Showing posts sorted by relevance for query thit htoo lwin. Sort by date Show all posts
Showing posts sorted by relevance for query thit htoo lwin. Sort by date Show all posts
အမြန်လမ်းတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ - Thit Htoo Lwin
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉)မိုင်၊၄/၅ဖာလုံတွင် (၁၈.၁၀.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်ခန့်က အမျိုးသမီး လူသေအလောင်း တစ်လောင်းကို ဦးခင်မောင်မြင့်(၄၂)နှစ်၊(ဘ)ဦးပုစိန်၊ ကျွန်းစိုက်ခင်း အလုပ်သမား  ဖြူးမြို့ နယ် ပြောင်သေကျေးရွာ၊ နေသူက တွေ့ ရှိခဲ့ပါသည်။
ဦးခင်မောင်မြင့်မှ နံနက်(၇း၀၀)အချိန်တွင် ဖြူးအမြန်လမ်း ရဲစခန်းသို့အကြောင်း ကြားခဲ့ရာ စခန်းမှ စခန်းမှူးဝင်းထွဋ်အောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သူရစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အသက်(၃၀)ခန့် ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့ ရှိရသည်။
အဆိုပါ သေဆုံးနေသူ အမျိုးသမီးသည် မြို့သူပုံစံဝတ်စားထားပြီး၊ ရင်ညွှန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀ဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ပုတ်ပွနေသည်ကို တွေ့ရှိခဲ့ရာ ဖြူးမြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖြူးအမြန်လမ်း ရဲစခန်းမှ (ပ)၃၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူထားပြီး တရားခံအား စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ကိုသန့် ဇင်
Thit Htoo Lwin
အပြည့်အစုံသို့ »
သစ်ထူးလွင် သတင်း ဆိုရင် ဒီမှာဖတ်ပါ - Thit Htoo Lwin News
အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။
အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊
ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။
ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။
သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။
အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။
ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။
သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန
ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။
ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။
ဧရာဝတီ
အပြည့်အစုံသို့ »
လွတ်လပ်စွာတရားစီရင်ရေးကို အနှောက်အယှက်ပြုကြသူများ
မြန်မာနိုင်ငံ၊ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစခန်းများသည် မိမိတို့ရဲစခန်းလုပ်ငန်း ဆောင်တာ များကို အသီးသီးလုပ်ကိုင်ရာတွင် မြို့နယ်ဒေသခံများထဲမှ တစ်ဦးသို့မဟုတ် သုံးလေးဦးခန့်မှ ရဲစခန်း၏ လုပ်ငန်းများကို မျက်စေ့ဒေါက်ထောက်ကြည့်၍ အမျိုးမျိုးပြဿနာရှာလေ့/ တိုင်ကြားလေ့ ရှိကြ ပါသည်။
နိုင်ငံတော်အကြီးအကဲ သမ္မတကြီးမှ အစ အထက်ဌာနအသီးသီးဆီသို့ တိုင်စာတစ်မျိုး၊ ပစ်စာတစ်ဖုံ၊ ဖုန်းနှင့်တစ်သွယ် တိုင်ကြားလေ့ရှိပါသည်။ ထိုသို့ပြုလုပ်လေ့ရှိကြသည်မှာလည်း နစ်နာသူကိုယ်တိုင်မဟုတ်ဘဲ တစ်ဦးတစ်ယောက်မှနေ၍ ဒိုင်ခံတိုင်လေ့ရှိကြပါသည်။ အစောပိုင်းတွင်တော့ မှန်မှန်ကန်ကန်တိုင်ကြား သည်လည်း ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အထက်လူကြီးများမှ တိုင်ကြားခံရသူ ရဲတပ်ဖွဲ့ဝင်များအား အမျိုးမျိုးအရေးယူလျက်ရှိသဖြင့် နောက်ပိုင်းတွင်တော့ မှန်မှန်မမှန်မှန် ၎င်းတို့နှင့် ဆက်ဆံရေး အဆင်မပြေသော ရဲတပ်ဖွဲ့ဝင်များအား တိုင်ကြားကြပါသည်။ တိုင်ကြားခံရသူရဲတပ်ဖွဲ့ဝင်ကား တိုင်ကြားချက် မှန်မှန် မမှန်မှန် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများဖြင့် အရေးယူခံရပါသည်။ အတိုင်ခံရလျင်ပင် အထက်လူကြီးများမှ စုံစမ်းစစ်ဆေးခြင်းမပြုတော့ပဲ တိုင်ကြားခံရသူရဲတပ်ဖွဲ့ဝင်များအား အရေးယူပါ တော့သည်။ စုံစမ်းစစ်ဆေးစေသော်လည်း စစ်ဆေးသူရဲတပ်ဖွဲ့ဝင်များမှ ၎င်းတို့ဘက်ပြန်ပတ်မည်စိုးသဖြင့် တိုင်ကြားခံရသူအား တိုင်ကြားချက်မှားသော်လည်း မှန်သယောင်ပြုကာ အရေးယူရန် မှတ်ချက်ပြု တင်ပြကြပါသည်။
သို့အတွက်ကြောင့် တိုင်ကြားသူအရပ်သားမှာ ရဲတပ်ဖွဲ့ဝင်များထက်ပင် အရေးပါအရာရောက်အာဏာ ရှိနေသည့်အပြင် ရဲတပ်ဖွဲ့ဝင်များမှ ၎င်းအရပ်သားအား မိမိအထက်လူကြီးတစ်ဦးပမာ ရိုသေစွာ ဆက်ဆံရလေ့ရှိပါသည်။ အဆိုပါ အရပ်သားစိတ်မညိုညင်အောင် နေကြရပါသည်။ အနှီအရပ်သားကလည်း အရပ်ထဲတွင် ၎င်းကို ရဲများမှ ကြောက်နေရကြောင်း၊ ၎င်းလုပ်သဖြင့် ရဲဘယ်နှစ်ယောက် ပြုတ်သွားပြီ၊ ထောင်ကျသွားပြီစဖြင့် ၀ါကြွားလေ့ရှိပါသည်။ အချို့ဆိုလျှင် တိုင်ကြားလေ့ရှိသူအရပ်သားများအား မတိုင်စေရန် လိုင်းကြေးသဘောမျိုးပင် ပေးနေရလေ့ရှိပါသည်။
ယနေ့မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစခန်းများသည် လောင်းကစားသမားဒိုင်စသော ဒုစရိုက်သမားများနှင့် ကင်းကင်း ရှင်းရှင်းနေသော စခန်း တစ်ခုမှ မရှိပါ။ ငြင်းချက်ထုတ်ပါက အဆိုပါစခန်း ဘယ်ပိုက်ဆံနဲ့ အလုပ်လုပ် သလည်းဟု မေးရုံသာရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပေးခြင်းမရှိသော ရဲစခန်းလုပ်ငန်းသုံးငွေများသည် မည်သည့်နေရာများမှ လာသနည်း။ ရှင်းပါသည်။ ဒုစရိုက်လုပ်ငန်းအမျိုးမျိုးမှ စီးဆင်းလာသော ငွေကြေးများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးတွင်ပျံ့နှံ့နေပါသည်။ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်၊ တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူး တို့သည် လာဘ်လာဘ မယူစေရန်၊ ဒုစရိုက်သမားများနှင့် ကင်းကင်းရှင်းရှင်းနေရန် စာအမျိုးမျိုး ထုတ်ဆင့်ညွှန်ကြားလေ့ရှိသော်လည်း အနယ်နယ်အရပ်ရပ် စခန်းအသီးသီးမှ ၎င်းတို့အိမ်သို့ ပေးပို့လာသော ဂါရ၀အမည်ခံ လက်ဆောင်အမျိုးမျိုးကို ငြင်းပယ်လိုက်သည် ဟူသော ဖြစ်ရပ်မျိုး တစ်စွန်းတစ်စ ပင်မကြားမိခဲ့ဖူးပါ။ ရဲစခန်းများ စစ်ဆေးရာတွင်လည်း ရဲစခန်းသာယာလှပရေး သုံးစွဲရသော ငွေကြေး၊ ဧည့်ခံစရိတ်တို့အား ပြန်လည် ထုတ်ပေးခြင်းမျိုးမရှိသည့်အပြင် အဆိုပါစစ်ဆေးသူ အထက်လူကြီးပြန်သွားပါက ဂါရ၀စာအိတ်မပါပါက အနှီစခန်းမှူးအိပ်ယာလိပ်ပြင် ရမည်ဖြစ်ပေသည်။ ထိုကဲ့သို့သော ရဲစခန်းကုန်ကျစရိတ် အမျိုးမျိုးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်မပေးသဖြင့် ရဲစခန်းအသီးသီးသည် ဒုစရိုက်သမားများနှင့် မချစ်သော် လည်း အောင့်ကာနမ်းနေရကာ လောင်းကစားလောကကြီး အဓွန့်ရှည်နေစေပါသည်။ ဆီကိုင်သောသူ ဆီပေ၏ ဆိုသောစကားလို ဒုစရိုက်သမားများထံမှ ရရှိငွေများမှာ ရဲစခန်းကုန်ကျစရိတ်ထက်ပင် အများကြီးပိုပါသည်။ ပိုငွေသည်ကား အိမ်သူသက်ထားဇနီးမယားနှင့် အထက်မြို့နယ်မှူး၊ ခရိုင်မှူး၊ တိုင်းတပ်ဖွဲ့မှူး၊ ရဲချုပ်၊ ၀န်ကြီးအဆင့်အဆင့်အတွက် ဂါရ၀ကြေးပင်ဖြစ်ပေသည်။
ယင်းကဲ့သို့သော ဒုစရိုက်သမားများနှင့် ပေါင်းသင်းနေကြသော ရဲတပ်ဖွဲ့ဝင်များ၏ အားနည်းချက်ကို သိရှိနေသော အရပ်သားများမှ ၎င်းတို့နှင့် အဆင်မပြေသော ရဲတပ်ဖွဲ့ဝင်များအား ဟုတ်ဟုတ် မဟုတ်ဟုတ်တိုင်ကြားလေ့ရှိပါသည်။ ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့သော်လည်း တိုင်ကြားခံရပါက အဆိုပါရဲတပ်ဖွဲ့ဝင်အား စစ်ဆေးအရေးယူပါတော့သည်။ အတိုင်ခံရသည်ကပင် အပြစ်တစ်ခုဖြစ်နေပါသည်။ မဟုတ်မမှန်လီဆည်တိုင်ကြားသော အရပ်သားအား အရေးယူခြင်းမပြုဘဲ တိုင်ကြားခံ ရဲတပ်ဖွဲ့ဝင်များအား အရေးယူသည်မှာ ယနေ့ခေတ်စားနေသော ဒီမိုကရေစီ လူ့အခွင့်အရေးကို အင်မတန်ချိုးဖောက်ခံနေရခြင်း ဖြစ်ပါသည်။
မိမိတို့အနေအစားပျက်မည်စိုးသဖြင့် တိုင်ကြားလေ့ရှိသူအရပ်သားအား အလိုက်အထိုက်ဆက်ဆံ နေရသော ရဲတပ်ဖွဲ့ဝင်များကား မိမိတို့အထက်လူကြီးလည်းကြောက်ရ၊ အရပ်သားလည်းကြောက်ရနှင့် ကျီးလန့်စာစားနေရသော ဘ၀ကို ကြုံတွေ့နေရပါသည်။
ဆန္ဒာဂတိ၊ ဒေါသဂတိ၊ ဘယာဂတိ၊ မောဟဂတိ ဟူသော အဂတိတရားလေးပါးကို လွတ်လပ်စွာ တရားစီရင်ရေးအတွက်သာမက တရားဥပဒေစိုးမိုးရေးအတွက် ကင်းရှင်းသင့်ပါသည်။ သို့သော်လည်း ဟုတ်ဟုတ်မဟုတ်ဟုတ် တိုင်ကြားလေ့ရှိသော သူများနှင့် မှန်မှန် မမှန်မှန် မင်းသာခံဟု သတ်မှတ်သော အထက်လူကြီးများကြောင့် ရဲတပ်ဖွဲ့ဝင်အများစုမှာ ဘယာဂတိဟူသော အဂတိတရားကို ချိုးဖောက်နေရလေတော့သည်။
BY THIT HTOO LWIN
အပြည့်အစုံသို့ »
ကျောင်းထိုင်ဘုန်းကြီးက ၁၃နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်
၂၄.၁.၂၀၁၄ ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာနေ (ဘ)ဦးဖိုးထောင်၏သမီး မစု ၊အသက် ၁၃ နှစ်သည် တောစွန်းကျေးရွာသို့ ဗီစီဒီ အခွေ သွားရောက်ငှားရမ်းပြီး နေအိမ်သို့ စက်ဘီးဖြင့် တစ်ဦးတည်းပြန်လာစဉ် အဓမ္မပြုကျင့် ခံရကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
တောစွန်းကျေးရွာနှင့် တင်းတောင်းချောင် ကျေးရွာ အကြား ကွင်းထဲလမ်းတွင် သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာ၊ ဓမ္မပါလ ကျောင်းတိုက် ကျောင်းထိုင်ဘုန်းကြီး ဦးကုဝေရ ၊သက်တော် ၄၀ နှစ်၊ ၀ါတော် ၂၀ နှင့် တောစွန်းကျေးရွာနေ (ဘ)ဦးထွန်းအောင်၏သား မောင်မျိုးဦး၊ အသက် ၃၃ နှစ် တို့နှစ်ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးက မစု၏ စက်ဘီးအား ရှေ့မှ တားဆီး ရပ်တန့်စေကာ မောင်မျိုးဦးက စက်ဘီးအား ဆွဲယူသွားပြီး၊ ဘုန်းကြီးဦးကုဝေရ က မစုအား အဓမ္မ လက်ကိုဆွဲ၍ အနီးရှိ ရေခမ်းခြောက်နေသည့် ချောင်းထဲသို့ ခေါ်ဆောင်သွားပြီး အလိုမတူ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အတွက် ဖခင်ဖြစ်သူ ဦးဖိုးထောင်က တင်းတောင်းချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အလန်းကုန်း ကျေးရွာ ရဲစခန်းတွင် ချက်ချင်း တိုင်တန်း ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမှုကို ၂၉.၁.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ၊ရဲစခန်းက ပြစ်မှုဆိုရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စခန်းမှုးဦးစောဝင်းက အမှုကို လက်ခံ စစ်ဆေးနေကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။
thit htoo lwin
အပြည့်အစုံသို့ »
ရခိုင်ပြည်နယ်၊ ဒူချီရာတန်းမီးလောင်မှုဟာ ရဲတွေကလုပ်တာဖြစ်တယ်လို့
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မောင်းတောမြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်းက စွပ်စွဲ
ဒီရဲက ထိန်းချုပ်ထားတဲ့အတွက် အပြင်လူဝင်နိုင်စရာအကြောင်းမရှိဘူး၊
အပြင်လူဝင်ပြီးမှ ရှို့တယ်ဆိုရင်လည်း ဒါကိုရဲကမိမှာပဲ၊
ဒါတစ်ချက်၊ နောက်တစ်ချက်က အဲဒီအနီးပါတ်ဝန်းကျင်ကရွာတွေက လူတွေက ကျွန်တော့ကို တယ်လီဖုန်းဖြင့် သေချာခိုင်မာတိကျစွာ သတင်းပို့တာကတော့ အဲဒီရဲတွေ ကိုယ်တိုင်မီးရှို့ခဲ့တာ သူတို့မြင်တယ်တဲ့။
ဒါက သတင်းစာရှင်းလင်းပွဲရှိလို့ တိုက်ဆိုင်ပြီးမှ လုပ်တယ်လို့ သုံးသပ်မလား၊ သို့မဟုတ် ကျွန်တော်ပြောတဲ့ဟာကိုလဲ သုံးသပ်ပြီးမှ ဒါက ဖြစ်နိုင်ချေရှိတဲ့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ သူတို့ကိုယ်တိုင် မရှို့ရင်တောင်မှ သူတို့ရဲ့ ပေါ့ဆမှု၊ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အခြားရွာအပြင်ကနေ လာတဲ့သူ ကိုလဲ မသိသလို နေပြီးတော့ ဒါကိုမီးရှို့မှုတွေဖြစ်သွားပြီးတော့ ပြသနာကို ရှုပ်သထက်ရှုပ်အောင် ဒါကိုဖန်တီးတာပဲလို့ ကျွန်တော်အဲလိုပဲ ပြောချင်တယ်။
ဇန်န၀ါရီလ ၂၉ရက်နေ့
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မောင်းတောမြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်း၏ DVB News အင်တာဗျူးမှ ဖြေကြားချက်မှ ကောက်နှုတ်ဖေါ်ပြပါသည်။
Video News
Thit Htoo Lwin blog
အပြည့်အစုံသို့ »
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရာတန်းမီးလောင်မှု ဘင်္ဂလီများ၏ကာက်ကျစ်မှုများပေါ်ပြီ
28.1.2014 ရက်နေ့ ညနေ ဒုချီးရားတန်းမီးလောင်မှုဖြစ်ပွားမှုမှာ မတော်တဆ လောင်ကျွမ်းမှုမဟုတ်ဘဲ ကျေးရွာနေ ဘင်္ဂလီကုလားများမှ အကွက်ကျကျစီစဉ်ပြီး သူတို့ကိုယ်တိုင် မီးရှို့မှုဖြစ်ကြောင်း၊
သူတို့အိမ်ခေါင် မိုးများပေါ်တွင် ဓါတ်ဆီစိမ် ကောက်ရိုးလိပ်များနှင့် ဖျာလိပ်များအား စီတန်းထားသည်တွေ့ရှိရကြောင်း၊ မီးမ လောင်ဘဲ ကျန်ရစ်ခဲ့သော အိမ်တချို့၏ ပုံများမှ သက်သေခံလျှက်ရှိသည်။
မနက်ဖန် ရောက်ရှိလာကြမည့် EU အဖွဲ့များထံတွင် သူတို့ရဲ့ တဲကုတ်သာသာရှိသော နေအိမ်များအား မီးရှို့ပြီး နေအိမ် အသစ်တောင်းမယ်ဆို တဲ့သဘောကို ဆောင်နေပါကြောင်း
တင်ပြအပ်ပါသည်။
Western Gate Guard
29.1.2014
Thit Htoo Lwin blog
အပြည့်အစုံသို့ »
မုဒိန်းကျင့်ရန် ခံခဲ့ရသော စတုတ္ထတန်း ကျောင်းသူ မအိအိငြိမ်းနှင့် ရဲစခန်းမှုး
“ရဲစခန်းမှုး ဦးလှစိုးက မှန်တာမပြောလျှင် ထောင်ချပြစ်မည်ဟု ပြောဆို စစ်ဆေးမှုကို ခံရရှာသော စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း “
........
စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊မရိုးတုန်းကျေးရွာ အခြေခံမှုလ တန်းလွန်ကျောင်း က ဆရာ၊ ဆရာမများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် စတုတ္ထတန်း အတန်းတင်စာမေးပွဲသည် မြို့နယ်စစ် စာမေးပွဲ ဖြစ်သည်အလျှောက် ပညာရေး တိုးတက်စေခြင်းငှာ ရည်ရွယ်၍ ကျောင်းသား၊ကျောင်းသူများကို အနီးကပ်ကြီးကြပ်နိုင်ရန် စာသင်ကျောင်းသို့ ညအိပ် ခေါ်ယူ စာကြည့် စေခဲ့ပါသည်။
အချိန်ကာလ အားဖြင့်လည်း (၁)လ ခန့် ကြာမြင့်ခဲပြီး ဖြစ်ပါသည်။
၂၄.၁၂.၂၀၁၃ နေ့ ည အချိန်မတော်တွင် ယာယီကျောင်းအုပ် ဆရာဦးမျိုးနိုင်ထွန်း က စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း၏ အိပ်ယာသို့ ၀င်ရောက်ကာ မအိအိငြိမ်းအား ရင်သားများကို ဆွဲကိုင် ပြီး တကိုယ်လုံးကို ပွေ့ဖက် နမ်းရှိုက်၍ ၊ လုံချည်ကို ချွတ်ကာ ကာမ ဆက်ဆံရန် ကျိုးစားခြင်းကို ခံခဲ့ရပါသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ၇.၁.၂၀၁၄ ရက်နေ့တွင် မိဘအုပ်ထိန်း သူများနှင့် တကွ ၊စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ၊ချစ်ပြစ်ရဲစခန်းသို့ သွားရောက် တိုင်ကြား စစ်ဆေးခံခဲ့ပါသည်။
” ထိုသို့စစ်ဆေးရာတွင် ရဲစခန်းမှုး ဦးလှစိုး ဆိုသူနှင့် ကျွန်မ တစ်ဦးတည်း အခန်းကျဉ်းလေးထဲသို့ ခေါ်ယူပြီး အချိန်(၂) နာရီခန့် ကြာ အစစ်ဆေး ခံခဲ့ ရပါသည်။ အစစ်ဆေးခံနေစဉ် တွင် ရဲစခန်းမှုးဆိုသူမှ ကျွန်မအား
အမှန်ကို ပြောလျှင် ပြော ၊ မမှန်တာကိုပြောလျှင် ထောင်ချပြစ်မည်ဟု ပြောဆိုစစ်ဆေး ခံခဲ့ ရပါသည်။”  ..
ဟု စတုတ္ထတန်း ကျောင်းသူလေး မအိအိငြိမ်းမှ ပြန်လည် ပြောပြပါသည်။
ဤကဲ့သို့ အသက်အရွယ်မပြည့်သေးသော ကလေးသူငယ် မိန်းကလေး တစ်ဦးတည်းနှင့် အမှုစစ်အရာရှိ နှစ်ကိုယ်တည်း ခေါ်ယူ စစ်ဆေးခြင်းသည် ရဲလုပ်ထုံး၊ လုပ်နည်းများ ကိုက်ညီခြင်း ရှိမရှိနှင့်  တရားဥပဒေ စိုးမိုးရေး အတွက် လည်း မေးခွန်းထုတ်စရာများ  ဖြစ်လာပါသည်။
လာရောက်တိုင်ကြားသော မိဘ အုပ်ထိန်းသူနှင့် ကလေးမလေး ကိုလည်း ပျူပျူငှာငှာ ဆက်ဆံ ခြင်း မခံရသည်ကိုလည်း တွေ့ရှိရပါသည်။ တရားလိုကို အဘယ့်ကြောင့် တစ်ဘက်သတ် ပြုမှုပြောဆို ဆက်ဆံရသလဲ ဆိုတာကိုတော့ စခန်းမှုး ဦးလှစိုး  ဆိုသူသည် သာ အသိဆုံး ဖြစ်ပါလိမ့်မည်။
ဗန့်ဂျီမောင်
Thit Htoo Lwin
အပြည့်အစုံသို့ »
ကော့ကရိတ်၌ ၁၂ ဘီးကားတိုက်၍ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ဘာအံမြို့မှမြ၀တီသို့ထွက်ခွာလာသော ယာဉ်မောင်းလှမြင့် (အသက်၊ လိပ်စာ၊ စုံစမ်းဆဲ) မောင်းနှင်လာသော ၁၂ ဘီးယာဉ် ၉ခ/------သည်ဇန်န၀ါရီ ၁၂ ရက် ညနေ ၅ နာရီ ခန့်က ကော့ကရိတ်မြို့နယ် အောင်မင်္ဂလာလမ်းအရောက်တွင် ပြည့်စုံလမ်းမှ
ထွက်လာသော ဆိုင်ကယ်ကိုရှောင်ရာ ဆိုင်ကယ်နောက်မှ စီးလာသောဒေါ်လုံးတင်အား နောက်ဘီးဖြင့် ချိတ်မိသဖြင့် ၀ဲခြေကျိုး၊ ယာဒူးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည်။
ဆက်လက်၍ မျက်နှာချင်းဆိုင်မှလာသော ငွေရ (၂၃) နှစ်နှင့် ဖိုးသာထူး (၃၂) နှစ်တို့ စီးနင်းလာသောဆိုင်ကယ်ကို ၀ဲဘက်ယာဉ်ကြောသို့ ၀င်ရောက်တိုက်မိသဖြင့် ၁၂ ဘီးယာဉ် ဘန်ဘာချိုင့်၊ ရှေ့မီးကွဲ ပြီး ဆိုင်ကယ်နှင့်လူနှစ်ဦးမှာ ကားနောက်ဝဲဘက် ဘီးလေးဘီးကြားတွင် ကြိတ်မိ၊ ညပ်မိပြီးနေရာတွင် သေဆုံးခဲ့သည်။
ယာဉ်မောင်း လှမြင့်နှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
Thit Htoo Lwin blog
အပြည့်အစုံသို့ »
မဲဇလီကုန်း ယာဉ်တိုက်မှု ၊ ရဲစခန်း ဘက်လိုက်မှု ရှိတယ်ဟုဆို
ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ် ၊ မဲဇလီကုန်းဒေသ ၊ ဇောင်းတန်း ကျေးရွာအုပ်စု မုက္ခာ ကျေးရွာမှာ (၉-၁-၂၀၁၄)ရက်နေ့ ည(၆)နာရီခန့်တွင် အင်္ဂပူမြို့ မှ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် မော်တော် ဆိုင်ကယ်မောင်းသူ ကိုနေထွန်းဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် အပြင် ဘယ်ဘက်လက်သန်း တစ်ချောင်းကိုလည်း ဖြတ်ထုတ်ပစ်ခဲ့ ရပါသည်။ ထို့ပြင် ဘယ်လက်မောင်းအား စတီးရိုး အစား ထိုးထည့်သွင်း ရမည်ဟု ဆိုသည်။
အဆိုပါ မော်တော်ဆိုင်ကယ်အား တိုက်မိခဲ့သည့် မော်တော်ယာဉ်မှာ လိုင်စင်မဲ့ ယာဉ် ဖြစ်သည့်အပြင် မော်တော်ယာဉ်မောင်း ဦးဇော်ဝင်းအောင်မှာလည်း တရားဝင်ယာဉ်မောင်း လိုင်စင်မရှိသေးသူ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
သို့ သော် မဲဇလီကုန်းရဲစခန်းမှ လိုင်စင်ရှိ မော်တော်ဆိုင်ကယ်ကိုသာလျှင် သိမ်းယူထားပြီး ဆိုင်ကယ်ပိုင်ရှင် မိသားစုကို အမျိုးမျိုး အကြပ်ကိုင် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း နစ်နာဆုံးရှုံးရသူ မိသားစုဝင်များ ဘက်မှ စွပ်စွဲ ပြောကြားထားသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် လိုင်စင်မဲ့ မော်တော်ယာဉ်မောင်းအား ဖမ်းဆီးထား သော်လည်း လိုင်စင်မဲ့ မော်တော်ယာဉ်အား ပိုင်ရှင်ဖြစ်သူ ဦးအေးထွန်းဆိုသူမှ ရဲစခန်းနှင့် ညှိနှိုင်းကာ ပြန်လည်ထုတ်ယူသွားပြီး ဖြစ်ပါသည်။
ယာဉ်ပိုင်ရှင် ဦးအေးထွန်း၏ အကို ဦးမောင်ရွှေ ဆိုသူမှာ အင်္ဂပူမြို့နယ်မှ ရဲများနှင့် မည်သို့ အကြောင်း ဆက်နွယ်မှန်း မသိရသော်လည်း လက်ရှိဖြစ်စဉ်တွင် ၎င်းနှင့် အမှုစစ် ဒုရဲအုပ် ကိုကိုနိုင်တို့မှ နစ်နာသူနှင့် မိသားစုဝင်များကို ဥပဒေပုဒ်မများဖြင့် ခြိမ်းခြောက်ဖိအား ပေးကာ အမှုဖြစ်စဉ်အား လိုသလို အမှုတည်ဆောက်လျက်ရှိကြောင်း နစ်နာဆုံးရှုံးရသူ မိသားစုဝင်များ ထံမှ စုံစမ်းသိရှိရပါသည်။
BY THIT HTOO LWIN
အပြည့်အစုံသို့ »
ကန်​ဘတ်​​ကျေးရွာ မီး​ဘေးသင့်​ ရန်​ပုံ​ငွေ ပန်းချီပြပွဲ ဖိတ်​ကြားလွှာ
မိတ်​​ဆွေများနှင့်​ အနှပညာကို ချစ်​မြတ်​နိုးသူများ ခင်​ဗျာ
လွန်​ခဲ့​သော နှစ်​ပတ်​ခန့်​က ဆိုးရွားလှ​သောမီးဟာ ကျွန်​​တော့်​ ဇာတိ ရွာ​လေးဖြစ်​တဲ့ ကန်​ဘက်​​ကျေးရွာကို ရက်​စက်​စွာဝါးမြို သွားခဲ့ပါပြီ။ အိ​မ်​နှင့်​ဆိုင်​ခန်း​ပေါင်း ၂၃၀​ကျော်​ မီး​လောင်​ ပျက်​စီး ဆုံးခဲ့ရပြီး လူများစွာ အိုးမဲ့အိ​မ်​မဲ့ဖြစ်​ခဲ့ရပါတယ်​။
ထိုမီး​ဘေးသင့်​ ပြည်​သူများအား ကိုယ်​တတ်​နိုင်​ သ​လောက်​ ကူညီနိုင်​ရန်​ ဒီပြပွဲ​လေးကို လုပ်​ဖြစ်​ရခြင်းဖြစ်​ပါတယ်​။
ပြပွဲတွင်ကျွန်တော် ခင်ဇော်လတ် ​၏ ပန်းချီကား​ပေါင်း၂၀ပြသ​ ရောင်းချမှာဖြစ်​ပြီး ​ရောင်း၍ ရရှိ​သော​ငွေအားလုံးကို မီး​ဘေးသင့်​ ပြည်​သူများ ပြန်​လည်​ ထူ​ထောင်​​ရေးအတွက်​ လှူဒါန်းသွားမှာ ဖြစ်​ပါတယ်​။
ပန်းချီကား​ဈေးနှုန်းကိုလည်း လက်​ရှိပန်းချီကား​ဈေးနှုန်းထက်​ များစွာ​လျော့ချကာ​ရောင်း​ပေးသွားမှာဖြစ်​ပါတယ်​။
ထိုပန်းချီကားများထဲမှ ကျွန်​​တော်​ကြိုက်​ဆုံးဖြစ်​တဲ့ ၄ကားတွဲ ပန်းချီကားတစ်​ကားကို​တော့ ​ဈေးအများ ဆုံးပေးသောသူ ဝယ်ယူပိုင်ဆိုင် နိုင်မည့် လေလံ(Auction)ပုံစံ​လေးနဲ့​ ရောင်း​ပေး သွားမှာပါ။
ယခု ဖိတ်​စာ​ ဝေ​နေချိန်​မှာ ပန်းချီကား တချို့ကို စတင်​​ရောင်းချ ရပြီးပါပြီ။
                                                                        ခင်​​ဇော်​လတ်
    ပြပွဲအမည်​                   ` Giving a hand´ fund raising
                                      Exhibition
    ပန်းချီဆရာအမည်​          ခင်​​ဇော်​လတ်​(Khin Zaw Latt)
    ဖွင့်​ပွဲအချိန်​                   17th. JAN. 2014  5:00-8:00 PM
    ပြသမည့်​ရက်​               17th. JAN - 21st. JAN
အမှတ်​ ၁၈၄/၈၄(က)၊ ​ရွေ​တောင်းကုန်းရိပ်သာ​၊ သံလွင်​လမ်း၊ ​ရွှေ​တောင်​ကြား(၂) ရပ်​ကွက်​၊ ဗဟန်း,
ဖုန်း 01 2304105, 095156571
ခင်​​ဇော်​လတ်​(Khin Zaw Latt)
BY THIT HTOO LWIN
အပြည့်အစုံသို့ »
အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်၏အမှု ကို တရားခံများ အမြန်ဖော်ထုတ် အရေးယူပေးရန် မကွေးမြို့သီလရှင်များမှ တောင်းဆို
ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၂)နာရီတွင် မကွေးမြို့ မြသလွန်ကုန်းတော်ပေါ်ရှိ ခေမာသီရိ သီလရှင် စာသင်ကျောက်တိုက်၌ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲအဖြစ် သီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက် ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲတွင် မကွေးတိုင်း ဒေသကြီး သီလရှင် ဥက္ကဋ္ဌ ဒေါ်ကာရုဏိ ကာ၊ မြို့နယ်ဥက္ကဋ္ဌ သီရိစန္ဒာရုံတိုက်အုပ် ဒေါ်စန္ဒာသီရိ၊ သာသနာ့ဂုဏ်ရည်တိုက်အုပ် ဒေါ်သုစိန္တီ၊ သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ နှင့် လက်ထောက်တိုက်အုပ်များ စုစုပေါင်းသီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက်ကြောင်းသိရသည်။
သီလရှင်များညီညွတ်ရေးသြ၀ါဒခံယူပွဲတွင် ခေမာသီရိသိလရှင်စာသင်ကျောင်းတိုက် လက်ထောက်တိုက် အုပ် ဒေါ်နန္ဒမာလာ မှ ဒီဇင်ဘာ(၉)ရက်နေ့ညနေ မကွေးမြို့ မြို့ရှောင်လမ်းတွင်ဖြစ်ပွားခဲ့သည့် အမျိုးသား နှစ်ယောက်က သီလရှင်တစ်ပါးအား ဓါးထောက်ခြိမ်းချောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသောအမှုကို တရားခံများ အမြန်ဖော်ထုတ်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ထိရောက်စွာတရားဥပဖြေင့်အရေးယူပေးရန် နှင့် အရေးယူ ဆောင်ရွက်မှုအား သတင်းမီဒီယာများမှတဆင့် ပြန်လည်ရှင်းလင်းပေးပါရန် လျှောက်ထားကြောင်း၊ ထို့နောက် သာသနာဂုဏ်ရည်တိုက်အုပ်မှ အခင်းဖြစ်ပွားသော မြို့ရှောင်လမ်းသို့ သီလရှင်များ တစ်ပါးတည်းမသွားကြရန်၊ အချိန်မတော်သွားလာခြင်းမပြုကြရန်၊ အများပြည်သူများ အကြည်ညိုပျက်အောင် မလုပ်မိစေရန်လျှောက် ထားခြင်း။ သီရိစန္ဒာရုံလက်ထောက်တိုက်အုပ် ဒေါ်သိင်္ဂ၀တီ မှ သီလရှင်များ တစ်ဇွန်းဆန်သာ အလှူခံကြရန်၊ တစ်ပါးလျှင်(၂)ပါးစာအတွက် အလှူမခံရန်၊ ဆိုင်ကယ် ကယ်ရီများအား မိမိနှင့်မသိရှိဘဲ စီးနင်းလိုက်ပါခြင်း မပြုကြရန်လျှောက်ထားကြောင်း သိရသည်။
အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်တစ်ပါး၏ကျောင်း သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ မှ တရားလို သီလရှင်အား တရားရုံးတရားခွင်တွင် သီလရှင်ဝတ်ဖြင့် တရားရင်ဆိုင်နိုင် ရေးကို တောင်းဆိုလျှောက်ထားကြောင်း သတင်းရရှိသည်။
ဝိုင်းကြည်အောင်
thit htoo lwin
အပြည့်အစုံသို့ »
မကွေးမြို့နယ် မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ ရွာနှစ်ရွာ အပြန်အလှန် လေးခွများပစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ
ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာအုပ်စု တို့ မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ နှစ်ဘက်အပြန်အလှန် လေးခွများပစ်ပြီး ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် ထုံးပေါက်တောကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးနန်းမြင့် နှင့် သဖန်းဆိပ်ကျေးရွာ ဆယ်အိမ်မှူး ဦးကောက်ကြီး(ခ)ဦးစံထွန်း၊ ဦးအောင်သန်းဇော်၊ ဦးအောင်နိုင်ဝင်းနှင့်အတူ သဖန်းဆိပ်ရွာသားများသည် မြို့နယ်မြေယာစီမံခန့်ခွဲရေးမှ လုပ်ကိုင်ခွင့်ပေးထားသော သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာကြားရှိ မြေနုကျွန်းခွဲဝေမှုအား တစ်ဦးချင်းအလိုက် မြေနုကျွန်များ အကွက်ချခွဲဝေပေးနေကြောင်း၊ ထိုစဉ် ကမ်းရင်ရွာသား ကိုမှတ်ကြီး နှင့် ကိုချက်ကြီး ပါ ခုနှစ်ဦးအုပ်စုတို့သည် ဒုတ် ဓါး ရဲဒင်းများကို ကိုင်ဆောင်ရောက်ရှိလာကြောင်း၊ သဖန်းဆိပ်ရွာဘက်က ထုံပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းမြင့် က ကိုမှတ်ကြီးအား လုပ်ခွင့် ရရှိသည့် နေရာတွင်လုပ်ကြရန် ပြောနေစဉ် ကိုမှတ်ကြီးက အသင့်ပါလာ သော ရဲဒင်းဖြင့် ဦးနန်းမြင့်အား ချိန်ရွယ်၍ ဦးနန်းမြင့်နှင့်အဖွဲ့သည် သဖန်းဆိပ်ရွာသားများရှိသော နေရာသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ပြဿနာမဖြစ်ကြ ရန်ပြောဆိုကြောင်း၊ ဦးနန်းမြင့်သည် မြေနုကျွန်းပေါ်တွင် အနောက်မှ အရှေ့သို့ပြန်လာစဉ် ကမ်းရင်ရွာသားများဖြစ်ကြသော ကိုမှတ်ကြီးနှင့် ကိုချက်ကြီးတို့မှ နောက်ကလိုက်၍ ကိုမှတ်ကြီးက ရဲဒင်းနှင့်ခုတ်ကြောင်း၊ ကိုချက်ကြီးက ဓားဖြင့်ခုတ်ရာ ဦးနန်းမြင့် တွင် ဦးခေါင်းအလယ်၌ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲဘက်ပါး၌ ပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ(၁၃)ရက် နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် ကမ်းရင်ကျေးရွာမှ ကိုမှတ်ကြီးပါ (၇)ဦးတို့ကို မကွေးမြို့မရဲစခန်း(ပ)၂၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၃၄/၁၁၄ ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့နယ် ကမ်းရင်ကျေးရွာအုပ်စုရွာသားဦးမြမောင်း ကို မေးမြန်းရာ.. ` ဒီဇင်ဘာ(၁၃) ရက်နေ့ က သဖန်းဆိပ်ကျေးရွာသား(၁၅၀)လောက်က စက်လှေတစ်စင်းနဲ့ ထုံးပေါက်တော ကျေးရွာအုပ်ချုပ်ရေးမှူး ကိုနန်းမြင့်ဦးဆောင်ပြီး ကမ်းရင်ကျေးရွာ မြေနုကျွန်းပေါ်ကို ရောက်လာကြပါတယ်၊ မကွေးတိုင်းဒေသကြီးမှ ဆုံးဖြတ်ချက်အရ ဒီအငြင်းပွားနေတဲ့ မြေနုကျွန်းကို ခွဲယူဖို့လာကြတယ်ပြောပါတယ်၊ သူတို့ဆီကို အထက်တိုင်းကချပေးတဲ့စာကို တောင်းကြတယ်သိရပါတယ်၊ မြေနုကျွန်းချပေးတဲ့ စာမပြရာကနေ သူတို့ သဖန်းဆိပ်ရွာဖက်ကစပြီး လေးခွနဲ့ပစ်လို့ ကိုမှတ်ကြီးကို လေးခွခဲမှန်ပါတယ်၊ နောက် ကိုချက်ကြီးရဲ့ညီမ မအေးသီတာကနေကြာပက်ကျဲနေတာကို ကိုနန်းမြင့်က အေးသီတာရဲ့လက်ကိုဆွဲပြီးဖယ်ရမ်းလိုက်လို့ လဲကျသွား တော့ သူ့အကိုချက်ကြီးက ထယ်ထိုးနေရာမှ ပြေးလာပြီး  ဓားနဲ့ဝင်ခုတ်တာပါ။ အဲဒီအချိန်မှာ သဖန်းဆိပ်ရွာ ဘက်က လေးခွတွေနဲ့ ထပ်ပြီးပစ်ပါတယ်၊ အဲဒီတော့ နှစ်ဘက် ကျေးရွာအုပ်စု အပြန်အလှန် လေးခွတွေနဲ့ ပစ်ခတ်ကြပါတယ်..။´´ ဟု ဦးမြမောင်းက ပြောသည်။
ဝိုင်းကြည်အောင်
thit htoo lwin
အပြည့်အစုံသို့ »
ဆင်း နင်းခံရ၍ လူတစ်ဦး သေဆုံး
(၁၃.၁၂.၁၃)ရက်နေ့(၀၈၀၀)အချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး ၊ တနင်္သာရီမြို့၊ သိန်ခွန်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၏ အ ရှေ့မြောက်ဘက်(၇)မိုင် ခန့်အကွာ ဒေသအ ခေါ် လိပ်ကိုက်ချောင်းရှိ NTT သစ်ထုတ်လုပ်ရေး လုပ်ကွက်တွင် ဆင်ဦးစီး ဦးသာထွေးနှင့် ဆင်နောက်လိုက် အောင်ပို တို့သည် ဖိုးမန်း အမည် ရှိဆင် ထီး၏အနီးတွင်သစ်ဆွဲရန် အတွက်သစ်လုံးများ နဖားဖေါက်နေကြရာမှ ဆင်နောက်လိုက် အောင် ပို(၁၈)နှစ်(ဘ)ဦးသားအို ရှမ်းအင်းတော်ရွာ၊ တနင်္သာရီမြို့နေသူမှဆင် နားသို့ကပ်သွားပြီး ဆင် အားတက်စီးစဉ်ဆင်ပေါ်သို့ အတက်မခံဘဲ နှာမှောင်းဖြင့် တွန်းလှဲပြီး ခြေဖြင့်တက်နင်းခဲ့ရာ အောင်ပို ၏ ရင် ဘတ်နှင့်ဘယ်ဘက်ပေါင် တို့ဒဏ် ရာများရရှိပြီး သေဆုံးခဲ့ပါသည်။ ၄င်းဖြစ်စဉ်ကို တနင်္သာရီမြို့မ ရဲစခန်း မှ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက် ရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
thit htoo lwin
အပြည့်အစုံသို့ »
သတင်းနှင့်ပြန်ကြားရေး ၀န်ကြီးဌာန ပြည်သူတွေကို စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဖြစ်အောင် နည်းအမျိုးမျိုးဖြင့်ညှင်းပန်း နှိပ်စက်နေ (ပေးစာ)
သတင်းနှင့်ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ဝေဖြန့်ချီလျှက်ရှိသော ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများသည်၊ ရန်ကုန်မြို့နှင့်မိုင်(၃၀)၀န်းကျင်သာ ကွာဝေးသော သုံးခွမြို့သို့ မွန်းလွှဲပိုင်းမှ ရောက်ရှိခြင်း၊ ရောက်ရှိသည့် အခါတွင် မှာယူထားသည့် သတင်းစာ စောင်ရေထက်သုံးပုံ တစ်ပုံခန့် လျော့နည်းပြီး ပေးပို့သဖြင့် အောက်ပါမလိုလားအပ်သောပြသနာများပေါ်ပေါက်နေရပါသည်။
 (၁)သတင်းစာစောင်ရေမှာ လျော့နည်းမှုများလွန်းသဖြင့် သတင်းစာတိုက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာ၊မြန်မာပြည်တွင် ဆက်သွယ်ရေးစနစ်ကောင်းမွန်သဖြင့် ညနေပိုင်း(၄)နာရီ ထိုးလောက်မှ ဆက်သွယ်မှုရသည့်အပြင် မည်သည့်ဝန်ထမ်းမှ တာဝန်ခံဖြေရှင်းပေးမည့်ဆိုသည့်စကားရပ် မကြားခဲ့ရပါ။ တချို့သောဝန်ထမ်းများကြတော့မနက်ဖန်လိုနေတဲ့စောင်ရေဖြည့်ပေးလိုက်ပါမယ်တဲ့။
 (၂) တကယ်တန်းလက်တွေ့တွင်လိုအပ်နေသော သတင်းစာစောင်ရေမှာ သုံးရက်ခန့်ကြာမှ ရောက်ရှိလာသဖြင့်သတင်းစားကိုယ်စားလှယ်နှင့်သတင်းစာဖတ်ရှုသူအကြားပြသနာတက်ကာ၊ အော်ဟစ် ဆဲဆိုကြိမ်းမောင်းခံရသည့်အပြင် နင်တို့သတင်းစာကလာတော့လဲအချိန်မမှန် သတင်းစာတခုလုံးကြော်ငြာ အချပ်ပိုတွေချည်းပဲ၊ ငါတို့ကနာရေးသတင်းလောက်ပဲဖတ်တာဟဲ့ မေတ္တာတုံးတွေ နောက်လကစပြီး မယူတော့ဘူးတဲ့။
 (၃) သုံးခွသတင်းစာခရမ်းပါသွား၊ ကျောက်တန်းကသတင်းစာ၊ သုံးခွပါလာ၊ စည်းပျက်၊ ကမ်းပျက်၊ ပရမ်းပတာဖြစ်နေသည်ကို ကြုံတွေ့နေရပါသည်။
 (၄) သတင်းစာဖိုးကြတော့ကြိုတင်ငွေစနစ်ကျန်ငွေနည်းရင် ယခင်ကအကြောင်းကြားသော်လည်း ယခု အသိပေးအကြောင်းမကြားတော့ သုံးခွမြို့တွင် သတင်းစာဖိုးလခတောင်းတော့ အထုးသဖြင့် ရစခန်းအဆိုးဆုံး၊ ဟိုလိုလွှဲချ၊ ဒီလူလွှဲချ၊ နောက်ဆုံးခေါင်းကုန်စိတ်ညစ်ပြီး ပြန်လာရတာကများနေပါသည်။ သတင်းစာဖိုးလခ လဆန်း(၇)ရက်တောင်မစုံချင်၊ နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံအစိုးရ၏ မူဝါဒရေဒရာများကိုသာ အဓိက ထားရေးသားလွန်းသော်လည်း မြန်မာလူမျိုးအများစုသည် သည်းခံတတ်သည့် အမူအကျင့်ကောင်းများ ကြောင့် ၄င်း၊စိုးရိမ်ကြောက်လှန့်ခြင်းများကြောင့်၎င်း၊ ဥပဒေရေးရာများအားနည်းမှုကြောင့်၎င်း၊ မပြောဝံ့၊ မဆိုဝံ့သည်များကို အခွင့်ကောင်းယူကာ ပြည်သူတွေကိုနည်း အမျိုးမျိုးဖြင့် ညှင်းပန်း နှိပ်စက်နေသော ၀န်ကြီးဌာနသည် သတင်းနှင့်ပြန်ကြားရေး ၀န်ကြီးဌာနပင်ဖြစ်ပါတော့သည်။
ဂျာနယ်ကြီး(သုံးခွ)
thit htoo lwin
အပြည့်အစုံသို့ »
တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း
၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့  ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့  ကာယကံရှင်မှ ရှင်းလင်းပြောကြား၍  ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့  သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ  ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ  ကားနှင့်ခေါ်လာခဲ့ပြီး  မယူလျှင်  သတ်ပစ်မည်ဟုပြောဆို၍  သန်လျင်ဘက်သို့  မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက  အိမ်ပြန်ပို့ပေးရန်ပြောပြီး  ကားပေါ်မှ  ဆင်းမည်ပြုစဉ်  ဆံပင်ဆွဲပြီး  လည်ပင်းကို  လက်နှင့်ရိုက်ကာ  ကားကိုဆက်မောင်း၍  သာကေတ  အေးနန္ဒာ တည်းခိုခန်းအနီး အရောက်  ကားရပ်သဖြင့်  ဆင်း၍ဖုန်းဖြင့် ဓာတ်ပုံရိုက်မည်ပြုစဉ်  ဖုန်းကို  လုယူရိုက်ခွဲကာ  မနုနုထွေး  ၀တ်ဆင်ထားတဲ့  စိန်လက်ကောက်  (၁)ကွင်းကို  ဆွဲချွတ်လုယူ  မောင်းနှင်သွားသည့်အတွက်  မနုနုထွေး  က  ၉.၇.၂၀၁၃ ရက်နေ့မှာ  သာကေတနယ်မြေရဲစခန်းမှာ  အမှုဖွင့်ခဲ့ရာ  ၎င်းရဲစခန်း (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း  သတင်း တစ်ပုဒ်  ပါရှိခဲ့ပါသည်။ …..။
အဆိုပါ  သတင်းနဲ့  ပတ်သက်လို့  ကာယကံရှင် အောင်နိုင်ဦးက  ၄င်းနဲ့  မနုနုထွေးတို့ဟာ ၂၀၀၃/၂၀၀၄ ခုနှစ် ကတည်းက  သမီးရည်းစားဖြစ်ခဲ့ပြီး  မနုနုထွေး  ယခုလုပ်ကိုင်နေတဲ့  H2O  အမည်ဖြင့်  Decoration  လုပ်ငန်းကို  နှစ်ဥိးသား  အတူလုပ်ကိုင်ခဲ့ ကြောင်း၊ ၄င်းနောက်  မိဘများ“  သဘောဆန္ဒအလျောက်  လုပ်ငန်းခွဲထွက်လုပ်ကိုင်ခဲ့သော်လည်း  H2O  လုပ်ငန်းမှ  ငွေကြေးပစ္စည်း တစ်စုံတစ်ရာ  မယူခဲ့ကြောင်း …. ၆.၇.၂၀၁၃ ရက်နေ့  ကိုအောင်နိုင်ဦးသည်  ၄င်းအလုပ်ရုံတွင်  သူငယ်ချင်း  ဗိုလ်ကြီး ကျော်ကျော် ထွေးနဲ့  စကားပြောနေစဉ်မှာပင်  မနုနုထွေးက  ဗိုလ်ကြီး  ကျော်ကျော်ထွေးထံ  ဖုန်းဖြင့်  ထမင်းစားဖိတ်ခဲ့လို့  အောင်နိုင်ဦးလည်း  လိုက်သွားပြိး  အပြန်မှာ  ဗိုလ်ကြိး ကျော်ကျော်ထွေး၊ မနုနုထွေးနှင့်အတူ  ကိုအောင်နိုင်ဦး မောင်းသည့်ကားနဲ့  ပြန်လည်ခဲ့ကြောင်း၊ တာမွေက  ဘရိုက်စတား  ဆံပင်ညှပ်ဆိုင်မှာ  အောင်နိုင်ဦး  ဆံပင်ညှပ်တဲ့ အချိန်မှာလည်း  မနုနုထွေးတို့  ၂ ဥိးလည်း  ထိုင်စောင့်နေ ခဲ့ကြောင်း၊ ၄င်းနောက် အောင်နိုင်ဦးဟာ  ဗိုလ်ကြိး ကျော်ကျော်ထွေးကို  လိုက်ပို့ပြီး  မနုနုထွေးနဲပပြန်လည်စဉ်မှာပင်  လက်ထပ်ယူရန် ပြောဆိုရင်း  သန်လျင်ဘက်  ရောက်ကာ  စကားအခြေအတင်ဖြစ်ပြီးပြန်လ်ာစဉ်  သန်လျင်တံတားအဆင်းအရောက်  ကားရပ်စဉ် မနုနုထွေးမှ  ကားပေါ်မှ  ဆင်းပြီး  ၄င်းကို ရိုက်နေတယ်ဟု  အော်သဖြင့်  ၀ိုင်းကြည့်နေတဲ့လူအုပ်ကို  ရှင်းပြပြီး  မနုနုထွေးအား  ကားပေါ်ခေါ်တင်သည့်အခါ  မလိုက်ဘဲ  ဆက်အော်နေသဖြင့်  ထားခဲ့ပြီး  ကားကိုမောင်းလာခြင်းဖြစ်ကြောင်း  ၄င်းဖြစ်စဉ်အား မနုနုထွေးမှ  ချဲ့ကားပြီး  တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတိုင်ချက်မှာပါတဲ့  လုယူသွားတဲ့  စိန်လက်ကောက်ဟာလည်း  အောင်နိုင်ဦးက  မွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့  လက်ကောက်ဖြစ်ကြောင်း သိရှိရပါသည်။
မနုနုထွေးက  ဘယ်လိုဘဲ  စွပ်စွဲတိုင်ကြားခဲ့သော်လည်း  ဖြစ်စဉ်ကို  ရဲတပ်ဖွဲ့က  စစ်ဆေးပြီး ဥပဒေရုံးအဆင့်ဆင့်ကို  အကြံညာဏ် တောင်းတဲ့အချိန်မှာတော့  စွပ်စွဲချက်ဟာ  မမှန်ကန်ဘဲ  သာမန်စကားများရန်ဖြစ်မှု ပုဒ်မ ၃၅၄/၅၀၆/၃၂၃/၄၀၃ နဲ့ဘဲ  အကြံပြုခဲ့ တယ်လို့  သိရှိရကာ  သာကေတတရားရုံးမှာ  ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်းနှင့်  စိန်လက်ကောက်  လုယူသွားကြောင်း  မမှန်ကန် တိုင်ကြားတဲ့  မနုနုထွေးကို  ကိုအောင်နိုင်ဦးက  ပုဒ်မ ၂၉၄/၃၂၃/၅၀၀ ဖြင့်  ပြန်လည် တရားစွဲဆိုထားကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရပါသည်။
thit htoo lwin
အပြည့်အစုံသို့ »
ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ်
ယနေ့ ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ် ၊ ဓါတ်ပုံ - ကိုသန့် ဇင်
ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ တွင် ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ် တရားသူကြီး ဦးကျော်စိုးမှ  ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင် ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ပါသည်။
၎င်းတို့(၆)ဦး အမှု ရင်ဆိုင် နေစဉ်ကာလအတွင်း ချုပ်ရက် ပေါင်း(၉၀)ရက် ရရှိထားပြီ ဖြစ်သည်။
 (၁၁.၁၂.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်တွင် သမ္မတ၏ လွတ်ငြိမ်ချမ်းသာခွင့် အမိန့် နှင့် ဦးဝင်းချို၊ လေးနိုင်ဦး၊ ဘုံဘုံ၊ ဟန်လင်းအောင်နှင့် ထိန်လင်းတို့အား ကျင့်(၄၀၁)ဖြင့် ပဲခူးအကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်သည်။
သို့ သော် ကိုရန်ပိုင်စိုးမှာ ခြံမြေကိစ္စ ပုဒ်မ ၄၄၃ဖြင့် တရားဆွဲဆို ထားသောကြောင့်(၁၃.၁၂.၂၀၁၃)နေ့တွင် အာမခံရ၍ လွှတ်မြောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
thit htoo lwin
အပြည့်အစုံသို့ »
ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး မှ သတ်မှတ်ချက်ထက် ကျော်လွန်နေတဲ့ ပုသိမ်ဆေးရုံးကြီးမှ ရုံးချိန် သတ်မှတ်ချက်
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး ဆေးရုံစီမံခန့် ခွဲ မှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၃)၏ ဆွေးနွေးဆုံးဖြတ်ချက် ၁၀ အရ ရုံးချိန်သည် နံနက်(၉း၀၀)နာရီမှ ညနေ(၅း၀၀)ထိ ဖြစ်ကြောင်း ဒီဇင်ဘာလ(၆)ရက်နေ့ တွင် ဆေးရုံးအုပ်ကြီး ဒေါက်တာခင်သန်းမွန် မှ လက်မှတ်ရေးထိုး၍ အမိန့် စာ ထုတ်ပြန် ထားပါသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးမှ စာအမှတ်၊ ၅/၁၅၂-၀န်ထမ်း/ အဖရ(၂၀၁၃) တွင် ဗဟိုရုံးများနှင့် ပြည်ထောင်စု ၀န်ကြီး ဌာနများ အနေဖြင့် ၀န်ထမ်းများ သက်သာ ချောင်ချိစွာဖြင့် တာဝန်ထမ်းဆောင် နိုင်ရေးနှင့် ပတ်သက်၍ ချက်မှတ်ထားသည့် လမ်းညွှန်ချက်များတွင် သတ်မှတ်ထားသော ရုံးချိန် ဖြစ်သည့် နံနက်(၀၉း၃၀)မှ ညနေ (၁၆း၃၀) အတွင်းမှာသာ တာဝန် ထမ်းဆောင်စေပြီး၊ ရုံးဆင်းချိန် အတိအကျ ပြန်လည် စေလွှတ်သွားရန် ဖော်ပြထားပါသည်။
ပုသိမ်ဆေးရုံကြီးမှ ထုတ်ပြန်ချက် အမိန့် စာနှင့် ပြည်ထောင်စု အစိုးရမှ ထုတ်ပြန်ချက် အမိန့် စာ နှစ်ခုအား အများပြည်သူ သိရှိစေရန် Myanmar News Now မှ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါသည်။
မူရင်း အမိန့် စာများအား အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါသည်။
အကျယ်ချဲ့ကြည့်ရန်
thit htoo lwin
အပြည့်အစုံသို့ »
ရဲစခန်း သွားတိုင်ကြားသူကို ပါးရိုက်လွှတ်တဲ့ ပလိပ်မြို့ ရဲစခန်း (ပေးစာ)
ပလိပ် ဒီဇင်ဘာ ၁၁
ဖြစ်စဉ်မှာ ၂၉. ၁၁.၂၀၁၃ (၂၄း၀၀) ချိန်ခန့်ကကျွန်မ(မဥမ္မရွှေ )၏ နားကပ်ကို ပလိပ်မြို့ ၀န်ထမ်းကွက်သစ်နေဒေါ်ခင်၏သမီးမှဖြုတ်ယူသွားပြီးပေါင်စား သောကြောင့်... .ပလိပ်ရဲစခန်းသို့သွားရောက်ပြီးအားကိုတကြီးတိုင်ကြားစဉ်..
စခန်းပေါက်သို့အရောက်တွင်ယခင်တပ်ရင် ၁၄တွင်အတူနေခဲ့ကျဘူးသော် တပ်ဖွဲ့ဝင်များ၏ နာမည်များကိုအော်ခေါ်မိခဲ့ပါသည် ။
ထိုကဲ့သို့အော်ခေါ်နေစဉ်တပ်ကြပ်လှထွဋ်ပါ(၄)ဦးမှဘာလို့အော်တာလည်းဟု မေးပြီး လက်ထဲကဘာတွေလည်းဟုမေးရာ ကျွန်မမှာခွေးများကိုက်မှ ကြောက်၍ကျောက်ခဲများ ကောက်လာရခြင်း ဖြစ်ကြောင်းပြောပြခဲ့ရာ တပ်ကြပ်လှထွဋ်မှကျောက်ခဲတွေလွှင်ပစ်လိုက်ဟုပြောရာ ကျွန်မမှ ကျောက်ခဲ များလွှင်ပစ်ပြီးတပ်ကြပ်လှထွဋ်မှညည်းကဘာကောင်မလည်းဟုမေးပြီး ပါး ကိုရိုက်ခဲ့ပါသည်။ အဲလို့ပါးရိုက်စဉ်ကျွန်မမှရှောင်လိုက်၍မရိုက်မိပါ။ နောက်ထပ် ထပ်ပြီး ပါးမရိုက်ရန် လက်အုတ်ချီတောင်ပန်ပြီး အထတွင် တပ်ကြပ်လှထွဋ်မှ ညည်းက ဘာကောင်မလည်းဟုမေးပြီးဗိုက် သို့ခြေ ထောက်ဖြင့် အားကုန်ကန်ကျောက်၍ ယခုချိန်တွင် ပလိပ်တိုက်နယ် ဆေးရုံ တွင်ဆေးကုသမှုခံယူလျက်ရှိပါသည်။
၆.၁၂.၂၀၁၃အချိန်တွင် ပုလိပ်ရဲစခန်းသို့တိုင်ချက်ရေးဖွင့်ခဲ့ရာ ယခုချိန် ထိတပ်ကြပ်လှထွဋ်အား ဘာတစ်ခုမှအရေးယူ ခြင်း မရှိခဲ့သေးပါ။ ကျွန်မမှ လူသတ်တရာခံလည်း မဟုတ်ပါ၊ ဓါးပြလည်း မဟုတ်ပါ၊ နိုင်ငံရေး သမား လည်းမဟုတ်ပါ၊ ဖောက်ခွဲရေးသမားလည်းမဟုတ်ပါ စခန်းကိုအားကိုပြီး လာချိန်တွင် ယခုလို့နိုင်ထပ်စီးနှင်း လုပ်တာမျိုး ကြီးတော့လုပ်တာတော့ မကောင်းပါ၊ တာဝန်ရှိသူ အထက်လူကြီးများ၏ ညွန်ကြားစာများမှာ ပြည်သူလုထုနှင့် စကားပြောရာတွင်ပြေပြစ်စွာပြောဆိုရမည်ပြည်သူ၏ ယုံကြည်ကိုးစားမှုကိုရယူရမည်ပြည်သူချစ်သော ရဲဖြစ်အောင်လုပ်ရမည်ဟု ညွန်ကြားထားသောလည်း တပ်ကြပ်လှထွဋ်မှအထက်လူကြီးများ၏ ညွန်ကြား စာများကိုဖိဆန်နေလျက်ရှိပါသည်။
ဒီလို့ဥပဒေမဲ့လုပ်တဲ့သူကိုတာဝန်ရှိသူများမှထိရောက်စွာအရေးမယူနိုင်ခဲ့ချင်းမရှိသည်အတွက်ရဲတပ်ဖွဲ၏ဂုဏ်သိက္ခာကျဆင်းလျက်ရှိပါသည်။
သို့ဖြစ်ပါ၍တာဝန်ရှိသူ အဆင့်ဆင့်မှ တပ်ကြပ်လှထွဋ်အား ဥပဒေအကြောင်း အရ အရေးယူ ပေးနိုင်ရန်အသိပေး အပ်ပါသည်။
ဌင်းဖြစ်ရပ်မှန် အား အချိန်မရွေး .. မဥမ္မာရွှေ အား မေးမြန်းနိုင်ပါသည်..ဖုန်း ၀၉ ၄၀၂၅၆ ၈၅၁၇။ယခုချိန်ထိ ပလိပ်တိုက်နယ်ဆေးရုံတွင် တက်ေ၇ာက်နေ ၇စဲဖြစ်ပါသည်....
by thit htoo lwin (မူရင်း ပေးစာ အတိုင်း ဖော်ပြပေးခြင်း ဖြစ်ပါသည်။)
အပြည့်အစုံသို့ »
သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြု ကျင့်မှု ဖြစ်ပွား
ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြ သာယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအနီး၌ သီလရှင်တစ်ပါးကို ဓါးထောက် ခြိမ်းချောက်ပြီး လူနှစ်ဦးတို့က သားမယား ပြုကျင့်မှုဖြစ်ပွားကြောင်း Myanmar News Now မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သီတာရုံသီလရှင် ကျောင်းတိုက်မှ သီလရှင် မ…….(၃၇)နှစ် ၀ါတော်(၈)၀ါ၊ သာသနာ့မှတ်တမ်း မမှတ်မိ သူသည် သာယာကုန်း ရွာ ပန်းရစ်တောင် ဘုန်းကြီးကျောင်းမှ ၎င်းနေထိုင်သော သီလရှင်ကျောင်းသို့ ပြန်လာစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။
အေးမြသာ ယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမ အရောက်တွင် ရှေ့မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို တွေ့မြင်ရကြောင်း၊ တစ်ဦးမှာ အရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်း(မြင်လျှင်မှတ်မိ)၊ နှင့် နောက်တစ်ဦးမှာအရပ်ပုပုက သွားခေါခေါ(မြင်လျှင်မှတ်မိ)ဟု သီလရှင်မှဆိုသည်။
၎င်းနှစ်ဦးအား သီလရှင်မှ ကြောက်၍ နောက်ပြန်လှည့်စဉ် အရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်လူမှ `ပါတာပေး´ဟုပြောကြောင်း၊ သီလရှင်မှ `ဒီဆန် ထုတ်ပဲပါတယ်´ဟုပြော ရာ ၎င်းလူမှ`ရှာမရှည်နဲ့ ရှေ့ကသွား´ဟု ဆိုကြောင်း သီလရှင်မှ ပြောပြပါသည်။
ထိုအချိန်တွင် ဆိုင်ကယ်တစ်စီး ရောက်လာ၍ သီလရှင်မှ `ကယ်ကြပါဦး´ ဟုအော်ရာ ၎င်းလူမှ သီလရှင်၏ ဘယ်ဘက်နားထင်အား လက်ဝါးဖြင့်ရိုက်ပြီး လမ်းဘေးခြုံထဲသို့ ဆွဲခေါ်သွားကြောင်း၊ ကျန်တစ်ဦးမှ နောက်ကနေ၍ သီလရှင်အား တွန်းပေးကြောင်း၊ ခြုံထဲအရောက်တွင် သီလရှင်အား ပါးစပ်ပိတ်ပြီး တွန်းလှဲပြီး အပေါ်မှခွထိုင်၍ ခလုတ်ဓါးဖြင့် လည်ပင်းအား ထောက်ပြီး`မအော်နဲ့ ငြိမ်ငြိမ်နေ အော်ရင်သတ်ပစ် မယ်´ပြောကြောင်း၊ သီလရှင်မှာကြောက်၍ ငြိမ်နေစဉ် ထိုသူက သီလရှင်အား သားမယားအဖြစ် စော်ကားကြောင်း၊ ထိုသို့စော်ကားနေစဉ် အရပ်ပုပု သွားခေါခေါလူမှ သီလရှင်၏ ၀မ်းဗိုက်သို့ ခလုတ်ဓားဖြင့်ထောက်ထား ကြောင်း၊ သီလရှင်အား အလိုမတူဘဲ သားမယားအဖြစ်စော်ကားပြီး ထိုင်နေစဉ် ရွာသားများ အသံကြား၍ `ထိုင်နေ ငုတ်တုတ်ထိုင်နေ´ ၎င်းလူနှစ်ယောက်က ပြော ကြောင်း၊ သီလရှင်မှ ကြောက်၍ ထိုင်နေစဉ် ထိုလူနှစ်ယောက်မှာ လာရာ လမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးထွက်ပြေးသွားရာ သီလရှင်မှ ကယ်တော်မှုကြပါအော်၍ ရွာသားများ ရောက်ရှိ လာကြောင်း သီလရှင်မှ မကွေးမြို့ မ ရဲ စခန်း တွင် ထွက်ဆို ခဲ့ကြောင်း သိရပါသည်။
ထို့နောက် ၎င်းနေ့ ည(၁၁)နာရီခန့် အချိန်တွင် ဖြစ်စဉ်နှင့် ပတ်သက်၍ သီလ ရှင်မ…..(၃၇)နှစ်က မကွေးမြို့မရဲစခန်းတွင်(ပ)၂၄၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၀၆/၁၁၄ အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။
thit htoo lwin
အပြည့်အစုံသို့ »
ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုကြောင့် လူ (၇)ဦး သေဆုံးမှုဖြစ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင်  မီးလောင်မှု ဖြစ်ပွားမှုကြောင့် လူ(၇)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါသည်။
အဆိုပါ မီးလောင်မှုကို ၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မှာ မရမ်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၎င်းကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊ စုစုပေါင်း (၇)ဦးသေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့် ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ထွန်းထွန်းနိုင် (ဘ)ဦဟုန်တုံငုံအပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့  သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါသည်။
thit htoo lwin
အပြည့်အစုံသို့ »