Showing posts sorted by relevance for query Trend Myanmar. Sort by date Show all posts
Showing posts sorted by relevance for query Trend Myanmar. Sort by date Show all posts

မလှနုထွန်းရဲ့ ဖေ့စ်ဘွခ်ပို့စ်ကို ပြန်လည်ဖြေရှင်းခဲ့တဲ့ 2014 Miss Globe Myanmar ဂျူးစံသာ


စန္ဒီ

Miss Globe Myanmar 2014 ဖြစ်သူ ဂျူးစံသာကို Miss Globe Myanmar ရဲ့ National Director ဖြစ်သူ မလှနုထွန်းမှ ဇူလိုင်၂၄ရက်နေ့ ည၉နာရီခွဲအချိန်လောက်မှာ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်ကနေ အချက် အလက်၃ချက်နဲ့ မညီသောကြောင့် သရဖူပြန်သိမ်းလိုက်ကြောင်းကြေညာချက် တွေ့ရတာနဲ့ ပတ်သက်ပြီး ဂျူးစံသာ မေးဖြစ်ခဲ့တဲ့အခါ “ ညီမမှာ ဘာအပြစ်မှ မရှိတဲ့အတွက် စိတ်လည်း မကောင်းဘူး။ ဝမ်းလည်း ဝမ်းနည်းတယ်။ ညီမဘက်က ဘယ်လောက်ထိ မျှော်လင့်အားထားခဲ့တယ်။ ကြိုးစားခဲ့တယ် ဆိုတာကို ညီမဘက်ကနေလည်း ပြန်ပြီးတော့ ရှင်းပြချင်ပါတယ်။ အားကိုးစရာ စာနယ်ဇင်း မီဒီယာတွေ ပဲရှိတာပါ။ ညီမကို ဘယ်လိုအချက်အလက် တွေကြောင့် ဖြုတ်သိမ်းခဲ့တယ်ဆိုတာတော့ ပထမအချက် အနေနဲ့ တစ်ခြားOrginazerနဲ့ ဆက်သွယ်တာကြောင့်လို့ သိရပါတယ်။ ညီမကိုတစ်ခြား Orginazation တွေနဲ့ မဆက်သွယ်ရဘူးလို့လည်း မပြောခဲ့ပါဘူး။ ဒီMiss GoldenLand ဆိုတာ Miss Myanmar တွေအားလုံး မြန်မာနိုင်ငံရဲ့ Orginazation တစ်ခုပါပဲ။ Teacher တွေနဲ့ ညီမကအရင်ကတည်းက ရင်းရင်းနှီးနှီးခင်ခင်မင်မင် ရှိခဲ့တာကြောင့် ညီမ ဆက်သွယ်မိခဲ့တာပါ။ ပြီးတော့ ဖေ့ဘွတ်ပေါ်က ညီမရေးခဲ့တဲ့ စာလေးတစ်ကြောင်းကြောင့်ရယ်။ နောက်တစ်ခု ညီမက စာချုပ်ချုပ်ဖို့ခေါ်တာကို မလာဘူးပေါ့နော်။ ညီမဘက်က ရှင်းပြခဲ့ပါတယ်။ ညီမရဲ့ အဖေအသည်းအသန်ဖြစ်နေလို့ အိပ်ယာထဲက မထနိုင်တာကြောင့် မလာနိုင်တာပါလို့ ရှင်းပြခဲ့တာတောင်မှ Crown ပြန်သိမ်းခဲ့ပါတယ်။ စဉ်းစားပေးကြပါ။ ညီမမှာ ဘာအပြစ်တွေရှိလဲ ဆိုတာကိုပေါ့။ ညီမတကယ် စိတ်မကောင်း ပါဘူး။ ညီမဘက်က အချိန်ကုန်ခံ၊ ငွေကုန်ခံပြီးတော့ ကြိုးစားခဲ့ရတာပါ။ ညီမရဲ့ရှိရှိသမျှ အားအင်တွေနဲ့ ကြိုးစားခဲ့လို့Crownရရှိပြီးမှ ပြန်သိမ်းခံရတယ်ဆိုတာ ညီမဘက်ကို စာနာပေးကြည့်စေချင်ပါတယ်။”လို့ သူမက ပြောပါတယ်။

Miss Globe Myanmar ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဖေ့စ်ဘွတ်ခ်မှာ တင်ထားခဲ့တဲ့ ပို့စ်လေးကတော့ “ချစ်ခင်လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးရှင့်။ ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊ လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊ အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊ အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး တစ်မျိုး အကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း ဒီနေ့  ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း အသိပေးပြောကြားလို ပါသည်ရှင့်။ Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်၊ ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊” လို့ ဖြစ်ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

Miss တစ်ယောက်အတွက် ရှိသင့်တဲ့အရည်အချင်းတွေထဲမှာ အရေးအကြီးဆုံးက စိတ်ဓာတ်လို့ ဆိုသွားတဲ့ ခါးနံပါတ် ၆ ပိုင်ရှင် ဇွန်သံစဉ်



စန္ဒီ

လာမယ့် ဇူလိုင်၂၆ရက်နေ့မှာ ကျင်းပတော့မယ့် Miss Myanmar Universe ဖိုင်နယ်ပွဲမှာ ဆုရရှိဖို့ အကောင်းဆုံးကြိုးစားနေသူတစ်ယောက်ဖြစ်တဲ့ ဇွန်သံစဉ်ကို miss myanmar universe ပွဲနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ သူမက“ညီမ ဒီmiss myanmar universe ပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကတော့ ညီမနိုင်ငံကိုယ်စားပြုနိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်အရမ်းဖြစ်ချင်ပါတယ်။ အဲဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ ညီမဘက်ကအများကြီး ကြိုးစားထားပါတယ်။ မျှော်လည်းမျှော်လင့်ထားပါတယ်။ ညီမဘက်ကလည်း အဲဒီ့အပေါ်မှာ အကောင်းဆုံးဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။ ညီမ miss myanmar international ဝင်ပြိုင်တုန်းကတော့ ဘာသာစကားနဲ့ ပတ်သက်ပြီး လေ့လာဖြစ်ခဲ့ပါတယ်။ miss myanmar international ပြိုင်ပွဲပြီးတော့ ကြားထဲမှာ နားလိုက်သေးတယ်။ အခုဒီmiss myanmar universe ပွဲကိုဝင်ပြိုင်ဖြစ်တာဆိုတော့ ဘာသာစကားကို ထပ်ပြီး လေ့လာဖြစ်ပါတယ်။ အခုဒီပြိုင်ပွဲမှာက swimsuit ဝတ်ပြီးပြိုင်ရမှာဆိုတော့ ညီမရဲ့ body ပိုင်းကိုသေချာလေး ထိန်းထားပါတယ်”တဲ့။

Image and video hosting by TinyPic

Miss တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကိုလည်း သူမက “ညီမအတွက်ကတော့ အရေးကြီးဆုံးက စိတ်ဓာတ်ပါ။ စိတ်ဓာတ်ပြီးမှ ကျန်တာကတော့ သူ့ရဲ့အလှတရားတွေပါ။ အရေးကြီးဆုံးက စိတ်ထားဖြူစင်ဖို့လို့ ထင်ပါတယ်။ ညီမရဲ့ရှေ့က senior miss တွေကိုလည်း ညီမအရမ်းအားကျပါတယ်။ သူတို့လိုဖြစ်ချင်ပါတယ်။ miss universe myanmar ပြိုင်ပွဲကိုလည်း ကြည့်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ညီမရဲ့talent ပိုင်းနဲ့ ပတ်သက်ပြီး ညီမက အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်မှာ တက်နေတဲ့သူဆိုတော့ မြန်မာအကကို ကောင်းကောင်းကတတ်ပါတယ်။ ညီမရဲ့ talent ကိုမြန်မာအကနဲ့ ဖျေုာ်ဖြေသွားဖို့ရှိပါတယ်။ ညီမက miss myanmar international တော့ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီ့မှာ 1st runner up ဆုကို ရရှိခဲ့ပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံမှာလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပြည်ပအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ ညီမကိုရီးယားမှာပြိုင်ဖူးတာပဲရှိပါတယ်။ အဲဒီ့ကိုရီးယားပြိုင်ပွဲမှာ national cosume မြန်မာ့ရိုးရာ ဝတ်စုံဆုကို ရရှိခဲ့ပါတယ်။ တကယ်လို့ ဆုရခဲ့မယ်ဆိုရင် ညီမကတော့အကောင်းဆုံးကြိုးစားသွားမယ်။ ဒီမြန်မာနိုင်ငံအတွက် လိုအပ်တာတွေကို ဖြည့်ဆည်းသွားမယ်။ ပြီးတော့ ပရဟိတအလုပ်တွေ လုပ်ဖြစ်သွားမယ်။ နိုင်ငံကိုယ်စားပြုတဲ့ miss ကောင်းတစ်ယောက်အနေနဲ့ပဲ ဆက်လက်ရပ်တည်သွားမှာပါ”လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့်မရှိတော့တဲ့ ခင်ဝင့်ဝါရဲ့ ရင်ဖွင့်သံ



စန္ဒီ

ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့ အပေါ် သူမရဲ့သဘောထားကိုမေးဖြစ်ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ်ဆိုတာတော့ ညီမမသိဘူး။ ညီမဘက်ကတော့ သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝစည်းကမ်း မဖောက်ဖျက်ခဲ့ဘူး။ သူတို့နဲ့ သဘောတူထားတဲ့ အတိုင်း ညီမရဲ့အနုပညာကြေးထဲက ၃၀ရာခိုင်နှုန်းကိုလည်း ပုံမှန်ပေးခဲ့ပါတယ်။ ဒီလိုမျိုး အဆင်ပြေအောင် နေနေတဲ့ ကြားထဲက အခုလိုမျိုးဖြစ်လာတယ်ဆိုတော့ ညီမကို အပြစ်ပေးတဲ့ သူတွေအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ တစ်ချို့သတင်းတွေမှာ ပါသလို သရဖူ အသိမ်းခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ညီမကို ဒီနှစ် Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့် မပေးတော့တာပေါ့။ သူတို့ဘက်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် တစ်ယောက်ရဲ့ကျင့်ဝတ်နဲ့အညီ မနေထိုင်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်ကတော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး”တဲ့။

ညီမဘက်ကရော မြန်မာ့ဂုဏ်ဆောင်အလှမယ် တစ်ယောက်အဖြစ် ပီသစွာ နေထိုင်ခဲ့သလားဆိုတာ မေးမြန်းကြည့်လိုက်တဲ့အခါ “ညီမရဲ့ ကိုယ်ကျင့်တရားကိုရော၊ အပြောအဆို၊ အနေအထိုင်ကအစ ညီမနဲ့ အရင်တုန်းက လက်တွဲလုပ်ဖူးခဲ့တဲ့ လူတွေ၊ အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေ၊ မီဒီယာတွေ အကုန်လုံး သိကြတယ်။ ညီမကိုMiss Myanmar တစ်ယောက်ရဲ့ ဝတ္တရားနဲ့ အညီ မနေထိုင်ခဲ့ဘူးလို့ သူတို့ဘက်က ဘာကြောင့်ပြောခဲ့တာလဲ ဆိုတာ သိချင်ပါတယ်။ ညီမအနေနဲ့ အချိန်အားရင် အားသလို ရတာနဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပရဟိတအလုပ်တွေ လက်တွဲပြီး လုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ပရဟိတ မလုပ်ဘူးဆိုတဲ့ အချက်ရယ်၊အနုပညာအလုပ်တွေ လက်ခံတဲ့အခါမှာ သူတို့ကို အကြောင်းမကြားဘူးဆိုပြီး ညီမကို စွပ်စွဲထားတာတွေ ဂျာနယ် စာစောင်တွေမှာ တွေ့ရတယ်။ ညီမလည်း ဖတ်ရပါတယ်။ ညီမဘက်က မှန်တယ်၊မှားတယ် ဆိုတာ ပရိသတ်ကြီးသိမှာပါ။ လူတွေအကုန်လုံးလည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ဘက်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုတွေ ပြောခဲ့လဲဆိုတာ ညီမမသိဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။ ကိုယ်က ကောင်းအောင်နေနေတဲ့ ကြားထဲက စာချုပ်တစ်နှစ်ပြည့်ခါနီး တစ်လအလိုမှာ အခုလိုမျိုးဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ သူမက ပြောပါတယ်။

ခင်ဝင့်ဝါဟာ လတ်တလော မှာ စိုင်းစိုင်းခမ်းလှိုင်၊ စုမြတ်နိုးဦး၊ သူရိယတို့နဲ့ အတူ တကယ်လိုအပ်တဲ့အရာဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပြီး ဒီကား ရိုက်ပြီးသွားရင်လည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ပဲ နောက်ထပ်တစ်ကားရိုက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

နှစ် ၇၀ ကြာ အစာမစား၊ရေမသောက်ဘဲ အသက်ရှင်ခဲ့တယ်လို့ ဆိုတဲ့ အိန္ဒိယအဖိုးအို


အစားအစာနဲ့ ရေဆိုတာ အသက်ဇီဝအတွက် အခြေခံလိုအပ်ချက်တစ်ရပ်လို့ ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် အသက် ၈၂ နှစ်အရွယ် Prahlad Jani ဆိုသူ အိန္ဒိယတိုင်းရင်းသားအဖိုးအိုဟာ ဒီ လက်ခံယူဆထားချက်ကို မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။ အဖိုးအိုဟာ သူ့ ဘ၀ရဲ့ နှစ် ၇၀ လုံး အစာမစား၊ရေမသောက်ဘဲ အသက်ရှင်ခဲ့တယ်လို့ ဆိုခဲ့တာပါ။

သူဟာ အသက် ၇ နှစ်အရွယ်မှာ အိမ်ကို စွန့် ခွာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်မှာ သူတော်စင် တစ်ယောက် အဖြစ်နဲ့ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဖိုးအိုဟာ နတ်ဘုရားမတစ်ပါးက သူ့ ရဲ့ ခံတွင်းထဲ ကို နတ်သက်ရှည်ဆေး လောင်းချခဲ့ပြီး သူ့ ကို မစခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဒီအဖိုးအို ဟာ နာမ်ဝိဥာဉ်သက်သက် နေထိုင်နိုင်တဲ့ အာဟာရသိဒ္ဓိပြီးတဲ့လူတစ်ယောက်အဖြစ် ပြည်သူတွေက မှတ်ယူနေကြပါတယ်။ ဒီအဖိုးအိုရဲ့ ပြောကြားချက်ကို သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်တယ်လို့ ပြောကြားတဲ့ လူတွေကို အထူးပြုလေ့လာမှုပြုလုပ်နေတဲ့ အိန္ဒိယဆရာဝန်တစ်ဦးက ထောက်ခံချက်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တစ်ချို့ လူတွေကတော့ သူ့ ကို လူလိမ် တစ်ယောက်အဖြစ် ပစ်ပယ်ထားခဲ့ကြပါတယ်။

Mr.Prahlad ကို Ahemdabad မှာ ရှိတဲ့ ဆေးရုံတစ်ရုံမှာ သီးခြားခွဲထားခဲ့ပြီး အိန္ဒိယကာကွယ်ရေးသုတေသနပြု အဖွဲ့ အစည်းက အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီအဖွဲ့ အစည်းဟာ ဒရုန်းလေယာဉ်တွေ၊ ကုန်းတွင်းပစ် ဒုံးကျည်တွေနဲ့ ဗုံးအမျိုးအစားအသစ်တွေကို ထုတ်လုပ်နေတဲ့ အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ ရဲ့ သိပ္ပံပညာရှင်တွေဟာ စစ်သားတွေကို စားနပ်ရိက္ခာမရှိဘဲ အချိန်ကြာအသက်ရှင်နေနိုင်ဖို့  ကူညီလမ်းပြပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပြီး သဘာဝဘေးသင့်ဒုက္ခသည်တွေအတွက်လည်း အကူအညီ ရောက်မလာခင် ကြံ့ကြံ့ခံနိုင်ဖို့ သင်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဇီဝကမ္မဗေဒ နှင့် ပေါင်းစပ်သိပ္ပံပညာ ကာကွယ်ရေးဌာနအဖွဲ့ ရဲ့ ဒါရိုက်တာ ဒေါက်တာ G Ilavazhagan က တကယ်လို့ သာ ဒီအဖိုးအိုရဲ့ ပြောကြားချက်တွေကိုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ဆေးသိပ္ပံပညာသမိုင်း မှာ အကြီးဆုံးအောင်မြင်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး လူတွေကို အသက်ကြာကြာနေထိုင်ဖို့ လမ်းပြနိုင်မှာဖြစ်တယ် ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Mr.Prahlad ကို လေ့လာနေစဉ်အတွင်းမှာတော့  သူဟာ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ခြောက်ရက်ဆက်တိုက် ဘာမှမစားခဲ့သလို၊ ဘာအရည်ကိုမှလည်း သောက်သုံးခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် Mr.Prahlad ဟာ အဲဒီ့အချိန် အတွင်းမှာ ဆီးဝမ်းသွားခြင်းလည်း မရှိခဲ့သလို မောပန်းနွမ်းနယ်အားပြတ်တဲ့ အရိပ်အယောင်တွေလည်း မရှိခဲ့တာကို အံ့သြဖွယ်ရာတွေ့ မြင်ရပါတယ်။



သူ့ ကို ၂၀၀၃ ခုနှစ်က မေးမြန်းစမ်းသပ်ခဲ့တဲ့ ဒေါက်တာ Sudhir Shah အရ Mr.Prahlad ဟာ အစာရေစာ မရှိဘဲနဲ့ ဆယ်ရက်ကြာနေထိုင်ခဲ့ပြီးနောက် ဆီးအိမ်အတွင်း ဖြစ်လာတဲ့ ဆီးတွေကို သူ့ ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်စုပ်ယူသွားပုံရတယ်လို့ ဆိုပါတယ်။ ဆယ်ရက်နောက်ဆုံးမှာ သူ့ ရဲ့ ကိုယ်အလေးချိန်သာ အနည်းငယ်လျော့ကျခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဂျိန်းနဲ့ ဟိန္ဒူဘာသာဝင်တွေ ဘာသာရေးကိုးကွယ်မှုတစ်ခုအဖြစ် ရှစ်ရက်ကြာ အစာမစားဘဲ ဥပုသ်စောင့်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ သိပ္ပံနည်းကျအချက်တွေအရတော့ လူအများစုဟာ ရက် ၅၀ ကြာ အစာမစားဘဲ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အရှည်ကြာဆုံး အစာငတ်ခံဆန္ဒပြမှု တစ်ခုဟာလည်း ၇၄ ရက်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

Ref: u-facts.com

World Myanmar News (www.world-myanmar.com)

Credit: Trend Myanmar

အပြည့်အစုံသို့ »

တင်ပါးကနေ ရင်သားအဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း အာမခံထားတဲ့ နာမည်ကျော်တွေ


ဘဲလေးကချေသည် Tamara Rojo တစ်ယောက် သူမရဲ့ ခြေထောက်တွေကို အာမခံထားဖို့ ကြိုးပမ်းရာမှာ အာမခံကုမ္ပဏီက တစ်ပတ်ကို ပေါင် သုံးသောင်းတောင်းပြီး ပြန်တုံ့ ပြန်လိုက်ပါတယ်။ ဘဲလေးကချေသည် တွေဟာ ခြေထောက်ဒဏ်ရာရဖို့ များတာကြောင့် အခုလိုများပြားတဲ့ ပမာဏတောင်းလိုက်ရတယ်လို့  ဆိုပါတယ်။

တခြားနာမည်ကျော်တွေရဲ့ ထူးထူးဆန်းဆန်းအာမခံထားရှိမှုတွေကို ကြည့်ကြည့်ရအောင်။

၁။ Tina Turner

Tina Turner ကတော့ သူမရဲ့ ခြေထောက်တွေကို ပေါင် ၂ သန်းနဲ့ အာမခံထားခဲ့ပါတယ်။ သူမရဲ့ Golden Eye သီချင်းနာမည်ကို Golden Legs လို့ ပေးတာက ပိုကောင်းမယ်ထင်တယ်။



၂။ Rihanna

၂၀၀၇ ခုနှစ်မှာ Rihanna ကလည်း သူမရဲ့ Sexy ကျတဲ့ ခြေထောက်တွေကို ဒေါ်လာ တစ်သန်းနဲ့  အာမခံထားခဲ့ပါတယ်။



၃။ Ronaldo

ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ၂၀၀၉ ခုနှစ်မှာ သူ့ ရဲ့ အဖိုးတန်ဆုံး ခြေထောက်တွေကို ပေါင် သန်း ၈၀ နဲ့ အာမခံထားခဲ့ပါတယ်။



၎။ Mariah Carey

Gillette က ကျင်းပတဲ့ “ နတ်ဘုရားမတစ်ပါးရဲ့ ခြေချောင်းအလှ” အစီအစဉ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ၂၀၀၆ ခုနှစ်မှာ Mariah Carey ဟာ သူမရဲ့ ခြေချောင်းတွေကို ဒေါ်လာ ၁ ဘီလီယံနဲ့  အာမခံထားခဲ့လို့  ခြေထောက်အလှပိုင်ရှင်အားလုံးထဲမှာ တန်ဖိုးအကြီးမားဆုံး ခြေထောက်ဖြစ်ခဲ့ပါတယ်။



၅။ Keith Richards

The Rolling Stones အဖွဲ့ ရဲ့ ဂီတာသမား Keith Richards ကတော့ သူ့ ရဲ့ မှော်ဆန်လက်တွေတန်ဖိုးကို ပေါင် ၁ သန်းလို့ သတ်မှတ်ထားပါတယ်။



၆။ Madonna

ပေါ့ပ်ဘုရင်မ Madonna ကတော့ ယောင်္ကျားသားတွေကို ရင်ဖိုစေတဲ့ သူမရဲ့ ရင်သားနှစ်ဖက်ကို အာမခံထားခဲ့ပါတယ်။ ပေါင် ၁.၂ သန်းနဲ့ ပါ။



၇။ Julia Roberts

Julia Roberts ကတော့ သူမရဲ့ နာမည်ကျော်အပြုံးလေးကို ပေါင် ၁၈ သန်းနဲ့ အာမခံထားတယ်တဲ့ဗျာ။



၈။ Tom Jones

အဆိုတော် Tom Jones ကတော့ အထူးဆန်းဆုံးပဲလို့ ဆိုရမှာပဲ။ ရင်အုပ်ကအမွှေးတွေကို ပေါင် ၃.၅ သန်းနဲ့  အာမခံထားရှိပါတယ်တဲ့။ တစ်ချို့ က ပေါင် ၇ သန်းနဲ့  အာမခံထားထားတယ်လို့ တောင် ဆိုကြပါတယ်။ Samson လိုပဲ သူ့ ရဲ့ စွမ်းအင်တွေကို ရင်အုပ်အမွှေးတွေမှာ ကိန်းအောင်းနေလို့ ထင်တယ်။

Trend Myanmar

၉။ Kylie Minogue

Kylie ကတော့ သူမရဲ့ အထင်ကရ တင်ပါးကို ပေါင် ၃ သန်းနဲ့ အာမခံထားပါတယ်။ အာမခံထားဖို့ စစ်ဆေးတဲ့ လူတွေတော့ ရင်ဖိုစရာပဲ။



၁၀။ David Lee Roth

Eddie Van Halen နဲ့ အတူ ကမ္ဘာကျော်ခဲ့တဲ့ ရော့ခ်တီးဝိုင်း Van Halen ရဲ့ အဆိုတော် David Lee Roth အာမခံထားတာကတော့ သိပ်မထူးဆန်းပါဘူး။ သူ့ ရဲ့ သုတ်ပိုးတွေကို ပေါင် ခြောက်သိန်းထဲနဲ့ ပါ။  ကလေးတွေ အများကြီး မတော်တဆရသွားရင် ဖခင်စရိတ်ကာမိအောင်လို့ ပါတဲ့ ။



ကဲ သင်ကော သင့်ရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းက တန်ဖိုးအရှိဆုံးလို့ ထင်လဲ။ အာမခံထားဖို့ ကော စိတ်ကူးမိရဲ့လား။

Ref: Mirror.co.uk

Trend

အပြည့်အစုံသို့ »

ကျွန်တော်တို့နှစ်ယောက်ကို ဝေဖန်တဲ့သူတွေအတွက် ဗမာစကားနဲ့ပဲ တုံ့ပြန်လိုက်မယ်ဆိုတဲ့ နိုင်းဝမ်း


ခင်ဆွေသက်

အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့ချစ်သူ ယွန်းမီမီကျော် Miss Universe Myanmar မှာ first runner up ရရှိသွားတဲ့အပေါ်ခံစားချက်နဲ့ သူတို့နှစ်ဦးကို ဝေဖန်ပြောဆိုနေကြသူတွေအတွက် သူပြောချင်တဲ့စကားတစ်ချို့ကို ခုလိုဖွင့်ဟသွား ပါတယ်။ “အချစ်ရေးကတော့အဆင်ပြေပါတယ်။ သူဆုရတာနဲ့ ပတ်သတ်ပြီး ကျွန်တော့်စိတ်ခံစားချက် အမှန်အတိုင်းပြောရင် သူက miss လိုချင်တယ်။ ကျွန်တော်ကတော့ သူရခဲ့ရင်တောင် တစ်ဝက်လောက်ပဲပျော်မှာဗျ။ ခု သူfirst runner up ရတဲ့တွက် ကျွန်တော်အရမ်းပျော်တယ်။ သူဒီပွဲမပြိုင်ခင် ဖူးခတ်သွားတဲ့ တစ်ပတ်လောက် ကျွန်တော်နဲ့ အဆက်အသွယ် ပြတ်နေတယ်။ ဖုန်းတွေလဲ သိမ်းထားတော့ကျွန်တော်နဲ့အဆက်အသွယ်မရဘူး။ သူဖျားနေတဲ့ရက်တွေလဲ ရှိတယ်။ သူဘာလုပ်လို့ လုပ်နေမှန်းလဲမသိဘူး။ သီချင်းလဲသွားဆိုမရ၊ ဘာမှလုပ်လို့မရတဲ့ရက်တွေ အများကြီးပဲ။ အခုသာ သူmiss ရလို့ အမေရိကားသွားရင် ၂လလောက်သူနဲ့အဆက်အသွယ်ပြတ်နေမှာ။ ကျွန်တော် ဘယ်လိုက်ဖမ်းလို့ဖမ်းရမှန်း သိမှာမဟုတ်ဘူး။ အခု ဘာပြောပြော first runner up ရတယ်ဆိုတော့ ပျော်တယ်ပေါ့နော်။ အဲ့ပွဲကို ပြိုင်ခဲ့တာကလဲ သူ့မိဘတွေကို စိတ်ချမ်းသာအောင် ၀င်ပြိုင်ပေးတာပေါ့။ ပြီးတော့ ကျွန်တော့ကို ခွင့်တောင်းတယ်။ ဗမာပြည်မှာကလဲသိတဲ့တိုင်း ရည်းစားရှိတဲ့သူဆိုရင် ဒီလိုပွဲတွေ မပြိုင်သင့်ဘူးဆိုပြီး အတွေးခေါင်တာမျိုး ရှိတယ်။ နိုင်ငံခြားမှာ တကယ့် miss universe ပြိုင်ပွဲတွေမှာဆို ကြည့်ဖူးတဲ့သူ သိပါလိမ့်မယ်။ လေယာဉ်ကွင်းကို လိုက်ပို့တဲ့အချိန်၊ လိုက်ကြိုတဲ့အချိန်တွေမှာတောင် သူတို့ရဲ့ ရည်းစားတွေ နမ်းကြတယ်။ အဲ့ဒါတွေကို ရုပ်သံတွေမှာလွှင့်ပြကြတယ်။ အဲလိုလေး အမြင်ကျယ်စေချင်ပါတယ်။သူသည် အသက် ၂၁ ပြည့်ပြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့သဘောနဲ့သူတောင် လုပ်ချင်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဘာတစ်ခုမှ မဟုတ်တာမလုပ်ပါဘူး။ ဗမာ အယူအရမ်းကြီးပြီး သူတို့ ကျွန်တော်တို့ကို တိုက်ခိုက်မယ်ဆိုရင် ဗမာစကားတစ်ခုလောက် ပြန်ပြောပြချင်တယ်။ သုံးနှစ်သုံးမိုးစောင့်မှ ယောကျာ်းကောင်း တစ်ယောက်ရမယ်ဆိုရင် ဥပမာ ခုချိန်မှာ သူမထားရဘူးဆိုရင် အသက် ၃၀ လောက်မှာမှ တွဲပြီး နောင်၃နှစ်ကြာမှ သာ လက်ထပ်ရမှာလားပေါ့။ လူတိုင်းမှာတော့ လင်မရှိတဲ့မယား မတင့်တယ်ဘူးဆိုသလိုပေါ့။ မိန်းကလေးတစ်ယောက်ကအချိန်တန်ရင် ယောက်ျားတစ်ယောက်တော့ ရှိဖို့လိုတယ်။ အဲ့ဒီအတွက် သူကျွန်တော့ကို လေ့လာချင်လို့ ရည်းစားထားတာဖြစ်တဲ့အတွက် သူမမှားဘူးလို့ကျွန်တော်ထင်ပါတယ်။ အဲဒါကိုလဲ ပရိသတ်တွေသိပြီးနားလည်ပေးမယ်လို့ထင်ပါတယ်။” လို့ ချစ်သူ ယွန်းမီမီကျော်နဲ့ သူ့အချစ်ရေးအကြောင်း ဖွင့်ဟသွားပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

တောင်ကိုရီးယား ရုပ်သံလိုင်းအတွက် ပါဝင် သရုပ်ဆောင်ပေးမယ့် ထားထက်ထက်


Miss Grand Myanmar ထားထက်ထက် ကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ ညီမ ပထမဆုံးရိုက်ကူးမယ့် အက်ရှင်ဗီဒီယိုဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လိုအပ်မယ့်အရာတွေအတွက်လည်း လေ့လာမှုတွေနေပါတယ်။ အကောင်းဆုံး သရုပ်ဆောင်နိုင်အောင်လို့ ကြိုးစားသွားမယ်။  အနုပညာလှုပ်ရှားမှုတွေ အပြင် ညီမဝါသနာပါတဲ့ ပရဟိတအလုပ်တွေ ကိုလည်း လုပ်ဖြစ်ပါတယ်။ မျက်ကြည်လွှာ လှူဒါန်းချင်တဲ့ စေတနာရှင်တွေကို ကိုယ်တိုင်ကိုယ်ကျ စုစည်းပြီး လိုအပ်တဲ့ နေရာတွေကို  ပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ မေလ၁၁ရက် နေ့က ကျရောက်တဲ့ အမေများနေ့မှာ နှင်းဆီကုန်းဘိုးဘွားရိပ်သာက ဘိုးဘွားတွေနဲ့အတူ ဈေးဝယ်ထွက်တဲ့ အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ သဘာဝအလှအပတွေ၊ ခရီးသွားလို့ ကောင်းတဲ့နေရာတွေကို ရိုက်ပြဖို့အတွက်  ညီမကို သူတို့အစီအစဉ်မှာ ပါဝင်စေချင်လို့ ကမ်းလှမ်း ထားတာ ရှိပါတယ်။ အဲဒီ့အစီအစဉ်အတွက် တောင်ကိုရီးယားကို ဇွန်လ၆ရက်နေ့ကနေ ၁၂ရက်နေ့ အထိ MRTV-4 ရုပ်သံလိုင်းနဲ့ အတူ သွားရောက်ရိုက်ကူးဖို့ရှိပါတယ်။ လောလောဆယ် ဂျယ်ဂျူးကျွန်းနဲ့ ဘူဆန်မြို့ကို သွားရိုက်ရမယ်လို့တော့ သိထားပါတယ်။ ဒီအစီအစဉ်ကို ပရိသတ်တွေအတွက် ဗဟုသုတတွေ ရစေနိုင်သလို၊ ကိုယ့်အတွက်လည်း ဗဟုသုတတွေ၊ အတွေ့အကြုံတွေ တိုးပွားစေလို့ လက်ခံဖြစ်ခဲ့တာပါ’လို့ ဆိုပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

Facebook နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက် (၈) ချက်


၂၀၁၃ ခုနှစ်အကုန်မှာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၃ ဘီလီယံ ရှိခဲ့တဲ့ Facebook ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူထုဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်အရ နေ့ စဉ်ဝင်ရောက်အသုံးပြုသူ လူဦးရေပေါင်း ၇၅၇ သန်း ရှိတယ် လို့  သိရပါတယ်။ Facebook နဲ့ ပက်သတ်ပြီး သင်မသိသေးလောက်တဲ့ စိတ်ဝင်စားစရာ အချက်အလက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့ စဉ်နေ့ တိုင်း Facebook accounts တွေကို ဖောက်ထွင်းဖို့ ကြိုးစားမှုပေါင်း ခြောက်သိန်း ကျော် ရှိပါတယ်။

၂။ သင့် Facebook အကောင့်ရဲ့ ဘာသာစကားကို ‘ ပင်လယ်ဓားပြ ဘာသာစကား’ (English Pirate)  အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။


(သင့် Facebook Home စာမျက်နှာမှာ ပုံမှာ ပြထားတဲ့ နေရာမှ English (US) စတဲ့ ဘာသာစကားကို နှိပ်လိုက်ပါ။ အခြား ဘာသာစကားတွေ  ရွေးချယ်နိုင်ဖို့  ပေါ်လာပါလိမ့်မယ်။အဲဒီမှာ သင့်စိတ်တိုင်းကျ ဘာသာစကား ရွေးရုံပါပဲ။)

၃။ မင်းသားကြီး Al Pacino ဟာ Facebook ပင်မစာမျက်နှာမှာ ပထမဦးဆုံးဖော်ပြခံခဲ့ရပါတယ်။ Facebook ဟာ ဒါကို ၂၀၀၇ ခုနှစ်မှာ ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်သင်္ကေတ 0 , 1 တွေနဲ့ Al Pacino ပုံ ဖော်ထားတာဖြစ်ပါတယ်။

၎။ သင် ဘယ် နေရာတွေကို ၀င်ရောက်ကြည့်ရှုသလဲ ဆိုတာကို Facebook က ခြေရာခံလိုက်ပါတယ်။ တကယ်လို့ သင့် အကောင့်ကို Sign Out လုပ်ထားပြီးရင်တောင် Facebook က ခြေရာခံလိုက်နိုင်ပါတယ်။ (ပေါက်ကရတွေ လျှောက်မကြည့်နဲ့နော် :P)

၅။ လေ့လာမှုတစ်ခုအရ Facebook ကို ၀င်ရောက်ကြည့်ရှုပြီးနောက် လူ သုံးပုံတစ်ပုံဟာ  သူတို့ ရဲ့ ဘ၀ကို ပိုပြီး စိတ်မကျေမနပ် ဖြစ်ကြတယ်လို့ ဆိုပါတယ်။

၆။ Facebook ပေါ်မှာ သေဆုံးပြီးသူ users ပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။

၇။ ၂၀၀၉ ခုနှစ်စပြီး Facebook အပါအ၀င် Twitter နဲ့ The New York Times တို့ ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

၈။ သန်းတစ်ထောင်ကျော် အသုံးပြုသူတွေ ဘယ်သူကိုမဆို Block နိုင်ပေမယ့် Mark Zuckerberg ကိုတော့ သင် Block လုပ်လို့ မရပါဘူး။

World-Myanmar News
ref: Trend Myanmar

အပြည့်အစုံသို့ »

သင်္ကြန်ခရီးမထွက်ဖြစ်ရင် Alpine မဏ္ဍပ်မှာရှိမယ်လို့ ပြောတဲ့ မိုးစက်ဝိုင်


Miss Universe Myanmar 2013 မိုးစက်ဝိုင်ရဲ့သင်္ကြန်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်တွေက ဘယ်လိုများ ဖြစ်လိမ့်မလဲ။ ဒါ့အပြင် ဒီနှစ်သင်္ကြန် သူမ ဘယ်မှာရှိမလဲဆိုတာတွေကို မိုးစက်ဝိုင် ပရိသတ်တွေ သိချင်နေကြမှာပါ။ ၂၀၁၄ သင်္ကြန်ကို သူမဘယ်လို ဖြတ်သန်းမယ်ဆိုတဲ့အကြောင်းကို ‘သင်္ကြန်က မိုးစက် Alpine မဏ္ဍပ်မှာရှိဖို့ များပါတယ်။ မိုးစက်က သင်္ကြန်မကျတာ တော်တော်ကြာပြီ။ ဒီနှစ်တောင် ကျဖြစ်မကျဖြစ် မကျိန်းသေဘူး။ နိုင်ငံခြားသွားရင် သွားမယ်။ ခရီးထွက်ရင်ထွက်မယ်။ ကျဖြစ်တယ်ဆိုရင်Brand Ambassador တစ်ယောက်အနေနဲ့ Alpine မဏ္ဍပ်မှာ ထိုင်ဖြစ်မှာပါ။ သင်္ကြန်ဆိုတာကို မိုးစက်ခံစားမိတာကတော့ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့တဲ့ ဓလေ့ထုံးစံတစ်ခုပေါ့နော်။ ကလေးတုန်းကတော့ ပိုပြီးရင်ခုန်တာပေါ့နော်။ ပြီးခါနီးဆို စိတ်မကောင်းဖြစ်တယ်။ ခုကတော့ မကျတာကြာပြီဆိုတော့ ဘယ်လိုခံစားရမလဲ မသိသေးဘူး။ ခုသင်္ကြန်နားနီးပြီဆိုတော့ အရင်တုန်းကဖြစ်ခဲ့တဲ့ စိတ်ခံစားချက်တွေကတော့ ဖြစ်ပါတယ်။ သင်္ကြန်သီချင်းတွေကြားရင်ကို အလိုလိုနေရင်း ပျော်လာတာပေါ့။ မနှစ်တုန်းက မိုးစက်က နိုင်ငံခြားမှာပါ။ သင်္ကြန်ကို မဖြတ်သန်းတာ၆နှစ်လောက် ရှိပါပြီ။ ဖက်ရှင်အနေနဲ့ ကတော့ ဖြတ်သန်း ဖြစ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးပေါ့။ မိုးစက်ကတော့ အမြဲတမ်းလိုလို ပါးတဲ့ဟာတွေတော့ မ၀တ်ပါဘူး။ သင်္ကြန်တွင်းဆို မိုးစက်အနေနဲ့ ဦးစားပေးမှာက နေကာပေါ့နော်။ နေကာကို သေချာလိမ်းမယ်။ ကျန်တာတွေက ဖြူဖွေးနေတာထက် ညိုချင်တယ်။ မျက်နှာကတော့ နုတော့လေ။ ဖြူချင်ပါတယ်။ သင်္ကြန်ကတော့ ကျခဲ့ဖူးသမျှ သင်္ကြန်တိုင်း ကိုယ့်မိသားစု၊ ကိုယ်သူငယ်ချင်း တွေချည်းနဲ့ပါပဲ။ ငယ်ငယ်တုန်းကတော့ လျှောက်လည်တာ ပိုကြိုက်တယ်။ ကြီးလာတော့ မဏ္ဍပ်ကို ပိုကြိုက်သွားတယ်။ သက်တောင့်သက်သာလေးပေါ့။ သင်္ကြန်ဆိုတာ မိုးစက်တို့ မြန်မာနိုင်ငံရဲ့အစဉ်အလာကြီးခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်တဲ့အတွက် နှစ်သစ်မှာ ကျန်းကျန်းမာမာ၊ ဘေးအန္တရာယ် ကင်းကင်းကွာကွာနဲ့ ဖြတ်သန်းကြပါ’တဲ့။

Trend Myanmar

အပြည့်အစုံသို့ »

ကလေးငြိမ်အောင် ဘိန်းအစားထိုးမူးယစ်ဆေး မက်သဒုန်း တိုက်လိုက်လို့ အသက် ၂ နှစ်အရွယ် ကလေးမလေး သေဆုံး


အသက် ၂ နှစ်အရွယ် ဆိုဖီဂျုံးစ် ဆိုတဲ့ ကလေးမလေးဟာ အင်္ဂါနေ့ ညက ရုတ်တရုတ် နှလုံးရောဂါနဲ့  သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ သောက်ရေခွက်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဆိုဖီ ဟာ ဘိန်းအစားထိုး မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ မက်သဒုံး (Methadone) ကို သောက်သုံးမိခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိ ခဲ့ရတာပါ။

မက်သဒုံး ဆေးဟာ ဟီရိုယင်း စွဲနေတဲ့လူတွေကို အစားထိုးပေးအပ်တဲ့ ဆေးဖြစ်ပြီး သူမရဲ့ မိသားစုဝင် တစ်ယောက်ယောက် ရဲ့ ဆေးလို့ ယုံကြည်ရပါတယ်။ ရဲတွေဟာ ကလေးမလေးသောက်သုံးခဲ့တယ်လို့  ယူဆရတဲ့ သောက်ရေခွက်ကို စစ်ဆေးအပြီးမှာ သေဆုံးရတဲ့အကြောင်းကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုလမ်းကြောင်းအရ ဆိုဖီတစ်ယောက် ငြိမ်သက်နေအောင်လို့ တစ်ယောက်ယောက် မက်သဒုန်း ကို ရေတစ်ခွက်နဲ့ တိုက်ခဲ့တယ်လို့ ယူဆရပါတယ်။

မွေးချင်းမောင်နှမနှစ်ယောက်ရှိတဲ့ ဆိုဖီသေဆုံးမှု ရဲဘက်ဆိုင်ရာစုံစမ်းစစ်ဆေးချက်အသေးစိတ်တွေကို အမှုတွဲ ဖော်ပြပြီးနောက် ဘလက်ပူးလ်တရားရုံးမှာ ခရိုင်တရားသူကြီး အန်ဒရူးဂျက်ဘ် ကိုယ်တိုင် အမှုဖွင့် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆိုင်္ဖီသေဆုံးမှုအတွက် အသက် ၂၉ နှစ်အရွယ် မိန်းမတစ်ယောက်နဲ့ ၄၁ နှစ်အရွယ် ယောင်္ကျားတစ်ယောက်ကို မေးမြန်းဖို့ တရားရုံးက ရဲစာ ထုတ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဘလက်ပူးလ်မြို့ ၊ ဂျိမ်းဆန်လမ်းမှာ နေထိုင်တဲ့ ဆိုဖီကို မြို့ နယ်ဆေးရုံ ဖြစ်တဲ့ ဗစ်တိုးရီးယားဆေးရုံကို ပို့  ဆောင်ခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မနေ့ ညက နောက်ဆုံးရရှိတဲ့သတင်းအရ မီချယ်လ်ကင်း (၂၉နှစ်) နဲ့ ဘယ်ရီဂျုံးစ် (၄၁) နှစ်တို့ ကို အိမ်တွင်း အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။ သူတို့ နှစ်ယောက်ကို အခုတော့ အာမခံနဲ့ လွှတ်ပေးထားပြီး မနက်ဖြန်မှာ ဘလက်ပူးလ်စီရင်စုတရားရုံးကို အရောက်လာရမယ်လို့ အမိန့် ပေး ထားပါတယ်။

ဆိုဖီင်္လေး သေဆုံးမှုဟာ မက်သဒုံးမူးယစ်အစားထိုးဆေးကြောင့်လို့ အတည်ပြုနိုင်ပေမယ့် ဘယ်လိုကြောင့် သေဆုံးသွားရတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

မက်သဒုံးမူးယစ်အစားထိုးဆေးအကြောင်း အနည်းငယ်ဖော်ပြလိုက်ပါတယ်။

Methadone (မက်သဒုံး) ဟာ ဓါတ်ခွဲခမ်းမှာ ထုတ်တဲ့ ဘိန်းဖြစ်တယ်။ ၁၉၃၇ ခုနှစ်ကတည်းက ဂျာမဏီမှာ စထုတ်ပြီး၊ အမေရိကားမှာတော့ ၁၉၄၇ ကြမှ စတယ်။ Morphine (မော်ဖိန်း) နဲ့ Heroin (ဟီရိုးယင်း) တို့လိုဘဲ သတ္တိတူတယ်။အလွန် နာတာကို သက်သာတဲ့ဆေး၊ ချောင်းဆိုး ပျောက်ဆေး တွေမှာ သုံးတယ်။ ဘိန်းဖြတ်ရာမှာ (မက်သဒုန်း) က အသုံးကျပေမဲ့ Methamphetamine (မက်သ်မင် ဖက်တမင်း) Cocaine (ကိုကိန်း)၊ နဲ့ အရက်ဖြတ်ရာမှာ အသုံးမကျပါ။ သွေးကင်ဆာကို ကုရာမှာ သုံး သေးတယ်။

(မက်သဒုံး) မှာ မကောင်းသတ္တိတွေက များလှတယ်။ သွေးခဲမယ်၊ အသက်ရှူမ၀၊ ၀မ်းချုပ်၊ ချွေးထွက် များ၊ အိုက်တာမခံနိုင်၊ အားယုတ်၊ သူငယ်အိမ်ကျဉ်း၊ ပျို့၊ သွေးဖိအားကျ၊ အမြင်-အကြား သူများနဲ့ မတူတာတွေ ခံစား၊ ခေါင်းကိုက်၊ အန်၊ နှလုံးခုန် မမှန်၊ အစားပျက်၊ လူက၀၊ ဗိုက်နာ၊ ယောက်ျား ရင်သားထွက်၊ လိင်တံ မသန်မာ၊ အာခေါင်ခြောက်၊ ချွေးများ၊ မျက်နှာနီမြန်း၊ ယားယံ၊ ခြေ-လက်တွေ ရောင်၊ စိတ်ဂနာမငြိမ်ဖြစ်၊ မူပြောင်း၊ မျက်စိေ၀၀ါး၊ အိပ်မပျော်၊ အရေပြား အနီပြင်ထွက်၊ ဆီးသွား ရခက်၊ တက်။

ဆေးဖြတ်လိုက်ရင် Withdrawal symptoms လက္ခဏာတွေ ခံစားရမယ်။ ခေါင်းထဲမှာ ပေါ့နေသလို ခံစား၊ မျက်ရည်ကျ၊ နှာရည်ယို၊ သန်းဝေ၊ နှာချေ၊ ပျို့၊ အန်၊ ၀မ်းလျှော၊ အလွန်ယား၊ ဖျား၊ ခွေးလွန်၊ ချမ်း၊ ခြေ-လက်တုံ၊ အတွင်းထဲမှာ မငြိမ်တာ ခံစားရလို့ လူကလဲ အငြိမ်မနေနိုင်ဖြစ်၊ ရင်တုံ၊ ခြေဆစ်-လက်ဆစ်တွေကိုက်ခဲ၊ နာတာကို ပိုခံစား၊ သွေးဖိအားတက်၊ အသက်ရှူနည်း။ ဆက်တွဲ ဖြစ်လာနိုင်တာတွေလဲ ရှိတယ်။ စွဲလမ်းမှုများ၊ စိတ်ဓါတ်ကျ၊ အိပ်မရတာ ကြာရှည်လာ၊ အလိုလို လိင်ဆန္ဒပြီးသွား၊ လိင်စိတ် နည်းပါး၊ ဂရောင်ချောက်ခြားဖြစ်၊ နားထဲကနေ သူများ မကြား တာတွေကြား၊ မျက်စိထဲကနေသူများ မမြင်တာတွေမြင်၊ အနံ့ကို တကယ့် အနံ့ရော စိတ်ကူးထဲမှာပါ သူများထက် ထူးနေ၊ စိတ်တို၊အကြောက်ကြီး၊ စိုးရိမ်စိတ်-ကြောက်စိတ်လွန်ကဲ၊ အမြင်သွေလွဲ၊ ကိုယ့်ကိုယ်ကို သတ်သေချင်၊အသက်ရှူနည်းတာ ၂-၄ နာရီ ကြာရင် သေနိုင်တယ်။

Ref: Mirror, HIV Information for Myanmar
Trend Myanmar

အပြည့်အစုံသို့ »

အမျိုးသားတွေအနေနဲ့ ကိုယ့်ကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်


ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။

၁။ဘာမဟုတ်တာလေးတွေကို ပွစိပွစိပြောပြီး ရန်မရှာတတ်တာမျိုး

မိန်းကလေးတော်တော်များများဟာ သူတို့စိတ်အလိုမကျတော့ဘူးဆိုရင် သွား လာမထိနဲ့၊ စိတ်ဆိုးနေတယ်လို့ ပြောပြီး မကျေနပ်ချက်တွေကို ပွစိပွစိ လုပ်တတ်ကြပါတယ်တဲ့။ တည်ငြိမ်ပြီးရင့်ကျက်တဲ့ မိန်းကလေး အနည်းငယ်ကတော့ မြင်သမျှအရာတိုင်းကို ပြသနာမလုပ်တတ်သလို တကယ်ပြသနာတွေကိုမှ မျက်နှာချင်းဆိုင် ဖြေရှင်းတတ်ကြတာမျိုးပါ။

၂။အရာအားလုံးကို မမှီခိုနေတတ်တာမျိုး

ငွေရေးကြေးရေအရရော၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုတွေအရရော အမျိုးသားတွေဟာ ကိုယ့်ချစ်သူက ကိုယ့်ကို မှီခိုတာမျိုးကို သဘောကျကြတယ်လို့ ထင်ပါလိမ့်မယ်။ အမှန်တော့ ရေရှည်မှာ ကိုယ့်ရဲ့စဉ်းစာဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အားကိုယ့်ကိုးတဲ့ ချစ်သူမျိုးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ အရာအားလုံး သူတို့လုပ်ပေးမှ အဆင်ပြေနိုင်တဲ့ သူမျိုးကိုတော့ ဘယ်သူမှ မလိုချင်ပါဘူး။
၃။စမတ်ကျကျလေး နေတတ်တာမျိုး

အပေါ်က အချက်လိုပါပဲ။ ကိုယ့်ချစ်သူက တုံးအနေတာမျိုး ဘယ်ယောင်္ကျားလေးက လိုချင်မှာလဲ။ မေးလိုက်တိုင်း ဘာဆိုဘာမှမသိတဲ့ ချစ်သူမျိုးထက် စမတ်ကျကျလေး နေတတ်တဲ့ ချစ်သူမျိုးကို ပိုပိုင်ဆိုင်ချင်ကြတာပါ။
၎။ညှို့အားပြင်းပြင်းနဲ့ သူတို့ကို ဆွဲဆောင်နိုင်တာမျိုး

ကိုယ်ခန္ဓာလှတာ မလှတာ ၊ ပိန်တာ၊ ၀တာမျိုးတွေနဲ့ မဆိုင်ပါဘူး။ သူတို့ဆိုလိုချင်တာက သူတို့နဲ့ နေတဲ့အခါမျိုးတွေမှာ ကိုယ်ဟာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ ချစ်သူမျိုးဖြစ်တာမျိုးကို လိုချင်တာပါ။
၅။အားလုံးကို ခင်ခင်မင်မင် ပေါင်းသင်ဆက်ဆံတတ်တာမျိုး

ဒါကတော့ ယောင်္ကျားလေး၊ မိန်းကလေးမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ့်သူငယ်ချင်း၊ အပေါင်းအဖော်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေစေချင်တာ၊ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံစေချင်ကြတာချည်းပါပဲ။ ဒါဟာ ဆက်ဆံရေးတစ်ခုအတွက် အရေးပါလွန်းလှပါတယ်။
၆။ခွန်အားပေးတတ်တာမျိုး

ဘယ်ယောင်္ကျားလေးမဆို ကိုယ့်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့၊ ကိုယ့်စိတ်ကူးအိုင်ဒီယာတွေကို ပိုမိုသစ်လွင်လာအောင် ဖန်တီးပေးနိုင်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ စိတ်ခွန်းအားဖြည့်ပေးနိုင်မယ့် ချစ်သူမျိုးကို လိုချင်ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

သင့်ရဲ့ဂျင်းဘောင်းဘီကို ၀တ်လိုက်တိုင်း အမြဲတမ်း အထာကျနေအောင် ဘယ်လိုထိန်းသိမ်းရမလဲ (အပိုင်း-၁)


ဂျင်းဆိုတာ ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်ပဲပါ့။ ဂျင်းဘောင်းဘီတစ်ထည်ဆိုရင်လည်း တစ်ထည်ဆို တစ်ထည်ဆိုသလောက် နှစ်ပေါက်အောင်ကို ၀တ်လို့ရတာနော်။ ဒါပေမယ့် ဘောင်းဘီရဲ့ ချုပ်ရိုးချုပ်သား၊ ဒီဇိုင်းစတာတွေကိုတော့ ကိုယ်ကြိုက်ဖို့၊ ကိုယ်နဲ့အဆင်ပြေဖို့ လိုတာပေါ့။ ၀ယ်တုန်းက အဆင်ပြေပြီး သေချာဝတ်ကြည့်လိုက်တာ့မှ အဆင်မပြေတာမျိုး ဒါမှမဟုတ် ကိုယ်အထိန်းအသိမ်း ညံ့လို့ ဂျင်းဘောင်းဘီဟာ လုံးဝမ၀တ်ဖြစ်တော့တာမျိုးတွေ မဖြစ်ရအောင် ကိုယ့်မှာရှိတဲ့ ဂျင်းဘောင်းဘီကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ အမေးအဖြပုံစံလေးတွေနဲ့ ပြောပြပေးချင်ပါတယ်။

၁။ဂျင်းဘောင်းဘီကို လျှော်မယ်ဆို လက်နဲ့သေချာလျှော်တာက ကောင်းလား၊ သူများတွေ ပြောသလို အခြောက်လျှော်တယ်ဆိုတာမျိုးက ကောင်းသလား။

ဂျင်းကတော့ မလျှော်လေး ကောင်းလေပဲ။ လျှော်တာများရင် အရောင်ကျသွားတတ်သလို တစ်ခါတစ်လေ ၀တ်ရတာ သိပ်အဆင်မပြေတော့တာမျိးတွေ ဖြစ်တတ်တယ်။ လျှော်မယ်ဆိုရင်တော့ လက်နဲ့လျှော်လည်းရတယ်၊ စက်နဲ့ဆိုလည်း ရေညှစ်တာတို့ဘာတို့ မလုပ်ရင်ရတယ်။ တစ်ခုပဲအခြောက်ခံစက်ထဲ ထည့်တာမျိုးတွေ ဘာတွေတော့ မလုပ်သင့်ဘူး။

၂။ဆွဲသားပါတဲ့ဂျင်း၊ နောက် ဖယောင်းလိုဟာမျိုးပါတဲ့ နည်းနည်းပြောင်တဲ့ဂျင်းဆိုရင်ရော ဘယ်လိုလျှော်ရမလဲ။

အဲ့ဒါမျိုးဆိုရင်တော့ မလျှော်နိုင်လေ ကောင်းလေပဲ။ အနံ့အသက်အတွက် စိုးရိမ်တယ်ဆိုရင် ဘောင်းဘီကို ထိပ်ပိတ်ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထည့် ထည့်ထားလိုက်ရုံပဲ။

၃။အရောင်ရင့်တဲ့ ဂျင်းဘောင်းဘီနဲ့ အရောင်ဖျော့တဲ့ ဂျင်း သူတို့ကိုလျှော်တဲ့အခါ ဘယ်အချက်တွေကို ဂရုစိုက်ပေးဖို့လိုမလဲ။

အရောင်ရင့်တဲ့ ဘောင်းဘီတွေကို ရေအေးနဲ့ပဲ လျှော်ပေးရပါလိမ့်မယ်။ ဒါမှ အရောင်ကျမသွားမှာ။ အရောင်နည်းနည်းဖျော့တဲ့ဟာဆိုရင်တော့ လျှော်တဲ့အခါ အရင့်လောက် စိတ်ပူစရာ မလိုပါဘူး။

၎။ဂျင်းဘောင်းဘီက ၀တ်ရတာ တောင့်တောင့်ကြီးနဲ့ သိပ်အဆင်မပြေဘူး ဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ။

တစ်ချိန်လုံးသား ၀တ်နေလိုက်။ အဆင်ပြေသွားလိမ့်မယ်။

၅။ချုပ်ဝတ်မယ်ဆို အပ်ချုပ်ဆိုင် မသွားခင် ဘာတွေ သိထားဖို့ လိုအပ်သလဲ။

ခုသွားအပ်မယ့် ဂျင်းဘောင်းဘီနဲ့တွဲဝတ်မယ့် ဖိနပ်က ဘယ်လိုဖိနပ်မျိုး ဖြစ်မလဲဆိုတာ ကြိုစဉ်းစားသွားရလိမ့်မယ်။ နောက်ပြီးတော့ အတိုင်းကို သေချာလုပ်မှ ဖြစ်မယ်။ ဘယ်လောက်ထိ ရှည်မယ်။ ကွက်တိဆိုလည်း ကွက်တိပေါ့။ ကျန်တာကတော့ ချုပ်တဲ့သူ ကျွမ်းကျင်ရင် စိတ်ပူစရာ မလိုပါဘူး။

Credit: Trend Myanmar

အပြည့်အစုံသို့ »

အဆိုတော်ကောင်လေးနဲ့ သတင်းဟာ လုံးဝမဟုတ်ပါဘူးလို့ အတိအလင်း ထပ်ဖြေကြားလိုက်တဲ့ သဉ္ဇာနွယ်ဝင်း



ခင်ဆွေသက်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဟစ်ဟော့ အဆိုတော်တစ်ယောက်နဲ့ သတင်းတွေ ထွက်နေခဲ့တဲ့ နာမည်လေးလုံးပိုင်ရှင် မော်ဒယ်လ်မင်းသမီးချောလေး သဉ္ဖာဇာနွယ်ဝင်းနဲ့ ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သူမရဲ့လှုပ်ခတ်နေတဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး မေးကြလိုက်တဲ့ အခါမှာတော့ သူမက “အချစ်ရေးက မဖြေတော့ဘူးအစ်မ။ ရည်းစားတော့မရှိပါဘူး။ ဒါပေမဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မဖြေတော့ဘူးလို့ဆုံးဖြတ်ထားလို့ပါ။ ဘာမှလဲ စိတ်ဝင်စားစရာလဲ မကောင်းဘူးဆိုတော့လဲ။ အခုသဉ္ဖာကဘယ်လိုဖြစ်သွားလဲဆိုတော့ ကိုယ့်ကိုကိုယ်တောင် ချစ်လို့မ၀တော့ တခြားသူကိုလဲ မချစ်ချင်ဘူး။ ပြီးတော့ ဒီအနုပညာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဆို စိတ်ကမပြတ်သားဘူး။ အလုပ်ချိန်မှာ အလုပ်ပဲ ခေါင်းထဲထည့်ထားချင်တယ်။ ရည်းစားတွေထားရင် အဲ့ဒီဖက်ကို စိတ်ရောက်နေမှာစိုးလို့အရွယ်ကလဲ ငယ်တဲ့အခါကျတော့ အိမ်ထောင်ဖက်တွေ ဘာတွေကို ရွေးချယ်ရတဲ့အရွယ် မဟုတ်သေးဘူး။ အချစ်နဲ့ ပတ်သတ်ပြီး ပြောလို့အမှားပါသွားရင်လဲ ပရိသတ်တွေက တစ်မျိုးမြင်မှာလဲ စိုးလို့ပါ”တဲ့။

အဆိုတော်တစ်ယောက်နဲ့အသံတွေ ထွက်ခဲ့တဲ့အဖြစ်ကိုလည်း “ရည်းစားမရှိတာ တော်တော်ကြာပါပြီ။ ရည်းစားလဲထားဖို့ အစီအစဉ် မရှိသေးဘူး။ အမှန်အတိုင်းပြောရရင် ဖုန်းတော့ပြောတယ်။ လူငယ်ကတော့ စိတ်ဝင်စားတာ ဘာညာရှိတာပေါ့နော်။ အိမ်ကတော့ လုံးဝမကြိုက်ဘူး ။ အရင်က အလုပ်မှာ အရမ်းအားစိုက်ပြီး အခုနောက်ပိုင်း အားစိုက်တာ နဲနဲလျော့တယ်လို့ သူတို့ဖက်က ထင်နေတယ်။ ညီမကတော့ ခုရည်းစားမရှိတဲ့အတွက် ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ မိဘတွေကကျတော့ အရမ်းတင်းကျပ်တဲ့အတွက် တကယ်လို့ ကိုယ်ကြိုက်ခဲ့တယ်ဆိုရင်တောင် ရည်းစားထားလို့မရဘူး။ ကိုယ်မအောင်မြင်သေးဘူး။ အကောင်းဆုံးနေရာ မရခင်မှာ ရည်းစားထားတာတို့စိတ်ရှုပ်စေတဲ့ ဘယ်ကိစ္စကိုမဆို မလုပ်ချင်ဘူး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ အဆက်အသွယ်ရှိပါတယ်” လို့ ပြောပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

Facebook ပေါ်မတင်သင့်တဲ့ အချက် (၅) ချက်


Facebook ဟာ လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ်ဘူးဆိုရင် ဓါတ်ပုံတွေကို တင်တာ၊ (သို့) ထူးခြားတဲ့ မေးခွန်းမျိုးစုံတွေကို ရရှိပါလိမ့်မယ်။ ဘယ်သူ့ကိုမှပြောလေ့မရှိတဲ့ ကျွနိုပ်တို့ရဲ့ကိုယ်ရေးသတင်းအချက်အလက်တွေကို တင်ကြတယ်။ နောက် ပြီး ကျွနိုပ်တို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်တွေကို မှန်မှန်ကန်ကန်ထည့်သွင်းပေးနေသရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့်သူငယ်ချင်းအချင်းချင်းဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင်တတ်ကြတယ်။

ပြဿနာက ကျွန်ုပ်တို့ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူတွေဝင်ရောက်ကြည့်ရှုနေကြသလဲဆိုတာ ဘယ်လိုမှမသိနိုင်ပါဘူး။ သင်နှင့် သင့်မိသားစု ဘေးကင်းလုံခြုံမှုရှိဖို့အတွက် သင့် facebook ပေါ်ထည့်မတင်သင့်တဲ့ အချက်အလက်အချို့ရှိပါတယ်။ Facebook နှင့် တခြားလူမှုကွန်ယက်တွေပေါ်ကနေ ဖယ်ထုတ်သင့်တာ (သို့) မတင်သင့်တဲ့ အချက်(၅) ချက်တွေက။

(၁) သင်နှင့် သင့်မိသားစု မွေးနေ့ အပြည့်အစုံ

ကျွန်ုပ်တို့အားလုံး Facebook စာမျက်နှာပေါ် ကိုယ့်သူငယ်ချင်းတွေဆီက “Happy birthdays” ကိုရချင်ကြတယ်။ လူတွေက ကိုယ့်ကို သတိတရရှိနေကြတယ်၊ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ဂရုစိုက်ပြီး စာတွေရေးပေးကြတယ်ဆိုတဲ့အသိကို ရင်ထဲခံစားရရှိစေတယ်။ ပြဿနာက သင်မွေးနေ့မွေးရက်တွေကို ဖော်ပြလိုက်တဲ့အချိန်မှာ ကိုယ်ရေးအချက်အလက်ခိုးယူရရှိနိုင်အောင် တစ်စိတ်တဒေသကို အထောက်အကူပေးလိုက်သလိုဖြစ်နေပါတယ်။ နေ့ရက်ကို လုံးဝမထည့်သွင်းတာအကောင်းဆုံးပဲဖြစ်တယ်။ တကယ်လို့ထည့်မယ်ဆိုရင် အနည်းဆုံး ခုနှစ်လောက် ကိုချန်လတ်ထားလိုက်ပါ။ သူငယ်ချင်းစစ်စစ်တွေက သိရင်သိလောက်မှာပါ။

(၂) သင့်ရဲ့ Relationship Status

သင့်မှာတစ်စုံတစ်ယောက်နဲ့ ဆက်နွယ်မှုရှိရှိ၊ မရှိရှိ အဲဒါကို လူတိုင်းသိနိုင်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ Status ကို single ပြောင်းလိုက်မယ်ဆိုရင် စိမ်းရောင်လေးပြပေးမှာ ဖြစ်တယ်။

(၃) သင့်ရဲ့ လက်ရှိတည်နေရာ

တစ်ရက် ၂၄နာရီအတွင်း သင်ဘယ်နားရောက်နေသလဲဆိုတာ သိရှိစေနိုင်တဲ့ Facebook ပေါ်က (Location tagging feature)တည်နေရာဖော်ပြပေးတဲ့ အချက်အလက်ကို ကြိုက်နှစ်သက်သူတွေအများအပြားရှိကြတယ်။ အိမ်မှာမရှိဘူး၊ အပန်းဖြေခရီးသွားနေတယ်လို့ ပြောလိုက် location feature ထည့်ထားတယ်ဆိုရင် ခရီးမိုင်ဘယ်လောက်ဝေးတယ်ဆိုတာ သိသွားပြီး သင့်အိမ်ဖောက်ထွင်းခံရနိုင်ပါတယ်။ ကိုယ်ရှိတဲ့နေရာကို ဘယ်တော့မှမပြောပါနဲ့။ ခရီးသွားနေတဲ့အချိန်ရိုက်ထားတဲ့ဓာတ်ပုံများကိုလည်း တင်ချင်ရင် အိမ်ရောက်ပြီးမှတင်ပါ။

(၄) ကလေးတွေသာ အိမ်မှာရှိနေကြောင်းသိစေတဲ့အချက်

မိဘတွေက ကလေးတွေသာအိမ်မှာ ရှိနေကြောင်းသိစေတဲ့ အချက်အလက်တွေကို မထည့်သွင်းမိဖို့အရေးကြီးပါတယ်။ ကိုယ့်သူငယ်ချင်းအချင်းချင်းကသာ ကိုယ့်status ကိုဝင်ကြည့်နိုင်မယ်လို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ကိုယ့် account ထဲကို ဘယ်သူဝင်ကြည့်နေလဲဆိုတာ မသိနိုင်ပါဘူး။

(၅) နာမည်ဖော်ပြထားတဲ့ ကလေးတွေရဲ့ ဓာတ်ပုံများ

ကျွန်ုပ်တို့ ကလေးတွေကိုချစ်တော့ ဟုတ်ပါတယ်။ သူတို့ အတွက်ဆိုရင် ဘာမဆိုလုပ်ပေးကြတယ်။ လူအများစုက ကလေးတွေရဲ့ဓာတ်ပုံတွေကို နာမည်နဲ့တကွ (သို့) ဗီဒီယို ဖိုင်တွေကို facebook ပေါ်တင်သင့်မတင်တချက်မှတောင်မစဉ်းစားကြဘဲ ချက်ချင်းကောက်တင်လိုက်ကြတာပါပဲ။

မိဘ ၁၀ ဦးတွင် တစ်ဦးက သူတို့ကလေးတွေရဲ့ မွေးနေ့၊ မွေးတဲ့အချိန်ကအစ အသိအကျဖော်ပြထားတယ်။ သူတို့ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးတွေရဲ့ ပုံတွေပါ တင်ကြတယ်။ အဲဒီလိုအချက်အလက်မျိုးတွေကို ကိုယ့်ကိုအနောက်ယှက်ပေးချင်တဲ့သူတွေကနေ အသုံးပြုခံရနိုင်ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး



အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ဟူစတန်မြို့မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် John Henry Skillern ရဲ့ e-mail အတွင်းမှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဓါတ်ပုံ ၃ ပုံခန့််ကို Google က ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်များဆိုင်ရာ အမျိုးသားရေးဋ္ဌာနကို အကြောင်းကြားခဲ့တာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက KHOU-TV ကိုပြောပြခဲ့ပါတယ်။


ဒီလိုမျိုး Google အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account အတွင်း မှ ဥပဒေနှင့်မလွတ်ကင်းတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အချက်အလက်တွေအတွက် Google က ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်တဲ့ အခွင့်အရေးမျိုး ရှိသလားဆိုတာတော့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Google က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဒီလို ရှာဖွေခွင့်မှာ ပေးပို့ထားတဲ့ e-mail တွေ ၊ လက်ခံရရှိ့ ထားတဲ့ e-mail တွေ နဲ့ သိမ်းဆည်းထားတဲ့ e-mail တွေအတွက်သာဖြစ်ပြီး ထို ၀န်ဆောင်မှု စည်းကမ်းချက်မှာ ဧပြီလက ပြုပြင်ဖြည့်စွက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Ref:cnet.com

Trend Myanmar

အပြည့်အစုံသို့ »

အရမ်းချစ်စရာကောင်းပြီး ဆတ်ကော့လက်ကော့ ကာရိုက်တာမျိုးနဲ့ သူမ လိုက်ဖက်မယ်မထင်ဘူးလို့ ဆိုတဲ့ မာရီနာ


နာဂတိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မာရီနာဟာ ပရိသတ်တွေကြားထဲမှာတော့ ဆွဲဆောင်မှုပြင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ပိုသိကြပါတယ်။ ဇာတ်ကားတွေမှာ တွေ့လာရသလို၊ ကြော်ငြာ၊ MTV တွေမှာလည်း ဆက်တိုက်တွေ့နေရတဲ့ မာရီနာရဲ့ လတ်တလော အနုပညာအကြောင်းကနေစပြီး ပြောပြပေးချင်ပါတယ်။“သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားက နိုင်ငံခြားမှာ ပြသမဲ့ကားပါ။ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ဖို့တော့ရှိပါတယ်။ ဒါပေမယ့် မသေချာသေးဘူး။ မာရီနာ ဒရာမာဇာတ်ကားကိုမှ ရင်ထဲမှာနင့်နေအောင် ခံစားရတဲ့ ဇာတ်ရုပ်ပုံစံမျိုး ရိုက်ချင်တယ်။ ကာရိုက်တာ ထူးထူးခြားခြား လုပ်ချင်တယ်။ သဘာဝကျကျ ပီပီပြင်ပြင်ပဲ သရုပ်ဆောင်ချင်တယ်။ ကာရိုက်တာပီပြင်ဖို့ပဲ ဦးစားပေးသွားမယ်။ လူလှနေဖို့ မလိုအပ်ဘူး။ အဓိက ကိုယ်ရဲ့ သရုပ်ဆောင်ချက်နဲ့ ကာရိုက်တာနဲ့ အံကိုက်ဖြစ်နေရမယ်။” လို့ မာရီနာက ပြောပါတယ်။

နောက်ပိုင်းမှာ ကိုယ့်အတွက် ကာရိုက်တာ ဆန်းဆန်းလေးတွေ ထူးခြားတယ်ဆိုရင် လက်ခံရိုက်ကူးဖြစ်သွားမယ်လို့ဆိုတဲ့ သူမက “ကိုယ့်အတွက် ခက်ခဲတဲ့ ကာရိုက်တာက ဘယ်လိုပုံစံဖြစ်မလဲဆိုတော့ ညီမက အပြင်မှာ ခပ်တည်တည် ခပ်တန်းတန်း နေတတ်တဲ့ သူတစ်ယောက်ဆိုတော့ အရမ်းချစ်စရာကောင်းပြီး ဆက်ကော့ လက်ကော့ နေတတ်တဲ့ ပုံစံမျိုးတွေနဲ့တော့ လိုက်မယ်မထင်ဘူး”တဲ့။

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း “အေးဆေးပါပဲ။ အလုပ်ကိုပဲ ဦးစားပေးပြီး အချိန်ပြည့်လုပ်နေပါတယ်။ ညီမရွေးချယ်သွားမယ့် အိမ်ထောင်ဘက်က ပိုက်ဆံချမ်းသာဖို့မလိုဘူး။ အဓိက သူ့မှာ အရည်အချင်းရှိဖို့ပဲ။ ယောင်္ကျားပီသတဲ့စိတ်ဓာတ်ရှိဖို့အရေးကြီးဆုံးပါပဲ။ ကိုယ့်ရှေ့ဘက်က မားမားမတ်မတ် ရပ်တည်နိုင်တဲ့ယောင်္ကျားဆိုရင်လုံလောက်ပါပြီ။ မိန်းကလေးတစ်ယောက်အပေါ်မှာ မညှာတာ၊ကိုယ်ချင်းစာစိတ်မရှိတဲ့ယောင်္ကျားမျိုးကိုမုန်းတယ်။ မိန်းကလေးတစ်ယောက်လောက်မှ အရည်အချင်းမရှိတဲ့၊ အစွမ်းအစမရှိတဲ့ ယောင်္ကျားမျိုးတွေဆို အထင်လည်းမကြီးဘူး။ လေးလည်း မလေးစားဘူး။ ညီမယူဖြစ်မယ်ဆိုရင်တော့ ယောင်္ကျားပီသပြီးယောင်္ကျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေနဲ့ စိတ်ဓာတ်မြင့်မြတ်တဲ့သူကိုပဲယူသွားမယ်”လို့ သူမက ဆိုပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို



အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။ အကြောင်းကတော့ သူတို့တွေ မကြာခဏဆိုသလို ခွဲခြား ဆက်ဆံခံရတာကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီကွဲပြားတဲ့ နေထိုင်မှုပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှုရှိပြီး လူနေမှုဘ၀မှာအဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူတတ်မြောက်ကြပါတယ်။Proceedings of the National Academy of Sciences မှာဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသားတွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန်ရတဲ့အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထားမခံရတာ သိသာထင်ရှားပါတယ်။ ဒါကြောင့်ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနားသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့်ထားပါတယ်။

Ref: cosmopolitan.com
Trend Myanmar


အပြည့်အစုံသို့ »

Photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ကိုယ်တုံးလုံးပုံတွေကို ဖျက်ပစ်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် Facebook ကိုတရားစွဲတဲ့ အမျိုးသမီး



Meryem Ali ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မိတ်ဆွေဟောင်းကတင်ခဲ့တဲ့ Photoshop နဲ့ပြုပြင်ခံထားရတဲ့ သူမရဲ့ဝတ်လစ်စလစ်ပုံကို ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook ဆီကနေ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိဖို့ တရားစွဲနေပါပြီ။ အဲဒီ့တရားစွဲဆိုမှုမှာ အဲဒီ့မိတ်ဆွေဖြစ်သူ Adeel Shah Khan က Ali ရဲ့ နာမည်ကိုသုံးကာ account အတူတစ်ခုဖွင့်ခဲ့ပြီး ဝတ်လစ်စလစ်ပုံ အတုဖြစ်အောင် photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်လို့ဆိုပါတယ်။

Ali က facebook ဟာသူမရဲ့ပုံတွေအတွက် အကြိမ်းပေါင်းများစွာ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်သင့်သလောက် မြန်မြန်မဖျက်ခဲ့ဘူးလို့ ခံစားရတာဖြစ်ပါတယ်။ ပြီးတော့သူမ တရားစွဲဆိုရတဲ့ ဒေါ်လာ ၁၂၃ သန်းဆိုတာ ဂဏန်းအစဉ်အတိုင်း ရေးထားလို့ဆိုတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါဟာ ဒီပုံတွေကို တွေ့သွားနိုင်ခဲ့တဲ့ Facebook အသုံးပြုသူပေါင်း ၁.၂၃ ဘီလီယံ တစ်ယောက်ချင်းစီရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် Ali ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်ခံနေရချိန်းမှာ Facebook က သူမရဲ့စောဒကတက်မှုတွေကို အရေးတယူမလုပ်ခဲ့တာကြောင့် ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Ali ရဲ့ရှေ့နေကယုံကြည်နေပါတယ်။

Ref:cosmopolitan.com

 Trend Myanmar

အပြည့်အစုံသို့ »

တေးရေးတွေ ရပိုင်ခွင့်အတွက် တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဖျက်သိမ်းဖို့ပြန်လည်ပြင်ဆင်ချက်ထုတ်တာ မှန်ပါတယ်လို့ ထောက်ခံလိုက်တဲ့ နိုင်းဝမ်း


ခင်ဆွေသက်

တေးရေးတွေ ရပိုင်ခွင့်နဲ့ပတ်သတ်ပြီးလုပ်တဲ့ စုပေါင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၉.၇.၁၄ ရက်နေ့က ဂီတအစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲမှာ တေးရေးတစ်ဦးလဲဖြစ်သလို တေးဆိုတစ်ယောက်လဲဖြစ်တဲ့ နိုင်းဝမ်းနဲ့ တွေ့ဆုံခိုက်ပြောဖြစ်သမျှကတော့ “အဓိကကတော့ ပြီးခဲ့တဲ့ သတင်းစာမှာ ကြေညာခဲ့သလို စတိတ်ရှိုးတွေ၊ ဇာတ်တွေ၊ သဘင်တွေ၊ စင်တင်တွေမှာအစ ဆိုတဲ့ သီချင်းတွေနဲ့ပတ်သတ်ပြီး တေးရေးက ခံစားခွင့်ရှိတယ်ဆိုပြီး ကြေညာထားတာကို အားလုံးက ကန့်ကွက်ကြတာကို ပြင်ဆင်ချက်ပြန်ထုတ်လိုက်တဲ့ သဘောပေါ့နော်။ ပြန်ဖျက်လိုက်ကြတယ်ပေါ့နော်။ အဲ့ဒါလဲ မှန်ပါတယ်။ သဘာဝလဲကျပါတယ်။ ဖြစ်လဲဖြစ်သင့်ပါတယ်။ တေးရေးသမားတွေကတော့ လိုချင်လို့ဝင်ပြီးတောင်းတဲ့ သဘောပေါ့နော်။ ဒါကို ကျွန်တော်လဲ ကိုယ်ချင်းစာပါတယ်။ ခုချိန် နီနီခင်ဇော်နဲ့ ကျွန်တော်နဲ့ဆိုထားတဲ့သီချင်းကို ကျွန်တော်မပါပဲ ရှိုးတွေမှာလိုက်ဆိုရင် သွားပြီးတော့ ပိုက်ဆံတောင်းဆို ကျွန်တော်တောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်က တစ်ခါပဲ ရေးရတာလေ။ ဒါပေမဲ့ စတိတ်ရှိုးတစ်ခါဆိုရင် အဆိုတော်တွေက ဒီအသံထွက်ဖို့ကို တစ်ခါထပ်အော်ရတယ်။ အတီးသမားတွေလဲ စီဒီနဲ့မို့ မသိသာတာပေါ့။ အိုင်စီရှိုးတွေမှာဆို သူတို့ကို တီးပေးတဲ့အတီးသမားတွေလဲ နောက်တစ်ခေါက် ထပ်တီးရတာပေါ့။ အဲ့တော့ အရေးသမားက နောက်တစ်ခေါက် ထပ်မရေးရဘူး။ ဒါပေမဲ့ တချို့ကြော်ငြာတွေ၊ ရုပ်ရှင်တွေမှာပါရင် အရေးသမားပဲ အများဆုံးယူဖြစ်တာများတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူပဲဆိုဆို နားလည်မှုနဲ့လိုက်မတောင်းကြပါဘူး။ ဒါကြောင့် ဒီနေ့ အဲ့ကြေညာချက်ကို ပြန်ဖျက်လိုက်တာပါ။ အဲ့ဒါမှန်ပါတယ်။” လို့ နိုင်းဝမ်းက ပြောပါတယ်။

Trend Myanmar


အပြည့်အစုံသို့ »

မိန်းကလေးတွေ သူ့ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချတာ ဒီလိုအချက်တွေကြောင့်ပါ

 
အသည်းကွဲနေတဲ့ ကောင်လေးတွေ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဖော်ပြပေမယ့် အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်တာပါ။

၁။သင်ဟာ သူနဲ့သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင် ဖိအားတွေပေးနေခဲ့တာဆိုရင်

သင့်ချစ်သူကောင်မလေး သင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။ ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။

၂။သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်

အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပြီပေါ့။ သင့်ဘ၀ကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တသွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးနော်။

၃။ သူမကို ဂရုမစိုက်တော့ဘူးဆိုရင်

ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။ ပြသနာကတော့ အဲ့ဒါပါပဲ။ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မ၀င်စားတော့သလိုလို ပုံစံမျိုး ဖြစ်သွားတဲ့ သဘောပါ။ ဒါ့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့တာ။ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။

၎။သင်ဟာ ရစ်နိုင်လွန်းသူ၊ ဘာမှမဟုတ်တဲ့အရာကို ပြသနာလုပ်တတ်သူဆို၇င်

အတွဲတိုင်းဟာ ရန်တော့ ဖြစ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်သား ပြဿနာတက်တဲ့ကိစ္စတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေမယ်။ ပြဿနာတိုင်းကလည်း သင်ကချည်း ဖန်တီးနေမယ်၊ ရစ်နေတာမျိုးဆိုရင် ဘယ်သူကမှ ကြာရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်ကို တွေးတတ်တဲ့သူဆို ပိုပြီးတော့တောင် သင့်ကို စိတ်ကုန်သွားဖွယ်ရာ ရှိပါသေးတယ်။

၅။သင့်မှာ ဘ၀အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိဘူးဆိုရင်

ဘ၀ကို ဖြတ်သလိုပဲ ဖြတ်သန်းမယ်လို့ သင် စိတ်ကူးထားတာကို သူမကို ပြောပြလိုက်မယ်ဆိုရင် သူမက ကောင်းတယ်၊ အရမ်းမိုက်တယ်လို့တော့ ဘယ်ပြောမှာလဲ။ စိတ်ကုန်သွားမှာပဲလေ။  ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ကောင်လေးက ဘယ်လိုတော်တယ်၊ မိုက်တယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုး ဂုဏ်ယူချင်ကြတာချည်းပါပဲ။ ကိုယ်ကအဲ့ဒီလို ဂုဏ်ယူစရာ မကောင်းရင်တောင် ကြိုးစားရပ်တည်နေသူတစ်ဦး ဖြစ်ရင်တော်သေး။ အဲ့ဒီလို မဟုတ်ဘဲ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အားလုံးကို စိတ်ကုန်သွားပြီဆိုတဲ့ လူစားမျိုးဆိုရင်တော့ သူလည်း သင့်ကို စိတ်ကုန်သွားမှာ အသေအချာပဲနော်။

Ref:mensxp.com
Trend Myanmar

အပြည့်အစုံသို့ »