၉၆၉ အမှတ်သင်္ကေတကို သာသနာညှိုးနွမ်းစေမည့် နေရာများတွင် အသုံးမပြုရန် တားမြစ်


ရန်ကုန်- ၉၆၉ဂဏန်းသည် ရတနာ သုံးပါးကိုယ်စားပြုသည့် ငြိမ်းချမ်းရေးသင်္ကေတဖြစ်၍ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန် ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲက ဇွန် ၁၄ ရက် တွင်ကြေညာချက်ထုတ်ပြန်လိုက်သည်။

ထို့အပြင် အခါအားလျော်စွာ ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေး၍ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြရန်၊ နိုင်ငံသားအားလုံးငြိမ်းချမ်းစွာနေထိုင်ရေးကို အထောက်အကူပြုသည့် ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန်လည်းအဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

၉၆၉ အမှတ်သင်္ကေတနှင့် စပ်လျဉ်း၍ “ဒီအမှတ်သင်္ကေတကို မြင် ရင်အနည်းဆုံးဂုဏ်တော်ကိုပွားများမိလိမ့်မယ်။ ၉၆၉က ငြိမ်းချမ်းရေးအသွင်ဆောင်ပါတယ်”ဟု သြ၀ါဒခံယူပွဲဖြစ်မြောက်ရေးအဖွဲ့တာဝန်ခံဆရာတော် ဘဒန္တဒေါက်တာဓမ္မပီယက မိန့်ကြားသည်။

လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍လည်း ပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပါက လူမျိုးရေးအသွင်ဆောင်သည်ဖြစ်စေ၊ ဘာသာရေးအသွင်ဆောင်သည်ဖြစ်စေ အကြမ်းမဖက်ဘဲ ဥပဒေဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရန်၊ ဘာသာရေးခေါင်းဆောင်များအားလုံးအချင်းချင်းညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး ကာကွယ်စောင့်ရှောက်ကြရန် ကြေညာချက်တွင်ဖော်ပြထားသည်။

“ငြိမ်းချမ်းအောင်လုပ်နေကြတယ်နော်။ ငြိမ်းချမ်းအောင်ဘယ်လို ဖြေရှင်းမလဲ။ သိသိသာသာဖြေရှင်းရတာရှိတယ်။ တိုးတိုးတိတ်တိတ်ဖြေရှင်းရတာရှိတယ်။ ဗုဒ္ဓဘာသာဆိုတာ ငြိမ်းချမ်းတဲ့ဘာသာဆိုတာထပ်လာင်းကြေညာဖို့လည်း လိုပါတယ် ”ဟု မှော်ဘီဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကမိန့်ကြားသည်။

အဆိုပါကြေညာချက်တွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသားရဟန်းတော်များ၏ ဂုဏ်သိက္ခာကို မှေးမှိန်ညှိုးနွမ်းအောင် မှားယွင်းစွာ စွပ်စွဲရေးသားသည့်လုပ်ရပ်မှန်သမျှကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

လက်ရှိ ပြည်တွင်း၊ ပြည်ပတွင် ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် သံဃာတော်အရှင်မြတ် ၂၂၇ပါးတို့ ကဏ္ဍခုနှစ်ခုခွဲ၍ ဇွန်လ ၁၃ရက်မှ ၁၄ ရက်ထိ နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းခဲ့သည်။

အမေရိကသို့ ရောက်ရှိနေသော လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း လှုံ့ဆော်မှုများပြုလုပ်နေသော ၉၆၉ လှုပ်ရှားသူအဖွဲ့များအားတရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု Amnesty Internation ၀ါရှင်တန်ဒီစီရုံးခွဲနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်းသိရသည်။

၉၆၉ အမှတ်သင်္ကေတသည် ငြိမ်းချမ်းရေးကို အသွင်ဆောင်ပြီး ယင်းလှုပ်ရွားသူများစတင်ခဲ့သော မော်လမြိုင်နှင့် လှုပ်ရှားသူများပျံ့နှံ့ခဲ့သော ဒေသများတွင် အကြမ်းဖက်မှုများမဖြစ်ပွားခဲ့ဘဲ ဥကံ္ကကဲ့သို့သော ဖြစ်စဉ်များတွင်မူ ၉၆၉ အ မှတ်အသားကိုအသုံးချခြင်းခံခဲ့ရသည်ဟု မန္တလေးမစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် အရှင်ဝီရသူက နိုင်ငံတကာက ၉၆၉ လှုပ်ရှားသူများအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ မိန့်ကြားသည်။

“နိုင်ငံအသွင် ကူးပြောင်းဆဲကာလမှာ ကမ္ဘာက စီးပွားရေးတွေ မြှုပ်နှံချင်တယ်။ ဒါပေမဲ့ ပဋိပက္ခ ဒီလိုဖြစ်နေတော့ နိုင်ငံပုံရိပ်မကောင်းဘူး။ နောက်ထပ်မဖြစ်ရအောင် ညှိနှိုင်းဆောင်ရွက်ကြဖို့ ဘာသာရေးခေါင်းဆောင်တွေ အသွင်မတူသူ
တွေအားလုံး ဖိတ်ခေါ်ပါတယ်။ အေးချမ်းမှုတည်ဆောက်မယ်”ဟု ဘဒန္တဒေါက်တာ ဓမ္မပီယက မိန့်ကြားသည်။


7Day 

အပြည့်အစုံသို့ »

ဦးတေဇမှနိုင်ငံတော်သို့(၁၉၀၇)ကာရက်ရှိသော ကိုယ်ပိုင်ပတ္တမြားအရိုင်းတုံးကိုပေးအပ်လှူဒါန်း။




မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသောHtoo Group of Compaines မှဥက္ကဋ္ဌဖြစ်သည့် ဦးတေဇသည် နေပြည်တော်ကျောက်မျက်ရတနာခမ်းမတွင်ပြုလုပ်သော မြန်မာနိုင်ငံကျောက်မျက်ရတနာအထူးပြပွဲနှစ်(၅၀)ပြည့်ရွှေရတုအထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်သို့(၁၉၀၇)ကာရက်ရှိသော ကိုယ်ပိုင်ပတ္တမြားအရိုင်းတုန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း ထူးကုမ္မဏီမှ သတင်းရရှိသည်။

Messenger News Journal

အပြည့်အစုံသို့ »

စွန့်ပစ် စားကြွင်းစားကျန်များကြောင့်လည်း ကမ္ဘာကြီးပူနွေးလာ


လူတို့ စွန့်ပစ်သော စားကြွင်းစားကျန်များမှာ ကမ္ဘာကြီးပူနွေးလာစေမှုနှင့်ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် အကြောင်းတစ်ချက်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တို့က ဆိုသည်။

 “လူတွေ စွန့်ပစ်တဲ့ အမှိုက်ထဲမှာ အဆိုးဆုံးက စားကြွင်းစားကျန်ဖြစ်နေတယ်၊ လူတွေက တစ်ဦးချင်းအနေနဲ့ အစားအစာကို စွန့်ပစ်နေတာဟာ ကမ္ဘာရဲ့ စွမ်းအင်ကို ဖြုန်းတီးပစ်နေတာတဲ့တူတယ်၊ အဲဒီက ရတဲ့ရလာဒ် ကလည်း အလွန်ပဲ ဆိုးရွားပါတယ် ”ဟု Myanmar Environmental Working Group မှ ဦးခင်မောင်ချိုက ပြောသည်။

ထို စားကြွင်းစားကျန် အစားအသောက်များကို စွန့်ပစ်ခြင်းမပြုရရန်အတွက် လူတိုင်းလူတိုင်း အမူအကျင့်များကို ပါပြင်ဆင်သင့်ကြောင်း ၊ စားသုံးသူများသာမက ထုတ်ပိုးသူ ၊ စိုက်ပျိုးသူ ၊ ချက်ပြုတ်သူ အစာထုတ် လုပ်သူများ မှာလည်း အဆင့်တိုင်း၌ ဂရုတစိုက်ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ၄င်းက ဆက်ပြောသည်။

စွန့်ပစ်အစားအစာများမှ ထွက်ရှိသည့် ဓါတ်ငွေ့များကြောင့် ကမ္ဘာကြီးကို ပူနွေးစေမှုတွေဖြစ်စေသလို ပတ်ဝန်းကျင် ရေ၊ မြေနှင့် လေထုကိုလည်း ညစ်ညမ်းစေနိုင်သောကြောင့် ၂၀၁၃ ခုနှစ် ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ကို အစားအစာနှင့်ပတ်သက်သည့် ဆောင်ပုဒ်ပေးထားခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါ စွန့်ပစ်လိုက်သည့်အမှိုက်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ခုနှစ်သောင်း ခန့် ရှိကြောင်း ၊ ထိုပမာဏမှာ ငတ်မွတ်ခေါင်းပါးသည့် လူပေါင်း ၇ သန်းကျော်ကို အစာအစားများ ပေးကမ်းနိုင်သည့် ပမာဏ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းမှသတင်းထုတ်ပြန်ချက်အရ သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် လက်ရှိ ဖြစ်ပေါ်နေသော ရာသီဥတုနှင့် အနာဂတ်ဖြစ်ပေါ်မည့် အခြေအနေများအကြောင်းကို ဒေါက်တာ ဦးထွန်းလွင် နှင့်  ပါမောက္ခ ဦးခင်မောင်ချိုတို့ က ဇွန်လ(၁၂)ရက်နေ့က ရန်ကုန်ဗြိတိသျှကောင်စီစာကြည့်တိုက်၌ ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြစ်မခ

အပြည့်အစုံသို့ »

ပုဂံစေတီရင်ပြင်များပေါ်တွင် ကွန်ဒုံးများ မကြာခဏတွေ့


မန်မာ့ယဉ် ကျေးမှု၏ အသည်းနှလုံးနေရာ ဖြစ်သည့် ပုဂံဒေသမှ စေတီပုထိုး ရင်ပြင်များပေါ်တွင် ကွန်ဒုံးများ တွေ့လာရကြောင်း ပုဂံတွင် ဧည့် လမ်းညွှန်လုပ်ကိုင်သူများ၏ပြော ကြားချက်အရ သိရသည်။

ကမ္ဘာလှည့် ခရီးသွားများ အလွန်စိတ်ဝင်စား လည်ပတ်လေ့ ရှိသည့် မြန်မာ့ရှေးဟောင်းမြို့ တော်ပုဂံဒေသက စေတီပုထိုးများ တွင် မဖွယ်မရာကိစ္စများကို ပြု လုပ် လျက်ရှိပြီး ကွန်ဒုံးများကို စည်း ကမ်းမဲ့စွန့်ပစ်လျက်ရှိကြောင်း ယင်း တို့၏ ပြောကြားချက်အရ သိရ သည်။ ဧည့်လမ်းညွှန်ဦးဆန်းဝင်းက ''ဧည့်သည်တွေကို ဗျူးလေး ကောင်း လို့ ပြချင်တဲ့နေရာခေါ်သွားကာမှ သူတို့မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့ဖယ်ပစ်ရတယ်။ ပုဂံလို ထူးခြားပြီး သာသနိကအဆောက် အအုံတွေရှိ တဲ့နေရာ မှာ ဒါတွေရှိ နေတာဟာ မကောင်းပါဘူး''ဟု ပြောသည်။

ဧည့်သည်တွေ ကို ဗျူးလေး ကောင်း လို့

ပြချင်တဲ့နေရာခေါ်သွားကာမှ

သူတို့  မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့
ဖယ်ပစ်ရတယ်။



အခါကြီးရက်ကြီး အားလပ် ရက်များတွင် ဟိုတယ်သို့ မသွားနိုင်သည့် သာမန် လက်လုပ်လက်စား စုံတွဲများမှာ လူသွားနည်းသည့် ဘုရားများ၊ လမ်း မကြီးများ နှင့် ဝေးသည့် ပုထိုးများ တွင် မဖွယ်မရာများ ပြုလုပ်ပြီး ကွန်ဒုံးများကို ယင်းကဲ့သို့ စွန့်ပစ် နေကြကြောင်း သိရသည်။

''FDI တိုးတွေဟာ ဧည့်လမ်း ညွှန်တို့၊ ကားဆရာတို့မပါဘဲ လမ်း ညွှန်စာအုပ်နဲ့ ချောင်ထဲက စေတီ ပုထိုးတွေ ထိသွားလေ့ရှိတယ်။ နောက်တစ်ခါတ လေကျရင် အဲဒါ တွေကို ချောင်းပြီး ကင်မရာရိုက် နေတဲ့သူတွေကိုလည်း တွေ့ဖူး တယ်''ဟု  Myanmar Voyages International Tourism  ကုမ္ပဏီမှ ဒေါ်ဝါဝါလေး က ပြော သည်။ ဧည့်လမ်းညွှန်များ၊ စား သောက်ဆိုင်များနှင့် အဖွဲ့အစည်း များအနေဖြင့်လည်း ပုဂံဒေသ တွင် လုပ်အားပေးအမှိုက်ကောက် မှုများရှိ နေကြောင်း ယင်းကဲ့သို့ အမှိုက် ရှင်းလင်းသည့်အဖွဲ့ အနေ ဖြင့်လည်း အဆိုပါကွန်ဒုံးများကို လမ်းတွင် များပြားစွာတွေ့ရှိနေရ ကြောင်း သိရသည်။

''ဒီလို ကိစ္စမျိုးတွေက လူ့ကျင့် ဝတ်နဲ့ သက်ဆိုင်တယ် စည်းမျဉ်း စည်းကမ်းထုတ်စရာမလိုဘူး၊ ထုတ် ရင်ကိုယ့်ပေါင် ကိုယ်လှန်ထောင်း သလိုဖြစ်မယ်။ ဗုဒ္ဓဘာသာ တွေ ဆိုရင် စောင့်ထိန်းရမယ့်အသိရှိရ မယ်။ ဆိုင်းဘုတ်ထောင်စရာကို မလိုတာအရေးယူဖို့လည်း ပုဂံဆို တာက အကျယ်ကြီး ဒီဌာနမှာရှိ တဲ့ လူအင်အား နဲ့ လဲမဖြစ်နိုင် ဘူး''ဟု ပုဂံရှေးဟောင်းသုတေသ န၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်ဦးနိုင်ဝင်းက ပြောသည်။

ရွှေနု ၊ မေသက်ဇင်
Yangon media


အပြည့်အစုံသို့ »

ဆားဝက်ခြံများကို တိုက်ထုတ်နည်းများ


မျက်နှာပေါ်မှ ဆားဝက်ခြံများဟာ အလှအပ အတွက် မဟာရန်သူတော်များ ဖြစ်ပါတယ်။ ဒါကြောင့် ဆား ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေ အတွက် တိုက်ထုတ်နည်းလေးတွေ တင်ပြလိုက်ပါ တယ်။

ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်သီး တွေကို အစေ့တွေဖယ်ပြီး ညှစ်ထားတဲ့ အရည်ကို ဆားဝက်ခြံပေါ်မှာ အုပ်တာဟာ အကောင်း ဆုံး ပေါင်းတင် ဆေးပါပဲ။ ခရမ်းချဉ်သီး အနှစ်ရည်ကို ဆားဝက်ခြံ ဖြစ်တဲ့နေရာမှာ ၁ဝ မိ နစ် ခန့်ထားပြီး ရေအေးဖြင့် ပြန်လည် ဖယ်ရှားပါ။

ရွှံ့စေးရေ
ရွှံ့စေးရေကတော့ ဝက်ခြံက အဆီတွေကို စုပ်ယူမယ့် အကောင်းဆုံး သဘာဝရေပါ။ ဆိုးဝါးပြင်းထန်တဲ့ ဝက်ခြံတွေ အတွက် လိမ်းရလည်းအေးပြီး အဆီစုပ်မှုလည်း အားကောင်းတဲ့ ရွှံ့ရေ ပေါင်း တင်ဆေးက ပိုမို ထိရောက်ပါတယ်။ ဈေးကွက်ထဲမှာ အသင့်လုပ်ပြီးသား ရွှံ့အခြေခံ ပေါင်းတင်ဆေးတွေ ရှိပါတယ်။

နွားနို့ရည်
နွားနို့စစ်စစ် အနည်းငယ်ကို ဂွမ်းသန့်သန့်လေးနဲ့ အနည်းငယ်ယူပြီး အမည်းစက်တွေ ပေါ်ကို ၁၅ မိနစ်ခန့် ထားပေးပါ။ အမည်းစက် သို့မဟုတ် ဝက်ခြံခေါင်းတွေ နူးညံ့လာပြီး ဖယ်ရ ပိုလွယ်ကူ တာ တွေ့ရပါမယ်။

သွားတိုက်ဆေး
နှာခေါင်းပေါ်က အမည်းစက်၊ ဆားဝက်ခြံတွေ အတွက် အရိုးရှင်းဆုံး နည်းက သွားတိုက်ဆေးပါ။ သွားတိုက် ဆေး အနည်းငယ်ကို ရေစွတ်ထားတဲ့ နှာခေါင်းပေါ် လိမ်းပေးပါ (မျက်လုံးကို သတိထား ပါ) စိုနေတဲ့ သွားတိုက်တံလေးနဲ့ သွားတိုက်ဆေး ပွတ်ထားတဲ့ နေရာကို ဖြည်းဖြည်းလေး နေ့စဉ် ပွတ်ပေးပါ။ ဒီနည်း လမ်းဟာ အငြင်းပွားဖွယ်ရာ ရှိပေမဲ့ ဆားဝက်ခြံ ရှိသူများ အတွက်တော့ အ လွယ်ဆုံး နည်းလမ်းလေးပါ။ ဒီနည်းသုံးပြီးလျှင် သွားပွတ်တံကို ရေနွေး ပူပူဖြင့် စေ့စပ်စွာ ဆေးကြော သန့်စင်ပါ။ ကြယ်ရီ
မြ၀တီ

အပြည့်အစုံသို့ »

“မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှကြေညာချက်တစ်ခုထုတ်ပြန်”

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် အဖွဲ့ ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးဌာနမှကြေညာချက်တစ်ခုကို ယနေ့ထုတ်ပြန်လိုက်သည်။ယင်းကြေညာချက်ဝယ် အောက်ပါအချက်များပါရှိသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် မြန်မာနိုင်ငံအလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းတို့သည် လိုအပ်သည့်ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရန်အတွက် မလေးရှားနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ၁၄ ရက်နေ့ အထိ ရောက်ရှိခဲ့ကြသည်။
ထိုသို့ရောက်ရှိစဉ် ဇွန်(၁၃)ရက်တွင် မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြသည်။ထို့အပြင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်လည်းတွေ့ဆုံခဲ့သည်။
ဦးဇင်ယော်နှင့်အဖွဲ့သည် မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသော မြန်မာလုပ်သားများနှင့်ပတ်သက်၍ လက်ရှိဖြစ်ပွားနေသောအခြေအနေများကိုဆွေးနွေးခဲ့ကြသည်။ထို့နောက် ဖြစ်ပွားခဲ့သောအရေးကိစ္စများ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ခြင်းအပေါ် ကြေ နပ်အားရမှု ရှိကြောင်းနှင့် မလေးရှားနိုင်ငံအစိုးရအားလည်း အထူးကျေးဇူးတင်ရှိကြောင်း ဦးဇင်ယော်က ပြောကြားခဲ့သည်။

Popularmyanmar

အပြည့်အစုံသို့ »

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ


မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့
အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။
အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။
Myanmar News Update

အပြည့်အစုံသို့ »