Showing posts sorted by relevance for query သစ်ထူးလွင်. Sort by date Show all posts
Showing posts sorted by relevance for query သစ်ထူးလွင်. Sort by date Show all posts

သစ်ထူးလွင် သတင်း ဆိုရင် ဒီမှာဖတ်ပါ - Thit Htoo Lwin News


အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊
ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။
သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန

ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။

ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။

ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။

ဧရာဝတီ

အပြည့်အစုံသို့ »

မန္တလေး ပဋိပက္ခဖြစ်စေသည့် သတင်းကိုငွေပေးကာ ဖြန့်ခိုင်းသည်ဆိုသည့် သတင်းအပေါ် ဆရာတော် ဦးဝီရသူ ပြန်လည်ချေပ



မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး သစ်ထူးလွင် ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသော သတင်းမှာ ဆရာတော် ဦးဝီရသူမှ ယင်းသတင်းတင်လျှင် ၂၅သိန်းပေးကာ တင်ခိုင်းထားခြင်းဖြစ်သည် ဆိုသော သတင်းနှင့် ပတ်သတ်၍ ဆရာတော်မှ လုံးဝမဟုတ်ကြောင်းနှင့် ၄င်းသတင်းဓာတ်ပုံမှာလည်း ပြန်လည်ပြုပြင်ထားပြီး တင်ထားသည့်ပုံ ဖြစ်ကြောင်းကို မိန့်ကြားခဲ့သည်။

သစ်ထူးလွင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဆရာတော် ဦးဝီသူရမှ သစ်ထူးလွင်အား နေဆန်းညီနောင်၊ မုဒိမ်းမှု သတင်းအား တင်ပေးပါက ငွေကျပ် ၂၅သိန်းပေးမည်ဖြစ်သည့်အပြင် သတင်း ပေါက်သွားပါက နောက်ထပ် ၁၀သိန်းပေးမည်ဟု ဖုန်းဖြင့် ကမ်းလှမ်းသဖြင့် မတင်ပြန်ရင်လည်း အပြစ်တင်ခံရမည် ဆိုးသောကြောင့် တင်ပေးခဲ့ရာ ယခုလို အခြေအနေ အထိ ဖြစ်သွားကြောင်းကို သစ်ထူးလွင် ဖေ့စ်ဘုတ်တွင် ကိုဒီဆိုသော သူမှ ရေးသားတင်ထားခြင်း ဖြစ်သည်။

“သစ်ထူးလွင်ဆိုတာ ဖြူသလား မည်းသလားဆိုတာလည်း မသိဘူး။ သူကနိုင်ငံခြားမှာ နေတာဆိုတော့ ဘယ်လို ဆက်သွယ်လို့ရမယ် ဆိုတာလည်း မသိဘူး။ ပြီးတော့ အဲဒီမှာ ရေးထားတဲ့ ကိုဒီဆိုတာကိုလည်း မသိဘူး။ ရှင်းရှင်းပြောရရင် ဦးဇင်းက ငွေကုန်ခံပြီး ဒီသတင်းကို သူတို့ကို တင်ခိုင်းမလား။ ဦးဇင်းမှာလည်း ဖေ့စ်ဘုတ်ရှိတာပဲ။ ကိုယ်ဟာကို တင်ရင်တောင် သူထက်ပိုပြီး တစ်နိုင်ငံလုံး ပျံ့နှံ့သွားမှာပါ။ သူတို့ကို ဘာလို့တင်ခိုင်းမလဲ။ ငွေလည်းကုန်တယ်။ အလုပ်လည်း ရှုပ်တယ်။ ပြီးတော့ သူတို့တင်ထားတဲ့ ဦးဇင်းနဲ့ ပတ်သက်တဲ့ သတင်းကိုလည်း တွေ့တယ်။ တင်ထားတဲ့ ဓာတ်ပုံက ပြန်ပြုပြင်ထားတဲ့ ဓာတ်ပုံကြီး ဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဦးဇင်းကို မလိုလားတဲ့ သူတစ်ဦးက တိုက်ခိုက်ခြင်း ဖြစ်ပါတယ်”ဟု ဆရာတော် ဦ၀ီရသူမှ မိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ယခုလက်ရှိ မြန်မာနိုင်ငံတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းကို ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း အပေါ် ဆရာတော်အား မလိုလားသော လူတစ်စုမှ မကြာခဏ ဆိုသလို လုပ်ကြံဖန်တီးမှုများ ရှိနေသည်မှာ အကြိမ်ပေါင်း မနည်းကြောင်း ၄င်းကိစ္စများကိုလည်း အချိန်ယူဖြေရှင်းလျှင် ရှေ့ဆက်သွားရမည့် ခြေလှမ်းများ နှေးကွေးတတ်၍ ပြန်လည် ဖြေရှင်းခြင်းကို မပြုလုပ်ကြောင်း အများအမြင်မှာ မည်သူတွေ မည်သို့ပင် လုပ်ဆောင်ပါစေ ဆရာတော် အနေဖြင့် ဂရုမစိုက်ကြောင်းကို ထပ်မံမိန့်ကြားခဲ့သည်။

tomorrow


အပြည့်အစုံသို့ »

ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ် ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်



သစ်ထူးလွင် ၀က်ဘ်ဆိုက်တွင် စတင်ဖော်ပြခဲ့သော သတင်းနှင့် မန္တလေးပဋိပက္ခဖြစ်စဉ်တွင် အသတ်ခံခဲ့ရသူများ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံအချို့

မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ် အပါအ၀င် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ်ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များမှ သေဆုံးသူများ၏ဓာတ်ပုံများကို ဖြစ်စဉ်များဖြစ်ပွားပြီး အချိန်တိုအတွင်း အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာများပေါ်၌ ဖေါ်ပြခဲ့ခြင်းကြောင့် ပဋိပက္ခဖြစ်စဉ်များကို ပိုမိုကြီးထွားစေခဲ့သည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မန္တလေးပဋိပက္ခဖြစ်စဉ်အား စတင်ကြီးထွားစေခဲ့သည့် သတင်းနှင့်ဓာတ်ပုံများမှာ အင်တာနက် စာမျက်နှာများပေါ်ရှိ သစ်ထူးလွင်ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။

“တချို့မှုခင်းသတင်းဓာတ်ပုံတွေဟာ မီဒီယာသမားတွေတောင် အလွယ်တကူမရှိနိုင်ဘူး။ အဲဒါကို တချို့အွန်လိုင်းမီဒီယာတွေက အလွယ်တကူရနေတယ် ဆိုတဲ့အပေါ် ဒါကတော့ ရှင်းပါတယ်။ အလွယ်တကူ မရနိုင်ဘူး ရနိုင်တဲ့လူဟာ ဘယ်သူတွေလဲဆိုတာ။ အဲလိုရနိုင်တဲ့လူတွေက တင်နေတာပေါ့ဗျာ။ ရနိုင်တဲ့သူတွေကတော့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့သူတွေ ဖြစ်မှာပေါ့။ ကျွန်တော်  မီဒီယာတွေ စိုးရိမ်စရာတစ်ခုရှိတာက မှုခင်းသတင်းဓာတ်ပုံတို့ ဘာတို့ဆိုတာက ကျင့်ဝတ်နဲ့တည်းဖြတ်ပြီးတော့မှ ဖော်ပြသင့်မှ ဖော်ပြရတာကိုး။ အဲတော့ ကျင့်ဝတ်နားမလည်တဲ့သူတွေ ဒီလိုလုပ်လာရင် မီဒီယာတွေအပေါ်မှာ လူတွေအထင်လွဲသွားနိုင်တယ်” ဟု The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ဆိုသည်။

“နောက်တစ်ချက်က အွန်လိုင်းပေါ်မှာရော ပရင့်မှာရော သက်ဆိုင်ရာအစိုးရနဲ့ပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့နဲ့ပဲဖြစ်ဖြစ် အဲလိုနီးစပ်တဲ့သူတွေ မီဒီယာလောကထဲ အရေခြုံဝင်လာနိုင်တာတွေ ရှိတယ်။ အဲဒီလိုဝင်လာတဲ့သူတွေက ပရော်ဖက်ရှင်နယ် မီဒီယာသမားတွေ ကျင့်ဝတ်လိုက်နာတဲ့ မီဒီယာသမားတွေကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်လာနိုင်တယ်။ အဲဒါလည်း သတိထားဖို့ လိုပါလိမ့်မယ်” ဟု The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက သုံးသပ်ခဲ့သည်။

ထိုကဲ့သို့ ရဲအရေးပိုင်သည့် မှုခင်းများနှင့် ဆက်စပ်လျက်ရှိသည့် သတင်းမီဒီယာများ အပါအ၀င် အများပြည်သူမရရှိနိုင်သည့် ဓာတ်ပုံများ၊ မှုခင်းများကို ရရှိလျက်ရှိနေ ခြင်းမှာ ရဲ၊ ထောက်လှမ်းရေး အစရှိသည့် အဖွဲ့အစည်းများမှ ပေါက်ကြားခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

“ရေခဲတိုက်မှာဆိုရင် ရဲအရေးပိုင်တဲ့ မှုခင်းတွေကို ဓာတ်ပုံရိုက်ယူနိုင်ခွင့်ရှိတာ ရဲတို့ ထောက်လှမ်းရေးတို့ပဲ ရှိတယ်။ သူတို့ကိုယ်တိုင် ဓာတ်ပုံမရိုက်နိုင်ဘူးဆိုရင် စိတ်ချရတဲ့ဓာတ်ပုံဆရာနဲ့ လျှောက်လွှာတင်ပြီး ဓာတ်ပုံရိုက်နိုင်တယ်။ အဲလိုအမှုအခင်းတွေမှာဆိုရင် မှုခင်းဆရာဝန်တွေ ကိုယ်တိုင်တောင်မှ စာသင်ကြားဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ရိုက်ယူခွင့်ရှိတယ်။ ဆေးကျောင်းသားတွေတောင် ရိုက်ခွင့်မရှိတာ အပြင်လူတွေဆိုပိုဝေးပါတယ်။ အဲဒီတော့ ဒီဓာတ်ပုံတွေ ပေါက်ကြားတာက သူတို့ဆီကပဲ ဖြစ်နိုင်ပါတယ်” ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည့် မှုခင်းဆရာဝန်ကြီး တစ်ဦးက အများသူငါ မရနိုင်သည့် မှုခင်းဓာတ်ပုံများပျံ့နှံ့ ပေါက်ကြားနေခြင်းနှင့်ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ပဋိပက္ခဖြစ်စဉ်များမှ သေဆုံးသူများ၏ ဓာတ်ပုံများကို ဖြစ်စဉ်များဖြစ်ပွားပြီး အချိန်တိုအတွင်း အင်တာနက်ဝက်ဆိုက် စာမျက်နှာများပေါ်၌ ဖေါ်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ဝေဖန်သူများထဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိနှင့် မီဒီယာသမား အများစုလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုတိယရဲမှူးကြီးတစ်ဦးက “နိုင်ငံရေး အပိုင်းနဲ့ မတည်ငြိမ်အောင် လုပ်ရင်လည်း မထိရောက်ဘူး။ စီးပွားရေးအခြေအနေနဲ့ မတည်ငြိမ်အောင်လုပ်ရင်လည်း မထိရောက်နိုင်ဘူး။ ဒါပေမဲ့ လူမှုရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ နည်းလမ်းတွေ မတည်မငြိမ်ဖြစ်အောင် လုပ်နေတာက ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားရေးကို ပျက်စီးအောင်၊ ဆုံးရှုံးအောင်၊ တစ်တိုင်းပြည်လုံးဆူပူအောင်၊ လူထုအုံကြွမှုဖြစ်အောင်လုပ်တဲ့ ထိရောက်တဲ့ နည်းလမ်းပါပဲ။ အဲဒီတော့ အခုမန္တလေး ဖြစ်စဉ်မှာ သစ်ထူးလွင် လူမှုကွန်ရက် စာမျက်နှာကို အခြေပြုပြီးတော့ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တာပါ” ဟု ဇူလိုင် ၄ ရက်က သုံးသပ်ပြောကြားသည်။

တခြားသာမန်လူတွေမရနိုင်တဲ့ သတင်းထောက်တွေတောင် မရနိုင်တဲ့ပုံတွေ အချက်အလက်တွေကို ရနေတယ်ဆိုတာတော့ အဲ့ဒီအချက်အလက်တွေရနေတဲ့ အဖွဲ့အစည်းတွေနဲ့ လှုံ့ဆော်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်မှုရှိနေတာ သေချာတယ်။ တာဝန်ရှိတဲ့ လူကြီးတွေနဲ့ ဒီလိုမျိုးဖြစ်နေတာကို အရေးမယူဘူး ဆိုရင်တော့ ဒီလိုမျိုးဖြစ်နေတာကို အားပေးအားမြောက် သဘောမျိုးတော့ သက်ရောက်တာပေါ့လေ။ ဒါတွေဖြစ်နေတာတော့ အခုမှ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်တုန်းကလည်း Facebook က ဖြစ်တာပဲ။ မိတ္ထီလာတုန်းကလည်း Facebook ပေါ်က စတာပဲ။ တခြား ပဋိပက္ခအကုန်လုံးကလည်း Facebook က စတယ်ဆိုတာ လူကြီးတွေ အကုန်လုံးသိတာပဲ” ဟု 7 Day Daily သတင်းထောက်ချုပ် ဦးအောင်သူရက ပြောကြားသည်။

တရားဝင် သတင်းမီဒီယာတွေတောင် မရနိုင်တဲ့ ဓာတ်ပုံတွေ သတင်းတွေကိုသုံးပြီး လုပ်နေတာ။ အမေရိကန်လို အနောက်မီဒီယာတွေ၊ အစိုးရတွေ ဖော်ထုတ်သင့်တာက အဲလိုဝါဒဖြန့်ချိမှု လုပ်နေတဲ့သူတွေကို ဖော်ထုတ်ရမှာ၊ အဲဒီလူတွေကို ဘယ်နိုင်ငံက ဖြစ်နေဖြစ်နေ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ တရားရုံးဆီကို Crime Against Humanity နဲ့ အရောက်ပို့ဖို့ ဖော်ထုတ်ပေးရမှာ။ အဲဒါမှ ခုလိုအင်တာနက် အသုံးပြုပြီး လှုံ့ဆော်မှုတွေ လုပ်နေတာတွေကို တားမြစ်နိုင်မယ်၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို တားမြစ်နိုင်မယ်...
နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာများနှင့် အပတ်စဉ်ဂျာနယ်များကို သတင်းမပေးတော့ခြင်းများ၊ ပေးပါကလည်း ဖော်ထုတ်နိုင်သည့် သတင်းကိုသာ ပေးနေခြင်းများသာ ပြုလုပ်နေသော်လည်း သစ်ထူးလွင်လူမှုကွန်ရက် စာမျက်နှာ၌မူ ရဲသတင်းများကိုသတင်းဦး ရနေခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများလည်းရှိခဲ့သည်။

“ရဲတပ်ဖွဲ့က နေ့စဉ်ထုတ်နေတဲ့ ပုဂ္ဂလိက သတင်းစာတွေနဲ့ အပတ်စဉ်ဂျာနယ်တွေကို သတင်းတွေမပေးတော့တာတွေ၊ ပေးရင်လည်း ဖော်ထုတ်နိုင်တဲ့ သတင်းတွေကိုပဲ ပေးနေတဲ့အတွက် သတင်းတွေမပေးဘူးဆိုတာကို တချို့သတင်းစာတွေမှာ ရေးသားနေတာတွေ၊ ဝေဖန်နေတဲ့သတင်းတွေကို ဖတ်ရပါတယ်။ ဒါပေမဲ့ သစ်ထူးလွင်လူမှုကွန်ရက် စာမျက်နှာမှာတော့ ရဲသတင်းတွေကိုအရင်ဆုံး သတင်းဦးရနေတယ်။ ဖော်ပြနေတဲ့ သတင်းအများစုလည်း ရဲနဲ့ဆက်စပ်တဲ့ သတင်းတွေဖြစ်တယ်။ တခြားမီဒီယာကနေတစ်ဆင့် ကူးယူဖော်ပြနေတဲ့ သတင်းတွေကိုလည်း တွေ့ရတယ်။ အခု မန္တလေးမှာ လူထုအုံကြွခဲ့တဲ့ ဖြစ်စဉ်ကလည်း သစ်ထူးလွင်က ဖော်ပြခဲ့တဲ့သတင်းက စခဲ့တာပါ” ဟု ပုဂ္ဂလိက သတင်းစာများ၊ ဂျာနယ်များနှင့် လူမှုကွန်ရက် စာမျက်နှာများကို ခြောက်နှစ်ကျော်ကြာ နေ့စဉ်လေ့လာနေသူ ကိုမြင့်ကျော်က သုံးသပ်ခဲ့သည်။

ယခုကဲ့သို့ ဘာသာရေးပဋိပက္ခ အသွင်ဆောင်စေရန် သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ဝေဖန်နေမည့်အစား ဘာသာရေးပဋိပက္ခနောက်ကွယ်မှ စေခိုင်း ကြိုးကိုင်နေသူများကို ပြည်တွင်းအဖွဲ့အစည်းများ ပြည်တွင်းတရားရုံးများဖြင့် အရေးယူဆောင်ရွက်ရန် မလုံလောက်ပါက လိုအပ်သလို အင်တာပိုမှတစ်ဆင့် နိုင်ငံတကာမှုခင်းဆိုင်ရာအဖွဲ့များ တရားရုံးများဖြင့်ပါ ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများရှိနေသည်။

“တကယ်က အနောက်နိုင်ငံက မီဒီယာတွေက လမ်းကြောင်းလွဲနေတာ။ သူတို့ကသာ ဗုဒ္ဓဘာသာ အကြမ်းဖက်သမားလို ဖန်တီးနေတာ အမှန်က အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်ဝါဒ ဖြန့်နေတာတွေက အဓိကဖြစ်နေတာ။ အဲဒါက နှစ်ဘက်စလုံးမှာရှိတယ်။ ၀က်ဘ်ဆိုဒ်တွေရော၊ ဖေ့ဘွတ်မှာတွေရောပဲ။ ဗုဒ္ဓဘာသာဘက်ကဆိုပြီး ဦးဝီရသူအကောင့်၊ နေမျိုးဝေအကောင့်၊ ပြည်သူ့အာဏာ အဲလိုမျိုးတွေရှိတယ်။ မွတ်စလင်ဘက်မှာဆိုရင် Myanmar Muslim Media တို့ အစ္စလာမ် သာသနာရေးဝန်ကြီးဌာနတို့ အစုံပဲ။ နှစ်ဘက်စလုံးက အစွန်းရောက်ဝါဒဖြန့်တာတွေ လုပ်နေတာ။ သူတို့တွေက တရားဝင် သတင်းမီဒီယာတွေတောင် မရနိုင်တဲ့ ဓာတ်ပုံတွေ သတင်းတွေကိုသုံးပြီး လုပ်နေတာ။ အမေရိကန်လို အနောက်မီဒီယာတွေ၊ အစိုးရတွေ ဖော်ထုတ်သင့်တာက အဲလိုဝါဒဖြန့်ချိမှု လုပ်နေတဲ့သူတွေကို ဖော်ထုတ်ရမှာ၊ အဲဒီလူတွေကို ဘယ်နိုင်ငံက ဖြစ်နေဖြစ်နေ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ တရားရုံးဆီကို Crime Against Humanity နဲ့ အရောက်ပို့ဖို့ ဖော်ထုတ်ပေးရမှာ။ အဲဒါမှ ခုလိုအင်တာနက် အသုံးပြုပြီး လှုံ့ဆော်မှုတွေ လုပ်နေတာတွေကို တားမြစ်နိုင်မယ်၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို တားမြစ်နိုင်မယ်” ဟု အွန်လိုင်းသတင်းများကို ပုံမှန်လေ့လာဖတ်ရှုမှုများ ပြုလုပ်လေ့ရှိသည့် ဒေါက်တာနေလှိုင်က သုံးသပ်ပြောကြားပါသည်။

“အကြမ်းဖက်မှုတွေကို အွန်လိုင်းမှာ လှုံ့ဆော်တာနဲ့ ပတ်သက်ပြီး ကျွန်တော့် အထင်ကတော့ နှစ်အုပ်စုက ရနိုင်ပါတယ်။ တစ်အုပ်စုကတော့ အဲ့လိုအဖြစ်အပျက်တွေမှာ ပါဝင်ပတ်သက်နေတဲ့ လှုံ့ဆော်တဲ့အဖွဲ့တွေ၊ အဲ့ဒါတွေက အကြမ်းဖက်တဲ့ အဖွဲ့တွေ။ အဲ့လိုလူတွေက သူတို့ကိုယ်တိုင်ပါဝင် ပတ်သက်နေတော့ သူတို့ကိုယ်တိုင်ရိုက်ပြီး သူတို့ကိုယ်တိုင် တင်တာတွေ သူတို့က ရည်ရွယ်ချက်နဲ့တင်တာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက အဲ့ဒီအခြေအနေပြီးရင်တော့ စစ်ဆေးတဲ့ ရဲတို့ဘာတို့ အဲ့လိုလုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေသူတို့ဆီမှာလည်း မှတ်တမ်းတွေရှိမယ်။ သူတို့ဆီက တမင်ပေါက်ကြားတဲ့ဟာလား။ သူတို့ဆီက ပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။ ရနိုင်တဲ့ နည်းလမ်းကတော့ အဲ့ဒီနှစ်ခုရှိမှာပေါ့။ အကြမ်းဖက်မှုတွေမှာ တမင်ဖြစ်အောင် Facebook ပေါ်မှာ တမင်လှုံ့ဆော်မှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးက လက်ခံထားပြီးသား” ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

“အဲ့ဒီလို လှုံ့ဆော်နေသူမျိုးကို ရှာဖွေဖော်ထုတ်ရမယ့် တာဝန်က အစိုးရမှာရှိတယ်။ အစိုးရက သူမတတ်နိုင်လို့ သော်လည်းကောင်း၊ သူမလုပ်ချင်လို့ သော်လည်းကောင်း အကြောင်းတစ်ခုခုကြောင့် မလုပ်နိုင်တာဖြစ်မှာပေါ့။ တကယ်တော့ အဲ့လိုလုပ်တာကို တားနိုင်လုပ်နိုင်မှပဲ ပဋိပက္ခတွေမှာ Hate Speech တွေ အမုန်းပွားစေမယ့် ပဋိပက္ခနဲ့ ဒီဘက်က လူမှုကွန်ရက် မီဒီယာတွေမှာ တွဲဖက်ပြီး လှုံ့ဆော်နေတဲ့ဟာတွေ၊ အရှိန်မြင့်အောင် လုပ်နေတာတွေ ရပ်သွားမှာ” ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်အား စတင်ကြီးထွားစေခဲ့သည့် သတင်းနှင့်ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာများပေါ်ရှိ  ၀က်ဘ်ဆိုက်များ၌ ဖော်ပြခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်ဟုလည်း ဝေဖန်မှုများရှိခဲ့သည်။

“ကျွန်တော်တို့ မိတ္ထီလာပဋိပက္ခ သတင်းယူခဲ့ရတဲ့ အခြေအနေက တော်တော်လေးခက်ခဲတဲ့ အနေအထားပါ။ ကင်မရာတောင် ထုတ်ကိုင်လို့မရ။ တစ်နေရာနဲ့ တစ်နေရာကိုသွားဖို့ မလွယ်ကူတဲ့အခြေအနေ ကျွန်တော်တို့မြင်ပြီး ရိုက်လို့မရခဲ့တဲ့ပုံတွေ အများကြီးပဲ။ ကင်မရာတွေ့ရင်သတ်မယ်။ ဖြတ်မယ်။ အော်ပြောနေတဲ့ လူတွေကလည်း အများကြီး။ ဒီကြားထဲမှာ ဖုန်းလိုင်းကဖြတ်တာလား။ ပြတ်တာလားမသိဘူး။ လုံးဝဆက်မရ ပြုမရနဲ့ အခက်အခဲများစွာပါပဲ။ အဲဒီလိုအခြေအနေမှာ ပဋိပက္ခပြီးတော့ ဗီဒီယိုဖိုင်အချို့ ထွက်လာတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ အကြမ်းဖက်တဲ့သူတွေက မသေမရှင် ဖြစ်နေတဲ့သူတွေကို ရိုက်ပုတ်နေတာတွေကို အနီးကပ်ရိုက်ထားတာတွေ ပါလာတယ်။ တော်တော်လေး အံ့သြမိပါတယ်” ဟု မိတ္ထီလာပဋိပက္ခဖြစ်စဉ်အတွင်း သွားရောက်သတင်းရယူခဲ့သူ သတင်းထောက် ကိုကျော်ဇင်ဝင်းက ရှင်းပြသည်။

“ဟာ မျက်နှာစိမ်းတွေနဲ့ စနစ်တကျ ဖြစ်လာတာ။ ဖျက်ဆီးမီးရှို့နေချိန်မှာ ဓာတ်ပုံ၊ ဗီဒီယို လုံးဝရိုက်ကူးမခံတော့တာ တွေ့ရပါတယ်။ အဲဒီအချိန်တွင်းမှာ ကင်မရာပါလာရင် သတ်ဆိုတဲ့အသံတွေဟာ  ဆူညံနေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမုန်းတရားကို ပိုမိုဆိုးရွားစေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကြည်လင်ရှင်းလင်းစွာ  ထွက်ပေါ်လာပါတယ်။ တချို့ဗီဒီယိုဖိုင်တွေဆိုရင် သတင်းထောက်တွေ၊ အရပ်သားတွေ ဘယ်လိုမှမရနိုင်တဲ့ အတွင်းစည်းပုံတွေပါ။ ဥပမာပြောရရင်တော့ မိတ္တီလာမှာ သံဃာတော်တစ်ပါးကိုသတ်တဲ့ တရားခံတဦးကို  စစ်ဆေးမေးမြန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခု အင်တာနက်မှာ ပြန့်လာပါတယ်။ အဲဒီအခွေထဲက အခန်းတခုမှာ ရဲစစ်ချက်တွေ၊ ဗိုလ်လေးလို့ခေါ်သံတွေ တရားခံမျက်နှာ အနီးကပ်ရိုက်ချက်တွေနဲ့ စကားသံတွေ ရှင်းရှင်းလင်းလင်း ပါရှိပါတယ်။ အဲဒီလိုအခွေကို ဘယ်သတင်းထောက်မှ ရိုက်ကူးဖြန့်ချိရေး လုပ်ဖို့မဖြစ်နိုင်ပါဘူး” ဟု ပြီးခဲ့သည့်မိတ္ထီလာ ဖြစ်စဉ်တွင် ကိုယ်တိုင်သတင်းရယူခဲ့သူ မြို့ခံသတင်းထောက် ကိုဝဏ္ဏက ဆိုသည်။

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများတွင် သတင်းရယူရန် ကြိုးပမ်းနေသော မီဒီယာများအား ရန်ပြုတိုက်ခိုက်မှုများရှိခဲ့ပြီး သတင်းအချက်အလက်နှင့် သတင်းဓာတ်ပုံရယူရန် အခက်အခဲရှိခဲ့သော်လည်း အခင်းဖြစ်ပျက်နေမှုကို အနီးကပ်ရိုက်ကူးထားသည့် ဓာတ်ပုံများ facebook အပါအ၀င် လူမှုကွန်ရက်များပေါ်သို့  အချိန်တိုအတွင်း ရောက်ရှိလာခဲ့ခြင်းနှင့်ပတ်သက်၍ နောက်ကွယ်ရှိ အဖွဲ့အစည်းများ ပါဝင်ပတ်သက်မှုအပေါ် မြို့ခံသတင်းထောက်များက မေးခွန်းထုတ်လျက်ရှိသည်။

“သာမန်လူတွေ မရနိုင်တဲ့ ဓာတ်ပုံတွေ တက်တဲ့ဝက်ဘ်ဆိုက်တွေက အခုလိုဖြစ်စဉ်တွေကို ဇောင်းပေးဖော်ပြနေတဲ့ ၀က်ဘ်ဆိုက်တွေ။ ဆေးရုံထဲကပုံတွေဆိုရင်လည်း သတင်းသမားတွေ တစ်ယောက်မှမရလိုက်ဘူး။  ဆေးရုံဝန်ထမ်းတွေ ဆိုရင်လည်း အစစ်ဆေးခံရနိုင်တဲ့အတွက် ရှိရင်တောင် ပြရဲမှာမဟုတ်ဘူး။ သာမန်လူတွေရခဲ့ရင်လည်း ဘယ်သူမှပြရဲမှာ မဟုတ်ဘူး။ နောက်ပြီး အခုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ဗုဒ္ဓဘာသာဝင်ရဲ့ ဓာတ်ပုံတွေပဲတက်လာတယ်။ အစ္စလာမ်ဘာသာဝင်ရဲ့ ဓာတ်ပုံကို မမြင်ရဘူး။ ဒါဟာ ဆူပူမှုဖြစ်အောင် သက်သက်လှုံ့ဆော်တဲ့လုပ်ရပ်ပါပဲ။ အခုလိုနာရေးကားရဲ့ဘေးမှာ ဗီနိုင်းနဲ့ချိတ်ပြီး အများမြင်အောင်ပြတာကတော့ ဆူပူမှုကိုပိုမိုကြီးထွား စေနိုင်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ထိထိရောက်ရောက် တိတိကျကျ အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု ဧရာဝတီသတင်းဌာနမှ ကိုတေဇလှိုင်က ဆိုသည်။

ယခုတစ်ကြိမ်မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအကြောင်းပြ အဓိကရုဏ်းနှင့်ပတ်သက်၍ နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားခဲ့ရာတွင် ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအဖြစ် ရေးသားခဲ့ကြပြီး မြန်မာနိုင်ငံရှိပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များကို အဓိကတာဝန်ရှိသည့် အကြမ်းဖက်သမားများသဖွယ် ပုံဖော်ရေးသားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေး အသွင်ဆောင် ပဋိပက္ခများအပေါ်ကို သုံးသပ်ရာတွင် အမေရိကန် ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံ မီဒီယာများအနေဖြင့် လမ်းကြောင်းလွဲနေခြင်း ဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေပါသည်။ အမှန်အားဖြင့် ယခုဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများအပြင် ယခင်ကလည်း မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံမြို့များ၌ ဖြစ်ပေါ်ခဲ့ဖူးသော ဘာသာရေးအသွင်ဆောင် ဆူပူအကြမ်းဖက်မှုများမှာ မည်သူမည်ဝါ မှန်းမသိရသော သူများက အွန်လိုင်းသတင်းစာမျက်နှာများမှ အမုန်းစကားများ၊ ကောလာဟလများဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကို အရင်းတည်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အမုန်းစကားများနှင့် ကောလာဟလများ ဖြန့်ချိနေသည်မှာ facebook လူမှုကွန်ရက်ပေါ်ရှိ အကောင့်များ၊ စာမျက်နှာများအပြင် သတင်းဝက်ဘ်ဆိုက် သဖွယ်အသွင်ယူထားသည့် ၀က်ဘ်ဆိုက်များလည်းပါဝင်ခဲ့သည်။ ထိုကဲ့သို့ အမုန်းစကားများ၊ ကောလာဟလ၀ါဒဖြန့်ချိနေမှုများ ပြုလုပ်နေသည်မှာ ဗုဒ္ဓဘာသာရော အစ္စလာမ်ပါ နှစ်ဖက်စလုံးတွင် ရှိနေခြင်းဖြစ်သည်။

news-eleven

အပြည့်အစုံသို့ »

တပ်မတော်သားတစ်ဦး မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွား



မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ၀ါရက်ကျေးရွာ အခြေစိုက် အမှတ်(၃၁၅) အမြောက်တပ်ရင်းမှ ဒုတပ်ကြပ်ရဲလင်းထွန်းက ၂၆/၀၁/၂၀၁၄ ရက်နေ့ မနက်(၂)နာရီ အချိန်မှာ ဝါရက်ကျေးရွာနေ မိချို(အသက်-၃၄-နှစ်)ကို မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

ဇန်န၀ါရီလ(၂၆)ရက်နေ့ မနက်(၂)နာရီ အချိန်မှာ မိချို က တပ်ရင်း တောင်ဘက် ၃ ခြံကျော်က ရော်ဘာခြံမှာ အစေးလှီနေတုန်း ဒုတပ်ကြပ် ရဲလင်းထွန်းက အနောက်ဘက်ကနေ မိချိုကို ဝင်လုံးပြီး ကြံစည်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ မိချိုက ဘာလိုချင်လို့ လူကိုဝင်လုံးတာလဲလို့  မေးပါတယ်။ ရဲလင်းထွန်းက ဘာမှမလိုဘူး လူကိုဘဲ လိုချင်တယ်လို့  ပြောပါတယ်။ အဲဒီမှာမိချို မာယာသုံးပြီး ဘောင်းဘီ ချွတ်ခိုင်းပါတယ်။ ရဲလင်းထွန်း ဘောင်ဘီချွတ်တဲ့ အချိန်မှာ မိချို က ယောကျာင်္တန်ဆာကို ဆွဲညှစ်လိုက်ပြီး သူတပြန် ကိုယ်တပြန် သတ်ပုတ်ခဲ့ကြောင်း သိရပါတယ်။

လုံးထွေး သတ်ပုတ်နေစဉ် မိချိုက ရဲလင်းထွန်းရဲ့ လက်ကို ကိုက်ပါတယ်။ ရဲလင်းထွန်းက နာလွန်လို့ လက်ကိုဆွဲနူတ်တဲ့ အချိန်မှာ မိချိုရဲ့ သွားနှစ်ချောင်း ကျွတ်ထွက်သွားပါတယ်။ ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ ရဲလင်းထွန်က မိချိုကို ရိုက်နှက်ထားလို့ ဦးခေါင်းခွံကွဲ ဒါဏ်ရာ၊ ညာမျက်စိ ဖူးရောင်ဒါဏ်ရာ နှင့် လက်ညိုးပြတ်ရှ ဒါဏ်ရာ ရထားပါတယ်။

ရဲလင်းထွန်းလည်း တန်ဆာဆွဲခံထားရတဲ့ ဒဏ်ကြောင့် ထွက်ပြေးသွားပါတယ်။ မိချိုက ခြံနီနားခြင်းတွေကို အကူညီတောင်းပြီး ဝဲရက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိန်အောင်ဆီ သွားရောက် တိုင်ကြားခဲ့စဉ်မှာ အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးလည်း ရဲကို အကြာင်းကြားပြီး အခင်းဖြစ်နေရာကို သွားကြည့်တဲ့ အခါမှာ တပ်မတော်သား ကတ်တစ်ခုနဲ့ ဆိုင်ကယ်သော့တွေ့လို့ သက်ဆိုင်ရာ တပ်ကို သွားအပ်ခဲ့ပါတယ်။ (အခင်းဖြစ်နေရာကို သွားကြည့်တဲ့အချိန်မှာ သံဖြူဇရပ် မြို့ မ ရဲစခန်မှုးဦးစိုးအောင်နဲ့ နယ်ထိန်းပါ ပါတယ်။)ခုချိန်ထိဘာမှ အကြောင်းမှ မထူးသေးပါဘူး။

ရိုက်နှက်ခံထားရတဲ့ မိချို ကတော့ ဒီနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့ မှာ မော်လမြိုင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲပြောင်း ကုသဖို့ ရန်ကုန်မြို့ ကိုသွားနေပြီ ဖြစ်ပါတယ်။

ဒီအမှုကို ရဲစခန်းမှာ အမှူဖွင့်ထား သလားလို့ မေးတဲ့ အခါမှာ ကာယကံရှင်က ကျေအေးလို့ မဖွင့်ကြောင်း သံဖြူဇရပ်စခန်းမှူးဦးစိုးအောင်က ပြန်ပြောပါတယ်။ မိချိုရဲ့ ခင်ပွန်းက တပ်ရင်းမှူးက အမှုဖွင့်ရင် ကုသဖို့ ပိုက်ဆံမပေးဘူး ပြောလို့ လက်မ နှိပ်ရကြောင်း ပြောပါတယ်။

အမှတ်(၃၁၅)အမြောက်တပ်ရင်းဟာ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာမှာ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရော်ဘာခြံ ဧက(၃၅၀)ကျော်ကို သိမ်းယူပြီး အခြေစိုက်ထားတာ ဖြစ်ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

Thanbyuzayat watch

အပြည့်အစုံသို့ »

ကျောင်းထိုင်ဘုန်းကြီးက ၁၃နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်


၂၄.၁.၂၀၁၄ ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာနေ (ဘ)ဦးဖိုးထောင်၏သမီး မစု ၊အသက် ၁၃ နှစ်သည် တောစွန်းကျေးရွာသို့ ဗီစီဒီ အခွေ သွားရောက်ငှားရမ်းပြီး နေအိမ်သို့ စက်ဘီးဖြင့် တစ်ဦးတည်းပြန်လာစဉ် အဓမ္မပြုကျင့် ခံရကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

တောစွန်းကျေးရွာနှင့် တင်းတောင်းချောင် ကျေးရွာ အကြား ကွင်းထဲလမ်းတွင် သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာ၊ ဓမ္မပါလ ကျောင်းတိုက် ကျောင်းထိုင်ဘုန်းကြီး ဦးကုဝေရ ၊သက်တော် ၄၀ နှစ်၊ ၀ါတော် ၂၀ နှင့် တောစွန်းကျေးရွာနေ (ဘ)ဦးထွန်းအောင်၏သား မောင်မျိုးဦး၊ အသက် ၃၃ နှစ် တို့နှစ်ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးက မစု၏ စက်ဘီးအား ရှေ့မှ တားဆီး ရပ်တန့်စေကာ မောင်မျိုးဦးက စက်ဘီးအား ဆွဲယူသွားပြီး၊ ဘုန်းကြီးဦးကုဝေရ က မစုအား အဓမ္မ လက်ကိုဆွဲ၍ အနီးရှိ ရေခမ်းခြောက်နေသည့် ချောင်းထဲသို့ ခေါ်ဆောင်သွားပြီး အလိုမတူ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အတွက် ဖခင်ဖြစ်သူ ဦးဖိုးထောင်က တင်းတောင်းချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အလန်းကုန်း ကျေးရွာ ရဲစခန်းတွင် ချက်ချင်း တိုင်တန်း ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမှုကို ၂၉.၁.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ၊ရဲစခန်းက ပြစ်မှုဆိုရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စခန်းမှုးဦးစောဝင်းက အမှုကို လက်ခံ စစ်ဆေးနေကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

thit htoo lwin

အပြည့်အစုံသို့ »

ပဋိပက္ခဖြစ်ပွားကာ လူနှစ်ဦးအသတ်ခံရပြီးနောက် မန္တလေးလူထု စိုးရိမ်ထိတ်လန့်နေ


မန္တလေးမြို့ ခြောက်မြို့နယ်အတွင်း ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်
ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးများမှ ထုတ်ပြန်
လိုက်ကြောင်း သတင်းရရှိသည်။



မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ဇူလိုင် ၃ ရက် ညနေပိုင်းက ယင်းအမိန့်ကို ပုသိမ်ကြီးမြို့နယ်မှအပ ကျန်ခြောက်မြို့နယ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်၊ အမရပူရမြို့နယ်တို့တွင် အကျုံးဝင်ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များအရ ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဇော်မင်းဦးက “ပုသိမ်ကြီးမြို့နယ် မပါဝင်ပါဘူး။ ကျန်ခြောက်မြို့နယ်မှာ ၁၄၄ ထုတ်ပြန်လိုက်တာပါ။သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွေကနေ ထုတ်ပြန်လိုက်တာပါ”ဟု  အတည်ပြု ပြောကြားသည်။

ဘာသာရေးအကြောင်းပြ ဆူပူလှုံ့ဆော်မှုနှင့် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုများကြောင့် ပဋိပက္ခဖြစ်ပွားကာ လူနှစ်ဦးအသတ်ခံရပြီးနောက် မန္တလေးလူထု စိုးရိမ်ထိတ်လန့်နေကြောင်း ဇူလိုင် ၃ ရက်တွင် စုံစမ်းသိရသည်။

မန္တလေးတွင် ဇူလိုင် ၁ ရက် ည ၈ နာရီခွဲမှ စတင်ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ဖျက်ဆီးရန်ပြုမှုများကြောင့် ဇူလိုင် ၃ ရက် နံနက်အထိ ၁၄ ဦး ဒဏ်ရာရရှိကာ၊ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ခဲဖြင့်ပစ်ပေါက်ရမ်းကားသူ လေးဦးကို အရေးယူထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် ဇူလိုင် ၃ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ခဲ့သည်။

“ပထမရက်က လူစုစုဖြစ်တယ်။  အဲဒါကို သံဃာတော်အသိုင်းအ၀ိုင်းနဲ့ အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်းက လူကြီးတွေ ၀ိုင်းဝန်းပြီး ထိန်းလိုက်တော့ လူစုကွဲသွားတယ်။ နောက်တစ်ခါ နံနက်ပိုင်းကျတော့ အဲဒီလူစုက အနောက်ဘက်ကနေ တက်လာပြီး ဆိုင်တွေကို ခဲနဲ့ထု၊ ကားတွေကို ဖျက်ဆီးသွားတယ်။ မနေ့ညကျတော့ ၈၃-၃၄လမ်း ၀န်းကျင်နားက ဗလီကနေပြီး အော်ဟစ်တာမျိုးရှိလို့ အမှတ်(၈)ရဲစခန်းကို လှမ်းပြီး အကြောင်းကြားပေမယ့် နာရီဝက်လောက်ထိ လာရောက်ထိန်းသိမ်းတာမျိုး မရှိဘူး။ နောက်တစ်ကြိမ် ပြန်ဆက်တော့ကျတော့ သူတို့လည်း လူအင်အားမရှိပါဘူး၊ ဒါကြောင့်လူစုပြီးတော့ လွှတ်လိုက်ပါ့မယ်ဆိုပြီး ထပ်ပြောတယ်။

ဒါပေမဲ့ နံနက် ၄ နာရီလောက်ကျတော့ မျိုးသိန်းအီလက်ထရွန်နစ်ဆိုင်ရှေ့ မှာ ဦးစိုးသိန်းဆိုတဲ့ အစ္စလာမ်ဘာသာဝင် တစ်ယောက် ဓားနဲ့ခုတ်ပြီး အသတ်ခံခဲ့ရတယ်။ သူက စက်ဘီးအပိုပစ္စည်းရောင်းတဲ့ ကျွန်တော်တို့ မိတ်ဆွေပါ။  နောက်တစ်ခုကျတော့ ကိုရံတော်ဗလီဝင်းနားမှာ မြန်မာတစ်ယောက် အသတ်ခံရတယ်ကြားတယ်။ ဆိုင်ကယ်တွေနဲ့ ဓားကိုင်ပြီး အော်ဟစ် သွားလာနေတဲ့သူတွေကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိဘူး။ အဲလိုလူတွေဝန်းကျင်မှာ ရဲကားတွေရှိနေတာတော့ တွေ့တယ်။

 ပြဿ နာတွေမဖြစ်အောင်တော့ ထိန်းသိမ်းနိုင်ခြင်းမရှိဘူး။ ခုအခြေအနေကို စိုးရိမ်ထိတ်လန့်မှု ဖြစ်တာပေါ့။ ပြဿနာမဖြစ်ဖြစ်အောင် လုပ်ကြံသတင်းတွေ လွှင့်တယ်။ ဒီလိုမဟုတ်တဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်ခဲ့တဲ့အတွက် မြို့ခံ၊ နယ်ခံမဟုတ်တဲ့ ဘယ်ကမှန်းမသိတဲ့ လူစုလူဝေးတွေ ဖြစ်လာတယ်။ အဲလူတွေက မျက်မြင်တွေပြောစကားအရတော့ မူးယစ်ဆေးသုံးထားတာမျိုး ရူးကြောင်ကြောင်တွေလို့ သိရတယ်။တကယ်တမ်း ဒါတွေကို စနစ်တကျ တားဆီးမယ်ဆိုရင် တားဆီးနိုင်ပါတယ်။ ဘာကြောင့်များ ဒါတွေကို မထိန်းသိမ်းနိုင်တာလဲ။

အခုဖြစ်နေတဲ့အဖြစ်အပျက်တွေက အကွက်ကျကျ စီစဉ်ထားသလို ခံစားရတယ်။ ဒါတွေကို တာဝန်ရှိတဲ့သူတွေအနေနဲ့ တိတိကျကျ ဖော်ထုတ်အရေးယူသင့်တယ်” ဟု ၈၃ လမ်း အခင်းဖြစ်နေရာအနီး နေထိုင်သူ ဦးညီညီက ဆိုသည်။

ဇူလိုင် ၂ ရက်တွင် မြို့တွင်းလုံခြုံရေးချထားပြီး မွန်းလွဲ ၃ နာရီနောက်ပိုင်း ဗလီနှင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့်နေရာ အ၀င်အထွက်များတွင် လုံခြုံရေး ပိုမိုတင်းကျပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ည ၁၁ နာရီခန့်က ၃၅လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြားရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေသူ ခုနစ်ဦးခန့်ကို အစ္စလာမ်ဘာသာဝင်အချို့မှ ညာသံပေးပြီး ၀ိုင်းဝန်းရိုက်နှက်သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဆက်လက်ပြီး ၂၆ လမ်း၊ ၈၉x၉၀ လမ်းကြားရှိ အမှတ်(၆) ရဲစခန်းကိုလည်း လူ ၅၀ ခန့်မှ ခဲဖြင့် ပစ်ပေါက်ခဲ့မှုဖြစ်ပွားခဲ့ပြီး ယင်းအတွက် လေးဦးကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်ပြီး ည ၁၁ နာရီနောက်ပိုင်းတွင်မှ လူစုလူဝေးများ စတင်ပေါ်ပေါက်လာပြီး  ဗလီမီးချောင်းအား လေသေနတ်ဖြင့် ပစ်ခတ်ခြင်း၊  လူစုလူဝေးဖြင့် ရမ်းကားခြင်းများ jဖစ်ပေါ်ခဲ့သည်။


ထိုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားနေသကဲ့သို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းအတိုင်း ကိုထွန်းထွန်း (၃၀နှစ်ခန့်) နှင့် ကိုထွေး (၂၄ နှစ်) တို့ ဆိုင်ကယ်မောင်းနှင်လာရာ ၈၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ ကြားအရောက်တွင် အစ္စလမ်ဘာသာဝင် အမျိုးသားအချို့မှ ဆိုင်ကယ်ကိုတားကာ ပါလာသည့် ပစ္စည်းများထုတ်ပေးရန်ပြောသဖြင့် ထုတ်ပေးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်ရန်ပြုလုပ်စဉ် ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဆိုင်ကယ်မောင်းလာသူ ကိုထွန်းထွန်းမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်မှ ထိုင်လိုက်လာသူ ကိုထွေးမှာ ဒဏ်ရာများဖြင့်ရှိနေစဉ် ကားတစ်စီးမှ အကူညီပေးကာ ဆေးရုံသို့ပို့ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် (ပ)၅၁၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၂/၃၀၂/၁၁၄ဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။



ဇူလိုင် ၂ ရက် ည ၁၀ နာရီကျော်က ၂၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော လူတစ်စု နိုင်ငံတော်သီချင်းသီဆိုပြီးနောက် ဆဲရေးတိုင်းထွာမှုများ ပြုလုပ်နေစဉ်

“ဒီလိုမျိုးကိစ္စတွေက မဖြစ်သင့်ဘူးပေါ့။ အခု မြို့လူထုအနေနဲ့ ကျီးလန့်စာစားဖြစ်နေတယ်။ သာမန်ဖြစ်စဉ်ထက် ဘာသာရေးတွေပါနေပြီး ဖြစ်စဉ်တွေက နေ့ပိုင်းမှာအေးပြီး ညပိုင်းမှာချည်းဖြစ်နေတော့ မကောင်းဘူး။
ရိုးသားမှုမရှိဘဲ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပွားနေတယ်လို့ သံသယဖြစ်မိပါတယ်။ မြို့ခံလူထုအနေနဲ့ ဒီလောက်ထိ မရိုင်းပါဘူး။ အခုက အသက်ဆုံးရှုံးမှုတွေပါ ဖြစ်ပွားနေပြီဖြစ်တာကြောင့် သက်ဆိုင်ရာအနေနဲ့ အချိန်မီ တားဆီးပေးစေချင်ပါတယ်” ဟု ဦးလှအောင် ချမ်းမြသုခလူမှုကူညီရေးအသင်း (အတွင်းရေးမှူး)က ဆိုသည်။

ထို့နောက် ဇူလိုင် ၃ ရက် နံနက် ၄ နာရီတွင် ၈၃x၃၁ လမ်းထောင့်နေ ဦးစိုးမင်းထွေး (၄၈ နှစ်) အစ္စလာမ်၊ စက်ဘီးရောင်းချသူသည် ဗလီတက်ရန် နေအိမ်မှ ထွက်ခွာလာရာ ၂၉x၈၃ လမ်းထောင့်အရောက် အမည်မသိ ဗမာတစ်စုနှင့်တွေ့ဆုံပြီး ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရရာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၅၁၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာမြို့နယ်မှူးများက ရှင်းပြခဲ့သည်။ ဇွန် ၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ၉၃ လမ်း၊ ၃၄ နှင့် ၃၅ လမ်းကြားနေထိုင်သူ ဦးမြင့်လွင် (ခရစ်ယာန်ဘာသာဝင်) အစ္စလာမ်ဘာသာဝင်ပုံပေါက်နေသူတစ်ဦးကိုလည်း မြန်မာလူငယ်သုံးဦးက ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပြီး အရေးပေါ်ဌာနတွင် စိုးရိမ်ရပြီး ကုသနေကြောင်း သိရသည်။

မန္တလေးမြို့လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေနေများကို နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက “ အခုဖြစ်ပွားမှုတွေကို ကြည့်ရင် ည၁၁ နာရီနောက်ပိုင်းမှာပဲ ဖြစ်ပွားတာ တွေ့ရပါတယ်။

အခု လူသတ်မှုဖြစ်သွားတဲ့ အနေထားဟာဆိုရင်လည်း ရဲတပ်ဖွဲ့လုံခြုံရေးလှည့်လည်နေတဲ့ အချိန်ကျော်သွားတဲ့အချိန်အခါမျိုးနဲ့ လူစုလူဝေးအချင်းချင်း သတ်ဖြတ်တာမျိုးမဟုတ်ပါဘဲ တစ်ယောက် စ၊ နှစ်ယောက် စ အုပ်စုနဲ့ထိပ်တိုက်တိုးမိလို့ ဖြစ်ခဲ့တာပါ။ တုတ်၊ကိုင်ရမ်းကား ခဲနဲ့ ပေါက်နေတာမျိုးတွေကိုတော့ မလိုလားအပ်တဲ့ ဆိုးရွားတဲ့ဖြစ်စဉ်ထိမရောက်အောင်တော့ စောင့်ကြည့်တာပါ။ အရေးမယူတာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။

ပြဿနာစတင်ဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သော လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှ မုဒိမ်းကျင့်ခံရသည့် အလုပ်သမား မစိုးစိုး အမှုကိစ္စနှင့် ပတ်သက်၍လည်း လက်ရှိ ပျဉ်းမနားရဲစခန်းတွင် မစိုးစိုးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ တိုင်ကြားထားသည့်အမှု နှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင်က ဆိုသည်။

ယင်းကဲ့သို့ ဆူပူမှုများအတွင်း လူသတ်မှုနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများကို ယခုအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေသည့်အဆင့်သာရှိနေကြောင်း နှင့် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ပြုခဲ့သည့် အမျိုးသားလေးဦးကိုသာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

“အခု မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပွားနေသည့် အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ကူးစက်မှုမရှိအောင် စီမံချက်တွေချ တ်ပြီး ဆောင်ရွက်နေတယ်။ လုံခြုံရေးတွေကိုလည်း ထပ်မံတိုးမြှင့်ထားတယ်။ သေဆုံးခဲ့သူတွေကတော့ အစ္စလာမ်ဘာသာဝင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ ဖြစ်တယ်။

 ဒီလူသတ်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျူးလွန်သွားတဲ့သူတွေကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေတယ်။ အဆောက်အအုံတွေကို ဖျက်ဆီးတဲ့သူတွေနဲ့၊ တားမြစ်တာကို လက်မခံတဲ့သူလေးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ဆက်လက်၍ ၎င်းင်းက “ဒီဖြစ်စဉ်မှာ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တဲ့သူတွေ ရှိ မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါပြီ။ ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေကိုလည်း စုံစမ်းနေပါတယ်” ဟု ပြောကြားသည်။

“မြို့ထဲက အစ္စလာမ္မစ်ဆိုင်တွေ ပိတ်ထားကြတယ်။ အလုပ်တွေလည်း စောစောပိတ်ပြီး အလုပ်သမားတွေ ပြန်လွှတ်လိုက်တယ်။  မနေ့ညကလည်း နှစ်ယောက်အသတ်ခံရတော့။ လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံး သာမန် မီးလန့်တာလေးကအစ အထိတ်တလန့် ဖြစ်နေကြရတယ်။ ကောလာဟလတွေလည်း အမျိုးမျိုးထွက်နေတယ်။ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆောင်ရွက်နေပေမယ့် လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ ကိုအောင်ဇင်က ပြောကြားသည်။

“ကျွန်တော်တို့ဘဏ်မှာတော့ အမျိုးသမီးတွေကို စောစောပြန်လွှတ်လိုက်ပြီး ရှိတဲ့ယောက်ျားလေးတွေအကုန်လုံး Stand by နေနေရတယ်။   ငွေကြေးနဲ့ ၀န်ထမ်းလုံခြုံရေးအတွက် ညွှန်ကြားထားပါတယ်။ ညပိုင်းလုံခြုံရေးအတွက်တော့ ပုံမှန်ပဲထားရှိထားပြီး လိုအပ်ရင် အကုန်ဆင်းဖို့ မှာထားပါတယ်။ ၀န်ထမ်းတွေအနေနဲ့ကတော့ မီးသတ်ဆေးဘူးအပါအ၀င် လုံခြုံရေးကိရိယာတွေနဲ့ အဆင်သင့်ရှိနေပါတယ်။ ၈၂ လမ်း ၂၆ လမ်းထောင့် ကနေ ၈၂ လမ်း လမ်း ၃၀ ထောင့်ထိ လုံခြုံရေးချထားတယ်။ ဘဏ်အနီးမှာ ဗလီတစ်ခုလည်းရှိတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း ချထားတာတွေ့ရတယ်” အစိုးရဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဈေးမှ အရောင်းပါးပါတယ်ဆိုနေမှ ဟိုက ဆူဆူပူပူ၊ ဒီက ဆူဆူပူပူ ဖြစ်နေတော့ တခြားဆိုင်တွေကပိတ်တော့ ကိုယ်တွေကပါ လိုက်ပိတ်နေရတယ်။  ဘာပဲဖြစ်ဖြစ်ပေါ့လေ ဘာပြဿနာမှမဖြစ်တာ အကောင်းဆုံးပါပဲ။ တစ်ခုခုဆိုရင် အားလုံးပဲ နစ်နာရတာဆိုတော့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ဈေးချိုတော်မှ ကုန်မျိုးစုံပိုင်ရှင်တစ်ဦး ဆိုသည်။

“ကျွန်တော်တို့အနေနဲ့တော့ ဒီကိစ္စက နိုင်ငံရေးနဲ့ပတ်သက်နေမယ်လို့ ထင်မြင်မိတယ်။ ဥပမာ ရခိုင်မှာ စဖြစ်လာတယ်။ အဲဒီကနေ လူမျိုးရေးပဋိပက္ခတွေကတစ်ဆင့် နိုင်ငံရေးကို သွားသက်ရောက်တာတွေ ရှိလာတယ်။ ဒီတစ်ခေါက်ကိစ္စက နိုင်ငံရေး အခင်းအကျင်းတွေဖြစ်လာခါနီးမှာ ဖြစ်တတ်တဲ့အမျိုးသားရေး လှုံ့ဆော်မှုမျိုးလိုဖြစ်နေတယ်။

ဘာပဲပြောပြော ရှေ့ဥပမာတွေအရ ဒါကိုဆက်ပြီး မကြီးထွားအောင်တော့ ထိန်းသိမ်းသင့်တယ်။  ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးကို ဦးတည်တဲ့ကိစ္စကိုတော့ ပါဝင်ပြီးမှတ်ချက်ပေးသွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ အဖွဲ့အစည်းက ဘာသာပေါင်းစုံငြိမ်းချမ်းရေးကိုသာ ဦးတည်ပါတယ်။ ဘာသာတိုင်း ငြိမ်းချမ်းဖို့ ရည်ရွယ်ပါတယ်။ ငြိမ်းချမ်းစွာ လုပ်ဆောင်တာတွေကို အားပေးပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်း ရှေ့ဆက်ပြီး ဘာသာတိုင်း ငြိမ်းချမ်းရေးကိုရှေးရှုပြီး လုပ်ဆောင်သွားမယ်။ ဒါ ကျွန်တော်တို့အနေနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာပါတဲ့ ဘာသာပေါင်းစုံကိုယ်စားပြောတာပါ”ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဆိုသည်။  

ရဲတပ်ဖွဲ့အနေဖြင့် သတင်းဦးရရှိရေး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အမြန်ဆုံးသွားရောက်ပြီး ဖြေရှင်းခြင်း၊ ဥပဒေအရ ဆောင်ရွက်ခြင်းနှင့် ဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူတည်ပြီးတော့  အမြန်ဆုံးထိန်းသိမ်းနိုင်ရန် လုံခြုံရေးရဲတပ်ဖွဲ့အင်အား ကိုလည်း တိုးမြှင့်ထားသည့်အပြင် အရန်အသင့်လည်း အဆင်သင့်ထားရှိထားကြောင်း စုံစမ်းသိရသည်။

“နယ်မြေတွေအလိုက် လုံခြုံရေးဆောင်ရွက်ချက်တွေကို တိုးမြှင့်ထားတယ်။ ရဲတပ်ဖွဲ့အင်အားတွေကိုလည်း တိုးမြှင့်ထားပါတယ်။ ၀ိုင်းဝန်းထိန်းသိမ်းဖို့ကိုလည်း အဆင့်ဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကိုကိုအောင်က ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲ ကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး သက်လွင်က “ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့တော့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်။  အရန်အသင့် တပ်ဖွဲ့ဝင်တွေကိုလည်း အသင့်ဖြစ်အောင် ဆောင်ရွက်ထားတယ်။ ဒီကိစ္စတွေကိုတော့ တိုင်းရဲတပ်ဖွဲ့က အရင်ဆုံးကိုင်တွယ်ရမယ်။ ပြီးမှ ကျွန်တော်တို့က ဆောင်ရွက်ပေးရမှာဖြစ်တယ်။ သစ်ထူးလွင် လူမှုကွန်ရက်စာမျက်နှာကသတင်းကို တင်ပြီး ဖွလိုက်လို့ မန္တလေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ ယူဆရတယ်။ အဓိကကတော့ ဒီသတင်းကို ဘယ်သူကပို့တာလဲဆိုတာ အရေးကြီးပါတယ်”ဟု ဇူလိုင် ၃ ရက်က ပြောကြားသည်။

ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသည့် သံတွဲခရိုင်၌ လက်ရှိအခြေအနေမှာ အေးချမ်းလျက်ရှိနေပြီး ရှိနေသည့် ရဲတပ်ဖွဲ့အင်အားဖြင့် လုံခြုံရေးကို တင်းကြပ်စွာဆောင်ရွက်နေကြောင်း သံတွဲခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်းက ဆိုသည်။

“ဒီနေ့ည ၁၁ နာရီကျော်အချိန် မန္တလေးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို မသိကြဘဲ မြို့တွင်းကို ဝင်လာကြတဲ့ သမန်းကုန်းဘက်ကသူတွေကို စိစစ်ပြီး ပြန်ခိုင်းလိုက်တယ်လို့ ကြားပါတယ်။ အခု အခြေအနေကတော့ ည ၁၂ နာရီကျော်နေပါပြီ။ ဘာမှ ထူးခြားဖြစ်ပျက်မှုမရှိဘူးလို့ သိထားပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း၌ မန္တလေးမြို့တွင် အင်တာနက်လိုင်းများ လုံးဝပျက်တောက်သွားခဲ့ကာ လတ်တလောဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည့် ဆက်သွယ်ရမည့် ဖုန်နံပါတ်များအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မအားသေးပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ဇူလိုင် ၃ ရက်ည ၉ နာရီမှ စတင် အသက်ဝင်ခဲ့သော ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီးနောက်တွင် မန္တလေးမြို့တွင် ခြောက်မြို့နယ်၌ ဆူပူအကြမ်းဖက်မှုနှင်ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ ရရှိခဲ့ခြင်းမရှိသော်လည်း ည ၁ဝ နာရီနှင့် ၁၂ အကြားတွင် ပစ်ခတ်သံဟု သံသယဖြစ်ဖွယ်ရှိသော ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက  The Daily Eleven သတင်းစာသို့ ဆက်သွယ်ပြောကြားခဲ့သည်။

Eleven Media Group

အပြည့်အစုံသို့ »

Facebook Fanpage များတွင် Like လုပ်သူ များပြားလာစေရန် ငွေကြေးဖြင့်လုပ်ဆောင်မှု ပိုမိုများပြားလာကြောင်း သိရ


Facebook Fan Page များတွင် ကြည့်ရှုသူများလာစေရန်နှင့် Like လုပ်သူများလာစေရန်အတွက် ငွေကြေးဖြင့်သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဖြင့် သော်လည်ကောင်း လုပ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း အိုင်တီကုမ္ပဏီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

"ဒီလိုမျိုးတွေ ပြုလုပ်နေတာတော့ ကြာပါပြီ။ အများဆုံး လုပ်တာကတော့ ကြော်ငြာကုမ္ပဏီတွေပါပဲ။ သူတို့က ကြော်ငြာအားကောင်းမှ သူတို့ရဲ့ထုတ်ကုန်တွေကိုလူသိမှာ။ ဒါကျတော့ အွန်လိုင်းကြော်ငြာပေါ့။ အခုနောက်ပိုင်းမှာဆိုရင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီတွေလည်း အများဆုံး လုပ်လာကြတယ်။ ပြီးတော့ မီဒီယာအသေးစားတွေ ဆိုရင်လည်း လုပ်ကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့တင်ဆက်တဲ့ သတင်းတွေကို လူတွေပိုပြီးတော့ သိလာမယ်။ ဒါကြောင့် တော်တော်များများက နောက်ပိုင်းမှာ လုပ်လာကြတယ်။ ဒါက Facebook မှာ ပိုက်ဆံပေးပြီး လုပ်ခိုင်းတယ် မခိုင်းဘူးဆိုတာက ကြည့်ရင်သိပါတယ်။ တချို့ကျတော့လည်း like လုပ်ရင် လက်ဆောင်တွေပေးမယ်။ ဖုန်းတွေမဲနှိုက်ပေးမယ်ဆိုပြီး ဆွဲဆောင်ကြတယ်။ ဒါကလည်း ပိုက်ဆံပေးရင် ကိုယ်ကြိုက်တဲ့ပုံစံကို လုပ်ခိုင်းလို့ရတယ်။ ပိုက်ဆံများများပေးရင် like လုပ်တဲ့သူများလာမယ်။ ကြည့်တဲ့သူများလာမယ်။ ကြော်ငြာအား ကောင်းတာပေါ့" ဟု Myanmar soft-gate Technology မှ မန်နေဂျင်းဒါရိုက်တာ ကိုရန်နောင်စိုးက ပြောကြားသည်။

Facebook fanpage များတွင် အသုံးပြုသူ များလာစေရန်အတွက် ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် super, sunsilk, Pound's, Nivea များအပါအ၀င် နောက်ပိုင်းတွင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီများနှင့် အခြားလုပ်ငန်းရှင်များမှာလည်း ယင်းတို့၏ ထုတ်ကုန်များကို လူသိများစေရန်အတွက် ပြုလုပ်လာကြပြီး စုစုပေါင်းကုမ္ပဏီ ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ အချို့မီဒီယာများလည်း ပါဝင်ကြောင်း သိရသည်။

"ဒီလိုမျိုးလုပ်တယ်ဆိုတာ ကြော်ငြာထုတ်ကုန်ဆိုရင်လည်း ဘယ်လောက်ကြော်ငြာ ကြော်ငြာ ပစ္စည်းကောင်းမှ လူတွေသုံးကြမှာ။ ဒီလိုမျိုးတွေ ကြော်ငြာတာထက် ကိုယ့်ပစ္စည်းတွေကို ပိုပြီးကောင်းအောင် ထုတ်ရင်တော့ သုံးတဲ့သူများလာမှာပေါ့" ဟု Facebook အသုံးပြုသူ အိုင်တီကျွမ်းကျင်သူ ကိုချမ်းမင်းက ပြောကြားသည်။

ယင်းသို့ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် ကြော်ငြာကုမ္ပဏီများအပြင် မြန်မာနိုင်ငံရှိ မီဒီယာအချို့လည်း ပါဝင်လာကြောင်း သိရသည်။

"လွန်ခဲ့တဲ့ ငါးလလောက်က 7Day News Journal Facebook Page ထက် Eleven Media Group Facebook Page က like အရေအတွက် ငါးသောင်းကျော်လောက် ပိုများပါတယ်။ ဒီနောက်ပိုင်းမှာ 7Day က Facebook Promotion လုပ်လာပါတယ်။ အဲဒီမှာ လပိုင်းအတွင်း ကျွန်တော်တို့ထက် ၁၈၀၀၀၀ လောက် ပိုများသွားပါတယ်။ အခု ကျွန်တော်တို့လည်း တစ်လဒေါ်လာ ၃၅၀ Facebook ကိုပေးပြီး Promotion လုပ်နေပါတယ်။ အရင်က ပုံမှန်သတင်း အခြေအနေမှာ တစ်လကို လူ ၃၀၀၀၀ ကျော်လောက် like လုပ်တဲ့ အခြေအနေကနေ အခုလူတစ်သိန်း ကျော်လောက် Like လုပ်လာကြပါတယ်။ BBC Burmese သစ်ထူးလွင်၊ ရိုးရာလေးတို့ Facebook Promotion လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အစိုးရ Lobby Page ဖြစ်တဲ့ နည်းစနစ်ကျကျ အတွေးအခေါ် Facebook Page လည်း Facebook Promotion ကို လုပ်ထားတာ တွေ့ရပြီး သူတို့ Facebook မှာ Like ရတဲ့နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ၁ နှစ်မှာ ဒေါ်လာသောင်းချီပေးရမယ်လို့ ခန့်မှန်းပါတယ်" ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

Eleven Media Group

အပြည့်အစုံသို့ »

သမီးကလေးကျေးရွာက အိမ်လေးတစ်လုံး (ရုပ်/သံ)

ကြည့်ကြစမ်းပါ ဦးဗျာ လှည်ကူးမြို့ နယ် သမီးကလေးကျေးရွာက အိမ်လေးတစ်လုံးပါ  ကြည့်ကြပါ ဒီဗွီဒီယို ဖိုင်ကို  ကျွန်တော်ကြည့်ရင်း အဲဒီအိမ်က မိသားစုဝင် တစ်ယောက်အနေနဲ့ ခံစားမိတယ် ယူကျုံးမရ ဖြစ်မိတယ် စိတ်မကောင်းဘူး ။ မူရင်း video from - Ei Ei Theint

သစ်ထူးလွင်

အပြည့်အစုံသို့ »

UNITY ဂျာနယ်က ၅ ဦး ဖမ်းဆီးထားတဲ့ ကိစ္စ အစိုးရ အခုလို ထုတ်ပြန် (ရုပ်/သံ)

သစ်ထူးလွင်
အပြည့်အစုံသို့ »

အခုတလော လူပြောများနေတဲ့ ဦးခင်ညွှန်နဲ့  အဓိပတိ သတင်းဂျာနယ် အင်တာဗျူး (ရုပ်/သံ)

ဦးခင်ညွှန်နဲ့  အဓိပတိ သတင်းဂျာနယ်အင်တာဗျူးပါ အခုတလော (facebook)ပေါ်မှာ ဝေဖန်တာ အကောင်းပြောတာ အဆိုးပြောတာ အမြင်အမျိုးမျိုး ထွက်နေတဲ့ ဗွီဒီယို ဖိုင်လေးမို့  ပြန်တင်ပေးလိုက်ပါတယ်။\


သစ်ထူးလွင်

အပြည့်အစုံသို့ »

မဲဇလီကုန်း ယာဉ်တိုက်မှု ၊ ရဲစခန်း ဘက်လိုက်မှု ရှိတယ်ဟုဆို


ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ် ၊ မဲဇလီကုန်းဒေသ ၊ ဇောင်းတန်း ကျေးရွာအုပ်စု မုက္ခာ ကျေးရွာမှာ (၉-၁-၂၀၁၄)ရက်နေ့ ည(၆)နာရီခန့်တွင် အင်္ဂပူမြို့ မှ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် မော်တော် ဆိုင်ကယ်မောင်းသူ ကိုနေထွန်းဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် အပြင် ဘယ်ဘက်လက်သန်း တစ်ချောင်းကိုလည်း ဖြတ်ထုတ်ပစ်ခဲ့ ရပါသည်။ ထို့ပြင် ဘယ်လက်မောင်းအား စတီးရိုး အစား ထိုးထည့်သွင်း ရမည်ဟု ဆိုသည်။

အဆိုပါ မော်တော်ဆိုင်ကယ်အား တိုက်မိခဲ့သည့် မော်တော်ယာဉ်မှာ လိုင်စင်မဲ့ ယာဉ် ဖြစ်သည့်အပြင် မော်တော်ယာဉ်မောင်း ဦးဇော်ဝင်းအောင်မှာလည်း တရားဝင်ယာဉ်မောင်း လိုင်စင်မရှိသေးသူ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

သို့ သော် မဲဇလီကုန်းရဲစခန်းမှ လိုင်စင်ရှိ မော်တော်ဆိုင်ကယ်ကိုသာလျှင် သိမ်းယူထားပြီး ဆိုင်ကယ်ပိုင်ရှင် မိသားစုကို အမျိုးမျိုး အကြပ်ကိုင် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း နစ်နာဆုံးရှုံးရသူ မိသားစုဝင်များ ဘက်မှ စွပ်စွဲ ပြောကြားထားသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် လိုင်စင်မဲ့ မော်တော်ယာဉ်မောင်းအား ဖမ်းဆီးထား သော်လည်း လိုင်စင်မဲ့ မော်တော်ယာဉ်အား ပိုင်ရှင်ဖြစ်သူ ဦးအေးထွန်းဆိုသူမှ ရဲစခန်းနှင့် ညှိနှိုင်းကာ ပြန်လည်ထုတ်ယူသွားပြီး ဖြစ်ပါသည်။

ယာဉ်ပိုင်ရှင် ဦးအေးထွန်း၏ အကို ဦးမောင်ရွှေ ဆိုသူမှာ အင်္ဂပူမြို့နယ်မှ ရဲများနှင့် မည်သို့ အကြောင်း ဆက်နွယ်မှန်း မသိရသော်လည်း လက်ရှိဖြစ်စဉ်တွင် ၎င်းနှင့် အမှုစစ် ဒုရဲအုပ် ကိုကိုနိုင်တို့မှ နစ်နာသူနှင့် မိသားစုဝင်များကို ဥပဒေပုဒ်မများဖြင့် ခြိမ်းခြောက်ဖိအား ပေးကာ အမှုဖြစ်စဉ်အား လိုသလို အမှုတည်ဆောက်လျက်ရှိကြောင်း နစ်နာဆုံးရှုံးရသူ မိသားစုဝင်များ ထံမှ စုံစမ်းသိရှိရပါသည်။

BY THIT HTOO LWIN

အပြည့်အစုံသို့ »

ရထားပို့ဆောင်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသိစေရန် (ပေးစာ)


ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်း ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲများ ဖြစ်ကြသော မိထ္တီလာ၊ မကွေး၊ ပြည်၊ ပန်းတောင်း၊ မင်းလှနှင့် ဟင်္သာတတို့မှ ကားအစီးရေ စုစုပေါင်း ၁၅၀ ကျော်မှ ကုန်စည် ပို့ဆောင်ရေး (ကပရ ) ယာဉ်မောင်းများ ကြုံတွေ့ နေရသော အခက်အခဲများကို သစ်ထူးလွင် သတင်းဌာနမှ တဆင့် တင်ပြ အပ်ပါသည်။

အောက်ခြေ (ကပရ) ယာဉ်မောင်းများ၏ အခက်အခဲ ပြဿနာ (၄) ချက်ရှိပါသည်။

မကွေးတိုင်းအတွင်းမှထွက်ရှိသည့် ကြံများကို တောင်တွင်းကြီးမြို့နယ် ကံလှသကြားစက်သို့ ပို့ဆောင်ပေးရန်အတွက် သကြားစက်နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ညွှန်ကြားရေးမှူးတို့ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

ထိုသို့ချုပ်ဆိုရာတွင် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ညွှန်ကြားရေးမှူးမှာ တပ်ထဲမှ အရပ်ဖက်သို့ ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့လာသည့် လုပ်ငန်းကျွမ်းကျင်မှုမရှိသည့် မိုးကျရွှေကိုယ် ဖြစ်နေသည့်အတွက် စာချုပ်တွင် ကပရ အောက်ခြေယာဉ်မောင်းများအတွက် များစွာနစ်နာမှုများ ဖြစ်ခဲ့ပါသည်။

၁။ ညွန်ကြားရေးမှူးနှင့် စက်ရုံတို့ ချုပ်ဆိုသည့်စာချုပ်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် စက်ရုံဘက်မှ တာဝန်ယူပေးရန် ထည့်သွင်းမချုပ်ဆိုခဲ့မိသဖြင့် ယခုအခါ ကားလမ်းမကောင်း၍ ကားသမားများမှ ကားလမ်းများကို ကိုယ်ဖာသာကိုပြင်ပြီး မောင်းနေရသလို သတ်မှတ်ကုန်စည်တန်ချိန်ပြည့်မှီအောင် မတင်နိုင်ကြပါ။ ထို့ကြောင့် ကားသမားများမှာ များစွာ အခက်တွေ့နေရပါသည်။

၂။ ဌာနမှလက်ခံထားသည့်လုပ်ငန်းများကို လုပ်ကိုင်နေရသော်လည်း (ကပရ) ယာဉ်မောင်းဝန်ထမ်းများမှာ သက်ဆိုင်ရာဝန်ကြီးဌာနကို ( တလလျှင် ကားအသုံးပြုခ ကျပ်သုံးသိန်းခွဲ ) တရက်လျှင် ပျမ်းမျှနှုန်း ၁၂၀၀၀ ပေးသွင်းနေရပါသည်။ ကားပြင်ဆင်ရက်မပေးသည့်အပြင် ကားပျက်၍ပြင်ဆင်နေ့သည့် ရက်များတွင်လည်း နေ့စဉ် ၁၂၀၀၀ ပေးသွင်းနေရပါသည်။ ( ကားပြင်ရက်မပေးပါ။)

၃။ ကံလှသကြားစက်မှာ တလလျှင် ပျမ်းမျှ (၆)ရက်ခန့် စက်ရုံပိတ်ပါသည်။ စက်ရုံပိတ်ရက်များတွင်လည်း (ကပရ)ကားများကို ပြင်ပလုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုပဲ စက်ရုံဝင်းအတွင်း သော့ပိတ်ထားပါသည်။ ၎င်းနေ့ရက်များအတွက်ပါ ကားသမားများမှာ ကျပ်(၁၂၀၀၀) ပေးသွင်းရပါသည်။

၎။ (ကပရ) ယာဉ်မောင်းဝန်ထမ်းများမှ ရရှိသည့် သယ်ယူပို့ဆောင်စရိတ်များ (ခေါက်ကြေး) ထုတ်ပေးသည့်အခါ ၅% ( ၅ ရာခိုင်နှုန်း) ကို လူကြီးများအသုံးစရိတ်ဟုပြောကာ ဖြတ်တောက်ခံရပါသည်။ ထိုဖြတ်တောက်ငွေပမာဏမှာ တလလျှင် ကျပ်(၄၅) သိန်း ( လေးဆယ့်ငါးသိန်း) ခန့်ရှိပါသည်။

အဆိုပါ အခက်အခဲများအား ရထားပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ အမြန်ဆုံးကူညီဖြေရှင်းပေးပါရန် သစ်ထူးလွင်သတင်းဌာနမှတဆင့် တင်ပြတောင်းဆို အပ်ပါသည်။

ကံလှသကြားစက်သို့ ကြံများမောင်းပို့နေရသည့်

ကုန်စည်ပို့ဆောင်ရေး (ကပရ ) ယာဉ်မောင်းများ

အပြည့်အစုံသို့ »

Facebook သို့မဟုတ် မျက်နှာဖုံး စွပ်ပွဲတော်ထဲ ကျွံဝင်နေသော ကမ္ဘာအစစ်


တစ်နေ့ထက် တစ်နေ့ တိုးတက် သာလွန်မှု များနှင့် ပြောင်းလဲမှုများ ကိုသိရန်  မြေပြင်သို့ ကိုယ်တိုင် ကွင်းဆင်း လေ့လာရန် မလိုတော့သည့် ခေတ်မှာ လွန်ခဲ့ သည့်နှစ် အနည်းငယ်မှ စခဲ့သည် ဟုဆိုလျှင် မယုံနိုင်ဖွယ် မရှိ။ ကမ္ဘာကြီး မှာ ရွာကြီးတစ်ရွာ သာသာဖြစ်လာခဲ့ ချိန်၌ ဆက်သွယ်ရေး လမ်းကြောင်းများ အတွက် ကုန်းတစ် တန်၊ရေ တစ်တန်၊ လေတစ်တန် ကူးလူးသွားလာရန် မလို အပ်တော့။ ထိုအခြေအနေ၊ ထိုခေတ် တစ်ခေတ်ကို ဆိုရှယ်မီဒီယာ များဟု ခေါ်ဆိုသည့် လူမှုကွန်ရ က်များ ကဆောင်ကြဉ်းပေး ခဲ့ကြခြင်းဖြစ်သည်။ လူတို့သည် ဝေးကွာနေသည့် မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်ရသူများနှင့် စက္ကန့်ပိုင်းအတွင်း ဆက်သွယ်နိုင်မည့် စနစ်အပေါ်မည် သူမျှ လျစ်လျူရှုထား ကြမည် မဟုတ်။ ထို့ကြောင့်ပင် လူမှု ကွန်ရက်သည် တီထွင်သည့်နိုင်ငံတို့ တွင်သာမက အခြားနေရာ ဒေသများသို့ ပါလွယ် ကူလျင်မြန်စွာ ပျံ့နှံ့နေပြီး၎င်းမှာ လူမှုကွန်ရက် ဆက်သွယ် မှုကောင်း မွန်သည့် အချက်ကြောင့် ဆိုလျှင် မှား နိုင်ဖွယ် မရှိပေ။
တစ်ခုထက်ပိုသော အာနိသင်များ
ဖေ့စ်ဘွတ် အသုံးပြုမှု တွင်ကျယ် လာသည်နှင့်အမျှ ကောင်းကျိုး သာမက ဘေးထွက်လာသည့် ဆိုးကျိုးများပါ တွေ့လာရမည်ဖြစ်သည်။ အကောင်း ဘက်ဖြင့်ကြည့် မည်ဆိုလျှင် လူမှုကွန် ရက်ကြောင့် သာမန်လူတစ်ဦးအဖြစ် ရပ်တည်ရှင်သန်နေရသည့် ဦးလှကြိုင် မှ သမိုင်းမှတ်တမ်းဝင် သခင်လှကြိုင် ဖြစ်လာရသည်ကို မည်သူမှ မငြင်းနိုင်။ ယင်းက ဖေ့စ်ဘွတ်၏ ထိရောက်မှု တစ် ခုဟု ဆိုနိုင်သည်။ ထို့အပြင် သွေးလှူ ဒါန်းမှုလိုအပ်နေပါသည်ဟူသည်မှ စ၍ ‘လေးစားစွာ ပန်ကြားပါသ ည်’ဆိုသော အချက်အလက်များအထိ လူမှုစာမျက် နှာပေါ်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း မလို လားအပ်သည့် ဆိုးကျိုးများ ပေါ်ပေါက် လာနိုင်ပြီး စက္ကန့်ပိုင်းအတွင်း၌ပင် သတင်းဖြန့်ချိပေးနိုင်ခြင်းကြောင့် ပြင်ပ ပဋိပက္ခမှုခင်း မျာဖြစ်ပွား လာစေနိုင် သည့်အပြင် သူတစ်ပါးအပေါ် ပုတ်ခတ် တိုက်ခိုက်မှုများလည်း လွန်စွာလုပ် ဆောင်လာနိုင်ကြသည်ဟု ကွန်ပျူတာသိပ္ပံ ဘာသာမာ စတာတန်း တက်ရောက်နေ သည့် ဖေ့စ်ဘွတ်သုံးစွဲသူတစ်ဦးဖြစ်သော မယဉ်ဝင်းထိုက်က သူ့အမြင်ကို ပြောပြသည်။ဝါရင့်သတင်းစာဆရာဖြစ်သည့် ဦးရဲနိုင်မိုးကမူ ”ကျွန်တော်တို့ဆီမှာ ပြောရရင်တော့ လူမှုရေးကိုကျော်လွန်ပြီး တော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းပိုင်း ဆိုင်ရာကိစ္စတွေ အတွက်ပါ ထဲထဲဝင်ဝင် သုံးလာကြတယ်”ဟု ဖေ့စ်ဘွတ်တွင် ကျယ်လာနေသည့် ပုံစံ အပေါ်မှတ်ချက် ပေးသည်။ ဤသို့ဆိုလျှင် ပျံ့နှံ့မှု စီးဝင် မှုပြင်းထန်လာခြင်း၏ အကြောင်းပြချက် ကား အဘယ်နည်းဟု မေးခွန်းထုတ်မည် ဆိုလျှင် ….
အကြောင်းပြချက် မျိုးစုံဖြင့် ဖန်တီးသည်
 ‘လူမှုကွန်ရက်’ဟူသည့် အမည်နာ မနှင့်အညီ လူမှုရေးကိစ္စများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ရည်ရွယ်ခဲ့ သည့် ဖေ့စ်ဘွတ်မှာ နိုင်ငံတကာ၌ မည်သို့အ သုံးပြုနေကြသည်ကို တိကျ စွာစစ်တမ်းမကောက်ယူနိုင်။ သို့သော် ပြည်တွင်းတွင် လူမှုရေးထက်ကျော်လွန် သည့်ကိစ္စများ၊ သတင်းဖြန့်ချိမှုများ၌ ထဲထဲဝင်ဝင် အသုံးပြု လာနေကြသည်ဟု သတင်းစာဆရာ ဦးရဲနိုင်မိုးက ဆိုသည်။ ထိုကဲ့သို့ အဓိကတစ်ခုအနေနှင့် ဖြစ် လာခြင်းက ပြည်တွင်း၏ အခြားသော ဆက်သွယ်ရေးနည်း လမ်းများ အားနည်း နေခြင်းကြောင့်လည်း ဖေ့စ်ဘွတ်မှာ တစ်မုဟုတ်ချင်း အရေးပါလာပြီး ယင်း သို့ ဖြစ်လာခြင်းက ကောင်းမွန်သည်ဟု မှတ်ချက်ပြု သည်။”သတင်း စီးဆင်း မှု မြန် ဆန်လာ တယ်”ဟူ၍ ဖြစ်သည်။ ဖေ့စ်ဘွတ်၏ ကြီးမားစွာပျံ့နှံ့လာနေမှုမှာ ၁၅ဝဝ ကျပ်တန် တန်ဖိုးနည်း ဖုန်းများပေါ်ပေါက်လာပြီး နောက်ပိုင်း၌ ပိုမိုသိသာလာခဲ့ပြီး ဈေးသည်အချို့မှ အစ နိုင်ငံ့ အရေး ဆောင်ရွက်သူများ အဆုံးအသုံးပြုလာနေကြပြီဟု 7 Days သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သူ ကိုဥက္ကာကိုကိုက ဆို သည်။”အခြေခံ လူတန်း စားေ တွ အင် တာနက်သုံးတတ်အောင် လေ့ကျင့်ပေးသင့်တယ်။ အနည်းဆုံးတော့ မိုးလေ ဝသသတင်းကြည့်တတ်ရမယ်လေ”ဟု ကိုဥက္ကာကိုကိုက ဖေ့စ်ဘွတ် နယ်ပယ် ကျယ်ပြော ရာတွင် လူတန်းစားများစွာ ပါဝင်လာသင့်ပုံကို ညွှန်းဆိုခြင်း ဖြစ်သည်။
တရားဝင်သတင်းဌာနကြီးများမှ မီဒီယာလက်နက်တစ်ခုအဖြစ် ဖေ့စ် ဘွတ်အား အသုံးပြုလာခြင်းမှာမူ ယခင် က ထားရှိခံခဲ့ရသည့် စာပေစိစစ်ရေး၏ အကျိုး ဆက်ကြောင့် ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က သုံးသပ်မှတ် ချက်ပေးသည်။ ယင်းကာလများအတွင်း တွင် တင်ပြလိုသည့် သတင်းများမှာ စာပေစိစစ်ရေး၏ လှီးဖြတ်မှုဒ ဏ်ခံခဲ့ ရပြီး ပေးလိုသည့်မက်ဆေ့ခ်ျ၊ သတင်း ရသများပျောက်ဆုံးခံရခြင်းကြောင့် စာပေစိစစ်ရေး ပျက်သုဉ်းသွားသည့် နောက်ပိုင်း သတင်းဌာနများအနေနှင့် သတင်းကို တိုတိုနှင့်လိုရင်း ထိမိစွာ ပေးနိုင်ရန် လူမှုကွန်ရက်ကို အသုံးပြု လာခြင်းဖြစ်မည်ဟုလည်း ဦးမင်းတေဇ ညွန့်တင်က ဆိုသည်။ ”ဒါတွေက သတ်မှတ်ထားတဲ့ အရမ်းတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ အလွန်အနေနဲ့ ပေါက်ထွက်လာတာပါ” ၎င်းက ပညာရှင်တစ်ဦး၏ ဖေ့စ် ဘွတ်တွင်ကျယ်မှု အကြောင်းအကျိုး သုံးသပ်ချက်များဖြစ်သော်လည်း ဖေ့စ် ဘွတ်အသုံးပြုသူ လူငယ်တစ်ဦးဖြစ်သည့် ရူပဗေဒဒုတိယနှစ်ကျောင်းသူ မရွှေရည် ကမူ ”ဖေ့စ်ဘွတ်သုံး ရတာ ကောင်းပါ တယ်။ ဖေ့စ်ဘွတ်က သုံးတတ်ရင် အကျိုးဖြစ်ပါတယ်”ဟူ၍ ဖြစ်သည်။
ဆိုရှယ်ကိုကျော်လွန် လာသောအခါ
”လူတစ်ယောက်ရဲ့ အကျင့်သိက္ခာ တွေက စက္ကန့်ပိုင်းအတွင်း ပြိုလဲသွား နိုင်တဲ့ဟာမျိုး ဖြစ်နေပြီ”ဟု ဦးမင်းတေ ဇညွန့်တင်က ဖေ့စ်ဘွတ်၏ ထိရောက်မှု အရှိဆုံးအကျိုး ဆက်ကို ဆိုသည်။ လူမှုကွန်ရက်တစ်ခုအဖြစ် ကျော် လွန်လာသည့် ဖေ့စ်ဘွတ်ကို ပြည်တွင်းရှိ သန်းခြောက်ဆယ်သော လူဦးရေအား လုံး သုံးစွဲနေနိုင်ခြင်းတော့ မဟုတ်။ အ သုံးပြုသူရာခိုင်နှုန်းနည်းသော်လည်း အကျိုးသက်ရောက်မှုမှာ လျှော့တွက်မရ သည့်အနေအထားမျိုး ဖြစ်လာသည်က အဘယ့်ကြောင့်နည်း။ အဆိုပါမေးခွန်း အပေါ် သတင်းစာဆရာဦးရဲနိုင်မိုးက သုံးသပ်ပြောကြားသည်။ ¤င်း၏အဖြေ မှာ လက်ရှိဖေ့စ်ဘွတ်အသုံးပြုသူ ရာခိုင် နှုန်းနည်းပါးသော်လည်း ဖေ့စ်ဘွတ် အသုံးပြုသူများမှာမူ လူ့အဖွဲ့အစည်း၌ အရေးပါသည့် လူတန်းစားများ ဖြစ်နေ ကြသည်ဟူ၍ ဖြစ်သည်။ ”ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့ မြို့ကြီးတွေမှာ နေထိုင်နေတဲ့ ပညာ တတ်လူငယ်နဲ့ လူလတ်တန်းစားတွေ ဖြစ်တယ်။ အဲဒီတော့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ အဆုံးအဖြတ်ပေးဖို့အတွက် အရေးပါတဲ့ အလွှာထဲမှာပါတယ်”ဟု ဆိုသည်။ လူမှုကွန်ရက်မှ သတင်းကွန်ရက် သို့ ချဉ်းကပ်လာနေသည့် ဖေ့စ်ဘွတ် ပေါ်မူတည်၍ အရေးကြီးလာသည့် အချက်မှာ အဆိုပါသတင်းများကို စောင့်ကြည့်ဖတ်ရှုနေသည့် စာဖတ်သူ များ၏ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ဖြစ် သည်ဟု ဆိုရမည်။ မည်မျှပင်စိတ်ချရ သည့် သတင်းဌာန၊ ဖေ့စ်ဘွတ်နှင့် ယုံ ကြည်ရသည့် သတင်းသမားတစ်ဦး တင်ဆက်သည့် သတင်းများပင်လျှင် အချိန်နှင့်တစ်ပြေးတည်း တင်ဆက်နေရ သည့်အတွက် မှားနိုင်ခြေရှိပြီး ယင်းသို့ အာမခံချက်ပေးနိုင်သည့် သတင်းဌာန မျိုးမဟုတ်သော အခြားနေရာများ၏ သတင်းပျံ့နှံ့လာမှုကိုမူ သုံးစွဲသူများ၏ စိစစ်သုံးသပ်နိုင်ခြင်းက များစွာ အ ထောက်အပံ့ပေးမည်သာဖြစ်သည်။ စာဖတ်သူ၏ ယုံလွယ်မှုများနှင့် သတင်း သမားများ၏ မှန်ကန်မှုစစ်ဆေးခြင်း၊ ခိုင်ခံ့မှု မရှိခြင်းတို့ကြောင့် ဘေးထွက် ဆိုးကျိုးများရှိခဲ့ သည်ကို သတိချပ်သင့် ကြောင်း ဦးရဲနိုင်မိုးက ပြောသည်။
ထိရောက်မည့် အကာအကွယ်
အပျော်တမ်း သတင်းဖြန့်ချိမှုများ ရောယှက်လာသည့်နောက်ပိုင်း ဖေ့စ် ဘွတ်အသုံးပြုမှုအပေါ်တွင် တာဝန်သိ မှုများလည်း ထပ်ပေါင်းရန်လိုအပ်လာ သည်။ ၎င်းကို ဦးရဲနိုင်မိုးက သတင်းသမားများတွင်ကျင့်ဝတ်ဟုခေါ်သည့် Ethic ရှိပြီး အင်တာနက်ပေါ်၌လည်း Nethic ဟုခေါ်သည့်အင်တာနက် ကျင့်ဝတ်ရှိသင့်သည်ဟု ဆိုသည်။ အဆိုပါ အင်တာနက်ကျင့်ဝတ်ကို ထိန်းသိမ်း စောင့်စည်းနိုင်ခြင်း မရှိလျှင်တော့ ဘေး ထွက်ဆိုးကျိုးများ ပြန်လည်ခံစားရလာ မည်ဟုလည်း သူက ဆက်ပြောသည်။ ထိုနေရာတွင် အပျော်တမ်း သတင်းဖြန့်ချိသည့် လူမှုကွန်ရက်များ၏ တာဝန်သိမှုကလည်း အရေးပါသည်။ ကြိုက်နှစ်သက်သူ သုံးသန်းနီးပါးရရှိထား ပြီး သတင်းဖြန့် ချိမှုမြန် ဆန်လာသည့် ‘အေးချမ်းမွန်”လူမှုစာမျက်နှာကမူ ၎င်းအနေနှင့် သတင်းဌာနမဟုတ်သည့်အပြင် ဝါသနာအရသတင်းများမျှဝေပေး နေခြင်း သာဖြစ် သည့်အတွက် ကိုယ် ပိုင်ခံစားချက်ဖြင့် ရေးသားသော သတင်းများမှလွဲ၍ အခြားသောသတင်းများကိုမူ မူရင်းသတင်းဌာနသို့ Credit ပေးသည်ဟု ပြောသည်။ ဤသည်က အ ပျော်တမ်း သ တင်းဖြန့်ချိမှု၏ တစ်နည်းတစ်ဖုံ တာဝန်သိမှုဟု ဆိုရမည်လော။ သတင်းဌာနတစ်ခု မဟုတ်သော် လည်း အင်တာနက်ကိုယ်ပိုင်စာမျက်နှာ ဖြင့် အွန်လိုင်းသတင်းလောကတွင် နေရာရနေပြီဖြစ်သည့် ‘သစ်ထူးလွင်’ ပေ့ခ်ျအနေနှင့်မူ လူမှု ကွန်ရက်အင်တာနက်စာမျက်နှာများအပေါ် တာဝန်ခံမှု နှင့် တာဝန်ယူမှုများစွာ ထားရှိရန် မလို ဟုသူ၏အမြင်ကို ဖြေကြားသည်။ ထိုသို့ ထင်မြင်ရခြင်း က ဖေ့စ် ဘွတ်၌ ရေးသား ဖြန့်ဝေသည့်ခံစားချက်၊ သတင်းနှင့် ဝါဒ ဖြန့်ချိမှုများနှင့်ပတ်သက်၍ သုံးစွဲသူများ က ခွဲခြားနားလည်နေပြီ ဖြစ်ခြင်း ကြောင့်ဟု ဆိုသည်။ သို့သော် တာဝန် ယူမှုမရှိခြင်းက ပြင်ပအသုံးပြုသူများ အတွက် ကြီးလေးသည့်ပြဿနာမဖြစ် နိုင်သော်လည်း သတင်းဌာနများ သာမ က အစိုးရဝန်ကြီးဌာနများ၏ ဖေ့စ်ဘွတ် အသုံးပြုမှု တွင်တော့ တာဝန်ယူမှုကို ချန်လှပ်မထားခဲ့သင့်ကြောင်း သုံးသပ်မှု များ ရှိလာသည်။ သတိ သင့်ထံတွင် တာဝန်ရှိသည် အထက်ပါ သုံးသပ်ချက်များအ တိုင်း သတင်းမီဒီယာများနှင့် အစိုးရ၏ ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်များ၏ အသုံး ပြုမှုတွင်မူ ‘တာဝန်’ယူနိုင်မှု ရှိရန် လိုအပ်သည်။ လုပ်ငန်း ကိုယ်စားပြု တင် ပြမှုများတွင် ပိုမိုသာလွန်သည့် တာဝန် ယူမှုများရှိရန်လိုအပ်သည်ဟုလည်း ဦး ရဲနိုင်မိုးက ဆိုသည်။
”သာမန်ပြည်သူ ပဲဖြစ်ဖြစ် သတင်းသမား ပဲဖြစ်ဖြစ် လူရှေ့သူရှေ့မှာ ကိုယ် ထုတ်မပြောရဲတဲ့ စကားတစ်လုံးကို အင် တာနက်ပေါ်မှာလည်း မတင်သင့်ဘူး”ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် နိုင်ငံတကာ၏ ဝါရင့် သတင်းဌာနများဖြစ်သည့် AP, AFP နှင့် Reuters သတင်းဌာနများတွင် သတင်းသမားများအတွက်လူမှုကွန်ရက် အသုံးပြုရာတွင် လိုက်နာရမည့် လမ်း ညွှန်ချက်များ ချပေးထားပြီးယင်းလမ်း ညွှန်ချက်များက ဆိုရှယ် ဆိုက်သုံးစွဲမှု အပေါ် ပိတ်ပင်ခြင်းမဟုတ်ဘဲ ၎င်းတို့ မှာ သတင်းဌာန ကိုယ်စားပြုနေသူများ ဖြစ်၍ ကိုယ်ပိုင်လူမှုစာမျက်နှာမှ အရမ်း ကာရောမှတ်ချက်ပေးခြင်း၊ ပြဿနာ များတွင် တစ်ဖက်စောင်းနင်း ဝင်ရောက် ရေးသားခြင်းနှင့် အယ်ဒီ တာတည်း ဖြတ်မထားရသေးသည့် သတင်းများ လူမှုကွန်ရက်ပေါ်သို့ ရောက်ရှိမသွားစေ ရန် စောင့်ကြည့်ခြင်း သဘောမျိုးသာဖြစ် သည်ဟုသိရသည်။
သတင်းသမား တစ်ဦး အနေဖြင့် ရေးသားမှုများ၌ အလောတကြီး လုပ် ဆောင်ရန်မသင့်ဘဲ အထူးသဖြင့် မိမိ၏ လူမှုကွန်ရက်စာမျက်နှာ၌ မိတ်ဆွေများ ပြားသည်ဆိုပါက တင်ပြမည့် အချက် အလက်များ သေချာစိစစ် တင်ပြရန်လို သည်ဟု 7 Days ၏ အကြီးတန်း သတင်းထောက် ကိုဥက္ကာကိုကိုက ဆိုသည်။ ၎င်းမှာ ဆဲဆိုမှုပေါင်းများ စွာ နှင့် တကွ ရရှိခဲ့သည့်သင်ခန်းစာဖြစ်သည် ဟုလည်း ဆိုပြန်သည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်၌ အနုပညာရှင်များ၏ မူး ယစ်ဆေးနှင့်ပတ်သက်သည့် ဖိုင်များ ဖွင့် ချပြခဲ့သည့် ”မိုးဇေညိမ်း”စာမျက်နှာ အနေဖြင့် ဖေ့စ်ဘွတ်သည် လူ့အဖွဲ့ အစည်းအတွက် ကောင်းမွန်မှုများ ရှိ စေသကဲ့သို့ ကိုယ်ကျိုးတစ်စုံတစ်ရာ အတွက် လှုံ့ဆော်မှုများလည်း ရှိနေ သည်ဟု ပြောသည်။ ၎င်းတို့ကိုယ်တိုင် အနေနှင့် အထက်ပါဖြစ်ရပ်များနှင့် ပတ်သက်သည့် ဖိုင်များ စာမျက်နှာ အထက်တွင် တင်ပြခဲ့ရသည့် ရည်ရွယ် ချက်ကိုလည်း ပြောပြသည်။
”ရည်ရွယ်ချက်ကတော့ အာဏာ ရှင်ခေတ်မှာ ပြည်သူတွေ မသိအောင် လျှို့ဝှက်ထားတာတွေကို ပြည်သူတွေ လည်း သိသင့်တယ်လို့ ယူဆလို့ပါ”ဟု သူကဆိုသည်။ သို့သော် ၎င်း၏ဖော်ထုတ်မှုမှာ ယခုမှမဟုတ်လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကပင် သတင်းဌာနအချို့နှင့် ဆက်သွယ်သတင်းပေးပို့ဖူးပြီး ၎င်းတို့မှလည်း လုံခြုံရေးအရ အချက် အလက်အနေနှင့်သာ သုံးစွဲခဲ့ကြသည်ဟုလည်း ရှင်းလင်း သည်။ အဆိုပါကိစ္စအတွက် တာဝန်ယူ လိုမှုအပေါ်တွင် ‘မိုးဇေညိမ်း’က ”တရားရုံးရောက်တဲ့အထိ တာဝန် ယူနိုင်မလားဆိုတာကတော့ ကျွန်တော်ဘယ်သူဆိုတာ ပေါ်ပေါက်သွားတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့။ လက်ရှိ အခြေအနေအရတော့ ကျွန်တော့်အနေ နဲ့ လူရှေ့မှာ ထွက်ပြလို့ မရနိုင်တဲ့အခြေ အနေရှိပါတယ်”ဟု ဖြေကြားသည်။
ဆေးရှိသော်လည်း မလွှမ်းခြုံနိုင်သေး သည့်ရောဂါ
ထိုထိုသော အကျိုးအကြောင်းများ စွာဖြင့် ပျံ့နှံ့လာသည့် လူမှုကွန်ရက်၌ တင်ပြသည့် သတင်းနှင့်အချက်အလက် များ မှန်ကန်ကြောင်း ထောက်ခံတာဝန် ယူနိုင်မည် ဆိုသော်လည်း အချို့သော ကိစ္စများမှာ လူ့ဂုဏ်သိက္ခာရပ်များနှင့် သက်ဆိုင်နေခြင်းကြောင့် ချင့်ချိန်မှုကို နှလုံးသားဖြင့် ပြုလုပ်ရန်လိုအပ်လာ မည်ဖြစ်သည်။ တာဝန် ခံနိုင်မည်ဆို၍ တင်ပြလိုက်ခြင်းကြောင့် တစ်ဖက်သား ထိခိုက်နစ်နာမှုများ ရှိနေမည်ဆိုပါက မည်သို့သော အခြေအနေဖြင့် ပြန်လည် ကုစားကြမည် ဆိုသည် က ပြဿ နာတစ် ရပ်ဖြစ်လာသည်။ ယင်းသို့သော အခြေအနေကို ထိန်းကျောင်းနိုင်မည့်တစ်ခုတည်းသော စည်းရိုးမှာ ‘ဆိုက်ဘာ’ဥပဒေသာဖြစ်မည် ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့် တင်က ပြတ် သားစွာပြောကြားသည်။ ယင်းမှာအမှန်ပင်ဖြစ်ပြီး နိုင်ငံတကာ၏ လူမှုကွန်ရက်အသုံးပြုမှုများ ဗရမ်းဗတာ မဖြစ်စေရန်ကိုလည်း ၎င်းအချက်နှင့် ပင် တိကျစွာ ထိန်းကွပ် ထားနိုင်သည်ကို တွေ့ရမည်။ သို့သော်ပြည်တွင်း၌ အချိန် ကာလ တစ်ခုအားဖြင့် အနည်းငယ်ကြာ မြင့်ဦးမည်ဟု ထင်ရသည်။ ‘ဆိုက်ဘာ’ဥပဒေကို ပြည်တွင်းအတွက် Asia Foundation အဖွဲ့နှင့် ပူးပေါင်း၍ ပင်မကျောရိုး ပြီးစီးသည်အထိ ရေးဆွဲခဲ့ ကြောင်း၊ သို့သော် ၎င်းဥပဒေမှာ ပြည် ထဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည် ဆိုခြင်းကြောင့် ဥပဒေအကြမ်းကို လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု ဦးမင်းတေ ဇညွန့်တင်က ဆိုသည်။ လူမှုကွန်ရက် သည် ယခုထက်ပိုမိုနက်ရှိုင်းစွာ ကျယ် ပြန့်လာမည် ဆို ပါက ၎င်းနှင့်ဆက်စပ် သည့်ရောဂါများအတွက် တစ်ခုတည်း သော ကုသနိုင်မည့်ဆေးမှာ ‘ဆိုက်ဘာ’ဥပဒေသာ ဖြစ်ပေလိမ့်မည်။
အကျိုးအကြောင်း အဆိုးအ ကောင်းဒွန်တွဲနေခြင်းမှာ လောကနိယာ မ တစ်ခုသာဖြစ်ပြီး ယင်းအပေါ်တွင် လိုက်ပါနေကြရသည့် လူပုဂ္ဂိုလ်များ အနေဖြင့်သာ ခွဲခြမ်း စိတ်ဖြာမှု ပြုလုပ် ရန်လိုအပ်မည်ဖြစ်သည်။ လူမှုကွန်ရက် ၌ အကျိုးမရှိဟုဆိုပါလျှင် အသုံးပြုသူ များက ကမ္ဘာအဝှမ်းသန်းနှင့်ချီ ရှိလာ ရန်အကြောင်းမရှိ။အကယ်၍ သင့်ထံ တွင် ဝမ်းသာ ဖွယ်ဝမ်းနည်းဖွယ် အကူအညီတောင်းခံ လိုမှု၊ အများ သိစေရန် ကြေညာလိုမှုများ နှင့် မကျေနပ်မှုများ ထုတ်ဖော်ရန် အချိန် များစွာမလို အပ်တော့။ ထို့အတွက် နာမည်နှင့် လျှို့ဝှက်နံပါတ် များဖြင့် အသုံးပြုရသည့် လူ မှုကွန်ရက်တစ်ခုသာ ရှိနေရန်လိုပါသည်။ ခလုတ်တစ် ချက်နှိပ် လိုက်ပါ။ သင်ကိုယ်တိုင် ဖန်ဆင်းရှင် အဖြစ် သင့် စိတ်ကြိုက်ကမ္ဘာတစ်ခု ဖန် တီးရန်သင်အိပ်မက်မက် နေသည် မဟုတ် လော။

Popular Myanmar News Journal

အပြည့်အစုံသို့ »

အသိမ်းခံယာမြေများ ပြန်မရသေးသည့်အသက် (၈ဝ) နီးပါးရှိ အမေကြီး


ပြည်သူ့ ဆောက်လုပ်ရေး ဌာနမှ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်စဉ်က အသုံးပြုရန် နွားထိုးကြီးမြို့ နယ် ပြင်စည်ကျေးရွာနေ လယ်သမားကြီး (ဦးမွှေး) မိသားစုပိုင် ယာမြေများကို သိမ်းယူခဲ့ပြီး လုပ်ငန်းများ ပြီးသွားသော်လည်း ယခုထိ ပိုင်ရှင်မိသားစုထံ ပြန်မပေးသေးကြောင်း သိရသည်။
ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း လမ်းစီမံကိန်း အထူးအဖွဲ့ (၁၄)အနေဖြင့် ယာမြေများကို ပြန်မပေးသည့်အပြင် ၄င်းတို့ ပိုင်ဆိုင်နိုင်ရန် အတွက် (၁၅.၈.၂ဝ၁၃)နေ့ စွဲပါ စာအမှတ် အခမ-ထွေ/တံတား ၁၄/၂၅ဝ ဖြင့်လန(၃၉) လျှောက်ထားခဲ့သေးသည်။
၎င်းယာမြေများမှာ ဦးမွှေးနှင့်  သမီးဒေါ်ဝင်းကြည် မိသားစုပိုင်ဦးပိုင်အမှတ် (၇၇) ကွင်းအမှတ် (၇၅-က) ယာမြေများဖြစ်၍လန (၃၉)ကို ခွင့်မပြု နိုင်ကြောင်း နွားထိုးကြီးမြို့ နယ် မြေစာရင်းဌာနမှ (၂၅.၉.၂ဝ၁၃)နေ့ စွဲပါ စာအမှတ်၄၄၂/မအ-၁ ဖြင့် ပြန်ကြားခဲ့ရသည်။
ထိုသို့  ယာမြေများကို အပိုင်စီး၍ မရသောအခါ ရုံးအဆောက်အအုံများ၊ ယန္တယားပစ္စည်းများကို ဖျက်သိမ်း ပြောင်းရွှေ့ ခြင်း မပြုဘဲ လယ်ပိုင်ရှင်များ စိုက်ပျိုး၍ မရအောင်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ (၇) ထုတ်မရအောင် ပညာပြညစ်ပတ်ထားကြောင်း၊ ဤကိစ္စ သမ္မတကြီးနဲ့ လူကြီးများ သိရှိ အရေးယူ ပေးနိုင်ရန် အသိပေး တိုင်ကြားမည် ဖြစ်ကြောင်းဖြင့် ယာမြေဆုံးရှုံးနေရသူ အသက် (၈ဝ) နီးပါးရှိ ဒေါ်ဝင်းကြည်က မျက်ရည်စက်လက်နှင့် ပြောကြားခဲ့သည်။

သစ်ထူးလွင်

အပြည့်အစုံသို့ »

လက်ရှိတရုတ် အစိုးရကို ဦးသန်းရွှေ ပြစ်တင်ဝေဖန်လိုက်ခြင်း


(နေပြည်တော်သတင်း)

တော်တော်သောက်သုံးမကျတဲ့ ရှီကျင်းပင် ပဲ ၊ ဖအေကို ဖအေလို့ မမြင်တဲ့ အကောင်ပဲ ၊ ဒီနေ့ ဒီအကောင် ဒီလိုနေရာရအောင် ကျန်ဇီမင်း နဲ့ လီပင်းတို့ ဘယ်လောက် အနစ်နာခံခဲ့ရသလဲ ၊

အခု စပိန်တရားရုံးက ကျန်ဇီမင်း လီပင်းနဲ့ နောက်ထပ် ၃ ယောက်ကို ဖမ်းဖို့အမိန့်ချလိုက်ပြီ . . ဒါကို ပြတ်ပြတ်သားသား တုန့်ပြန်ရမှာ . . ဒီကောင် ရှီကျင်းပင်တော့ ကွာ . . အေးတိအေးစက်နဲ့ . . ဟိုမှာ ဟူကျင်တောင် နဲ့ ဝမ်ကြားပေါင်တို့ကိုပါ ဖမ်းခိုင်းတော့မှာ

. . ဒီကောင် ရှီကျင်းပင်ကတော့ မွေးရကျိုးမနပ်တဲ့ အကောင်ပဲ . . .

လုပ်ရမှာက စပိန်တရားရုံးက ဒီလိုအမိန့်ချမှတ်လိုက်တာဟာ တရုတ်ပြည်ကြီး တစ်ခုလုံးနဲ့ သန်းသုံးထောင်ကျော်ရှိတဲ့ တရုတ်လူထု ရှည်လျှားလှတဲ့ တရုတ်သမိုင်းကြောင်းကြီးကို ထိခိုက်စော်ကားလိုက်တာ ဖြစ်တယ် ၊ ဒီလုပ်ရပ်ကို ကျူးကျော်ရန်စမှု အဖြစ်

သတ်မှတ်တယ် ၊ ၂၄ နာရီအတွင် စပိန်တရားရုံးက ဒီအမိန့်ကို ပြန်ရုတ်သိမ်းရမယ် တရုတ်ပြည်ကြီးကို တရားဝင် အနူးအညွတ်တောင်းပန်ရမယ် နောက်ပြီး အဲဒီဆုံးဖြတ်ချက်ကို ချလိုက်တဲ့ တရားသူကြီးကို ဖမ်းဆီးထောင်ချပစ်ရမယ် . . အဲဒီလိုမှ မလုပ်ရင် စပိန်နဲ့

သံတမန် အဆက်အသွယ်ဖြတ်တောက်မယ် . . ဒီလုပ်ရပ်ဟာ စပိန်က တရုတ်ကို စစ်ကြေငြာလိုက်တဲ့ လုပ်ရပ်လို့ သတ်မှတ်လိုက်မယ် . . ဒါမျီုးတွေလုပ်ရမှာကွား . . ခုတော့ ရှီကျင်းပင်က ငပျော့ကြီး ဖြစ်နေပါလား . .

ဟာ . . ရှီကျင်းပင်က လူလည်ပဲကွ . . လုပ်သင့်တာတော့ မလုပ်ဘူး . . ဟို ငါပိုင်သူပိုင်ငြင်းနေတဲ့ ကျွန်းစုတွေ မှာတော့ ကန့်သတ်ချက်အသစ်ထုတ်လိုက်တယ်တဲ့ . . ဟာ . . ဒီကောင်တော့ လူလည်ကျပြီ . . ကိုယ့်ကျေးဖူးရှင်တွေကို ကာကွယ်ရမယ့် အစား

ဘာမဟုတ်တဲ့ အရေးအကြောင်းလေးကို အကြောင်းပြပြီး လူထုအာရုံစိုက်မှုကို လမ်းလွှဲလိုက်တယ် . . ဟာကွာ . . ဒါဒီကောင် သတ်သတ်လုပ်တာ . . ဒီအချိန်မှာ ဒါလုပ်တာဟာ ဒီကောင် သတ်သတ် နာမည်ကြိးအောင် လူလည်ဝင်လုပ်တာပဲ . . ရှီကျင်းပင်ဟာ

လူလည်ပဲ ကွ . . ဒိကောင့် ကို ချက်ချင်း အစားလဲ ပစ်လိုက်ရမှာကွာ . . အစောကတည်းက ဒီလိုနေရာမျိုးကို သေဆိုသေရှင်ဆိုရှင် ချဆိုချ သတ်ဆိုသတ် လူနိုင်တွေကို ပဲ ရွေးခန့်ရမှာ . . ဒီပုံအတိုင်းဆို ကျန်ဇီမင်း တို့ လီပင်းတို့ ဟူကျင်တောင်တို့ ဝမ်ကြေားပေါင်

တို့တော့ သွားပါပြီကွာ . . ကံမကောင်းရင် တစ်သက်လုံး မသေမချင်း အချုပ်ထဲနေရတော့မှာ . . ဒီကောင်တွေကလည်း အ ပါ့ ကွာ . .

အခန်းထဲမှာ မြင်ကွင်းကျယ်ကွန်ပြူတာစခင်ရင်ကို ကြည့်ရင်း ဦးသန်းရွှေ တစ်ယောက် မချိတင်ကဲ စကားများ ရေရွတ်နေခြင်းဖြစ်ပါသည် ၊ သက်ပြင်းများလည်း ခဏခဏချနေသည် ၊ အခန်းက ပါကေးအထူးခင်း ဝေါပေပေါများ ကပ်ထားပြီး အဲယားကွန်းအပြည့်

လွှတ်ထားပေမယ့် ဦးသန်းရွှေ တစ်ယောက် ချွေးများဖြင့် ရွှဲနစ်နေသည် ၊ ဇောချွေးများကြောင့်ဖြစ်မည် ၊ ကွန်ပြူတာစကရင် မြင်ကွင်းကျယ်တွင် ပေါ်နေသည်က သစ်ထူးလွင် ဆိုက်မှ စာမျက်နှာအချို့ဖြစ်သည် ၊ မရှုမလှ သေဆုံးနေသော အာဏာရှင်ဟောင်း ကဒါဖီ ၏

ရုပ်ပုံကိုလည်း သစ်ထူးလွင်ဆိုက် ဝင်းဒိုး၏ နောက်ကွယ်တွင် ဖွင့်ထားသဖြင့် တစ်ဝက်တစ်ပျက် တွေ့နေရသည် ၊

ဥိးသန်းရွှေ တစ်ယောက် အခန်းကျယ်ကြီးထဲတွင် ဟိုဟိုဒီဒီ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်ကာ ကိုယ့်ကိုယ်ကို မလုံဖြစ်နေသည်ဟုထင်သည် ၊

စပိန်တရားရုံး၏ ဆုံးဖြတ်ချက်ကလည်း ဦးသန်းရွှေ အတွက် စိုးရိမ်စရာ . . ဒီဆုံးဖြတ်ချက်က ဦးသန်းရွှေအတွက် ကမ္ဘာပျက်သလို့ . . တကယ်တော့ ဦးသန်းရွှေ တစ်ယောက် သူလုပ်ခဲ့သော အကုသိုလ်များ အကျိုးပေးတော့မှာကို ကြောက်နေပြီဖြစ်သည် . .
(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

Hawdeka Khalaylay
လွင်သန္တာစိုး

အပြည့်အစုံသို့ »

အမှုမှန်ပေါ်ပေါက်ရန်အတွက်စစ်ဆေးပေးပါရန်တိုင်ကြားခြင်း (ပေးစာ)


ကျွန်မသည် (၂. ၁၁. ၂၀၁၃) ရက်နေ့က ယာဉ်တိုက်မှုဖြင့် သေဆုံးသော မောင်အောင်စိုးဦး၏ မိခင်အရင်းဖြစ်ပါသည်။ထိုနေ့က မောင်အောင်စိုးဦးသည် နံနက်ပိုင်း ပိုက်မှလာသောရေကို ကျောက်စည်ထဲသို့ ရေဆွဲထည့်နေစဉ် မျိုးဝင်းအောင်၊ အောင်ဟိန်း တို့မှ သင်ပုန်းဆည်သို့ ငါးမျှားသွားရန်ခေါ်သဖြင့် လိုက်ပါသွားခဲ့ပါသည်။ ညနေ ၆ နာရီအချိန်ခန့်တွင် သရက်အုပ် အလွန် ၌ ဆိုင်ကယ်ချင်းတိုက်မိကြောင်း ကျွန်မ၏သားမှာ ၄င်းနေရာ၌ပင် သေဆုံးသွားကြောင်းကို ဖုန်းဖြင့် မောင်အောင်ဟိန်းမှ သူ၏မရီးဖြစ်သူထံ အကြောင်းကြားခဲ့ပါသည်။

သေဆုံးသူနှင့်လူနာများအား ရန်အောင်မြင်နာရေးကားဖြင့် (၁) ဦးလှဝင်း (၂)ဦးဘူးသီး (၃) ကိုသိန်းထွန်းအောင် (သေဆုံးသူ၏ယောက်ဖ) တို့ ၃ ဦးသယ်ယူခဲ့ပါသည်။၎င်းကားပေါ်တွင် အခင်းဖြစ်ချိန်က ဆိုင်ကယ်မောင်းလာသူမှာ မျိုးဝင်းအောင် ဖြစ်ပြီး အလယ်မှထိုင်သူမှာ အောင်ဟိန်းဖြစ်၍ နောက်ဆုံးမှစီးလာသူမှာ ကျွန်မ၏သား အောင်စိုးဦးဖြစ်သည်ဟု သိရပါသည်။ ၄င်းကားပေါ်တွင် လိုက်ပါလာသူ ဦးလှဝင်းမှာ ၄င်း၏မိန်းမဖြစ်သူနှင့် မျိုးဝင်းအောင်တို့မှာ အမျိုးများတော်စပ်သဖြင့် အမှန်တကယ် ဆိုင်ကယ်မောင်းလာသူမှာ မျိုးဝင်းအောင်ဖြစ်သော်လည်း သေဆုံးသူအောင်စိုးဦးစီးသည်ဟု လိမ်ညာထွက်ဆိုရန် တိုင်ပင်နေသည်ကို ကိုသိန်းထွန်းအောင်မှ ကြားသိခဲ့ရပြီး ရင်ခွဲရုံသို့ အလောင်းပို့သောအခါမှာလည်း သေဆုံးသူမှာ ဦးလှဝင်းမှ ၄င်း၏ယောက်ဖတော်စပ်ကြောင်း လိမ်ညာပြောဆို၏ ရင်ခွဲရုံသို့ ပေးပို့ခဲ့ပါသည်။ အလယ်တွင်ထိုင်သူအောင်ဟိန်းမှာ ခါးကျိုးပြီး အူခွဲစိတ်ရပါသည်။ ဆိုင်ကယ်မောင်းသူ မျိုးဝင်းအောင်မှာ ဒူးတစ်ဖက် ဂုံညင်းရိုးကွဲသည်ဟုသိရပါသည်။ နောက်ဆုံးတွင်စီးနင်းလာသူ ကျွန်မ၏သား အောင်စိုးဦးသည် နေရာ၌ပွဲချင်းပြီးသေဆုံးသည်ဟု သိရှိရပါသည်။

သေဆုံးသူ အောင်စိုးဦးတွင် ဇနီးဖြစ်သူ စောစန္ဒာလင်း(ခ) မိစံနှင့် သားတစ်ဦး ကျန်ရစ်ခဲ့ပါသည်။ ဆိုင်ကယ်မောင်းသူမျိုးဝင်းအောင်မှာ ကျွန်မ၏ချွေးမ စောစန္ဒာလင်း(ခ) မိစံ၏ ဦးလေးဝမ်းကွဲတော်စပ်ပါသည်။ ကျွန်မသား၏ နာရေးရက်လည် (၈.၁၁.၂၀၁၃) ရက်နေ့ပြီးဆုံးသည့် အချိန်က ချွေးမဖြစ်သူမှာလည်း သေဆုံးပုံအား ရေရေရာရာ ပြောပြနိုင်ခြင်းမရှိသည့်အတွက် အလည်တွင်ထိုင်၍ ဒဏ်ရာရရှိ သွားသော မောင်အောင်ဟိန်းအား သွားရောက်မေးမြန်းသောအခါမှ မျိုးဝင်းအောင်မှာ ဆိုင်ကယ်စီးလာသူဖြစ်ပြီး သေဆုံးသူ ကျွန်မသားမှာ နောက်ဆုံးမှလိုက်ပါလာသည်ဟု တိတိကျကျသိခဲ့ရပါသည်။

မောင်အောင်ဟိန်းမှပြောပြသည်မှာ သင်ပုန်းဆည်မှာ ငါးမျှားသည်။ ညနေပြန်လာသောအခါ အောင်စိုးဦးမှ မောင်းသည်ဟု သိခဲ့ရပြီး ဆိုင်ကယ်ချိန်းကြိုးပျက်သဖြင့် ဆိုင်မှာဝင်ရောက်ပြင်ဆင်နေစဉ် မျိုးဝင်းအောင်နှင့် အောင်ဟိန်းတို့မှ အရက်သောက်ကြပြီး၊ အောင်စိုးဦးမှာ မိန်းမနှင့်ပြန်လည်ပေါင်းသင်းသည်မှာမကြာသေးသည့်အပြင် စည်းခုံကြီးရပ်ကွက်ရ၌ခံဝန်ကတိဖြင့် အရက်မသောက်ရန် လက်မှတ်ထိုးထားသူဖြစ်သောကြောင့် အချိုရည်တစ်ဘူးနှင့် ပေါင်မုန့်တစ်လုံးသာ စားသည်ဟု သိရပါသည်။ အရက်ဆိုင်မှ စားသောက်ပြီးအထွက်တွင် သေဆုံးသူအောင်စိုးဦးက \"မင်းတို့အရက်သောက်ထားတာ မူးနေပြီ၊ ငါမောင်းမည်\" ဟု ပြောသောအခါ မျိုးဝင်းအောင်မှ \"ငါ့ဆိုင်ကယ်အကြောင်း ငါပဲသိတယ် ၊ မမောင်းနဲ့\" ဟုဆိုပြီး ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းခဲ့ပါသည်။ မျိုးဝင်းအောင်မှ ဆိုင်ကယ်မောင်းပြီးနောက် ထွက်လာကြရာ သရက်အုပ်မရောက်ခင် ပေတရာ မော့တက်လေးတွင် ဆိုင်ကယ်ချင်းတိုက်မိ၍ ကျွန်မသား အောင်စိုးဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။ မောင်အောင်ဟိန်းမှ \"အောင်စိုးဦးစီးရင် ဒီလိုဖြစ်မှမဟုတ်ဘူး ၊ မျိုးဝင်းအောင် အရက်သောက်ပြီးစီးလို့ ဒီလိုဖြစ်ရတာ၊ အောင်စိုးဦးကိုအရမ်းသနားတယ်\" ဟုပြောပြသဖြင့် ကျွန်မ ဇာတ်လမ်းစုံသိခဲ့ရပါသည်။ အိမ်နီးချင်းများကလဲ အောင်ဟိန်းကို လူနာလာမေးသောအခါ အောင်ဟိန်းက အထက်ပါပြောခဲ့သည့် အတိုင်းပင် ပြောပြခဲ့ပါသည်။

(၁၆. ၁၁ ၂၀၁၃) နေ့တွင် မောင်အောင်ဟိန်း ၏ ဇနီးဖြစ်သူ စန္ဒာထွေးမှ ကျွန်မအိမ် သို့ ရောက်ရှိလာပြီး မောင်အောင်စိုးဦး အရက်သောက်စား မူးရူးပြီး ကိုယ်တိုင်စီး၍ သေဆုံးသွားကြောင်း လိမ်လည်ထွက်ဆိုရန်အတွက် အမှန်တစ်ကယ် ဆိုင်ကယ်မောင်းသူ၏ အမ မမြရီမှ လာရောက် ပြောကြား သည့်အပြင် သေဆုံးသူ ဇနီး စောစန္ဒာလင်း၏ ဦးလေးတော်စပ်သူ ဦးလှဝင်း မှလဲ အလယ် တွင်ထိုင်၍ လိုက်ပါလာသော အောင်ဟိန်း ၏ နေအိမ်သို့ သွား ရောက်ပြီး ယခုအမှုအား အမှန်အတိုင်း မပြောရန် ၊ ပြောခဲ့လျှင် လျော် လည်းလျှော်ရမည် ၊ ထောင်လည်းကျမည် ဟု ခြိမ်းခြောက် စကားပြောခဲ့ ကြောင်း ပြောပြသဖြင့် ကျွန်မ သိခဲ့ရပါသည် ။

အထက်ပါကိစ္စရပ်များအား အဖြစ်မှန်ကို ဖုံးကွယ်၍ လိမ်လည် ထွက်ဆို နေကြ သည်ဟု ကျွန်မသိရသဖြင့် အမှုဖွင့်ထားသော အမှတ် (၁) ရဲစခန်းကို သွား ရောက်စုံစမ်း ခဲ့ပါသည် ။ ထိုနေ့က စခန်းမှုး နှင့် မတွေ့ခဲ့ရသဖြင့် (၂၁.၁၁.၂၀၁၃) နေ့တွင် ထပ်မံသွားရောက်ခဲ့ရာ စခန်းမှုးနှင့် တွေ့ဆုံ ခဲ့ရပြီး အမှုကို အမှန်အတိုင်းပေါ်ပေါက်ရန် စစ်ပေးမည်ဟု ပြောပြပါသည်။ စခန်းမှ ပြန်လာပြီး အဖြစ်အပျက် အမှန်အတိုင်း ထွက်ဆိုသူ မောင်အောင်ဟိန်း အိမ်သို့ ထပ်မံသွားရောက်သော အခါ အခြား တစ်ဖက်မှ တိုက်ခဲ့သောဆိုင်ကယ်မှ တရားစွဲထားတယ်ထင်လို့ အမှန်အတိုင်း ထွက်မည်ဟု ပြောခဲ့ကြောင်း ၊ ယခုအခါ ထိုသို့ မဟုတ် သဖြင့် ဆေးရုံမှ ထွက်ဆိုထားသည့် အတိုင်း လိမ်လည်၍ ထွက်ဆို မယ် ၊ အမှန်အတိုင်းမပြောနိုင်ဘူး ၊ ကြိုက်သလိုလုပ် ဟု ပြောပြပါသည်။

ကျွန်မသားဖြစ်သူ အောင်စိုးဦးမှာ အရက်သေစာ သောက်စားခြင်း မရှိသည့် အပြင် အမှန်တစ်ကယ် ဆိုင်ကယ်မောင်းခဲ့ခြင်းမရှိဘဲ အသေဆိုးဖြင့် သေရသည့်  ကိစ္စ တွင် ကျွန်မ၏သားအား အရက်သေစာ သောက်စားမူးယစ်ပြီး ဆိုင်ကယ်မောင်းသည်ဟု လိမ်လည်ထွက်ဆိုနေကြသဖြင့် နေ့စဉ်နှင့် အမျှ ရင်ထဲတွင် ခံစားနေရပါသောကြောင့် အမှုမှန် ပေါ်ပေါက်ရန် အတွက် စစ်ဆေးပေးပါရန် တိုင်ကြားရခြင်းဖြစ်ပါသည်။

တိုင်ကြားသူ
ဒေါ်မြတ်မွန် (ဘ) ဦးမြင့်သန်း
၉/စကတ (နိုင်) ၀၁၁၆၉၉
စက်ကြီးဆည်မြောင်း ၊ ၀န်ဇင်းရပ်ကွက်
မိတ္ထီလာမြို့

သစ်ထူးလွင်

အပြည့်အစုံသို့ »

တရားမျှတမှု့မရှိသော တရားသူကြီး ဦးအောင်မင်း


မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ တွင်းရွာအုပ်စု၊ လျှော်ဖြူကုန်းကျေးရွာနေ ဦးဇော်မင်းဦး သားဖြစ်သူ ရမည်းသင်းမြို့နည်းပညာတက္ကသိုလ် ကျောင်းသား မောင်စိုင်းဇော်ဝင့်အောင် သည် (၆-ရ-၂၀၁၃)နေ့တွင် မန်းလေး သို့ ဆိုင်ကယ်ဖြင့် စီးနင်းသွားစဉ် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအနီး ရှေ့မှမောင်းနင်လာသော mark II .ယာဉ်မှ ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် ဆိုင်ကယ်ငြိမိပြီး လွင့်စဉ်သွားစဉ် ဆိုင်ကယ်ကို ယာဉ်မောင်း မောင်ကျော်ဦး မောင်းနှင်လာသောယာဉ်အမှတ် (၈ခ/၆၆၇၅)  ကုန်တင်ယာဉ် ၁၂ဘီး ကားမှ ထိပ်တိုက်ဝင်ရောက်တိုက်မှုဖြစ်ပွားရာ ယင်း ယာဉ်တိုက်မှု့ကို မြစ်သားမြို့နယ် ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်မင်း မှ ယာဉ်ကြီးမောင်းသူ ဦးကျော်ဦး နှင့်အတူ အတိုက်ခံရသော မောင်စိုင်းဇော်ဝင့်အောင် ပါ့ပြစ်မှု ဥပဒေပုဒ်မ (၃၃၇-၃၃၈)အရ ထောင်ဒဏ် ၃ လစိကျခံရန်ချမှတ်ခြင်းခံရပါသည်

မောင်စိုင်းဇော်ဝင့်အောင် မှာခြေထောက်ခွဲစိတ်ပြီး စတီးချောင်းထည့်ခြင်း၊ မေးရိုးခွဲစိတ်ခြင်း၊ မျက်စီ ထိခိုက်ခြင်းကြောင့် မျက်စိဆေးရုံတွင် ကုသခြင်းတို့ဖြင့် ဆေးရုံသုံးရုံတွင် ၁ လခန့်တက်ရောက်ကုသ ခဲ့ရပါသည်။

ဆေးရုံမှဆင်းပြီးဂျိုင်းထောက်ဖြင့် မြစ်သားတရားရုံးသို့ (21-9-2013 နေ့တွင်အမှုရင်ဆိုင်ခဲ့ရသည်။ မြစ်သားတရားရုံးမှ လေးကြိမ်မြောက်ရုံးချိန်း (၄-၁၀-၂၀၁၃) နေ့တွင် သက်သေ ၂ ယောက်ကျန်နေသည်ကို ဆက်လက်မစစ်ဆေးပဲ ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်မင်း မှ စီရင် ချက်ချခဲ့ခြင်းဖြစ်ပါသည်။

၎င်းစီရင်ချက်ကြောင့် နည်းပညာကျောင်းသားမောင်စိုင်းဇော်ဝင့်အောင်သည် ဒီဇင်ဘာ ၂ ရက်နေ့တွင် ကျောင်းပြန်ဖွင့်လာချိန် ပြန်လည်မတတ်ရောက်နိုင်တော့ဘဲ ခြေကျိုးဘ၀ ဖြင့်ထောင်ထဲတွင် အပြစ်ကျခံရမည် ဖြစ်သောကျောင်း အလွန်နစ်နာခြင်း၊ အနာဂတ် တိုင်းပြည်အကျိုးပြု ကျောင်းသားတစ်ယောက်ဘ၀ အညွှန့်ချိုးပစ်သလို ဖြစ်နေခြင်း၊ယခု ကဲ့သို့ ဘက်လိုက်တရားမျှတမှု့မရှိသော ဆုံးဖြတ်ချက်သည် ဒီမိုကရေစိနိုင်ငံတော်ဧ။် တရားစီရင်ရေး ယိမ်းယိုင်မှုကို ဖြစ်စေခြင်း၊ လက်ရှိအစိုးရဧ။် အဓီက ရည်မှန်းချက်ဖြစ်သော ကောင်းမွန်သောအစိုးရ သန့်ရှင်းသော အစိုးရ ဖြစ်မြောက်ရေးရည်မှန်းချက် ကိုပြည်သူ များအယုံအကြည်ကိုလဲ ပျက်ပြားစေပါသည်။

ဦးဇော်မင်းဦး
by သစ်ထူးလွင်

အပြည့်အစုံသို့ »

မြန်မာ- အိန္ဒိယနယ်စပ် ပန်ဆောင်တော်ကြားလမ်း နယ်စပ်ကုန်သွယ်ရေးစခန်း မကြာမီ ဖွင့်လှစ်မည်


၁၅ နိုဝင်ဘာလ ၂၀၁၃။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ် နယ်စပ်တစ်လျှောက်ဖြစ်သော ပန်ဆောင်တောင်ကြားလမ်း (Pangsau Pass) နယ်စပ် ကုန်သွယ်ရေးစခန်းကို မကြာမီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး နန်ဆီးပါးက ပြောဆိုသည်။

ကုန်သွယ်ရေး လမ်းကြောင်းသစ် ပြန်လည်ပေါ်ထွန်းလာခြင်း အားဖြင့် မြန်မာ၊ တရုတ်၊ အိန္ဒိယ ကုန်သွယ်မှု ပိုမိုဖြစ်ထွန်း လာမည်ဖြစ်၍ အာဆီယံ- အိန္ဒိယ နိုင်ငံများ အကြား ဆက်သွယ်ရေးကို ထူထောင်မည့် ထူခြားသော ခြေလှမ်း တခုလည်း ဖြစ်ကြောင်း ၄င်းက ပြောသည်ပာု အိန္ဒိယ Itanagar သတင်းဌာနက
ရေးသားထားသည်။

အဆိုပါ လမ်းကြောင်းသစ်များ ဖွင့်လှစ်နိုင်ရန် အတွက် အိန္ဒိယဘက်က နယ်စပ်မှ တနိုင်းမြို့အထိ ကားလမ်းကျဉ်း တိုးချဲ့ရေး နှင့်ပြုပြင်ဖောက်လုပ်ရေး လုပ်ငန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ တရုတ်နယ်စပ် ၀မ်တိန်မှ မိုင်းယု၊ နမ့်ခမ်း၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်း လမ်းပိုင်းကို လည်း တရုတ်ဖက်မှာ တာဝန်ယူ ပြုပြင်ဖောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

မြန်မာ- အိန္ဒိယ နယ်စပ်တစ်လျှောက်ဖြစ်သော ပန်ဆောင်တော် ဖြတ်ဝင်လာမည့် မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော လီဒိုလမ်းမကြီး (Stilwell Road) ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရူနာချာ ပရာဒေ့ရှ်(Arunachal Pradesh) ပြည်နယ် လီဒိုမြို့၌ စတင်ပြီး
မြန်မာနိုင်ငံကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် အဆုံးသတ်သည့် သမိုင်းဝင်လမ်းမကြီး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လီဒိုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာအစိုးရကလည်း သဘောတူလိုက်သည်ပာု အိန္ဒိယအခြေစိုက် သတင်းဌာန ပြောကြားချက်အရ သိရသည်။

ယခု ပန်ဆောင်ပတ်ဒေသမှာ ကုန်သွယ် ရေးလမ်းကြောင်းသစ် ဖွင့်လှစ်ရန် စီစဉ်ရခြင်းသည် မြန်မာ- အိန္ဒိယ အစိုးရတို့ ဆွေးနွေးခဲ့သည့် နယ်စပ်တစ်လျှောက်တွင် နယ်စပ်ဈေး ကိုးခုဖွင့်လှစ်ရန် အစီအစဉ်၏
ပထမခြေလှမ်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိရန် အိန္ဒိယနှင့် မြန်မာတို့က ရည်မှန်း ထားကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံ- အိန္ဒိယ ကုန်သွယ်မှု ပမာဏကို   အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရောက်ရှိရန် အိန္ဒိယနိုင်ငံက ရည်မှန်းထားကြောင်း နှစ်နိုင်ငံ ဆွေးနွေးချက်အရ သိရသည်။

(သတင်း- CL ထန်းငါ)

by သစ်ထူးလွင် သတင်း

အပြည့်အစုံသို့ »

စကုမြို့နယ်မှာ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ် (ရုပ်/သံ)






သစ်ထူးလွင်

အပြည့်အစုံသို့ »

ခရီးသည်တွေကို ဒုက္ခပေးနေတဲ့ အောင်မင်္ဂလာ အဝေးပြေး အငှားယာဉ်ဂိတ်


ကျွန်မဟာ လှိုင်မြို့နယ်မှ ကျောင်းဆရာမ တစ်ဦး ဖြစ်ပါတယ်၊ ယနေ.(24.10.13) နေ.မနက် ၅နာရီခွဲမှာ ထားဝယ်မြို.ကနေ ရွှေဝယ်ရတနာ ယာဉ်လိုင်း နဲ.ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ဂိတ်ကို ရောက်ပါတယ် ၊ ပစ္စည်းများချပြီ်း နံနက်6 နာရီမှာ တက္ကစီငှားပါတယ်။

ကားဆရာက အဝေးပြေးဂိတ်မှ လှိုင်မြို့နယ်၊အင်းစိန်လမ်း၊ သံလမ်းမှတ်တိုင်အထိ လေးထောင်ကျပ်တောင်းပါတယ်။ ကားပေါ်ရောက်တဲ့အချိန်မှာ ကားမထွက်သေးဘဲ နောက်ထပ်ခရီးသည် တင်ရဦးမယ်ပြောပါတယ်။

ဒီလိုနဲ့ ခရီးသည်များ ထပ်တင်ရာမှာ ဒရိုင်ဘာဘေး ရှေ့ခန်းမှာနှစ်ယောက် ၊ နောက်ခန်းမှာ ၃ယောက်
ထပ်မံတင်ပါတယ်။ထပ်မံတင်နေလို့ နံနက် ၇ နာရီတိတိ မှာ ကားစထွက်ဖြစ်ပါတယ်။ ၁နာရီကြာ စောင်.ရပါတယ်။

ခရီးသည်များမှာလည်း ရှေ့ခန်း၂ယောက် ၊ နောက်ခန်း လေးယောက်နှင့် အထုပ်အပိုးများနှင့် ကျပ်သိပ်စွာ စီး နင်းကြရပါတယ်။ အလွန်ဒုက္ခရောက်ကြရပါသည်။

ကားသမားမှာတော့ ခရီးတစ်ကျော့ကို နှစ်သောင်းကျပ် ခန့် ရရှိပါတယ်။

ထိုကဲ့သို့ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ဆိုက်ရောက် လာသော ခရီးသည်များ သွားလာရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးပါရန်နှင့် လက်ရှိတာဝန်ကျနေသော ဂိတ်မှူးများကို အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ် ပါသည်။

ကျောင်းဆရာမတစ်ဦး
(လှိုင်မြို့နယ်)
သစ်ထူးလွင် 

အပြည့်အစုံသို့ »