"အမေရိကန်မောင်းသူမဲ့လေယာဉ် လေယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်နိုင်ပြီဖြစ်"


Planet Myanmar Network
အမေရိကန် ရေတပ်သည် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို လေယာဉ်တင် သင်္ဘောပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်အောင် တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းများ အတွင်းက ‪#‎X‬-‪#‎47B‬ အမျိုးအစား မောင်းသူမဲ့ လေယာဉ်ကို လေယာဉ်တင် သင်္ဘောပေါ်မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆင်းသက်မှု အတွက်ပါ လက်တွေ့ အကောင်အထည် ဖော်လာနိုင်ခြင်း ဖြစ်သည်။

ထိုအနေအထားသည် အမေရိကန်၏ မောင်းသူမဲ့ လေယာဉ်ကို အသုံးပြုသော စစ်ဆင်ရေးများတွင် များစွာ တိုးတက် အောင်မြင်လာမည့် သဘောဖြစ်သည်။ အမေရိကန် အနေဖြင့် နိုင်ငံခြား တိုင်းပြည်များတွင် စစ်ရေးအတွက်ဖြစ်စေ၊ ထောက်လှမ်းရေးအတွက်ဖြစ်စေ မောင်းသူမဲ့ လေယာဉ်များကို လွှတ်တင်ရာ၌ အနီးတဝိုက်တွင် အခြေစိုက်စခန်း ထားရှိရန် မလိုအပ်တော့သည့် အခြေအနေမျိုး ဖြစ်လာသည်။

X-47B သည် မျိုးစပ် နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်တစ်စင်းဖြစ်ပြီး တိုက်လေယာဉ် တစ်စင်းနီးပါးမျှ အရွယ်အစားရှိသည်။ ယင်းကို အမေရိကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ ‪#‎Northrop‬ ‪#‎Grumman‬ က ဖန်တီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က မေရီလန်းရှိ ရေတပ် အခြေစိုက် စခန်းတစ်ခုမှ ပျံတက်လာသော လေယာဉ်သည် ဗာဂျီးနီးယား ကမ်းလွန်ရှိ ‪#‎USS‬ ‪#‎George‬ ‪#‎H‬.‪#‎W‬. ‪#‎Bush‬ လေယာဉ်တင် သင်္ဘောကြီးပေါ်သို့ အောင်မြင် ချောမောစွာ ဆင်းသက်နိုင်ခဲ့သည်။ လေယာဉ်တင် သင်္ဘောပေါ်တွင် အရှိန်လျှော့ နည်းပညာသစ်ကို အသုံးပြုပြီး X-47Bသည် ညင်သာ သပ်ရပ်စွာ ရပ်တန့်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနည်းပညာ အောင်မြင်မှုသည် အနာဂတ် တိုက်လေယာဉ် ပိုင်းလော့များအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီဟုလည်း လေ့လာသူများက ဆိုသည်။ ထိုပျံသန်းမှု၊ ဆင်းသက်မှု ကဏ္ဍများကို မောင်းသူမဲ့လေယာဉ် အတွင်းပိုင်းရှိ ကွန်ပျူတာ စနစ်တစ်ခုလုံးက စီမံခန့်ခွဲသွားသည်။

မေလအတွင်းက X-47Bသည် လေယာဉ်တင် သင်္ဘော တစ်စင်း၏ အရှိန်မြှင့် ကိရိယာမှတစ်ဆင့် အောင်မြင်စွာ ပျံတက်နိုင်ခဲ့ပြီး ဖြစ်သည်။ အမေရိကန် နောက်တန်း ရေတပ် စစ်သေနာပတိ မတ်ဝင်းတားက ယခုလုပ်ဆောင်မှုသည် ရေတပ်၏ သမိုင်းဝင် ဖြစ်စဉ် တစ်ခုဟု ချီးကျူးခဲ့သည်။

အမေရိကန် စစ်တပ်သည် ပိုမိုများပြားသော၊ အရွယ်အစား ပိုမိုကြီးမားသော မောင်းသူမဲ့ လေယာဉ်များနှင့် စုဖွဲ့ထားသည့် တိုက်ခိုက်ရေး လေယာဉ်အုပ်စုများကို ရေတပ်တွင်ရော၊ လေတပ်တွင်ပါ ဖွဲ့စည်းသွားရန် ကြိုးစားနေသည်။ ယင်းကဲ့သို့သော မောင်းသူမဲ့ လေတပ်အုပ်စုများသည် (၂၀၂၀)ပြည့်နှစ်တွင် အင်ပြည့်အားပြည့် တာဝန်ထမ်းဆောင် လာနိုင်ဖွယ် ရှိနေသည်။

ရေတပ်က ဗုဒ္ဓဟူးနေ့ စမ်းသပ်ချက်သည် အမြီးမဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်း အနေဖြင့် ခေတ်သစ် လေယာဉ်တင် သင်္ဘောတစ်စင်းပေါ် အောင်မြင်စွာ ပထမဆုံးအကြိမ် ဆင်းသက်နိုင်မှုအဖြစ် မှတ်တမ်းတင်သွားကြောင်း အတည်ပြု ကြေညာသွားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် မောင်းသူမဲ့ လေယာဉ်များကို လေထဲတွင်ပင် လောင်စာဆီ ဖြည့်တင်းနိုင်မည့် နည်းလမ်းကိုလည်း ကြိုးစား အကောင်အထည် ဖော်နေဆဲဖြစ်သည်။

အပြည့်အစုံသို့ »

ကျောင်းဆောင် ပြိုကျ၍ ကျောင်းသားလေးဦး ထိခိုက်


ဖိုးစိုးသူ | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၂ မိနစ်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ၊ ဗဟင်းကျေးရွာအုပ်စုရှိ အထက်တန်းကျောင်းတစ်ကျောင်း ကျောင်းဆောင် ပြိုကျ၍ ပဉ္စမတန်းကျောင်းသားလေးဦး ဆေးရုံတင်လိုက်ရကြောင်း ဗဟင်းကျေးရွာ ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယင်းကျောင်းရှိ ပဉ္စမတန်း(က) ကျောင်းဆောင်တွင် ဇူလိုင်လ ၈ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ပြို ကျမှုဖြစ်ခဲ့ရာ ကျောင်းသူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ ရကြောင်း မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က ပြောသည်။

၎င်းက “ပြိုကျတဲ့ ကျောင်းဆောင်မှာက စာသင်ခန်း ပဉ္စမတန်း သုံးခန်း၊ ဆဋ္ဌမတန်း သုံးခန်း၊သတ္တမတန်း တစ်ခန်း စုစုပေါင်း ခုနစ်ခန်း ရှိတယ်။ အဲဒီထဲကမှ ပဉ္စမတန်း (က) အခန်းဘက်က ပြိုကျတဲ့အတွက် ကျောင်းသားတွေ အခုလို ဒဏ်ရာရရှိခြင်းဖြစ်တယ်” ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ကျောင်းသူတစ်ဦး ခေါင်းကွဲ၍ သုံးချက်ချုပ်ရပြီး ကျန်ကျောင်းသူ သုံးဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိ၍ ဆေးရုံတက် ကုသလျက်ရှိပြီး လက်ရှိတွင် စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း မြိုင်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသစ်လွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

“ ကျောင်းသားတွေရဲ့ အခြေအနေကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ အရမ်း ဆိုးဆိုးရွားရွား ထိခိုက်သွားတဲ့ အနေအထားမျိုးတော့ မရှိပါဘူး။ ကျောင်းသားတွေ အားလုံး အခြေအနေကောင်းကြပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ကျောင်းဆောင်ကို မြို့နယ် အုပ်ချူပ်ရေးမှူးအဖွဲ့နှင့် အင်ဂျင်နီယာအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်အရ ကျောင်းသားများ နေထိုင်ကျောင်းတက်ရန် အန္တရာယ်ရှိသ ဖြင့် ကျောင်းဆောင်ကို ပြန်လည်ပြုပြင်ပြီး ကျောင်းသားများကို အခြားကျောင်းဆောင်တွင် ထား၍ စာသင်ပေးသွားမည် ဖြစ်ကြောင်းလည်း မြို့နယ် အုပ်ချူပ်ရေးမှူး ဦးရဲလင်းအောင်က ဆိုသည်။

ယင်းကျောင်းဆောင်များမှာ ၁၉၈၉ ခုနှစ်ကပင် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်များ ဖြစ်သည်။ ဦးရဲ လင်းအောင်က “ လေတိုက်လို့ ပြိုကျတာလည်း မဟုတ်ဘူး။ ဒီကျောင်းဆောင်ကို စဆောက်ကတည်းက အစိုးရက အခန်း လေးခန်း၊ အလှူရှင်တွေက သုံးခန်း လှူပြီး တည်ဆောက်ခဲ့တာ ဖြစ်တယ် ” ဟု ရှင်းပြသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်း အထက်တန်းကျောင်းတွင် ကျေးရွာပေါင်း ၁၄ ရွာမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀၀ ခန့် လာရောက် ပညာသင်ကြားနေသော ကျောင်းဖြစ်သည်။

 Mizzima News

အပြည့်အစုံသို့ »

ကမ္ဘာစစ်က ဆက်သွယ်ရေးစနစ်မှာ အရေးပါတဲ့ Morse Code


ကမ္ဘာစစ်ကာလအကြောင်း ပြန်ရိုက်ပြထားတဲ့ ရုပ်ရှင်တွေထဲမှာ စိတ်ဝင်စားစရာ နည်းပညာတွေ တွေ့ရပါတယ်။

ဗြိတိန် စစ်စခန်း တွေ ရှေ့ တန်းမှာ ဆက်သွယ်ရေး ပြုလုပ်တဲ့အခါ စကားနဲ့ မပြောတာ တွေ့ရပါတယ်။ တီတီတီ မြည်တဲ့အသံကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပို့ကြပြီး စာတွေထိုင်ရေးပါတယ်။ ဘယ်စစ်စခန်းကတော့ တိုက်ပွဲကျသွားပါပြီ။ ရှေ့ တန်းမှာ ဘယ်လိုအခြေအနေရှိပါတယ်ဆိုတာကို တီတီတီမြည်တဲ့အသံနဲ့ ပို့လွတ်တော့ ဆက်သွယ်ရေး စခန်းထဲမှာ လူပြည့်နေပါတယ်။ စစ်တေနာပတိကြီးကလည်း တီတီတီအသံက ဘာကိုဆိုလိုလည်း မသိပါဘူး။ သို့ပေမယ့် ရေဒီယိုအော်ပရေတာ ချရေးတဲ့ စာရွက်ကို စောင့်နေပါတယ်။ နောက်တော့ ရေဒီယိုအော်ပရေတာ ပေးတဲ့ စာရွက်ကို ကြည့်ပြီး သက်ပြင်းချလိုက်တာမျိုး၊ ဝမ်းနည်းသွားတာမျိုးတွေ မြင်တော့ စာရွက်မှာ ဘာများရေးထားသလဲ စိတ်ဝင်စားစရာပါ။

နောက်ပြီးတော့ ဖျောက်ဖျောက်ဖျောက် မြည်အောင်ရိုက်တဲ့အသံကို နားထောင်ပြီး ဘာကိုဆိုလိုတာလဲ ဘာသာပြန်ပါတယ်။ စာရွက်မှာ သင်္ကေတ များ ပေါ်လာပေမယ့် သင်္ကေတတွေရဲ့  ဆိုလိုရင်းက ဘာလဲဆိုတာကို ပြန်လည် ဘာသာပြန်ပါတယ်။ အနောက်တိုင်းသားတို့ ရဲ့  တီထွင်ဥာဏ်ကတော့ အံ့မခန်းပါ။ ၁၈ ရာစုနောင်းပိုင်း ၁၉ ရာစု အစ လောက်ကတည်းက Telecommunication ဆိုတာကို ကောင်းကောင်း ပုံဖော်နေကြပြီ ဖြစ်ပါတယ်။ ယင်းထဲမှာ အခြေခံအကျဆုံးများထဲမှ နည်းပညာ တစ်ခုကတော့ Morse Code ပါ။

တည်ထွင်သူ Samuel F. B. Morse ကို ဂုဏ်ပြုပြီး ပေးထားတဲ့ အမည် ဖြစ်ပါတယ်။ သို့ပေမယ့် သူက နည်းပညာ သမား မဟုတ်ပါဘူး။ အနုပညာရှင်တစ်ဦးပါ။ အမေရိကန်နိုင်ငံက ဖြစ်ပြီး ရူပဗေဒ ပညာရှင် နှစ်ဦး Joseph Henry နဲ့Alfred Vail တို့ရဲ့  ပူးပေါင်းပါဝင်မှုနဲ့ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

Morse Code က လွယ်လွယ်ပြောရရင် လျှပ်စစ် Signal ဖြစ်ပြီး ယင်း Signal ကို ပြန်လည်ဘာသာပြန်ပေးတဲ့စနစ်ပါ။ ပြောလို့သာ လွယ်လွယ်၊ လျှပ်စစ် Signal ကို ဘာသာပြန်တယ်ဆိုတာ တော်ရုံလူတောင် မတတ်နိုင်တဲ့ ပညာရပ်ပါ။ Transmit လုပ်လိုက်တဲ့ Signal ကို Receiver က ယူပြီး ယင်း Receiver မှာ Ear Phone တပ်လို့ နားထောင်ပါမယ်။ ပြီးတော့ တစ်တီတီ အသံတွေကို ဘာသာပြန်လို့ ဘာကိုပြောတယ်ဆိုတာ ပြန်ချရေးခြင်း ဖြစ် ပါတယ်။

Signal ပို့မယ့် အော်ပရေတာကလည်း လက်မှာ Signal ပို့လိုက် ရပ်လိုက် လုပ်ရပါတယ်။ သူပို့မယ့် အသံကိုလည်း အမှားအယွင်း အောင် နားထောင်ရပါတယ်။ လက်ချောင်းလေးနဲ့ ဖိလိုက် ပြန်လွတ်လိုက် နဲ့ တော်တော် ခက်တဲ့အလုပ်ပါ။ ဒါကြောင့် တစ်ခေတ်တစ်ခါက ရေဒီယို အော်ပရေတာဆိုတာ လူတော်တွေပဲ လုပ်ရတဲ့ အလုပ်လို့ အနောက်တိုင်းမှာ ခေတ်စားခဲ့ပါတယ်။ လူတော်ဆိုတာထက် အကြားအာရုံ၊ အမြင်အာရုံ ကောင်းပြီး မှတ်သားဥာဏ်ကောင်း တဲ့သူများအတွက် ဖြစ်ပါတယ်။

ဘယ်လက်က စာရွက်ကို ကိုင် ညာလက်က Signal လွတ်မယ့် စက်က ခလုပ်ကို ဖိလိုက် လွတ်လိုက်နဲ့ တော်တော်စိတ်ရှည်ရပါတယ်။ နားထောင်တဲ့ သူဘက်ကလည်း နားကြပ်ကို လက်တစ်ဖက်နဲ့ သေချာဖိ ပြီး တစ်ဖက်က စာရွက်မှာ စာတွေ ချရေးရပါတယ်။ ဒီလိုနဲ့ပဲ ရန်သူတွေ ဘယ်နေရာကို ရောက်ပါပြီ။ တပ် ဘယ်နှစ်ခု အသိမ်းခံရပြီ ဘာညာနဲ့ ဆက်သွယ် ကြရပါတယ်။

ကြားခံ ခိုးနားထောင်တဲ့ Radio Hacker ဆိုတာကိုလည်း ရန်သူတပ် ကို ထောက်လှမ်းဖို့အတွက် မွေးမြူလာကြပြီး တစ်ဖက်နဲ့ တစ်ဖက် ဘာတွေ့ ပို့နေတယ်ဆိုတာကို နားထောင် ရပါတယ်။ Signal ကို မိအောင် ဖမ်းပြီး ဒါ ဘယ်ဘက်က ပို့တာလဲ၊ ဒါ ဘာအကြောင်းအရာ ပြောနေတာလဲ အစရှိသဖြင့် ပြန်လည် ဖြေယူရရပါတယ်။

Morse Code ဟာ Electrical telegraph မှာ ကနဦးကျတဲ့ ဆက်သွယ်ရေး စနစ် တစ်ခုဖြစ်ခဲ့ပါတယ်။ အမေရိကန်တို့ စတင်တီထွင်တယ် ဆိုပေမယ့် ဗြိတိန်မှာလည်း နှစ်အနည်းငယ်အတွင်း အသုံးပြုသွားကြတဲ့ နည်းပညာ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာလည်း တရုတ် ဘာသာစကားနဲ့ Chinese telegraph code ဆိုတာ ၁၉၂၀ ကျော် ကတည်းက ပေါ်နေပါပြီ။

Morse Code ကိုရေတပ်မှာ စတင်အသုံးပြုပါ တယ်။ နောက်တော့ လေကြောင်း ဆက်သွယ်ရေး စနစ်မှာပါ အသုံးပြုပြီး၊ မြေပေါ် တိုက်ပွဲတွေမှာလည်း အသုံးပြုလာကြ ပါတယ်။ Morse Code ကို မီးအလင်းရောင်နဲ့ ပြတဲ့ နည်းပညာလည်း သက်သက် ရှိပါသေးတယ်။ အဲဒါကိုတော့ ရေကြောင်း ဆက်သွယ်ရေး စနစ်မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ယနေ့ အဆင့်မြင့်လှပါတယ်ဆိုတဲ့ နည်းပညာတွေကို ကျနော်တို့ လေ့လာ နေကြပေမယ့် တစ်ချိန်က ဘယ်လိုဆက်သွယ်တယ်၊ ဘယ်လို ခက်ခဲတယ်ဆိုတာကို လေ့လာဖို့ မေ့နေတတ်ပါတယ်။ Morse Code ပို့ပုံပို့နည်း အခြေခံအကျဆုံး သင်ကြားပြသမှု ၁၀ မိနစ်ကြာ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နားဆင် နိုင်ပါတယ်။
.
http://youtu.be/iC5RQNSSZH0

အောင်ခမ်း (TSJ team)

အပြည့်အစုံသို့ »

ရွှေတိဂုံလုံခြုံရေးအဖွဲ့နှင့် ဓာတ်ပုံ သတင်းထောက် အချင်းများမှု စီစီတီဗီ မှတ်တမ်း မရှိဟုဆို


လာရောက်ဖူးမြော် စဉ် ဥရောပသတင်းဓာတ်ပုံဌာန (EPA) ဓာတ်ပုံ သတင်းထောက် ကိုလင်း ဘိုဘိုနှင့် ရွှေတိဂုံစေတီတော် လုံခြုံရေးရဲအဖွဲ့တို့ ဖြစ်ပွားခဲ့သော အချင်းများမှုနှင့်ပတ်သက်ပြီး စီစီတီဗီ ကင်မရာမှတ်တမ်းများ မရှိကြောင်း ရွှေတိ ဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က ပြောသည်။

”စီစီတီဗီက မိုးတွင်း မိုးကြိုးပစ် ရင် ပျက်ပျက်သွားလို့ပိတ်ထားတယ်။ မျက်မြင်သက်သေရှိပါတယ်”ဟု ဦးဝင်းကြိုင်က ပြော သည်။ ရွှေတိဂုံ စေတီတော်၌ တပ်ဆင်ထားသော စီစီတီဗီ ကင်မရာများမှာ မိုးကြိုး ပစ်ခံရခြင်းကြောင့် ပျက်စီးမှုများ ရှိခဲ့ပြီး ၉ လုံးပျက်စီးခဲ့ကြောင်း ၇ လုံး ပြန် လည်တပ်ဆင်ပြီး ဖြစ်ကာ ၂ လုံး ကျန်နေသေးကြောင်း၊ ထိုင်းဘုရင့် သမီးတော်ရွှေတိဂုံစေတီတော်သို့ လာ ရောက်ဖူးမြော်စဉ်ကာလအတွင်းက စီစီတီဗီကင်မရာများသည် မိုးတွင်း ကာလမို့ ပိတ်ထားသည့်ကာလ ဖြစ် ကြောင်း ၄င်းကဆိုသည်။

”စီစီတီဗီကို မိုးကြိုးပစ်တယ်ဆို တာမျိုးက မရှိပါဘူး။ မီးပွိုင့်လို နေရာ မှာ တပ်ထားတဲ့ ကင်မရာတွေတောင် ဘာမှမဖြစ်ပါဘူး” ဟု စီစီတီဗီ ကင်မ ရာ တပ်ဆင်ရေးလုပ်ငန်း လုပ်ကိုင် သော မဟာဗန္ဓုလလမ်းနှင့် ၁၆ လမ်း ထောင့်ရှိ ZEST ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂ ရက် က အလည်အပတ်ခရီးစဉ် လာရောက် ခဲ့သော ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီသီရိဒုံသည် ယင်းနေ့ ညပိုင်း က ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြော်ခိုက် သတင်းဓာတ်ပုံ ရိုက်ကူး ရန်ကြိုးစားစဉ် စေတီတော်လုံခြုံရေး ရဲအဖွဲ့ဝင်တစ်ဦး၏ တွန်းထိုးမှုကြောင့် လဲကျဒဏ်ရာရရှိခဲ့ပြီး Canon ID Mark III ၌ တပ်ထားသော 70-200 mm F4 L IS USM Lens ခါး လည်မှ ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း EPA သတင်းထောက် ကိုလင်းဘိုဘိုက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သလို ဇူလိုင်လ ၃ ရက် က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အချင်းဖြစ်ပွားမှုအား ဓာတ်ပုံရိုက်ကူးခဲ့သူ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် ကို အောင်နိုင်စိုး (ကစ္ဆပ) က ”ကျွန်တော် ဓာတ်ပုံရိုက်ပြီး ၃ ပုံလောက်ရောက် တော့ လုံခြုံရေးအဖွဲ့ထဲကနေ ဓာတ်ပုံ ဆက်မရိုက်ခိုင်းနဲ့ ရိုက်ရင် ကင်မရာ ရိုက်ခွဲပစ်ကွာဆိုပြီး ပြောတာပါ” ဟု ¤င်းကိုယ်တိုင် တွေ့ကြုံခဲ့ရသည့်အပေါ် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူ လိုင်လ ၄ ရက်က ရွှေတိဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က မီဒီ ယာနှင့် တွေ့ဆုံရှင်းလင်းခဲ့ရာတွင် ၄င်းတို့ လုံခြုံရေးရဲအဖွဲ့မှ တွန်းထိုး လိုက်သည့် ဖြစ်စဉ်မရှိခဲ့ဘဲ ကိုလင်း ဘိုဘိုအနေဖြင့် သူ့ဘာသာသူ လဲကျ ခြင်းသာဖြစ်ကြောင်းနှင့် ရွှေတိဂုံ စေတီတော်ဘက်မှ ဓာတ်လှေကား အဆင်းတွင် စေတီတော်လုံခြုံရေးရဲအဖွဲ့ဝင်အချို့က ထီးဖြင့်ရိုက်မည် ဟု ချိန်ရွယ်ခဲ့ခြင်း၊ ဓာတ်ပုံရိုက်လျှင် ကင်မရာရိုက်ခွဲမည်ဟု ပြောကြားခဲ့ ခြင်း မရှိခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စီစီတီဗီ မှတ်တမ်းများ မရှိသော်လည်း မျက် မြင်သက်သေများအား မေးမြန်းထား မှုအပေါ်အခြေခံ၍ ပြော ဆိုခြင်းဖြစ် ကြောင်း ၄င်းကပြောသည်။

သို့သော် ယင်းမျက်မြင်သက်သေ များ၏ ပြောကြားချက်သည် အလုံးစုံ မှန်ကန်သည်ဟု မဆိုနိုင်သလို ဖြစ်စဉ် တင်ပြချက်သည် တထစ်ချ မှန် ကန်မှု မရှိနိုင်ကြောင်း တစ်စုံတစ်ခုသော အကြောင်းများကြောင့် ဖုံးကွယ်ထားမှု များလည်း ရှိနိုင်ကြောင်း ၄င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဖြစ်စဉ် အပေါ် မျက်မြင်သက်သေဟုဆိုသော ပုဂ္ဂိုလ် ၆ ယောက်အား ဇူလိုင်လ ၅ ရက်က မီဒီယာများနှင့် တွေ့ဆုံပေးခဲ့ သော်လည်း ဓာတ်ပုံရိုက်ကူးခွင့်ကို သာ ပြုခဲ့ပြီး မေးခွန်းမေးမြန်းခွင့်မပြုခဲ့ပေ။

ယင်းမှာ မီဒီယာများ၏ မေးမြန်းမှု အပေါ်မျက်မြင်သက်သေများ အနေ ဖြင့် အတွေ့အကြုံ မရှိခြင်းေ ကြာင့် ဖြေကြားနိုင်ခြင်း မရှိမည်စိုးရိမ်၍ ဖြေကြားခွင့် မပြုခြင်းဖြစ်ကြောင်း၊ ယင်းမှာ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ဆုံးဖြတ်ချက်ဖြစ်ပြီး အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဂေါပက အဖွဲ့ ၏ ဖြေကြားချက်သည်သာ တရားဝင် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇူလိုင်လ ၈ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်စလုံးမှ မီဒီယာများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ သော်လည်း တွေ့ဆုံပြော ဆိုဖြစ်ခဲ့သော အကြောင်းများကို ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘို အား ပြန်ရှင်း ပြပေးသွားမည်ဟု စာနယ်ဇင်း ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဦး နှစ်ဖက်စလုံးမှ အပြန်အလှန် တရားစွဲ ဆိုသွားမည်ဟု ဆိုထားသော်လည်း အမှုဖွင့်ခြင်းမျိုး မရှိသေးပေ။

ဥာဏ်လင်းအောင်

Popular Myanmar News Journal

အပြည့်အစုံသို့ »

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း


ဆရာခင်ဗျ... ကျွန်တော်တို့ ရွာတွေမှာ ခုတလော အဆိပ်သောက်မှု ပိုများလာပါတယ်။ တမင်တကာ သောက်သုံးမှု ရှိသလို တချို့ကလေးငယ်များက တော့ မှားယွင်း သောက်သုံး ကြတာပါ။

ကျွန်တော် သိလိုတာက အဆိပ်သောက်မိ သူကို ဘယ်လို ကယ်ဆယ်ရမလဲ ဆိုတာပါ။

မောင်စည်သူထိုက်(ကွမ်းခြံကုန်း)

အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစားအရည်တွေ ပါဝင်ပါတယ်။

အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီး ရင်ခေါင်း၊ ဝမ်းခေါင်း ထဲက ပူလောင်ခြင်းကို ခံစားရတတ်ပါတယ်။ အဲဒီနောက်မှာ သတိလစ်သွားပြီး အသက်ပါ သေဆုံး တတ်ပါတယ်။

အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။

လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့် တာကတော့ ဘယ်လို အဆိပ်သောက် လိုက်တယ်။ ဘယ်လောက်များများ သောက်လိုက်တယ် ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့ ပုလင်းလွတ်၊ ဘူးခွံအပါအဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။

အဆိပ်ရည် စွန်းပေနေတဲ့ အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တစ်ဝိုက်မှာ စွန်းပေနေတဲ့ အဆိပ်အစအန အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့ အခါမှာ အဆိပ်မထိ သေးတဲ့နေရာ သို့မဟုတ် အရေပြားပေါ်မှာ အဆိပ်တွေ မစွန်းပေဖို့ ဂရုစိုက်ပါ။ အန်အောင် ပြုလုပ်ခြင်းကြောင့် လည်ချောင်း တစ်လျှောက်က ပြန်တက်လာတဲ့ အစာများက တစ်ဆင့် လည်ချောင်းကို ထပ်မံ လောင်စေ စားစေတဲ့အတွက် အန်အောင် မလုပ်သင့်ပါ။

လောင်စေ စားစေတတ်သည့် ဓာတုပစ္စည်းတွေ နှုတ်ခမ်းကို လောင်ပါက ပါးစပ်၊ အာခံတွင်းနဲ့ လည်ချောင်းအတွင်း အလောင်၊ အပူလျော့ပါးစေရန် နို့အေး သို့မဟုတ် ရေအေးအေး အနည်းငယ် တိုက်သင့်ပါတယ်။ ကာယကံရှင်ကိုလည်း နှစ်သိမ့် ဖျောင်းဖျပေးပါ။ အရက်(မက်သနော) ဆိပ်သင့်သူဆိုရင်တော့ အအေးမမိ စေရန် စောင်ခြုံပေးပါ။

အဆိပ်သောက်သူ သတိလစ်သွားပါက တစောင်းထားပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်း အသက်ရှူပုံကို စောင့်ကြည့်ပေးပါ။ အသက်ရှူ လမ်းကြောင်း လွယ်ကူစေရန် ဆောင်ရွက်ပေးပါ။ လိုအပ်လျှင် ရှေးဦး သူနာပြုစုနည်းနဲ့ ကယ်ရမှာပါ။ အထက်ပါ အချက်တွေကို သေချာစွာ မှတ်သားထားမှသာ အဆိပ်သောက်သူကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။


မြဝတီ

အပြည့်အစုံသို့ »

Flaunt မဂ္ဂဇင်း မျက်နှာဖုံးရှင် ဘီယွန်းစ်

အမေရိကန် ဖက်ရှင်မဂ္ဂဇင်း Flaunt မျက်နှာဖုံးရှင် အဆိုတော် ဘီယွန်းစ်၏ ဆန်းကြယ်သည့် ဖက်ရှင်များ။








အပြည့်အစုံသို့ »

ဥပဒေအထက်မှာ ရှိနေသူ



အပြည့်အစုံသို့ »