ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာပါဆိုတဲ့ နေနေ


ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာပါဆိုတဲ့ နေနေရန်ကုန်မြို့ Orchid Hotel မှာ ၂၀၁၃ ခုနှစ် ဇွန် ၅ ရက် နေ့လယ် ၂ နာရီက တေးသံရှင် နေနေရဲ့ တစ်ကိုယ်တော် စီးရီး ဆူးစူး သူ DVD ကာရာအိုကေ အခွေ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဆူးစူး သူ အခွေကို ဇွန်လ ၇ ရက်နေ့မှာ ဖြန့်ချိပေးသွား မယ်လို့လည်းသိရပါ တယ်။ အခွေအတွက်မျှော်မှန်းထား တာလေးတွေ ရှိဦးမလား ဆိုတော့ ဒါကတော့ ကိုယ်ကြိုးစား ထားတာ လေးကို ပြန်တော့ အရာထင်ချင် တာပေါ့။ ကောင်းတဲ့ ရလဒ်လေးတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ဒီအခွေ ထဲမှာ သီချင်းအကုန်လုံး နီးပါးကြိုက် တယ်။ VCD ရိုက် တဲ့အခါမှာ အခက်အခဲကတော့ မရှိပါဘူး။ အမှတ်တရတွေကတော့ အမျိုးစုံပါပဲ။ သီချင်းတိုင်းကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ထားပါတယ်။ တစ်ခွေလုံးကြည့်ပြီး သွားရင်တော့ ပရိသတ်ကြီးလည်း ဘာလိုတယ်ဆိုတာ ဝေဖန်လို့ရပါ တယ်။ အခု အချိန်မှာ အရမ်း ပျော် ပါတယ်။ မကြာခင် အိမ်ထောင် ပြုတော့ မှာလား ဆိုတော့ "တချို့တွေ ပြောကြတဲ့ ဒီနှစ်ထဲမှာ နေနေအိမ် ထောင်ပြုမယ် ဆိုတာက ဟုတ်ပါ တယ်။

ဒီနှစ်မှာ အိမ်ထောင်ပြုဖြစ် ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆို တော့ နေနေတို့ ရှေ့နှစ်မှာ သူသင်္ဘောတစ် ခေါက်ပြီးတာနဲ့ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ အစီ အစဉ်ချထား တာတွေက အစ်မတို့ နှစ်ယောက်က ဘာသာမတူဘူး လေ။ အစ်မက ခရစ်ယာန်ဘာသာ၊ သူက ဗုဒ္ဓဘာသာလေ။ နေနေတို့က ခရစ်ယာန်ဘုရားကျောင်းမှာ မင်္ဂလာဆောင်မယ်။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ သူတို့ရဲ့ ဘာသာလို တစ်ခါဆောင်မယ်။ မင်္ဂလာနှစ်ခါ ဆောင်မယ်လို့တော့ စီစဉ် ထားတယ်။

ဘာသာမတူဘူးဆို တော့ ညှိနှိုင်းမှုတွေ တော့ရှိတယ်။ ဒါပေမဲ့ သူကတော့ နေနေကို အရမ်း နားလည်ပေးတယ်။ နေနေ လည်း သူ့အပေါ်နားလည်တယ်။ နှစ် ယောက်စလုံး ကတော့ အဆင် ပြေ ပါတယ်။ ကိုယ့်ဘာသာကိုယ် တော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ" လို့ ဘာသာ မတူတဲ့ကိစ္စ ညှိနှိုင်းမှုတွေနဲ့ ပတ် သက်ပြီးဖြေခဲ့ ပါတယ်။

By 8 Days

အပြည့်အစုံသို့ »

မြန်မာအင်ဂျင်နီယာများ အမည်ရှေ့တွင် ENGR. ဟု တပ်ဆင်သုံးစွဲနိုင်တော့မည်

 ဆေးပညာရှင် များ ဒေါက်တာဟု အမည်ရှေ့တွင် တပ်ဆင်သုံးစွဲသကဲ့သို့ အင်ဂျင် နီယာကောင်စီ အသိအမှတ်ပြု အင်ဂျင်နီယာများ၏ အမည်ရှေ့ တွင်  Engr. ဟု တပ်ဆင်သုံးစွဲနိုင် ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအ သင်းက အစီအစဉ်များပြုလုပ် နေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း က ကမကထ ပြုလုပ်ရေးဆွဲပြီး မကြာမီ လွှတ်တော်များ သို့တင်ပြမည့် မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ ဥပဒေမူကြမ်း တွင် အဆိုပါအချက်ကို ထည့်သွင်း ထား ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမည်ရှေ့ထည့် သွင်းသုံးစွဲခြင်းများကို  နိုင်ငံတကာ တွင်လည်း ကျင့်သုံးနေပါကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ပြန်ကြားရေးမှူးဦးကိုကိုက ရန် ကုန်တိုင်းမ် သို့ ပြော ကြားသည်။ ထိုဥပဒေသာ အတည်ဖြစ် ပါက မြန်မာနိုင်ငံတွင် အင်ဂျင် နီယာလောကအတွက် မိမိကိုယ် မိမိထိန်းကျောင်းပြီး အရည်အ သွေးမြှင့် တင်ရေး ဆောင်ရွက်ပေး မည့် ပထမဆုံးသောကောင်စီ တစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်သည်။ အခန်း(၁၄)ခန်းပါ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ မူကြမ်း ကို ရေးဆွဲ ပြုစုပြီး ဖြစ်ကာ အသင်းဝင်များ၏ အကြံဉာဏ် များကိုရယူရန်ရှိကြောင်းလည်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း မှသိရှိရသည်။

ထိုဥပဒေမူကြမ်းတွင် အင်ဂျင်နီယာများအား မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ်၊ မှတ်ပုံ တင် အကြီးတန်းအင်ဂျင်နီယာ လက်မှတ်၊ မှတ်ပုံတင်အင်ဂျင် နီယာပညာရှင် လက်မှတ်၊ မှတ်ပုံ တင်ကန့်သတ်အင်ဂျင်နီယာလက် မှတ် စသည်ဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက အသိ အမှတ်ပြုလက်မှတ်များထုတ် ပေးနိုင် မည် ဖြစ် သည်။

ထို့အပြင် ကောင်စီက အင်ဂျင်နီယာကျင့်ဝတ်သိက္ခာနှင့်အ ညီ လိုက်နာစောင့်ထိန်းရန် ပျက် ကွက်မှုများကို စုံစမ်းခြင်း၊ စစ်ဆေး ခြင်းနှင့် အရေးယူဆောင်ရွက် ခြင်းများ ပြု လုပ်နိုင်မည်ဟု သိရသည်။

အဆိုပါကောင်စီ ဥပဒေမူ ကြမ်းအား အသင်းသားများအား လုံး ပါဝင်ဆွေးနွေးနိုင်ရန် အသင်း သားစုံညီ အထူးအစည်းအဝေး ကြီးကို ဇွန် ၂ဝရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္က သိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း၌ ကျင်းပမည် ဖြစ်ရာ အသင်းသားအားလုံးမ ပျက် မကွက်တက်ရောက်ကြပါရန် မြန်မာနိုင်ငံ အင်ဂျင်နီယာ  အသင်း က နှိုးဆော်ထားသည်။
Yangon media

အပြည့်အစုံသို့ »

တယ်လီဖုန်းသုံးစွဲသူ မိဘပြည်သူများသို့ သတိပေးနှိုးဆော်ချက်

18.6.2013 ရက်နေ့ထုတ် ကြေးမုံသတင်းစာ


အပြည့်အစုံသို့ »

ရွှေတိဂုံဘုရားပေါ်တွင် ပန်းကြဲခဲ့သည့် အစ္စလာမ် ဘာသာဝင် အမျိုးသမီးအား ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံမှ အတည်ပြု


ရွှေတိဂုံဘုရားပေါ်တွင် ပန်းကြဲခဲ့သည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအား ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေးဆေးရုံ (ရန်ကုန်)မှ Medical Board မှ ဇွန် ၁၇ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

''Medical Board ရဲ့ဆုံးဖြတ်ချက်အရ ဒီလူနာက ဆေးကုသဖို့ လိုအပ်လို့ အခုလို ဆေးကုသမှု ခံယူနေတာပါ။ တာဝန်ကျ ဆရာဝန် တစ်ယောက်တည်း ဆုံးဖြတ်တာ မဟုတ်ဘူး။ ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ ဆရာဝန်အားလုံးရဲ့ သဘောတူညီမှုနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ရောဂါအခြေအနေ ဘယ်လိုရှိတယ် ဆိုတာကိုတော့ ဆရာဝန်တွေရဲ့ ကျင့်ဝတ်အရ ပြောပိုင်ခွင့် မရှိပါဘူး'' ဟု စိတ်ကျန်းမားရေးဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်စိုးက ဆိုသည်။

Medical Board အဖွဲ့သည် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံ၏ ဆေးရုံအုပ်ကြီး အပါအ၀င် အထူးကု ဆရာဝန်ကြီးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ကဲ့သို့သော လက်နက်ကိုင် အဖွဲ့အစည်းများ၊ အမှုအခင်းနှင့်ပတ်သတ်သူများကိုသာ ဆေးကုသမှု ခံယူရန် သင့်မသင့်ကို အဆိုပါ ဘုတ်အဖွဲ့မှ စစ်ဆေးပေးခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ယခုဆေးကုသမှု ခံယူနေသူ အစ္စလာမ် ဘာသာဝင် မခင်မျိုးမှာ လူထုစိတ်ဝင်စားမှု ရှိသည့်အတွက် ယခုလို ဘုတ်အဖွဲ့မှ ဆေးကုသမှု ခံယူရန် သင့်မသင့်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဇွန် ၁၆ ရက်တွင် ညနေ ၅ နာရီခွဲ အချိန်တွင် ဒဂုံတောင်မြို့နယ် အစ္စလာမ်ဘာသာဝင် လူကြီးများဖြစ်သော အိုလမာအစ္စလာမ် လူမှုရေးအဖွဲ့မှ မခင်မျိုး နေထိုင်သည့် နေအိမ်သို့ ရောက်ရှိလာပြီး မခင်မျိုးအား စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ရန် အကြောင်းကြားသည့် အတွက် အဒေါ်ဖြစ်သူနှင့်အတူ ညနေ ၆ နာရီတွင် စိတ်ကျန်းဆေးရုံသို့ သွားရောက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၅ ရက် မွန်းတည့် ၁၂ ကျော် အချိန်တွင် မခင်မျိုး (၃၈) နှစ်သည် ဘော်လကာ ၀တ်ရုံခြုံလျက် မျက်မှန်တပ်ကာ ချွေးမဖြစ်သူ မမျိုးသန္တာစိုး (၁၇) နှစ်နှင့်အတူ နှင်းဆီပန်း ၁၀၀၀၀ ကျပ်ဖိုး ၀ယ်ယူ၍ အရှေ့ဘက်မုဒ် စောင်းတန်းအနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍လည်းကောင်း၊ ပန်းအချို့အား အောက်သို့ချ၍ လည်းကောင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့သဖြင့် ဂေါပကအဖွဲ့မှ ခေါ်ယူမေးမြန်းပြီး ခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်း သိရသည်။

Eleven Media Group

အပြည့်အစုံသို့ »

မလေးရှားနိုင်ငံ ကပုန်းဘုန်းကြီးကျောင်း တွင်ခိုလှုံနေရသူ၂၅ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ



မလေးရှားနိုင်ငံ ကပုန်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသူများအနက် ၂၅ ဦးသည် ဧရာဝတီဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ယနေ့ နေ့လည်ပိုင်း တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အဆိုပါ ၂၅ ဦးအနက် နိုင်ငံကူးလတ်မှတ်ပါရှိသူ ၈ ဦးသာ ရှိပြီး ဓားဒဏ်ရာ ၆ ချက်ဖြင့် ဗိုက်ခွဲစိတ်ခံထားရသူ ၁ ဦး ပါရှိသည် ။ ပြန်လည် ရောက် ရှိလာသူ ၂၅ ဦးကို ဧရာဝတီဖောင်ဒေးရှင်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ပြီး ဓားဒဏ်ရာ ရရှိထားသူ ကိုထွန်းမော် သိန်းအား ဒဏ်ရာပျောက် ကင်းသည် အထိ ၀ိတိုရိယ ဆေးရုံတွင် ဆေးကုသပေးသွားမည်ဟု သိရသည်။

ပေါ်ပြူလာ

အပြည့်အစုံသို့ »

မိကျောင်းကန်ရပ်ကွက်မှ ဖယ်ရှားခံရသူများကို တောင်ဒဂုံတွင် မြေနေရာပေးမည်

 သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက် ရှိဖယ်ရှားခံရသူ အိမ်ထောင်စုများ ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒဂုံမြို့သစ် (တောင်ပိုင်း)  မြို့နယ် အတွင်းမြေကွက်များ ပြန်လည် ချထားပေးရန်စီစဉ်နေကြောင်း နေအိမ်ဖယ်ရှားခံရသူများထံမှ သိရသည်။

လက်ရှိဖယ်ရှား ခံထားရ သူများသည် မြေကွက်ပေ(၂၀* ၆၀)ကို ပေးရန်အလိုရှိသော်လည်း သက်ဆိုင်ရာမှမြေကွက် ပေ (၂၀* ၃၀)ကိုသာပေးရန် ပြန်လည်ပြင် ဆင်ပြော ကြောင်း ဖယ်ရှားခံရသူ များက ရန်ကုန်တိုင်းမ်သတင်းစာ သို့ပြောသည်။ ဖယ်ရှားခံထားရ သူတစ်ဦးဖြစ်သည့်အပြင် ဒုက္ခ ရောက်နေသူ များအတွက် သက်ဆိုင်ရာ များနှင့် ညှိနှိုင်းရေးပြုလုပ်နေသည့် ကော် မတီမှအဖွဲ့ဝင်ဖြစ်သူ ဒေါ်ကြည် ကြည်မြင့်ကလည်း ''ဇွန်၁၅ရက်က သင်္ဃန်းကျွန်းမယကက ဖယ်ရှား ခံရသူတွေ ကို ပေ၂၀*၆ဝ မြေကွက် တွေ တောင်ဒဂုံဘက်မှာပေးမယ် လို့ပြောတယ်။ ဒါကို ဖယ်ရှားခံရ သူတွေက လက်ခံလိုက်တာမဟုတ် ဘူး။ ကျွန်မတို့ကဖယ်ရှားခံရသူ တွေနဲ့ ညှိနှိုင်း ပြီး ဒီနံနက်လက်ခံ မယ်ဆိုပြီး သွားတဲ့အခါကျတော့ သူတို့ဘက်က အပြောမှားလို့တဲ့။ ပေ(၂၀*၃၀)ပဲပေးမယ်လို့ ပြော တယ်။ ပေ(၂၀*၃၀)က ကျွန်မ တို့ အတွက် တော့ ဘယ်လို မှ မဖြစ် နိုင်ဘူးလေ''ဟု မြေကွက်စီစဉ်ပေး မှုကို ပြောသည်။

အဆိုပါမိကျောင်းကန်ရပ် ကွက်အပိုင်း(၁၊ ၂)တွင် ဇွန်၁၃ ရက် နံနက်၆နာရီဝန်းကျင်တွင် အာဏာပိုင်များဘက်မှ အဓမ္မဝင် ရောက်ဖျက်ဆီးခဲ့သည့်အတွက် ယင်းရပ် ကွက်များ တွင် မြေငှား ရမ်းလုပ်ကိုင်နေသည့် စိုက်ပျိုးရေး သမားမိသားစု ၁ရဝကျော်သည် ယင်းရပ်ကွက်၏ဘေးဘက် ကား လမ်းဘေးသို့ ဖယ်ရှား ပေးခဲ့ ရပြီး လမ်းဘေး တွင် မိုးကာသားများ ဖြင့် တဲထိုးပြီးနေထိုင်နေရသည် မှာ ယနေ့အထိ သုံးရက်ရှိပြီဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ဖယ်ရှားခံထား ရသူ၉ဝကျော်သည် ယင်းရပ်ကွက် ဘေးရှိ ဘောက်ထော်ဘူတာသို့ သွားရာလမ်းမဘေးတွင် တဲထိုး နေထိုင်နေကြပြီး ကျန်မိသားစု များသည် ယင်းရပ်ကွက်အနီးရှိ ဘုန်းကြီးကျောင်းတိုက်သုံးခုတွင် နေထိုင်နေကြောင်း သိရသည်။

ဖယ်ရှားခံထားရသူတစ်ဦး က ''အခုအချိန်ထိရေမချိုးရသေး ဘူး။ ကလေး တွေကျောင်း တက်ဖို့ လဲရှိသေးတယ်။ သူတို့စီစဉ်ပေး မယ်ဆိုတဲ့နေရာကို အမြန်ဆုံး ပြောင်း ချင်ပြီ''ဟု ပြောသည်။ အဆိုပါမိကျောင်းကန်ပိုင်း (၁၊ ၂)ရပ်ကွက်သားများကို ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၈၃) ရပ်ကွက်နှင့် (၁၅၅)ရပ်ကွက်ကြား တွင် နေရာချ ထား မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ယင်းရပ်ကွက် ကို 'တပ်မြေမ ကျူးကျော်ရ' ဆို သည့်စာတန်းအနီများဖြင့် သိမ်း ပိုက်လိုက်ပြီး စည်ပင်သာ ယာ ဝန် ထမ်း များနှင့်စစ်သားများက ယင်း ဝင်းကြီးကို လုံခြုံရေးယူထားကြောင်း သိရ သည်။

Yangon media


အပြည့်အစုံသို့ »

လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ပြည်သူသုံးသန်းလက်မှတ်ဖြင့် လွှတ်တော်တင်မည် ဟု ဆို


ပြည်သူသုံးသန်း ၏လက်မှတ်ဖြင့် ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း)အား ဇူလိုင်တွင်ပြု လုပ် မည့် ပြည်သူ့ လွှတ်တော်၌ တင်သွင်းသွားမည် ဖြစ်ကြောင်း ယင်းဥပဒေကြမ်းအား ရေးဆွဲသည့်အဖွဲ့မှ သိရသည်။

ယင်းဥပဒေရေး ဆွဲရာတွင် ပါဝင်သည့် ဦးပဉ္ဇင်းဦးဝီရသူက ''အဲဒီဥပဒေ ကို လွှတ်တော်တင်ဖို့အတွက် အထက်မြန်မာပြည်၊ အောက်မြန်မာ ပြည်က ပြည်သူတွေ ဆီက ထောက် ခံချက် လက်မှတ်ယူနေတယ်။ လက် မှတ်သုံးသန်းနဲ့တင်ဖို့ မှန်းထား တယ်။ ဒါပေမဲ့ အခု အဲဒီထက်များ မယ့် သဘောရှိတယ်''ဟု မိန့်သည်။

အဆိုပါဥပဒေ(မူကြမ်း)တွင် ဗုဒ္ဓဘာသာအမျိုးသား သို့မဟုတ် အမျိုးသမီးအား လက်ထပ်မည့် သူသည် တရားဝင်ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဟု ဖော်ပြထားသည်။ ဦးပါမောက္ခ(မကွေးဆရာ တော်)က ''ကိုယ့်လူမျိုး၊ ကိုယ့်ဘာ သာ၊ သာသနာပျောက်မသွား အောင်လို့ ဒီဥပဒေကိုတင်မှာဖြစ် တယ်။ အဓိက မြန်မာနိုင်ငံမှာ ဗုဒ္ဓ ဘာသာ မြန်မာ လူမျိုးတွေ ပျောက် မသွားအောင်လို့ပါ''ဟု မိန့်ကြား သည်။

ယခုအခါ ပြည်သူများ၏ လက်ထဲရောက်ရှိနေသော ဥပဒေ (မူကြမ်း)မှာ အဟောင်းဖြစ်ပြီး ယခု ထိုဥပဒေအား အသစ်ပြန် လည်ရေးဆွဲထားကြောင်း ဥပဒေ ရေးဆွဲရာတွင် ပါဝင်သည့် ဘုန်း ကြီးများထံမှ သိရသည်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီး သို့မဟုတ် အမျိုးသားအား လက်ထပ်မည့်သူသည် ဘာသာခြားဖြစ် ပါက ဗုဒ္ဓဘာသာ ဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရယူထားသူ ဖြစ်ရန်လိုကြောင်း၊ ထို့အပြင် လက် ထပ်မည့် ဗုဒ္ဓဘာသာဝင်အမျိုး သမီး၏မိဘ သို့မဟုတ် အုပ်ထိန်း သူ၏စာဖြင့် တရားဝင် ခွင့်ပြုချက် လက်ခံရယူရမည်ဖြစ်ကြောင်း၊ အဆိုပါဥပဒေ(မူကြမ်း)တွင် ဖော်ပြ ထားသည်။

ဦးသန်းမောင်(ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ ဝင်)က ''ကျွန်တော့်ရဲ့စိတ်ခံစားမှု အရ ပြောရမယ်ဆိုရင်တော့ ဒီ ဥပဒေကို ထောက်ခံ တယ်။ ဗုဒ္ဓဘာ သာဝင် အမျိုးသမီးတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် လိုလားတယ်။ ဒါ ပေမဲ့လူမှုရေးကိစ္စတွေ၊ စိတ်ခံစား မှုတွေကို ဥပဒေ ဘောင်ထဲ အတင်း ထည့်သွင်းမယ်ဆိုရင်တော့ လက် မခံဘူး''ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ''၁၉၅၄ဥပဒေဆိုတာ ယခင်နိုင်ငံတည်ထောင်ခဲတဲ့ နိုင်ငံ့ ဖခင်ခေါင်းဆောင်ကြီးတွေက အမြော်အမြင်ရှိစွာနဲ့ ပြဋ္ဌာန်းပေး ခဲ့တာ။ ပါလီမန် ခေတ်တုန်းကလဲ ဘာသာရေးနဲ့ပတ်သက်တဲ့ ဥပဒေ တွေ တင်ကြတာပဲ။ ဒီလိုဥပဒေ တွေကို သံဃာတွေကပြဋ္ဌာန်းရင် လဲ သည်းခံရမှာပဲ။ ဒါဟာ ဘုန်း တော်ကြီး တွေက ဘာသာပေါ်မှာ ဖြစ်ချင်တဲ့ဆန္ဒဆိုတော့ ပြည်သူ တွေကိုကိုယ်စားပြုတဲ့ လွှတ်တော် ကနေပဲဆုံးဖြတ်ရမယ်''ဟု ပြော သည်။

ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ လက်ထပ်ထိမ်း မြားခြင်းဆိုင်ရာဥပဒေ(မူကြမ်း) တွင်အချက်ကိုးချက်ပါရှိပြီး ယင်း ဥပဒေအား လာမည့်လွှတ်တော် ၌ တင်ပြ နိုင်ရန်အတွက် ဇွန်၂ရ ရက်တွင် အစည်းအဝေးပြုလုပ်ပြီး အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေရည်မဉ္ဖူ
Yangonmedia

အပြည့်အစုံသို့ »