေါ်သန်းစိန်၏ ထမီကိုခါး ကြိုးစည်းထားပေးရလေသည်။ ဆဲဆိုခုန်ပေါက်၍ ကြမ်းချင်ရာ ကြမ်းနေလေသည်။ ဘုရား ဘုရား … အလွန်ကြမ်းတမ်းသည့် နတ်ပါတကား။ နတ်ဘဝပင် ဤမှ်ျ ကြမ်းနေလျှင် လူ့ဘဝနေစဉ်တွင် မည်မျှ ကြမ်းခဲ့သည်မသိ။ အဆဲကြမ်းလွန်း၍ အများတကာမှ ရိုက်သတ်လိုက်သည်ဆိုတော့ အထောက် အထားကား ဤမျှလောက်ကြည့်ရုံဖြင့် လုံလောက်သည်။

ကြည့်နေစဉ် ခါးကို တစ်ဦးတစ်ယောက် လက်လာကုတ်သဖြင့် လှည့်ကြည့်ရာ သူငယ်ချင်းဖြစ်သူများ ကျနော့်အား အပြင်ခေါ်ထုတ်နေသည်ကို တွေ့လိုက်ရသည်။

နတ်ကပွဲ ခဏခဏလာဖူး၍ အတွေ့အကြုံရှိသော ညီသဲမောင်မှ “အစ်ကို … အမေဂျမ်းထွက်တော့မယ် … သူထွက်သွားပြီးရင် နတ်ပွဲပြီးပြီ … အဲဒါ အုန်းပွဲ ငှက်ပျောပွဲတွေ ရှိတဲ့နေရာကို သွားမယ်လေ … ခဏလေးကြာရင် ကြမ်းကြတော့မှာ လက်မနှေးစေနဲ့”

“စိတ်ချပါကွာ … ဒီလောက်တော့ အပျော့ပေါ့”
အပျော့ဟူ၍ မောင်ပျော့က ကျနော့်အား ဘုကြည့် ကြည့်လိုက်သေးသည်။

အုန်းပွဲ ငှက်ပျောပွဲများရှိရာနားသို့ လူကြီးရော ကလေးများပါ တစ်ဖြည်းဖြည်း တိုးကပ်လာနေသည်ကို အထာနပ်သော နတ်ထိန်းကြီးများက ကြိမ် တစ်ယောက်တစ်ချောင်းကိုင်ကာစောင့်ပြီး မိုက်ကြည့်ကြည့် နေကြသည်။ သို့သော် နတ်မနိုင် ကွက်သစ်သားများမှာ နတ်ထိန်းမပြောနှင့် မည်သည့်နတ်ပင်လာလာ ကြောက်မည့်ပုံမပေါ်။

အဆဲကြမ်းသည့် အမေဂျမ်းလဲ ထွက်ခွာလေပြီ။ ပရိတ်သတ်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ နတ်ကတော်များလည်း ဒူးတုပ်တန်းစီ၍ နတ်များအား နှုတ်ဆက်လျှောက်တင်ရုံပင် ရှိသေးသည်။ မည်သူမ စ၍ ညာသံပေးလိုက်သည် မသိ။

“ချတော့မယ်ဟေ့ …”

နဂိုကမှာ လက်ယားနေပြီဖြစ်သော ပရိတ်သတ်များမှာ “ဟေး” ဟူ၍ ညာသံပေးလျှက် ရောမခေတ် စစ်သည်များအလား နတ်အုန်းပွဲများရှိရာသို့ အပြေးဝင်၍ လုကြလေတော့သည်။ နတ်ကတော်များ အပေါ်မှ ခုန်ကျော်သူက ခုန်ကျော်၊ နတ်ထိန်းများ ကြိမ်လုံးဖြင့် ကြမ်းနေသည်ကို တရုတ်သိုင်းကွက်များ တတ်ထားသည့်အလား ရှောင်သူက ရှောင်ထွက်သွားပြီး မရှောင်နိုင်သည့် သူများကတော့ ကြောကော့သွားသည်ကို မြင်ရသည်။ နောက်ဆုံး အင်အားမမျှရှာသော ကြိမ်လုံးကိုင်နတ်ထိန်းများကား ပရိတ်သတ် ခြေဖဝါးအောက်သို့ ရောက်သွားရရှာလေသည်။ နတ်ကတော်များအဖို့ တွေးပင်မတွေးဝံ့။

နောက်တစ်နေ့ နံနက်တွင်တော့ လူကြီးရော ကလေးများပါ ဒဏ်ရာအသီးသီးနှင့်။ အချို့ ဒဏ်ရာပြင်းသူများကတော့ ဆေးဆရာ ဦးပိန်၏ အိမ်တွင် တန်းစီနေကြရသည်။ ဝင်လုတုန်းက ဘယ်လောက်ရသည်မသိ။ ဒဏ်ရာကတော့ အတော်ရကြသည်။ သို့သော် … လူတိုင်း အပြုံးကိုယ်စီဖြင့်သာ။

ကျနော်တို့အဖွဲ့တွင်တော့ အကောင်ရော အသက်ပါ အငယ်ဆုံးဖြစ်သည့် ပူးနောင်းဂျိန်ကတော့ ညာဖက်လက် တစ်ခုလုံး ရောင်ကိုင်းသွားသည်။ ဒါပေမယ့် သူလဲ အပြုံးမပျက်ပင်။ ဒီနှစ်မနိုင်ရင် လာမည့်နှစ် နိုင်ရမည်ဟုပင် ကြိမ်းဝါးနေသေး။

(ကဲ … ဒီလောက်ဆို ဘာကြောင့် နတ်မနိုင် ကွက်သစ်လို့ ခေါ်ရသလဲဆိုတာ သိလောက်ပြီထင်တယ်၊ ဒါတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အမှန်တကယ် အဖြစ်အပျက်လေးတွေပါ၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဲဒီနတ်ကနား ပွဲတော်ဟာ ပျောက်ကွယ်ခဲ့ရပြီဖြစ်တယ်၊ သက်တမ်းနှစ် ၂၀၀ ကျော် သည့် ညောင်ပင်ကြီးသာ ထီးထီးကြီး ကျန်ရစ်နေခဲ့ပါပြီ)

အဉ္ဇလီ
Irrawaddy  

အပြည့်အစုံသို့ »

ကြည်နူးစရာ တောင်းပန်လွှာ


လက်ထပ်ပြီးလည်း သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း….

တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်ကထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးကဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကိုသူလှည့်ပြန်လာခဲ့တယ်။

တစ်ခါမှ သူစိတ်ဆိုးတာကိုမခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားခဲ့တယ်။

ည(၁၁)နာရီ သူမအိမ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံးအမှောင်ချထားဆဲပါ။
သူ အိပ်ပျော်နေပြီလား… သူ ပြန်မလာသေးဘူးလား…
လူခေါ်ဘဲလ်ကိုမနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့သူမပြင်တော့ တံခါးရွက်မှာ စာရွက်တစ်ရွက်ကပ်ထားတာကို တွေ့လိုက်တယ်။

“ငါ့ကို နင်တောင်းပန်သင့်တယ်” လို့ စာရွက်ပေါ်ရေးထားတဲ့စာကိုတွေ့တော့ သူမ စိတ်တိုမိတယ်။

အိမ်ထဲဝင်ပြီးမီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို သူမတွေ့ပြန်တယ်။ “မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကို ပြောင်နေအောင် တိုက်ပေးလည်းရတယ်” လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး “တိုက်စရာလား”လို့ အော်မိတယ်။

ဖိနပ်ချွတ်ပြီး ဖိနပ်ကိုစင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။ “တိုက်စရာလား” လို့ ရေးထားတဲ့ စာတိုလေးကိုကြည့်ပြီး သူမပြုံးမိတယ်။ စိတ်ထဲမှာလည်း “တောင်းပန်ရမယ် ဟုတ်လား၊ တစ်ပတ်လောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ…” လို့ တစ်ဆက်တည်းတွေးလိုက်မိတယ်။

ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲသူမဝင်တော့ မှန်ပေါ်မှာကပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။ “ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင် စာအုပ်စင်ပေါ်က စာအုပ်မှာ သဲလွန်စရှိတယ်” လို့ ရေးထားတဲ့ စာကိုတွေ့ပြန်တယ်။

သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့ ဖိထားတဲ့ စာရွက်တစ်ရွက်ကို သူမယူကြည့်လိုက်တယ်။ “နောက်ကျောက စာနှစ်ကြောင်းကို အသံထွက်ပြီးရွတ်ပြပါ” လို့ ရေးထားတာမြင်တော့ စာရွက်နောက်ကျောကို သူမ လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့ ကြော်ငြာစာသားတစ်ကြောင်းကို သူမတွေ့လိုက်တယ်။
“လတိုင်း စိတ်ညစ်ရတဲ့ရက်တွေရှိတာ မိန်းမသားတို့သဘာဝပါ”

ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က စိတ်ဆိုးဒေါသထွက်ပြီး မခေါ်ဘဲပစ်ထားမယ်လို့တွေးထားတဲ့ အတွေးတွေလည်း ပျောက်ကုန်တယ်။

ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်တယ်။ တစ်ဖက်လှည့်ပြီး အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် မကြည့်လိုက်မိဘူး။ မအိပ်ခင် စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။ စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။

“နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ ချင့်ချိန်သင့်တယ်။ ငါ့ကို နင်အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကိုမယားကြောက်ဆိုပြီး စဖို့ သူတို့က လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။ ယောက်ျားပဲကွာ… အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲကြောက်ကြောက် အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့ လိုချင်တာပေါ့။ ဘယ်သူမဆို ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ”

စာဖတ်ပြီး သူမ မှားသွားမှန်းသိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့စိတ်နဲ့ သူ့ကို သူမ သိုင်းဖက်ပြီး ကိုယ်ကိုဆွဲလှည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်ပြန်တယ်။

စာရွက်ပေါ်မှာက “ငါ့ကို နမ်းပါ” တဲ့……

မူရင်း – http://ibook.idv.tw/enews/enews331-360/enews356.html

နိုင်းနိုင်းစနေ (Sunday, June 29, 2008)

အပြည့်အစုံသို့ »

ခေတ်သစ် မီးခွက် အာလာဒင်


ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။

ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။ ခုတော့ ငါတို့ သွားတောင်ပန်ရတော့မယ်" လို့ပြောပြီး တစ်ဖက်အိမ်ကို တောင်းပန်ဖို့ သွားပါတယ်။

တံခါးပေါက် တစ်ချက်ပဲ ခေါက်ရသေးတယ် အထဲက အဖိုးအို တစ်ဦးမှ နွေးထွေးပြူငှာစွာပဲ ကြိုဆိုတယ်။ အံ့သြစွာနဲ့ပဲ အထဲဝင်တော့ ထိုင်ခုံမှာ အေးဆေးထိုင်စေပါတယ်။ ကွဲသွားတဲ့ ပြတင်းပေါက် ကလည်း ပြန်ပြင်ပြီးသားဖြစ်ပြီး ဘေးမှာ မှန်အကွဲ တစ်ချို့ ကို စုပုံထားပါတယ်။

"ကွဲသွားတဲ့မှန်အတွက် တောင်းပန်ပါတယ်ဗျာ။ ကျနော်တို့ ဘာပြန်လုပ်ပေးရ မလဲခမျာ" လို့ အမျိုးသားက မေးတော့ အဖိုးကြီးက အောက်ပါ အတိုင်း ပြန်ဖြေပါတယ်။

"မလိုဘူးဗျ။ အမှန်တော့ ကျနော်ကတောင် ခများတို့ကို ကျေးဇူးတင်ရမှာ။ ကျနော်က ဒီအိမ်မှာပိတ်မိနေတဲ့ မီးခွက်စောင့် နတ်တစ်ပါးပါ။ ကျနော် ဒီအိမ်မှာ ပိတ်မိနေတာ နှစ် ၄၀၀ ကျော်ပြီ။ ခု ခများတို့ ရိုက်လိုက်တဲ့ ဂေါက်သီးက မှန်လာကွဲစေလို့သာ ကျနော်လွတ်ရတာပါ။

ဒီတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ မိတ်ဆွေတို့ နှစ်ယောက်ကို ဆု တစ်ခုစီ တောင်းခွင့်ပေးမယ်။ ကျနော်လည်း မိတ်ဆွေတို့ဆီကနေ ဆုတစ်ခု ပြန်တောင်းမယ်။ အဆင်ပြေမယ်ဆိုရင်ပေါ့"

ဒီတော့ ခင်ပွန်းဖြစ်သူက ဝမ်းသာအားရစွာနဲ့ပဲ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ သန်း အလိုအလျောက်ငွေပုံမှန် ဝင်နေစေဖို့ ဆုကို ပေးဖို့တောင်းပါတယ။် အမျိုးသမီးကလည်း ကမ္ဘာပေါ်မှာ ဇိမ်အကျဆုံး အိမ်တစ်လုံးနဲ့ ဝန်ထမ်းပေါင်း များစွာ ရှိချင်တယ်လို့ တောင်းပါတယ်။

"ဟုတ်ပြီ။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်းဝင်ပြီး ဘယ်တော့မှ မဆင်းရဲစေရအောင် ဆုတွေ ပြည့်စေမယ်။ ဒီက အမျိုးသမီးကိုလည်း နတ်စည်းစိမ်လို့ ပြည့်စုံလှတဲ့ အိမ်တစ်လုံးနဲ့ အစေခံကောင်းများ ရစေပါမယ်။ အပိုဆုအနေနဲ့ နှစ်ဦးစလုံး ဘေးမသီ၊ရန်မခ အသက်ရှည် ကျန်းမာစေရမယ်။ ဟုတ်ပြီ။ ကျနော်လိုချင်တဲ့ ဆုကို ပြန်တောင်းမယ်။

ကျနော်က ဒီအိမ်မှာပိတ်နေတာ နှစ် ၄၀၀ မကတော့ဘူး။ အခု အလိုချင်ဆုံး ကတော့ မိန်းကလေး တစ်ယောက်နဲ့ အတူအိပ်ဖို့ပဲ။ ဒီတော့ ခများအမျိုးသမီးနဲ့ ခဏအတူအိပ်ခွင့် ပေးနိုင်မလား။ ဒါကျနော့ တောင်းဆိုမှုပါ"

လို့ အဖိုးအိုက အထက်ပါအတိုင်း ဖြေကြားပြီး မေးမြန်းပါတယ်။

ဒီတော့ ဇနီးမောင်နှံနှစ်ဦးတွေဝေသွားပါတယ်။ သို့ပေမယ့် အတန်ကြာ စဉ်းစားပြီး အမျိုးသားက ဇနီးကို "ချစ်ရေ။ တို့တွေမှာ အလွန်ကောင်းတဲ့ အနာဂတ်တစ်ခုရှိနေပြီ။ သေလည်းသေချာနေပြီ။ ဒီမီးခွက်စောင့် နတ်ရဲ့  တောင်းဆိုမှုက မျှတပါတယ်။ မောင် ကတော့ သဲဆုံးဖြတ်အတိုင်းပါပဲ" လို့ ပြောပါတယ်။

ဇနီးဖြစ်သူကလည်း "အင်း။ ဟုတ်တယ်။ အနာဂတ်က သေချာနေပြီပဲ။ မောင် လည်းကြည်ဖြူတယ်ဆိုရင် သဲပေးဆပ်ရဲပါတယ်။ နတ်တစ်ပါးနဲ့ တစ်ကြိမ် တစ်ခါ အတူအိပ်တဲ့အပေါ် မောင်လည်း နားလည်ပေးမယ်ဆို သဘောတူ ပါတယ်"

ဒီတော့ နှစ်ဦးသား တိုင်ပင်ပြီး ခေါင်းညိတ်လိုက်တော့ အဖိုးအိုဟာ အမျိုးသမီးကို အပေါ်ထပ်ခေါ်သွားပြီး သူ့ဆန္ဒအတိုင်း လိုက်လျောစေပါတယ်။ အတန်ငယ်ကြာပြီးနောက် အဖိုးအိုက အမျိုးသမီးကို မေးပါတယ်။

"ကလေးမ အသက်ဘယ်နှစ်နှစ်ရှိပြီလဲ"

" ၃၅ နှစ်ရှိပါပြီ"လို့ အမျိုးသမီးက ပြန်ဖြေတော့ အဖိုးအိုက အောက်ပါ အတိုင်း ပြန်ပြောပါတယ်။

"သေသင့်တယ်။ အသက်က ၃၅ နှစ်ရှိပြီ။ ခုထိ အာလာဒင်မီးခွက်စောင့်နတ်တွေ ကို ယုံကြတုန်းပဲ"

---
သင်ခန်းစာ - လောဘ စိတ်ဟာ ဆင်ခြင်တုံ တရားကို ကျော်လွန် သွားရင် မဖြစ်သင့်တာ ဖြစ်ရ ပါတယ်။

..
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »