Showing posts with label world-news. Show all posts
Showing posts with label world-news. Show all posts

ကိုယ့်အင်္ဂါစပ်ကို ဓာတ်ပုံရိုက် ဒီဇိုင်းထုတ် ဖန်တီးပြီး အဲ့ဒီ အင်္ဂါစပ်ပုံစံကို ကယပ်လှေကို ပြုလုပ်ခဲ့တဲ့ ဂျပန်အမျိုးသမီးအနုပညာရှင် ဖမ်းဆီးခံရ

   
ဂျပန်လူမျိုး အမျိုးသမီး အနုပညာရှင်တစ်ယောက်ဟာ သူမရဲ့  အင်္ဂါစပ်ကို ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အဖမ်းဆီးခံခဲ့ရပါတယ်။ Megumi Igarashi ဆိုသူ အမျိုးသမီးဟာ သူမရဲ့ အင်္ဂါစပ်ဓာတ်ပုံတွေကို သုံးဖက်မြင် ပုံရိပ်ဖော်စက်မှာ ဒီဇိုင်းလုပ်ပြီး သူမရဲ့  အင်္ဂါစပ်ပုံစံတူ “ အင်္ဂါစပ်လှေလို့ ” နာမည်ပေးထားတဲ့ ကယပ်လှေငယ်ကို ဖန်တီးပြုလုပ်ဖို့ ငွေကြေးထောက်ပံ့ကူညီရန် ကမ်းလှမ်းလာတဲ့ လူ အယောက်၃၀ ဆီကို အဲ့ဒါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ ပေးခဲ့ပါတယ်။

သူမဟာ မသင့်တော်တဲ့ လိင်မှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေတွေကို  ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အဲ့ဒီ ဓာတ်ပုံတွေကို ရောင်းချကာ ပေါင်ငွေ ၆၀၀၀ ကျော် ရရှိထားတယ်လို့ လည်း ရဲဌာနကဆိုပါတယ်။

ဒါပေမယ့်  Rokudenashiko ဆိုတဲ့ (အသုံးမကျသူလို့ အဓိပ္ပါယ်ရတဲ့) အနုပညာနာမည်ကို အသုံးပြုထားတဲ့ Igarashi ဟာ သူမရဲ့  သုံးဖက်မြင် ဒီဇိုင်း အင်္ဂါစပ်ဓာတ်ပုံ သတင်းအချက်အလက်တွေဟာ အော့နှလုံးနာစရာ လိင်မှုကိစ္စတွေကို တားမြစ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခဲတယ်လို့  မထင်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူမက အခကြေးငွေ ယူပြီး ဓာတ်ပုံတွေကို ရောင်းချခဲ့တာမျိုးလည်း မဟုတ်ပါဘူးတဲ့။



သူမရဲ့ ကိုယ်ပိုင် ဘလော့စာမျက်နှာမှာ “ ကျွန်မက ကျွန်မရဲ့ အနုပညာအစိတ်အပိုင်းတွေကို ကျွန်မရဲ့ အင်္ဂါစပ်နဲ့ ဖန်တီးတာပါ။ ကျွန်မကတော့ အဲဒါကို Manko(ဂျပန်ဘာသာ ဖြင့် မိန်းမ အင်္ဂါရပ်လို့  အဓိပ္ပါယ်ရတဲ့ဗန်းစကား) လို့ ပဲ အမည်ပေးချင်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့ အင်္ဂါစပ်ကို တန်ဆာဆင်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဖန်တီးပြုလုပ်တဲ့ ပုံဖော်အနုပညာတစ်ရပ် အဖြစ် ဖန်တီးရတာကို ပျော်စရာလို့ ပဲ ထင်ပါတယ်။ဒါပေမယ့် ကျွန်မဖန်တီးတဲ့ အရာကို လူတွေမြင်ပြီး ၊ လူတွေ အရမ်းကို စိတ်အနှောက်အယှက်ဖြစ်သွားကြတာ ၊ ကျွန်မပါးစပ်က Manko ဆိုတဲ့ စကားလုံးလေးကို ပြောလိုက်ရင်တောင် သူတို့ တွေ အထိတ်တလန့်  ဖြစ်သွားတာတွေကို ကျွန်မ အရမ်း အံ့သြမိပါတယ်။” လို့ ရေးသားထားပါတယ်။

“ ကျွန်မကို ရုပ်မြင်သံကြား ချယ်နယ်တစ်ခုကနေ သူတို့ အစီအစဉ်မှာ ပါဝင်တင်ဆက်ဖို့  တောင်းဆိုတုန်းကတောင် ကျွန်မပါးစပ်က Deco-Man ဆိုတဲ့ စကားလုံးကိုတောင်ပြောဖို့ ခွင့်မပြုရဲ ကြပါဘူး။ Man ဆိုတဲ့ စကားလုံးက မကြားဝံ့ မနာသာ လို့  သူတို့ ထင်တဲ့ Manko က Man နဲ့  အသံထွက်ချင်း သွားဆင်နေလို့ လေ။ ကျွန်မက ဘာလို့  ဒီလို မျိုး အနုပညာ အစိတ်အပိုင်းတွေကို စပြီးတော့ ဖန်တီးရသလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အခြားအမျိုးသမီးတွေရဲ့  အင်္ဂါစပ်တွေကို တစ်ခါမှ မမြင်ဖူးတာကြောင့် ရယ် ၊ ကျွန်မပုံပန်းသဏ္ဍန်ကို ကျွန်မ အမြဲ သတိထားလွန်းမိနေတာကြောင့်ရယ်ပါပဲ။ တစ်ချိန်တည်းမှာပဲ မိန်းမအင်္ဂါစပ်ဆိုတာ ဘယ်လို ပုံပန်းသဏ္ဍန်ရှိမှန်း ကျွန်မလုံးဝ မသိခဲ့ပါဘူး။ ဒါကြောင့် ကျွန်မရဲ့  အင်္ဂါစပ်ဟာလည်း ပုံမှန်မဟုတ်ဘူးလို့ ထင်မိခဲ့ပါတယ်” လို့ သူမက ဆိုပါတယ်။

“Manko နဲ့ Vagina (မိန်းမအင်္ဂါစပ်) ဆိုတဲ့ စကားလုံးတွေဟာ ဂျပန် လူ့ အဖွဲ့ အစည်းမှာ မကြားဝံ့မနာသာ စကားလုံးတွေအဖြစ် သတ်မှတ်ထားခဲ့တာကြာပါပြိ။ Penis လို့ ခေါ်တဲ့ ယောကျာင်္းလိင်အင်္ဂါကျတော့ ပုံဆွဲရေးသားဖော်ပြကြပြီး ၄င်းဟာ လူငယ်တွေကြား ခေတ်စားနေတဲ့  ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေပါပြီ။ ဒါပေမယ့် မိန်းမ အင်္ဂါစပ်ကျတော့ ဘယ်တော့ မှ သင့်တော် နှစ်လိုဖွယ်အရာအဖြစ် မမြင်ကြပါဘူး။ လူတွေက ဒါကို မကြားဝံ့မနာသာ လို့ မြင်ကြတယ်လေ။ဘာလို့ လဲဆိုတော့ အဲဒါဟာ အမျိုးသမီး တွေရဲ့ သာမာန် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေမယ့်လည်း အလွန်အကျွံဖုံးကွယ်ထားခံရတာကြောင့်ပါ” လို့ သူမက ဆိုပါတယ်။

Ref:mirror.co.uk
Trend Myanmar

အပြည့်အစုံသို့ »

ဂျိမ်းစ်ဘွန်းမင်းသားပုံစံအတိုင်း ပြုလုပ်ထားတဲ့ ခွေးကလေး


အေသင်အောင်

အင်္ဂလန်နိုင်ငံ၊ စတော့တ်ပို့တ်မြို့မှာရှိတဲ့ ခွေးကလေးတစ်ကောင်ဟာ နာမည်ကြီး စုံထောက်မင်းသား ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ကားတွေမှာ ပြုလုပ်တဲ့ ပုံစံအတိုင်း လိုက်လံ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဂျက်စကီးစီးနေတဲ့ ဟန်ဖြင့် ဓာတ်ပုံရိုက်ခြင်း၊ အက်ရှ်ကန်မာ တင်ကား၊ စပိဘုတ်စတာတွေနဲ့ ဓာတ်ပုံရိုက်ကူးခြင်း တို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ခွေးပိုင်ရှင်ဖြစ်သူကလည်း  သူ့ရဲ့ခွေးကို  ဂျိမ်းစ်ဘွန်းမင်းသားပုံစံအတိုင်း ထားရှိခဲ့ပါတယ်။ ခွေးပိုင်ရှင် ဟာ အသက် (၅၂)နှစ် အရွယ်ရှိ ဖီးလ်ဘတ်တလာဖြစ်ပြီး သူ့ရဲ့ခွေးဟာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချည်ထည်စက်ရုံ မန်နေဂျာ ဖီးလ်ဘတ်တလာဟာ အသက်လေးနှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ခွေးကို ပြီးခဲ့တဲ့ ခရစ္စမတ် မတိုင်မီက လက်ဆောင် ရရှိထားခြင်း ဖြစ်ပါတယ်။ ဖီးလ်ဘတ်တလာက သူ့ရဲ့ခွေးဟာ အရာရာကို ကြောက်ရွံ့နေခြင်း မရှိကြောင်း၊ သို့သော်လည်း ကြောင်တစ်ကောင်ကြောင့် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ရှိခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီခွေးကို ကိုယ်ပိုင်  Facebook အကောင့်ဖွင့် ပေးထားပြီး စက်ယန္တာရားကြီးပေါ်မှာ ထိုင်ပြီး ဓာတ်ပုံရိုက်ကူးခြင်း၊ လွှစက်ပေါ်မှာနားရင်း ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။

messenger


အပြည့်အစုံသို့ »

ပညာများများ တတ်လေ မျက်မှန်ထူထူ တပ်ရလေ



သန်းထိုက်စိုး

မျက်မှန်ထူထူ တပ်သူဆိုလျှင် ခပ်တုံးတုံးလူ ဖြစ်ရင်ဖြစ်၊ သို့မဟုတ် စာဂျပိုးဖြစ်ရမည်ဟု ပြောတတ်ကြသည်။

သိပ္ပံပညာရှင်များကမူ မျက်စိမှုန်ခြင်းသည် မျိုးဗီဇနှင့် သက်ဆိုင်သည်ဟု ဆိုကြသည်။ လေ့လာမှု စစ်တမ်း တစ်ရပ်ကမူ ပညာ ပိုတတ်သူဖြစ်လေ မျက်မှန်ထူထူ တပ်ရဖို့ နီးစပ်လေဟု ဆိုလိုက်သည်။ ပညာရည်မြင့်လေ မျက်စိ အဝေးမှုန်ဖို့လည်း ရာခိုင်နှုန်း ပိုများလေဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။

ရှေ့ကို ခြောက်ပေ ခြောက်လက်မ ထက်ကျော်လျှင် အမြင်ဝါးနေပြီဆိုလျှင် အဝေးမှုန်သည်ဟု သတ်မှတ်သည်။ မျက်လုံးအိမ် ပုံမှန်ထက် ရှည်နေခြင်းသည် အဝေးမှုန်ရခြင်း အကြောင်းရင်းဖြစ်သည်။ အမေရိကန်တွင် အဝေးမှုန်သူ (၄၂) ရာခိုင်နှုန်းရှိပြီး၊ ဗြိတိန်တွင်(၂၀)မှ (၃၀) ရာခိုင်နှုန်းကြား ရှိသည်။

စီးပွားရေးဖွံ့ဖြိုး အားကောင်းနေသော အာရှဒေသတွင် ကား(၈၀) ရာခိုင်နှုန်းထိသည် အဝေးမှုန်ခြင်း ပြဿနာ ကြုံတွေ့နေရသည်။ ဆိုးဆိုး ၀ါးဝါး ဖြစ်ပွားသူနှင့် ခပ်ပျော့ပျော့ ဖြစ်ပွားသူသာ ကွာခြားသည်။ မကြာ မကြာ အပြင်ထွက်ပြီး ဝေးဝေးမြင်ရသော နေရာများကို ကြည့်ပေးခြင်း၊ မျက်လုံးကို အနားပေးခြင်းသည် လူတိုင်း လုပ်နိုင်သော ကုသနည်း တစ်ရပ်ဖြစ်သည်။

ဒိန်းမတ်တွင် လုပ်ထားသော စစ်တမ်း တစ်ရပ်အရကား အိမ်ပြင်ထက် ဆော့ကစားသော ကလေးများသည် အပြင် သိပ်မထွက်သော ကလေးများထက် အဝေးပိုမှုန်ကြောင်း တွေ့ရှိရသည်။

ပညာရည် မြင့်ခြင်းနှင့် အဝေးမှုန်ခြင်း ဆက်စပ်မှုကို ဂျာမနီနိုင်ငံ မိန်းမြို့ ဆေးတက္ကသိုလ်က သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းတွင် အသက် (၃၅) မှ (၇၄) နှစ်ကြား လူ (၄၆၅၈) ဦး ပါဝင်သည်။ ၎င်းတို့ အနက် အဝေးမှုန် သူများကို အစုခွဲ ကြည့်ရာ (၂၄) ရာခိုင်နှုန်းသည် အထက်တန်းကျောင်း မတက်ဘူးသူများ ဖြစ်ကြောင်း တွေ့ရသည်။ (၃၅) ရာခိုင်နှုန်းကား အထက်တန်း အောင်ပြီး အသက်မွေး ၀မ်းကျောင်း သင်တန်းကျောင်း တစ်ခုခုတက်ကာ အသက် မွေးသူများဖြစ်သည်။ (၅၃) ရာခိုင်နှုန်းကား တက္ကသိုလ်မှ ဘွဲ့ရသူများ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ သို့ဖြစ်ရာ ပညာတတ်လေ မျက်စိအဝေးမှုန် နိုင်ခြေပိုများလေ ဖြစ်ကြောင်း ထင်ရှားခဲ့သည်။

Source: Daily Mail
The Messenger

အပြည့်အစုံသို့ »

ထူးစမ်းအံ့သြဖွယ် ..နံရံပေါ်တွယ်တက်ဖို့အတွက် တောက်တဲ့တွေ လျှပ်ငြိမ်လျှပ်စစ်အား အသုံးပြု


တောက်တဲ့တွေဟာ  နံရံတွေပေါ်တက်တာ၊ ကားပေါ်မှာ တောက်တဲ့ရှိနေရင် ခင်ဗျားရဲ့ကားကို အာမခံပေးနိုင်တယ်ဆိုတာမျိုးတွေဟာ အံ့သြစရာကောင်းတဲ့ အရာတွေပါ။ သူတို့တွေ ပြောင်ချောတဲ့ အလျားလိုက် နံရံမျက်နှာပြင်တွေအပေါ်ရောက်အောင် ဘယ်လို တက်ကြတာလဲ။ တောက်တဲ့တွေ ဖြည်းဖြည်းချင်းတွယ်တက်ကြရတာ ဖြစ်တယ်ဆိုတဲ့   သိပ္ပံပညာရှင်တွေ အရင်တုန်းက ယူဆထားခဲ့တာ မေးခွန်းထုတ်စရာတစ်ခုဖြစ်ပါတယ်။

လျှပ်ငြိမ်ဓာတ်အားတွေဟာ တောက်တဲ့တွေကို နံရံပေါ်တွယ်တက်စေနိုင်တဲ့ အဓိကကျတဲ့အချက်တစ်ခုဖြစ်တယ်လို့ စာတမ်းအသစ်တစ်ခုက ဖော်ပြထားပါတယ်။ အရင်တုန်းက တောက်တဲ့တွေ van der Waals တွေပေါ် တွယ်ကပ်စေနိုင်တဲ့ အချက်က တောက်တဲ့တွေရဲ့ခြေဖ၀ါးမှာရှိတဲ့ သေးငယ်တဲ့အမွေးတွေ နှင့် တွယ်တက်တဲ့နံရံ မျက်နှာပြင် တွေရဲ့ အပြန်အလှန်ဆွဲအား ကြောင့် ဖြစ်တယ် လို့ သိပ္ပံပညာရှင်အများစုက ယုံကြည်ထားကြပါတယ်။ လျှပ်ငြိမ်ဓာတ်အားဟာ တောက်တဲ့တွေပြုတ်မကျအောင် တွယ်တက်စေနိုင်တဲ့ အဓိကအချက်ဖြစ်တယ်လို့ Yale တက္ကသိုလ်က သုတေသနပညာရှင် Hadi Izadi ရဲ့ လေ့လာချက် အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။ တောက်တဲ့တစ်ကောင် နံရံပေါ်တက်တဲ့အခါ လျှပ်ဖိုတောက်တဲ့တစ်ကောင် နှင့် ဆန့်ကျင်ဘက်အနုတ်သဘောဆောင်မျက်နှာပြင်ဖြစ်စေပြီး ခြေဖ၀ါးဆီသို့ Electron ကိုထုတ်ပေးပါတယ်။ ဒါပေမဲ့ သုတေသနပညာရှင်တွေအတွက် ရှေ့ဆက်ဖြေရှင်းချက်လုပ်ရန် ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်စေနိုင်တဲ့အတွက် သိပ္ပံပညာရှင်တွေအားလုံးက Izadi ရဲ့လေ့လာတွေ့ရှိချက်ကို လက်မခံကြပါဘူး။

Source: http://www.nbcnews.com/
trend myanmar

အပြည့်အစုံသို့ »

ပစ္စည်းဥစ္စာ ၉၀ ရာခိုင်နှုန်းကို လှူဒါန်းလိုက်သော ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ


ဥရုဂွေးနိုင်ငံမှ သမ္မတဟာ သူပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများထဲမှ ၉၀ ရာခိုင်နှုန်းကို လှူဒါန်းလိုက်ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး သမ္မတဖြစ်လာ ခဲ့ပါတယ်။ သူ၏ အမည်ကတော့ Jose Mujica
ဖြစ်ပါတယ်။

တစ်ချို့ကတော့ သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ မခေါ်ပါဘူးတဲ့။ သူ့ကို ကမ္ဘာ့ပေါ်မှ စိတ်နှလုံးသား အဖြူစင်ဆုံး သမ္မတလို့ သတ်မှတ်ခေါ်ဆိုကြကြောင်း သိရပါတယ်။ သူဟာ သမ္မတ ဆိုပေမယ့်လည်း သာမန် လူပုဂ္ဂိုလ်များလိုပဲ လှုပ်ရှားသွားကြောင်း သိရပါတယ်။

ယခုပုံကတော့ သူ၏ ကျန်းမာရေးအတွက် အများပြည်သူများ တက်ရောက်တဲ့ ဆေးရုံမှာ လာရောက်ပြသခြင်းပင် ဖြစ်ပါတယ်။ သူ့အလှည့်သို့ မရောက် သေးသည့် အတွက် ထိုင်ခုံမှာ ထိုင်ပြီး စောင့်နေခြင်း ဖြစ်ပါတယ်။

Ref - General knowledge
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)


အပြည့်အစုံသို့ »

တိရိစ္ဆာန်နှင့် လူ မေထုံမှီဝဲမှုကို ဗြိတိန် အစိုးရက တရားဝင်ခွင့်ပြုချက် ချမှတ်လိုက်သည်ဟုဆို


ယင်းအငြင်းပွားဖွယ်ရာကိစ္စနဲ့  စပ်လျဉ်းပြီး ညဥ့်အတော်နက်သည်အထိ ဆွေးနွေးငြင်းခုန်
ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အစိုးရက လူနဲ့ တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင် ခွင့်ပြုချက်
ကို ထုတ်ပြန်ရန် ဗြိတိန် အစိုးရက မဲဆန္ဒပေးခဲ့ကြောင်း သိရှိရပါတယ်။

ပါလီမန်လွှတ်တော် အမတ် အယောက် ၈၀ကျော်က ဗြိတိန် မှာ လူနှင့် တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင်ခွင့်ပြုတဲ့ ပြဌာန်းချက်ကို ထောက်ခံခဲ့တဲ့ သမိုင်းတွင်မယ့် မဲပေးပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။။ ပါလီမန် အမတ်များဟာ ကန့် ကွက်မဲ ၇ မဲနဲ့ ထောက်ခံမဲ ၇၈ မဲနဲ့  ယင်းပြဌာန်းချက်ကို မဲပေးခဲ့ကြပါတယ်။

မဲပေးဆုံးဖြတ်ချက်မတိုင်ခင်ထိ ယင်းကဲ့သို့ တိရိစ္ဆာန်နှင့် မေထုံမှီဝဲ မှုဟာ တရားမ၀င်ခဲ့ပါဘူး။သို့ သော် လူအများအပြားက ယင်းလုပ်ဆောင်ချက်ကို ဗြိတိန်မှာ တရားဝင်စေဖို့ အတွက် လူထုစည်းရုံးလှုံဆော်ပွဲတွေ လုပ်ဆောင်လာကြတဲ့အတွက် ဗြိတိန်အစိုးရက ယင်းနဲ့ ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့  မဲပေးဆုံးဖြတ်ခဲ့တာပါ။



တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှုဟာ သူတို့ ကို သတ်ဖြတ်တာနဲ့  ဘာမှမခြားဘူးလို့ ဆို-

လူနဲ့ တိရိစ္ဆာန် လိင်ဆက်ဆံမှုကို ဆန့်ကျင်တဲ့ အဆိုတစ်ရပ်ကတော့ တိရိစ္ဆာန်များဟာ လိင်ဆက်ဆံဖို့  သဘောတူညီချက် မပေးနိုင်တဲ့အတွက် ဒါဟာ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်ဆက်မှု တစ်ရပ်ပါပဲ လို့ ဆိုပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုပြီးလုံခြုံစိတ်ချရသည်ဟုဆို

-တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာကို ထောက်ခံချက်တစ်ရပ်ကတော့ သင်ဟာ ယင်းသတ္တ၀ါများနဲ့ လိင်ဆက်ဆံရာကနေ STD(လိင်ဆက်ဆံမှုမှတဆင့် ကူစက်သောရောဂါများ) ရောဂါမျိုးတွေ မရနိုင်တဲ့အတွက်ကြောင့် ပိုမိုဘေးကင်းစိတ်ချရတယ်လို့  ဆိုပြန်ပါတယ်။ သို့သော်လည်း အခြားကူးစက်နိုင်တဲ့ ရောဂါမျိုးတွေတော့ ရှိပြီး ပဋိဇီဝဆေးများနဲ့ ကုသလို့ တော့ရတယ်လို့  ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့ ဖြစ်ရက်အတောတွင်းမှာ သင့်ကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ် တော့ ရှိပါတယ်။ အလားတူ သင့်ကို လူသား ပြည့်တန်ဆာ တစ်ဦးကလည်း သူစိတ်ဆိုးနေတဲ့ အခါ သင့်ကို တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။

ယင်းပြဌာန်းချက်ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့  လူကုန်ကူးမှုကို လျှော့ချပေးလိမ့်မယ်လို့ ဆို

 နောက်ထပ် ထောက်ခံချက်တစ်ရပ်ကတော့ လူတွေဟာ လိင်ဆက်ဆံဖို့ တိရိစ္ဆာန်တွေဆီ ကူးကြတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းတွေမှာ သုံးဖို့ လူကုန်ကူးမှုတွေကို လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန် တွေကို လက်ဆက်ဆံဖို့ အတွက် တရားမ၀င် ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ နိုင်ငံအများစုမှာ တရားမ၀င် ဖြစ်နေတုန်းဆိုပေမယ့် အောက်ပါနိုင်ငံများမှာတော့ သင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံခွင့်ကို တရားဝင် ရရှိနိုင်ပါတယ်။ ယင်းနိုင်ငံများက ကမ္ဘောဒီယား၊ဒိန်းမတ်၊ဖင်လန်၊ဟန်ဂေရီ၊ ဂျပန်၊ မက္ကဆီကို၊ဆွီဒင်၊ထိုင်း၊ အမေရိကန်တွင် ၁၆ ပြည်နယ် ၁၆ ခု နဲ့ ယခု ဗြိတိန် တို့ ပဲဖြစ်ပါတယ်။


Ref:shockingtimes.co.uk
Treand Myanmar

အပြည့်အစုံသို့ »

လယ်သမားတစ်ယောက်၏ ၉ လာကျော်ကြာ ပျောက်ဆုံးသွားတဲ့ iPhone က မိုင် ၇ ထောင်ကျော်ကနေ ပိုင်ရှင်ထံ ပြန်လည် ဆက်သွယ်လာခဲ့



iPhone တွေဟာ လက်ကနေ ပြုတ်ကျရင်တောင်မှ မတော်တဆအနေနဲ့ မှန်တွေကွဲကြခြင်းဖြစ်တက်ပါတယ်။ ဒါပေမယ့် ပေါင်၂ သိန်း ၈ သောင်းကျော် အလေးချိန်အောက်မှာ ရောက်နေခဲ့တဲ့ iPhone ကတော့ ကမ္ဘာတစ်ပတ်သွားခဲ့တယ်လို့ ဆိုရပါမယ်။

အိုကလာဟိုးမား ပြည်နယ်မှာနေပြီး Kevin Whitney အမည်ရတဲ့ လယ်သမားတစ်ယောက်ရဲ့ iPhone ဟာ သူရဲ့ မိုးစပါးသိုလှောင်မှုတွေ ပြုလုပ်နေရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ Kevin Whitney ရဲ့ အပြောအရတော့ " ကျွန်တော်ဖုန်းကို အိတ်ကပ်ထဲမှာ ထည့်ထားခဲ့တာပါ။ အိတ်ကပ်ထဲကနေ မျိုးစေ့သိုလှောင်တဲ့ အထဲကို ပြုတ်ကျခဲ့တယ် ထင်ပါတယ် " လို့ ပြောကြားခဲ့ပါတယ်။

သူရဲ့ ပျောက်ဆုံးသွားတဲ့ ဖုန်းဟာ ၉ လကျော် ကြာမြင့်သွားခဲ့ပါတယ်။ ၉ လကျော် ကြာမြင့်ပြီးနောက်မှာတော့ အဲဒီ လယ်သမားရဲ့ iPhone ကနေ သူထံကို ဖုန်းဆက်သွယ်လာပါတယ်။ " ဒါဟာ Kevin Whitney လားခင်ဗျာ ၊ ခင်ဗျား ဖုန်းတွေဘာတွေ ပျောက်ဘူးသေးလား " ဆိုပြီး ဂျပန်နိုင်ငံရဲ့ ကာရှီမားမြို့ကနေ ဆက်သွယ်လာခြင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ စက်ရုံလုပ်သားတစ်ယောက်ဖြစ်တဲ့ သူတစ်ဦးက Whitney ရဲ့ ဖုန်းကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်းဟာ lock မလုပ်ထားတဲ့ အတွက် အထဲမှာရှိတဲ့ လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေကို ကြည့်ပြီး Whitney ရဲ့ ဖုန်းမှန်းသိလို့ ဖုန်းဆက်သွယ်လာခြင်းဖြစ်ပါတယ်။

အဲဒီဖုန်းဟာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ လယ်သမားကြီး Whitney ရဲ့ လက်ထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ KFOR ဗီဒီယိုတစ်ခုရဲ့ အဆိုအရတော့ Whitney ရဲ့ ဖုန်းထဲမှာ အလွန်ကို အဖိုးထိုက်တန်တဲ့ သူသမီးရဲ့ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Whitney ကတော့ သူ့ရဲ့ ဖုန်းဟာ ဘာကြောင့် မပျက်ဆီးပဲ ရှိနေတာလဲဆိုတာ သေချာမသိပါဘူးလို့ ဆိုပေမယ့် ကျွမ်းကျင်သူများကတော့ ဖုန်းကို ကာဗာအဖြစ်အသုံးပြုထားတဲ့ case ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

Ref : Mashable
==========================================
#YangonMediaGroup | #MZK

အပြည့်အစုံသို့ »

ခွေးလေးတွေအတွက် အလွယ်တကူ မစင်စွန့်နိုင်မယ့်အိမ်သာ




ခွေးချစ်သူတွေက သူတို့ရဲ့ ခွေးလေးကို မနက် စောစော အချိန်တွေ၊ ညနေစောင်း အချိန်တွေမှာ သူတို့တွေနဲ့ ခြေဆင်း လက်ဆင်း အတူလမ်းလျှောက် ထွက်စေပါတယ်။ အဲ့ဒါက တစ်နေ့လုံးအိမ်မှာပဲ အမြဲနေနေရတဲ့ ခွေးလေးတွေအတွက် လူတွေလိုပဲ အညောင်းပြေ အညာပြေ လေကောင်းလေသန့်လည်းရှုရင်း ဂုတ်မှာကြိုးချည်ပြီး တော့ လမ်းလျှောက်ထွက်ပေးတဲ့သဘောပါ။ အဲ့ဒါကိုလည်း သူတို့လေးတွေ ကိုယ်တိုင်က နှစ်သက်ကြပါတယ်။

လျှောက်ရာလမ်းတလျှောက်မှာလည်း သူတို့သဘာဝအတိုင်း အနံ့ခံတယ်။ ဟိုတိုး ဒီတိုးလုပ်တတ်တယ်။ ဒါ့အပြင် အပေါ့အလေးတွေလည်း စွန့်တတ်ကြပါသေးတယ်။ ပြဿနာက အဲ့မှာ စတာပါပဲ။ ခွေးလေးက အမွှေးစုတ်ဖွားကလေးနဲ့ ချစ်ဖို့ ကောင်း နေတာကို ဒီလိုလူမြင်ကွင်းမှာ အပေါ့အလေးစွန့်တော့ တော်တော်လေးကို အကျည်း တန်သွားပြီး ပတ်ဝန်းကျင်ကိုလည်း ညစ်ပတ်စေတာပေါ့။


ဒါ့ကြောင့်မို့လို့ ဒီလို စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းနဲ့ပတ်ဝန်းကျင် ညစ်ပေခြင်း သက်သာအောင်လို့ ဆိုပြီး ခွေးလေးတွေအတွက်လည်း အိမ်သာ(အပေါ့) စွန်တဲ့နေရာ တစ်ခုကို စပိန်နိုင်ငံက ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။ အန်းရစ်ဂျီရော်နာ ဆိုသူက တီထွင်ဖန်တီးပေးထားပြီး သတ္တုအချောင်း ငုတ်တံတစ်တံမှာ ဇကာကွက်ဖောက် ထား တဲ့ အောက်ခြေသတ္တုအပြားကို အောက်ခံပေးထားတဲ့ အရာတစ်ခုပါ။ ဒီလို အပေါ့စွန့် နိုင်တဲ့အရာကို  El Vendrell အဖွဲ့အစည်းကနေ အများပြည်သူအသုံးပြုတဲ့ လမ်းမ တွေမှာ စိုက်ထူပေးကာ ဒါနပြုလှူဒါန်းထားတာဖြစ်ပါတယ်။

ခွေးလေးတွေက အပေါ့သွားချင်တဲ့ အချိန်ကျရင် အဲ့ဒီငုတ်တံကို သေးပန်းလိုက်ကာ အဲ့ဒီမှ တဆင့် အောက်ခြေဇကာကွက်ထဲကို လျှောစီးသွားမှာဖြစ်ပါတယ်။ မစင်စွန့်ပြီး သွားရင် လည်း ရေငုတ်ပိုက်ကလေးကို တွန်းလိုက်တာနဲ့ ရေတွေပန်းထွက် ပြီးတော့ ခွေးကလေးတွေကို သန့်စင်ဆေးကြောပေးနိုင်ပါတယ်။ အတွင်းမှာရှိတဲ့ စက်အစိတ် အပိုင်းက သူ့အလိုလိုသန့်ရှင်းစေကာ ပတ်ဝန်းကျင်ညစ်ညမ်းစေခြင်းမှ ကာကွယ်ပေး စေနိုင်ပါတယ်။

အကယ်၍မိမိတို့ရဲ့ ခွေးကလေးတွေက ဒီငုတ်တိုင်တွေမှာ မစင်စွန့် သေးပန်းပြီးသွား ရင်တော့ ခွေးလေးတွေကို ကိုယ်တိုင်ရေဆေးကာ သန့်ရှင်းရေး တွေပြုလုပ် ပေးရမှာပါ။ တီထွင်ဖန်တီးတဲ့သူနဲ့ ဒါနပြုလှူဒါန်းတဲ့အဖွဲ့အစည်းက ခွေးလေးတွေရဲ့ သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းစေဖို့ကို အဓိကရည်ရွယ်ပြီး ဖန်တီးထားတာကြောင့် ဒီလိုမျိုး ခွေး လေးတွေရဲ့ သန့်ရှင်းရေးလုပ်ဖို့ ပျက်ကွက်ခဲ့ မယ်ဆိုရင်တော့ ဒေါ်လာ ၁ ထောင် နီးပါး ဒဏ်ကြေးရိုက်သွားမှာလည်းဖြစ်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »

ရုရှားလမ်းမပေါ်မှာ ပေါ်ပေါ်တင်တင် လိင်ကိစ္စကျူးလွန်တဲ့ စုံတွဲရဲ့ ဗီဒီယိုမှတ်တမ်း ဆိုရှယ်မီဒီယာပေါ် ရောက်ရှိ



အမျိုးသားလုံခြုံရေး စည်းကမ်းတင်းကျပ်လွန်းတဲ့ ရုရှားလို နိုင်ငံကြီးမှာ ဒီလို လုပ်ရပ် အဖြစ်အပျက်မျိုးဖြစ်တာ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ထင်ကြပါသလဲ...

အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အတွင်းကျကျနက်ရှိုင်းပြီး လူမြင်ခံမ၀ံ့တဲ့ပေါင်းသင်းဆက်ဆံရေးတွေ ကို ရုရှားနိုင်ငံရဲ့ အများပြည်သူသုံးလမ်းမပေါ်မှာ နေ့ခင်းကြောင်တောင် ပေါ်ပေါ်တင် တင်ဖြစ်နေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု  နိုင်ငံပိုင် ဆိုရှယ်မီဒီယာ မှာ ဖော်ပြလာပါတယ်။

မြို့တော် ဆာမာရာ၊ လီနင်ဂရက်လမ်းပေါ်ရှိ ရဲ့ သမိုင်းဝင်ကျောက်တိုင်တစ်တိုင်ရဲ့ အောက်ခြေပလက်ဖောင်းပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ ရဲ့ ၁၅ မိနစ်ကျော်ကြာ လိင်ကိစ္စကျူးလွန်နေကြတာကို  အသက် ၂၆ နှစ်အရွယ်အက်လက်ဆေး ဒူဟော့ ဆိုသူအမျိုးသားတစ်ဦးက ဗီဒီယိုမှတ်တမ်းခိုးဝှက်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

လူမြင် ကွင်းမှာပေါ်ပေါ်တင်တင်ဖြစ်နေကြတဲ့ ဗီဒီယိုမှတ်တမ်းအရ သူတို့နှစ်ဦး စလုံးမှာ အောက်ပိုင်းအ၀တ်အစားတွေကို အနည်းငယ်လျှောချ ချွတ်ထားပြီးတော့ အမျိုးသမီးက အပေါ်ဘက်က အနေအထားနဲ့ လိင်ကိစ္စဖြစ်နေကြတာကို မြင်တွေ့ရပါ တယ်။

“ကျွန်တော် ဒီမြင်ကွင်းကို မြင်တော့ အရမ်းကို အံ့သြတုန်လှုပ်သွားပါတယ်။ သူတို့နှစ် ယောက်ဒီလိုဖြစ်နေချိန်မှာလည်း အဲ့ဒီမှာ ဘယ်သူမှရှိမနေပါဘူး။ ကျွန်တော်လည်း ဒီ ဗီဒီယိုကို ခိုးကြောင် ခိုးဝှက်နဲ့ ရိုက်ခဲ့ပြီးတော့ လူတွေကို အသိပေးချင်တဲ့ သဘောနဲ့ ပါ။ ဒါမျိုးကြီးကတော့ လူမြင်ကွင်းမှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာလို့ထင်ပါတယ် ” ဗီဒီယိုရိုက်ကူးတဲ့
အမျိုးသားကောင်လေးက ဆိုပါတယ်။

နိုင်ငံရဲ့ လူမြင်ကွင်းနေရာတွေမှာ ဒီလိုမျိုးလုပ်ရပ်တွေ ပေါ်ပေါ်တင်တင်လုပ်လာ ကြတာနဲ့ပတ်သက်ပြီးတော့ အစိုးရတာဝန်ရှိသူတွေက ပြစ်တင်ရှုံ့ချထားပြီး ဘယ်လိုပဲ လိင်ကိစ္စဆာလောင်မှုတွေဖြစ်နေပါစေ လူသူမမြင်တဲ့ နေရာတွေမှာ သာဖြစ်သင့် ကြောင်းနဲ့ ဒီလိုဖြစ်ရပ်မျိုးထပ်မံဖြစ်ပေါ်လာပါက ပြင်းပြင်းထန်ထန် အရေးယူသွား မှာဖြစ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »

ဟူစတန်မြို့က မိမိအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်သူကို ဖမ်းခဲ့သည့် သူရဲကောင်း အဘွားအို



ဟူစတန်မြို့က အသက် ၈၃ နှစ်အရွယ်ရှိသူ အဘွားအိုတစ်ဦးဟာ မိမိအိမ်ကို ဖောက်ထွင်းသူလို့ ယူဆရသူတစ်ဦးကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးနဲ့ ပက်ပြီး ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။

လီလီမက်ကလန်ဒွန် လို့ အမည်ရတဲ့ အဘွားအိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့ရဲ့ အိမ်ပြတင်းပေါက်တံခါးတစ်ချပ် ဖွင့်နေတာကို သတိပြုမိပြီးနောက် အိမ်ထဲမှာ အဘွားအိုကို လည်ပင်းကို ညှစ်ပြီး အကြပ်ကိုင်ကာ ငွေတောင်းမယ့် အမျိုးသားတစ်ယောက်ဦးနှင့် ထိပ်တိုက်တိုးခဲ့ပါတယ်။

အဖွားအိုဟာ သူကို ဖမ်းချုပ်ဖို့ ကြိုးစားသူကို ချက်ချင်းဘဲ တုတ်တစ်ချောင်းနဲ့ ပြန်လည်တိုက်ရိုက်ပြီး ခုခံခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာတော့ မိဖိုပေါ်မှာတင်ထားတဲ့ ပွက်ပွက်ဖူနေတဲ့ ရေနွေးအိုးကို တွေ့ရှိခဲ့ပြီး ထိုအကြမ်းဖက်သူကို ရေနွေးပူတွေနဲ့ ပက်လောင်းလိုက်ပါတယ်။ နောက်ဆုံး အဆိုပါ ဖောက်ထွင်းဝင်ရောက်လာသူ အမျိုးသားလဲ အဘွားအိုကို အရှုံးပေးပြီး အဖမ်းခံလိုက်ရပါတော့တယ်။

Ref : Fox News

#YangonMediaGroup
Yangon Media Group

အပြည့်အစုံသို့ »

ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့


ဘယ်နိုင်ငံမှာ ရှိလိမ့်မလဲ ဆိုတာကို ခန့်မှန်း သိရှိ ကြမှာပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ထူးခြားချက်က တစ်မြို့လုံးကို အဲယားကွန်း ဖန်လုံအိမ်ထဲ ဖုံးအုပ် ထားပြီး ကမ္ဘာ့ ပထမဆုံး အဲယားကွန်း ဖုံးပိတ် ထားတဲ့ မြို့ အဖြစ် စံချိန်တင်စေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင်စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့ထဲမှာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ စတုရန်းပေ ၄၈ သန်း ဧရိယာ ကျယ်တဲ့ ယင်းမြို့မှာ တိုက်တာ အဆောက် အအုံများ အပြင် ကားလမ်းမ ကြီးတွေကိုပါ အဲယား ကွန်း လေအေးပေး စနစ် တပ်ဆင် ဖန်လုံအိမ်ထဲမှာ ထည့်သွင်းထား မှာ ဖြစ်ပါ တယ်။ ပူပြင်းထဲ နွေရာသီ မှာ ဖုံးအုပ် ထားပေးပြီး ဆောင်းရာသီ ရောက်ရင်တော့ အပြင်လေ ရဖို့ အတွက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ရှော့ပင် စင်တာ ကြီး တစ်ခုနဲ့ နေအိမ် ရုံးခမ်း တိုက်တာ အဆောက်အအုံပေါင်း ၁၀၀ ကျော် ပါဝင်ပြီး ပန်းခြံ နဲ့ အပန်းဖြေ စရာ နေရာ မျိုးစုံလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက် ကတော့ ကမ္ဘာလှည့်ခရီးသည် များကို စွဲဆောင် နိုင်တဲ့ နေရာ တစ်ခု ဖြစ်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ တစ်နှစ်ကို လည်ပတ်သူ ၁ သန်း ကျော် လာရောက် စေဖို့ အတွက် ခန့်မှန်းထား ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

အစ္စရေးက ဂါဇာကမ်းမြှောင်ကို လေကြောင်းဖြင့် တိုက်ခိုက်၊ ၇ ဦး သေဆုံး


အစ္စရေးအစိုးရက ဟားမတ်စ်တွေရဲ့ ဒုံးကျည်နဲ့ ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဒီနေ့အစောပိုင်းက လုပ်ခဲ့လို့ ဟားမတ်စ်အဖွဲ့ရဲ့ သေနတ်သမား ၇ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရတယ်လို့ အစ္စလာမ်မစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါဟာ ၂၀၁၂ နယ်စပ်စစ်ပွဲပြီးချိန်ကစရင် လူသေအများဆုံးနေ့ပဲလို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်နဲ့ အာဏာပိုင်တွေ က လေကြောင်း တိုက်ခိုက် မှုကို အတည်ပြုခဲ့ပြီး အစ္စရေးတောင်ပိုင်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဟားမတ်စ်တွေ လွှမ်းမိုးတဲ့ ဂါဇာကနေ အစ္စရေးကို ဒုံးကျည် ၂၅ စီး ပစ်လွှတ်ခဲ့လို့ ဇွန်လလယ်တည်းကစတဲ့ ပစ်ခတ်မှုအတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အစ္စရေးတောင်ပိုင်းရပ်ကွက်တွေ တိတ်ဆိတ်မှု ပြန်ရဖို့ လိုသမျှ အားလုံးလုပ်မယ်လို့ အစိုးရအဖွဲ့ကို ဇူလိုင် ၆ ရက်နေ့က ကတိပေးပါတယ်။

လွန်ခဲ့တဲ့အပတ်က အရှေ့ဂျေရုဆလင်မှာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်းလူငယ် မိုဟာမက်အဘူခူဒါကို အရှင်လတ်လတ် မီးရှို့သတ်မှုကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းတွေကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဒီသတ်ဖြတ်မှုကြောင့် အစ္စရေးနိုင်ငံတွင်း ပုံမှန်အားဖြင့် ငြိမ်သက်နေတဲ့ အာရပ်မြို့တွေမှာပါ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အစ္စရေးအစိုးရကတော့ လူသတ် ပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ဂျူး ၆ ဦးကို ဖမ်းဆီးထားပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

ဖြူစင် မွန်မြတ်သော ဆရာဝန်


ယခုတင်ပြမယ့်အင်္ဂလန်နိုင်ငံမှအိုလီဗာဂိုးစမစ်ဟူသည့်ဆေးဆရာဟာငယ်စဉ်တည်းက ဆေးပညာကို
သင်ယူခဲ့သူတစ်ယောက်ပါ။
ဒါပေမယ့်သူဟာ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပြဇာတ်ဆရာအဖြစ်ပါ
ကျော်ကြားလူသိများတဲ့ စွယ်စုံပညာရှင်တစ်ယောက်ပါ။

သူဟာ အနုပညာရှင်ပီသစွာ သနားကြင်နာမှု ၊ ပေးကမ်းရက်ရောမှု
တွေရှိတဲ့ လူတစ်ယောက်ပါ။ဒါကြောင့် သူ့တွင် ပိုလျှံမှုတွေမရှိ
သလောက်ကျပ်တည်းနေတက်ခဲ့ပါတယ်။

တစ်နေ့ သူ့ထံသို့အမျိုးသမီးတစ်ဦး ရောက်လာပြီး သူမ၏ အမျိုးသား
နေမကောင်းနေပါသဖြင့်လိုက်ကြည့်ပေးရန် ပြောပါသည်။ဂိုးစမစ်လည်း
လိုက်သွားခဲ့ပြီး ကြည့်ပေးလိုက်ပါတယ်။ထိုအိမ်မှာ အတော်စုတ်ချာနေပြီး
တော်တော်ဆင်းရဲနေတယ်ဆိုတာ သူခန့်မှန်းမိပါတယ်။ဂိုးစမစ် လည်း
လူနာအားသေသေချာချာစမ်းသပ် ပေးပြီးမေးမြန်းကာ ရောဂါ၏
အကြောင်းအရင်းကို သိလိုက်ပါတယ်။

ဒါကြောင့်အမျိုးသမီးအား ညနေပိုင်းတွင် သူ့အိမ်သို့ ဓာတ်စာလာယူရန်
မှာကြားပြီး ပြန်ခဲ့ပါတယ်။အိမ်ရောက်မှ လိုအပ်သော ဓာတ်စာကို
သေသေချာချာထုတ်ပိုးပြီး ပြင်ဆင်ထားလိုက်ပါတယ်။

ညနေ အမျိုးသမီးရောက်လာပြီး ဓာတ်စာထုတ်ကိုယူကာ ဆေးဖိုးပေးစရာ
မရှိကြောင်း တောင်းပန်ခဲ့ပါတယ်။ထိုအခါ ဆရာ ဂိုးစမစ် က “ကဲ ၊ မိန်းကလေး
ဆေးညွှန်းအထဲမှာပါပြီးသားပါ။ အိမ်ရောက်မှ ကြည့်။ဆေးဖိုးလည်း ပေးစရာမလိုပါဘူး။
ဒီဓာတ်စာမျိုးလည်း ငါ့မှာတော်တော်နဲ့ ရှိမှာမဟုတ်ဘူးကွ။ချက်ချင်းတော့
ငါ့ဆီ ပြန်လာမနေနဲ့အုံး ” ဟုပြောလိုက်ပါတယ်။

ထိုအမျိုးသမီး အိမ်ပြန်ရောက်ကာ ဓာတ်စာထုတ်ကို ဖွင့်လိုက်ချိန်တွင်
ရွှေဒင်္ဂါးပြား ၅၀ ထွတ်လာပါသည်။နောက်ထပ်စာရွက်တစ်ရွက်မှာတော့
“ခံတွင်းတွေ့မယ့် အစာ ၀ယ်စားပေးပါ။ ရောဂါ ကျိမ်းသေပျောက်မှာပါ” ဟု
ရေးထားပါသည်။

အမှန်တော့ ဆင်းရဲလွန်း၍ အဟာရဖြစ်မယ့်အစားအစာ မစား နိုင်သဖြင့်
အဟာရပြတ်ကာ နေမကောင်းနေတာကို ဂိုးစမစ် စစ်ဆေးခန့်မှန်းမိပြီး
ဆင်းရဲတာကိုလည်းသိနေသဖြင့် လူနာအတွက်အကောင်းဆုံး ဓာတ်စာကို
ပေးလိုက်ခြင်းဖြစ်ပါသည်။ ဆေးဖိုးမရနိုင်တာကိုလည်း သူသိပြီးသားဖြစ်ပါသည်။
ရလျှင်လည်း ဒီလောက်ရွှေဒင်္ဂါး အပြား၅၀ တော့မရနိုင်ပါ။လူတစ်ဖတ်သား၏
ဘ၀ကို စာနာနားလည် ဖြည့်ဆီးပေးတဲ့ သူရဲ့စိတ်ထားလေးက အမှန်မြတ်နိုးချင်စရာပါနော်။

သူ့လိုပဲ နောက်ထပ် စိတ်နှလုံးကောင်းတဲ့ ဆရာဝန်တစ်ယောက်ကို တင်ပြပေး
ချင်ပါသေးတယ်။
သူကတော့ ပြင်သစ်ပြည် ၊ ပဲရစ်မြို့မှ ဒေါတ်တာ လူးဝစ်မိုရင်း(Dr.Louis Morin)
(1636 – 1715) ပဲဖြစ်ပါတယ်။သူဟာ ဆင်းရဲသားများအတွက် ဖွင့်ထားတဲ့
ဆေးရုံရဲ့ အကြီးအကဲ တစ်ယောက်ပါ။သူဟာ ချမ်းသာသူတစ်ယောက် မဟုတ်ပဲ
ငွေကြေးကျပ်တည်းနေတက်သူတစ်ယောက်ပါ။ ဒါပေမယ့် ဆေးရုံက သူ့ကို
လစာ ပေးပါတယ်။

အဲဒီ သူရတဲ့လစာငွေတွေ အားလုံးကို ဆေးရုံက ဆင်းရဲ
သားတွေအတွက် ထားတဲ့ အလှူခံသေတ္တာပုံးထဲ ကို အမြဲထည့်တက်ပါတယ်။
ဒီလို လစာငွေတွေ အကုန်လုံးကို ပြန်ပြီး လှူခဲ့တာဟာ (၃၆) နှစ်တိုင်တိုင်
ဖြစ်ပါတယ်။ ကိုကိုယ်တိုင်က ဆင်းရဲပေမယ့် ပရဟိတ အပေါ်ထားတဲ့ သူ့ရဲ့
စိတ်စေတနာနှင့် အကြီးအကဲကောင်းတစ်ယောက်ရဲ့ လုပ်ရပ်ကို လေးစားမိပါတယ်။
သူငယ်ချင်းတို့ရေ ဒီတစ်ခေါက် အပိုင်းလေးကတော့ လောကကို တစ်နိုင်တပိုင်
အလှဆင်ခဲ့ကြတဲ့ နှလုံးလှ ဆရာဝန်တွေအကြောင်းတင်ပေးလိုက်ပါတယ်။
နောက်ထပ်အပိုင်းများကြမှ လူ့လောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြား
အဖြစ်အပျက်များကို ဆက်လက်တင်ပေးပါမယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Credit:  နေခရမ်း

အပြည့်အစုံသို့ »

ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး အရှင်လတ်လတ် မီးရှို့ခံရပြီးနောက် ပဋိပက္ခများဖြစ်ပွား



ရဲတပ်ဖွဲ့၏ထိန်းသိမ်းခံရစဉ် ရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ရသည်ဟု စွပ်စွဲထားသော ပါလက်စတိုင်း−အမေရိကန်ဆယ်ကျော်သက်လူငယ် တာရစ်အဘူခဒါကို မိခင်ဖြစ်သူက ပွေ့ဖက်ထားစဉ် (AHMAD GHARABLI/AFP)
ပါလက်စတိုင်း သား ဆယ်ကျော်သက်တစ်ဦး ဖမ်း ဆီးခေါ်ဆောင်ခံရကာ အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခံရ ကြောင်း အလောင်းခွဲစိတ်စစ် ဆေးမှုရလဒ်များက ဖော်ပြထား စဉ် ၎င်းသတ်ဖြတ်ခံရခြင်းကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဂျေရုဆလင်မြို့ အရှေ့ပိုင်းမှ အစ္စရေးနိုင်ငံ မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ဖြစ်ပွားခဲ့သည်။

သိမ်းပိုက်ထားသော ဂျေရု ဆလင်မြို့အရှေ့ပိုင်း ရှူအာဖတ် ဒေသတွင် ဇူလိုင် ၂ ရက် စော စောပိုင်းက မိုဟာမက်အဘူခါဒါ (၁၆) နှစ် ဖမ်းဆီးခံထားရပြီး မကြာမီ ဂျေရုဆလင်မြို့အနောက် ဘက်တောအုပ်အတွင်း မီးလောင် ကျွမ်းထားသော ၎င်း၏ အ လောင်းကို တွေ့ရှိခဲ့သည်။

၎င်းသေဆုံးမှုကြောင့် ဖြစ် ပွားသော ပဋိပက္ခများမှာ အစ္စရေး နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ ဖြစ်ပွားခဲ့ပြီး ယင်းမြို့များတွင် လမ်းများပိတ်ထားကာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရ သည်။

၎င်း၏ ရုပ်အလောင်းကို ခွဲ စိတ်စစ်ဆေးရာတွင် အဆုပ်ထဲ၌ မီးခိုးများ တွေ့ရှိခဲ့သဖြင့် မီးရှို့ ခံရစဉ် အသက်ရှင်လျက်ရှိသေး ကြောင်း ပညာရှင်များက ဆုံးဖြတ် ခဲ့ကြသည်ဟု ပါလက်စတိုင်းသ တင်းဌာန Maan က ဖော်ပြသည်။

ယင်းကဲ့သို့ ပါလက်စ တိုင်းနှင့် ဆက်ဆံရေး တင်းမာနေ စဉ် အစ္စရေးရဲတပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသားဆယ်ကျော်သက်တစ် ဦးကို ရိုက်နှက်ခဲ့သည်ဆိုခြင်းအ ပေါ် အမေရိကန်နိုင်ငံက ရှုတ်ချ လိုက်သည်။

အရှင်လတ်လတ် မီးရှို့ သတ်ခံရသူ၏ ညီဝမ်းကွဲ တာရဇ် အဘူခါဒါ (၁၅) နှစ်သည် ရှုအာ ဖတ်ဒေသတွင် ဇူလိုင် ၄ ရက်က ရဲတပ်ဖွဲ့၏ ရိုက်နှက်ဖမ်းဆီးခြင်း ခံရသည်ဟု မိဘများက အေအက်ဖ် ပီသတင်းဌာနအား ပြောသည်။

—Ref: AFP

7day daily

အပြည့်အစုံသို့ »

ဆင်၊ ကြံ၊ ခြင်္သေ့၊ ကျားသစ်၊ မြင်းကျား၊ ကြံ့ဖြူတွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ ၁၉ နှစ်အရွယ် မုဆိုးတစ်ပိုင်း မိန်းမရိုင်း


အေသင်အောင်

အမေရိကန် ပြည်ထောင်စု တက်ဆက်ပြည်နယ်မှာရှိတဲ့ အသက် (၁၉) နှစ်အရွယ် မိန်းမမုဆိုး တစ်ဦးရဲ့ လုပ်ရပ်ကို တိရိစ္ဆာန်ချစ်တဲ့ အဖွဲ့အစည်း တွေက ဝေဖန် ကန့်ကွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကင်ဒဲလ်ဂျုံးစ်ဟာ အသက်သာ ငယ်ပေမယ့် အာဖရိကတိုက် တစ်လွှား သွားရောက်ပြီး တောရဲ တိရိစ္ဆာန်တွေကို သတ်ဖြတ်မှု ပြုလုပ်ခဲ့ပါ တယ်။ ကင်ဒဲလ်ဂျုံးစ် သတ်ဖြတ်ခဲ့တဲ့ သားရဲ တိရိစ္ဆာန်တွေထဲမှာ ရှားပါးသတ္တ၀ါတွေ ပါဝင်ခဲ့တာမို့ တိရိစ္ဆာန်ချစ်သူတွေက ဒေါသထွက်ခဲ့ပါတယ်။ အထူးသဖြင့် ကင်ဒဲလ်ဂျုံးစ်ဟာ တိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီးတဲ့ နောက်မှာ ဓာတ်ပုံ အတူတွဲရိုက်မှုပြု လုပ်ပြီး Facebook မှာ လွှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တိရိစ္ဆာန်ချစ်သူတွေကဒီ Facebook အကောင့် ကို ဖျက်သိမ်းဖို့ အွန်းလိုင်းပေါ် မှာ ဆန္ဒမဲ ကောက်ခံခဲ့ရာ တစ်ပတ်အတွင်း ဆန္ဒပြုသူ (၄၀၀၀၀) ကျော် ရှိခဲ့ပါတယ်။ ကင်ဒဲလ်ဂျုံးစ်ဟာ အားကစားပြိုင်ပွဲ တွေမှာ အက တင်ဆက်သူအဖြစ် ဆောင်ရွက်နေပေမယ့် နှလုံးသားက မာကျောပါတယ်။ သူဟာ ရုပ်သံအစီအစဉ် တစ်ခုဖန်တီးဖို့ မှတ်တမ်းတင်ရိုက်ကူးမှုတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ သူသတ်ဖြတ်ခဲ့တဲ့ သားရဲတိရိစ္ဆာန်တွေမှာ ဆင်၊ ကြံ၊ ခြင်္သေ့၊ ကျားသစ်၊ မြင်းကျားတွေ ပါဝင်ပြီး ရှားပါး စာရင်းဝင် ကြံဖြူကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဝေဖန် ခဲ့ကြပါတယ်။ ကင်ဒဲလ်ဂျုံးစ်က သူ့ရဲ့လုပ်ရပ်က မျှတမှု ရှိတယ်လို့ ပြောကြားခဲ့ခြင်းကြောင့် တိရိစ္ဆာန်ချစ်သူတွေ အတွက် ပိုဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကင်ဒဲလ်ဂျုံးစ်ကို အာဖရိကသွားရောက်ခွင့် ပိတ်ပင်ဖို့လည်း ၀ိုင်းဝန်းတောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

The Messenger

အပြည့်အစုံသို့ »

ဒိုက်ထိုးပြိုင်ပွဲတွင် အသက် ၇၇ နှစ်အရွယ် စစ်သားဟောင်းကြီးကို လူငယ်များ အနိုင်မယူနိုင်ဘဲ ရှုံးနိမ့်


အေသင်အောင်

ယူကရိန်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကာယဗလပြိုင်ပွဲ တစ်ခုမှာ အသက်(၇၇)နှစ်အရွယ် စစ်ပြန်ကြီးဟာ လူငယ်တွေကို အံ့အား သင့်ဖွယ် ကောင်းလောက်အောင် အနိုင်ယူပြခဲ့ပါတယ်။ ဒိုက်ထိုးပြိုင်ပွဲမှာ စစ်သားယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်ပြန်ကြီးဟာ လူငယ်တွေနဲ့အတူ ၀င်ရောက်ဆင်နွှဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ပြန်ကြီးဟာ အသက်ကြီးနေပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က အထူးကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်တွေကို အနိုင်ယူခဲ့ ပါတယ်။ စစ်ပြန်ကြီး ဘေးနားက လူငယ်အချို့ဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြုလုပ်နိုင်ခြင်း မရှိဘဲ နုတ်ထွက်သွားကြပါတယ်။ ဒါပေမဲ့ စစ်ပြန်ကြီး ကတော့ ပရိသတ်လက်ခုပ်သံကို ရယူပြီး ပြိုင်ပွဲပြီးဆုံးတဲ့ အထိ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို လိုက်စားခဲ့တဲ့ အသက် (၇၇) နှစ်အရွယ် စစ်ပြန်ကြီးကို ယနေ့ခေတ် လူငယ်တွေ ကာယလေ့ကျင့်မှုအပိုင်းမှာ မယှဉ်ပြိုင်နိုင်ခဲ့တာက ထူးခြားချက် ဖြစ်ခဲ့ပြီး အမျိုးသမီးငယ် နှစ်ဦး ကလည်း စစ်ပြန်ကြီးကို ပန်းစည်းတွေပေးကာ ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော်ဟာ ဒုတိယကမ္ဘာစစ်အပြီး အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ ဂျာမနီတွေဟာ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုမှာ လက်နက်ချခဲ့ရပါတယ်။ ဒါကြောင့် ရုရှားနဲ့ ယူကရိန်းတို့မှာ ဒီလိုအချိန် ကာလကို ရောက်တဲ့ အခါတိုင်း ဂျာမနီတွေကို အောင်မြင်တဲ့ အထိမ်းအမှတ် အနေနဲ့ အမှတ်တရပွဲတော်တွေ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အခု ကျင်းပတဲ့ ဒိုက်ထိုးပြိုင်ပွဲကို ၀င်ရောက်ဆင်နွှဲခဲ့တဲ့ စစ်ပြန်ကြီးဟာ လူငယ်တွေနဲ့ အပြိုင် စိန်ခေါ်နိုင်ခဲ့တာမို့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

The Messenger

အပြည့်အစုံသို့ »

လှချင်လွန်းလို့ ရင်သားနဲ့ တင်ပါးတို့ကို ကြီးသထက်ကြီးအောင် ပြုလုပ်သွားမယ်ဆိုတဲ့ ၄၆ နှစ်အရွယ် ကလေး ၆ ယောက်အမေ



အေသင်အောင်
အမေရိကန်ပြည်ထောင်စု မီယာမီမှာ နေထိုင်တဲ့ အသက် (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အလှအပ အတွက် ခွဲစိပ် ကုသမှု ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လာစီအမည်ရ ဒီအမျိုးသမီးဟာ ကလေးခြောက်ဦး မိခင်ဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ခွဲစိပ်ကုသမှု (၃၆) ကြိမ် ပြု လုပ်ခဲ့ပါတယ်။ လာစီဟာ အရုပ်လေးလို အမြဲတမ်း လှပလိုတာမို့ ခွဲစိပ်မှုတွေ အမြဲတမ်း ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ ကြီးမားတဲ့ ရင်သား၊ သေးသွယ်တဲ့ခါး ဖြစ်စေဖို့ မကြာခဏ ခွဲစိပ်ခဲ့သလို နှာခေါင်းနဲ့ မျက်လုံးကိုလည်း ထပ်မံ ခွဲစိပ်သွားဖို့ စီစဉ်ထားပါတယ်။ လာစီဟာ ခွဲစိပ်မှု အများဆုံးပြုလုပ်တဲ့ အမျိုးသမီး တွေထဲမှာတစ်ဦး အပါအ၀င်ဖြစ်ပြီး ဒီလိုပြုလုပ်ခြင်းကြောင့် ပြီး ပြည့်စုံတဲ့ အလှကို ရရှိစေတယ်လို့ ယူဆထားပါတယ်။ လာစီက ကျွန်မအရုပ်လေးလို ဖြစ် ချင်ပါတယ်။ ကျွန်မဟာ ခွဲစိပ်မှုအများဆုံး ပြုလုပ်တဲ့အထဲမှာ ပါဝင်တယ်ဆိုတာ သိထားပါတယ်။ ကျွန်မရဲ့ရင်သားနဲ့ တင်ပါးတို့ကို ကြီးသထက်ကြီးအောင် ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ လုပ်ဆောင်မှုတွေက မပြီးပြတ်သေးပါဘူး လို့ ပြောသွားခဲ့ပါတယ်။ လာစီရဲ့ ရင်သားအလေးချိန်တစ်ခုတည်းက (၂၁)ပေါင် အထိရှိတာမို့ အိပ်တဲ့ အခါမှာ ဖက်ခေါင်းအုံးကို ရင်သားထဲမှာ ထည့်နိုင်တဲ့အပြင် ဟင်းချက်ခြင်း၊ ကားမောင်းခြင်းတို့ ပြုလုပ်ရာမှာလည်း ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလို ခွဲစိပ်မှုကြောင့် ပေါင်သိန်းနဲ့ချီ ကုန်ကျခဲ့ပေမယ့် လာစီကတော့ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်ဖြစ်ဖို့ ခွဲစိပ်မှုတွေ ဆက်လက်ပြုလုပ်သွားဦးမယ်လို့ ဆိုခဲ့ပါတယ်။

The Messenger

အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန်အသင်း၏ အားထုတ်မှုကို သမ္မတအိုဘားမား ဂုဏ်ပြု

ဓာတ်ပုံ- အမေရိကန်နှင့် ဘယ်လ်ဂျီယံပွဲကို အိမ်ဖြူတော် ဝန်ထမ်းများနှင့်အတူ တက်တက်ကြွကြွ အားပေးနေသည့် အိုဘားမား (Daily Mail)




ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရှုံးနိမ့်ထွက်ခွာခဲ့သော်လည်း အကောင်းဆုံး ကစားခဲ့သည့် အမေရိကန် အသင်းကို သမ္မတ ဘာရတ်အိုဘားမားက ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အမေရိကန်သည် ဘယ်လ်ဂျီယံကို အချိန်ပိုတွင် (၂-၁)ဖြင့် အရေးနိမ့်ပြီး ကမ္ဘာ့ဖလား (၁၆)သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန် တစ်နိုင်ငံလုံးက မိမိတို့၏ လက်ရွေးစင်အသင်း လုပ်ဆောင်နိုင်ခဲ့သမျှအတွက် ဂုဏ်ယူ အားပေးခဲ့ကြသည်။ဇူလိုင်လ (၂)ရက်နေ့က အိမ်ဖြူတော်၏ သတင်းပြန်ကြားရေး ဌာနက အမေရိကန်၏ ဝါရင့် ကစားသမားကြီး နှစ်ဦးဖြစ်သော ကွင်းလယ်လူ ကလင့်ဒမ့်ဆေးနှင့် ဂိုးသမား တင်ဟောင်းဝပ်တို့ အပါအဝင် အသင်းသားများကို သမ္မတက ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။
အိမ်ဖြူတော်၏ Facebook စာမျက်နှာတွင်လည်း သမ္မတက အမေရိကန် အသင်းထံ ဖုန်းခေါ်ပြီး “ငါ့လူတို့ရေ။ မင်းတို့က ငါတို့အားလုံး ဂုဏ်ယူရလောက်အောင် စွမ်းဆောင်ပြခဲ့တယ် ဆိုတာကို ပြောချင်လို့ ဖုန်းခေါ်လိုက်တာပါ”ဟု အစချီပြီး ချီးကျူးဂုဏ်ပြုစကား ပြောဆိုနေသော ဗီဒီယိုကို လွှင့်တင်ထားခဲ့သည်။

ဘယ်လ်ဂျီယံနှင့်ပွဲတွင် အထူးတလည် လက်စွမ်းပြပြီး ပြိုင်ဘက်၏ ဂိုးသွင်းရန် အားထုတ်မှု (၁၅)ကြိမ်ကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့သည့် ဂိုးသမား ဟောင်းဝပ်ကို ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်ကလည်း သီးခြားဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့သည်။ ဟောင်းဝပ်သည် ကာကွယ်မှုများ ကောင်းမွန်လွန်းသဖြင့် ဟေဂယ်လ်၏ ကာကွယ်ရေးဝန်ကြီး နေရာကို ရယူသင့်သူအဖြစ် အမေရိကန် ပရိသတ်များက ချစ်စနိုး ချီးကျူးပြောဆိုခြင်း ခံနေရသူ ဖြစ်သည်။

သမ္မတ အိုဘားမားသည် အမေရိကန်နှင့် ဘယ်လ်ဂျီယံပွဲကို အိမ်ဖြူတော် ဝန်ထမ်းများနှင့်အတူ TVမှတစ်ဆင့် စောင့်ကြည့်ပြီး အူလှိုက်သည်းလှိုက် အားပေးခဲ့သေးကြောင်းလည်း သိရှိရသည်။

_The Boston Globe
Myanmar Online News

အပြည့်အစုံသို့ »

အမေရိကန်ကို တိုက်ရိုက်ပျံသန်းတဲ့ ခရီးစဉ်တွေအပေါ် လုံခြုံရေးတင်းကျပ်


 အမေရိကန် ပြည်ထောင်စုဆီ တိုက်ရိုက် လေယာဉ် ခရီးစဉ်တွေ ပျံသန်းတဲ့ နိုင်ငံခြား လေဆိပ်တချို့မှာ လုံခြုံရေးကို တိုးမြှင့်မယ်လို့ အမိမြေ လုံခြုံရေးဝန်ကြီး Jeh Johnson က ပြောပါတယ်။ အမိမြေ လုံခြုံရေးဌာနက ကမ္ဘာကြီးမှာ ရှိနေတဲ့ အန္တရာယ်တွေကို အဆက်မပြတ် သုံးသပ်နေသလို၊ လေဆိပ်တွေ လုံခြုံရေးအတွက် ဘယ်လိုဆောင်ရွက်မှုတွေ လုပ်သင့်သလဲဆိုတာကိုလည်း ပြန်လည် သုံးသပ်နေတယ်လို့ ဝန်ကြီး Johnson က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဘာကြောင့် နိုင်ငံခြား လေဆိပ်တချို့ရဲ့ လုံခြုံရေးကို တင်းကျပ်ရသလဲ၊ ဘယ်လေဆိပ်တွေပါလဲ ဆိုတာကိုတော့ သူက မပြောပါဘူး။ al-Qaida အဖွဲ့ဟာ လေယာဉ်ပေါ်ကို ခိုးသယ်နိုင်မယ့် ဗုံးတွေကို တီထွင်ကောင်း တီထွင်နေနိုင်တဲ့ အပေါ် စိုးရိမ်တဲ့အတွက် နိုင်ငံခြားက တချို့လေဆိပ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ အမေရိကန်က စီစဉ်နေတာဖြစ်တယ်လို့ အိုဘားမားအစိုးရ တာဝန်ရှိသူတွေက အနောက်တိုင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းများ မြင့်တက်လာ


ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းသည် ပုံမှန် မြင့်တက်လာလျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်ကြောင်း cloud ဝန်ဆောင်မှု ကုမ္ပဏီ Akamai က ဖော်ပြခဲ့သည်။

အပြည့်အစုံသို့ »