Showing posts with label strange-news. Show all posts
Showing posts with label strange-news. Show all posts

ကိုယ်ချင်းဆက် အမြွှာနဲ့ စိတ်ဝင်စားဖွယ်ရာ အချစ်ဇာတ်လမ်း


အေသင်အောင်
အိနိ္ဒယနိုင်ငံမှာရှိတဲ့ ဂန်ဂါနဲ့ ဂျမူနာ အမည်ရ ကိုယ်ချင်းဆက် အမြွှ ညီအစ်မဟာ လက်လေးချောင်း၊ ခြေထောက်သုံးချောင်းနဲ့ အစာအိမ် တစ်ခု တို့ကို ခွဲဝေသုံးစွဲနေပြီး နှလုံးကတော့ တစ်ခုစီ ပါဝင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ချင်းဆက်အမြွှာရဲ့ ချစ်သူဟာ တစ်ဦးတည်းဖြစ်နေတာက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အသက် (၄၅)နှစ်ရှိပြီဖြစ်တဲ့ ကိုယ်ချင်းဆက်အမြွှာကို ပင့်ကူညီအစ်မတွေအဖြစ် ဒေသခံတွေက ခေါ်ဆိုကြပါတယ်။ သူတို့ဘ၀ တစ်လျှောက်လုံးမှာ စိတ်ညစ်စရာ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အချစ်ကို တွေ့ရှိခဲ့တာမို့ ပျော်ရွှင်ကျေနပ် နေကြ တယ်လို့ သိရပါတယ်။

လက်လေးချောင်းနဲ့ ခြေထောက် သုံးချောင်းကို  အစ်မဖြစ်သူနဲ့ ခွဲဝေ သုံးစွဲနေရတဲ့ ဂန်ဂါက ပထမဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ကျွန်မတို့ ညီအစ်မနှစ်ဦးကို မေတ္တာအစစ်အမှန်နဲ့ ချစ်ခဲ့တဲ့သူကို ရင်ထဲမှာအမြဲရှိနေပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ဂျမူနာကလည်း ကျွန်မတို့ ဘ၀ကို သူရောက် လာပြီး နောက်မှာ ပျော်ရွှင်မှုတွေ ရရှိလာပါတယ်။ ကျွန်မတို့ဟာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်တာမို့ ကောင်းတာတွေကိုပဲ မျှော်လင့်မိပါတယ်။ ကျွန်မ တို့ အသက်ရှင်နေတဲ့ ကာလမှာ သူနဲ့ နေထိုင်သွားလိုပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။

ဂန်ဂါနဲ့ ဂျမူနာတို့ဟာ သူတို့ချစ်သူဖြစ်သူ အာမတ်အကြောင်းကို ပြောဆိုနေကြခြင်း ဖြစ်ပါတယ်။ ဂန်ဂါနဲ့  ဂျမူနာတို့ဟာ ငယ်စဉ်ဘ၀ ဆေးကုသမှုခံယူဖို့ စီစဉ်ခဲ့ပေမယ့် ဆေးဖိုး မတတ်နိုင်ခဲ့လို့ ဆပ်ကပ်ရုံမှာ ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူတို့ဟာ တစ်ညကို ပေါင် (၂၅)အထိ ရရှိ ခဲ့ပြီး ဆပ်ကပ်ရုံမှာ အချိန်ပိုင်းလုပ်သား အဖြစ် လာရောက်လုပ်ကိုင်ခဲ့တဲ့ အသက် (၃၆)နှစ် အရွယ် အာမတ်နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားခြင်းဖြစ်ပါတယ်။ အာမတ်ဟာ သနားကြင်နာတတ်သူဖြစ်ပြီး ကိုယ်ချင်းဆက်အဩာကို အမြဲတမ်းဖေမကူညီ ခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ရွာလေးတစ်ရွာမှာ အတူ နေထိုင်တာ ခုနစ်လရှိ သွားခဲ့ပြီဖြစ်ပါတယ်။ အာမက်ဟာ လုပ်အားပေးကျောင်းဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်ရင်း ကိုယ်ချင်းဆက်အမြွှာကို  ချစ်ခင် ကြင်နာမှုတွေနဲ့ စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ သိရပါတယ်။

Messenger

အပြည့်အစုံသို့ »

အင်တာနက်စာမျက်နှာပေါ်က အာရုံစိုက်စရာ လူသားဘာဘီအရုပ် မလေး အလီနာ



စံနဒီ ၊

လူသားဘာဘီရုပ်လေးအဖြစ် နာမည်ကျော်ခဲ့တဲ့ ၂၈နှစ်အရွယ် ယူကရိန်းအမျိုးသမီးလေးဗယ်လ်ဘာရီယာရဲ့လူသားဘာဘီရုပ်
ကလေးဆိုတဲ့ဂုဏ်ပုဒ်ကို သူ့ရဲ့ညီမငယ်လေးဖြစ်တဲ့ အလီနာ ကိုဗက်စကေယာက သိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်။ အသက်
၂၁နှစ်သာရှိသေးတဲ့အလီနာကို အင်တာနက်စာမျက်နှာပေါ်ကနေ စိတ်ဝင်စားသူတွေ များပြားလျက်ရှိပါတယ်။ အလီနာဟာ အင်တာနက်စာမျက်နှာပေါ်က အာရုံစိုက်စရာ လူသားဘာဘီရုပ်လေး
အဖြစ်နာမည်ကျော် နေပါတယ်။

အလီနာဟာ သူ့အစ်မ ဗယ်လ်ဘာရီယာထက် ဘာဘီရုပ်လေးနဲ့
ပိုတူပါတယ်။ ဒါကြောင့်အလီနာဟာ စကားပြောတတ်တဲ့၊ လမ်းလျှောက်
တတ်တဲ့ သက်ရှိဘာဘီရုပ် လေးအဖြစ်ထင်ရှားလာတာဖြစ်ပါတယ်။
အလီနာရဲ့ ချစ်စဖွယ်လှုပ်ရှားမှုဟန်ပန်ကို ရိုက်ကူးထားတဲ့
ဗီဒီယိုဖိုင်ကလေးကို ၀င်ရောက်ကြည့်ရှုသူ ထောင်ပေါင်းများစွာ ရှိနေပါပြီ။ ရုရှားနိုင်ငံမှာလူသုံးများတဲ့လူမှုကွန်ရက်VK မှာလည်း အလီနာရဲ့ဓာတ်ပုံတွေ၊ အလီနာ တင်တဲ့စာတွေကို ဖတ်ချင်လို့ follow လုပ်သူတွေများပြားနေပါတယ်။

အလီနာဟာ အော်ဒီဆာတက္ကသိုလ်မှာ စိတ်ပညာနဲ့လူမှုလုပ်ငန်းဘာ
သာရပ် အထူးပြုနဲ့ပညာသင်ယူလျက်ရှိပါတယ်။ သူဟာပြီးပြည့်စုံတဲ့ ခင်ပွန်းသည်တစ်ယောက်ကိုရှာဖွေလျက်ရှိပြီး အနာဂတ်မှာ ကလေးနှစ်ယောက်နဲ့ မွေးစားကလေးတစ်ယောက်တို့ကို
စောင့်ရှောက်ချင်တယ်လို့ ဆိုပါတယ်။

အလီနာဟာ ရှည်လျားတဲ့ ရွှေရောင်ခပ်ဖျော့ဖျော့ ဆံကေသာနဲ့
အမြဲတစေတပ်ဆင်လေ့ရှိတဲ့ မျက်ကပ်မှန်ခပ်ကြီးကြီးတို့ကြောင့် ဘာဘီရုပ်အသွင် ပိုပေါက်စေပါတယ်။ အထူးတလည်
ခွဲစိတ်ခံထားတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။ ၂၀၁၂ခုနှစ်က
အောင်မြင်ခဲ့တဲ့ လူသားဘာဘီရုပ် ဗယ်လ်ဘာရီယာကတော့ ဘာဘီရုပ်နဲ့တူအောင် ရင်သား၊ ခါးအစရှိတဲ့ ခွဲစိတ်ကုသမှုများစွာ
ခံယူထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ဗယ်လ်ဘာရီယာကတော့ သူဟာရင်သားခွဲစိတ်မှုတစ်မျိုးသာ ခံယူထားတယ်လို့ ငြင်းဆိုခဲ့ပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အပြည့်အစုံသို့ »

ကယ်လီဖိုးနီးယား ပြည်နယ်တွင် မျက်စိ နှစ်လုံး မပါသည့် အမြွှာ ကလေး နှစ်ဦး မွေးဖွား


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မျက်စိနှစ်လုံး မပါရှိသည့်
အမြွှာယောက်ျားလေး နှစ်ဦးကို မွေးဖွားခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်သည် ကြုံတောင့်ကြုံ
ခဲသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။


အဆိုပါ ကလေးငယ်နှစ်ဦး၏ အမည်ကို ဂျိမ်းဆင်နှင့် ဂျက်ဆင်ဟု အမည်ပေးထားသည်။ ၎င်းတို့နှစ်ဦးသည် ရှားပါးသော Anoph-thalmia ရောဂါကို ခံစားနေရခြင်းကြောင့် ယခုကဲ့သို့ မွေးဖွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျိမ်းဆင်သည် မျက်စိတစ်ဖက် မြင်ရသော်လည်း အခြားတစ်ဖက်မှာ အမြင်အာရုံ ချို့ယွင်းလျက်ရှိသည်။

ယခုအခါ အဆိုပါ ကလေးငယ်နှစ်ဦးကို ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးရန်အတွက် ၎င်းတို့၏ မိဘနှစ်ပါး ဖြစ်သူ ဆမ်းမားဟော်လင်ဆော့သ်နှင့် မိုက်ကယ်လ်လိုပက်ဇ်တို့က Gofund Me ဝက်ဘ်ဆိုက်တွင် အလှူငွေ များကို ရှာဖွေလျက် ရှိကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ် ယင်းကဲ့သို့ ရှားပါးသည့် ဝေဒနာ ခံစားနေရသူ ကလေး ၇၈ဝ ဦးခန့် မွေးဖွားလေ့ ရှိကြောင်း သိရသည်။

မြ၀တီ


အပြည့်အစုံသို့ »

တစ်ညတည်းခိုခ တစ်ဒေါ်လာသာ ပေးရမယ့် အချုပ်ခန်းပုံစံ တည်းခိုခန်း


အေသင်အောင်

နယူးယော့ခ်မြို့ကြီးမှာ တစ်ညတည်းခို ခ တစ်ဒေါ်လာပေးပြီး နေနိုင်တဲ့ နေရာမျိုး မရှိဘူးလို့ ထင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဒေါ်လာ တည်းပေးပြီး နေနိုင်တဲ့ တည်းခိုခန်း အမှန်တကယ် ရှိနေပါတယ်။ တစ်ခုရှိတာက အဲဒီတည်းခိုခန်းမှာ နေထိုင်မယ့်သူဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း တွေကို လိုက်နာသွားရမှာ ဖြစ်ပါတယ်။ စည်းမျဉ်းတွေကို မလိုက်နာရင်တော့ တည်းခိုလို့ရမှာ မဟုတ်ပါဘူး။ တရုတ်ပညာရှင် Miao Jiaxin  ဟာ ထူးခြား တဲ့ စိတ်ကူးနဲ့ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ တည်းခိုရမယ့် အခန်းကို အချုပ်ခန်းပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သံတိုင်တွေကြား ထဲမှာ နေထိုင်သွားရမှာဖြစ်တဲ့အပြင် ခြောက်ခြားစရာ ဖြစ်အောင် ပြုလုပ်ထားပါတယ်။ မတည်းမီ သုံးနာရီ အတောအတွင်း စိတ်ဓာတ် ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အချုပ်ခန်းပုံစံ အခန်းအတွင်း တစ်ယောက်တည်း ထိုင်နေရမှာဖြစ်ပြီး ထိုအတောအတွင်း စကား ပြောခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်စက်ခြင်းစတဲ့ ဘာအပြုအမူကိုမှ ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။ ဒီလို သုံးနာရီ ပြုလုပ်ပြီးမှ အချုပ်ခန်းပုံစံ အခန်းတွင်းမှာ တစ်ည တစ်ဒေါ်လာနဲ့ အိပ်စက်ခွင့်ရမှာ ဖြစ ပါတယ်။ ဒါ့အပြင် အိပ်ယာပစ္စည်းတွေကိုလည်း အသစ်စက်စက် အသုံးပြုခွင့်ပေးသွား မှာဖြစ် ပါတယ်။ ပြစ်မှု မကျူးလွန်တဲ့သူတွေလည်း အချုပ်ခန်းထဲမှာ နေထိုင်ဖူးအောင် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ Miao Jiaxin  က ဖွင့်ဟခဲ့ပါတယ်။ လာမယ့် သြဂုတ်လ (၁) ရက်နေ့မှာ စတင် တည်းခိုနေထိုင်နိုင်ပြီလို့ Miao Jiaxin  က သူ့ရဲ့ Facebook ကနေ သတင်းစကား ပြောကြားထားပါတယ်။

Messenger


အပြည့်အစုံသို့ »

ရထားအောက်ကနေ အသက်ရှင်လျှက် ပြန်ထွက်လာသူ


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာတော့ အံ့အားဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အကြောင်းအရာကတော့ ဖြတ်သန်းသွားတဲ့ ရထားအောက်ကနေ အသက်ရှင်လျှက် ပြန်ထွက်လာသူ ကိုယ်ဝန်ဆောင်သည်ကို မျက်မြင်ကြုံခဲ့ရသူများ အံ့အားသင့်ခဲ့ရပါတယ်။



တရုတ်သတင်းစာ တစ်စောင်ဖြစ်တဲ့ QQ News အရ ဇူလိုင်လ ၁ ရက်နေ့ အင်္ဂါနေ့ မနက်မှာ ကိုယ်ဝန်ဆောင်သည် တစ်ဦးဟာ ရထားစင်္ကြန်ပေါ်ကနေ အမှတ်တမဲ့ ရထားသံလမ်းပေါ် ပြုတ်ကျခဲ့ပြီး အဲဒီအချိန်မှာပဲ ရထားတစ်စင်းဟာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာခဲ့ပြီး ဘူတာစင်္ကြန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရထားမောင်းသူဟာ ကိုယ်ဝန်သည် ပြုတ်ကျတဲ့ နေရာအရောက်မှာတော့ အရေးပေါ် ဘရိတ်အုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဆိုပါ ကိုယ်ဝန်သည်ဟာ ဒဏ်ရာအနာတရ မရှိဘဲ ရထားအောက်ကနေ တွားသွားပြီး  ပြန်ထွက်လာခဲ့ပါတယ်။  မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်အရ အဆိုပါ ကိုယ်ဝန်သည်ဟာ ဒဏ်ရာ တစ်စုံတစ်ရာ မရပေမယ့် ဆေးရုံပို့ပြီး စမ်းသပ်စစ်ဆေးမှုတွေ  ပြုလုပ်ဖို့အတွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ref: singaporeseen.stomp.com

World Myanmar (world-myanmar.com)

အပြည့်အစုံသို့ »

အမေရိကန် ပြည်ထောင်စုရှိ ရှော့ပင်းမောလ်တစ်ခုအတွင်းသို့ ကျားသစ်တစ်ကောင်ဝင်ရောက်



ဇူလိုင်၂ရက်။

အမေရိကန်ပြည်ထောင်စု ယူထားပြည်နယ် ဆော့တ်လိတ်စီးတီးမြို့က Jordan Commons Centre ရှော့ပင်းမောလ်
အတွင်းကို တောရိုင်းတိရစ္ဆာန်ကျားသစ်တစ်မျိုးဖြစ်တဲ့ ပူးမားကျားသစ်တစ်ကောင် ဝင်ရောက်လာခဲ့တာကြောင့်ဈေးဝယ်သူတွေ
အထိတ်တလန့်ဖြစ်ပြီး ရှောင်ပုန်းခဲ့ရပါတယ်။

အဆိုပါ ကျားသစ်ဟာ ရှော့ပင်းမောလ်အတွင်းကို နံနက် ၈ နာရီခန့်က ဝင်ရောက်လာခဲ့တာဖြစ်ပြီး
အဲဒီနောက်မှာတော့ ဈေးဝယ်သူတွေဟာ ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ ကျားသစ်ရဲ့သွားလာမှုကို စောင့်ကြည့်ကင်မရာက
တစ်ဆင့် ဖမ်းယူကြည့်ရှုခဲ့တယ်လို့ အဆိုပါ ရှော့ပင်းမောလ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ လီရှာဖရန်စစ် က ပြောပါတယ်။
ယင်းနောက်ပိုင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့က

အဆိုပါ ရှော့ပင်းမောလ်သို့ ရောက်ရှိလာခဲ့ပြီး ကျားသစ်udk မေ့ဆေးသေနတ်နဲပ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ကျားသစ်ဟာ မြောက်အမေရိကရှိ အကြီးဆုံး တောရိုင်းကြောင်အမျိုးအစားဖြစ်ပြီး အမြင့်ပေအားဖြင့် ၁၅ ပေ အထိ
ခုန်နိုင်တဲ့အပြင် အကွာအဝေးအားဖြင့် ပေ ၄ဝ အထိ ခုန်နိုင်တယ်လို့ သိရပါတယ်။

Source;CNN

ဘာသာပြန် David
The Myanma Age

အပြည့်အစုံသို့ »

ဘရာဇီး ကမ်းလွန်မှ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေပွေးများ နေထိုင်ရာကျွန်း


ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းကို အစိုးရက လူအများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်များ ရှင်သန်ပေါက်ဖွားနေခြင်းကြောင့် ဖြစ်သည်။

ဆော်ပေါ်လို ကမ်းလွန်မှ မိုင်(၂၀)မျှ ကွာဝေးသော နေရာတွင် တည်ရှိသည့် အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီကျွန်းကို မြွေကျွန်းဟုလည်း တင်စားခေါ်ဝေါ်လေ့ ရှိသည်။ စတုရန်းပေ (၄၆၃၀)မျှသာ ကျယ်ဝန်းသည့် ကျွန်းလေးသည် ကမ္ဘာပေါ်တွင် Golden Lancehead Viper (ရွှေလှံဖျားမြွေပွေး)များ ရှင်သန်ပေါက်ဖွားသည့် တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။

သိပ္ပံအမည် Bothrops insularis ဟုခေါ်သော မြွေများသည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေပွေးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ယင်းတို့၏ အဆိပ်သည် သွေးကြောများကိုရော၊ အာရုံကြောများကိုပါ ပျက်စီးနိုင်သည့် ဓာတ်သဘာဝနှစ်မျိုး ရောနှောလျက် ရှိသည်။ ဘရာဇီး အစိုးရသည် ဇီဝဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်မည့် သိပ္ပံပညာရှင် အချို့မှလွဲပြီး အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီသို့ လူအများ သွားရောက်ခွင့် မပေးချေ။

ထိုကျွန်းအနီးတွင် မီးပြတိုက်တစ်ခု တည်ဆောက်ထားသဖြင့် ဘရာဇီးရေတပ်က ရံဖန်ရံခါ သွားရောက်စစ်ဆေးမှုမျိုးသာ လူသူအရောက်အပေါက် ရှိသည်။ ယင်းမြွေများသည် ရွှေညိုရောင်ရှိပြီး ဦးခေါင်းဖွဲ့စည်းပုံမှာ သွယ်လျချွန်မြသဖြင့် Golden Lancehead Viperဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ အဆိုပါ မြွေများကို တရားမဝင် ဖမ်းဆီးမှုများ ရှိနေပြီး မှောင်ခိုဈေးကွက်တွင် မြွေတစ်ကောင်၏ဈေးသည် ဒေါ်လာသုံးသောင်းမျှထိ ပေါက်ဈေးရှိနေသည်။

အကြီးဆုံး အရွယ်အစား နှစ်ပေခွဲမျှထိ ရှည်လျားလေ့ရှိသည့် မြွေပွေးများ၏ အဆိပ်မှာ ပြင်းထန်လွန်းသဖြင့် အကိုက်ခံရသော သားကောင်သည် အသားများပင် အရည်ပျော်သွားနိုင်ကြောင်း သိရသည်။ ယင်းတို့၏ အဆိပ်သည် အခြားသော မြွေပွေးမျိုးနွယ်များထက် ငါးဆမျှ ပိုမိုပြင်းထန်ပြီး သားကောင်ကို လှမ်းပေါက်လိုက်သည်နှင့် ချက်ချင်း အသက်သေဆုံးစေနိုင်သည်။

Golden Lancehead Viperများ အကိုက်ခံရပါက လူတစ်ဦး သေဆုံးနိုင်သည့် အခြေအနေသည် (၇)ရာခိုင်နှုန်းနှင့် (၁၀)ရာခိုင်နှုန်းကြား ရှိသည်။ အဆိုပါမြွေများ အကိုက်ခံရခြင်းကြောင့် ကျွန်းပေါ်သို့ မျက်စိလည်လမ်းမှား ရောက်ရှိသွားသည့် တံငါသည်တစ်ဦးနှင့် မီးပြတိုက်စောင့် မိသားစုတို့ သေဆုံးခဲ့ဖူးကြောင်း ပါးစပ်ရာဇဝင်များ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ကျွန်းပေါ်ရှိ Golden Lancehead Viperများ၏ အရေအတွက်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များကထက် (၁၅)ရာခိုင်နှုန်း လျော့ကျသွားပြီး ထောင်ဂဏန်း အနည်းငယ်သာ ရှိတော့သည်။ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အဆိုပါ မြွေပွေးများကို မျိုးသုဉ်းလုနီးပါး အခြေအနေမျိုး ခြိမ်းခြောက်ခံနေရကြောင်း သတ်မှတ်ထားသည်။

_Ref: Dailymail
7 Day Daily

အပြည့်အစုံသို့ »

အမျိုးသားပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ


Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ
 Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေးလုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား
 တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။

 အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ်။

၁၀ နှစ်ကျော် ကြာသွားတဲ့ အချိန် လေယာဉ်မောင်း လိုင်စင် ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ကျောက်ကပ် ရောဂါ ကြောင့် အနားယူရ ပြန် ပါတယ်။ ဒီတော့ Prostitution ဘက် ကိုပဲ ပြန်ရောက် ပါတယ်။ ၁၅ နှစ် ကျော် ကြာ လုပ်ကိုင်ခဲ့တဲ့ အဲ့ဒီ နယ်ပယ်မှာတော့ သူဟာ အင်မတန် ထူးချွန် ပါတယ်။ အမျိုးသားပေါင်း ၁၀၀၉၁ (တစ်သောင်းကျော်) နဲ့ တစ်သက် တစ်လျှောက် အိပ်ခဲ့ ဖူးပြီး တစ်ရက်ကို ၁.၈ ယောက် နဲ့ အိပ်ကြောင်း သင်္ချာနည်းကျကျ တွက်ချက်လို့ ရ ပါတယ်။

 တစ်လကို ၅၆ ဦးနဲ့ အိပ်စက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ms Montenegro ဟာ ယောင်္ကျား အကြောင်း နောကြေ သွားသူ ဖြစ်ပါတယ်။ ဒီတော့ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို သူမ ကိုယ်တိုင် ရေးသား ထုတ်ဝေ လိုက်ပါတယ်။

သက်တမ်း တစ်လျှောက် သူမ နဲ့ အိပ်စက် ခဲ့တဲ့ အမျိုးသား အရေ အတွက် ကိုလည်း တိတိကျကျ မှတ်တမ်း တင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရည် နဲ့ ပညာ အရည်အချင်း အရလည်း ခေ သူ မဟုတ်ပေမယ့် အဲ့ဒီ အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်ခဲ့သူသာ ဖြစ်ပါတယ်။ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို အွန်လိုင်းကနေရော၊ စာအုပ်ဆိုင်တွေမှာကော ဥရောပ နဲ့ အမေရိက တို့မှာ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ငိုလို့ ရယ်လို့ မရတဲ့ သမိုင်းထဲက မျက်နှာနှစ်ဘက်နှင့် လူသား




အင်္ဂလန်နိုင်ငံမှာ ၁၉ ရာစုလောက်က အီဘရာမိုဒတ်လို့ ခေါ်ဝေါ်တဲ့ လူသားဟာ ထူးဆန်းစွာဖြင့် မွေးရာပါ မျက်နှာနှစ်ဘက် ပါလာခဲ့ပါတယ်။ ရှေ့တစ်ဘက် နောက်တစ်ဘက် ဖြစ်ပါတယ်။ အတော်လေး ကံဆိုးတယ်လို့ ဆိုရမှာပေါ့။

သမိုင်းမှတ်တမ်းများ အရတော့ ထိုသူ၏ မျက်နှာနှစ်ဘက်လုံးဟာ စကားပြောလို့ ရပါတယ်။ စားလို့လည်း ရပါတယ်။ ဒါပေမယ့် ဆိုရွားတာကတော့ ရယ်လို့ မရတာနဲ့ ငိုလို့မရတာပင် ဖြစ်ပါဘူး။ ဒါကြောင့် အီဘရာဗက်ဂတ်ဆိုတဲ့ ဆရာဝန်နှင့် အခြားဆရာဝန်များဟာ ထိုမျက်နှာကြီးကို ခွဲစိတ်ပေးဖို့ ပြုလုပ်ခဲ့ပေမယ့် ခေတ်မှီတဲ့ ဆေးပညာတွေ မရှိသေးတဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။

ဒါထက်ဆိုးရွား တာကတော့ အိပ်တဲ့အခါမှာ အဆင်မပြေတာပဲ ဖြစ်ပါတယ်။ မျက်နှာတစ်ဘက်ကို အပေါ်ဘက်ထားရင် တစ်ဘက်က အောက်ဘက်မှာ မွမ်းကျပ်မှုကို ခံနေရသည့်အတွက် ဖြစ်ပါတယ်။ သူဟာ အသက် ၂၃ မှာ မိမိကိုယ့်ကိုယ် အဆုံးစီရင် သွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေ အရ သိရပါတယ်။

www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)

အပြည့်အစုံသို့ »

အံ့ဩဖွယ်ရာ 3D ပန်းချီလက်ရာ (video)


အထက်ပါ ဗော့ဒ်ကာ ပုလင်းဟာ ပန်းချီဓာတ်ပုံဆိုရင် တော်တော်လေး ယုံနိုင်ဖို့ ခက်ပါမယ်။ ဒါပေမယ့် အဲဒါက တစ်ကယ်ပါ။ ဒီ သရီးဒီ ပန်းချီပုံကို ဆွဲရင် တစ်နာရီ နီးပါးလောက် ကြာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီပုံကို ဆွဲဖို့ဆိုရင် အလွတ်ဆွဲတာဆိုရင် 

- Vodka လည်း ကောင်းကောင်းသောက်ဖူးရပါမယ်။ (ဒါမှ ပုလင်းပုံစံ အလွတ်ရမှာကိုး :D)
- ပုလင်းရဲ့ သဘောသဘာဝနဲ့ လေခိုနိုင်တဲ့ နေရာတွေလည်း သိရပါမယ်။
- အလင်းနဲ့ အမှောင်၊ ပုလင်းပေါ်ကို ကျတဲ့အရိပ်နဲ့ ပုလင်းက ကျတဲ့အရိပ် (Shade & Shadow) တွေကိုလည်း ကောင်းစွာ နားလည်ရပါမယ်။
- အလင်းဖြာထွက်တဲ့ သဘောတရားတွေကိုလည်း တော်တော်ကလေး သိထားရပါမယ်။

အပေါ်ကပုံကိုကြည့်ပြီး "ဒါ Photoshop နဲ့ လုပ်တာပါကွာ.." လို့ ထင်နေတဲ့သူများကို ကျွန်တော် ပြိုင်မငြင်းလိုပါဘူး။ ထင်ချင်ရင်လည်း ထင်ချင်စရာပါပဲလေ။ ဒါပေမယ့် အောက်မှာ သက်သေ video ရှိပါတယ်။ အဲဒါလေးကို ကြည့်သွားလိုက်ပါဦး။

Ygn News



အပြည့်အစုံသို့ »

မက္ကဆီကိုက ခြောက်ခြားဖွယ်အရုပ်မြို့တော်



အသက်မရှိတဲ့ အရုပ်ပေါင်းများစွာကို သစ်ပင်တွေမှာ ချိတ်ဆွဲထားပါတယ်။ အရုပ်တွေဟာ ဒီနေရာရဲ့ အနှံအပြားမှာ ပုံသဏ္ဏန်မျိုးစုံနဲ့ တိတ်ဆိတ်နေကြပါတယ်။
ဒီနေရာဟာ ရေနစ်ကွယ်လွန်သွားတဲ့ ကလေးမလေး တစ်ယောက်အတွက် မက်ဆီကန် အနုပညာသမားတစ်ယောက် ဖန်တီးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

မက္ကဆီကိုမြို့တောင်ဘက်က တူးမြောင်းတစ်ခုကို မြို့တော်ကောင်စီရဲ့ အလုပ်သမားတွေ ရှင်းရာကနေ အရုပ်ကမ္ဘာလို့ ခေါ်တဲ့ဒီနေရာကို လူအများဟာ သတိထားမိသွားကြတာ ဖြစ်ပါတယ်။
လူတွေနဲ့မရောဘဲ တစ်ယောက်တည်းသွားလာနေတတ်တဲ့ အနုပညာသမား Julian Santana Barrera ဟာ  ဒီလက်ရာကို  လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဖန်တီးခဲ့တာဖြစ်ပါတယ်။


တူးမြောင်းထဲမှာ ကလေးမလေးတစ်ယောက်ဟာ ရေနစ် သေဆုံးခဲ့ပါတယ်။ ဒီလိုရေနစ်သေဆုံးပြီး ရက်အနည်းငယ်အကြာ တူးမြောင်းထဲကရေပြင်ပေါ်မှာ အရုပ်တစ်ရုပ်ဟာ မျောနေခဲ့ပါတယ်။
တစ်ကိုယ်တည်းသွားလာနေတတ်တဲ့ Barrera ဟာ မျောနေတဲ့ဒီအရုပ်ကို တွေ့သွားရာကနေ ယခုလက်ရာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။



ဒေသခံတွေရဲ့ပြောကြားချက်အရ ဒီအရုပ်ထဲမှာ ကလေးမလေးရဲ့ဝိညာဉ် ပိတ်မိနေတယ်လို့ Barrera က ယုံကြည်လာတယ်လို့ဆိုပါတယ်။
ဒါကြောင့် သူ့ရဲ့ ရေမျောဥယျာဉ်ပေါ်မှာ အရုပ်ကို ချိတ်ဆွဲထားခဲ့ပါတယ်။


နောက်ပိုင်းမှာ ကလေးမလေးဟာ သူ့ကို လိုက်ခြောက်နေတယ်လို့ပါ ယုံကြည်လာပြီး အရုပ်တွေ အများကြီးထပ်ပေါင်းကာ ကောင်မလေးရဲ့ ဝိညာဉ် နှစ်သက်အောင် လုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။
Barrera ဟာ တစ်ကိုယ်တည်း နေတတ်သူဖြစ်ပေမဲ့ ဒီလက်ရာကိုလာကြည့်ဖို့ စိတ်ဝင်စားတဲ့ လူတစ်ချို့ကို ဖိတ်ခေါ်ခဲ့သေးတယ် လို့ဆိုပါတယ်။

၂၀၀၁ ခုနှစ်မှာတော့ ကလေးမလေး ရေနစ်သေခဲ့တယ်နေရာမှာပဲ Barrera ဟာ ရေထဲကို ပြုတ်ကျ သေဆုံးခဲ့ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »

ဆေးရုံပေါ်က ကြေကွဲစရာ မင်္ဂလာဆောင်ပွဲလေး



လောကကမ္ဘာကြီးက တကယ်ကိုမမျှတပါဘူးလို့ဆိုကြပါတယ်။ တခါတလေမှာ ပျော်ရွှင်စရာတွေ၊ အလှ တရားတွေအများကြီးပေးတတ်သလို တခါတလေမှာလည်း နာကျင်မှု ဒဏ်ရာ၊ ဝေဒနာတွေ၊ ငိုကြွေးရခြင်းတွေအများကြီးကို ပေးတတ်ပါတယ်။ အမြဲတမ်းမပျော်ရွှင်နိုင် ကြသလို အမြဲတမ်းလည်း မငိုကြွေးရပါဘူး။ အခု ဒီမှာ ဖိ လစ်ပိုင်က ယခုလအစော ပိုင်းမှာဖြစ်ခဲ့တဲ့ ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ မင်္ဂလာ ဆောင်လေးတစ်ခုအကြောင်း ကိုပြောချင်ပါတယ်။

အသက်  ၂၉ နှစ်အရွယ်ရှိတဲ့ ဖိလစ်ပိုင်သတို့သားလောင်းက သူရဲ့ မင်္ဂလာဆောင်ကျင်း ပပြီး နာရီအနည်းငယ်မှာပဲ  သူချစ်မြတ်နိုးရတဲ့ မိသားစုကို ခွဲခွာသွားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာဆောင်ကို သတို့သား ရော်ဒန်ဂိုးရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့ရက် ဖြစ်တဲ့ ဇူလိုင်လ ၈ရက်နေ့မှာ ကျင်းပသွားဖို့ရည်ရွယ်ထားပေမဲ့လည်း  သူ့ရဲ့ ရောဂါအ ခြေအနေသည်းလွန်းတဲ့အတွက် အခုလို ကြိုတင်ပြင်ဆင်ကျင်းပခဲ့တာလည်းဖြစ်ပါ တယ်။


အသည်းကင်ဆာရောဂါ ကျွမ်းနေတဲ့အဆင့်ကိုခံစားနေရတဲ့ သတို့သားဖြစ်သူ ရော် ဒန်ဂိုးနဲ့ သတို့သမီးဖြစ်တဲ့  လီဇယ်မေတို့က သူတို့ရဲ့ အသက် ၂ နှစ်အရွယ်သမီး တစ် ယောက်ရပြီးထိ တိုင်အောင်ပင်အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာဆောင်ခဲ့ရခြင်း မရှိခဲ့ပေ။ သူတို့ မိသားစုလေးရဲ့ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ ဒီအခမ်းအနားကို သူတက်ရောက်ကုသနေတဲ့ ဆေးရုံမှာပဲ ပရိတ်သတ်တွေနဲ့ အကျင်းရုံးလေးဆောင် ခဲ့ရတာဖြစ်ပါတယ်။

လီဇယ်က သူမရဲ့ သတို့သားလောင်းအတွက် အလှပဆုံး သတို့သမီးဖြစ်အောင်လို့ အ ဖြူရောင် သတို့သမီး ၀တ်ဆုံလေးကို ၀တ်ကာ အဆင်သင့်ဖြစ်လို့နေပါတယ်။ သမီး က လေးက လည်း ပန်းကြဲသူအဖြစ်နဲ့ပါ။ မိသားစုဝင်တွေ၊ဖာသာကြီး နဲ့  ဆေးရုံဝန် ထမ်းတချို့ကလည်း သူတို့ ရဲ့ မင်္ဂလာပွဲလေးကို ချီးမြှောက်ပေးဖို့ အသင့်ပါ။ အဲ့ဒီ မင်္ဂလာပွဲလေးမှာ အရေးပါဆုံးဖြစ်တဲ့ သတို့သားလောင်းက ကောက်ရိုးတစ်မျှင်စာ ဆုတ်နိုင်လောက်တဲ့ အားအင်နဲ့ ခွဲခန်းထဲမှာသေမင်းတမန်နဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့ အချိန်တွေမှာပေါ့။ သိပ်ကိုကြေကွဲဖို့ကောင်းပါတယ်။

ခွဲစိတ်ခန်းထဲက ထွက်လာပြီးချိန်မှာ အသက်မျော့မျော့လေးသာပါလာတဲ့ သတို့သား ရော်ဒန်ဂိုးကို သတို့သားဝတ်စုံ အဖြူရောင် ၀တ်ဆင်ပေးထားပြီး သူ့ရဲ့ ဆေးရုံကု တင်ပေါ်ကနေပြီးတော့ပဲ သတို့သမီးနဲ့အတူ ကျမ်းသစ္စာခံယူတယ်။ လက်စွပ်လဲတယ်။ နှုတ်ဆက်အနမ်းချို ချိုတွေပေးတယ်။ အသားရောင်ဖျော့တော့တဲ့ မျက်နှာပေးကနေ ပန်းရောင်သမ်း လောက်ထိအောင်ချိုမြိန်တဲ့ အပြုံးပန်းတွေကို မင်္ဂလာဆောင်ပရိတ် သတ်ကြီးကို ချွေပေးသွားခဲ့ပါတယ်။

အစောပိုင်းကာလကတည်းက ရောဂါကျွမ်းနေတာကြောင့် ဆရာ ၀န်တွေကော မိသားစုဝင်တွေကပါ  သူ လူ့လောကထဲက ထွက်ခွာသွားမယ့်အချိန်ကို သာစောင့် ဆိုင်းရမယ်လို့ အသိရှိခဲ့ကြတာဖြစ်ကာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင် အချိန် ကလေးမှာဘဲ သူ့ရဲ့ ၀ိဥာဏ်လိပ်ပြာလေးက အားလုံးကို နှုတ်ဆက် ထွက်ခွာသွား ခဲ့ပါပြီ။ အနားမှာရှိတဲ့ သူတွေအဖို့ကလည်း ရင်ထဲကို စို့နစ်ကြေကွဲတာ ကိုခံစားရမှာ သေချာပါတယ်။ မင်္ဂလာဆောင်အခမ်းအနားပြီးမြောက်သွားတဲ့အထိ အားတင်းထား နိုင်ခဲ့တဲ့ သူ့ကိုကောင်းရာ ဘုံဘ၀ကိုရောက်သွားဖို့အတွက် အားလုံး ဆုတောင်း ပေးကြမှာပါ။

ဒါ့ကြောင်မို့လို လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ထုံမွှမ်းပြည့်လျှံနေတဲ့ ကျွန်မတို့ လောကကြီးထဲမှာ ကျင်လည်နေကြတဲ့ လူသားတွေက မွေးလာကတည်းက ကြုံလာ ဆုံလာခဲ့ရတဲ့ သူတွေအားလုံးအပေါ် အကောင်းဆုံးတွေကိုပဲ ကြိုးစားဖန်တီးပေး သွားကြဖို့လိုအပ်ပါတယ်။  ကိုယ့် အသက်ဝိဥာဏ် မလွင့်ပါးမီမှာ ကိုယ့် ဘ၀တလျှောက် လုံးကောင်းတာတွေကိုပဲလုပ်သွားပေးဖို့နဲ့ပတ်သက်ဆက်နွယ်ချစ်ခင်ရတဲ့ သူတွေ အ တွက်လည်း ကိုယ်ဆိုတဲ့ ရပ်တည်မှုတစ်ခုက သူတို့ရဲ့ စိတ်ထဲမှာထင်ကျန်အမှတ်ရ နေမယ်ဆိုရင်လေ………………………….။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »

(၆၈) နှစ် အတွင်း တစ်ရက်တောင် မခွဲခဲ့ဖူးတဲ့ ဇနီးမောင်နှံ


အေသင်အောင်
အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ နေထိုင်တဲ့ ဇနီးမောင်နှံဟာ (၆၈)နှစ်အတွင်း တစ်ရက်တောင် မခွဲခဲ့တဲ့အထိ ချစ်ကြိုက် ကြင်နာခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီဇနီးမောင်နှံဟာ သေဆုံးတဲ့ အခါမှာလည်း တစ်ဦးနဲ့တစ်ဦး (၁၀)နာရီသာ အချိန်ကွာဟခဲ့တာမို့ ပိုပြီး အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ အသက် (၉၁) နှစ်ရှိနေပြီဖြစ်တဲ့ ဂျော့ဒေါ့တီဟာ ရင်ဘတ်အောင့် ဝေဒနာကြောင့် အရေးပေါ် ကုသမှုခံ ယူနေရစဉ် မှာ ဇနီးဖြစ်သူ အသက် (၉၂)နှစ် အရွယ် ဒိုရိုတီဟာ အဖျားရောဂါကြောင့် အရင် ကွယ်လွန်သွားခဲ့ပါတယ်။ ဒိုရိုတီဟာ ဇွန်လ(၁)ရက်နေ့မှာ ကွယ်လွန်သွား ခြင်းဖြစ်ပြီး နောက်ထပ် (၁၀) နာရီ အကြာမှာ ခင်ပွန်းဖြစ်သူ ဂျော့ဒေါ့တီကလည်း ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဂျော့ဒေါ့တီဟာ  ဒိုရိုတီ ရဲ့ ဒုတိယခင်ပွန်းသာ ဖြစ်ပါတယ်။ ဒိုရိုတီရဲ့ ပထမခင်ပွန်းဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဂျော့ဒေါ့တီနဲ့ ဒိုရိုတီရဲ့ ပထမခင်ပွန်းတို့ဟာ သူငယ်ချင်းတွေဖြစ်ကြပြီး အရင်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒိုရိုတီ ရဲ့ ခင်ပွန်း ကွယ်လွန်ပြီး လေးလအကြာမှာ ဂျော့ဒေါ့တီ လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။ ဂျော့ဒေါ့တီတို့ဟာ ဘ၀ကို အေးဆေးစွာ ဖြတ်သန်းရင်း နေထိုင်ခဲ့ကြ ပါတယ်။ လက်ထပ်ပြီးတဲ့ နောက် ကလေးနှစ်ဦး၊ မြေး ငါးဦး၊ မြစ်နှစ်ဦး တို့ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေမှာ သူတို့ ဇနီးမောင်နှံဟာ မင်္ဂလာ နှစ်ပတ် လည် အခမ်းအနားတွေ ကိုလည်း အမြဲတမ်း ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ သားဖြစ်သူ ပေါလ်က လူတွေက အဖေနဲ့ အမေ နောက်ဆုံးအချိန်အထိ ဘ၀ကို တည်ငြိမ်စွာ ဖြတ်သန်းခဲ့တာ အရမ်းအံ့အားသင့်နေကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော့်အဖေနဲ့ အမေဟာ မိသားစု တန်ဖိုးကို အရမ်းအလေးထားပါ တယ်။ လက်ထပ်ခဲ့တဲ့ (၆၈)နှစ်တာ ကာလအတွင်း တစ်ရက်တောင်မခွဲဘဲ အမြဲတမ်း အတူတကွ နေထိုင်ခဲ့တာပါ လို့ ပြောသွားခဲ့ပါတယ်။ အရမ်းချစ်ကြ တဲ့ ဇနီးမောင်နှံရဲ့ နောက်ဆုံးခရီးကိုလည်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့ပြီး အသုဘ အခမ်းအနားမှာ အခေါင်းတွေကို ဘေးချင်းယှဉ်ထားပေး ခဲ့တယ်လို့ သိရပါတယ်။

messenger

အပြည့်အစုံသို့ »

ထူးထူးခြားခြား လူအများအံဩအောင် ရေကူးကန်ရေပေါ် လမ်းလျှောက်ပြတဲ့ မျက်လှည့်ဆရာ (video)


ရေကူးကန်ထဲမှာ လူတွေ ရေကူးလို့ ကောင်းနေတဲ့ အချိန်ပါ။ ဒီအချိန်မှာ လူတစ်ယောက်က ဘာမပြော၊ ညာမပြောနဲ့ ရေကူးကန်ကို ကန့်လန့် ဖြတ်လျှောက်ပြ သွားတာပါ။

အပြည့်အစုံသို့ »

နောက်ပြန်လည်မယ့် ဘိုလီဗီးယားနာရီ


ဘိုလီဗီးယားနိုင်ငံ၊ ကွန်ဂရက်လွှတ်တော်ထိပ်မှာ နာရီလက်တံပြောင်းပြန်သွားတဲ့ နာရီ

ဘိုလီဗီးယားနိုင်ငံမှာ လက်ရှိ လက်ဝဲယိမ်းအစိုးရ အာဏာရ အုပ်ချုပ်နေတာနဲ့ လိုက်လျောညီထွေဖြစ်စေဖို့

အပြည့်အစုံသို့ »

ညှပ်ကြဦးမလား ကမ္ဘာ့ဖလား ဆံပင်ဒီဇိုင်းသစ်များ


ကျင်းပချိန် တစ်လအတွင်း တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပိုပြီးဆန်းသစ်အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ဆံသဆရာ တစ်ယောက်ရဲ့ အခန်းကဏ္ဍ ပါဝင်တယ်ဆိုတာ

အပြည့်အစုံသို့ »

Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum နဲ့တူတဲ့ ထူးဆန်းသဏ္ဍန်ရှိတဲ့ သတ္တ၀ါကို တရုတ်ပြည်တောင်ကုန်းတွေကြားမှာတွေ့ရှိ


တရုတ်ကမ္ဘာလှည့်ခရီးသည်တစ်ဦးက Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum ရုပ်နဲ့တူတဲ့ သတ္တ၀ါတစ်ကောင်ဟာ ဘေဂျင်းမြို့ မြောက်ဘက် Huairou အရပ်ကကျောက်ဆောင်တွေကြားထဲ ခိုအောင်းနေတယ်လို့ဆိုပါတယ်။ အဲဒီ့အရာကို သက်သေပြဖို့အတွက်လည်း သူကဓာတ်ပုံတစ်ပုံကိုပြပါတယ်။

‘ကျွန်တော်အပေါ့သွားဖို့ သွားတဲ့အချိန်မှာ မကောင်းဆိုးဝါးတစ်ကောင်ကိုတွေ့တော့တာပဲ။ ကျွန်တော်သူ့ရဲ့ဓာတ်ပုံကိုလဲရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ကြောက်လန့်နေတယ်’ လို့အဆိုပါတွေ့ရှိခဲ့သူဆိုပါတယ်။

အင်တာနက်မှာပြန့်နှံ့နေတဲ့ ဒီဓာတ်ပုံကို မြင်လိုက်ရတဲ့သူတစ်ဦးက မှတ်ချက်ပေးတဲ့နေရာမှာ အောက်ပါအတိုင်းရေးခဲ့ပါတယ်။

‘ပြီးခဲ့တဲ့တစ်ပါတ်တုန်းက ကျွန်တော်/ကျွန်မနဲ့ သူငယ်ချင်းတွေ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားငယ်တစ်ကားရိုက်ကူးဖို့ တောင်ကြားတွေထဲကို သွားခဲ့ပါတယ်။ ကျွန်တော်/ကျွန်မ အပေါ့သွားနေတုန်းမှာ လူတစ်ယောက်ယောက်လာပြီး ကျွန်တော်/ကျွန်မ ကိုဓာတ်ပုံရိုက်သွားပြီး ထွက်ပြေးသွားတယ်’ ဆိုပြီးဖြစ်ပါတယ်။

Ref:dangerousminds.net
Trend Myanmar

အပြည့်အစုံသို့ »

လေထက်ပေါ့ပြီး ပိုပေါ့သော်လည်း ပိုမာတဲ့ ပစ္စည်းရုပ်ဝတ္တုကို တွေ့ရှိ


မကြာသေးတဲ့ ရက်အနည်းငယ်မှပဲ US မက်ဆချုဆက်ပြည်နယ်မှာတည်ရှိတဲ့ နည်းပညာကျောင်းတစ်ကျောင်းနဲ့ အမျိုးသားလုံးခြုံရေး ဓာတ်ခွဲခန်းမှ သုတေသနပညာရှင်တို့ရဲ့အောင်မြင်စွာရရှိလာတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ထို ရုပ်ဝတ္တု ပစ္စည်းမှာ လေထက်ပေါ့ပါးကာ ဂျဲလ်မှထုတ်ယူထားတဲ့ အလွန်ပေါ့ပါးတဲ့
Aerogel ထက်ပင်ပိုပြီး အကြိမ် (၁ထောင်) သန်မာပါတယ်။ Frozen smoke လို့ အမည်ပေးထားပြီး ပြိုင်ဘက်ကင်းတဲ့ ဂုဏ်သတ္တိတွေနဲ့ ထူးခြားတဲ့ လက္ခဏာတွေ ရှိကာ လေဟာနယ်နဲ့ ကားလုပ်ငန်း နယ်ပယ်တွေမှာ အလွန် အသုံးဝင်နိင်ကြောင်း သိရပါတယ်။

ထို သုတေသနထဲတွင်ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ Xiaoyu Rayne Zheng ရဲ့ ပြောကြားချက်အရ သဘာဝကို ဖန်တီးပြုလုပ်ထားတဲ့ ဒီ Metamaterial တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ရှိမူတွေထက် ပိုပြီး အကြိမ် များစွာ အကျိုးပြုနိင်ပါတယ်။ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်တွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေထဲမှာ ထို သဘာဝကို ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ဝတ္တုပစ္စည်းတွေကို ပြုလုပ်ရတာ ဖြစ်ပြီး သဘာဝထဲမှာတော့ သူတို့ကို တွေ့နိင်မှာ မဟုတ်ပါဘူး။ ဒီပစ္စည်းတွေဟာ အလွန်မာကြောကြပြီး တစ်ချိန်တည်းမှာ 3D ပုံဖော်ခြင်းတွေကိုလည်း လုပ်ဆောင်ရရှိနိင်ပါတယ်။

ထိုကြောင့် အသစ်တွေ့ရှိထားတဲ့ ရုပ်ဝတ္တုဟာ ကမ္ဘာ့မှာ ရှိတဲ့ သိပ္ပံဂျာနယ်တွေမှာ ပါတဲ့ အရာတွေထက် အဆ ၁၀၀ မာကြောနေကြောင်း သိရပါတယ်။

အောင်ဟိန်း ( ရိုးရာလေး)

အပြည့်အစုံသို့ »

လူ့ကျင်ငယ်ရည်မှ တဆင့် လျှပ်စစ်ထုတ်ရန် ကြိုးပမ်းနေ


တစ်ကမ္ဘာလုံးကနေ တစ်နေ့ ကို ကျင်ငယ်ရေ လီတာပေါင်း ၁၀.၅ ဘီလီယံ ထွက်ရှိပါတယ်။ ဒီပမာဏဟာ အိုလံပစ်ရေကူးကန် ပေါင်း ၄၂၀၀ ကို ဖြည့်နိုင်တဲ့ ပမာဏပါ။ ကျွန်တော်တို့ အများစုဟာ ကျင်ငယ်ရေကို စွန့်  ပစ်ပစ္စည်းအနေနဲ့ သာ ခေါင်းစဉ်တပ်ကြမှာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီကျင်ငယ်ရေတွေကနေ အိမ်တွေ၊ ကားတွေနဲ့ မြို့ တွေအထိပါ လျှပ်စစ်စွမ်းအင်ပေးနိုင်အောင်လို့ ကြံဖန်နေကြပါပြီ။

ကိုရီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်စုဟာ ကျင်ငယ်ရေတွေကနေ ပြန်လည်ထုတ်ယူနိုင်တဲ့ ကာဗွန်အက်တမ်တွေကို အသုံးပြုပြီး ဈေးသက်သာတဲ့ လျှပ်စစ်စွမ်းအင်ရရှိဖို့ အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။

အခုလက်ရှိ fuel cells တွေမှာအသုံးပြုထားတဲ့ ဈေးမြင့်မားတဲ့ ပလက်တီနမ်နေရာမှာ လူသားတို့ ရဲ့ ကျင်ငယ်ရေကနေ သဘာဝအလျောက်ပါဝင်တဲ့ ကာဗွန်ကိုအသုံးပြုဖို့ ရည်မှန်းထားတာပါ။ Fuel Cells တွေဆိုတာ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ပြုခြင်းဖြင့် ရရှိလာတဲ့ ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်တဲ့ စက်၊နည်းပညာတစ်ခုဖြစ်ပါတယ်။

Fuel cell အတွင်းမှာအသုံးပြုတဲ့ ဓာတ်ကူပစ္စည်းဖြစ်တဲ့ ပလက်တီနမ်သတ္တုဟာ ဈေးနှုန်းကြီးမားပြီး ဒီနည်းပညာတိုးတက်မှုကို ဈေးကွက်အခြေအနေအရ နှောင့်နှေးစေနိုင်တာကြောင့် ကိုရီးယားသိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ရရှိနိုင်တဲ့ ကာဗွန်ကို အစားထိုးနိုင်ဖို့  မျှော်လင့်နေကြပါတယ်။ ကာဗွန်ဟာ ပလက်တီနမ်နဲ့ ဓာတ်သတ္တိတူညီမှုတွေရှိပြီး ဒီအတွက်ကြောင့် fuel cells တွေ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်ဖွယ်ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ထုတ်ယူမယ့် လျှပ်စစ်စွမ်းအင်နဲ့ ကားတွေ၊အိမ်တွေအထိပါ လျှပ်စစ်စွမ်းအင် ကျယ်ပြန့် စွာပေးနိုင်လိမ့်မယ်လို့ ခန့် မှန်းထားကြပါတယ်။

Ref: Dailymail.co.uk
Trend Myanmar

အပြည့်အစုံသို့ »

အိန္ဒိယတွင် ငါးမျှားနေသူကို လှေပေါ်ထိတက်ပြီး ကျားဆွဲခဲ့


Photo- AP
အိန္ဒိယနိုင်ငံ၊ ကျားထိန်းသိမ်းရေး ဘေးမဲ့ဥယျာဉ် တစ်ခုတွင် ငါးမျှားနေသူ တစ်ဦးအား ကျားတစ်ကောင်က လှေပေါ်ထိ ခုန်တက်လာကာ သတ်ဖြတ် ဆွဲယူသွားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဆွန်ဒါဘန်စ် ကျားထိန်းသိမ်းရေး စခန်းတွင် ဆူရှီလ်မက်ဂ်ျဟီသည် သားနှင့်သမီးတို့ကို ခေါ်ယူကာ လှေတစ်စင်းဖြင့် ချောင်းထဲတွင် ငါးဖမ်းထွက်ခဲ့သည်။ ဇွန်လ(၂၆)ရက်နေ့က ဖြစ်ရပ်တွင် ဆူရှီလ်သည် ဘေးမဲ့စခန်းအတွင်းရှိ ကန့်သတ်ထားသော ဧရိယာထဲသို့ လှေကို မောင်းနှင်ဝင်ရောက်ကာ ငါးဖမ်းခဲ့သည်။

အနောက်ဘင်္ဂလား ပြည်နယ်ရှိ ဘေးမဲ့စခန်းထဲတွင် ငါးမျှားနေစဉ် ကျားတစ်ကောင်သည် လှေအနီးမှ ရေထဲမှ ရုတ်တရက် ပေါ်လာကာ ဖခင်ဖြစ်သူကို ခုန်အပ်ပြီး ရွှံ့ထဲသို့ ဆွဲချကာ ပျောက်ကွယ်သွားကြောင်း ဆူရှီလ်၏ သားဖြစ်သူ ဂျိုတစ်ရှ် မက်ဂ်ျဟီက သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် တောထဲတွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းထိ ဆူရှီလ်၏ အလောင်းကို ရှာမတွေ့သေးချေ။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ဒေသတွင် ရှိသော ကျားထိန်းသိမ်းရေး နယ်မြေကို (၈)ပေ အမြင့်ရှိသည့် တံတိုင်းခတ်ထားသော်လည်း  အိန္ဒိယကရော၊ ဘင်္ဂလားဒေ့ရှ်ကပါ သီးခြားလုံခြုံရေး စောင့်ကြပ်မှု မရှိချေ။ အနီးအနားရှိ ရွာသားများသည် ကန့်သတ်ထားသော နေရာများသို့ ဝင်ရောက်၍ ငါးဖမ်းခြင်း၊ ပျားဖွပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

“နယ်နိမိတ် အပိုင်းအခြားကို စပြီးချိုးဖျက်တာ ကျားတွေမဟုတ်ဘူး။ လူတွေပဲ”ဟု ဆွန်ဒါဘန်စ် စခန်းမှ လက်ထောက် ကွင်းဆင်း ညွှန်ကြားရေးမှူး ကီရှော်မန်ကာက ပြောကြားခဲ့သည်။ “ကန့်သတ်နေရာကို မသွားကြဖို့ ငါးဖမ်းသူတွေကို ကျွန်တော်တို့ သတိပေးထားခဲ့တယ်။ ဒါပေမဲ့ လူတွေက ညွှန်ကြားချက်တွေကို ဘယ်တော့မှ မလိုက်နာဘူး”ဟုလည်း ၎င်းက ဆိုသည်။

ဆွန်ဒါဘန်စ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ဘင်္ဂလားကျားများကို ထိန်းသိမ်းမွေးမြူထားသည်။ သာမန်အားဖြင့် အဆိုပါ စခန်းမှ ကျားများသည် ကန့်သတ်ဧရိယာကို ကျော်လွန်လာမှု မရှိသလောက် ရှားပါးပြီး အကယ်၍ လူ့ပတ်ဝန်းကျင်အနီးထိ ရောက်ရှိလာပါကလည်း လူများကို အန္တရာယ် ပြုရန်ထက် ဆိတ်များကိုသာ ဖမ်းယူသွားတတ်ကြောင်း သိရှိရသည်။

_NDTV
7day daily

အပြည့်အစုံသို့ »