Showing posts sorted by relevance for query myanmar news now. Sort by date Show all posts
Showing posts sorted by relevance for query myanmar news now. Sort by date Show all posts
ခလရ(၃၁)တပ်ရင်းက တပ်သားတစ်စု မုဒိန်းမှု ကျူးလွန်
မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲ  ကျုံညဲကျေးရွာနေ နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ ၏ သမီး မိပရွဲမွန် ကို   ခလရ(၃၁) တပ်ရင်းမှ တပ်သား သိန်းဝင် အပါအ၀င်(၃)ဦးက  (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် အဓမ္မပြုကျင့် ခဲ့ကြောင်း သိရပါတယ်။
နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ အိမ်ကို ခလရ (၃၁) မှ သက်ကယ် ဖက်ထိုးရန် ငှားရမ်းထားပြီး (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် တပ်သား သိန်းဝင်းအပါ (၃)ဦးတို့သည် သက်ကယ်ဖက် ဆင်းယူစဉ်တွင် နိုင်ဖဒွတ် နှင့်  မိကျင်ဝိုင်း တို့ နေအိမ်မှာ သမီးဖြစ်သူ မိပရွဲမွန်ကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
သမီးဖြစ်သူ ငိုယိုးပြေးလာတာကို အဖေ နိုင်ဖဒွတ် တွေ့သွားပြီး အကြောင်းစုံ သိရှိကာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းကြည် နေအိမ်သို့ ဖြစ်စဉ်အားလုံး အကြောင်းကြားခဲ့ပါတယ်။
ဖြစ်စဉ်ကို သိရှိပြီးသည်နှင့် ကျုံညဲကျေးရွာ အုပ်ချူပ်ရေးမှူး နိုင်ထွန်ကြည်က ရပ်မိ ရပ်ဖ အနည်းငယ်နှင့် မိပရွဲမွန်တို့ မိသားစုအား ခေါ်ကာ တပ်ရင်း(၃၁) အားသွားရောက်တိုင်းတန် ခဲ့ရာ တပ်ရင်းရုံးက တာဝန်ရှိသူများက နှစ်နာကျေး ငွေကျပ် ငါးသိန်း(၅၀၀၀၀၀)ကျပ် ပေးကာ ခြိမ်းခြောက်ပြီး  ကျေးအေးလွှာအား အတင်း လက်မှတ်ထိုးခိုင်းပေမဲ့လည်း မိပရွဲမွန် မိသားစုမှ လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ လျော်ငွေကို ရပ်မိရပ်ဖမှ လက်ခံခဲ့ပြီး (၂.၁.၂၀၁၄) နေ့တွင် မိပရွဲမွန် မိသားစု အားပေးပို့  ခဲ့ကာ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြောင်းတစ်စုံ တစ်ခု ပေါ်ပေါက်ခဲ့ပါက ရွာမှနှင်းထုတ်မည်ဟု မိသားစုအား ခြိမ်းခြောက်ခဲ့ကြောင်း ရပ်မိရပ်ဖတွေက Myanmar News Now ကို ပြောပါတယ်။
ခလရ(၃၁)မှ ယခုလို ကိုယ်ထိလက်ရောက် မုဒိန်းမှု ကျူးလွန်းခြင်းသည် လည်းကောင်း ၊ ကျူးလွန်ပြီး ကာယကံရှင်အပေါ် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ကို လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်ရေး တည်ဆောက်မှု လမ်းစဉ်အား များစွာထိခိုက်စေသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးပါရန် ကာယကံရှင် မိသားစုနှင့် ရပ်မိရပ်ဖ တွေက Myanmar News Now ပြောဆိုထားပါတယ်။
thithtoolwin
အပြည့်အစုံသို့ »
ဆိုင်ကယ်မစီးရ နယ်မြေအတွင်း ဆိုင်ကယ်တိုက်မှုဖြစ်
၂၀-၁၂-၂၀၁၃ ရက်နေ့  နံနက် (၉း၂၀)တွင်  အ.မ.က(၄) (ဒဂုံအရှေ့)ကျောင်းရှေ့၌ တိုးချဲ့(၁)ရပ်ကွက်နေ  မြင့်ထွန်း  မောင်းနှင်သော ဆိုင်ကယ်ဖြင့် ကျောင်းပို့လာသူ ဒေါ်လှလှအေး (၃၇-နှစ်) နှင့် ၄င်းသမီးဖြစ်သူ မကြယ်စင်ပန်းချီ (၆-နှစ်) အား စက်ဘီးဖြင့် ကျောင်းပို့လာစဉ် မြင့်ထွန်းမောင်းနှင်သော ဆိုင်ကယ်မှ အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်ပြီး မောင်းနှင်ထွက်ပြေး သွားကြောင်း Myanmar News Now မှ သတင်းရရှိ ပါသည်။
ဆိုင်ကယ်တိုက်မှုကြောင့် မလှလှအေး တွင် ယာဘက် ခြေထောက်ကျိုး ဒဏ်ရာနှင့် ဒူးပြဲဒဏ်ရာများ ရရှိသွားပြီး၊  ၄င်းသမီးဖြစ်သူ မကြယ်စင်ပန်းချီ(၆နှစ်)မှာ ရှေ့သွားများ ကျိုးသွားခဲ့ပါသည်။
၎င်းဖြစ်စဉ်၌ ရန်ကုန်တိုင်းအတွင်း၊ ဆိုင်ကယ်မစီး ရန်တားမြစ်ထား သော်လည်း ၄င်းကဲ့သို့ မဆင်မခြင် အရှိန်ပြင်းစွာစီးနင်းပြီး တာဝန်မဲ့စွာ မောင်းနှင်ထွက်ပြေး သွားသော တရားခံ မြင့်ထွန်း အား နယ်မြေ(၆) ယာဉ်မှုစစ်မှ ရဲအုပ် မျိုးလင်းအောင် မှ ပ/၂၀  ၊ ၂၉၇/၃၃၇  အရ အမှုဖွင့် ဆောင်ရွက်နေ ပါသည်။
၎င်းကဲ့သို့  ဆိုင်ကယ်မစီးရ နယ်မြေ၌ ဒဏ်ရာပြင်းထန်စွာ ရရှိအောင် ရမ်းကားစွာ စီးနင်းမောင်းနှင်၍ ထွက်ပြေး တိမ်းရှောင်နေသူအား ထိရောက်ဟန့်တားစွာ ပြစ်ဒဏ် ချမှတ်ရန် လိုအပ်ကြောင်း  ဆိုင်ကယ် တိုက်ခံရသည့် မိသားစုဝင်များက Myanmar News Now ကို ပြောပါသည်။
thithtoolwin
အပြည့်အစုံသို့ »
အမျိုးသမီးငယ်တဦးကို ပြည့်တန်ဆာ လုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား လူကုန်ကူး ရဲတပ်ဖွဲ့ထံ တိုင်ကြားသော်လည်း အရေးယူခြင်းမရှိ
ဒီဇင်ဘာလ ၇ ရက် (ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ အမျိုးသမီးငယ်တဦးအား အလုပ်ပေးမည်ဟု ဖျားယောင်းသွေးဆောင်ကာ နေပြည်တော်ရှိ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား ပုသိမ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံ တိုင်ကြား ထားသော်လည်း ယနေ့ထက်တိုင် တစုံတရာ အရေးယူခြင်းမရှိကြောင်း သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်မရှိဖူးသူ (အပျို) အမျိုးသမီးငယ်တဦးအား ကန်ကြီးထောင့်မြို့နယ် ၀ါးထူးအုပ်စု အကယ်ကျေးရွာနေ နန့်ကြူကြူငွေက ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းတွင် နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သော နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ နန့်ကြူကြူငွေမှာ လူပို့ပေးခ ၅ သိန်းကျပ် ရရှိခဲ့ကြောင်း၊ ပို့ဆောင်ခံရသူ အမျိုးသမီးငယ်မှာ ကိုယ်လွတ်ရုန်းထွက် ပြေးလာပြီး ပုသိမ်လူကုန်တား ရဲတပ်ဖွဲ့ထံ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုင်ကြားခဲ့ရာ ယနေ့အထိ အရေးယူခြင်း မရှိကြောင်း
အမျိုးသမီးငယ်အား လိုက်ပါကူညီ ပေးနေသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုဝင်းထွန်းနိုင်က Myanmar News Now ကို ပြောသည်။
“ကောင်မလေးအမေက နေမကောင်းဘူး။ သူတို့မိသားစုက ဆင်းရဲတော့ ဆေးကုဖို့ ငွေလိုနေတယ်။ ကောင်မလေးကလည်း ငွေလိုလို့ အလုပ်ရှာနေတဲ့အချိန် နန့်ကြူကြူငွေက ရန်ကုန်မှာ စားပွဲထိုး အလုပ်ရမယ်လိုက်မလားဆိုပြီး ခေါ်တယ်။ ကောင်မလေးကလည်း နန့်ကြူကြူငွေနဲ့ သူငယ်ချင်းတွေ။ မိသားစုချင်းတွေကလည်း ရင်းနှီးနေတာကြောင့် လိုက်သွားတယ်။ ပြီးတော့ ရန်ကုန်ကိုမပို့ဘဲ နေပြည်တော်ခေါ်သွားပြီး ပြည့်တန်ဆာအိမ်ကို ပို့ပစ်လိုက်တယ်။ သူ့ကို
ဟိုအိမ်က ၅ သိန်းပေးတယ်လို့ သိရတယ်။ နောက်တော့ ပြည့်တန်ဆာအိမ်မှာ ရောက်နှင့်ပြီးသား မိန်းကလေးတွေက ဒီကလေးမကို သနားတာနဲ့ သူတို့လိုမဖြစ်အောင် ၀ိုင်းကယ်ပြီး အိမ်ပြန်နိုင်အောင် ၀ိုင်းကူညီလိုက်ကြတယ်။ ရွာပြန်ရောက်လာတော့ ကောင်မလေးက မကျေနပ်လို့ တိုင်ချင်တယ်ဆိုတော့ ကျနော်ကိုယ်တိုင် လူကုန်ကူးအဖွဲ့ဆီကို လိုက်ပို့ပေးပြီး တိုင်ချက်ဖွင့်ထားတယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ ဘာမှအရေးယူတာ မရှိဘူး”ဟု သူက ပြောသည်။
နန့်ကြူကြူငွေက အမျိုးသမီးငယ်အား အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုသိမ် - နေပြည်တော် ပြေးဆွဲနေသည့် “ထွန်းတောက်” အမြန်ယာဉ်ဖြင့် နေပြည်တော်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
နန့်ကြူကြူငွေနှင့် ငယ်သူငယ်ချင်းများဖြစ်သည့်အတွက် ယုံကြည်ပြီးလိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ စားသောက်ဆိုင်၌ စားပွဲထိုးလုပ်ရမည်ဟု ပြောဆို၍ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မူလက ရန်ကုန်၌အလုပ်ရှာပေးမည်ဟုပြောဆိုသော်လည်း နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး မိမိအား ပြည့်တန်ဆာအိမ်၌ ထားရစ်ခဲ့ကာ နန့်ကြူကြူငွေ ပြန်သွားခဲ့ကြောင်း အသက် ၂၄ နှစ်အရွယ် ကာယကံရှင် အမျိုးသမီးငယ်က Myanmar News Now ကို ပြောသည်။
“သူပြောတော့ ရန်ကုန်ဆိုပြီး ရန်ကုန်ရောက်တော့ ဒီမှာအလုပ်မကောင်းဘူး။ နေပြည်တော်မှာဘဲ အလုပ်ဆက်ရှာပေးမယ် ဆိုပြီး ခေါ်သွားတယ်။ နေပြည်တော်ရောက်တော့ မှောင်နေပြီ။ သူက ဖုန်းနဲ့ဆက်လိုက်တော့ အစ်မကြီးတယောက်က ဆိုင်ကယ်နဲ့  လာခေါ်တယ်။ နှစ်ထပ်အိမ်တအိမ်ကို ခေါ်သွားတယ်။ သူ (နန့်ကြူကြူငွေ) က ဆိုင်ရှင်ဆိုတဲ့အစ်မကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဲဒီအစ်မကြီးက နင်ပင်ပန်းနေပြီ။ သွားနားလိုက်တော့ဆိုပြီး သူတို့လူတွေနား တဲ့နေရာကို ခေါ်သွားခိုင်းတယ်။”
“အခန်းထဲရောက်တော့ ကောင်မလေးတွေက ကျမကိုကြည့်ပြီး နင်ဒီမှာ ဘာလာ လုပ်တာလဲတဲ့။ ကျမက အလုပ်လာလုပ်တာလို့ပြောတယ်။ ဒါဆို နင်ကအိမ်ထောင်သည်လား ကလေးဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ ကျမက ကလေးလည်းမရှိဘူး။ အိမ်ထောင်လည်း မရှိပါဘူးလို့ပြောတော့ သူတို့က နင်ဒီမှာမနေနဲ့။ ဒီမှာရှိတဲ့လူတွေအကုန်လုံးက မကောင်းတာ လုပ်စားတဲ့လူတွေချည်းပဲ။ အဲ့ဒီအလုပ်မလုပ်ရင်လည်း ပိုက်ဆံမရဘူးဆိုပြီးပြောတော့ ကျမ ချက်ခြင်းပဲ နန့်ကြူကြူငွေကို လိုက်ရှာတယ်။ သူ့ကိုတွေ့တော့ နင်ငါ့ကိုပြန်ခေါ်ပါ။ ငါဒီမှာ မနေပါရစေနဲ့လို့ပြောတယ်။ ငါဒီအလုပ်တွေလည်း မလုပ်ချင်ဘူး။ မလုပ်နိုင်ဘူးလို့ပြောတယ်။ ငါ့မှာနင့်ကိုပြန်ခေါ်ဖို့ လမ်းစရိတ်မရှိဘူး။ လမ်းစရိတ်ရှာ လိုက်ဦးမယ်ဆိုပြီး ကျမကို အဲဒီအိမ်မှာ ထားခဲ့ပြီး သူထွက်သွားတယ်”ဟု သူမက ပြောသည်။
“ကျမဒါတွေမလုပ်နိုင်ဘူး။ ပြန်မယ်ဆိုပြီး ဆိုင်ရှင်မိန်းမကိုသွားပြောတော့ နင်ပြန်လို့ မရဘူး။ နင့်ပိုက်ဆံတွေ သူယူသွားတယ်လို့ ဆိုင်ရှင်ကပြောတယ်။ ပိုက်ဆံက ၅ သိန်း ယူသွားတာ။ အဲဒါနဲ့ ကျမလည်း ပြန်စရာလည်းငွေမရှိ။ နေလည်းမနေချင်တော့ ဘာမှမကြံတတ်တာနဲ့ ငိုနေတော့တယ်။ အဲဒီမှာ အဲဒီအိမ်ကကောင်မလေးတွေက နန့်ကြူကြူငွေကို ဖုန်းဆက်ပြီး ယူသွားတဲ့ ၅ သိန်းကို ပြန်ပေးဖို့၊ မပေးရင် ရဲတိုင်မယ်ဆိုတော့မှ အဲဒီငွေကိုလူကြုံနဲ့ ပြန်ထည့်ပေးတယ်။ ကျမတို့တော့ ပြန်မခေါ်ဘူး။ အဲဒါနဲ့ အဲဒီအိမ်က ကောင်မလေးတွေကပဲ သူတို့လိုဘ၀ မရောက်အောင်ကူညီပြီး လမ်းစရိတ်တွေပါဝိုင်းထုတ်ပေးပြီး ဧရာဝတီတိုင်းကို ပြန်လွှတ်လိုက်တာ။ အသွားတုန်းကလည်း ထွန်းတောက်ကားနဲ့ပဲ။ အပြန်ကျတော့လည်း ထွန်းတောက်ကားနဲ့ပဲ ပြန်လာခဲ့တာ”ဟု သူမက ပြောသည်။
အမျိုးသမီးငယ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့တွင် နေရပ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (ပုသိမ်တပ်ဖွဲ့စု) ထံ သွားရောက်တိုင်တန်းခဲ့ရာ ဒုရဲအုပ် သက်ဦးက စစ်ဆေးမေးမြန်းခဲ့ကြောင်း အမျိုးသမီးငယ်အား လိုက်ပါကူညီပေးနေသူ ဒေါ်သန်းလွယ်က ပြောသည်။
“လူကုန်တားတပ်ဖွဲ့က ကိုသက်ဦးက ကောင်မလေးကို စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ နောက်တနေ့မှာ နန့်ကြူကြူငွေကို စခန်းကိုခေါ်စစ်တယ်လို့ သိရတယ်။ ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး။ နန့်ကြူကြူငွေကို ဒီနေ့ထက်ထိ ဘာအရေးယူမှုမှ မလုပ်ဘူး။ အဲတော့ နန့်ကြူကြူငွေက ရွာမှာပြန်လာပြီး ငါကစေတနာနဲ့ အလုပ်ရှာပေးတာကို စော်ကားတယ်။ ဘာညာဆိုပြီး ကြိမ်းဝါးနေတော့တာ။ ကောင်မလေးခမျာမှာ ကံကောင်းလို့ ပြည့်တန်ဆာဘ၀မရောက်ဘဲ လွတ်လာတာ။ ခုကျတော့ သူ့ကိုအဲဒီလို ဖာတန်းပို့တဲ့လူ ကျတော့ ဘာမှအရေးယူမခံရဘဲဖြစ်နေတော့
ကျမတို့နိုင်ငံမှာ တရားဥပဒေဆိုတာက ရှိမှ ရှိသေးရဲ့လားလို့တောင် အံ့သြမိတယ်”ဟု သူက ပြောသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ပုသိမ်တပ်ဖွဲ့စုစခန်းမှာ ပုသိမ်မြို့ကိုးသိန်းဘောလုံးကွင်းအနီးတွင် တည်ရှိပြီး တပ်ဖွဲ့စုမှူးမှာ ရဲမှူး ဒေါ်ခင်ခင်စိုးဖြစ်သည်။
by thit htoo lwin
အပြည့်အစုံသို့ »
ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှု သံသယရှိသူအား ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးရမိ
(၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။
အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲ အရာရှိတဦးက Myanmar News Now ကို ပြောပါတယ်။
တရားခံဟာ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာ သူ့ရဲ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။
အဆိုပါ တရားခံကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေး ရဲမှူးကိုယ်တိုင်း ဦးစီးပြီး လိုက်လံဖမ်းဆီး ခဲ့ပြီး ယ္ခုအခါ ရဲမှူးကားနဲ့ အတူ တရားခံ စောမြင့်လွင် အား ရန်ကုန်မြို့ ကို ပြန်ခေါ်လာနေကြောင်း သိရပါတယ်။
by Myanmar News Now
အပြည့်အစုံသို့ »
Nok Air ခရီးသည်တဦး ဗီဇာမပါဘဲ ရောက်ရှိလာ
၇-၉-၂၀၁၃နေ့  ယနေ့ နံနက်၀၉၀၀နာရီ အချိန်တွင် မော်လမြိုင် လေယာဉ်ကွင်းသို့  မဲဆောက်လေဆိပ်မှ Nok Air လေကြောင်းလိုင်းဖြင့် လိုက်ပါ စီးနင်းလာသည့် ခရီးသည်(၉)ဦး ဆင်းသက်ရာတွင် လေကြောင်း ဗီဇာမပါတဲ့ ခရီးသည်တဦးကို စစ်ဆေးတွေ့ ရရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
အဆိုပါ လေယာဉ် ဆင်းသက်ရာတွင်  လေယာဉ် ရဲတပ်ဖွဲ့စုမှူး ရဲမှူးအောင်ဘုန်းကျော်၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူးအေးမင်း ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး မျိုမင်းစိန်၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်ချစ်ကိုမြင့်နှင့် တပ်ဖွဲ့ဝင်များ မော်လမြိုင် လူကုန်ကူးမှုအဖွဲ့မှ ရဲအုပ်အောင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုလ၀ကမှူး ထိန်းလင်းနှင့်အဖွဲ့များ၊ အကောက်ခွန်မှ ဒုအကခမှူးကျော်ကိုဝင်းတို့မှ လုံခြုံရေး ဆောင်ရွက်ပြီး ခရီးသည်များအားစစ်ဆေးရာတွင် ဂျာမဏီနိုင်ငံသား တစ်ဦးအား ဗီဇာမပါရှိကြောင်း စစ်ဆေးတွေ့ ရှိရခြင်း ဖြစ်သည်။
ဗီဇာမပါတဲ့ ဂျာမဏီနိုင်ငံသား အား  မော်လမြိုင်လေယာဉ်ကွင်းတွင် ဆင်းခွင့် မရှိသဖြင့် အဆိုပါလေယာဉ်ဖြင့် မဲဆောက်သို့ ပြန်လည်ထွက်ခွာ သွားစေကြောင်း သိရပါသည်။
by Myanmar News Now
အပြည့်အစုံသို့ »
သစ်ထူးလွင် သတင်း ဆိုရင် ဒီမှာဖတ်ပါ - Thit Htoo Lwin News
အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။
အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊
ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။
ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။
သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။
အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။
ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။
သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန
ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။
ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။
ဧရာဝတီ
အပြည့်အစုံသို့ »
လယ်သိမ်းသူကို ရုပ်/သံဗီဒီယိုဖိုင်နဲ့တိုင်လို့ တရားစွဲခံရ
ဖေဖော်ဝါရီလ ၉ ရက် (လပွတ္တာ)
ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဂုံညှင်းတန်း ကျေးရွာအုပ်စုက လယ်သမားတွေဟာ သူတို့လယ်တွေကို ဦးသန်းအေးဆိုသူက အတင်းအဓမ္မ ၀င်ရောက်ထွန်ယက်ပြီး လုယူသွားတဲ့ကိစ္စကို အာဏာပိုင်တွေ သိစေလိုတဲ့အတွက် ရုပ်/သံဗီဒီယိုရိုက်ကူးပြီး တိုင်ကြားခဲ့ရာမှာ တရားစွဲဆိုခံနေရကြောင်း သိရပါတယ်။
ဂုံညှင်းတန်း ကျေးရွာအုပ်စု လိပ်သစ်ကျေးရွာက လယ်သမားတွေရဲ့လယ်တွေကို လိပ်သစ်ကျေးရွာနေ ဦးသန်းအေးက အကြွေးနဲ့သိမ်းယူပြီး လူအင်အားနဲ့ အဓမ္မ၀င်ရောက်စိုက်ပျိုးတဲ့ ကိစ္စတွေကို ရုပ်/သံ ဗီဒီယိုရိုက်ကူးပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ဧရာဝတီတိုင်း ၀န်ကြီးချု့ပ်အပါအ၀င် တိုင်းအဆင့်
ဌာနဆိုင်ရာများ၊ လပွတ္တာခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန စသဖြင့် ဌာနပေါင်း (၂၆) ခု ထံ ပေးပို့တိုင်ကြားခဲ့ကြောင်း သိရပါတယ်။
အဲ့လိုတိုင်ကြားတဲ့အတွက် ဦးသန်းအေးက လပွတ္တာမြို့နယ်တရားရုံးမှာ တရားလိုပြုလုပ်ပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ လယ်သမား ၁၄ ဦးကို ၂၀၁၃ ခုနှစ် မေလကနေ စတင်တရားစွဲဆို ခဲ့တဲ့အတွက် တိုင်ကြားသူလယ်သမားတွေ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
“ကျနော်တို့ကို တရားစွဲတာက ၂၀၁၃ ခုနှစ် မေလကပါ။ ကျနော်တို့က လယ်တွေ မတရား အကြွေးနဲ့ အသိမ်းခံရတာကို အထက်ကလူကြီးတွေ သိရှိပြီး ဖြေရှင်းပေးနိုင်အောင် တင်ပြကြတာပါ။ ဦးသန်းအေးကို အသရေဖျက်တာ မဟုတ်ပါဘူး။ ဗီဒီယိုဖိုင်မှာပြောထားတာတွေအကုန်လုံး အမှန်တွေ ချည်းပါပဲ။ အခုက တိုင်ကြားတဲ့ဟာကို အထက်လူကြီးတွေက ဘာမှဖြေရှင်းပေးတာ မခံစားရဘဲ တိုင်ကြားလို့ တရားစွဲတာပဲ ခံလိုက်ရတယ်”ဟု တရားစွဲဆိုခံနေရသည့် လိပ်သစ်ကျေးရွာမှ ဦးအောင်ဆွေက Myanmar News Now ကို ပြောပါတယ်။
တရားစွဲခံနေရသူတွေကတော့ လိပ်သစ်ကျေးရွာမှ ဦးခင်ဇော်၊  ဦးအောင်ဆွေ၊ ဦးဖိုးစိန်ကြီး၊ ဦးစိန်ကုလား၊ မမိုးမိုး၊ မတင်တင်စိန်အပါအ၀င် ၁၄ ဦးဖြစ်ပြီး အဲဒီထဲက ၁၃ ဦးက ဦးသန်းအေးရဲ့ လယ်သိမ်းတာခံထားရတဲ့ လယ်သမားတွေ ဖြစ်ပါတယ်။
“ကျနော်တို့မိသားစုမှာ လယ် ၁၈ ဧက ရှိတယ်။ ကျနော့်ညီ နေထွန်းက ဦးသန်းအေးဆီမှာ လူငှားလုပ်ရင်းနဲ့ အကြွေးတင်တယ်။ အဲဒါ ကျနော့် အဖေဆီလာတောင်းတော့ အကြွေးအတွက်ဆိုပြီး အဖေက ဦးသန်းအေးကို လယ် ၆ ဧက ထိုးပေးလိုက်တယ်။ ၂၀၁၂ ခုနှစ်မှာ အဖေဆုံးသွားရော ဦးသန်းအေးက ဒီလယ်တွေအကုန်လုံး သူ့ကိုရောင်းထား ပါတယ်ဆိုပြီး အတင်းဝင်လုပြီး ၀င်ထွန်တာ။ အဲဒီလယ်တွေကို ရောင်းခဲ့တာ လုံးဝမရှိပါဘူး။ ဒီကနေ့အထိလည်း ကျနော်တို့ မြေခွန်ပြေစာ ထမ်းဆောင်နေပါတယ်။ ဒီလို မတရားလုပ်ခံရလို့ တိုင်တာကို ကျနော်တို့ကို တရားစွဲတာ”လို့ တရားစွဲခံနေရတဲ့ ဦးဖိုးစိန်ကြီးက ပြောပါတယ်။
တရားစွဲခံထားရသူတွေထဲမှာ လိပ်သစ်ကျေးရွာက မမိုးမိုးနဲ့ မတင်တင်စိန်တို့ ညီအစ်မ ၂ ဦးဟာ ဗီဒီယို ရုပ်သံဖိုင်နဲ့ တိုင်ကြားသူတွေထဲမှာ မပါဝင်ပေမယ့် ဦးသန်းအေးရဲ့ တရားစွဲဆိုတာ ခံနေရပါတယ်။
“ကျမတို့ ညီအစ်မ ၂ ယောက်က ဦးသန်းအေးကိုတိုင်တဲ့ ရုပ်/သံဗီဒီယိုထဲမှာ လုံးဝမပါပါဘူး။ အဲဒါကို ကျမတို့ညီအစ်မကိုလည်း မဆီမဆိုင် ထည့်ပြီး တရားစွဲထားတယ်။ ကျမတို့မှာ ငတ်တလှည့် ပြတ်တလှည့်နဲ့ တရားရင်ဆိုင်နေရတာ အရမ်းဒုက္ခရောက်နေပါတယ်။ ကူညီနိုင်သူတွေ ကူညီပေးကြပါဦး”လို့ မမိုးမိုးက ပြောပါတယ်။
လက်ရှိမှာ ဒီအမှုကို လပွတ္တာမြို့နယ်တရားရုံးက လက်ခံစစ်ဆေးပေးနေပြီး ဒီလ ဇန်န၀ါရီ ၁၁ ရက်နေ့ကို ရုံးချိန်း သတ်မှတ်ပေးထားပါတယ်။
“ကျနော်တို့က လယ်သိမ်းခံရတဲ့ ကိစ္စတွေကို ဂုံညှင်းတန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်ဆီကို တင်ပြတယ်။ ဒီမှာသူက ဘာပြောလဲဆိုတော့ မင်းတို့ ရုပ်/သံ ဗီဒီယို ရိုက်ပြီး လူကြီးတွေဆီ တိုင်ကြ။ အဲဒါဆို ပိုထိရောက်တယ်လို့ပြောတယ်။ အခုကျတော့ ဒါတွေ သူမသိပါဘူး။ သူဘာမှ အကြံဥာဏ်မပေးခဲ့ပါဘူးလို့ ဗြောင်လိမ်နေတယ်။ ကျနော်တို့က တောသားတွေ။ ဒီလို ဗီဒီယိုဖိုင်နဲ့ တိုင်တာတွေဘာတွေ သိတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူး အကြံပေးတဲ့အတိုင်း လုပ်ခဲ့ကြတာ”
“နောက်ပြီးတော့ ကျနော်တို့တိုင်တဲ့ ဗီဒီယိုခွေကို ဦးသန်းအေးက လပွတ္တာမြို့ကိုသွားရင်း လမ်းမှာကောက်ရလာတယ်လို့ ပြောတယ်။ သူကောက်ရလာတဲ့အခွေကို ဖွင့်ကြည့်တော့ သူ့ကိုတိုင်တဲ့အခွေဖြစ်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲတာလို့ ပြောတယ်။ ဒါက လမ်းမှာကောက်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့က ဌာနဆိုင်ရာတွေကို ပေးတာ။ လမ်းမှာ ချကြဲခဲ့တာမဟုတ်ဘူး။ ကျနော်တို့ ပေးပို့တဲ့ ဌာနဆိုင်ရာတခုခုက ဦးသန်းအေးကို ပေးလိုက်တာလို့ပဲ ကျနော်ထင်တယ်”လို့ တရားစွဲခံနေရတဲ့ လယ်သမားတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ လယ်ယာမြေကိစ္စတွေကို အကြောင်းပြုပြီး လယ်သမား ၅၀၀ ကျော် တရားစွဲခံခဲ့ရပြီး ၂၅၀ ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရကြောင်း လယ်သမားအရေး လှုပ်ရှားတဲ့ လူမှုကွန်ရက်အဖွဲ့တွေထံက သိရပါတယ်။
thithtoolwin
အပြည့်အစုံသို့ »
နေအိမ်ထဲအထိ လိုက်လံထိုးကြိတ်ခံရသူကို အုပ်ချုပ်ရေးမှူးက ထိပ်တုံးခတ်ပြီး အပြစ်ပေး
ဒီဇင်ဘာ ၁၅ (လပွတ္တာ)
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊
နေရာပျံချီကျေးရွာမှ ရွာသားတဦးမှာ နေအိမ်ဝင်းထဲအထိ
လိုက်လံထိုးကြိတ်ခြင်းခံရသော်လည်း အုပ်ချုပ်ရေးမှူးက ထိုးကြိတ်သူများကို
အရေးမယူဘဲ အထိုးခံရသည့်ရွာသားအား ထိပ်တုံးခတ်ခြင်း၊ မြက်ရှင်းခိုင်းခြင်း
စသည့် အပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နေရာပျံချီကျေးရွာမှ ဦးသိန်းထွန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ
၂၆ ရက်နေ့ ညနေပိုင်းက ကျေးရွာအတွင်း ဈေးဝယ်ပြီးအိမ်အပြန်တွင်
ဦးချစ်မြနှင့် ဦးသောင်းစိန်တို့က ရန်စခဲ့ပြီး ဦးချစ်မြက
ဦးသိန်းထွန်းအား ၎င်းနေထိုင်သည့် နေအိမ်ဝိုင်းထဲအထိ
လိုက်လံထိုးကြိတ်ခဲ့ကြောင်း၊ ထို့နောက် ထိုးကြိတ်ရန်စသူများက
ကျောက်တန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လေးထံ
သွားရောက်တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူးက ထိုးကြိတ်ခံရသည့်
ဦးသိန်းထွန်းအား ၁ ညတိတိ ထိပ်တုံးခတ်၍ ချုပ်နှောင်အပြစ်ပေးခဲ့ကြောင်း
ကျောက်တန်းကြီးကျေးရွာမှ ဒေသခံ ရွာသားများက ပြောသည်။
“ကိုသိန်းထွန်းကို ကိုချစ်မြနဲ့ ကိုသောင်းစိန်တို့က
စကားပြောနေတဲ့အချိန်မှာ ကျနော်အနားမှာ ရပ်နေတယ်။ အဲဒီမှာပြောနေတာက
ကိုချစ်မြကနေပြီးတော့ မေးတယ်။ မင်းတို့ မောင်မြင့်စန်းက ဘာကောင်လဲ။
ဇော်လေး (အုပ်ချုပ်ရေးမှူး) ကရော ဘာကောင်လဲဆိုပြီး အဲလိုတွေမေးနေတယ်။
ရန်စတဲ့ ပုံစံမျိုးပေါ့။ ကိုသိန်းထွန်းကတော့ ကောင်းကောင်းမွန်မွန်ပဲ
ပြန်ဖြေနေပါတယ်။ နောက်တော့ ဦးခွေးလေးက လျှောက်လာနေတော့ ခွေးလေးက
ဘာကောင်လဲလို့ မေးတယ်။ ဦးခွေးလေးက ခွေးလေးပေါ့လို့ ကိုသိန်းထွန်းက
ပြန်ဖြေတဲ့အချိန်မှာ ဦးခွေးလေးက မင်းကငါ့ကို ခွေးနဲ့နှိုင်းရသလား
ဆိုပြီးတော့ ပြဿနာရှာရော။ အဲလိုတွေဖြစ်လို့ ကိုသိန်းထွန်းက အိမ်ပြန်တာကို
ကိုချစ်မြက လိုက်ထိုးတာ။ ကိုသိန်းထွန်းက သူ့အိမ်ထဲဝင်ပြေးတာတောင် မရဘူး။
အိမ်ထဲအထိကို လိုက်ထိုးတာ”ဟု အခင်းဖြစ်ချိန်တွင် ရှိနေသည့် မျက်မြင်သက်သေ
ဦးကျော်ဝင်းက Myanmar News Now ကို ပြောသည်။
ဦးချစ်မြ၊ ဦးသောင်းစိန်နှင့် ဦးခွေးလေးတို့က အုပ်ချုပ်ရေးမှူး
ဦးဇော်လေးထံ သွားရောက် တိုင်ကြားကြရာ ဦးဇော်လေးက အခင်းဖြစ်ပွားမှုကို
သေချာမစစ်ဆေးဘဲ မြေယာမှုခင်းနှင့်ပတ်သတ်၍ ဆဲဆိုရမ်းကားသည်ဟု မှတ်ချက်ရေး၍
မိမိအား ထိပ်တုံးခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုးကြိတ်ခံရသူ ကိုသိန်းထွန်းက
ပြောသည်။
“ကျနော်တို့က ကျေးရွာမှာ မြေတွေအကြွေးနဲ့သိမ်းခံထားရတာရှိတော့ အဲဒါတွေကို
မြေယာမှုခင်း ဖွင့်ထားတယ်။ သူတို့ကလည်း အဲဒါကိုမကျေနပ်တော့ ပြဿနာရှာကြတာ။
ကျနော်က ပြဿနာ ဖြစ်မှာစိုးလို့ အိမ်ကိုပြန်တာကို ကိုချစ်မြက
လိုက်ထိုးတယ်။ အိမ်ထဲရော ခြံထဲရော ၀င်ထိုးတာ။ သိပ်မကြာဘူး
အုပ်ချုပ်ရေးမှူးအဖွဲ့တွေရောက်လာပြီး ရုံးခဏလိုက်ခဲ့ဦးလို့ခေါ်တယ်။
အဲဒါနဲ့ ကျနော်လည်း လိုက်သွားတယ်။ ဟိုရောက်တော့ ကိုချစ်မြရော၊
ကိုသောင်းစိန်ရော၊ ဦးခွေးလေးရော ရောက်နေတယ်။
အုပ်ချုပ်ရေးမှူးကိုဇော်လေးက မေးတယ်။ သိန်းထွန်းက မူးပြီးရမ်းနေတာ
မှန်ပါသလားတဲ့။ ဟိုလူတွေကလည်း မှန်ပါတယ်လို့ပြောတယ်။
ကျနော်ကခံငြင်းသေးတယ်။ မရဘူး။ အဲဒါနဲ့ မင်းကို ခြောက်ပေါက် (ထိပ်တုံး)
ထဲထည့်မယ်ဆိုပြီး ထည့်ထားတာ”ဟု သူက ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီမှ စတင်၍ ထိပ်တုံးခတ်ထားပြီး
မနက်ရောက်ချိန်တွင် ထိပ်တုံးမှ လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူး
ဦးဇော်လေးက ရုံးရှေ့ရှိမြက်များကို ရှင်းခိုင်းခဲ့သဖြင့် ၂ ရက်ကြာ
မြက်ရှင်းပေးခဲ့ရကြောင်း ကိုသိန်းထွန်းက ဆက်ပြောသည်။
“ကိုသိန်းထွန်းအကြောင်းသိရလို့ မနက်ပိုင်းမှာ ကျနော်လိုက်သွားတော့
သူမြက်ရှင်းနေတာ တွေ့ရတယ်။ အဲဒါကို ကျနော်တို့လည်း
ဓာတ်ပုံတွေရိုက်ထားလိုက်တယ်။ သူတို့က မူးယစ် ရမ်းကားတယ်ဆိုပြီး
ခြောက်ပေါက်ထဲထည့်တာ။ တကယ်က မူးယစ်ရမ်းကားတာ လုံးဝမရှိပါဘူး။
ရွာကလူတွေအားလုံး သိကြပါတယ်။ အခုဟာက ကိုယ့်အိမ်ထဲအထိလည်း
လိုက်အထိုးခံရသေးတယ်။ ခြောက်ပေါက်ထဲလည်း အထည့်ခံရတယ်။ ဒီခေတ်မှာ
အုပ်ချုပ်ရေးမှူးအနေနဲ့ ခြောက်ပေါက်ချပိုင်ခွင့် မရှိသလို လူတယောက်ကို
အဓမ္မလုပ်အားပေး မြက်ရှင်းခိုင်းတာတွေ လုပ်လို့မရပါဘူး။ ဒါဟာ အာဏာကို
အလွဲသုံးစာလုပ်တဲ့ကိစ္စ ဖြစ်ပါတယ်”ဟု လယ်သမားများကို လိုက်ပါကူညီပေးနေသည့်
လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက်မှ ကိုမြင့်စန်းက ပြောသည်။
ယင်းကိစ္စအား ကာယကံရှင် ကိုသိန်းထွန်းက မကျေနပ်သဖြင့် ယခုလ ၃ ရက်နေ့က
လပွတ္တာ မြို့နယ်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများဆီသို့
စာရေးတိုင်ကြားခဲ့ရာ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးရုံးက ယခုလ ၉ ရက်နေ့တွင်
ကိုသိန်းထွန်းအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လပွတ္တာမြို့နယ်ရုံးကပြောတာတော့ ဒီလိုမျိုး ခြောက်ပေါက်ချတာတွေ၊
မြက်ရှင်းခိုင်းတာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးအနေနဲ့
လုပ်ပိုင်ခွင့်မရှိပါဘူးတဲ့။ အခုက အဓမ္မလုပ်အားပေးတဲ့ဟာတွေလည်း ပါနေတော့
သက်ဆိုင်ရာအထက်ဌာနတွေကို တင်ပြပေးပြီးရင် အကြောင်းပြန်ပါ့မယ်လို့
ပြောတယ်”ဟု ထိုးကြိတ်ခံခဲ့ရသည့် ကိုသိန်းထွန်းက ပြောသည်။
thithtoolwin
အပြည့်အစုံသို့ »
ဆင်း နင်းခံရ၍ လူတစ်ဦး သေဆုံး
(၁၃.၁၂.၁၃)ရက်နေ့(၀၈၀၀)အချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး ၊ တနင်္သာရီမြို့၊ သိန်ခွန်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၏ အ ရှေ့မြောက်ဘက်(၇)မိုင် ခန့်အကွာ ဒေသအ ခေါ် လိပ်ကိုက်ချောင်းရှိ NTT သစ်ထုတ်လုပ်ရေး လုပ်ကွက်တွင် ဆင်ဦးစီး ဦးသာထွေးနှင့် ဆင်နောက်လိုက် အောင်ပို တို့သည် ဖိုးမန်း အမည် ရှိဆင် ထီး၏အနီးတွင်သစ်ဆွဲရန် အတွက်သစ်လုံးများ နဖားဖေါက်နေကြရာမှ ဆင်နောက်လိုက် အောင် ပို(၁၈)နှစ်(ဘ)ဦးသားအို ရှမ်းအင်းတော်ရွာ၊ တနင်္သာရီမြို့နေသူမှဆင် နားသို့ကပ်သွားပြီး ဆင် အားတက်စီးစဉ်ဆင်ပေါ်သို့ အတက်မခံဘဲ နှာမှောင်းဖြင့် တွန်းလှဲပြီး ခြေဖြင့်တက်နင်းခဲ့ရာ အောင်ပို ၏ ရင် ဘတ်နှင့်ဘယ်ဘက်ပေါင် တို့ဒဏ် ရာများရရှိပြီး သေဆုံးခဲ့ပါသည်။ ၄င်းဖြစ်စဉ်ကို တနင်္သာရီမြို့မ ရဲစခန်း မှ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက် ရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
thit htoo lwin
အပြည့်အစုံသို့ »
တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း
၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့  ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့  ကာယကံရှင်မှ ရှင်းလင်းပြောကြား၍  ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့  သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ  ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ  ကားနှင့်ခေါ်လာခဲ့ပြီး  မယူလျှင်  သတ်ပစ်မည်ဟုပြောဆို၍  သန်လျင်ဘက်သို့  မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက  အိမ်ပြန်ပို့ပေးရန်ပြောပြီး  ကားပေါ်မှ  ဆင်းမည်ပြုစဉ်  ဆံပင်ဆွဲပြီး  လည်ပင်းကို  လက်နှင့်ရိုက်ကာ  ကားကိုဆက်မောင်း၍  သာကေတ  အေးနန္ဒာ တည်းခိုခန်းအနီး အရောက်  ကားရပ်သဖြင့်  ဆင်း၍ဖုန်းဖြင့် ဓာတ်ပုံရိုက်မည်ပြုစဉ်  ဖုန်းကို  လုယူရိုက်ခွဲကာ  မနုနုထွေး  ၀တ်ဆင်ထားတဲ့  စိန်လက်ကောက်  (၁)ကွင်းကို  ဆွဲချွတ်လုယူ  မောင်းနှင်သွားသည့်အတွက်  မနုနုထွေး  က  ၉.၇.၂၀၁၃ ရက်နေ့မှာ  သာကေတနယ်မြေရဲစခန်းမှာ  အမှုဖွင့်ခဲ့ရာ  ၎င်းရဲစခန်း (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း  သတင်း တစ်ပုဒ်  ပါရှိခဲ့ပါသည်။ …..။
အဆိုပါ  သတင်းနဲ့  ပတ်သက်လို့  ကာယကံရှင် အောင်နိုင်ဦးက  ၄င်းနဲ့  မနုနုထွေးတို့ဟာ ၂၀၀၃/၂၀၀၄ ခုနှစ် ကတည်းက  သမီးရည်းစားဖြစ်ခဲ့ပြီး  မနုနုထွေး  ယခုလုပ်ကိုင်နေတဲ့  H2O  အမည်ဖြင့်  Decoration  လုပ်ငန်းကို  နှစ်ဥိးသား  အတူလုပ်ကိုင်ခဲ့ ကြောင်း၊ ၄င်းနောက်  မိဘများ“  သဘောဆန္ဒအလျောက်  လုပ်ငန်းခွဲထွက်လုပ်ကိုင်ခဲ့သော်လည်း  H2O  လုပ်ငန်းမှ  ငွေကြေးပစ္စည်း တစ်စုံတစ်ရာ  မယူခဲ့ကြောင်း …. ၆.၇.၂၀၁၃ ရက်နေ့  ကိုအောင်နိုင်ဦးသည်  ၄င်းအလုပ်ရုံတွင်  သူငယ်ချင်း  ဗိုလ်ကြီး ကျော်ကျော် ထွေးနဲ့  စကားပြောနေစဉ်မှာပင်  မနုနုထွေးက  ဗိုလ်ကြီး  ကျော်ကျော်ထွေးထံ  ဖုန်းဖြင့်  ထမင်းစားဖိတ်ခဲ့လို့  အောင်နိုင်ဦးလည်း  လိုက်သွားပြိး  အပြန်မှာ  ဗိုလ်ကြိး ကျော်ကျော်ထွေး၊ မနုနုထွေးနှင့်အတူ  ကိုအောင်နိုင်ဦး မောင်းသည့်ကားနဲ့  ပြန်လည်ခဲ့ကြောင်း၊ တာမွေက  ဘရိုက်စတား  ဆံပင်ညှပ်ဆိုင်မှာ  အောင်နိုင်ဦး  ဆံပင်ညှပ်တဲ့ အချိန်မှာလည်း  မနုနုထွေးတို့  ၂ ဥိးလည်း  ထိုင်စောင့်နေ ခဲ့ကြောင်း၊ ၄င်းနောက် အောင်နိုင်ဦးဟာ  ဗိုလ်ကြိး ကျော်ကျော်ထွေးကို  လိုက်ပို့ပြီး  မနုနုထွေးနဲပပြန်လည်စဉ်မှာပင်  လက်ထပ်ယူရန် ပြောဆိုရင်း  သန်လျင်ဘက်  ရောက်ကာ  စကားအခြေအတင်ဖြစ်ပြီးပြန်လ်ာစဉ်  သန်လျင်တံတားအဆင်းအရောက်  ကားရပ်စဉ် မနုနုထွေးမှ  ကားပေါ်မှ  ဆင်းပြီး  ၄င်းကို ရိုက်နေတယ်ဟု  အော်သဖြင့်  ၀ိုင်းကြည့်နေတဲ့လူအုပ်ကို  ရှင်းပြပြီး  မနုနုထွေးအား  ကားပေါ်ခေါ်တင်သည့်အခါ  မလိုက်ဘဲ  ဆက်အော်နေသဖြင့်  ထားခဲ့ပြီး  ကားကိုမောင်းလာခြင်းဖြစ်ကြောင်း  ၄င်းဖြစ်စဉ်အား မနုနုထွေးမှ  ချဲ့ကားပြီး  တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတိုင်ချက်မှာပါတဲ့  လုယူသွားတဲ့  စိန်လက်ကောက်ဟာလည်း  အောင်နိုင်ဦးက  မွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့  လက်ကောက်ဖြစ်ကြောင်း သိရှိရပါသည်။
မနုနုထွေးက  ဘယ်လိုဘဲ  စွပ်စွဲတိုင်ကြားခဲ့သော်လည်း  ဖြစ်စဉ်ကို  ရဲတပ်ဖွဲ့က  စစ်ဆေးပြီး ဥပဒေရုံးအဆင့်ဆင့်ကို  အကြံညာဏ် တောင်းတဲ့အချိန်မှာတော့  စွပ်စွဲချက်ဟာ  မမှန်ကန်ဘဲ  သာမန်စကားများရန်ဖြစ်မှု ပုဒ်မ ၃၅၄/၅၀၆/၃၂၃/၄၀၃ နဲ့ဘဲ  အကြံပြုခဲ့ တယ်လို့  သိရှိရကာ  သာကေတတရားရုံးမှာ  ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်းနှင့်  စိန်လက်ကောက်  လုယူသွားကြောင်း  မမှန်ကန် တိုင်ကြားတဲ့  မနုနုထွေးကို  ကိုအောင်နိုင်ဦးက  ပုဒ်မ ၂၉၄/၃၂၃/၅၀၀ ဖြင့်  ပြန်လည် တရားစွဲဆိုထားကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရပါသည်။
thit htoo lwin
အပြည့်အစုံသို့ »
ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး မှ သတ်မှတ်ချက်ထက် ကျော်လွန်နေတဲ့ ပုသိမ်ဆေးရုံးကြီးမှ ရုံးချိန် သတ်မှတ်ချက်
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး ဆေးရုံစီမံခန့် ခွဲ မှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၃)၏ ဆွေးနွေးဆုံးဖြတ်ချက် ၁၀ အရ ရုံးချိန်သည် နံနက်(၉း၀၀)နာရီမှ ညနေ(၅း၀၀)ထိ ဖြစ်ကြောင်း ဒီဇင်ဘာလ(၆)ရက်နေ့ တွင် ဆေးရုံးအုပ်ကြီး ဒေါက်တာခင်သန်းမွန် မှ လက်မှတ်ရေးထိုး၍ အမိန့် စာ ထုတ်ပြန် ထားပါသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးမှ စာအမှတ်၊ ၅/၁၅၂-၀န်ထမ်း/ အဖရ(၂၀၁၃) တွင် ဗဟိုရုံးများနှင့် ပြည်ထောင်စု ၀န်ကြီး ဌာနများ အနေဖြင့် ၀န်ထမ်းများ သက်သာ ချောင်ချိစွာဖြင့် တာဝန်ထမ်းဆောင် နိုင်ရေးနှင့် ပတ်သက်၍ ချက်မှတ်ထားသည့် လမ်းညွှန်ချက်များတွင် သတ်မှတ်ထားသော ရုံးချိန် ဖြစ်သည့် နံနက်(၀၉း၃၀)မှ ညနေ (၁၆း၃၀) အတွင်းမှာသာ တာဝန် ထမ်းဆောင်စေပြီး၊ ရုံးဆင်းချိန် အတိအကျ ပြန်လည် စေလွှတ်သွားရန် ဖော်ပြထားပါသည်။
ပုသိမ်ဆေးရုံကြီးမှ ထုတ်ပြန်ချက် အမိန့် စာနှင့် ပြည်ထောင်စု အစိုးရမှ ထုတ်ပြန်ချက် အမိန့် စာ နှစ်ခုအား အများပြည်သူ သိရှိစေရန် Myanmar News Now မှ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါသည်။
မူရင်း အမိန့် စာများအား အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါသည်။
အကျယ်ချဲ့ကြည့်ရန်
thit htoo lwin
အပြည့်အစုံသို့ »
သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြု ကျင့်မှု ဖြစ်ပွား
ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြ သာယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအနီး၌ သီလရှင်တစ်ပါးကို ဓါးထောက် ခြိမ်းချောက်ပြီး လူနှစ်ဦးတို့က သားမယား ပြုကျင့်မှုဖြစ်ပွားကြောင်း Myanmar News Now မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သီတာရုံသီလရှင် ကျောင်းတိုက်မှ သီလရှင် မ…….(၃၇)နှစ် ၀ါတော်(၈)၀ါ၊ သာသနာ့မှတ်တမ်း မမှတ်မိ သူသည် သာယာကုန်း ရွာ ပန်းရစ်တောင် ဘုန်းကြီးကျောင်းမှ ၎င်းနေထိုင်သော သီလရှင်ကျောင်းသို့ ပြန်လာစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။
အေးမြသာ ယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမ အရောက်တွင် ရှေ့မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို တွေ့မြင်ရကြောင်း၊ တစ်ဦးမှာ အရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်း(မြင်လျှင်မှတ်မိ)၊ နှင့် နောက်တစ်ဦးမှာအရပ်ပုပုက သွားခေါခေါ(မြင်လျှင်မှတ်မိ)ဟု သီလရှင်မှဆိုသည်။
၎င်းနှစ်ဦးအား သီလရှင်မှ ကြောက်၍ နောက်ပြန်လှည့်စဉ် အရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်လူမှ `ပါတာပေး´ဟုပြောကြောင်း၊ သီလရှင်မှ `ဒီဆန် ထုတ်ပဲပါတယ်´ဟုပြော ရာ ၎င်းလူမှ`ရှာမရှည်နဲ့ ရှေ့ကသွား´ဟု ဆိုကြောင်း သီလရှင်မှ ပြောပြပါသည်။
ထိုအချိန်တွင် ဆိုင်ကယ်တစ်စီး ရောက်လာ၍ သီလရှင်မှ `ကယ်ကြပါဦး´ ဟုအော်ရာ ၎င်းလူမှ သီလရှင်၏ ဘယ်ဘက်နားထင်အား လက်ဝါးဖြင့်ရိုက်ပြီး လမ်းဘေးခြုံထဲသို့ ဆွဲခေါ်သွားကြောင်း၊ ကျန်တစ်ဦးမှ နောက်ကနေ၍ သီလရှင်အား တွန်းပေးကြောင်း၊ ခြုံထဲအရောက်တွင် သီလရှင်အား ပါးစပ်ပိတ်ပြီး တွန်းလှဲပြီး အပေါ်မှခွထိုင်၍ ခလုတ်ဓါးဖြင့် လည်ပင်းအား ထောက်ပြီး`မအော်နဲ့ ငြိမ်ငြိမ်နေ အော်ရင်သတ်ပစ် မယ်´ပြောကြောင်း၊ သီလရှင်မှာကြောက်၍ ငြိမ်နေစဉ် ထိုသူက သီလရှင်အား သားမယားအဖြစ် စော်ကားကြောင်း၊ ထိုသို့စော်ကားနေစဉ် အရပ်ပုပု သွားခေါခေါလူမှ သီလရှင်၏ ၀မ်းဗိုက်သို့ ခလုတ်ဓားဖြင့်ထောက်ထား ကြောင်း၊ သီလရှင်အား အလိုမတူဘဲ သားမယားအဖြစ်စော်ကားပြီး ထိုင်နေစဉ် ရွာသားများ အသံကြား၍ `ထိုင်နေ ငုတ်တုတ်ထိုင်နေ´ ၎င်းလူနှစ်ယောက်က ပြော ကြောင်း၊ သီလရှင်မှ ကြောက်၍ ထိုင်နေစဉ် ထိုလူနှစ်ယောက်မှာ လာရာ လမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးထွက်ပြေးသွားရာ သီလရှင်မှ ကယ်တော်မှုကြပါအော်၍ ရွာသားများ ရောက်ရှိ လာကြောင်း သီလရှင်မှ မကွေးမြို့ မ ရဲ စခန်း တွင် ထွက်ဆို ခဲ့ကြောင်း သိရပါသည်။
ထို့နောက် ၎င်းနေ့ ည(၁၁)နာရီခန့် အချိန်တွင် ဖြစ်စဉ်နှင့် ပတ်သက်၍ သီလ ရှင်မ…..(၃၇)နှစ်က မကွေးမြို့မရဲစခန်းတွင်(ပ)၂၄၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၀၆/၁၁၄ အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။
thit htoo lwin
အပြည့်အစုံသို့ »
ဖားကန့် ဒေသမှာ ရေမဆေးကျောက် ရှာဖွေသူများ ဖမ်းဆီးခံရ
၂၄.၁၁.၂ဝ၁၃ ရက်နေ့  တွင် ကချင်ပြည်နယ် ဖားကန့် မြို့ နယ် နတ်မှော် နလနမ လုပ်ကွက်မှာ ရဲတပ်ဖွဲ့ မှ အင်အား (၂ဝ)ခန့် နှင့် မြန်မာ့တပ်မတော်မှ အင်အား (၄ဝ)ခန့် သည် နေ့ လည် (၁၂)နာရီခန့် တွင် ကျောက်ကျင်း လုပ်ကွက်များ အတွင်းသို့  ဝင်ရောက်၍  အလုပ်သမားများကို ဖမ်းဆီးခဲ့ကြောင်း ကျောက်တွင်း လုပ်ကိုင်သူများက Myanmar News Now ကို ပြောပါသည်။
အဆိုပါ ဖမ်းဆီးမှုတွင် ၄င်းတို့ ပိုင်ဆိုင်သည့် ဆိုင်ကယ်အစီး(၄ဝ)ခန့် ကို သိမ်းယူသွား ခဲ့ကြပါသည်။ ၄င်းအပြင် မီးစက်များ၊ ကားများ၊ ကျင်းသားများ ရရှိထားသော ကျောက်စိမ်းများကို သိမ်းဆည်းသွားပါသည်။
၂၅.၁၁.၂ဝ၁၃ ရက်နေ့တွင် ဖမ်းဆီးခံထားရသော ကျင်းသားများကို လာရွေးရန် လာရွေးယူရာတွင် တစ်ဦးလျှင် ငွေ (၁)သိန်းကျပ်နှင့် လာရောက် ရွေးယူရမည်ဖြစ်ပြီး မရွေးနိုင်ပါက မိုးကောင်းမြို့ 
သို့  ပို့ မည်ဟု ဆိုပါသည်။
သိမ်းယူသွားသော ဆိုင်ကယ်များအားလည်း တစ်စီးလျှင် (၅)သောင်းကျပ်စီဖြင့် လာရောက် ရွေးယူရပါသည်။
ကျောက်ရှာဖွေရှာတွင် အသုံးပြုသည့် ကျန်ပစ္စည်းများ အားလုံးကိုလည်း  သိမ်းယူသွားခဲ့ပါသည်။
by Thit Htoo Lwin
အပြည့်အစုံသို့ »
ဓါတ်ဆီ တိုင်ကီမှ ဆီခပ်ယူစဉ် မီးကူးစက် လောင်းကျွမ်း
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာအုပ်စုပိုင် အမှတ်(၂) စက်မှုဝန်းကြီးဌာန စိုက်ကွက်(၂)ရာဘာခြံဝင်း အတွင်းရှိ မော်လမြိုင်---သံဖြူဇရပ်ကားလမ်း မိုင်တိုင် ၃၇/၄နှင့် ၃၇/၅  အကြား ရောင်းချနေသည့် လောင်စာစက်သုံး ဆီဆိုင်သည်  ၂၀၁၃ နိုဝင်ဘာ၂၄  ၁၅:၁၀အချိန် ဓါတ်ဆီ တိုင်ကီမှ ဆီခပ်ယူစဉ် မီးကူးစက် လောင်းကျွမ်းခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
အဆိုပါ လောင်းကျွမ်းမှုကြောင့် ဓါတ်ဆီဆိုင်နှင့် အနီး လူနေ သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ  နေအိမ် တစ်လုံး မီးကူးစက် လောင်းကျွမ်းခဲ့ကြောင်း ၊ မီးလောင်းမှု ဖြစ်ပွား ရာသို့ သံဖြူဇရပ်မြို့ မီးတပ်ဦးစီးမူး နှင့်အတူ မီတပ်ယာဉ်(၁၁)စီး၊ ရေသယ်ယဉ်(၃)စီး  မီးတပ်တပ်ဖွဲ့ဝင်နှင့် ပြည်သူများ ငြိမ်းသတ် ခဲ့ရာ ၁၅:၅၀ အချိန် မီးညွှန့်ကျိုးသွားပြီး ၁၆:၁၀ အချိန် မီးလုံးငြိမ်းသွားခဲ့ကြောင်း သိရပါသည်။
 အခင်းဖြစ်ရာ အရပ်သို့ သံဖြူဇရပ်မြို့ တပ်နယ်မူး ဗိုလ်မူးချူပ်တောက်ထွန်း နှင့် တာဝန် ရှိသူများကြီးကြပ် ခဲ့ကြောင်း ဤဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆ သုံးစွဲသူ  လောင်စာ ဆီဆိုင် ပိုင်ရှင် ဒေါ်ခင်မင်းမင်းဦး အဘ (ဦးသက်ဝေအောင်) ဥပဒေ အရ အရေးယူ ဆောင်ရွှက်လျက် ရှိကြောင်း ၊မီးလောင်ဆုံးရှုံးမှု တန်ဘိုးမှာ သိန်း(၅၀) ၀န်ကျင်ခန့် ရှိကြောင်း THANBYUZAYAT WATCH မှ သတင်း ပေးပို့ ချက် အရသိရပါသည်။
by thithtoolwin
အပြည့်အစုံသို့ »
ရန်ကုန်မှာ ဖမ်းဆီးခံရသည့် ခလေးမတဦး သံဖြူဇရပ်မြို့ မှာ လွတ်မြောက်လာ
၂၀၁၃ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၂၀း၀၀ အချိန်ခန့်တွင်  မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက် အောင်ဆန်းလမ်းရှိ ကားဂိတ်တွင် အမျိုးသမီးငယ် တစ်ဦးသည် မော်လမြိုင် - ရေး ခရီးသည်တင် ရာဇာမင်းမှန်လုံယာဉ်ပေါ်မှ ဆင်း၍ ပုန်းခိုးခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
အဆိုပါ ခလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အလယ်တန်းကျောင်းမှ ၇-တန်း grad 8(B) တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော မမိုးမိုးသက်ဇော် အဘ ဦးတင်ထွဋ္ဋ် အသက်၁၂နှစ်၊ ၂၂၃ ဓမ္မပါလလမ်း ကျောက်ရေတွင်းရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခလေးငယ်၏ ပြောကြားချက်အရ ၄င်းအား နေအိမ် ရေတွင်း ရေခပ်နေစဉ် အမည်မသိ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးမှ  ဖမ်းဆီးခေါ်ဆောင်လာပြီး ရန်ကုန်မြို့ အောင်မင်္ဂလာအဝေပြေးကွင်းမှ ရွှေပြည်စိုး ခရီးသည်တင် မှန်လုံယာဉ်မှ မော်လမြိုင်သို့ ၄င်း၊  မော်လမြိုင်မှ ရာဇာမင်းကား ဖြင့်  သံဖြူဇရပ်မြို့သို့ ၄င်း ၊ ချော့ယူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း  ပြောပြပါသည်။
ဤဖြစ်စဉ်နှင့် ပတ်သက်၍  အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သူအား လက်ရဖမ်းဆီးရမိရေး သံဖြူဇရပ်မြို့ မြို့မ စခန်းမူး ဒုရဲမူးစိုအောင်နှင့် တပ်ဖွဲ့ဝင်များ အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရှိရပြီး ခလေး၏ အကြီးတော်စပ်သူ ဒေါ်သန်းသန်းဇော် အား လည်း ဆက်သွယ်၍ မေးမြန်းရာ ခလေးပျောက်ဆုံမှုနှင့် ပတ်သက်၍ နယ်မြေ ရဲကင်းထံ သတင်းပို့ တိုင်းကြားထားကြောင်း THANBYUZAYAT WATCH မှ သတင်းပေးပို့ ချက်အရ သိရပါသည်။
by thithtoolwin
အပြည့်အစုံသို့ »
ပဲခူးတက္ကသိုလ်ဝန်းအတွင်းလူသတ်မှုတစ်ခုဖြစ်ပွား
ပဲခူးမြို့၊ အမှတ်(၃) ရဲစခန်းအပိုင်၊ ပဲခူးတက္ကသိုလ်ဝန်း၊ အမှတ်(၈)ရပ်ကွက်တွင်(၂.၁၁.၂၀၁၃)နေ့ ည(၁၀း၀၀)အချိန်ခန့်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာပဲခူးတက္ကသိုလ်အဆောက်အဦးများဆောက်လုပ်ရာတွင် သံစီသံကွေးအလုပ်ကိုင်သူ စိုးသူ(၂၇)နှစ်၊(ဘ)ဦးခင်မောင်သန်း၊သည် လည်ပင်း ၀ဲလည်ဂုတ်တွင်ပြရှဒဏ်ရာဖြင့်သေဆုံးနေကြောင်းကို အလုပ်သမားအဖွဲ့ခေါင်းဆောင်မှ စိုးသူ၏ ဇနီး မချိုသန်း၊(၂၈)နှစ်(ဘ)ဦးမြင့်စိုး၊ အမှတ်(၂၉၄)ရွာမအနောက်မြို့ပတ်လမ်း၊ အင်းစိန်မြို့နေသူဆီသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ ၄င်း၏ဇနီးမှာပဲခူးသို့လိုက်လာပြီး စိုးသူသေဆုံးမှုအား ပဲခူးအမှတ်(၃)စခန်းသို့တိုင်တန်း ရာစခန်းမှ သေဆုံးသူအားပဲခူးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး (ပ)၄၅၂/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရအမှုဖွင့်အရေး ယူထားပြီးတရားခံ အား အပူတပြင်း လိုက်လံ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
Myanmar News Now 
အပြည့်အစုံသို့ »
ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင်
(၁.၁၁.၂၀၁၃)နေ့ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊
ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည်သက်သေများနှင့်အတူ
ကြို့ပင်ကောက်မြို့၊ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်
(၃၉)နှစ်၊(ဘ)ဦးအိုက်ပလု၊ကျဘမ်း၊ဈေးချိုမြောက်ရပ်ကွက်၊ကြို့ပင်ကောက်
မြို့နေသူသည် မြေစိုက်ထရံကာ၊သွပ်မိုးအဆောက်အဦးဖြင့် ရွှေဘောလုံးလောင်းကစား
 ဒိုင်ပြုလုပ်နေပြီး လာရောက်လောင်းကစားသူ ကျား(၁၄)ဦး၊မ(၁)ဦးတို့အား ရွှေဘောလုံးလောင်း
ကစား ဆက်စပ်ပစ္စည်း(၂၃)မျိုးနှင့် လောင်းကြေးငွေစုစုပေါင်း(၂၂၁၉၀၀ိ/)ကျပ်
ဖမ်းဆီးရမိခဲ့သဖြင့် ကြို့ပင်ကောက်မြို့မရဲစခန်းမှ
အိုင်းရှင်ပါ(၁၆)ဦးတို့အား (ပ)၅၆၁/၂၀၁၃ လောင်းကစားဥပဒေပုဒ်မ
၁၃(က)၊၁၄(က)အရဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
ကိုသန့် ဇင်
by Myanmar News Now
အပြည့်အစုံသို့ »
နိုင်ငံဝန်ထမ်းဥပဒေနှင့် တက္ကသိုလ်များ၏ ၀န်ထမ်း ခန့်ထားမှု အခန်းကဏ္ဍ
ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက် နေ့တွင် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ အဖြစ်နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပေသည်။ အဆိုပါဥပဒေကို ပြဋ္ဌာန်းရခြင်းမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်ဖြစ်သော “နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းရမည်။” ဟူသောပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်သည့် သဘောဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေအရ တက္ကသိုလ်များ၏ အုပ်ချုပ်ရေးကဏ္ဍတွင် မည်မျှအထိ ကိုယ်ပိုင်အုပ်ချုပ်မှု ရရှိမည်ကို လေ့လာဆန်းစစ် တင်ပြသွားမည်ဖြစ်သည်။
အဆိုပါဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (င) အရ -
( င ) “ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ မပါဝင်။”
ဟုဆိုထားရာ ၀န်ထမ်းဟု ဆိုလိုက်သည်နှင့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့မှအပ အခြားဝန်ထမ်းများအကျုံးဝင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
    သို့ဖြစ်ရာ ဖွဲ့စည်းပုံပါ ရာထူးကို လေ့လာကြည့်ရာ အဆိုပါဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) အရ
( ခ ) “ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ဖွဲ့စည်းသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံ ကိုလည်းကောင်း ဆိုသည်။”
( ဂ ) “ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ဆိုသည်။”
ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်များသည် သက်ဆိုင်ရာ ၀န်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံခွင့်ပြုချက်ဖြင့်ဖွဲ့စည်းထားသော ၀န်ထမ်းအဖွဲ့အစည်း ပင် ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ) တွင်
(ဃ) “ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရသူကို ဆိုသည်။”
ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်ဖြစ်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ အဓိပ္ပါယ်ကိုလည်း နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။
ပိုမိုရှင်းလင်းနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာများဖြစ်သော -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၂ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၃ ဖြင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား အငြိမ်းစားပေးခြင်း တွင် ဦးဝင်းမောင်၊ ပါမောက္ခချုပ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကိုလည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၁၃ဖြင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား အငြိမ်းစားပေးခြင်းတွင် ဒေါက်တာနီလာသိန်း၊  ပါမောက္ခချုပ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုလည်းကောင်း အငြိမ်းစားပေးခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။
ဤသို့ အငြိမ်းစားပေးခြင်းမှာ
(၁)  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၈။ “နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။”
(၂) ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၃၆။ “နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် ဥပဒများအရ-
(က) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်နိုင်သည်။
(ခ)  ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ထုတ်ပယ်ခြင်း ပြုနိုင်သည်။”
(၃) နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆။ “နိုင်ငံတော်သမ္မတသည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။”
ဟူသော ပြဋ္ဌာန်းချက်များအရဆောင်ရွက်ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
သို့ဖြစ်ရာ အဆိုပါ အမိန့်ကြော်ငြာစာများအရ တက္ကသိုလ်ပါမောက္ခချုပ်များသည်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖြစ်စေ၊  ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ အရဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ အရဖြစ်စေ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများဖြစ်ကြောင်း အငြင်းထွက်မည် မဟုတ်ပေ။
ဤသို့ဆိုပါလျှင် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးတွင် မည်ကဲ့သို့သော လုပ်ပိုင်ခွင့်များ ရှိသည်ကို လေ့လာကြည့်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ တွင်
“ဝန်ထမ်းရွေးချယ်ခန့်ထားရေးကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အခါအားလျော်စွာ သတ်မှတ်ချက် များနှင့်အညီ -
(က) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်း အမျိုးအစားအလိုက် သတ်မှတ်သည့် စတင်ခန့်ရာထူးအဆင့်အတွက် ရာထူးဝန်အဖွဲ့ကရွေးချယ်ပေးသော ဝန်ထမ်းများကို ခန့်ထားရမည်။
( ခ ) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ပုဒ်မခွဲ (က) အရ ခန့်ထားသော ရာထူးအဆင့်မှ တစ်ပါး အခြားစတင်ခန့်ရာထူးအဆင့်အတွက် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားရမည်။”
ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်ဖြစ်ရာ အထက်စာပိုဒ်ပါ ဖော်ပြချက်အရ တက္ကသိုလ်ပါမောက္ခချုပ်များသည် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးပင်ဖြစ်ရာ သက်ဆိုင်ရာတက္ကသိုလ်၏ လစာနှုန်း ၈၅,၀၀၀ိ-၁,၀၀၀ိ-၉၀,၀၀၀ိ တန်း ရာထူးအထိသည် ပါမောက္ခချုပ်၏ ခန့်အပ်ပိုင်ခွင့်အတွင်းတွင် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
    လက်ရှိ နိုင်ငံ့ဝန်ထမ်းများ၏ ၀န်ထမ်းအမျိုးအစားများမှာ
(၁) စီမံခန့်ခွဲရေးဝန်ထမ်း(အုပ်ချုပ်ရေး၊ တရားရေး၊ လူမှုရေး) အဆင့်
(၂) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး)အဆင့်
(၃) ပြည်သူ့ရဲတပ်ဖွဲ့ဝန်ထမ်းများ( စီမံရေးရာအဆင့်၊ သာမန်အဆင့်)
(၄) ပညာရှင်များအဆင့်
(၅) ကျွမ်းကျင်သူများအဆင့်
(၆) စာရေးဝန်ထမ်းများအဆင့်
(၇) ရုံးအကူဝန်ထမ်းများအဆင့်
(၈) အလုပ်သင်များအဆင့်
ဟူ၍သတ်မှတ်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ထို့ပြင်လက်ရှိနိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းအမျိုးအစားများမှာ-
(၁) ၅၅,၀၀၀ိ-၁,၀၀၀ိ-၆၀,၀၀၀ိ
(၂) ၆၀,၀၀၀ိ-၁,၀၀၀ိ-၆၆,၀၀၀ိ
(၃) ၆၇,၀၀၀ိ-၁,၀၀၀ိ-၇၂,၀၀၀ိ
(၄) ၆၀,၀၀၀ိ-၁,၀၀၀ိ-၆၆,၀၀၀ိ
(၅) ၆၇,၀၀၀ိ-၁,၀၀၀ိ-၇၂,၀၀၀ိ
(၆) ၇၃,၀၀၀ိ-၁,၀၀၀ိ-၇၈,၀၀၀ိ
(၇) ၇၉,၀၀၀ိ-၁,၀၀၀ိ-၈၄,၀၀၀ိ
(၈) ၈၅,၀၀၀ိ-၁,၀၀၀ိ-၉၀,၀၀၀ိ
(၉) ၁၂၀,၀၀၀ိ-၂,၀၀၀ိ-၁၃၀,၀၀၀ိ
(၁၀) ၁၄၀,၀၀၀ိ-၂,၀၀၀ိ-၁၅၀,၀၀၀ိ
(၁၁) ၁၆၀,၀၀၀ိ-၂,၀၀၀ိ-၁၇၀,၀၀၀ိ
(၁၂) ၁၈၀,၀၀၀ိ-၂,၀၀၀ိ-၁၉၀,၀၀၀ိ
(၁၃) ၂၀၀,၀၀၀ိ-၂,၀၀၀ိ-၂၁၀,၀၀၀ိ
(၁၄) ၂၃၀,၀၀၀ိ-၂,၀၀၀ိ-၂၄၀,၀၀၀ိ
ဖြစ်ပြီး အဆင့် (၁) မှ (၈) အထိမှာ အမှုထမ်း လစာနှုန်းဖြစ်ကာ အဆင့် (၉) မှ (၁၄) အထိမှာ အရာထမ်း လစာနှုန်းဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ (က) ပါ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်း အမျိုးအစားအလိုက် သတ်မှတ်သည့် စတင်ခန့်ရာထူးအဆင့် ဆိုသည်မှာ ယေဘူယျအားဖြင့် ပြန်ထမ်းဝင် အရာရှိအဆင့်ကို သတ်မှတ်ခြင်းဖြစ်ပြီး လစာနှုန်း ၁၂၀,၀၀၀ိ-၂,၀၀၀ိ-၁၃၀,၀၀၀ိ ဖြစ်ပါသည်။
သို့ဖြစ်ရာ တက္ကသိုလ်၏ ပညာရှင်ဝန်ထမ်းအဆင့်ဖြစ်သော လစာနှုန်း ၇၉,၀၀၀ိ-၁,၀၀၀ိ-၈၄,၀၀၀ိ တန်း နည်းပြ/သရုပ်ပြ ရာထူးများ(ပညာရှင်များအဆင့်(၃))ကို ပါမောက္ခချုပ်ကသာလျှင် ခန့်အပ်ရမည်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ သက်ဆိုင်ရာ ပါမောက္ခချုပ်များမှာ ခန့်အပ်ခွင့်မရှိဘဲ အဆိုပါတက္ကသိုလ်ကို ကြီးကြပ်ကွပ်ကဲသော ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကသာ ခန့်အပ်ခွင့်ရှိနေသည်ကို တွေ့ရှိရသည်ဖြစ်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဥပဒေကို ဆန့်ကျင်ကာ  Rule of Law ပျောက်ဆုံးနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်၏ ၀န်ထမ်းခန့်ထားရေးကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။ အချို့သော ဦးစီးဌာနများဆိုလျှင် နေ့စား ၀န်ထမ်းကိုပင် တက္ကသိုလ်ပါမောက္ခချုပ်က ခန့်အပ်ခွင့်မရှိဘဲ ဦးစီးဌာနမှ ခန့်အပ်နေသည်ကိုပင် တွေ့နေရပါသည်။
ထိုသို့ခန့်ထားခြင်းသည် လက်ရှိ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်နိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၅ ပါ  “တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် ဝန်ထမ်းရေးရာနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်သည်။” ပြဋ္ဌာန်းချက်အရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ နှင့် ညီညွတ်ခြင်းမရှိပါက အတည်ဖြစ်တော့မည် မဟုတ်ပေ။
    ထို့ပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၀ တွင် နိုင်ငံ့ဝန်ထမ်းနှင့်ပတ်သက်၍ “နိုင်ငံ့ဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း၊ စည်းကမ်း ထိန်းသိမ်းခြင်း၊ အမှုထမ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။” ဟုဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများခန့်ထားရေးအတွက် ယခုအခါ နိုင်ငံ့ဝန်ထမ်း ဥပဒေကိုပြဋ္ဌာန်းပြီးဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် အညီသာဆောင်ရွက်ရမည်ဖြစ်ပေသည်။
သို့ဆိုပါက တက္ကသိုလ်တစ်ခုအတွက်လိုအပ်သော စာရေးဝန်ထမ်းများ(အငယ်တန်းစာရေးမှ ရုံးအုပ်အထိ)၊ ကျွမ်းကျင်ဝန်ထမ်းများ(ကျွမ်းကျင်(၁) မှ ကျွမ်းကျင်(၁၀)အထိ)၊ ရုံးအကူဝန်ထမ်းများ(ရုံးအကူ(၁) မှ ရုံးအကူ(၄) အထိ)အားလုံးသည် သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်၏ ခန့်အပ်ပိုင်ခွင့်အတွင်းတွင်ပင် ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့ပြင် ပညာရှင်များအဆင့်အတွက် တက္ကသိုလ်များ၏ ယနေ့လက်ရှိ ဖွဲ့စည်းပုံအရ ပညာရှင်အဆင့်(၃) မှ စတင်သည်ဖြစ်ရာ အဆိုပါ ပညာရှင်အဆင့်(၃) ဖြစ်သော နည်းပြ၊ သရုပ်ပြများခန့်ထားခြင်းသည်လည်း သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်ကသာ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ ၀န်ထမ်းခန့်ထားခြင်းကို ပါမောက္ခချုပ်အား ဆောင်ရွက်ခွင့်မပေးဘဲ ဦးစီးဌာနကသာ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် အဆိုပါလုပ်ရပ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၀ ကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း နှင့် တက္ကသိုလ်များ၏ ၀န်ထမ်းများ ခန့်ထားခြင်းကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကာ ဤဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။
စံပယ်မ
by Myanmar News Now
အပြည့်အစုံသို့ »
မူဆယ်မြို့ မှာ ဓါးနှင့် ခုတ် လိုက်လံ လုယက်သူကို ဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြည်သူလူထုအား ဓါးဖြင့်ခုတ် နာကျင်အောင် ရန်ပြုပြီး လိုက်လံ လုယက်ခဲ့သော  တရားခံ လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ စုံစမ်း ဖေါ်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၂၃.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မူဆယ်မြို့၊ ခိုင်သစ္စာ ကားပစ္စည်း အရောင်းဆိုင် လမ်းကြားတွင် ဈေးဝယ် ပြန်လာသော အမျိုးသမီး တစ်ဦးအား အမည်မသိ လူငယ်တစ်ဦးမှ ဓါးဖြင့် ခုတ်သဖြင့် ၀ဲ/ယာပါးနှင့် နှာခေါင်းတို့တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး လူငယ်မှာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် မူဆယ်မြို့မ ရဲစခန်း မှာ (ပ)၂၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားသည်။
အလာတူ ၂၄.၉.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန် မူဆယ်မြို့၊ သင်္ချိုင်းသွားလမ်း လူပြတ်သည့်နေရာတွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးနှင့် သမီး ဖြစ်သူအား အမည် မသိလူငယ်တစ်ဦးမှ ဓါးဖြင့်ခုတ်သဖြင့် သမီးဖြစ်သူ၏ မျက်နှာတွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိ၍ ဆိုင်ကယ် တိမ်းမှောက်သွားပြီး ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းခံရာ အမည်မသိ လူငယ်မှာ ဆိုင်ကယ်အား ရယူနိုင်ခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်သွား ခဲ့သဖြင့် မူဆယ်မြို့မ ရဲစခန်းမှာ (ပ)၂၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၃၈၆ ဖြင့်လည်းကောင်း အမှုများ ဖွင့်လှစ်ထား ရှိကြောင်း သိရပါသည်။
အဆိုပါ အမှုများကို တရားခံ ဖေါ်ထုတ်ရရှိရေး အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ နေ့/ည မပြတ် အလေးထား စုံစမ်းဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်နေ ဦးအောင်ရွှေ၏သားဖြစ်သူ အိုက်ထွန်း(ခ)၀င်းထွဋ်(ခ)ထွန်းထွန်းသည် ဆိုးသွမ်းသဖြင့် နေအိမ်သို့ပြန်လာမခံကြောင်း၊ အခင်းဖြစ်ပြီး တရုတ်ပြည်ကျယ်ဂေါင်မြို့သို့ တိမ်းရှောင်နေကြောင်း၊ ယခင်ကလည်း လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးအား ပါးရိုက်သည့်ကိစ္စဖြင့် ထောင် ၆ လ ကျခံခဲ့ပြီး ထောင်မှလွတ်သောအခါ တာချီလိတ်မြို့နေ ဦးလေးဖြစ်သူထံ သွားရောက်နေထိုင်ခဲ့ရာမှ ယိုးဒယားပိုင်နယ်မြေအတွင်း ပြဿနာဖြစ်ပြီးပြန်လာခဲ့ကြောင်း၊ မူဆယ်မြို့သို့ အခင်းမဖြစ်မီ ၅ ရက်ခန့်က ပြန်လည်ရောက်ရှိကြောင်း သတင်းများရရှိခဲ့သဖြင့် သတင်းများအတည်ပြု တင်ပြကာ တစ်ဖက်နိုင်ငံ ကျယ်ဂေါင်မြို့သို့ (ပ)၂၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၃၈၆ အမှုမှ မျက်မြင်သက်သေ  တစ်ဦးအား ခေါ်ယူ၍သွားရောက်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ အိုက်ထွန်း ကျက်စားရာ နန်းတော်ပေါက်အနီး ဈေးဆိုင်ဝန်းကျင်တွင် တွေ့ရှိရ၍ မျက်မြင်သက်သေအား မနီးမဝေးမှ ပြသခဲ့ရာ အခင်းဖြစ်နေရာတွင် ပြစ်မှုမကျူးလွန်မီတွေ့ရှိခဲ့သော လူနှင့်တူညီကြောင်း ပြောပြသိရှိရ၍ အိုက်ထွန်းအား မိမိ အမာခံသတင်းပေး၏ အကူအညီဖြင့် မူဆယ်မြို့သို့ပြန်လည်ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
၁၉.၁၀.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန်တွင် မသင်္ကာတရားခံ အိုက်ထွန်းမှာ မူဆယ်မြို့၊ ကောင်းမူး လွယ်ရပ်ကွက်၊ ဖူလီလိုက်တည်းခိုခန်းလမ်းကြားတွင် ရောက်ရှိနေကြောင်း အမာခံသတင်းပေးချက်အရ သွားရောက်ဖမ်းဆီးခဲ့ပြီး အမှုစစ်အဖွဲ့မှအသေးစိတ်စစ်ဆေးခဲ့ရာ ဖြစ်စဉ်နှစ်ခုလုံးအား ၄င်းကိုယ်တိုင် ကျူးလွန် ခဲ့ကြောင်း ၀န်ခံထွက်ဆိုပြီး သက်သေခံပစ္စည်းများအား လိုက်လံပြသ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခြင်း၊ အမှုအား ခိုင်မာစွာတည်ဆောက်၍ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။
yapaya media
by Myanmar News Now 
အပြည့်အစုံသို့ »
ဖြူးတွင် ဒုတိယအကြိမ် ခေါင်းဖြတ် လူသတ်မှု တစ်ခုဖြစ်ပွား
ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူး ကျေးရွာတွင် မနေ့ ညနေ ပိုင်း (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။
ကျွဲမကူးကျေးရွာ၏ အနောက်ဘက် (၁)ဖာလုံခန့် အကွာ ဒေါ်သန်းသန်းလွင်၊(၄၉)နှစ်၊(ဘ)ဦးစိုးမြင့်၊ ဈေးရပ်ကွက်(၂)လမ်း၊ မြို့မအနောက်ရပ်ကွက်၊ ဖြူးမြို့နေသူ၏ ပျဉ်းကတိုး စိုက်ခင်းတွင် အစောင့် လုပ်ကိုင်နေသော ဦးဇော်မင်း၊(၅၆)နှစ်၊(ဘ) ဦးဇသန်းဘဟာဒူး၊ဂေါ်တဂါး/ဗုဒ္ဓ၊နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်ရွှေ ၊(၅၅)နှစ်၊တို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။
အဆိုပါ လင်မယား ပြန်မလာသဖြင့် ကိုဝင်းလှိုင် နှင့် ကိုအေးနိုင်တို့ စိုက်ကွင်းအတွင်းသို့ သွား ရောက်ကြည့်ရှုရာ တဲအတွင်းရှိ မြေကြီးပေါ်၌ ဦးဇော်မင်းမှာ လည်ပင်းပြတ်၊ ခေါင်းရှာမတွေ့၊ ယာရင်အုံထိုးသွင်းဒ ဏ်ရာတစ်ချက်၊၄င်း၏ဇနီး ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးသည်ကို တွေ့ရှိရတာပါ။
အဆိုပါ လူသတ်မှုအား ဦးဇော်နိုင်ဦး(၃၆)နှစ်၊ (ဘ)ဦးလှမြင့်မှ တရားလိုပြုလုပ်၍ ဖြူးမြို့မစခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူထားပြီး တရားခံအား အပူတပြင်းလိုက်လံ ဖမ်းဆီး ဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
ကိုသန့် ဇင်
by Myanmar News Now
အပြည့်အစုံသို့ »